ဇန်နဝါရီလအတွက် မန်းဂဇက်ချစ်သူများစာပေဆု (Final Result) နှင့် အရသာစုံလင် ပြိုင်ပွဲဝင်

weiweiFebruary 7, 20134min1008111

ကျွန်မတို့လူသားအားလုံး အာရုံ ၆ ပါးနှင့် မကင်းနိုင်ကြပါဘူး။ ကောင်းတဲ့အာရုံတွေ ခံစားချင်ကြတာလဲ လူ့သဘာဝပဲဖြစ်ပါတယ်။ မျက်စိဖြင့် ခံစားသိရှိနိုင်သော ရူပအရသာ၊ နားဖြင့်ခံစားနိုင်သော သောတအရသာ၊ နှာခေါင်းဖြင့် ခံစားနိုင်သော ဂန္ဓာအရသာ၊ လျှာဖြင့် ခံစားသိရှိနိုင်သော ဇိဝှာအရသာ၊ ကိုယ်ခန္ဓာဖြင့် ခံစားနိုင်သော ဖောဌဗ္ဗာအရသာတို့ကို နေ့စဉ်ခံစားရင်း ရှင်သန်လှုပ်ရှားနေကြပါတယ်။

နေ့စဉ် အသက်ရှင်ဖို့ စားသုံးနေကြသည့် အစားအသောက်များအတွက်လဲ ချို၊ ချဉ်၊ ဖန်၊ ငံ၊ စပ်၊ ခါး စသည့် အရသာမျိုးစုံကို မျှတအောင် စီမံချက်ပြုတ်ပြီး အရသာခံကာ စားသောက်ကြပါတယ်။ အများအားဖြင့် ရိုးရာအစဉ်အလာအတိုင်း ချက်ပြုတ်စားသောက်ခြင်းကို နှစ်သက်ကြပါတယ်။ တစ်ခါတစ်ရံမှာတော့ ပြင်ပအစားအစာများကို မြည်းစမ်း စားကြည့်ရင်း ကြိုက်နှစ်သက်တာရှိသလို မနှစ်သက်တာလဲ ရှိကြပါတယ်။ ကျန်းမာရေးအတွက် ကြိုက်တာကိုမစားရပဲ မကြိုက်တာကို ဇွတ်မှိတ်စားရတာမျိုးလဲ ရှိကြတယ်။

အိမ်ရှင်မတွေအတွက် ဟင်းတစ်ခွက်ချက်ရတာ မလွယ်ကူပါဘူး။ ချက်ပြုတ်ခြင်း အနုပညာဖြင့် မိသားစုအတွက် အရသာအကောင်းဆုံးဖြစ်အောင် စိတ်စေတနာအပြည့်ဖြင့် စီမံချက်ပြုတ်ပေးကြရပါတယ်။ အခြေခံအရသာအားလုံးဟင်းတစ်ခွက်ထဲမှာ မပါနိုင်လျှင်တောင်မှ ထမင်းဝိုင်းမှာ အရသာစုံလင်အောင် ပြင်ဆင်ပေးလေ့ရှိပါတယ်။

မြန်မာပီပီ ဆီပြန်ဟင်းလေးနဲ့မှ အရသာကောင်းသည်ဟုထင်သူလဲရှိတယ်။ ငပိရည်တို့စရာ မပါလျှင် ထမင်းမမြိန်သူများလဲရှိတယ်။ ချဉ်ချဉ်စပ်စပ် အသုတ်လေးနဲ့မှ ခံတွင်းတွေ့သူလဲရှိတယ်။ ချဉ်ရေဟင်းနဲ့မှ လျောကနဲထမင်းစားဝင်သူလဲရှိတယ်။ တရုတ်ဟင်းလျှာကိုစားမှ အရသာတွေ့သူလဲရှိတယ်။ ဥရောပစတိုင် ဂျုံကိုစားမှ တင်းတိမ်သူလဲရှိပါတယ်။ ကိုယ်ကြိုက်နှစ်သက်ရာ အရသာကို ကိုယ့်ဟာကိုယ် ချက်ပြုတ်စားသောက်ရင်း ကျေနပ်တင်းတိမ်မှုရအောင် ကြိုးစားကြပါတယ်။

ဟင်းတစ်ခွက်ချက်လျှင် အနဲဆုံးတော့ ဆားထည့်ရပါမယ်။ ဘယ်လောက်ကြီးပဲ ကောင်းအောင်ချက်ထားပါစေ ဆားမပါလျှင် ပျက်စီးသွားပါတယ်။ ဆားပိုထည့်မိလျှင်လဲ မကောင်းတော့ပါ။ ချို ချဉ် ဖန် ငံ စပ် ခါး အရသာအားလုံး အချိုးအစား ညီညွတ်မျှတမှသာ စားလို့ကောင်းတဲ့ အရသာရှိတဲ့ ဟင်းတစ်ခွက်ဖြစ်မှာပါ။

နေ့စဉ်ပုံမှန် စားသောက်နေကျ ဟင်းလျာတွေကို တစ်ခါတစ်လေ ငြီးငွေ့စိတ်ဖြစ်တတ်ပါတယ်။ အသစ်အဆန်းအရသာ တစ်ခုခုကို စားကြည့်ချင်စိတ် ဖြစ်လေ့ရှိပါလိမ့်မယ်။ ကိုရီးယားဇာတ်ကားတွေကြည့်ပြီး ကိုရီးယားအစားအစာ စားချင်စိတ်တွေ၊ ဂျပန်စတိုင်စားချင်စိတ်တွေ၊ ယိုးဒယားစတိုင်၊ ပြင်သစ်စတိုင်၊ အီတလီစတိုင်၊ အိန္ဒိယစတို်င်၊ အမေရိကန်စတိုင် စသဖြင့် အသစ်အဆန်းတွေကိုလဲ စားချင်လေ့ရှိတတ်ပါတယ်။

ကျွန်မနှစ်သက်ပြီး ကိုယ်တိုင်ချက်ထားတဲ့ အစားအစာတစ်ချို့ကို အရင်ကျွေးလိုက်အုန်းမယ်။ မျက်စိနဲ့အရင် စားသုံးကြည့်ကြပါအုန်းနော် …

ဆောင်းရာသီမှာ အသီးအရွက် အသားငါးစုံလင်တဲ့ စူကီရာကီခေါ်တဲ့ ဟော့ပေါ့ စားချင်တယ်။

အာဟာရစုံလင် ဟော့ပေါ့ပြင်
အာဟာရစုံလင် ဟော့ပေါ့ပြင်

နွေရောက်ပြီဆိုတာနဲ့ ကြက်ကြော်နဲ့ ကိုကာကိုလာ စားချင်စိတ်ပေါက်တယ်။

စားကြအုန်းမလား ကြက်ကြော် ....
စားကြအုန်းမလား ကြက်ကြော် ….

ပျော်ပွဲစားထွက်တဲ့အခါ ရေညှိထမင်းလိပ် ထည့်သွားပြီး စားရတာ ပျော်စရာကောင်းတယ်။

စားချင်စရာ စူရှီအရသာ
စားချင်စရာ စူရှီအရသာ

အလုပ်ပိတ်ရက်မှာ အုန်းနို့ခေါက်ဆွဲချက်စားရင် ကလေးတွေသိပ်ကြိုက်ကြတယ်။

အုန်းနို့ခေါက်ဆွဲ ပူပူလေးရမယ် ..
အုန်းနို့ခေါက်ဆွဲ ပူပူလေးရမယ် ..

လူကြီးဧည့်သည်လာတဲ့အခါမှာတော့ တရုတ်စတိုင် ဟင်းကောင်းကောင်းလှလှလေးတွေ ချက်ပြီး ဧည့်ခံချင်တယ်။

ရွာသူားတွေအတွက်
ရွာသူားတွေအတွက်

တစ်ခါတစ်လေ အမွှေးနံ့သာစုံလင်တဲ့ ဒါန်ပေါက်ထမင်းကလဲ တစ်မျိုးဆန်းသစ်တယ်။

ကြက်သားနဲ့ဒါန်ပေါက်ထမင်း
ကြက်သားနဲ့ဒါန်ပေါက်ထမင်း

သူငယ်ချင်းတွေ စုံတုန်း ရှမ်းခေါက်ဆွဲ လုပ်စားရတာ ပျော်စရာကောင်းတယ် …

လျှာလည်သွားမယ့် ရှမ်းခေါက်ဆွဲ
လျှာလည်သွားမယ့် ရှမ်းခေါက်ဆွဲ

ခံတွင်းတွေ့မယ်ထင်တာကို ယူထားလိုက်ကြပြီးရင် အောက်မှာ ဆက်ရေးထားတဲ့ ဒီလဇကာတင်စာရင်းကို ဆက်ကြည့်လိုက်ကြပါစို့ ….

ကျွန်မတို့ မန်းဂဇက်မှာလဲ နေ့စဉ်နေ့တိုင်း အမျိုးမျိုးသော အရသာစုံလင်တဲ့ ပို့စ်များကို ရေးတင်ပေးကြတဲ့ ရွာသူားနဲ့ အားပေးဖတ်ရှုကြတဲ့ ရွာသူားများဖြင့် သုတ ရသ ကဏ္ဍစုံလင်အောင် တွေ့မြင်ရပါတယ်။ ၂၀၁၃ ခုနှစ် နှစ်သစ်စတင်တဲ့ ဇန်နဝါရီလအတွင်းမှာ ပို့စ်အားလုံး ၄၃ရ ပို့စ်ကို စာရေးသူ (၁၀၅ ယောက်) က ရေးသားတင်ပြကြတယ်။ ဝေဖန်အကြံပေးမှုတွေပြုလုပ်ကြရင်း သိပ်ကြိုက်တာပဲလို့ ခံစားရတဲ့ပို့စ်ရှိသလို သိပ်ကောင်းတာပဲလို့ ခံစားရတာလဲရှိတယ်။ ဖတ်ရတာလေးပေမယ့် ဗဟုသုတရလို့ ဖတ်သင့်လို့ ဖတ်ရတာလဲရှိတယ်။ သိပ်ရယ်ရလွန်းလို့ စိတ်ပေါ့ပါးစေတဲ့ ပို့စ်မျိုးလဲရှိတယ်။ အချိန်ညီတပြေးညီတင်ပြနိုင်ခဲ့တဲ့ သတင်းဆောင်းပါးများလဲရှိတယ်။ သဘာဝအလှ ဓါတ်ပုံတွေလဲ ကြည့်လို့ရတယ်။ ကဗျာဖတ်ရင်းခံစားချင်လဲရတယ်။ အရသာစုံစုံလင်လင်ထဲမှာမှ ကိုယ်ကြိုက်တဲ့ အရသာကို ခံစားနိုင်တဲ့ ဒီမိုရွာကြီးတစ်ခုဖြစ်လို့နေပါတယ်။

မန်းဂဇက်ချစ်သူများစာပေဆု အစီအစဉ်ပြုလုပ်ခဲ့တာ ၆ လ (၆ ကြိမ်) ဖတ်ရွေးခဲ့ပြီးဖြစ်ပါတယ်။ အကောင်းဆုံးမဟုတ် အကြိုက်ဆုံးကိုသာ ရွေးချယ်ခဲ့တဲ့ ဖတ်ရွေးအဖွဲ့ဝင်များ၏ ရွေးချယ်မှုများကို ကြည့်လျှင် အကြိုက်ချင်းမတူကြတာကို သိသိသာသာတွေ့မြင်ရမှာဖြစ်ပါတယ်။

ဒီတစ်လအတွက် ဇကာတင်ပို့စ် စုစုပေါင်း ၂၁ ပုဒ် ရွေးချယ်ထားကြပါတယ်။

၁။ အဘဖေါ ရဲ့ ဥရောပသွား ပေါ်တာ တောလား ( ၂ဝ )

https://myanmargazette.net/165657/travel (Foreign Resident)

၂။ ကြုံတွေ့နေရ လုပ်ငန်းခွင်ဘဝ (ခရီးသွားလုပ်ငန်း) – ၁ -၂- ၃

https://myanmargazette.net/165053/creative-writing (လုံမလေးမွန်မွန်)

၃။ အမြစ်တူးကာ ထောင်ဖောက်ခြင်းဆိုသည်မှာ

https://myanmargazette.net/165693/ (ကြောင်ဝတုတ်)

၄။ လမ်း၌ယဉ်ကျေးမှု(၁)- Yellow Box

https://myanmargazette.net/165534/ (ပဒုမ္မာ)

၅။ မိုက်ကယ်ဂျော်နီအောင်ပု နှင့် ပေါက်တတ်ကရ တောင်တစ်လုံးမြောက်တစ်လုံး

https://myanmargazette.net/163161/uncategorized-other/copypaste (မိုက်ကယ်ဂျော်နီအောင်ပု)

၆။ ဘဲဥ ရဲ့ကိုယ်တွေ့မှတ်တမ်း

https://myanmargazette.net/163241/creative-writing/my-dear-diary (ဘဲဥ)

၇။ ရူူးလောက်တဲ့ လှည့်ကွက် ၁ဝခု

https://myanmargazette.net/163123/business-economy (အင်ဇာဂီ)

၈။ ကြယ်ကလေးတစ်လုံးဖြစ်ခွင့်ပြုပါအဖေ

https://myanmargazette.net/164943/creative-writing (moonpoem)

၉။ ဘရင်းန် တွေက ပြောတဲ့ အရောင်တို့ အကြောင်း

https://myanmargazette.net/163242/business-economy (အင်ဇာဂီ)

၁၀။ ဟ = ဟန်ဆောင်တတ်သော အလင်းဆက်တို ့ သားအမိ

https://myanmargazette.net/163164 (အလင်းဆက်)

၁၁။ ပင်လယ်မှာဆောင်း ရင်ခွင်မှာနွေ…

https://myanmargazette.net/164595 (ကိုရင်စည်သူ)

၁၂။ “ပလေတိုကြီးရယ် ခင်ဗျား မှန်ပါပေတယ်”

https://myanmargazette.net/161719 (မဟာရာဇာ အံဇာတုံး)

၁၃။ ဧည့်လမ်းညွှန်ဘဝဧ။် ကျိုက်ထီးရိုးတစ်ညတာ

https://myanmargazette.net/164721 (Moonpoem)

၁၄။ မိုက်ကယ်ဂျော်နီအောင်ပု နှင့် ဒေါ်အောင်ဆန်းစုကြည်၏ ဘားမားအခေါ်

https://myanmargazette.net/165522 (မိုက်ကယ်ဂျော်နီအောင်ပု)

၁၅။ အနက်ရောင်အခန်းတစ်ခုရဲ့ဘဝ တစ်

https://myanmargazette.net/164848/creative-writing (သော်ဇင် လွိုင်ကော်)

၁၆။ တစ်ခါက တစ်ဘဝ တစ်မှလေး

https://myanmargazette.net/133954/creative-writing/short-story (Maung)

၁၇။ လွမ်းမိသော အော်တိုစာအုပ်လေးများ

https://myanmargazette.net/?p=163161 (moonpoem)

၁၈။ ကြက်ကြော်ရောင်းပါသည်။

https://myanmargazette.net/165684/health-fitness/food-drink (ရှုံးနိမ့်မှုများနဲ့လူ)

၁၉။ ငါးဒုက္ခနဲ့ ငါ့ဒုက္ခ

https://myanmargazette.net/165023/creative-writing (ကိုပေါက် မန္တလေး)

၂၀။ ကျွန်မတို့ဘာတွေလုပ်ရမလဲ

https://myanmargazette.net/162443/creative-writing (လုံမလေးမွန်မွန်)

၂၁။ သံသရာတစ်ဖက်ကမ်းကိုလ

https://myanmargazette.net/162863/creative-writing (ဦးကျောက်ခဲ)

ပို့စ် ၂၁ ခု ဖြစ်ပေမယ့် စာရေးသူ (၁၆) ဦး ဇကာတင်စာရင်းမှာ ပါဝင်ခဲ့ပါတယ်။

ရွာသူားတွေရော ….

ဘယ်ပို့စ်ကို အကြိုက်ဆုံးလဲ?

ဘယ်ပို့စ်က ပထမရမယ်လို့ ထင်ပါသလဲ?

မှန်အောင်ဖြေနိုင်သူတွေထဲက ပထမဆုံးအဖြေမှန်တဲ့ ၃ ဦးကို ဇူလိုင်လမှာ ကျင်းပမယ့် တွေ့ဆုံပွဲမှာ ဆုလက်ဆောင်တစ်ခုစီ ပေးမယ့် အစီအစဉ်ရှိပါတယ် ….

အဖြေမှန်ကိုတော့ တရုတ်နှစ်ဆန်းတစ်ရက် (၁၀-၂-၂၀၁၃)ရက်နေ့မှာ ဒီပို့စ်မှာပဲ ထပ်ဖြည့်ပေးလိုက်မယ်နော် ….

2013 ဇန်နဝါရီလမှာ အကြိုက်ဆုံး အမှတ်အများဆုံး ရရှိသွားသူကတော့ ကြုံတွေ့နေရ လုပ်ငန်းခွင်ဘဝ (ခရီးသွားလုပ်ငန်း) ကို အပိုင်း ၃ ပိုင်းနှင့် ရေးသားတင်ပြခဲ့တဲ့ လုံးမလေးမွန်မွန် ဖြစ်ပါတယ်ရှင် …..

ကွန်ဂရက်ကျူလေးရှင်းပါ လုံးမလေးမွန်မွန် ….

ဒီတစ်လ မန်းဂဇက်ချစ်သူများစာပေဆုအတွက် ရွေးချယ်ပေးတဲ့သူတွေ (၉) ဦးရှိခဲ့ပြီး သူတို့တွေအကြိုက်ကို အမှတ်လိုက် စီစဉ်လိုက်တဲ့အခါမှာ အောက်ပါအတိုင်း အဖြေထွက်လာပါတယ် ..

result chart

တရုတ်နှစ်သစ်ကူးမှာ အားလုံးပျော်ပျော်ပါးပါး စားသောက်ရအောင် ကျွန်မကိုယ်တိုင်လုပ်ထားတဲ့ မလှမပဖြစ်နေပေမယ့် စေတနာအပြည့်ထည့်ထားတဲ့ Jiaozi လို့ခေါ်တဲ့ ဖက်ထုတ်တစ်မျိုးကို ကျွေးချင်ပါသေးတယ်။

jiaozi
jiaozi

HAPPY CHINESE NEW YEAR!!!

新年快乐!

111 comments

  • weiwei

    February 7, 2013 at 11:19 am

    ဘာကြောင့်ရွေးတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဆုစာရင်းကို ၁ဝ ရက်နေ့မှာ ဒီပို့စ်မှာပဲ update လုပ်ပြီး ကြေညာသွားပါ့မယ် …
    လောလောဆယ်တော့ ရွာသူားတွေလဲ အကြိုက်ဆုံးဘယ်ပို့စ်လဲဆိုတာ ကွန်မန့်ရေးရင်း ကံစမ်းသွားကြပါအုန်း ….

  • Myo Thant

    February 7, 2013 at 11:20 am

    အမှတ်စဉ် ၈
    ကြယ်ကလေးတစ်လုံးဖြစ်ခွင့်ပြုပါအဖေ http://myanmargazette.net/164943/creative-writing (moonpoem)

    အဖေကို မမြင်ခဲ့ဖူးတဲ့
    လက်ရှိအဖေဘဝရောက်နေထဲ့ ကျနော့်အတွက် ဒီပို့စ်ဟာ အကြိုက်ဆုံးပါ ။

    • weiwei

      February 7, 2013 at 11:26 am

      ပထမဆုံး ကွန်မန့်အတွက် ကျေးဇူးပါ …
      အကြိုက်ဆုံးပို့စ်တစ်ခုကို ဖော်ပြပေးတဲ့အတွက်လဲ ကျေးဇူးတင်ပါတယ် …
      တခြားသူတွေနဲ့ အကြိုက်ချင်း တူ မတူကိုတော့ ၁ဝ ရက်နေ့မှာ တိုက်ကြည့်လိုက်ပါနော် …

  • kyeemite

    February 7, 2013 at 11:31 am

    ဗရာဗိုပါမဝေရေ….အချိန်မှန်အတိအကျပါပဲ…
    ထုံးစံအတိုင်း ရသာစုံလင် စားစေချင်တာတွေချက်ကျွေးသွားလို့
    တဝကြီးစားပြီး ကျေးဇူးအကြီးကြီးတင်သွားပါဂျောင်း…
    ဆုလက်ဆောင်တစ်ခုစီ ပေးမယ်ဆိုလို့ လိုချင်သော်လည်း
    ဖတ်ရွေးအဖွဲ့ဝင်ဖြစ်နေလို့ ဝင်မဖြေသွားတော့ပါ။ :hee:

    • ဇမ္ဗူ့လောကပါလကြောင်ဝတုတ်

      February 7, 2013 at 11:45 am

      ဖက်ဖက်ကက်ကနေ ကက်ကက်ဖက်ဆိုပြီး အကောင့်အသစ်လုပ်ပြီး ဝင်ဖြေရင်ကောင်းမလားဘဲ…
      ဆုမရမှတော့ လက်ဆောင်လေးရလဲနဲလားဟိဟိ…

      လေးမိုက်လဲ… ကြိုက်မီးအကောင့်ထပ်လုပ်လိုက်လေ…

      ခင်မက်လျက်-
      ဖက်ဖက်ကက်

  • P chogyi

    February 7, 2013 at 2:28 pm

    စားစာရာတွေထဲက အကြိုက်ဆုံးရွေးပါဆို…….
    အကုန်ကြိုက်တယ်။
    ဖတ်စရာတွေထဲက အကြိုက်ဆုံးရွေးပါဆို…………………
    အကုန်ကြိုက်တယ်။
    အဲဒီတော့ ဘယ်သူပထမရရ ကျွန်တော့်အဖြေမှန်တာပေါ့။
    လက်ဆောင်ပေးဖို့သာပြင်ပေတော့။

    • weiwei

      February 7, 2013 at 2:58 pm

      လက်ဆောင်အနေနဲ့ စားစရာအကုန်လုံး အားမနာတမ်း စားပစ်လိုက်ပါ … :kwi:

    • MaMa

      February 7, 2013 at 3:11 pm

      တော်တီးတီးတော်ာ်ာ်ာ်ာ်ာ်ာ်ာ်ာ်ာ်ာ်ာ်ာ်ာ်ာ်…………
      စစ်ခရာ မှုတ်တာ မဟုတ်ပါ။
      တော်လွန်းလို့ ဘယ်လို ချီးကျူးရမှန်းကို မသိတော့လို့။ :harr:

  • ခင်ခ

    February 7, 2013 at 2:35 pm

    မဝေရေ စားစရာကို သူ့ခေါင်းစဉ်လေးတွေထိုးပြီး တင်ပြထားတဲ့ အိုင်ဒီယာကိုတော့ သဘောကျမိတယ်ဗျ။
    အကွက်စေ့ဘဲမို့လေ။
    အကြိုက်ဆုံးပိုစ့်ရယ်လို့တော့ မရွေးတတ်ဖူးမို့ မရွေးတော့ဘူးဗျ။ ဖတ်ဖြစ်တဲ့ပိုစ့်တိုင်းတော့ သူ့ဟန်နဲ့ သူကောင်းကြတာဘဲမို့လေ။

    • weiwei

      February 7, 2013 at 3:02 pm

      ပို့စ်အားလုံး သူ့ဟာနဲ့သူကောင်းကြတယ် … အရသာတစ်မျိုးစီပေါ့နော် …
      အကြိုက်ဆုံးက အကောင်းဆုံးဖြစ်ချင်မှဖြစ်မှာဆိုတော့ ကိုယ်ကြိုက်ချင်တာကြိုက်ခွင့်ရှိတာပေါ့ ..
      ကျွန်မကေတော့ ရယ်ရတာကို ကြိုက်တယ်။ အလုပ်ထဲမှာ ခေါင်းကိုက်ရလွန်းလို့ အဓိပါယ်ရှိပြီး ရယ်ရတဲ့ပို့စ်ဆိုရင် အကြိုက်ဆုံးစာရင်းထဲ ထည့်ပစ်လိုက်တာပါပဲ …

  • MaMa

    February 7, 2013 at 2:45 pm

    ဝေဝေရေးပြလိုက်တော့လည်း ပိုစ့်တွေရဲ့ အရသာစုံတာ ပေါ်လွင်သွားတာပဲ။
    ဖက်ဖက်ကက်ရေးသလို အကောင့်သစ်လုပ်ပြီး လက်ဆောင်ယူချင်စိတ်ပေါက်သွားတယ်။ :hee:

  • တစ်လ တစ်လရဲ့ ဖတ်ရွေးအဖွဲ့ရဲ့ အကြိုက်ဆုံးလေးတွေကို
    ကိုယ့်အတွေးစစ်စစ်ကလေးတွေနဲ့ တင်ပြပုံလေးတွေကို တော့ နှစ်သက်မိပါတယ်။
    ကြက်သားနဲ့ဒါန်ပေါက် က ကောင်းတာကိုတော့ ထောက်ခံချက်ပေးလိုက်ပါတယ်။
    မဝေ -အီးဇီးကွတ် စားသောက်ဆိုင်ဆိုပြီးဖွင့်ရင် အစားကောင်းကြိုက်သူတွေအတွက်အဆင်ပြေလောက်တယ်နော်။

  • ဆူး

    February 7, 2013 at 3:20 pm

    ပိုစ်ကို စဖွင့်ကတည်းက သရေကျအောင် လုပ်သွားတာပါလား..
    မဝေ တော်တော် ဆိုးတယ်.. ဗိုက်တောင် ဆာသလို ဖြစ်လာတယ်..
    တူတူ လုပ်ခဲ့တဲ့ ဆူရှီတွေလည်း ပြန်မြင်မိတယ်။
    အစားအသောက်တွေ ကြည့်ပြီး အမြင်အာရုံဖြင့် ခံစားပြီး သကာလ..

    ဖတ်ခဲ့တဲ့ ပိုစ်တွေထဲက မှတ်မှတ်ရရ ဖြစ်တာလေးတွေ ထုတ်နှုတ်ပြောချင်ပါတယ်။

    ၁၃။ ဧည့်လမ်းညွှန်ဘဝဧ။် ကျိုက်ထီးရိုးတစ်ညတာ

    http://myanmargazette.net/164721 (Moonpoem)

    အဲ့ဒီ ပိုစ်လေးကတော့ ကိုယ်တိုင် ကျိုက်ထီးရိုး သွားပြီး ပြန်လာတာလည်း မကြာသေးဘူး အဲ့ဒီ ပိုစ်လေး ဖတ်ရတော့ ကျိုက်ထီးရိုး မြင်ကွင်းတွေ အာရုံထဲ ပြန်ပြန် မြင်မိနေတဲ့ အတွက် သဘောကျမိပါတယ်။

    ၁၈။ ကြက်ကြော်ရောင်းပါသည်။

    http://myanmargazette.net/165684/health-fitness/food-drink (ရှုံးနိမ့်မှုများနဲ့လူ)

    အဲ့ဒီ ပုဂ္ဂိုလ်ကတော့ သူ့ပိုစ်မှာ တီကောင် စားပါလား လို့ ပြောလို့ အမြင်ကတ်ကတ်နဲ့ မှတ်မိနေတယ်။
    အဲ.. အဲ့ဒီလိုတော့ မဟုတ်ပါဘူး..
    မြန်မာပြည်မှာလည်း ကြက်သားပေါပေါလောလော နဲ့ ကြက်ကြော်ဆိုင်လေးတွေ များများ ရှိစေချင်ပါတယ်။ ဟင်းမချက်ချင်တဲ့ အိမ်ရှင်မတွေ (ကိုယ်ချင်းစာ) ဝယ်စားရင် ပို ကောင်းလေမလား တွေးမိတဲ့ ခံစားချက် ရှိနေတာကြောင့် ရွေးလိုက်ပါတယ်။

    • weiwei

      February 7, 2013 at 3:44 pm

      အစားအသောက်နဲ့ ဆွဲဆောင်ကြည့်တာလေ .. 🙂
      ကြက်ကြော်ကြိုက်ရင် စားသွားလို့ရတယ်နော် … ရှုံးလူလိုမျိုး ရောင်းတာမဟုတ်ဘူး .. အလကားကျွေးတာ .. :kwi:
      အကြိုက်ဆုံး ၂ ခု ရွေးသွားပေမယ့် အဲဒီထဲက တစ်ခုသာ ပထမရခဲ့ရင် တကယ်လက်ဆောင်ပေးမှာ …

      • ဆူး

        February 8, 2013 at 11:40 am

        ကြက်ကြော်တော့ ကြော်တဲ့နေ့ သံချောင်းခေါက်လိုက်ပါ.. လာ စားမယ်.. အဟိ

  • ဂျန်နဝါရီလအတွက် ပို့စ်တွေက အကောင်းတွေများပါတယ်။
    “ဟ = ဟန်ဆောင်တတ်သော အလင်းဆက်တို ့ သားအမိ ”
    လေးကိုရွေးချယ်သွားပါတယ်။
    မိသားစုကြားက အကြင်နာတရားလေးကို သရုပ်ဖော်ပြသွားလို့ပါ။

    • weiwei

      February 7, 2013 at 3:48 pm

      နန်းတော်ရာသူရဲ့ပို့စ်တစ်ခုကိုလဲ အရမ်းကြိုက်ကြပါတယ် ..
      တခြားဆိုဒ်တစ်ခုမှာ ဆုရပြီးသားလို့ ဖော်ပြထားလို့သာ ဖယ်ထားလိုက်ရတာပါ …
      ပို့စ်တွေများများရေးတင်ပါလို့ တိုက်တွန်းပါရစေ …

  • Shwe Ei

    February 7, 2013 at 3:35 pm

    စားစရာတေအကုန်လုံးကို ကြိုက်မိသလို ဖတ်စရာတေ အကုန်လုံးကို ကြိုက်မိပါကြောင်း။
    ဘယ်ပို့စ်ဘဲဆုရရ တပြေးညီကောင်းကြတယ်လို့လဲ ခံစားမိပါကြောင်း။

  • ဘဆွေ

    February 7, 2013 at 3:42 pm

    တော်တော် ရက်စက်တဲ့ မဝေ…. ငတ်နေတဲ့သူတွေ ခံရခက်အောင် ဒါသက်သက် လုပ်တာ…
    ဟိုဘက်က ကိုခင်ခ ပိုစ့်ကိုဖတ်ပြီး ငါးဟင်းတွေ သွားရေကျ မျက်ရေစို့ မိလို့ သုတ်နေတုန်းရှိသေးတယ်..
    ဒီပိုစ့်လဲရောက် ရော ပုံတွေကြည့်ပြီး ဘာပြေးစားလိုက်ရမှန်းက်ိုမသိတော့ဘူး…ဟင့်ရွှတ်..ရှလွတ်..ဂွီ…..

    အဲ.. အကြိုက်ဆုံးပိုစ့်ကတော့ နံပါတ်ငါး ဘပုရဲ့…

    ၅။ မိုက်ကယ်ဂျော်နီအောင်ပု နှင့် ပေါက်တတ်ကရ တောင်တစ်လုံးမြောက်တစ်လုံး
    ဘာလို့ကြိုက်လဲဆိုတော့ ခေါင်းစဉ် နဲ့ ပေါက်တတ်ကရ တောင်တစ်လုံးမြောက်တစ်လုံး ရေးထားတဲ့စာနဲ့ ကိုက်ညီပြီး ညစ်ပတ် တယ်ထင်ရပေမယ့် တစ်ကယ့် ရသစုံ ကို တစ်ပုဒ် လုံးမှာ တွေ့ရတယ်။

    ဒီနေ့အုန်းနိ့ခေါက်ဆွဲချက်စားမယ်မဝေရေ..ထိမ်းမရတော့ပြီ။
    ခင်တဲ့
    ဘဆွေ။

    • weiwei

      February 7, 2013 at 3:57 pm

      ရက်စက်တာ မဟုတ်ရပါဘူး အဘဆွေ ..
      လာဖတ်တဲ့သူတွေကို ဧည့်ခံတာပါ …

      ကျွန်မလဲ အုန်းနို့ခေါက်ဆွဲအရမ်းကြိုက်တယ် … အရမ်းလွယ်တဲ့နည်းနဲ့ ခဏခဏ ချက်စားလေ့ရှိတယ် ..
      ပဲမှုန့်အစိမ်းမှုန့်ကို ပွက်ပွက်ဆူအောင်ကြိုတယ် … ပဲကြိုနေတုန်း ကြက်သားကို အတုံးသေးသေးလေးတွေတုံးပြီး ကြက်သွန်နီ ဖြူ ငရုတ်သီးအစိမ်းမှုန့်နဲ့ ဆီသတ်လိုက်တယ် … ဆီပြန်ရင် ပဲမှုန့်အိုးထဲထည့်တယ် … ခဏနေရင် အုန်းသီးအမှုန့် (သို့မဟုတ်) ရယ်ဒီမိတ်အုန်းနို့ရည် လိုသလောက်ထည့်တယ်။ ဘဲဥပြုတ်ပြီး လှီးထည့်တယ်။ ကြက်သွန်နီအသုံးလေးလေးတွေထည့်တယ်။ ခေါက်ဆွဲပြုတ်ပြီး စားလိုက်တာပဲ … စုစုပေါင်း တစ်နာရီတောင် မကြာတဲ့ အရမ်းလွယ်ပြီး အချိန်မရွေးချက်စားလို့ရလို့ နိုင်ငံခြားမှာပဲဖြစ်ဖြစ် ပြည်တွင်းမှာပဲဖြစ်ဖြစ် ခဏခဏ ချက်စားဖြစ်ပါတယ် ။။

  • surmi

    February 7, 2013 at 3:57 pm

    ဒီလ စာဖတ်တော်တော်နဲခဲ ့တယ်
    စားစရာတွေအရင်စားပြီး အားဖြည် ့လိုက်ဦးမယ် ဟဲဟဲ ……..
    ပြန်လာခဲ ့မယ်
    အားလုံးဖတ်ပြီးမှ ရွေးကြည် ့လိုက်မယ်ဗျာ။
    ခက်တာက တစ်ခုတည်းဆိုတော ့ နည်းလိုက်တာ ။
    တစ်ဝက်လောက်ဖတ်ဖူးတယ် အားလုံးကြိုက်နေလို ့………
    တကယ်ဆို ကျနော်တို ့ကဖတ်ရွေးအဖွဲ ့ထက်ပိုခက်တယ်
    ဖတ်ရွေးအဖွဲ ့က ငါးပုဒ်ရွေးရတာလေ …………
    ကဲ ဗျာ ဒီညကစမယ် …….

  • moonpoem

    February 7, 2013 at 4:33 pm

    ဗိုက်ဆာနေတဲ့အချိန်မှာ မုန် ့မျိုးစုံ သရုပ်ပြသွားသော မဝေဧ။် လက်ရာအားလုံးကို စားချင်မိသည်။ တစ်ခုတည်းရွေးစားပါဆိုလျှင်လည်း ဘယ်ဟာကို စားရမှန်းမသိ။ အားလုံးက သူ ့အရသာနဲ ့သူ ကောင်းကြလေသည်။ ထို ့အတူ အကောင်းဆုံး ပိုစ့်ရွေးပါဆိုရင်လည်း …..။

  • nozomi

    February 7, 2013 at 4:57 pm

    အစားအသောက်တွေ အားလုံးကို ကြည့်ရင်း စားချင်စိတ်တွေ တဖွားဖွားပေါ်လာတယ်
    အစားအသောက်တွေ အားလုံးကို ကြည့်ရင်း တစ်ယောက်ယောက် အပေါ်လဲ အားမလို အားမရဖြစ်မိတယ်
    အန်တီဝေ ကြီး လို အချက်အပြုတ်ကောင်းတဲ့သူ ချက်ကျွေးမဲ့ ဟင်းကို စားခွင့် မရသေးတဲ့ ယောကျင်္ားတစ်ယောက်အပေါ် သနားရင်း အားမလို အားမရဖြစ်မိတာ
    ဒီ လူတော့နော်………….

    ပို့စ် တွေ အားလုံးကတော့ ကြိုက်တယ် သူတို့ တွေရဲ့ ရေးတတ်တဲ့ အတတ်ပညာ ရေးအားကိုလဲ အားကျမိတယ်
    အန်တီဝေကြီး ပေးတဲ့ လက်ဆောင် လိုချင်ရင် တစ်ယောက်ယောက်တော့ ရွေးခဲ့မှဆိုတော့
    ဘယ်သူ ရွေးရမှန်း မသိတော့ ဘူး ၊ အားလုံးပဲ လို့လဲ လုပ်လို့မရ

    ကိုအောင်ပုကြီး နဲ့ ကိုကျောက်ကြီး ဘယ်သူ့ရွေးရင် ကောင်းမလဲ မသိဘူး၊ အကြံပေးပါဦး

    • weiwei

      February 7, 2013 at 7:21 pm

      ဒီလူတော့နော် ….
      တော်တော်ကံကောင်းတဲ့သူ ….
      ဇီဇာကြောင် ပစိပစပ်များတဲ့ အပိုကြီးနားမှာ နေဖို့ ကံမပါတာကိုက ကံကောင်းတာပဲ … :kwi:

      ကွန်မန့်လာပေးတာ ကျေးဇူးတင်ပါတယ် … ‘ဒါနဲ့ ဦးနို … တစ်ယောက်ယောက်ကိုရွေးရမှာထက် ပို့စ်တစ်ခုခုကို ရွေးရမှာလေ 🙂

  • တညင်သား

    February 7, 2013 at 5:42 pm

    တောင်တလုံး မြောက်တလုံး ကို ကြိုက်တယ် ..စိတ်ခံစားမှု့အနေနဲ့ပါ.. ဒီနေ့ အုန်းနို့ခေါက်ဆွဲ ချက်စားတယ် … နွားနို့ထည့်ချက်တာ ကောင်းမှကောင်း ပိုစ့်ခန့်မှန်းတာ မှန်တယ် ဆိုရင် အန်ပေါင်းရမှာပေါ့ (အဲ့မွှားလို့) လက်ဆောင်ရမှာပေါ့နော်…..
    ပို့စ်ရေးတဲ့ အိုင်ဒီယာလေး ကောင်းတယ် ..ဒီလိုပို့စ်မျိုးရေးကြရင် စာရေးသူတွေရဲ့ ရေးနေကြ ပင်ကိုယ်စတိုင်လေးတွေ က သွေဖယ်မသွားတာ သတိထားမိတယ်…..

  • အရီးခင်လတ်

    February 7, 2013 at 7:23 pm

    စာတွေထဲမှာတောင် အရသာမျိုးစုံ ထည့်ပေးနိုင်တဲ့ ရွာ့ တော်ဝင် စားတော်ကဲ ပီသပါပေတယ် ဝေဝေ ရေ။
    ဦးညွတ် အလေးပြုပါတယ်။

    ဒီတစ်လ အတွက်ကံထူးရှင် ထွက်ဦးပြန်တော့မှာမို့ စိတ်လှုပ်ရှားစရာပါဘဲ။
    ဘယ်သူရရ ဝမ်းသာပီတိဖြစ်ရမှာပါ။

    ပြသနာက အင်မတန် တင့်တယ်တဲ့ ရူပအရသာ နောက်မှာ ဇိဝှာအရသာ ကို ခေါက်ဆွဲပြုတ်လေး နဲ့ စခန်းသွားလိုက်ရပါတယ်။ 😥

    “လူကြီးဧည့်သည်လာတဲ့အခါမှာတော့ တရုတ်စတိုင် ဟင်းကောင်းကောင်းလှလှလေးတွေ ” ကို စားခဲ့ရတဲ့ ကံထူးရှင် ကြီး ကို လဲ သိနေတယ်လေ။ 😀

    ကိုနို ပြောသလို ဘဲ
    “ချက်ကျွေးမဲ့ ဟင်းကို စားခွင့် မရသေးတဲ့ ယောကျင်္ားတစ်ယောက်” ကိုတော့ သနားတယ်။
    😆

    • weiwei

      February 7, 2013 at 7:35 pm

      စားဖိုမှူးက ဒီ့ထက်မက အရသာစုံအောင် ကျွေးချင်တာပါ … သိပ်များပြီး အီသွားမှာစိုးလို့ ကွန်ပျူတာထဲ ရှာလို့ရသမျှ ဓါတ်ပုံနဲနဲနဲ့ပဲ အကျဉ်းရုံးလိုက်ရပါတယ် …

      အရီးလတ်ရေ ..
      final result ကြေညာတဲ့အခါ အရီးလတ်တုန်းကလိုမျိုး histogram နဲ့ ပြဖို့ စိတ်ကူးထားပါတယ် … အဲဒါ အရီးလတ်အရင်တင်တဲ့ အိုင်ဒီယာမို့လို့ အိုင်ဒီယာအသုံးပြုခွင့်ပြုပါလို့ ကြိုတင်ခွင့်တောင်းထားချင်ပါတယ်။

      • အရီးခင်လတ်

        February 7, 2013 at 7:39 pm

        ဝေဝေ ရေ

        သွေးသောက်ညီအစ်မ တွေ တစ်စိတ်ထဲ တစ်ဝမ်းထဲ မို့ ခွင့်တောင်းစရာ မလိုပါဘူးဟေ့။

        ဒါမျိုး ဂရပ်ဖ် ပုံတွေက သူကြီးမင်း တင်လေ့ရှိတာမို့ အရီးလဲ သူ့ဆီက ခိုးချထားတာပါ။
        သူကလဲ တစ်ခြားက ခိုးချ တာမို့ အားလုံး အိုကေ ပါလေ။ အဟိ။
        :kwi:

  • မောင်ပေ

    February 7, 2013 at 7:49 pm

    ဂေဇက်မှာ ထီပေါက်သလို ပျော်ရမယ့်နေ ့ကတော့
    မောင်ပေ့ ဘော်လုံးခန် ့မှန်းပို ့စ် ဆုရမယ့်နေ ့မဟုတ်ပါဘူး
    ဟီးဟီး

  • အလင်းဆက်

    February 7, 2013 at 8:34 pm

    ဟက်ကဲ ့ ။
    1 လပိုင်းအတွက်..
    စာဖတ် အားရော
    စာရေး အားပါ.. နည်းခဲ့လို ့..
    ဖတ်ကူလည်း.မကူနိုင်..
    ရေးလည်းမရေးနိုင် ဖြစ်ခဲ့တာပါ ။

    အခု စာရင်း ပေါ်လာမှပဲ..
    ပိုစ့်ကောင်းတွေ… တစ်ဝကြီးပြန်ဖတ်ရတော့မယ်…ပေါ့ဗျာ ။

    ဘယ်ပိုစ့်ကို အကြိုက်ဆုံးလဲ..ဆိုတဲ ့မေးခွန်းလေးကို ကြို ဖြေ လိုက်ပါ့မယ် ။
    ဟောဒီ ပိုစ် အားလုံးက..
    သူ ့အရသာနဲ ့သူ…
    ကောင်းမွန် နေမှာမို ့…….
    🙂

    ဒီ ပိုစ့်တွေ အပြင်…
    အခြား ပိုစ့်တွေထဲမှာ…လည်း….
    ( အကြိုက်ဆုံးအပြင် .. အကောင်းဆုူံးလည်း..ရှိနေဦးမှာမို ့.. )

    🙂

    ဖတ်ကူ နိုင်မယ့် လ မှာ..သတင်းပို့ပါဥိီးမယ်ဗျို ့ ။
    လောလောဆယ်တော့.. နောက်တစ်ရက် နှစ်ရက်အတွင်း ခရီးစဉ်တစ်ခု ရှိနေသေးလို ့…

    ပြေးပြီ……
    🙂

    အော်..ပြောဖို ့မေ ့တော့မလို ့..
    မမနန်းတော်ရာသူရေ..
    သားသား ရဲ ့ မိသားစ ုအကြင်နာတရား…ဇာတ်လမ်းလေးကို..အကြိုက်ဆုံး ဆိုလို ့..
    ကျေးကျေး….

  • blackchaw

    February 7, 2013 at 9:24 pm

    ဝေဝေ ဗားရှင်း ဆုကြော်ငြာတဲ့ ပို့စ်ကို ဝင်ဖတ်သွားပါတယ်…။
    ဘဆွေ နဲ့ ကျွန်တော် စိတ်ခြင်းတူနေတယ်ဗျာ…။
    မိုက်ကယ်ဂျော်နီအောင်ပု နှင့် ပေါက်တတ်ကရ တောင်တစ်လုံး မြောက်တစ်လုံးပို့စ်ကို
    ကျွန်တော်လည်း အင်မတိအင်မတန် အကြိုက်တွေ့နေပါတယ်ဗျို့…။
    ဘာလို့ကြိုက်လဲဆိုတော့…
    စံနစ်တကျ စီမံရေးသားထားတဲ့ ဗရမ်းဗတာ လက်ရာတစ်ခု လို့ ခံစားရလို့ပါ…။
    အစားအသောက်တွေထဲကတော့…
    အုန်းနို့ခေါက်ဆွဲကို အကြိုက်ဆုံး အဖြစ်ရွေးလိုက်ပါရစေ…။
    ဘဲဥတစ်လုံး၊ ဘူးသီးကြော်တစ်ခု၊ ပဲသွေး ၂ ခုနဲ့ ကြက်သွန်နီ များများထည့် ပေးမယ်ဆိုရင်
    ၂ ပွဲလောက်တော့ အသာလေးကုန်ပါတယ်…။
    အော်…ငတ်ကြီးကျနေမိပြန်ပါပြီဗျာ…။
    🙂
    လေးစားခင်မင်သော စိတ်ရင်းဖြင့်…
    ဘလက်ချော…။

    • weiwei

      February 7, 2013 at 9:49 pm

      တောင်တစ်လုံး မြောက်တစ်လုံးကတော့ ဒီလမှာ ဟော့အဖြစ်ဆုံးဖြစ်နေပါတယ် …

      ဒီနေ့ အုန်းနို့ခေါက်ဆွဲအကြောင်း အပြောများတာနဲ့ အုန်းနို့ခေါက်ဆွဲချက်စားချင်စိတ်ပေါ်နေတယ် … ခက်တာက ကြက်သားဝယ်ထားပြီးသာမရှိလို့ ချက်လို့မရဖြစ်နေတယ် … နောက်နေ့ ဈေးသွားပြီးမှပဲ ချက်စားရတော့မယ် …

  • padonmar

    February 7, 2013 at 9:39 pm

    အဲဒါပေါ့၊
    ဆုကြေငြာသူ တစ်လ တစ်ယောက်ဆိုတော့ ဆုရမယ့်သူကို ရင်ခုန်ရတာကိုက
    မတူကွဲပြားတဲ့ အိုင်ဒီယာတွေနဲ့မို့လို့ ချိုချဉ်ငန်ဖန်စပ်ခါး အရသာလည်း အမျိုးမျိုး မရိုးအောင် ခံစားကြရတာပါပဲ။
    တရုတ်နှစ်ဆန်းတစ်ရက်မှ ဆုကြေငြာမယ်ဆိုတော့
    တရုတ် ခြင်္သေ့ကတွေ တရုတ်နဂါးကတွေနဲ့ ဗုံတီးပြီး ကြေငြာမယ်ပေါ့။
    ပျော်စရာကြီး။

    • weiwei

      February 7, 2013 at 10:05 pm

      မီးရှူးမီးပန်းဖောက်ပြီး မုန့်တွေလဲ ကျွေးအုန်းမှာ … :kwi:
      တရုတ်တွေကတော့ နှစ်သစ်ကူးတဲ့နေ့မှာ jiaozi လို့ခေါ်တဲ့ ဖက်ထုပ်လိုအစားအစာမျိုးကို မိသားစုအားလုံး စုံစုံညီညီလုပ်စားကြတယ် … စည်းစည်းလုံးလုံးရှိတဲ့ အဓိပါယ်နဲ့ …
      တရုတ်တွေလုပ်တဲ့ ဖက်ထုပ်ကို လေ့လာထားခဲ့ပေမယ့် ပြန်လုပ်ကြည့်တော့ သိပ်အဆင်မပြေဘူး ..
      အဆင်မပြေပေမယ့် စမ်းလုပ်ကြည့်ထားတဲ့အတိုင်း ပို့စ်တင်ပေးအုန်းမယ် ..

  • pooch

    February 7, 2013 at 9:58 pm

    ဆူရှီ ယူလိုက်တယ် မဝေ

    ကြက်ကြော် ရောင်းသည်
    ဟန်ဆောင်တတ်သော သားအမိရယ်
    မွန်မွန်ရဲ့ ခရီးသွား ၁၂၃

    မှန်ရင် နှစ်ကူးမှာ အန်ပေါင်းများများပေးပါ ဗျို့ 😀

    • weiwei

      February 8, 2013 at 8:10 am

      မယ်ပု …
      တစ်ခုပဲပြောလေ …
      ၃ ပုဒ်ထဲက တစ်ခုရွေး … 🙂

  • လုံမလေးမွန်မွန်

    February 7, 2013 at 10:10 pm

    အစ်မဝေရေ..
    အီးဇီးကွတ် ပီသပါပေတယ်… ဟော့ပေါ့ကြိုက်တယ်.. ထမင်းလိပ်ကြိုက်တယ်..အုန်းနို့ခေါက်ဆွဲကတော့ အကြိုက်ဆုံး..ဒန်ပေါက်လည်းကြိုက်တယ်.. ရှမ်းခေါက်ဆွဲလည်းကြိုက်တယ်… အိုး..ဂွတ် ဂွတ် ဂွတ်… 🙂

    စာတွေကတော့ ပြောရမယ်ဆိုရင်..ဟီး.. အကုန်ကြိုက်တယ်.. အကုန်လုံးမဖတ်ရသေးပေမယ့် ဖတ်မိသမျှထဲက အကြိုက်ဆုံးကတော့.. ဘရန်းအကြောင်းပါရှင့်…

    အဖြေမှန်ပါစေ.. :mrgreen:

    • ဦး ကျောက်ခဲ

      February 8, 2013 at 6:53 am

      မိမွန်မွန်…

      ဒီတစ်ခါ ညည်းအလှည့်…..
      ဘာကြွေးမှာလဲ?
      :kwi:

  • kai

    February 8, 2013 at 12:38 am

    ရသထဲ.. အရသာထည့်လို့ရတယ်ဆိုတာ.. သက်သေပြတာပဲ..။ ဆိုတော့..

    စာပေ-ဝတ္ထု၊ ရတု-ကဗျာ၊ ပျို့-လင်္ကာ နှင့်၊ သာသည်သီချင်း၊ အဲ-စောင်းညှင်းကို….
    .. ချိုစိမ့်-ဖန်ခါး၊ ရသာစုံလင်.. စားဖွယ်-သောက်ရာ အဖြာဖြာနှင့် ဘတ်ရွတ် လေ့ ကျက်၊ တီးမှုတ်လျက်သား ယူငင် သောက်သုံး.၊ လှည့်ပါတ် မြည်းစမ်း ခံစားစည်းစိမ် ငြိမ့်၍စက်သာ နေကောင်းစွာ..
    လို့..။

    ဝန်ကြီး ပဒေသရာဇာ(Ver. 2.0)
    :kwi:

  • မိုချို

    February 8, 2013 at 10:31 am

    ပိုစ့် တစ်ခုတည်း ရွေး ရမှာဆိုတာ့ အကုန်ကောင်းနေလို့ မ ရွေးတတ်ဘူး။ ရွေးတတ်တာပဲရွေးတော့ မယ်။ ဟော့ပေါ့ ရယ်၊ ဆူရှီ ရယ်။
    ရေးရင်း နဲ့ စားချင် လာပြီ။ ဘယ်ဟာ အရင် သွားစားရမလဲ မသိ ။ ဟော့ပေါ့ ဘူဖေးရယ်၊ ဆူရှီ ဘူဖေး ရယ်က တဆိုင်စီ ဖြစ်နေတယ်။
    တွေ့ တဲ့ အတိုင်း ပဲစိတ်ကအဲလို မပြတ်သား တာ။
    အဲဒါကြောင့် စိတ်ထဲ ရှိပေမယ့် ဖတ်ရွေး ထဲ ဝင်မကူဖြစ်တာ။ ဟိုဟာလဲ ရွေးချင်ဒီဟာလဲ ရွေးချင်နဲ့ ဗျာများနေရမှာစိုးလို့ ။
    ၁ဝ ရက်နေ့ မှစောင့် ဖတ်တော့ မယ်။
    မဝေ ကြွေး ထား တဲ့ ထဲက အုန်း နို့ ခေါက်ဆွဲ ကလွဲ လို့ ကျန်တာ မလုပ်တတ်ဘူး( အဲ…. ဟော့ ပေါ့ တော့ တတ်တယ်….ဟီး ) ။ ဆူရှီ ဆို လုံး ဝ မလိတ်တတ်ဘူး ။ မဝေ ကတော့ တကယ်တော် တယ်။ အပေါ် ကလူတွေပြောခဲ့ သလိုပဲ နှမြောလိုက်ပါဘိ။ မိုချို့ အစ်မကြီး သာဖြစ်လိုက် ပါတော့ ။

  • ဦးကြောင်ကြီး

    February 8, 2013 at 10:59 am

    နှစ်သစ်ကူး
    ချစ်စစ်ဦး
    တစ်ရစ်မူး
    မြစ်ပစ်ကူး
    ဂျစ်ခေတ်ရူး
    တစ်ဖြစ်ဖူး
    ကစ်အစ်ဖူး
    ဗျစ်ညှစ်ဝူး..။

  • လူကလေး

    February 8, 2013 at 11:02 am

    ချု အရမ်းနိုချင်နွန်းနို့ .. ရွချိကိုထနေတဲ့ တယ်ရင်း ရေး ကို ရစေချင်ပါတီ .. .
    (၃နှစ်လောက်လုပ်လာတဲ့ အတွေ့အကြုံတွေကို အပီအပြင် ရှယ် ရေးထားတဲ့.. လုံမလေးမွန်မွန်.. ရစေသတည်း .. ရစေသတည်း… )

    တူကကြောလယ်.. မုန့်ဝယ်ကျွေးမယ်တဲ့..

    (စိတ်ရင်းနဲ့ဆုရစေချင်တဲ့စေတနာ က ဒုတိယ… ဟဲဟဲ.. 🙂

    • နာဂ ဆုတောင်းပေးဘာနို့ဘဲ ပေါဒါဂို…ဟင့်.. မှန်းရဲပါဝူးအေ့… ချက်လိုက်ထှာ… နီဂ ဂလိုပေါဒေါ့.. အတော်လေးချက်မိဒယ်… နီနဲ့ငါနဲ့ တွေ့ဦးဒေါ့မယ်…

  • လူကလေး

    February 8, 2013 at 11:51 am

    အနက်ရောင် ဘဝတစ်ခုရဲ့ အခန်းတစ်

  • ခင်ခ

    February 8, 2013 at 12:01 pm

    ပို့စ် ၂၁ ခု ဖြစ်ပေမယ့် စာရေးသူ (၁၆) ဦး ဇကာတင်စာရင်းမှာ ပါဝင်ခဲ့ပါဆိုပြီး မမဝေ တင်ပြထား တဲ့ပိုစ့်တွေကို တစ်ခေါက်စီပြန်ဖတ်ပြီးပြီ။ အဲဒီထဲက ခင်ခ အကြိုက်ဆုံးပိုစ့်တစ်ခု ရွေးရမယ်ဆိုရင်-

    ကြယ်ကလေးတစ်လုံးဖြစ်ခွင့်ပြုပါအဖေ
    http://myanmargazette.net/164943/creative-writing (moonpoem)

    ကိုရွေးမယ်ဗျာ။ အမေတွေရဲ့ မေတ္တာကို စာရေးသူအတော်များများ ဖွဲ့နွဲ့ရေးကြ ပြောကြ ဟောကြတယ်။
    ဥပမာ- အမေများနေ့ အမေ့ခြေရာ စသည်ဖြင့်ပိုကျော်ကြားပြုလုပ်လေ့ရှိကြတာလေ။ အဖေများနေ့ကို သိပ်မသိကြပါ။ သဘာဝတရားကလည်း သားသမီးတွေနဲ့ အမေက ပိုပြီးထိတွေ့ချိန်များတတ်တော့ အမေအကြောင်း အမေ မေတ္တာကို စာဖွဲ့တတ်ကြတာများတာလည်း ပါသပေါ့။ အခုပိုစ့်လေးကတော့ အဖေ မေတ္တာဖွဲ့လေးမို့ ပိုအားပေးမိသလို အရေးအသားအနေနဲ့လည်း ဟာကွက်နည်းပြီး စာဖတ်သူကို စွဲဆောင် သွားနိုင်ပေလို့ ရွေးမိတာပါ။ ခင်ခ ဖီလင်အရရွေးတာမို့ အခြားသူတွေနဲ့တော့ မတိုက်ဆိုင် လျှင်လည်း စိတ်ဆိုးတော် မမူကြပါနဲ့လို့။

  • Myo Thant

    February 8, 2013 at 1:22 pm

    အဖေဘဝရောက်နေသူတွေမို့ ဒီပို့စ်ကို ရွေးမိတာထင်တယ်နော် ၊
    အကြိုက်ချင်းတော့ တူနေပြီ
    ၁ဝ ရက်နေ့ဆီ မျှော်ရဦးမယ်ပေါ့လေ ၊

    🙂

    • ခင်ခ

      February 8, 2013 at 2:08 pm

      ကိုမျိုးသန့်ရေ ကျွန်တော်က သားရေ သမီးရော မရှိပါဗျ။
      အရင်တုန်းကရေးဖူးတဲ့ပိုစ့်တွေမှာဆို “ဟိုရွာအပြင် ဇနပုဒ်တဲလေး ဆီမီးမှိန် တုတ်မှောင်ရီ အတူနေရင် ကြယ်မြင်လမြင် နှစ်ယောက်တည်းတိုင်းပြည် ´´ လို့တောင် တူနှစ်ကိုယ်ဘဲမို့ ရေးခဲ့တယ်လေ။
      စာဖတ်သူတစ်ယောက်အနေနဲ့ဘဲ ခံစားရွေးတာပါဗျ။

  • မင်းနန္ဓာ

    February 8, 2013 at 1:26 pm

    အပူတွေကန်ပြီး လျှာမှာ အဖုတွေ ထွက်နေလို့ ထမင်း မစားနိုင်တာ နှစ်ရက်ကျော်ပြီ
    အိမ်မှာ ဆန်ပြုပ်၊ ရုံးမှာ ပေါင်မုန့် စားနေရတာ..
    အဲလိုပါဆို ဒီ အရသာစုံတဲ့ စာပေဆု ဇကာတင်ပို့စ်ကို ဖတ်လိုက်ရတာ
    ဘယ်လိုနေမယ် ထင်သလဲ ဟင်….
    :byae:

    • weiwei

      February 8, 2013 at 2:21 pm

      ဒီတစ်လ ဇကာတင်တွေက ရသမျိုးစုံပါတယ် ..
      ရွေးတဲ့သူတွေက ကိုယ်ကြိုက်တာကိုယ် ရင်ထဲမှာခံစားမိတဲ့အတိုင်း ပေးခဲ့ကြတာ …
      ဘယ်ပို့စ်ကို အကြိုက်ဆုံးလဲလို့ မေးလိုက်တာကလဲ ဘယ်သူကဘယ်လိုအရသာကြိုက်တယ်ဆိုတာလေး သိချင်မိလို့ ..

    • MaMa

      February 8, 2013 at 3:07 pm

      ရွာစားကြီးအတွက် ကွက်တိဖြစ်သွားပါလိမ့်မယ်။
      ပါးစပ်နဲ့ မစားနိုင်တာကို မျက်စေ့နဲ့ အဝစားပစ်လိုက် :kwi:

  • ဦးဦးပါလေရာ

    February 8, 2013 at 2:42 pm

    ဝန်ခံရရင်-
    ဒီပိုစ့်ကိုဝင်ဖတ်တာ ၁၅ ခါမကတော့ဘူး…
    ဒါပေသိ
    ကျုပ်က အစားအသောက်အင်မတန်ကြိုက်တဲ့သူဆိုတော့
    မဝေလက်ရာဓါတ်ပုံတွေချည်းကြည့်ပြီး ပြန်ပြန်ထွက်တာ…
    အခုထိ ပိုစ့် ဆုံးအောင် မဖတ်ရသေးဘူး…

    :eee:

  • ဦးဦးပါလေရာ

    February 8, 2013 at 2:50 pm

    အစားအသောက်ပုံတွေ တွေ့တုန်း (ကြုံတုန်း)
    ကျုပ်စိတ်ထဲရှိနေတာလေးတခု ထုတ်ပြောဦးမယ်…

    တကယ်တော့ အစားအသောက်တွေကို ပြင်ပြီးဆင်ပြီးသား စားရတာကလဲ အရသာတစ်မျိုး…
    အစားအသောက်တွေကို စုပေါင်းချက်ပြုတ်ပြင်ဆင်ရတာကလဲ အရသာတစ်မျိုးနော…
    ဥပမာ အလှူတခုကို အလှူချိန်မှာ သွားစားရတာထက်
    အလှူအဝင်နေ့ကတည်းက သွားကူ ၊ ဝိုင်းလုပ် ကြရတာ အဆများစွာ ပျော်စရာကောင်းတယ်…
    လုပ်သူကိုင်သားချင်းလဲ တမုဟုတ်ချင်း ရင်းနှီးသွားကြတတ်တယ်….

    အေးဗျာ-
    တနေ့ကြုံရင်ဖြင့်-
    ဂဇက်မန်ဘာတွေထဲက စိတ်ပါဝင်စားအချိန်ပေးနိုင်သူတွေစုပြီး
    ဝိုင်းချက်ပြုတ်လုပ်ကိုင်၊ ဝိုင်းလှူ၊ ဝိုင်းစားတဲ့ ဟာမျိုးလေးတစ်ခုလောက်
    (တွေ့ဆုံပွဲ/ဆုပေးပွဲ နဲ့တွဲပြီးဖြစ်ဖြစ်၊ မတွဲပဲဖြစ်ဖြစ်)
    တစ်ခါလောက် လုပ်ဖြစ်ရင် သိပ်ကောင်းမှာနော….

    • ဦး ကျောက်ခဲ

      February 8, 2013 at 3:03 pm

      ဦးပါရေ

      အကြီးအကျယ် ထောက်ခံပါတယ်…
      မောင်ကျောက်ချက်ဆိုရင် ချက်ပါ့မယ်… ရွာသူရွာသားများ ကူညီကြပေါ့ဗျာ…
      စဉ်းစားမိတာနဲ့တောင် ပျော်စရာကြီး…
      ကိုယ်တိုင်ချက် အလှုတစ်ခုလောက် လုပ်ကြပါစို့ ခင်ဗျာ…
      :harr:

      • MaMa

        February 8, 2013 at 3:12 pm

        ဝိုင်းတော့ လုပ်ပေးချင်ပါတယ်။
        အရှင်ဆေကိန္ဒရဲ့ တရားတစ်ပုဒ်မှာ …
        မလုပ်တတ်ပဲ ဝိုင်းကူတာထက် ဘေးကနေ ငြိမ်ငြိမ်လေးနေပေးတာက ကူညီရာရောက်တယ်ဆိုလို့….
        ချက်ပြီးရင် အားရပါးရ စားကူပါ့မယ်။ :harr:

      • weiwei

        February 8, 2013 at 3:30 pm

        ဝိုင်းချက် ဝိုင်းလှူ ဝိုင်းစားရရင် အရမ်းပျော်စရာကောင်းမှာ … ဝါဆို ထမင်း လိုပေါ့ ..
        ကျွန်မကတော့ ဝါသနာပါပေမယ့် အိမ်မှာရော အရပ်ထဲမှာပါ ကလေးသာသာအဆင့်ပါပဲ … ဘယ်သူမှအယုံအကြည်မရှိတဲ့အနေအထားမျိုးပေါ့ ..
        အဲဒါ ..
        သိပ်မခံချင်လို့ အခုနေတဲ့ ရန်ကုန်ကရပ်ကွက်ထဲမှာ နို့ခေါက်ဆွဲစတုဒီသာကျွေးမလို့ စိတ်ကူးထားတယ် … ကိုယ်တိုင်ဦးစီးမယ်ပေါ့ … ရုံးကဝန်ထမ်းတွေကတော့ မပြောရဲလို့လားမသိဘူး … ထောက်ခံကြတယ် … (ကိုယ်တိုင်မင်းသမီးလုပ်ချင်လို့ ကိုယ့်ဖာတ်ကိုယ်ထောင်မှာလေ …) … အားပေးမယ်ဆိုရင်တော့ လုပ်ဖြစ်တဲ့အခါ အကြောင်းကြားပေးမယ် …

        • ကြက်သွန်နီခွာတာ..လှီးတာက လွဲလို့ ကျန်တာတွေ ခိုင်းလို့ရပါတယ်.. အနော်ကူညီပါ့မယ်… ကြက်သွန်နီကတော့ အိမ်မှာ တစ်လုံးလောက်လှီးရင်ကို မျက်ရည်ပိုးပိုးပေါက်ပေါက်ကျလို့… ခိခိ….

          အော်..မေ့လို့… စားဖို့ကိုလည်း စိတ်ချနော်..လုံးဝ တာဝန်ကျေစေရမယ်..လူကောင်ကိုကြည့်ပြီး မဆုံးဖြတ်လိုက်ပါနဲ့နော်… :mrgreen:

        • Mr. MarGa

          February 8, 2013 at 8:13 pm

          အမွန်ရေ
          ဆုပေးပွဲမှာကတည်းက အဲဒါကို ယုံပြီးသား
          သိလား :mrgreen:

        • padonmar

          February 8, 2013 at 9:38 pm

          ကျရာနေရာက အားပေးပါမယ်။

  • မိုက်ကယ်ဂျော်နီအောင်ပု

    February 8, 2013 at 4:04 pm

    ကြပ်မပြည့်ပါဘူးဆိုဂါမှ လော်စပီကာနဲ့
    ဘရိတ်ဒန့် ကျိတ်ပြရမလိုဖစ်နေဘီ
    ဒီထဲမှာ ကျုပ်နာမည်ကြီးပါလာတာတွေ့လိုက်တော့
    ကိုယ့်ဖါသာမှန်ကြည့်ပြီးပေါနေတုန်း ဗြုံးဆို လူမိသွားသလိုခံစားရဘာဒယ် :mrgreen:
    ( မလုပ်သင့်တာတွေကို မလုပ်ဂျဘို့လဲ တိုက်တွန်းဘာဒယ် )
    တစ်ခုသွားသတိရတယ်
    ရာဇာနေဝင်း ဆိုတဲ့လူကို ကြည့်ရတာဟုတ်သလိုလိုရှိပေမယ့်
    အဲ့သည်ပုံစံနဲ့ အကယ်ဒမီကြီးတော့ မပေးလိုက်ပါနဲ့ ဆိုသလိုပါ
    ……………………………..
    ပြောလို့ပြောတာ ဆုရပိုစ့်တစ်ပုဒ်ကိုရွေးရတယ်ဆိုတာ လွယ်တော့မလွယ်ဘူးဗျ
    ဒီမှာက သတ်မှတ်ချက်သီးသန့်မရှိဘူး
    ဥပမာ
    သဂျီးမင်းဘုံးတော်ဘွဲ့ကိုသီကာပတ်ကုံးရေးဘာလို့ခေါင်းစဉ်ပေးလိုက်တာနဲ့
    သဂျီးမင်းသည် ဘောတော်ကောင်း၏ နှလုံးလှ၏
    မန်ဘာများကို ဝိုင်ဝီစကီများချီးမြှောက်တတ်၏ ဘာညာကွိကွ ချရေးကြတာကို
    ရွေးပြီးဆုပေးရမှာကတစ်မျိုး လွယ်တယ်ပြောလို့ရပေမယ့်
    လက်ရှိအခြေနေမှာလိုမျိုး နေရာပေါင်းစုံက လူပေါင်းစုံရဲ့ ရည်ရွယ်ချက်ပေါင်းဆုံနဲ့
    ဝိုင်းရေးကြတဲ့ ပိုစ့်တွေကို ဘယ်ဟာက ကောင်းပါတယ်လို့ရွေးရတာက
    တော်တော်ခေါင်ခြောက်တဲ့အလုပ်ဘဲ ( အစားခံနိုင်တဲ့လူတွေတော့ အံ့ပါ့ :mrgreen: )
    ကျုပ်ဆို ဇာတ်မင်းသမီးတွေပုံများများပါတဲ့ပိုစ့်တွေလွှတ်ကြိုက်ပေါ့
    ဆိုခဲ့သလို ပေါ့
    ပါလာတာတွေက အိုင်တီပိုင်းဆိုင်ရာတွေ တွေးခေါ်မှု့ဆိုင်ရာတွေ စာပေဖွဲ့နွဲ့မှု့တွေ
    လူမှု့ပတ်ဝန်းကျင် စောင်ရန်ရှောင်ရန်တွေ တိုင်းရေးပြည်ရေး လူမှု့ရေးတွေ
    ဘာသာရေးတွေ ပုဂ္ဂိုလ်ရေး အတွေ့အကြုံတွေ
    ကိုယ်မကြေနပ်တာတွေ ကျေနပ်တာတွေ
    ရည်းစားရလို့ လာကြွားတဲ့လူတွေ မရှိလို့ အညှော်ခံတဲ့လူတွေ ရှိလို့ လေနေတဲ့လူတွေ
    ဘောသမားတွေ
    ဥပမာဗျာ
    ကြက်ကြော်တဲ့ကလားနဲ့တွေ့တော့ :mrgreen: ဪ…ကြက်ဆိုတာ ဒီလိုကြော်ရတာပါလား
    သဘောင်္သားနဲ့တွေ့တော့ သဘောင်္ဆိုတာဒီလိုပါလား ဧည့်လမ်းညွှန်နဲ့တွေ့တော့ ဒီလိုပါလား
    ဘေဒင်ဆြာနဲ့တွေ့တော့
    ဘိုးတော်နဲ့တွေ့တော့
    ဓာတ်ပုံဆြာနဲ့တွေတော့
    ရွာရိုးကိုးပေါက်အလေလိုက်တဲ့လူနဲ့တွေ့တော့
    ဟိုလူနဲ့တွေ့တော့
    ဒီလူနဲ့တွေ့တော့
    ဘာညာကွိကွ
    ဒီရွာထဲမှာမရှိသေးတာ သိုင်းဆရာနဲ့ နတ်ဂဒေါ်ဘဲ
    ဆိုတော့ကာ
    ဆိုခဲ့ပြီးသလို သူတို့ရေးခြင်တာရေးထားတဲ့ လူပေါင်းစုံကို
    ကောင်းပါတယ်ဆိုပြီးတစ်ပုဒ်ရွေးပေးရတဲ့အလုပ်ကို ကျုပ်အနေနှင့်တော့
    ဘယ်တော့မှမလုပ်နိုင်ပါဘူး
    မျက်နှာပူရတာက ပရိုအဆင့်ရှိတဲ့ပုဂ္ဂိုလ်တွေပါ
    သူတို့ခမျာ
    မူးပြီးရမ်းတဲ့ငမူးနဲ့ဖိုက်တင်ပေးရမယ့် လက်ဝှေ့ချံပီယံလို
    မူးပြီးအော်နေတဲ့ကောင်နဲ့ သီချင်းပြိုင်ဆိုရမယ့် အဆိုတော်လို
    ဘာညာကွိကွပေါ့ဗျာ
    ဘာဘဲဖြစ်ဖြစ်ပါ ဒီလိုရွေးတာကလည်းကောင်းပါတယ်

  • Mr. MarGa

    February 8, 2013 at 8:19 pm

    ပို့စ်တွေ အကုန် ဖတ်ကြည့်ပြီးတော့
    ရွေးရ ခက်လာတယ်
    ဆုကြေညာမှပဲ အတွေးချင်း တိုက်တော့မယ်
    နှစ်ရက်ပဲ လိုတော့တာပဲလေ
    မျှော်လိုက်ပါဦးမယ်

  • padonmar

    February 8, 2013 at 9:22 pm

    ဘပု
    ၂ပုဒ်တောင် ဆန်ကာတင်ပါနေတာနော်။
    ဒီလ အကြိုက်ဆုံးဖြစ်နေရင်တော့ ခပ်ဖစ်ဖစ်လေး ဝတ်ပြီး ဦးပါရဲ့ ဝါဆိုထမင်းအလှူမှာ အီးဇီးကွတ် နို့စိမ်းခေါက်ဆွဲနဲ့ ဦးကျောက်နွားမြီးဟင်းခါး ရောသောက်ရင်း ကပြရမှာ။
    ဒီရွာထဲမှာမရှိသေးတာ သိုင်းဆရာနဲ့ နတ်ဂဒေါ်ဘဲ
    ဆိုတော့ ဘပု နဲ့ ကြောင်ကြီးကို ကြိုက်ရာ တစ်ခုရွေးလုပ်ခွင့်ပြုပါတယ်။

  • ဂလု … ဂလု .. ဂလု … :mrgreen:
    သွားရည် ကျလောက်ဒယ် ….
    ဗိုက်ထဲကတောင် ဂွီ ….. ဒဲ့ ….
    တော်ပီ … အိုက်ဒါဒွေ ကျော်ခွပြီး အောက်ကို ဆင်းပလိုက်မယ် …

    ဘယ်ပို့စ်ကို အကြိုက်ဆုံးလဲ?
    ဘယ်ပို့စ်က ပထမရမယ်လို့ ထင်ပါသလဲ?

    ဆိုတော့ကာ ……..
    ကိုယ့်ဘက် ကိုယ်ယက်တာတော့ မဟုတ်ပါဘူး ….
    ကျုပ် အကြိုက်ဆုံးကတော့ … ပလေတို ဆိုတဲ့ အပုဒ်ပဲဗျ …
    ပြီးတော့လည်း အိုက်ဒီပို့စ်ပဲ ပထမ ရမယ် ထင်ပါတယ် …. ငွင်းး ငွင်းးး :mrgreen:

    အိုက်ဒီ အဖြေ မှန်မှန်၊ မမှန်မှန် …
    လက်ချောင် ပေးရမှာဘဲနော် … ဒါဗျဲ …. :mrgreen:

  • putoo

    February 9, 2013 at 11:46 am

    တို့ကတော့ ဘာပဲဖြစ်ဖြစ် ဘပုမှ ဘပု ပဲ .. တောင်တစ်လုံးမြောက်တစ်လုံး ကိုအကြိုက်ဆုံးပဲ ..
    ကျွန်တော်ကနဂိုကတည်းက အဲ့လိုစာတွေဆိုပိုကြိုက်တယ် ..
    စာရေးဆရာတွေဆို ဟာသ စားရေဆရာမှပိုကြိုက်တယ် .. ကိုယ်ကလဲ ငပေါကိုး .. ဟီး
    ဥပမာ – နီကိုရဲ တို့ ပြီးတော့ မင်းလူ တို့လို .. ဟာသ လဲရ .. သဘာဝလဲကျတဲ့ စာတွေ
    ကိုပိုကြိုက်တယ်ဗျ .. အစားအသောက်ကတော့ဗျာ .. ကောင်းတယ်ဆို ဘာလာလာ ဒေါင်း
    အဲ .. ဘာဖြစ်ဖြစ်ကြိုက်တယ်ဗျ .. အဟီး .. လုပ်ဖြစ်ရင် အနော့်ကိုခေါ်ကြဦးနော် ..

  • Mobile

    February 9, 2013 at 8:37 pm

    ကြုံတွေ့နေရ လုပ်ငန်းခွင်ဘဝ (ခရီးသွားလုပ်ငန်း) – ၁ -၂- ၃
    ကျွန်မတို့ဘာတွေလုပ်ရမလဲ
    အထက်ပါ ပို့စ်နှစ်ပုဒ်ကိုကြိုတ်တယ်ဗျ။
    လုံမလေးရေးတဲ့အထဲက တစ်ခုခုပဲ ပထမရမယ်လို့ အပြည့်အဝ ယုံကြည်ပါကြောင်းးးးးးးးးး

  • ကျနော်အကြိုက်ဆုံးပြောရမယ်ဆိုရင်တော့

    ရူ့မဝနိုင်တာ အလှတစ်ခု သူ့ညီမ ပိုင်တာ ဘပု ပေါ့နော်ဆိုရင်မဟုတ်သေးဘူးလို့ပြောလို့မရပေမယ့်
    အသေငိုတဲ့ ပလေတိုကိုလဲ ကြိုက်မိတော့ခက်မှခက်နေပါတယ်။
    နောက်ဆုံးတော့ ဒန်ဒန့်ဒန်ပါဘဲ

    • ကျုပ် ဖေပေါက်ဂျီး တစ်ယောက်ပဲ …
      ကျုပ်ပို့စ်ကို ကြိုက်တယ် ပြောတယ် ….
      ကျန်ဒဲ့ လူဒွေက ပြောကြဘူး ..
      ဒီတော့ … ခညားတို့ကို ဂျစ်တော့ဘူးးး
      ကျုပ် ဖေပေါက်ဂျီး တစ်ယောက်ဘဲ ဂျစ်တော့မယ် …
      ဖေပေါက်ဂျီးးး တားတားကို မိန်းမ ချာပေးဒေါ့ …. :mrgreen:

  • Mr. MarGa

    February 10, 2013 at 9:17 am

    ဆယ်ရက်နေ့ ရောက်ပြီဗျို့
    တင်ပါတော့ဗျိုးးးးးးးးးးးးးးးးးးး

Leave a Reply