Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

အလုပ်ဝင်ပြီး ပါမန် ့နန် ့ဝန်ထမ်းဖြစ်ခါမှ လစာလျှော့ချခံရခြင်း

moonpoemFebruary 5, 20131min99227

ကျွန်မ တိုးဂိုက်အဖြစ်အသက်မွေးဝမ်းကျောင်းပြုခဲ့တာ ၄နှစ်ပြည့်ပြီးနောက်ပို်င်း တစ်ရက်မှာတော့ စကားပြန်အဖြစ်လုပ်ပေးဖို ့ ကျွန်မကုမဏီက ပြောလာပါတယ်။ စကားပြန်ကတော့ တိုးဂိုက်ထက် နည်းနည်းလေးတော့ ပိုခက်တယ်လို ့ကျွန်မထင်တယ်။ တိုးဂိုက်ကတော့ လုပ်သက်ရှိသွားရင်
အားလုံးက အေးအေးဆေးဆေးဖြစ်သွားပေမယ့် စကားပြန်ကကျတော့ သူ ့အပိုင်းနဲ ့သူ မတူညီတာလေးတွေ ရှိပါတယ်။ ရင်းနှီးမြုပ်နှံမှုဆိုလည်း ရင်းနှီးမြုပ်နှံတာနဲ ့ပတ်သတ်တဲ့ စကားစုတွေ၊ ဘဏ်လုပ်ငန်း၊ ဆောက်လုပ်ရေး စသဖြင့် အမျိုးမျိုးသော ပညာရပ်တွေက ခက်ခဲနက်နဲမှုတွေ ရှိတာကြောင့် တော်တော်လေး
ပြန်လေ့လာရပါတယ်။

ကျွန်မအတွက် ပထမဆုံးကျလာတဲ့ စကားပြန်တာဝန်က ဆောက်လုပ်ရေးနဲ ့ပတ်သတ်ပါတယ်။ ဒါကြောင့် ဆောက်လုပ်ရေးနဲ ့ပတ်သတ်တဲ့ အပိုင်းတွေကို ပြန်လေ့လာပြီး စကားပြန်လိုက်ခဲ့ပါတယ်။ ပထမဆုံး ပွဲဦးထွက်မှာ စကားပြန်အဆင်ပြေပြီး နောက်ပိုင်း ကျွန်မကို ကျွန်မကုမဏီက ဆောက်လုပ်ရေးနဲ ့ပတ်သတ်တဲ့
စကားပြန်လိုက်ဖို ့ဆိုရင် ကျွန်မကို ထည့်ပေးပါတယ်။ ဒါကြောင့်ပဲ ကျွန်မ အခုလုပ်နေတဲ့ ဆောက်လုပ်ရေးကုမဏီမှာ လုပ်ဖြစ်ဖို ့အကြောင်းဖန်လာပါတယ်။

သူတို ့တွေက မြန်မာနိုင်ငံကို တစ်လတစ်ခါ ပုံမှန်လာပြီး လာတိုင်းလည်း ကျွန်မကပဲ စကားပြန်အဖြစ်
လိုက်ပေးပါတယ်။ နောက်ဆုံး ပြီးခဲ့တဲ့ အောက်တိုဘာမှာ သူတို ့တွေ မြန်မာနိုင်ငံမှာ ဆောက်လုပ်ရေးကုမဏီ
ဖွင့်ဖို ့ဖြစ်လာတော့ ရုံးအတွက် ဝန်ထမ်းလိုလာပါတယ်။ကျွန်မကတော့ ဝန်ထမ်းလုပ်ရမှာ ဝါသနာ ပါသူမဟုတ်တော့ သူတို ့ဘက်က ကမ်းလှမ်းတာကို ပထမအကြိမ်မှာတော့ ကျွန်မငြင်းဆိုခဲ့ပါတယ်။ ဒုတိယတစ်ခေါက်မှာတော့ တစ်လကို ကျွန်မအတွက် အဆင်ပြေတဲ့ လစာနဲ ့ခန့်မယ်။ ခန် ့ပြီးရင်လည်း ဘန်ကောက်၊စင်ကာပူ၊ဂျပန် စတာတွေကို ပညာသင် သွားနေရမယ်လို ့ဆိုလာပါတယ်။စနေ၊တနင်္ဂနွေ
ရုံးပိတ်ရက်တွေမှာလည်း ကျွန်မဝါသနာပါတဲ့ ဂိုက်အလုပ်လုပ်ခွင့်ပေးမယ်လို ့ဆိုလာပါတယ်။ဒီတော့
အရင်ကုမဏီနဲ ့လည်း မိတ်မပျက်တဲ့အတွက် ကျွန်မထက် ကံကောင်းတဲ့သူရှိပါဦးမလား။

ကျွန်မအတွက် လစာထက် ပညာသင်သွားရမယ်ဆိုတာ ပိုပြီး မက်မောစရာကောင်းပါတယ်။ ပိုက်ဆံစုလည်း လေယာဉ်စရိတ်တောင်မရှိတဲ့သူဆိုတော့ ဒီလို နိုင်ငံရပ်ခြားကို သွားပြီး ကုမဏီအစီအစဉ်နဲ ့သွားရမယ်ဆိုတာ
သိပ်ကို ကောင်းပါတယ်။ဒါနဲ ့ပဲ သူတို ့ဆောက်လုပ်ရေးကုမဏီမှာ လုပ်ဖြစ်ခဲ့တယ် ဆိုပါတော့။ လုပ်ဖြစ်ပေမယ့် ပါမန့်နန် ့ဝန်ထမ်းအနေနဲ ့တော့ မဟုတ်ပါဘူး။ သူတို ့မှာ ကုမဏီလိုင်စင် မရသေးတော့ ဝန်ထမ်း သဘောမဟုတ်ဘဲ ကိုယ်ရေးအရာရှိတစ်ယောက်အနေနဲ ့တစ်လပြီး တစ်လ ဆက်ပြီး ခန် ့တဲ့သဘောမျိုးနဲ ့ပဲ ထားတာပါ။ ဒါပေမယ့် သူတို ့က ကုမဏီလိုင်စင်ရရင် ဒီလစာ အတိုင်း ပါမန် ့နန် ့ဝန်ထမ်းခန် ့မယ်လို ့လည်း ကတိပြုထားပါတယ်။

သူတို ့ပြောသလိုပါပဲ ဝင်ပြီး တစ်လနေတော့ ဘန်ကောက်ရုံးခွဲကို ပညာသင်သွားရပါတယ်။ ကျွန်မကတော့
သူတော်ကောင်းတွေနဲ ့တွေ ့တာပဲလို ့ယူဆပြီး အပျော်ကြီးပျော်နေတာပေါ့။ ကုမဏီလိုင်စင်ရလာတဲ့ ဒီဇင်ဘာလမှာတော့ နောက်ထပ် ဝန်ထမ်း၂ယောက်ကို အသစ်ခန် ့ပါတယ်။ဝန်ထမ်းအသစ်ခန် ့ပြီး ကျွန်မကို လည်း ဒီဖေဖော်ဝါရီမှာ ပါမန် ့နန် ့အဖြစ် ခန် ့တော့မယ်လို ့ဆိုလာပါတယ်။ကျန်းမာရေးအာမခံ၊ အသက်အာမခံ
စတဲ့ အာမခံတွေထားပေးမယ်ဆိုတော့ ကျွန်မအတွက် ဒါဟာ အဆင့်အတန်းမြင့် နိုင်ငံခြားကုမဏီမှာ လုပ်ရတဲ့
အကျိုးကျေးဇူးတွေပါလားလို ့တွေးမိပါတယ်။ ဒါပေမယ့် အာမခံထားပေးမယ်ဆိုတဲ့ စကားကို ပြောအပြီး နင့်ကို
မြန်မာနိုင်ငံကဝန်ထမ်းတွေပေးတဲ့ စကေးအတိုင်း ပဲ ပေးတော့မယ်။ အခုပေးထားတဲ့ စကေးအတိုင်းမဟုတ်တော့ဘူးလို ့ဆိုလာပါတယ်။

ကျွန်မတစ်သက်မှာ ကုမဏီဖြစ်လာကတည်း က ခန် ့ထားတဲ့ ဝန်ထမ်းကို လစာတိုးပေးတာပဲ ကြားဘူးပါတယ်။
သူတို ့ကျမှ လစာလျှော့ချတာတွေ ဖြစ်လာတယ်။ကျွန်မကတော့ ဒါသူတို ့သက်သက်လူလည်ကျတာလို ့ပဲ
ထင်ပါတယ်။ သူတို ့တွေ ဝန်ထမ်း အရမ်းလိုအပ်နေချိန်မှာ ကျွန်မကို ကျွန်မတောင်းသလောက်ဈေးပေးပြီး
ခန် ့ခဲ့တာပါ။ကျွန်မကလည်း မတန်မရာ လစာမတောင်းပါဘူး သူတို ့တွေ တစ်လကို ၁၄ရက်လာပြီး စကားပြန်ငှားရင်တောင် ကျွန်မအခုရတဲ့ လစာထက် ပိုပြီး ပေးရပါတယ်။ နှစ်ဦးနှစ်ဖက် အဆင်ပြေလို ့ဒီလစာနဲ ့
ခန် ့ပြီးမှ အခုလို လုပ်ပစ်တာက ကျွန်မအတွက် မနှစ်မြို ့ဖွယ် ရာ ကောင်းလှပါတယ်။

သူတို ့တွေက မြန်မာနိုင်ငံကိုလာတယ် မြန်မာဝန်ထမ်းတွေကို မြန်မာပြည်က ပေါက်ဈေးအတိုင်းပေးတယ်။
ဒါပေမယ့် သူတို ့ရဲ ့ဆောက်လုပ်ရေးကို ကျွန်မတို ့မြန်မာတွေက အပ်ရင်ကတော့ ယူတဲ့ဈေးက နိုင်ငံခြားဈေးအတိုင်း ယူပါတယ်။ဥပမာ အိမ်ခန်းအလှဆင်တာကို မြန်မာလူမျိုးကို အပ်ရင် တစ်ခန်းကို သိန်း၆ဝဆို ကောင်းကောင်းရပါတယ်။ဒါပေမယ့် သူတို့ ကို အပ်ရင်တော့ သိန်း၄၀ဝကို တစ်ကျပ်မှ
မလျော့ပါ။ အစိုးရကို အခွန်ဆောင်ရတာတွေ သူတို ့တွေမြန်မာပြည်လာတဲ့စရိတ်တွေ ရှိတာမှန်ပေမယ့်
သူတို ့လေယာဉ်အသွားတစ်ကြောင်းလောက်တောင် လခမပေးရတဲ့ မြန်မာပြည်က ဝန်ထမ်းတွေကို
ထပ်ပြီး လျှော့ချတာဟာ အင်မတန် စက်ဆုပ်ရွံရှာဖွယ်ရာ ကောင်းတဲ့ အပြုအမူပါ။ကတိကို မတည်တာလည်း မကောင်းပါဘူး။

အခုလိုမျိုးပဲ လစာ တစ်သိန်းကျော်ပဲ ပေးမယ်ဆိုရင် အစကတည်းက ကျွန်မလည်း လုပ်မှာမဟုတ်သလို တခြားဝန်ထမ်းတွေလည်း စဉ်းစားမှာတောင် မဟုတ်ပါ။ အခုဟာက ခန် ့တုန်းက ဝန်ထမ်းတွေနဲ ့ညှိနှိုင်းပြီး
ပေးခဲ့ပြီးမှ အခုလို မျိုး လုပ်တာဟာ လူကြီးလူကောင်း နိုင်ငံကြီးသား မပီသတဲ့ လုပ်ရပ်တစ်ခုပါ။
(ခန် ့တုန်းက လစာထက် ထက်ဝက်လျှော့ချပစ်မှာပါ)

အခုကျွန်မထွက်စာ တင်ထားပါတယ်။ အလုပ်သဘောအရ တစ်လကြိုတင်ရင်ရပါပြီ။ ဖေဖော်ဝါရီ ၂၈ရက်နေ ့က ကျွန်မ နောက်ဆုံး အလုပ်ဆင်းရမယ့် နေ့ပေါ့။ထွက်စာတင်တဲ့ နေ့ က သူ က ကျွန်မကို ပြောပါတယ်။ မင်းကိုငါ
မတ်လ၃၁ရက်မှ ထွက်ခွင့်ပြုမယ် ငါ့အလုပ်တွေ အဆင်မပြေသေးလို ့မင်းနေပေးပါ။ ဧပြီကတော့ မင်းသဘောပါ
သင်္ကြန်ဆိုတာ ပိတ်ရက်များတော့ ငါတို ့အတွက်လည်း ခန် ့ဖို ့အဆင်မပြေဘူးတဲ့။

ခန် ့တုန်းက ခန် ့ခဲ့ပြီး ထွက်မယ့်အချိန်မှာတောင် ကိုယ်ကျိုးတစ်ခုပဲ ကြည့်တဲ့ သူတို ့ကို ကျွန်မ မုန်းပါတယ်။
၃လပိုင်းမှာ ဂိုက်လုပ်နိုင်ပါမှ ဧပြီမှာ ကျွန်မအတွက် အဆင်ပြေမှာပေါ့။ ဧပြီ၁ရက်နေ ့ဆို တိုးလည်းနည်းပြီ။သင်္ကြန်မှာ ဝင်ငွေမရှိတော့ရင် ဘယ်သူကတင်ကျွေးမှာလဲ။ ကျွန်မမိသားစုကိုရော ဘယ်လိုပြောပြရပါ့မလဲ။ သင်္ကြန်……ပိတ်ရက်……ဝင်ငွေမရှိ………….အလုပ်………။

27 comments

  • ဦးကြောင်ကြီး

    February 5, 2013 at 10:33 am

    အဲလိုဆို မတ်လအတွက် လစာကို လိုချင်တဲ့ဈေးတောင်းလေ… အကြောင်းစုံကို ပြောပြပေါ့။ ငါ့မှာ ဧပြီတလလုံး ထိုင်နေရမှာ ဝင်ငွေရှိချင်မှရှိမယ်၊ မတ်လအထိ နင်တို့ဆီလုပ်စေချင်ရင် ပိုပေးပါ ဒါမှမဟုတ် တာ့တာလို ပွင့်ပွင့်လင်းလင်းပြောပြရင် ရနိုင်ပါတယ်။ ကိုယ်တောင်းတဲ့ လခက အလွန်အကျွံမဟုတ်ဘဲ အဲသလို နိုင်ထက်စီးနင်း လုပ်တာမျိုးဆိုရင် ကုမ္မဏီနာမည်ကိုပါ ဖွင့်ချပစ်လိုက်….။

    • moonpoem

      February 5, 2013 at 11:20 am

      ဦးကြောင်ကြီး ပြောသလို ကျွန်မလည်း လုပ်ဖို ့ရယ်ရွယ်ထားပါတယ်။ ကိုယ့်တိုင်းပြည်လာပြီး လူပါးဝတာတော့ သည်းမခံပါဘူး။

  • Ma Ei

    February 5, 2013 at 11:27 am

    ဦးကြောင်ပြောတာမှန်ပါတယ်…
    ထွက်စာကို တစ်လကြိုတင် ရမှာမှန်ရင်
    မတ်လအတွက်လစာကို ညှိရမှာပါ…
    ပြောကြည့်ပါဦး…

  • Wow

    February 5, 2013 at 11:57 am

    နိုင်ငံခြားသားက နှိမ်လို့ရရင်ပိုနှိမ်ပါတယ်… ငါတို့လုပ်သမျှခံရှာတယ်ဆိုပြီး မြန်မာတွေလိုမသနားပဲ အရည်အချင်းမရှိလို့ ငါလုပ်သမျှခံတာဆိုပြီး အထင်သေးပါတယ်… အားမနာတမ်း ကိုယ်လိုချင်တာကို အရေးဆိုပါ.. ပြီးရင် May I know why? လို့ သူတို့ ကတိပျက်တာကိုထောက်ပြပါ..
    သူ့ဝန်ထမ်းဘဝက ဒီလိုပါပဲညီမရယ်

  • kyeemite

    February 5, 2013 at 11:58 am

    ကြားရတာ စိတ်မကောင်းပါဘူး..အစပိုင်းကောင်းမလိုလိုနဲ့
    နောက်ပိုင်းအဖြားရှုးသွားတာပဲ…အနိုင်ကျင့်ရလို့ကျင့်နေကြတာ..
    ငြိမ်ခံမနေပါနဲ့…ကိုကြောင်ကြီးပြောတဲ့အတိုင်းလုပ်ပါဗျာ..
    မရရင်တော့ ကိုယ့်ထွက်စာအတိုင်း..တနာရီတောင်ပိုမနေပါနဲ့…

  • Thet Aung

    February 5, 2013 at 12:05 pm

    ဟုတ်တယ်ဗျ လုပ်ပစ်လိုက်…

  • မောင်ပေ

    February 5, 2013 at 12:15 pm

    ဒီကိတ်စ ကို သူရို ့ဘက်က စပြောတဲ့ စကေးအတိုင်း ပေးအောင် မရမက (ကခိုင်းခြင်းမဟုတ်) တောင်းရမယ်ကွဲ ့။
    အပေါ်မှာ ဥကြောင်ကြီး ပြောသလိုပဲ … မပေးရင် နာမည်နဲ ့သူ ့ရုံးလိပ်စာ စုံစီနဖာ ဖွင့်ချပြလိုက်
    မြန်မာနိုင်ငံမှာက ရှေးကတဲက ခေါင်းပုံဖြတ်နေကြတဲ့ စနစ်ကို သူရို ့တွေ လေ့လာပြီး ၊ အဲ့လမ်းလိုက်တာလား မသိ ။
    ဥပမာ ပြရရင်
    ကန်ထရိုက် တစ်ယောက်က အလုပ်ရှင်စီကနေ အလုပ်သမားစရိတ် တစ်ရက်ကို ၅၀၀ဝတောင်းတယ်
    သူ ့အလုပ်သမားကိုတော့ တစ်ရက်ကို ၄၅၀ဝပဲပေးတယ်

  • ကထူးဆန်း

    February 5, 2013 at 12:19 pm

    နဲနဲ ပိုရှင်းအောင် မေးပါရစေ moonpoem ရေ ..
    ကုမ္မဏီက ဂျပန် ကိုယ်တိုင်ဘဲလား ..မြန်မာ ရှယ်ယာပါသေးသလားဆိုတာ လေး …. ရေးထားသလောက်ဆိုရင်တော့ ဂျပန် ကိုယ်တိုင်ကလို့တော့ သဘောပေါက်ပေမဲ့ သေချာအောင် သိချင်လို့ပါ …

    • moonpoem

      February 5, 2013 at 12:44 pm

      ရှယ်ယာမှာ ဂျပန်တွေချည်းပါပဲ မြန်မာမပါပါဘူး။

  • nozomi

    February 5, 2013 at 12:26 pm

    ဂျပန်တွေ အချိန်တိကျတာ စနစ်ကျတာ အလုပ်ကြိုးစားတာ ကတော့
    အားလုံးက လက်ခံရတဲ့ အချက်တွေပါပဲ
    မြန်မာမှာ ရှိတဲ့ ဂျပန်တွေမှာ တခြားထက် ထူးတာကျ လစာ များများပေးဘို့ တွန့်တာပါ
    ဝန်ထမ်းတစ်ယောက် ရာထူးတိုး လစာတိုးဘို့က တော်တော်ခက်ပါတယ်
    ကိုယ့်ဘက်က အရည်အချင်း ပြည့်အောင်သာ လုပ်ထားပါ
    သူတို့ထက် ပိုကောင်းတဲ့ နေရာ တွေ့ပါလိမ့်မယ်
    အလုပ်အကိုင် အခွင့်အလမ်းတွေ များလာရင်
    အရည်အချင်း ရှိတဲ့သူ ရှားလာပါလိမ့်မယ်
    အဲဒီကျမှ ကိုယ့် အရည်အချင်းနဲ့ ထိုက်တန်တဲ့ လစာ ထိုင်တောင်းရုံပါပဲ
    အခုချိန်ကတော့ သူတို့ဘက်က အသားလို ဖြစ်နေတာပေါ့

  • ခိုင်ဇာ

    February 5, 2013 at 12:34 pm

    ပြောပုံ အရ ဂျပန် ဆောက်လုပ်ရေး Company ဆိုတော့ …..
    မှန်းလို့ရတာ တစ်ခုရှိတယ်။
    သူတို့ပဲ ဒီအကျင့်ရှိတာပဲ။ Company ကတော့ အကြီးကြီး။ ဂျပန်နည်းပြီး ဖောရိန်နာ များများခန့်ပြီး နိုင်စားတဲ့ Company ဟာ။
    ကျန်တဲ့ ဂျပန် Company တွေကတော့ အဲလို လုပ်ခဲတယ်။

  • ကိုရင်စည်သူ

    February 5, 2013 at 12:56 pm

    ပိုအမ်လေးအဲ့လို ချစ်တီးကျတဲ့ ကမ်ပဏီတွေမှာမလုပ်နဲ့ဒေါ့
    အူးစည် ပိုက်ချံတွေစုပြီး ပြန်လာရင် ဖွင့်မယ်…
    L.Y.P.S (လယ်ယာပြန်စား ဝါးဓနိဆောက်လုပ်ရေး) ကမ်ပဏီမှာ
    စက္ကထရီလာလုပ်ပါလား… :mrgreen:

  • Mobile

    February 5, 2013 at 7:35 pm

    ဂျပန်ကုန်မနီကိုမှ သွားပြီးအလုပ်လုပ်တာဂို ဖြစ်မှာပေါ့
    ဂျပန်ဆိုတာတွေက လူစီးလူကပ်တွေ လစာတစ်ဝက်လျှော့ချတာတော့ပြောမနေနဲ့
    လျှပ်စစ်တောင်မှ သများဒဂါတွေ ၂၂ဝ သုံးနေတာကို သူဒို့ဂ ၁၁ဝ ဆိုပြီး တစ်ဝက်လျှော့ထားသေးတာပဲ။

  • Foreign Resident

    February 5, 2013 at 9:52 pm

    အဘ သိသလောက် ၊
    ဩဇီမှာလည်း လုပ်ရတဲ့ ရာထူး နှင့် အလုပ် တူရင် ၊
    Permanent သမား ( အမြဲတန်း ဝန်ထမ်း ) က ၊
    Part-Time သမား ( အချိန်ပိုင်း ဝန်ထမ်း ) ထက် ၊
    လစာ နည်းတယ် ။

    ဘာလို့လဲ ဆိုတော့ Permanent သမား ( အမြဲတန်း ဝန်ထမ်း ) အတွက် ၊
    ကျန်းမာရေးအာမခံ၊ အသက်အာမခံ ၊ ပင်စင် ( CPF ) ကို ၊
    ကုမ္ပဏီက တာဝန်ယူရလို့ပါ ။

    • Mလုလင်

      February 5, 2013 at 11:24 pm

      မြန်မာ ပြည် မှာ လာလုပ်တဲ့ ဘယ် company ကများ ပင်စင် ပေးတာ ကြားမိသလဲ .. အဘ ရယ် . . နောက် ပိုင်းတော့ မပြောတတ် အခုထိတော့ အဲ့လို မကြားမိပါကြောင်း လေး . . . . . . . အဲ့လို ပင်စင် ပေးလို့ ကတော့ တစ်သက် နဲ့ တကိုယ် မလုပ်ခဲ့ တဲ့ လခစား ဝန်ထမ်း ဝင်လုပ်ချင် စိတ် ပေါ် မိမယ် ထင်တာပါပဲ . .

  • Mလုလင်

    February 5, 2013 at 11:27 pm

    ပြည်ပ အခြေစိုက် Company အများစု က အရင်ထဲက လုပ်သား ဈေးချိုတယ် ဆိုတာ နဲ့ ဝင်လာကြတာ ကိုး . . ပြီးတော့ ဝန်ထမ်း ကို ရသလောက် ညှစ်တယ် ..။ မျက်နှာလို အားရ Supervisior တွေ နဲ့ National Manager တွေဆိုတာကလဲ . … ရှိသေး . . . . . . . ဘယ် ဖက် မှ ကြည့်မနေ နဲ့ ပိုစ့်ပိုင်ရှင် ရေ . . . . ကိုယ်ဖြစ်ချင်တာ ကို တည့်သာ တောင်း မရ ရင် မလုပ် နဲ့ . . . သမီးပေး မှ သမက် ရတယ် မှတ်ပါ . . . .။

  • pooch

    February 6, 2013 at 12:52 am

    သူတို့ လိုချင်လို့ နေစေချင်လို့ နောက်လထပ်နေပေးရမှာဆိုတော့ လစာညှိုလို့ ရကောင်းပါရဲ့ ။ မရရင်တော့ အတော် လွန်လွန်းတာလို့ ပြောရမှာပါ။
    အဲ့ဒီခါဆိုရင်တော့ အားမနာပါနဲ့တော့ ။ လုပ်စရာရှိတာသာ လုပ်ချလိုက်ပါ။

  • panpan

    February 6, 2013 at 8:28 am

    နောက်အလုပ်တစ်ခုသာ ကြိုတင်ပြီးဘတ်ကပ်အနေနဲ့ရှာထားပေ့ါ
    ခုအလုပ်ကို အဆင်ပြေအောင်ညှိ
    မပြေရင် ဟိုဘတ်ကပ်ရှာထားတဲ့အလုပ်ကိုချိတ်
    ပီးရော… 🙄

  • ဦးကြောင်ကြီး

    February 6, 2013 at 10:20 am

    မနေ့က မြှောက်ပေးထားပြီးပီမို့ ဒီနေ့တော့ နည်းနည်း ပြန်ဖြေလိုက်မယ် :kwi:
    ကုမ္မဏီဖက်က ညစ်နိုင်တာ recommendation letter အလုပ်ထွက်တဲ့အခါ ကိုယ်လုပ်ခဲ့တာကို အကောင်းမရေးဘဲ လုပ်နိုင်တယ်။ အထူးသဖြင့် နောက်အလုပ်မှာ အဲဒီ အကဲဖြတ်ချက် လိုအပ်တယ်ဆို ကိုယ့်အတွက် အနှောက်အယှက် ဖြစ်နိုင်တယ်။ ယုံကြည်ရတဲ့ လုပ်ဖော်ကိုင်ဖက်တွေ ကျန်ခဲ့မယ်ဆိုရင် ခံသာသေးတယ်။ အဲဒီ စာရရင်တောင် တဖက်က ဖုန်းဆက်မေးတဲ့အခါ မကောင်းပြော လုပ်ကြံတာ ခံရနိုင်သေးတယ်။ အလုပ်ရှင်ဖက်က ညစ်နိုင်တာကို ပြောတာပါ။ နောက်တခုက နာမည်ကို ဖွင့်ချလိုက်ရင် အခြားအလုပ်ရှင်တွေအတွက် ညိုညင်စရာ သတိပြုစရာ ဖြစ်သွားနိုင်လို့ အလုပ်ရှာတဲ့နေရာ အခက်အခဲ တွေ့နိုင်တယ်။ ဖြစ်နိုင်တာတွေကို ပြောတာပါ။ အကောင်းဆုံးက အေဗေးဂျပန်ကောင်ကို ငါဖေဖော်ဝါရီလအကုန်ထိပဲ လုပ်နိုင်မည့်အကြောင်း ကောင်းကောင်းမွန်မွန် ရှင်းပြပါ။ ဆက်ဆံရေး မပျက်တာ အကောင်းဆုံးပါပဲ။ အကယ်၍ ကိုယ့်မှာ နောင်လှမ်းဖို့ နေရာ ခိုင်ခိုင်မာမာ ရှိပြီးသားဆိုရင်တော့ မာလို့ရတာပေါ့လေ…။ တဖက်ကလည်း သူစဉ်းစားနေတာကို မစောင့်ဘဲ ကိုယ်ရှာစရာရှိတာ ချိတ်စရာရှိတာကို ရဲရဲချိတ်ထားပါ။

  • moonpoem

    February 6, 2013 at 1:25 pm

    ပြောရရင်တော့ မြန်မာနိုင်ငံမှာတောင် မြန်မာအချင်းချင်းခေါင်းပုံဖြတ်နေကျတာ။ အဓိကကတော့ မြန်မာပြည်မှာလည်း အလုပ်သမားဥပဒေကို ခိုင်ခန် ့စေချင်တယ်။

  • Wow

    February 6, 2013 at 2:57 pm

    တကယ်လို့ ထိပ်တိုက်သိပ်မပြောချင်ရင်…
    ကိုယ်ပြောချင်တာတွေ၊ ကိုယ့်အခက်အခဲတွေကို ညနေရုံးဆင်းချိန် အေးအေးဆေးဆေး စာစီရေးပြီး အီးမေးပို့ပါလား…
    စာနဲ့ဆိုတော့ ကိုယ်လဲ အေးအေးဆေးဆေး ပြည့်ပြည့်စုံစုံရှင်းပြလို့ရတယ်… သူလဲ စင်းစား ဖတ်ချိန်ရတာပေါ့…
    နောက်ထပ်အလုပ်ရှာတာလဲ တစ်ပိုင်းပေါ့… တစ်ခါတစ်လေ misunderstanding တွေလဲ ရှိတတ်ပါတယ်…

  • kai

    February 6, 2013 at 4:03 pm

    ပြီးခဲ့တဲ့.. ၄နှစ်ကများ.. အမေရိကားရီဆက်ရှင်နဲ့..ပြုတ်လိုက်ကြတာသောက်သောက်လဲ..
    ဒေါက်တာဘွဲ့ကြီးတွေနဲ့.. အလုပ်ပြုတ်လာလို့.. ပေးစရာအကြွေးတွေ..အတိုးတက်လာလို့.. ဒေဝါလီ(bankrupt) မခံရအောင်.. စားပွဲထိုးဝင်လုပ်သူတွေတောင်ရှိရဲ့..။
    သိမ်းထားစုထားသမျှ.. 401kတွေ.. အာမခံတွေ.. ပင်စင်တွေလည့်း. ပလုံ..ပလုံပါပဲ..။

    အိမ်နား.. ၅မိုင်အကွာလောက်က..တောင်ပေါ်မှာနေတဲ့.. သူဌေးရပ်ကွက်ထဲက.. မိသားစုတစုများ.. အိမ်ထောင်ဦးစီးကတအိမ်လုံးသတ်..သူပါသတ်သေတာတွေလည်းဖြစ်ရဲ့..။ အဲလိုဟာတွေနိုင်ငံအနှံ ့ဖြစ်သပေါ့..။
    Jobless man kills family, self – Los Angeles Times
    articles.latimes.com/2008/oct/07/local/me-porterranch7
    Oct 7, 2008 – The 45-year-old Porter Ranch financial manager who once made more … two options: taking his own life, or killing himself and his entire family.

    ကုမ္ပဏီလား..
    ယူအက်စ်လို.. အလုပ်သမားအခွင့်အရေးအပြည့်နဲ့နိုင်ငံကြီး..
    ဥပဒေတွေဘာလုပ်လို့ရတယ်မှတ်လို့..
    အစိုးရလည်း..ပြုတ်လုပြုတ်ခင်.. အကြွေးလယ်ပင်းနစ်နေပြီး.. ကုမ္ပဏီကြီးတွေပါပြုတ်. .ဒေဝါလီခံရတာကိုး..

    ဆိုတော့…
    အဲဒါတွေလည်းရှိကြောင်း.. သိစေချင်..။ :harr:

  • Shwe Ei

    February 6, 2013 at 4:55 pm

    နိုင်ငံခြားရင်းနှီးမြုပ်နှံမှုတေ များလာလေ လူလည်ကျချင်သူတေ ပိုတိုးလာလေ ဖြစ်မှာမို့
    အလျှော့မပေးပါနဲ့လို့ဘဲ ပြောပါရစေ။
    ကုမ္မဏီရဲ့သဘောတရားကိုက စိတ်ဖိစီးမှုများများပေးတတ်ကျတဲ့သဘောရှိတာမို့
    ကိုယ်ပေးလိုက်ရတာနဲ့တန်အောင် ပြန်ရမှဖြစ်မှာပါ။
    ကျမဆို ကိုလိုချင်တဲ့ ကိုနဲ့ကိုက်ညီတဲ့ အလုပ်(လစာကိုမစဉ်းစားဘဲ) မရသရွေ့
    စုဆောင်းထားတာလေးတွေ ရောင်းစားပြီး ငုတ်တုတ်ထိုင်နေတာ :mrgreen:
    အလုပ်လဲလုပ်ရသေး စိတ်လဲဆင်းရဲရသေး တော့ဘယ်တော့မှအဖြစ်မခံတော့ဝူးလို့ကို ဆုံးဖြတ်ချက်ချထားပြီးသား။
    ငါလုပ်နိုင်တယ်ဆိုတဲ့ စိတ်နဲ့ဆက်ကြိုးစားပါ လကဗျာရေ .. အရမ်းကြီးစိတ်ပူမနေပါနဲ့အုံး။
    ကိုနဲ့သင့်တော်ကိုက်ညီတဲ့ အလုပ်တွေ တပုံတပင်ရှိသေးတယ်လို့ဘဲတွေးထားပါ။

  • moonpoem

    February 6, 2013 at 5:23 pm

    အာမခံပေးရတာတွေ၊သူတို ့ရဲ ့အသွားအပြန်စရိတ်တွေရှိတာ၊ အစိုးရကို အခွန်ဆောင်ရတာတွေကို ကျွန်မသိပါတယ်။ နားလည်ပေးပါတယ်။ အစောကြီးကတည်းက ဒီလိုမျိုးသူတို ့ဘက်က ကုန်ကျစရိတ်ရှိတယ်ဆိုရင် သတ်သတ်မှတ်မှတ် ဝန်ထမ်းက ဘယ်အဆင့်လောက် တတ်မြောက်ရင် ဘယ်လောက်ပေးမယ် ဆိုတဲ့ စကေးလ်တစ်ခုထားပြီး ဒီဝန်ထမ်းတစ်ယောက်ကို လိုချင်ဦးတော့ အဲဒီစကေးလ်ကျော်နေရင် မခန် ့ပဲနေ ။ သိပ်ပြီး တော့လိုချင်နေရင် ရအောင်ညှိ သဘောတူရင် ခန့်။ နှစ်ဦးသဘောတူရင် အလုပ်လုပ်။ အခု သူတို ့ခန့်ထားတဲ့ ဝန်ထမ်းတိုင်းက အားလုံးသူတို ့လိုချင်လို ့ခေါ်ထားပြီး နှစ်ဦးသဘောတူညီလို ့လုပ်နေကြတဲ့သူတွေချည်းပါပဲ။ လုပ်သက်ကြာလေလေ ပိုပြီး ကျွမ်းကျင်လာတယ်ဆိုရင်တောင် လစာတိုးတာ ဘောနပ်စ်ပေးတာတို ့လုပ်ပေးရမှာ။ခန် ့ပြီး ၄လကြာမှ ရုတ်တရတ် စကေးလ်ကျော်နေလို ့ဆိုပြီး ဈေးချပစ်တာ ကျွန်မတို ့က အိတ်စ်ပါရာဖြစ်နေတဲ့ ရောင်းကုန်မဟုတ်ဘူးလေ။

  • အရီးခင်လတ်

    February 7, 2013 at 3:08 am

    ခံစားချက်တွေ မျှဝေပေးချင်တာတွေ အများကြီး။
    ပြန်လာခဲ့မယ် သမီးရေ။

  • အရီးခင်လတ်

    February 8, 2013 at 7:56 pm

    အရှည်ကြီးမမန့်နိုင်တော့တာမို့ အတိုဘဲ ပြန်ဝင်လိုက်တော့မယ်။
    အလုပ်နဲ့ပါတ်သက်လို့ ဘက်စုံက အတတ်နိုင်ဆုံး Perfect ဖြစ်အောင်သာ လုပ်ထားရင် ဘယ်မှာဘဲ လုပ်လုပ် တိုးတက်မှာပါ လို့ ထင်တာပါဘဲ သမီးရေ။
    တစ်လက်စထဲ ရွာထဲ မှာ အချိန်အတော်ကြာပျောက်နေမဲ့ အကြောင်းကိုလဲ အားလုံးကို အသိပေးလိုက် ပါတယ်။

  • padonmar

    February 8, 2013 at 11:33 pm

    အန်တီလည်း ဒီပို့စ်ကို ဝင်လိုက်ထွက်လိုက် ဘာအကြံပေးရမှန်းမသိဖြစ်နေတယ်။
    ခုထိခေါင်းထဲပေါ်တာတော့ စိတ်လိုက်မာန်ပါ မလုပ်စေချင်ပါဘူး။
    လစာတစ်ခုတည်းအတွက်နဲ့တော့ အလုပ်မထွက်စေချင်ဘူး။
    အခြား ကိုယ့်ရဲ့ ရပိုင်ခွင့်တွေ(ပညာ သင်ယူလို့ ရနိုင်တာလို မျိုး)ကိုပါ ထည့်သွင်းစဉ်းစားသင့်ပါတယ်။
    နောက်ပြီး ကိုယ့်မှာကော အခြားတစ်နေရာ ခြေကုပ်ရရဲ့လား။
    ခိုင်မာတဲ့ အခြားတစ်နေရာရဲ့ offer ရရင်လည်း ဒီလို အဆင့်အတန်းမျိုး ပေးနိုင်မလားလို့ မူလ အလုပ်မှာ ညှိနှိုင်းပါအုံးလို့ပြောချင်ပါတယ်။

Leave a Reply