*** ဒါမှမဟုတ်..ဆိုတာ? ***

cobraJuly 20, 20101min510

တစ်ရက်… အမျိုးသမီးတစ်ယောက် သူ့ယောက်ျားလုပ်သူကိုခေါ်ကာ ဆေးခန်းသို့ရောက်လာသည်။

ဆရာဝန်မလေးမှ မေးလိုက်သည်။ ]] ကဲ ကျွန်မဘာကူညီပေးရမလဲ }}
အမျိုးသမီးမှ အနည်းငယ်ရှက်ရွံ့စွာဖြင့် ]] ဒေါက်တာ…
ကျွန်မတို့နှစ်ယောက်မှာ အိမ်ထောင်ရေးသုခ အတွက် အဆင်မပြေဖြစ်နေလို့ပါ }}

ဒေါက်တာ။ ။ ရှင်တို့အိမ်ထောင်သက် ဘယ်လောက်ရှိပြီလဲ
အမျိုးသမီး။ ။ ၁ – နှစ်လောက်ရှိပါပြီရှင်
ဒေါက်တာ။ ။ ကလေးတွေရောရှိပြီလား
အမျိုးသမီး။ ။ မရှိသေးပါဘူးရှင်
ဒေါက်တာ။ ။ မိဘတွေနဲ့ အတူနေတာလား
အမျိုးသမီး။ ။ မဟုတ်ပါဘူး ဒေါက်တာ၊ နှစ်ယောက်တည်းနေတာပါ
ဒေါက်တာ။ ။ ဟုတ်ပြီလေ၊ ကျွန်မ နှစ်ယောက်လုံးကိုဆေးစစ်ချက်လိုချင်တယ်။
အစ်မကို အရင်စစ်ဆေးကြည့်မယ်လေ

ခဏအကြာ စမ်းသပ်ခန်းထဲမှ ထွက်လာပြီးနောက်
ဒေါက်တာ။ ။ အစ်မမှာတော့ ကျန်းမာရေးနဲ့ပတ်သတ်ပြီး
ချွတ်ယွင်းချက်မရှိပါဘူး။ သိပ်စိတ်ညစ်မခံပါနဲ့။ ဒီလောက်ဆိုရပါပြီ။ ကဲ
အစ်မ အမျိုးသားကို စစ်ဆေးကြည့်ရအောင်

၎င်း၏အမျိုးသားကို ဒေါက်တာမှ စမ်းသပ်ခန်းသို့ခေါ် သွားလေသည်။
ဒေါက်တာ။ ။ ရှင် ဆေးလိပ်သောက်သလား
အမျိုးသား။ ။ မသောက်ပါဘူး ဒေါက်တာ
ဒေါက်တာ။ ။ အရက်ကော
အမျိုးသား။ ။ တခါတလေတော့ သောက်ပါတယ်။ ဒါပေမယ့် တော်တော် နဲပါတယ်။
ဒေါက်တာ။ ။ ရှင်မှာ အလုပ်နဲ့ ပတ်သတ်ပြီးတော့ကော
စိတ်ဖိစီးမှုတော်တော်များလား၊ ပြီးတော့ ရှင်ရဲ့ နေ့တဓူဝ ဖြတ်သန်းပုံလေး
နဲနဲလောက်ပြောပြနိုင်မလား။
အမျိုးသား။ ။ ကျွန်တော့် အလုပ်ထဲမှာတော့ သိပ်ပြီး ပရက်ရှာ
အများကြီးမရှိပါဘူး။ နေ့စဉ် ဖြစ်ပျက်ပုံလေးတွေကိုတော့ ဒေါက်တာသိချင်ရင်
ကျွန်တော်ပြောပြပါ့မယ်။

]] ဒီလိုပါ ဒေါက်တာ၊ ကျွန်တော် မနက်အိမ်က ထွက်လို့ ရုံးသွားဖို့
ကားမှတ်တိုင်ရောက်ရင် ဆုံဆုံနေတတ်တဲ့ ကောင်မလေးတစ်ယောက်ရှိပါတယ်။ သူက
ကျွန်တော့်ကိုတွေ့ရင် နှုတ်ဆက်ပြီး
]] ရှင် ရုံးကို အရင်သွားမလား၊ ဒါမှမဟုတ်……… }} လို့မေးတယ်။
ကျွန်တော် ]ဒါမှမဟုတ်} ကိုရွေးလိုက်တယ်။
ရုံးရောက်တယ်ဆိုရင်ပဲ ကျွန်တော့် အတွင်းရေးမှူးမလေးက ဖိုင်တွေ
တထပ်ကြီးကိုယူလာပါရော။ ]] ဆရာ၊ စာရင်းတွေ အရင်စစ်မလား၊ ဒါမှမဟုတ်
………..}}။ ကျွန်တော် ဒါမှမဟုတ် ကိုရွေးလိုက်တယ်။
နေ့လည် ထမင်းစားချိန်ရောက်တော့ ရုံးဘေးက စားသောက်ဆိုင်ကနေ ကျွန်တော့်
အတွက် နေ့လည်စာမှာစားတယ်။ ဆိုင်က စားပွဲထိုးကောင်မလေးက
နေ့လည်စာလာပို့ရင်း
]] အကို ထမင်းအရင်စားမလား၊ ဒါမှမဟုတ်……….}} ကျွန်တော် ဒါမှမဟုတ်ကိုပဲရွေးတယ်။
တနေကုန် ရုံးမှာ အလုပ်တွေလုပ်ပြီးပြန်တော့ အိမ်ကိုရောက်တယ်ဆိုရင်
ကျွန်တော့် အမျိုးသမီးက အလုပ်ချိန်နောက်ကျတဲ့အတွက် မရောက်သေးပါဘူး။
တစ်ယောက်တည်း အိမ်တံခါးကိုသော့ဖွင့်နေတုန်း ဘေးခန်းက
အမျိုးသမီးကတံခါးဖွင့်ပြီး လှမ်းမေးတယ်။
]] ရှင် အိမ်ထဲအရင်ဝင်တော့မှာလား၊ ဒါမှမဟုတ်……… }}။
မပြောင်းလဲတတ်တဲ့ ကျွန်တော်က ]ဒါမှမဟုတ်} ကိုပဲရွေးလိုက်တယ်။ အဲ ပြသနာက
ကျွန်တော့် အမျိုးသမီး ပြန်လာတဲ့အချိန်ကျရင် ကျွန်တော်က အိပ်ယာထဲမှာ
အိပ်မောကျနေတတ်တာပဲ။

ဒေါက်တာက လူနာအမျိုးသားကို သေချာကြည့်ရင်းမေးလိုက်သည်။

]] ရှင် ဆေးစစ်ချက်အရင်ယူချင်သလား၊ ဒါမှမဟုတ် ………….. }}