ပြူတင်းဘောင်ကိုကျော်
တလောက မြန်မာပြည်ပြန်ခဲ ့တယ်။ အိမ်အတွက်လုပ်စရာ ကိုင်စရာတွေကို လုပ်နေရင်းတန်းလန်းက အကြောင်းကိစ္စပေါ်လာလို ့
ရထားနဲ ့ ရန်ကုန်ကိုတက်လာရင်း လမ်းဘေးကမြင်ရတာလေးတွေကို ခလုပ်နှိပ်လာမိတယ်။
ထားဝယ် ရန်ကုန် ရထားပေါ်က လမိုင်းဘူတာအလွန် တစ်နေရာက မြင်ကွင်းလေးတစ်ခု
လမိုင်းဘူတာက စထွက်တော ့ညနေ ၄ နာရီကျော်
သံဖြူဇရပ်ဘူတာကိုရောက်တော ့မိုးချုပ်ပြီ
မော်လမြိုင်ဘူတာကို ရောက်တော ့ ငိုက်ချင်ပြီ
ခလုပ်နှိပ်မှားသွားတယ်။ (မော်လမြိုင် ဘက်ခြမ်း သံလွင်တံတားပေါ် အတက်က မြင်ရတဲ ့ဘုရား)
ဘီးလင်း၊ကျိုက်ထို ဘက်ရောက်တော ့ မနက်၃ နာရီ ဝန်းကျင်၊ လုံးဝ အိပ်မရ ငိုက်မရ။
ဇန္နဝါရီ ၁၂ ညဟာ ဒီနှစ်မြန်မာပြည်ရဲ ့ အအေးဆုံးညမှာပါသလားပဲ။ ရန်ကုန်ကိုရောက်တော ့ ချောင်း တဟွတ်ဟွတ်။
အေးချက်ကတော ့ ကမ်းကုန်၊ ဘေးက ပြူတင်းဘောင်ကလည်းအေးစက်စက်၊ ရထားထိုင်ခုံတွေကလည်း အေးစက်စက်၊
ဘေးနားကခရီးဖော်မျက်နှာတွေကလည်း အေးစက်စက်၊ ဈေးသည်မျက်နှာတွေကလည်း အေးစက်စက်၊
ဈေးသည် ရောင်းတဲ ့ရေနွေးတွေကလည်း အေးစက်စက်…..
မနက်ဝေလီဝေလင်းအချိန် ဝေါ်မြို ့နားကို ကပ်လာပါပြီ။
နေမတက်ခင် အာရုဏ်ဦးက မြင်လိုက်မိတာလေး
သူတို ့တတွေလည်း တစ်ညလုံးချမ်းနေရှာလိမ် ့မယ်။
ဝေါ်မြို ့ကိုလည်းကျော်ခဲ ့ပြီ။ နေမင်းကြီးလည်း ပေါ်ထွက်ပြီ။
တဲရှင်တွေ ချမ်းချမ်းအေးအေးနဲ ့ ကွေးနေကြတုန်းပဲလား။
ရေကန်စောင် ့ နတ်သမီးလေးများ တွေ ့မိမလားရယ်လို ့…….
အိပ်မက် လှလှလေးတွေ ဆက်ပြီး မက်နိုင်ပါစေ လှည်းကလေးရေ။ တာ ့တာ….
မလေးကိုပြန်ဖို ့ ရန်ကုန်ကို ဒုတိယအခေါက်အတက်( ၂၈၊၁၊၂၀၁၃မနက်) ရွာသာကြီးဘူတာမရောက်ခင် အမြင်နောက်ကျခဲ ့တာကြောင် ့
ဒီလောက်လေးပဲ ရလိုက်တယ်။
မလေးကို ပြန်ရောက်ရောက်ခြင်းတင်လိုက်တာ၊ တင်ပြီးပြီးခြင်း တောထဲ ဝင်တော ့မယ်။
ကြည် ့ရှုအားပေးကြတာကျေးဇူးတင်ဒယ်နော်။
12 comments
Ma Ei
February 1, 2013 at 9:34 am
နေမင်းကြီးလည်း ပေါ်ထွက်ပြီ။
ချမ်းချမ်းအေးအေးနဲ ့ ကွေးနေကြတုန်းပဲလား။
နတ်သမီးလေးများ တွေ ့မိမလားရယ်လို ့…….
လှည်းကလေးရေ။ တာ ့တာ….
….မနက်ခင်း ဂဇက်စဖွင့်လိုက်တာနဲ့
ပုံလှလှလေးတွေ ကြည့်ခွင့်ရလိုက်တယ်….
ပို့စ်လေးတွေ မတွေ့တာကြာပြီနော်..
ဆက်ရေး(ဓာတ်ပုံတင်)ပါဦး…
မဟာရာဇာ အံစာတုံး
February 1, 2013 at 9:42 am
မိုက်ဒယ် ..
ပုံတွေကို ခိုက်တယ် …
ဟိုပုံထဲ လှည်းကလေး မြင်မိတော့ ..
ရွာကိုတောင် သတိရသွားမိတယ် ..
တကယ် .. တကယ် ..
လွမ်းဒယ် .. အမေနဲ့ ရွာရယ် …
မောင်ပေ
February 1, 2013 at 12:50 pm
နောက်ဆုံးပုံထဲမှာ
လယ်ထဲ ကားဆင်းသွားတာမှတ်တယ်
garuda
February 1, 2013 at 7:07 pm
စိတ်ကူးလား/အိုင်ဒီယာလား/အမြင်လား/အယူအဆလား/တိုက်ဆိုင်မှုလား တော့ မသိဘူးဗျာ…ပုံလေးတွေတော်တော်ကောင်းတယ်/ကြိုက်တယ်နော။ လက်နက်ကြီးတွေသုံးလိုက်ရင်တော့ အရမ်းကို အမြင်ကြည်လင် လှပသွားမှာပဲ။
Mobile
February 1, 2013 at 7:55 pm
ကိုတာဇံရေ
လက်ရာကကောင်းတာလား ကန်မရာဂပဲကောင်းတာတော့မသိဘူးနော်
ပုံလေးတွေကတော့တော်တော်ကိုမိုက်တယ် ကြိုတ်တယ်ဗျို့
နောက်လဲဒါ့ပုံလေးတွေ တင်ပါအုံးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
padonmar
February 1, 2013 at 10:27 pm
နတ်သမီးမရှိတဲ့ ရေကန်လေးလှလိုက်တာနော်။
MaMa
February 2, 2013 at 8:45 am
လှလိုက်တဲ့ ပုံလေးတွေ။ ဆြာကြီးတစ်ပါးပါပေတကားးးးးးးး :hee:
မိုချို
February 3, 2013 at 9:21 am
ခရီးသွား ရင ်ရှုခင်း ကြည့် ရတာ ကြိုက်တဲ့၊ ကျေး လက်ရှုခင်းတွေ သဘော ကျတဲ့ ကျမ အတွက်တော့ ကြည့် မဝ ၊ ရှု မဝ ခံစား မိပါတယ်။ ”တဲရှင်တွေ ချမ်းချမ်းအေးအေးနဲ ့ ကွေးနေကြတုန်းပဲလား”
ဆိုတဲ့ ပုံလေး က ပန်း ချီကားလေး နဲ့ တူ တယ်။
Mr. MarGa
February 3, 2013 at 7:35 pm
တကယ် လှတယ်ဗျာ
ကူးသွားမယ်နော်
ဖွဘုတ်မှာ ကာဗာ လုပ်ချင်လို့
တောတွင်းပျော်
February 6, 2013 at 7:56 pm
ကူးပါဗျာ….
Thint Aye Yeik
February 1, 2017 at 11:52 am
.အောက်ဆုံးပုံကလွဲရင်….
ကျန်တာ အကုန် သဘောကျမိ….
ရှုခင်းလေးတွေကို ဘာမှ မပြုမပြင်ထားဘဲ ဒီအတိုင်း ချပြတာကိုက ကြည့်ပျော်ရှုပျော် ဖြစ်နေပါရောလား ပျော်ပျော်ရေ
တောတွင်းပျော်
February 1, 2017 at 8:53 pm
ခု ကော်မန် ့ပြန်တက်လာတော ့ အားနာစရာတွေဖြစ်လာတယ်။
ဒီပိုစ် တင်ပြီးပြီးခြင်း တောထဲကိုဝင်သွားတာရယ်
နောက်ပြီး …
အဲဒီတုန်းက ရွာနဲ ့ စိမ်းနေသလိုဖြစ်နေတာရယ်နဲ ့
ကော်မန် ့တွေကို မပြန်မိခဲ ့ဘူး။
ခု ပြန်တက်လာတော ့ ကော်မန်ပေးခဲ ့တဲ ့ ရွာ ့မိတ်ဆွေတွေတချို ့
ရွာထဲကပျောက်သွားကြတာ သတိထားမိတယ်။