Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ရှား (သို့) Aloe vera ကိုချစ်ပါ

BMTM MdyFebruary 3, 20131min57617

ရှားစောင်းလက်ပတ်ပင်

သိပ်ကို အသုံးဝင် သော၊တန်ဖိုးရှိသော ၊ချစ်စရာကောင်း သောအပင်လေးဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတာ သိရအောင် စု တု ပြု ထားတာလေးတွေကို share ပေးလိုက်ပါတယ်နော်။

ရှား                                    အားလုံးက ကွန်ပြုတာသမားတွေဖြစ် ကြမှာပါ။ မျက်စိဝေဒနာ လည်းသေချာပေါက်ရှိကြမှာပါ။ ရှားစောင်း လက်ပတ် အတွင်းသားကို ဇွန်းလေးနဲ့ ခြစ်၊ ပြီးရင် ရေသန့်သန့် လေးနဲ့ ရေဆေး ပြီး ပန်းကန်ထဲ ထည့်ပါ။ ညဘက်ကိုယ် အနားယူတဲ့ အချိန်မှာ ပက်လက်အိပ် အနေထားမှာ မျက်လုံးပေါ်မှာ အဝတ်ပါးပါးလေးခံ ပြီး အနှစ်ကို       မျက်လုံးပေါ်  တွင်15မိနစ်လောက်ကပ်ပေးထားပါ။(သီချင်းလေးနားထောင်ရင်းပေါ့) ။ပြီးရင်ခွာပြီး မျက်နှာသစ် ပေးလိုက်ပါ မျက်စိပူ၊မျက်ရည်ယို ၊မျက်သားတက် တာတွေ အတွက် အရမ်းကောင်းတဲ့ သဘာဝနည်းလေးပါ။တစ်ပတ်တစ် ကြိမ် ဒါမှမဟုတ် ရက်ခြားလုပ်ပေးပါနော် အားလပ်တဲ့ တစ်ရက်ရက်လေးပေါ့။ ( ဒီလိုလုပ်ပေးပါက မျက် စိကျန်းမာရေးတင် မကပါဘူး မျက်ကွင်းညိုတာနဲ့ မျက်လုံး ပတ်လည်က အရေးကြောင်းတွေကိုပါ သက်သာစေမှာပါ)

နောက်တစ်ခု က လှချင်ပါတယ်ဆိုတဲ့ ပျိုပျိုမေများအတွက် လှချင်ရက် သားနဲ့ မလှချင်ဘူးပြောတဲ့ ကိုကိုများပါ ဒီရှားစောင်း လက်ပတ်က အရမ်းအသုံးဝင်ပါတယ်။

နေပူထဲသွားတာများလို့နေလောင်ပြီး အသားမည်းလာရင်၊ ဝက်ခြံတွေ ဖြစ်ပြီးအမာရွတ်ကျန် နေခဲ့ရင်၊ မှဲ့ခြောက်တွေများလွန်းလို့ အလှပျက်နေရင် ၊ အသားရေမွဲခြောက်ခြာက် ၊ ဆံပင်တွေမွဲခြောက် ခြောက် ဖြစ်နေလို့စိတ်ညစ်နေရင် ရှားစောင်း လက်ပတ်ကို သတိရလိုက်ပါနော်။

ကိုယ်ရဲ့အားလပ်ချိန် လေးမှာရှားစောင်းလက်ပတ်နဲ့ပေါင်းတင်ပြီး လှသည်ထက်လှ ကြမယ်နော်။ လုပ်ရမှာက ရှားစောင်းလက်ပတ်အတွင်းသားလေးကို ဇွန်းနဲ့ခြစ်ယူပြီး ရေဆေးလိုက်ပါ။ ပြီးရင် ခွက်တစ်ခုမှာထည့်ပြီး ခေါက်ပါ ။ပျားရည် 2 ဇွန်းထည့်ပြီးရောမွှေပေးရင်ပိုကောင်းပါတယ်။ ရပြီ ဆိုရင် မျက်နှာပြင် အနှံ့ ညီညီ ညာညာ လေးသုတ်လိမ်းပေးပါ။ မိနစ် 20 လောက်ထားပြီး ရေနွေးနွေးလေးနဲ့ မျက်နှာသစ်ပေးပါ။ လှပတင်းရင်းတဲ့ မျက်နှာလေးကိုပိုင်ဆိုင်နိုင်ပါပြီ။ တစ်ပတ်တစ်ကြိမ်လောက်လုပ်ပေးပါနော်။ ( ကမ္ဘာ ကျော် အလှကုန်တွေဟာ aloe vera က မပါမဖြစ်ဆိုတာမမေ့နဲ့နော်)

နောက်တစ်ခုကဆီးပူ ဆီးအောင့်သမား အတွက်။ ရှားစောင်းလက် ပတ် အနှစ် ကိုယူ ဆန်ဆေးရေမှာ 10 မိနစ် လောက်စိမ်ထား ပြီးရင် အဲဒီ အနှစ်ရယ် သကြားရယ် နောက်ဆန်ဆေးရေ အသစ်ရယ် ရောပြီး သောက်ပေးပါ။ ဆီးခုံမှာ အရမ်းပူနေရင် ဆီးခုံမှာပါကပ်ပေးပါ။ သက်သာ သွားပါလိမ့်မယ်နော်။ ဒါပေမဲ့ ကိုယ်က ဝမ်းလျော လွယ်တယ်၊ကိုယ်ဝန်ရှိတယ်၊ နို့တိုက်နေရတယ်၊အသက် အရမ်းကြီးတယ်၊တခြားရောဂါကြီး ရှိတယ်ဆိုရင်တော့ မသောက်ပါနဲ့နော်။

နောက်ဆုံးတစ်ခု က ပိန်လို့ အားမရှိလို့ ဝမ်းချုပ်လွန်းလို့  ပါဆိုတဲ့သူတွေ အတွက်ပါနော်

ရှားစောင်း လက်ပတ်၊ မန်ကျဉ်းသီး၊ကြိတ်မှန်ရွက်၊ ကြက်သွန်နီ ၊ ထန်းလျက် ရော ကျို ထားသော ချက်ဆေး ကို ပျားရည်နှင့်ရောပြီး တစ်နေ့ တစ်ဇွန်း စားပေးပါက မီးယပ်သွေးပူခြင်း၊ သွေးခန်း ခြင်း အကြောတက်ခြင်း ကောက် ကွေး နာကျင်ခြင်း သက်သာစေပြီး ဆံပင်ကျွတ် ခြင်း၊ ထိပ်ပြောင်ခြင်း များ သက်သာစေပြီး သွေးသား စိုပြေ ကာကျန်း မာဝဖြိုး အလှတိုးလာပါလိမ့် မည်။

ကဲ ဒီလောက်ဆို ရင်ရှားစောင်းလက်ပတ် ပင်လေးကိုမြင်ရင် မျက်လုံး အတွက် ကော၊လှဖို့ကော၊ဝ ဖို့ကော အရမ်းချစ်ဖို့ကောင်းတဲ့ အပင်လေးပါလားလို့ သတိရပြီး ယုယုယယစိုက်ပျိုးထားပါလို့……….။

 

17 comments

  • မျက်လုံးအတွက်ကိုတော့ လုံးဝမှတ်ထားလိုက်ပြီ… နို့မို့ဆို ပါဝါက တိုးနေပြီထင်တယ်…
    ထောပတ်သီးအကြောင်းလေးလည်းသိချင်ပါတယ်..
    မွန်မွန်က သဘာဝနဲ့အလှအပကိုတော့ စိတ်ဝင်စားတယ်… ပို့စ်တွေ ထပ်ထင်ပါဦးနော်.. စောင့်ဖတ်နေပါတယ်လို့…

    • ဒီလို အပင်တွေ …
      ကျုပ်တို့ဆီမှာ အားဂျီးဘဲ …
      ဒီဒေါ့ဂါ …
      ကိုကိုအံ နဲ့ လိုက် .. လိုက် … အဲ .. ဘာမှ မီဟုတ်တော့ဘူးနော် … :mrgreen:

      ++++++++++++

      @Traditional Medicine

      အခုလို ဗဟုသုတ ပို့စ်လေးအတွက် ကျေးဇူးပါ …
      ဒီလို အပင်တွေ ကျုပ်တို့ ရွာမှာ အလေ့ကျ ပေါက်နေတာ တွေ့ရတယ် ..
      အချို့ကတော့ ဆေးဖော်ကြတယ်ပေါ့ …
      ဒီ အပင်တွေ များလို့လားတော့ မသိဘူး …
      အညာသား အများစု အသားမည်း ပေမယ့် ..
      ကျုပ် အပါအဝင် ကျုပ်တို့ ရွာက လူအများစုကတော့ဖြင့် ဝါဝါဝင်းဝင်းပဲ … ဟဲ ဟဲ ..
      နောက်တာပါ …

  • ဗုံဗုံ

    February 3, 2013 at 3:52 pm

    ကောင်းလိုက်တဲ့ ပိုစ့်လေးပါရှင် ဒါမျိုးလေးတွေ ဖတ်ချင်ပါတယ် များများတင်ပါရှင် 🙂

    • ခင်ဗျားက ရမ်းခြစ်နေဒါဘဲ …
      ဟိုက ဟိုဒင်းဂျီးဆို ဘယ့်နှယ် လုပ်မတုံး …
      ဟိုစကား ကြားဖူးတယ် မဟုတ်လား ..
      …… အလှည့် …. အလှည့် …..

      • ခင်ခ

        February 4, 2013 at 4:36 pm

        ဘယ်ဒင်းကြီးလဲဟင်?
        မရှင်း မရှင်း နဲ့
        ရှင်းရှင်း ပြောပါအုံး
        ကိုအံစာတုံးရဲ့။

  • htet way

    February 3, 2013 at 9:11 pm

    ကောင်းပေစွ။
    ရှားဇောင်း လက်ပတ်ကို၃ဝကျပ်သား ၊ကြိတ်မှန်ရွက်ကို
    ၅ဝကျပ်သား နောက် ပွေးကိုင်မှုန့် နှစ်ကျပ် ခွဲသား
    စမှုံမျိုး (၅)ပါး ၁ဝကျပ်သား၊ ပျားရည် ၂ဝသားထန်းညှက် (၅၀) ကျပ်သား
    ထောပတ် ၁ဝကျပ်သား၊ တိုင်းရင်းဆေး အမှတ် (၁၄)
    ၃ကျပ်သား၊မကျည်းမှည့် (၅)ကျပ်သား
    ဆေးဖေါ်စားရင်
    ဟိုမုန်း ညီ ညွတ် အိပ်ပျော် စားဝင် အသား အရည် စိုပြေ လို့
    ပိန်သူဝ ၊ ဝသူလှ၊ …..
    အားပေးပါတယ် ဆက်ရေးပေးပါအုံး
    လေးစား ပါတယ် ခင်ဗျာ။

  • padonmar

    February 3, 2013 at 11:06 pm

    မှတ်သားလိုက်ပါတယ်။
    ဆရာထက်ရဲ့ ဆေးကတော့ ပိန်သူဝ၊ဝသူလှ ဆိုတော့ ကျမတို့ အမွှာညီအမ အတွက် အတော်ပဲ။
    ဆေးဖော်စားရမှာ ခက်လို့ ဆရာထက်သာ ဖော်ပြီး ဂဇက်အလှတိုးဆေး လို့ ဖော်ရောင်းပေးပေတော့။

  • P chogyi

    February 4, 2013 at 12:10 pm

    ကြော်ငြာဝင်လိုက်ဦးမယ်
    စတိုးဆိုင်တွေမှာ ရှာစောင်းအချိုရည်(Aloe)ရနေပါပြီ
    ဆီးချိုသမားအတွက်နဲ့ ရိုးရိုးသာမန်အတွက် ၂ မျိုးလာပါတယ်။

  • kyeemite

    February 4, 2013 at 2:42 pm

    @Traditional Medicine ရဲ့ ဆောင်းပါးလေးကူးထားလိုက်တယ်ဗျာ..
    အခုလိုရှယ်ပေးတာကျေးဇူးပါ..
    ဆရာထက်ဆေးနည်းလေးလည်း တပါတည်းတွဲမှတ်ထားလိုက်တယ်ဗျို့..
    ဆရာထက်ရေ..အပေါ်ကဒေါ်ပဒုမ္မာပြောသလို ဖေါ်ရောင်းရင်အလုပ်ဖြစ်မယ်ဗျို့… :hee:

  • Traditional Medicine

    February 4, 2013 at 2:44 pm

    ဟုတ်ကဲ့ ခုလိုစိတ်ဝင်တစားဖတ်ရှုပြီး comment ပေးပေးကြတဲ့ အဖွဲ့ဝင် တွေကိုလွန်စွာကျေးဇူးတင်ရှိ ပါကြောင်း ။
    (ရေးထားတဲ့ ခေါင်းစဉ် ဘေးက အပြာရောင်လေးနဲ့ ၇..၈..၉ တဖြည်းဖြည်းတိုးလာတာကိုမြင်ရတာ အရမ်း ဝမ်းသာကြည်နူးမိပါတယ် ကျေးဇူးတင်ပါတယ်)

  • kai

    February 4, 2013 at 2:56 pm


    ယူအက်စ်မှာ အဲဒီအပင် Aloe Vera နဲ့လုပ်တဲ့.. ဖျော်ရည်ဗူးတွေ.. အရမ်းများတယ်..
    အမျိုးလည်းစုံတယ်…။
    အခုလို..မြန်မာတိုင်းရင်းဆေးဖက်ကအမြင်လေးတွေတင်ပေးလို့.. ကျေးကျေး.။

  • ခင်ခ

    February 4, 2013 at 4:23 pm

    ကောင်းသောပိုစ့်လေးမို့ ဖတ်ရှု့ မှတ်သား အားပေးပါ၏။
    ရှားစောင်း နဲ့ ကုလားဗရာကြော် ကတော့ မတည့်တဲ့အစာမို့ ကုလားဗရာကြော် စားထားရင်တော့ အချိန်အတော်ကြာခြားပြီးမှ စားစေချင်ပါတယ်ခင်ဗျ။

  • Ma Ei

    February 4, 2013 at 4:46 pm

    ခုလို ဆေးဘက်ဝင်တယ်ဆိုတာသိရတော့
    တစ်ခြားအအေး အချိုရည်တွေသောက်မယ့်အစား
    ရှာစောင်းအချိုရည်(Aloe) ကိုဘဲ သောက်တော့မယ်…

  • Mobile

    February 4, 2013 at 9:23 pm

    ဖတ်တော့ဖတ်သွားပါတယ်။
    ဒါပေမယ့် လူ့ခံဒါကိုယ် အတွက်လိုအပ်ချက်တွေက များလှသမို့
    လေ့လာလို့ ဖတ်ရှု့လို့ မကုန်နိုင်အောင်ဖြစ်ရပါတယ်။
    အမြစ်ကတူးရတယ်ဆိုတဲ့အတိုင်း ယခုလို့ ဆေးနည်းဝါးနည်းလေးတွေသိတဲ့
    ပို့စ်ပိုင်ရှင်ကို အမြစ်ကတူးထားလိုက်မယ်ဆိုရင် အသက်ရှည်ခြင်း ကျန်းမာ နုပျိုခြင်း အတွက်
    အကြောင်းတရားကောင်းလေးများ ဖြစ်မလားလို့ စဉ်းစားမိပါတယ်။

    • Mobile

      February 4, 2013 at 9:25 pm

      အဲ့လမ်းကြုံတုန်းပြောဖို့ တစ်ခုကျန်သွားလို့ပါ
      ရှား (သို့) Aloe vera ကိုချစ်ပါ ဆိုတော့။ မေးစရာလေးရှိနေလို့ပါ
      ပို့စ်ပိုင်ရှင်ကိုကော ဂျစ်လို့ရမလားလို့ပါ။။။။။။။။။။။။
      :harr:

  • Ko out of...

    February 5, 2015 at 3:52 pm

    ကျေးဇူးပါ ကျွန်တော်အခုဆီးပူ ဆီးကျင် ဖြစ်နေလို့လက်တွေ့ အသုံးချကြည့်မယ်….

Leave a Reply