အကြွား သက်သက်ပိုစ့် ပါ ခင်ဗျာ…
ရည်းစားရပြီ ဟေ့…..
ရည်းစားရပြီ ဟေ့…..
မှတ်ချက်။ ။ ပျော်လွန်းပြီး.. ပြန်လည်ရင်ဖွင့်ရမည်သူမရှိသောကြောင့်..
ယခုကဲ့သို့ ဂေဇက်ပေါ် တက်ပြီး ပေါ ရခြင်းဖြစ်ပါကြောင်း…
( ကရုဏာ ထားပြီး. ခွင့် လွှတ်၍ အပြစ် မမြင်စေလိုပါကြောင်း…)
24 comments
johnnydeer
February 4, 2013 at 7:35 pm
ဟုတ်တယ်…အကိုတုန်းကလဲ အဲ့ဒီအချိန် အပျော်ဆုံးပဲ…အခုတော့ အဲ့ဒီချစ်သူက မိန်းမဖြစ်လာပြီး ကလေးတစ်ယောက်ခွဲနဲ့ အခုလဲပျော်တုန်းပဲ…(မှတ်ချက်…မိန်းမက စိတ်ကောက်ပြီး စကားမပြောလို့ နားညီးသက်သာပြီး အကို ပျော်နေတာ ပြောတာပါ)
မောင်တင့် တယ်
February 5, 2013 at 8:53 am
ဟုတ်ကဲ့ပါနောင်တော်
ညီတော်ကတော့.. ခု ချိန်ခန လောက်တော့ ပျော်လိုက်ဦးမယ်.. ဟီးဟီး..
မောင်ပေ
February 4, 2013 at 7:35 pm
အမြှီးပေါက်ကြောင်း ကြေငြာကို ဖတ်ရတော့ ကျားချင်းချင်း မုဒိတာပွားပေးလိုက်ပါတယ်
ဒါပေမယ့် ဂေဇက်မှာ ဒီလို ပို ့စ်မျိုး
ကိုယ်ရေးကိုယ်တာမျိုး
ထပ်ပြီး လုံးဝမရေး ၊ လုံးဝ မတင်ဖို ့
ဂေဇက်က လူအားလုံး ကိုယ်စား နဲ ့ စာဖတ်သူအားလုံး ကိုယ်စား အကြံပေးပါရစေ
စုတ်ပဲ့တဲ့ ကွန်နက်ရှင်ကြားကနေ ဖတ်နေရသူတွေကို နဲနဲလေး အသိအမှတ်ပြုပေးပါကွယ်
ပုံ
သဂျီး ၏ သမီးနဲ ့ဘာမှ မဆိုင်သော
မောင်ပေ
မောင်တင့် တယ်
February 5, 2013 at 8:55 am
လွန်တာရှိရင် တောင်းပန်ပါတယ်..တကယ်ကိုပျော်လွန်းအားကြီးလို့..
တစ်ကိုယ်ကောင်းဆန်ပြီး တင်လိုက်မိတာပါ..
နောင်တော်ပေ အပါအဝင် ဝင်ဖတ်မိသူအားလုံးကိုတောင်းပန်ပါတယ်ဗျာ..
TTCG
February 4, 2013 at 7:36 pm
Good luck.
padonmar
February 4, 2013 at 8:26 pm
ဂဇက်ဟာ
စွံချင်လည်း ရင်ဖွင့်လို့ရတယ်။
စွံရင်လည်း ရင်ဖွင့်လို့ရတယ်။
မစွံရင်လည်း ရင်ဖွင့်လို့ရတယ်။
(ဟိုဖက်မှာ လိုက်ကြည့်လိုက်)
ဒီမိုးကရေစီးတယ်။
မောင်တင့် တယ်
February 5, 2013 at 9:00 am
ကျေးဇူးတင်တယ်နော်..ခုလို အားပေးလို့..
မဟာရာဇာ အံစာတုံး
February 4, 2013 at 9:03 pm
ပြောတော့ ….
တူ၊ တူမလေးတွေနဲ့ပဲ …
တစ်သက်လုံး နေမယ်ဆိုကွ …. ဟာဟ …
ဒီလို အပျော်တွေထက် …
ဟိုလို အပျော်ကသာ ပိုကောင်းတယ်ဆိုကွ .. ဟာဟ …
မောင်တင့် တယ်
February 5, 2013 at 8:59 am
နောက်ကြည့်တာပါ…ဟီး…
အတည်မယူရဘူးလေ..
Mobile
February 4, 2013 at 9:31 pm
ပျော်ပျော် ကျုပ်ရဲ့ခံယူချက် မိန့်ဆိုချက်လေးကို ပြောလိုက်ပါအုံးမယ်။
တရားမသိပဲနဲ့ အနှစ်တစ်ရာ အသက်ရှင်နေရခြင်းထက်
တရားသိပြီး တစ်ရက်နေရခြင်းက မြတ်သည်ဟု ဗုဒ္ဓဘာသာမှာ ဆိုပါသည်။
ရည်းစားရှိပြီး/မိန်းမရှိပြီး အနှစ်တစ်ရာနေရခြင်းထက်
ထိုနှစ်ခု မရှိပဲ တစ်ရက်တစ်မနက် အသက်ရှင်နေထိုင်ရခြင်းက
မြတ်သည်ဟု ကျုပ်ကဆိုချင်ပါသည်။
မှတ်ချက်။ ။ ကိုယ်မစွံ့လို့ သူများကို အဖျက်စဂါးပြောသည်ဟုတော့ မထင်စေလိုပါ။
မောင်တင့် တယ်
February 5, 2013 at 8:58 am
သကြားချိုမှန်း မသိသေးလို့ဖြစ်မှာပါနောင်တော်..
ဟိဟိ…
(ထင်မြင်ချက်သက်သက်သာ…)
Mobile
February 5, 2013 at 8:50 pm
မောင်ရင်က သကြားချိုတာသာ သိသကိုး
ဆီးချို ဖြစ်နိုင်တာတို့ ရင်ကြပ်မှာတို့ကို မမြင်နိုင်ပါလား။
ငယ်ရွယ်သူတို့မည်သည် ထိုသို့ဖြစ်တတ်ပါပေသည်တကားးးးးးးးးးးးးးးးးးးးး
Mr. MarGa
February 4, 2013 at 10:02 pm
ပျော်ပါကွယ်
ပျော်ပါ
အခုအချိန်က ကြားလေသွေးတောင် ဝေးတယ်ဆိုလား
thaung htutsoe
February 5, 2013 at 11:46 am
ပျော်တာတော့ ပျော်ပေါ့ နော်တော်
ဝေးဝေးလေးကြည့်ပြီးပျော်ပေါ့
တော်ကြာ ဇီးပြာက စိတ်ကောက်လို့ချော့နေရတာနဲ့
ဘုန်းကြီးဝတ်ဖို့ စိတ်ကူးနေရအုန်မယ်
ဟားးးးးးးးး
ကိုယ်ကမှမစွန်တာကို……………
နာလိုဘူးပေါ့ကွ………………………ဟဟ
Moe Z
February 5, 2013 at 1:08 pm
အွန်… ဖြစ်မှဖြစ်ရလေ ထောင်ချောက်ထဲရောက်ဖို့ ခြေတစ်လှမ်းပဲလိုတော့တာကို ကြွားစရာလား ချိစ်ကိုပဲမြင်ပြီးထောင်ချောက်ကို မမြင်ဘူးထင်တယ်
ကိုရင်စည်သူ
February 5, 2013 at 1:16 pm
ချိဖ်မြင်ပီး မောင်းတံမမြင်တဲ့ အူးစည်ဘဝက
မျက်စိရှမ်းတဲ့ ကြွက်စ်တော့ဟုတ်ပါဖူး…
ဇက်ကလေးထောင် ဘယ်လောက်ကျယ်လဲ
တိတိရက်နဲ့ အမြီးနန့်ပီ ဝင်ခဲ့မိဒါဘာ
ဇက်ကလေးနဲ့ မိုင်၁၀ဝ ပတ်လည်တောင် မကပ်နိုင်တဲ့
ဟိုတစ်ယောက်တော့ အင်္ဂါ ဇိတောင် ဖြစ်သွားသေးရဲ့…
မတွေ့ဒါကြာဒဲ့ ဇိလေးလည်း တခြားကြွက်လေးတွေနဲ့
ပျော်ချင်ပျော်နေမှာပေါ့နော်… ခွိခွိ… :byal:
Ghi Ghi ThE KiD
February 5, 2013 at 1:26 pm
အေးဗျာ ..ခီညားကျောမှဘဲ …
ဇက်ကလေး ကြွက်လေးတေ စားတဲ့အကြောင်း ပိုစ့်တင်ဖူးတာ
သွားသတိရတော့တယ်…
:harr:
ကြောင်ဝတုတ်
February 8, 2013 at 11:08 am
Zကလေးတောင်ပျောက်နေတာကြာပေါ့…
သူလေးဘယ်တွေများရောက်နေပါလိမ့်….
သတိရလွမ်းဆွတ်လျက်-
ဖက်ဖက်ကက်
kai
February 5, 2013 at 3:03 pm
မှန်တယ်ဟေ့..
အမျိုးသားတို့၏.. သမိုင်းပေးတာဝန်… ကျေသူအဖြစ်အသိအမှတ်ပြုကြောင်း…။
ဆိုတော့…
ရည်းစားဘဝကနေ.. ရှေ့တလှမ်းတက်ဖို့.. တိုက်တွန်းကြောင်း.. :kwi:
Wow
February 5, 2013 at 3:14 pm
ကံခေတာများကြွားနေရသေးဒယ်… :harr:
ယောက်ကျားလေးများကံခေရင် ရဲဇားရတတ်တယ်ဒဲ့
အာဂ
February 5, 2013 at 4:39 pm
ဪ ဘာများလဲလို့….ဖြစ်မှဖြစ်ရလေခြင်းဗျာ…။ နောက်ထပ်လည်း ဒါမျိုး ရည်းစားလေးတွေများများရပြီး များများတင်နိုင်ပါစေဂျာ။
လူကလေး
February 6, 2013 at 9:35 am
အခုလို ရည်းစားရရှိသွားတာကို ဝမ်းသာပါကြောင်း..
(ရည်းစားနဲ့ပြတ်သွားတဲ့ post တင်တဲ့အခါ လည်း .. ဝမ်းသာကြောင်း ရေးပါဦးမည်)
.. .. .. ..
အကောင်းမြင်သမားလေးမို့ပါကွယ်.. :kwi:
လုံမလေးမွန်မွန်
February 9, 2013 at 10:59 pm
နင်ကလည်းနော်..ဟွန်း..ဟွန်း…
အပြတ်စကား နားဝဝယ်.. လေသံတောင် မကြားချင်တဲ့ အချိန်ကို.. လူကလေးစုတ်… နင့်ကျမှ ငါပြောပေးမယ်.. 🙂
Thit San Khant
February 9, 2013 at 11:17 pm
ကျွန်တော်လဲ ပျော်ချင်တယ် ဟီး…