Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

နာလိုက်တာဗျာ

DEPARKO DEPARKOFebruary 5, 20131min707

ကျွန်တော်တပ်မတော်(ရေ)မှာ အနှစ်အစိပ် နီးပါးတာဝန်ထမ်းဆောင်ခဲ့ပြီး တပ်မတော်ထဲမှာ စိတ်အနာဆုံးအပြောခံရတဲ့စကားလုံးတစ်လုံးကတော့ တန်းစီပြီး နင်ပဲငဆ ရိုင်းရိုင်းစိုင်းစိုင်း ဆဲဆိုပြီး ခင်ဗျားတို့ဆရာကြီးတွေ စောက်သုံးကိုမကျဘူး နိုင်ငံတော်လစာလိမ်ထုတ်နေတယ်ဆိုပြီး ကိုယ့်သားအရွယ် ကိုယ့်စစ်သက်လောက်မှမရှိတဲ့ အရာရှိပေါက်စတွေရဲ့ ဆုံမဩဝါဒပေးခြင်း ခံရတဲ့ အချိန်ပါဘဲ။ ရေတပ်မှာ (က) အဆင့်စစ်သည်တွေများပါတယ် အားလုံးနီးပါးဟာ ဘွဲ့ရ ပညာတတ်တွေပါ။ အကြောင်းအမျိုးမျိုးကြောင့် ဘွဲ့မရဘဲ တို့လို့တန်းလန်း (အရင်ခေတ်က ပညာရေးအားမပေး အဝေးသင်ဖြေရန်ခွင့်တင်လျှင်ခွင့်မပေးပါ) အနည်းငယ်သာရှိပါတယ်။ တပ်မတော် ထဲမှာ ဘွဲ့ရ ပညာတတ် စစ်သည်တစ်ဦးအနေနဲ့ ဒုတပ်ကြပ်ရဘို့ ကျွန်တော် (၁၁)နှစ်စောင့်ခဲ့ရတယ် တပ်ကြပ်ဖြစ်တဲ့အချိန် စစ်သက်၁၈နှစ်ရှိပါပြီ အခုနောက်ပိုင်းမှ ကြည်း ရေ လေ ရာထူး ညှိနှိုင်းလိုက်ပြီးမှ ပရမိုးရှင်း နောက်လူတွေမြန်လာတာ တပ်မတော်မှာမနေနိုင်တော့လို့ ထွက်စာတင်တော့လည်းထွက်စာမကျ ဝင်မည့်သူမရှိတော့ တပ်မတော်(ရေ)သို့ဝင်စဉ်က တင်းပြည့် ၅ နှစ် အရံ ၅ နှစ်ဆိုပြီးစာချုပ်ချုပ်ခဲ့ရပေမည့်၁၄ နှစ်တာဝန်ထမ်းဆောင်ပြီး ကျွန်တော်ထွက်စာတင်ခဲ့ပေမည့် ယခု အထိ စစ်သက် ၂၅ နှစ်ရှိပြီ ထွက်စာမကျသေးပါ ။ အခြားစစ်သည်တွေလို ထောင်ကျ။တပ်ပြေးလုပ်၊ အမှုဖြစ်အောင်လုပ်၊ ဆေးချ(ဆေးကိုလိမ်ညာချရန် ငွေ ၁ဝ သိန်းခန့် လာဘ်ထိုးရ)AIDS ၊အတု အရက်ကြောင့် စိတ်ကျရောဂါ၊ မလုပ်ရဲလေတော့ အခုထိ စစ်သားအိုကြီးဘဝနဲ့ အမှုထမ်းဆဲပါ ။ တပ်မတော်မှာ အခြားအဆင့်တွေဟာ ရာထူးအမြင့်ဆုံး အရာခံဗိုလ် အသက် ၆ဝ ပြည်လုနီးပါး စစ်သက် ၄ဝ ခန့် ဆရာကြီးတွေရဲ့ လစာဟာ တပ်မတော်ထဲဝင်ကာစ စစ်တက္ကသိုလ်ဆင်း အသက်၁၉နှစ် ၂ဝ အရွယ် နို့နံ့တောင်မစင်သေးတဲ့ဗိုလ်ပေါက်စ အုပ်ချုပ်သူလူတန်းစား ရဲ့လစာကိုမှီလို့လား သူတို့တွေတပ်မတော်မှာ အမှုထမ်းတဲ့စစ်သက်ဟာ ဆရာကြီးတွေ ရဲ့ စစ်သက်နဲ့ ယှဉ်လို့မရအောင်ကွာခြားပါတယ်။ ဒီ့အပြင် တစ်ချို့ အရက်သောက်လို့ဆိုပြီး (မူရစ်ရမ်းကားနေတာမဟုတ်) ကြိမ်နဲ့ရိုက်နှက်ဆုံးမ အချုပ်ထဲထည့် အရစ်ဖြုတ် သားအရွယ်တွေက ဆုံးမနေလိုက်ကြတာ သူတို့တွေကျတော့ သောက်ပွဲတွေကို အကြောင်းအမျိုးမျိုးပြ ပျော်ပွဲရွှင်ပွဲတွေလုပ် ဆရာကြီးတွေက သူတို့ကို စားပွဲထိုး ဖျော်ဖြေရတယ်။ ဒါကြောင့် အရက်ကို ဘုရားမှာကြိမ်စာတိုက် အရက်ဖြတ်လိုက်တာ ကျွန်တော်ဆယ်စုနှစ်တစ်ခုကျော်ခဲ့ပါပြီ။ အရာရှိတိုင်း ဆိုးတာတော့မဟုတ်ပါဘူး ရာခိုင်နှုံးအားဖြင့် တပ်မတော်(ရေ)ထဲမှာ ၂ဝ ရာခိုင်နှုန်းလောက်ကိုရှိပါတယ် ကျွန်တော်လည်းထွက်စာမကျပေမည့် ကြိတ်မှိတ်အောင့်အီးနေရတာ ဟိုချောင်ကပ်ရှောင်လိုက် ဒီချောင်ကပ်ရှောင်လိုက်(အရာရှိဆိုးများ) ဒီနေ့အထိခံနေတာပါ နို့မဟုတ်ရင် ပြုတ်တာကြာပြီ။ အဂတိလိုက်စားတာတွေ တခြားကိစ္စတွေကတော့ တပ်မတော်ကထွက်ခွင့်ကျမှဘဲရေး ပြနိုင်မယ် အခုအချိန်က ကျွန်တော့်အတွက်အန ္တရယ်ရှိလို့ပါ အရာရှိတော်တော်များများဟာဗိုလ်မှုး အဆင့်နဲ့ အထက်တွေဟာ ရေဓါးပြဘဝနဲ့ ကားအမျိုးမျိုစီး တိုက်၊ခြံ၊များစွာပိုင်ဆိုင်သွားကြပေမည့်(တပ်မတော်ထဲရောက်မှ အမျိုးမျိုးသောတရားမဝင်ငွေရှာနည်းများမှ) အသက် ၆ဝ ပြည့် တပ်မှ အငြိမ်းစားယူမည့် သက်ပြည့် ပင်စင်စာများအတွက် နေစရာမရှိ လမ်းဘေးရောက်ရသူတွေအများကြီးတွေ့ရပါတယ်။ ကျွန်တော်ဟာ စစ်သက်အစိပ်ကျော်အတွင်းမှာ တပ်မတော်ရေမှ အရာရှိများ တစ်လ သိန်း ၁၀ဝ ကနေ သိန်းထောင်ကျော်အထိ ငွေရှာ ကိုယ်ကျိုးအတွက်အလွဲသုံးစား(တစ်နှစ်စာဝင်ငွေကိုတွက်သာကြည့်) (အရာရှိ ၈ဝ ရာခိုင်နှုန်း)လုပ်သမျှကို သိရှိထားခဲ့ပေမည့် ဖေါ်ထုတ်ဘို့က အန ္တရယ် အရမ်းကြီးလေတော့၊ တပ်မတော်(ရေ)မှာရှိတဲ့ အရာရှိတွေ ဗိုလ်မှူးနဲ့ အထက် အဆင့်တွေကို ပိုင်ဆိုင်မှုတွေ စစ်ကြည့်စမ်းပါ ဘူးပေါ်သလိုပေါ်လာပါလိမ့်မယ်။ တပ်မတော်(ရေ) မှာ ဆရာကြီးတွေ အခြားအဆင့်စစ်သည်တွေရဲ့ ပိုင်ဆိုင်မှုနဲ့ အရာရှိတွေရဲ့ ပိုင်ဆိုင်မှုတွေစစ်ပြီး အရေးယူနိုင်မည့် အချိန်ကို ကျွန်တော်စောင့်နေပါတယ် အဲဒီတော့ဗျာ သူခိုးကလူလူဟစ်လို့ နေ့စဉ်တန်းစီ အဆုံးမခံစစ်သည်အိုကြီးများ ကျွန်တော်တို့အတွက်ကတော့ ဟစ်တိုင်ကဗျိုးဟစ်လို့ နာလိုက်တာဗျာလို့ အော်ရုံမှတစ်ပါး အခြားမရှိပါပြီ။

11 comments

  • kyeemite

    February 5, 2013 at 11:49 am

    ကိုဒီပါကိုရဲ့ ခံစားချက်ကိုကိုယ်ချင်းစာမိပါတယ်ဗျာ…
    ကိုယ်တိုင်စစ်သားမဟုတ်ပေမဲ့ အဖေကစစ်သားဆိုတော့
    တပ်ထဲနေထိုင်ကြီးပြင်းခဲ့ရတာမို့ လက်တွေ့ မျက်တွေ့ပါပဲ..
    ရေတပ်မှမဟုတ်ပါဘူးဗျာ…တပ်တိုင်း အတူတူနဲ့အနူနူပါ
    အောက်ခြေအခြားအဆင့်စစ်သားတွေမှာ..ငတ်ပြတ်
    စုတ်ချာနေတဲ့ ကြားက အထက်က အုပ်ချုပ်သူစစ်ခေါင်းဆောင်ဆိုးတွေကြောင့်
    ပြည်သူ့အမုန်းကိုလည်းခံကြရပါသေး… :chee: :chee: :chee:

  • Thet Aung

    February 5, 2013 at 12:03 pm

    အေးဗျာ စိတ်မကောင်းစရာဘဲ…

  • မောင်ပေ

    February 5, 2013 at 12:10 pm

    မှန်လိုက်တာ ကိုဒီပါရေ
    ရိုးသားတဲ့အစိုးရဝန်ထမ်းလုပ်မယ်ဆိုရင်တော့
    နောက်ခံဘက်ဂရောင်းမရှိဘူးဆိုရင်
    ပင်စင်ယူတဲ့အခါ ဒုက္ခလုံးလုံး/ပြားပြား ရောက်ကြရတာကလား

  • DEPARKO DEPARKO

    February 5, 2013 at 1:41 pm

    တပ်မတော်(ရေ)ထဲ ဝင်တဲ့စစ်သည်အများစုဟာ သင်္ဘောဆင်းရင် ရရှိမည့် အပိုဝင်ငွေကိုမျော်မှန်းပြီး ဝင်ခဲ့ကြတာများတယ် တကယ်လည်းရခဲ့ကြပါတယ် တစ်ချို့ ကံကောင်းတဲ့စစ်သည်တွေဆို သိန်းရာနဲ့ချီပြီး တစ်လတည်းမှာရကြတယ် များသောအားဖြင့် အောက်ဖက် တနင်္သာရီရေတပ်စခန်းဘက်မှာတာဝန်ကျတဲ့စစ်သည်တွေပေါ့ အဲဒီဘက်ကိုရောက်ဘို့က ဆရာကောင်းရှိရမယ် ငွေကုန်ကျေးကျခံနိုင်ရမယ်
    အဲဒီတပ်စခန်းမှာကျတဲ့(စစ်ရေယာဉ်မှုး)အရာရှိဆိုရင် ဗိုလ်ကြီးအဆင့်တောင် တစ်လဝင်ငွေ (နေရာကောင်းရင်) သိန်းထောင်ချီသွားနိုင်တယ် အခုတော့ အတိုင်အတောတွေထူလာလို့ အဲဒီဘက်မှာ စုံခုံတွေဖွဲ့ပြီးအရေးယူဘို့တော့လုပ်နေတာဘဲ တကယ်အရေးယူဖြစ်ခဲ့ရင်တောင် ဘယ်သူတွေကို ထိုးကျွေးမလဲဘဲ စောင့်ကြည့်ရမှာဘဲ

  • မိုချို

    February 5, 2013 at 4:46 pm

    ကိုယ်ကျိုး ရှာ လူနည်းစုကြောင့် ပြည်သူတွေ ရဲ့ အမုန်း ကို တပြေး ညီ သိမ်း ကြုံး ခံ နေ ရတဲ့ကျန် တပ်မတော် သားတွေအတွက် စိတ်မကောင်း ဖြစ်ရ ပါတယ် ဦးဒီပါရေ။ ဖွင့် ချ ရေး လာမဲ့ ရက် ကို စောင့် ဖတ် နေပါမယ် ဆိုတာလည်း ပြောပါရစေ။

  • myanmarcitizen

    February 5, 2013 at 5:35 pm

    အရင်တုန်းက တပ်မတော်(ရေ)ကို ဝင်ချင်တဲ့သူများတယ်လို့မှတ်သားရဘူးတယ်။
    ဒီလောက်စော်ကားတဲ့ငချွတ်လေးတွေကို ကုန်းပတ်ကနေသာ ဖနောက်နဲ့ပေါက်ပြီး ပင်လယ်ထဲချလိုက်ဗျာ။
    DEPARKO ရေ အတွေ့အကြုံလေးတွေလဲထပ်ပြီးရေးပါအုန်းဗျာ

  • Mobile

    February 5, 2013 at 7:28 pm

    လေ့လာသွားပါတယ်ဗျာ ဗဟုသုတဖြစ်စေပါတယ်။
    ဘာမှနားမလည်လို့ မပွားတာကို နားလည်ပေးပါခင်ဗျ။

  • လူကလေး

    February 6, 2013 at 9:46 am

    “အဂတိလိုက်စားတာတွေ တခြားကိစ္စတွေကတော့ တပ်မတော်ကထွက်ခွင့်ကျမှဘဲရေး ပြနိုင်မယ်”

    သတင်းကောင်းနှစ်ခု .. .အမြန်ဆုံးကြားချင်ပါတော့သည်..

    တပ်မတော်က နေ ထွက်ခွင့်မြန်မြန်ကျ၍ အဂတိလိုက်စားမှုတွေကို အမြန်ဆုံးချပြနိုင်ပါစေ..

    ဆန္ဒအမှန်ဖြင့်
    လူကလေး

  • DEPARKO DEPARKO

    February 6, 2013 at 7:22 pm

    သိပ်တော့မကြာတော့ဘူးထင်ပါတယ် ထွက်စာတွေလည်းပြန်ခွင့်ပြုတော့မည်ကြားတာဘဲ

  • padonmar

    February 6, 2013 at 10:36 pm

    ကိုယ်ချင်းစာမိပါတယ်။

  • kai

    February 7, 2013 at 6:07 am

    ကျွန်တော်တပ်မတော်(ရေ)မှာ အနှစ်အစိပ် နီးပါးတာဝန်ထမ်းဆောင်ခဲ့ပြီး တပ်မတော်ထဲမှာ စိတ်အနာဆုံးအပြောခံရတဲ့စကားလုံးတစ်လုံးကတော့ တန်းစီပြီး နင်ပဲငဆ ရိုင်းရိုင်းစိုင်းစိုင်း ဆဲဆိုပြီး ခင်ဗျားတို့ဆရာကြီးတွေ စောက်သုံးကိုမကျဘူး နိုင်ငံတော်လစာလိမ်ထုတ်နေတယ်ဆိုပြီး ကိုယ့်သားအရွယ် ကိုယ့်စစ်သက်လောက်မှမရှိတဲ့ အရာရှိပေါက်စတွေရဲ့ ဆုံမဩဝါဒပေးခြင်း ခံရတဲ့ အချိန်ပါဘဲ။

    အဲဒီအပေါ်ကအတိုင်း.. အရပ်သားအရာရှိအိုကြီးတွေကို.. ကိုယ့်သားအရွယ် ကိုယ့်လုပ်သက်လောက်တောင်.. အသက်မှမရှိတဲ့ (အရာရှိဆိုသူ) စစ်သားတွေရဲ့.. ဆုံးမဩဝါဒပေးခြင်း ခံရတဲ့ အချိန်ရှိခဲ့. .ရှိနေဆဲ.. ရှိဦးမှာ.. ဆိုရင်.. ကော..။

    မှတ်မှတ်ရရ.. အရာရှိကြီးတယောက်ရဲ့.. အလုပ်ဝင်တဲ့နှစ်မှာမွေးတဲ့. ချာတိတ်က.. အဲဒီအရာရှိကြီးအပေါ်ကို ဘုန်းဒိုင်းဆို စစ်ဝတ်စုံနဲ့..ရာထူးယူ… ရောက်လာပြီး.. စီမံခန့်ခွဲအုပ်ချုပ်နေတာ.. မြင်ဖူး..ကြားဖူးခဲ့ဖူးတယ်..။

    စစ်သားဟာ.. စစ်ပဲတိုက်တတ်.. စစ်နဲ့ဆိုင်တာပဲလုပ်တတ်မှာပေါ့…
    ဘုန်းကြီးဟာ.. ဘုန်းကြီးအလုပ်ပဲလုပ်တတ်မှာပေါ့…
    တိုင်းပြည်ငွေကြေးစီမံခန့်ခွဲတာ.. ..စီးပွားရေး.. နို်င်ငံရေးတွေထဲ.. ဝင်ရှုပ်တော့…
    Buuuuuuuuuuuuuuuuuuuuuu…

    နာလိုက်တာရဲ့..ဟိုဖက်..မိုင်၁၀၀ဝ အလွန်..
    ဒန့်တန်တန်… :buu:

Comments are closed.