402
မိဘအိမ်လောက်မနွေးထွေးပေမယ့်
အေးစက်စက်မဟုတ်ခဲ့တဲ့
နွေးထွေးပျော်ရွှင်ခဲ့ရတဲ့နေရာ။
ကိုယ့်အိမ်ကိုယ့်ယာမဟုတ်ပေမယ့်
လွတ်လပ်ပျော်ရွှင်ခဲ့တဲ့
ရင်းနှီးစွာလုံခြုံခဲ့တဲ့နေရာ။
မိသားစုလိုသွေးမနှောပေမယ့်
ဘေးလူလို့ပြောမရခဲ့တဲ့
တွယ်တာရသူတွေနေခဲ့တဲ့နေရာ။
ရင်နှင့်ရင်းတဲ့ခံစားချက်တို့ဖွင့်ဟတိုင်ပင်လို့
သောကတွေအပျော်တွေဝေမျှဖူးတဲ့နေရာ။
မျှော်နေပေးပါ
ကြိုနေပေးပါ
အရင်လိုပဲနွေးထွေးပေးပါ
ငါတခေါက်မကပြန်လာခဲ့မယ်
သူငယ်ချင်းတို့ရယ်။
(ရန်ကုန်အခန်းကသူငယ်ချင်းများစွာကိုလွမ်းလို့ရေးမိတာပါ)
ကျေးဇူးအထူးတင်ပါတယ်ရှင့်။
27 comments
Myo Thant
February 9, 2013 at 11:09 am
၄၀၂ ဆိုလို့ ပုဒ်မ ၄၀၂ အကြောင်း ထင်မိတာ
အခုတော့ အခန်း ၄၀၂ ကိုး
ရွှေ ကြည်
February 9, 2013 at 11:20 am
ကိုမျိုးသန့်ရေ ဝင်ဖတ်သွားလို့ကျေးဇူးပါနော့
ဒီလိုပဲလေ လူစိတ်ဝင်စားအောင် ဘာလိုလိုညာလိုလို
ခင်ခ
February 9, 2013 at 11:37 am
အခါခါမက
ပြန်လာဖြစ်လည်း
မရိုးနိုင်ပါ
တမ်းတအမှန်မှာ
ထိုနေရာ။
(သူငယ်ချင်းများရဲ့ ရန်ကုန်ကအခန်းကို လွမ်းတဲ့ ရွှေကြည်အတွက်ပါ။)
မဟာရာဇာ အံစာတုံး
February 9, 2013 at 11:38 am
ဘွ ဆိုတာ …
တွေ့ ဆုံ ကြုံ ကွဲ ဓမ္မတာ ပါပဲ ….
ဒါပေမယ့်လို့လည်း ….
အော် …. အလွမ်း … အလွမ်း … အလွမ်း …
အဲဒီ အလွမ်းဆိုတာကြီး ရင်ဘတ်ထဲ မရှိရင် သိပ်ကောင်းမှာ …
Ghi Ghi ThE KiD
February 9, 2013 at 11:55 am
ဆဲဗင်းအိုဆဲဗင်း.
ကတောက်ခ်.
မီးမှာင်မှောင်. သော့ဖွင့်ဝင်ရဗျန်ဗီ.
:harr:
ချဉ်ထှာကွာ.
ရွှေ ကြည်
February 9, 2013 at 12:50 pm
လေးခင်ခရေ ကျေးဇူးပါနော်။ ပြန်နေချင်သေးတာ အဲဒိအခန်းမှာ။
မောင်အံရေ အချစ်တွေရှိနေသေးသမျှအလွမ်းတွေလည်းရှိနေရဦးမှာပေါ့။
ကိုဂီ သော့မခတ်နဲ့လေ မီးလည်း ဒီအတိုင်းဖွင့်ထားလိုက် အေးရော :harr:
ဗုံဗုံ
February 9, 2013 at 1:08 pm
မမရွှေကြည်ကလည်း နော် လေယာဉ်ပျံလေးတစ်စင်း ဝယ်ထားလေ သတိရရင် ကွကိုယ်မောင်းပြီး ခဏလာ ပြီးတော့ ပြန်သွား ဘာခက်တာ မှတ်လို့ မိဗုံတောင် ပိုက်ဆံကောက်ရရင် ဝယ်ထားမလားလို့
ရွှေ ကြည်
February 9, 2013 at 2:14 pm
အယ် တော်လိုက်တဲ့ဗုံလေးကွယ်။ 😆
မောင်ပေ
February 9, 2013 at 2:33 pm
ဖိုး အို တူး
မျိုး ကို ဘူး
ချိုး တို ဟူး
ဆိုး ငို ရူး
ရိုး ပို မူး
လုံမလေးမွန်မွန်
February 9, 2013 at 2:55 pm
ချစ်မရေ..
အမွန်တို့လည်း အဲဒီလိုပါပဲ… သူငယ်ချင်းတွေကပဲ မိသားစုဖြစ်နေတာ… အိမ်မှာလူတစ်ယောက်လောက်များလျော့နေရင် မနေတတ်ဘူး.. ပြောလိုက်သေးတယ်.. ရန်ဖြစ်ရမယ့်သူတစ်ယောက်လျော့လို့ ပျင်းတယ်လို့….
တစ်နေ့နေ့တော့ ပြန်ဆုံမှာပေါ့ကွာ..ချစ်တဲ့ သူငယ်ချင်းများ…
ရွှေ ကြည်
February 12, 2013 at 4:17 pm
အမွန်ရေ အမှန်ပဲ အဲဒီလိုပဲ 😆 တယောက်ယောက်များခရီးသွားရင် မနေတတ်သလိုတောင်ဖြစ်နေကြတာ။
surmi
February 9, 2013 at 3:51 pm
အိမ်မလွမ်းတဲ ့ဆေးပေးမယ်
လွမ်းစရာနောက်ထပ်တစ်ခုရှိရင်
အိမ်လွမ်းသက်သာသွားလိမ် ့မယ် :hee:
ရွှေ ကြည်
February 12, 2013 at 6:59 pm
ကိုရင်ဆာမိရေ တကယ်ကြီးလားဗျ
P chogyi
February 9, 2013 at 4:16 pm
တရုတ်နှစ်ကူးရက်မှာ လူသန်းပေါင်း 200 လောက်အိမ်ပြန်ကြတယ်တဲ့။
အဲဒီ သန်း ၂၀ဝ ကျော်မှာ ရွှေကြည်တစ်ယောက်မပါ ပါလား………..
ရွှေ ကြည်
February 12, 2013 at 7:01 pm
ကိုပီချိုကြီးရေ လေဆိပ်တော့ရောက်တယ်ဗျို့ ငိုချင်တယ် ပြန်တဲ့သူတွေမှ အများြုကီးကို ကိုယ်ကလိုက်ပို့တဲ့သူတဲ့ဗျာ။
ခိုင်ဇာ
February 9, 2013 at 4:27 pm
မလွမ်းပါနဲ့အေ။ လွမ်းရက်ဆက်ရင် ဘာမှ လုပ်ချင်စိတ်မရှိပဲ နုံးနေတတ်တယ်။
မပူနဲ့ ညီမလေး။
ဒီပိတ်ရက်ရှည်ကို စီလုပ်ကို သွားမယ်။ (Chinese Garden)
ဂျာပွန်ကိုလည်းသွားမယ်။ (Japanese Garden)
သူ တို့နှစ်ခုကလည်း နီးတယ်လေ။
:harr:
ရွှေ ကြည်
February 12, 2013 at 7:03 pm
အစ်မရေ အင်ဒိုက ဘာတန်ဆိုလားသွားလိုက်တာငွေကုန်သံပြာဖြစ်လာတယ် 😆
စလုံးမြေကလွတ်ပြီးရောဆို သွားလိုက်တာ ပြောကိုမပြောချင်တော့ဘူး ……။
Mr. MarGa
February 9, 2013 at 5:26 pm
402 ဆိုတော့ ခေါင်းထဲကို ပထမဆုံးဝင်လာတာက ကွန်ပျုတာတက္ကသိုလ်၊ ဂုဏ်ထူးတန်းမှာသင်ရတဲ့ဘာသာရပ်လေ
သချာင်္ (Computational Mathematics) ကို 402 လို့ခေါ်တယ်။
တတိယနှစ်မှာတော့ 302 ပေါ့
ဖတ်ကြည့်တော့မှ အခန်းနံပါတ်ဖြစ်နေတာကိုး
ဒီတစ်ခါ ရန်ကုန်ရောက်ရင် ဝင်ပြီးတော့ အလွမ်းဖြေပေါ့ကွယ်
ရွှေ ကြည်
February 12, 2013 at 7:05 pm
သိကြားမင်းရေ ကျောင်းသင်ခန်းစာဆိုဘာမှမသိတော့ဘူး
ရန်ကုန်ရောက်ရင်အရင်ဆုံးသွားမှာအဲဒိအခန်းကသူငယ်ချင်းတွေဆီကိုပေါ့။
padonmar
February 9, 2013 at 7:58 pm
ရွှေကြည်ရေ
ခုထိတော့ အခန်းလေးကို လွမ်းနေသေးတာပေါ့နော်။
အခန်းလေးနဲ့ သူငယ်ချင်းတွေထက် ပိုချစ်ရမယ့်သူပေါ်လာတဲ့ အခါကျရင်တော့……..
ရွှေ ကြည်
February 12, 2013 at 7:07 pm
အန်တီပဒုမ္မာရေ ပိုချစ်ရမယ့်သူဆိုတာဘယ်တော့များမှပေါ်မလဲဆိုတာတော့
ငွေရောင်ပိတ်ကားပေါ်မှာသာစောင့်မျှော်ရှုစားရပေဦးမည်။ လောလောဆယ်တော့……
Mobile
February 9, 2013 at 8:50 pm
ဖတ်ရှု့အားပေးသွားတယ်ဗျို့ ရွှေကြည်လား ရွှေနှောက်လားရေ……..
ရွှေ ကြည်
February 12, 2013 at 7:09 pm
ရွှေကြည်ပါတော် ကိုရင်ကလည်း မတွေ့တာကြာတာနဲ့ ရွှေကြည်လား၊နောက်လားတောင်မသိတော့ဘူးလား 😆
ဦးကြောင်ကြီး
February 10, 2013 at 11:44 pm
ဒကောင်တွေများ လွမ်းစရာမှတ်လို့ ရွှေကြည်ဂလေးရယ်.. ပြန်လာရင် ဦးကြောင်ဆီ တန်းဝင်လာခဲ့… အားလုံး ပြည့်စုံစေရမယ်…. အာဗွားစ်..။
ရွှေ ကြည်
February 12, 2013 at 7:11 pm
အောင်ကြူးဆီလာရဲဘူး လာဘူး ဒါဗြဲ :harr:
MaMa
February 13, 2013 at 8:47 am
ချစ်ခင်ရတဲ့ သူငယ်ချင်းမိတ်ဆွေဆိုတာလည်း ဒုတိယ မိသားစုလိုပဲ။
ပထမ မိသားစုပြီးရင် အဲဒီ ဒုတိယ မိသားစုက ဘဝအတွက် အားပြည့်ဆေးတစ်မျိုးမို့ တကယ်ကို လိုအပ်ပါတယ်။
ချစ်ရွှေကြည်လေးလည်း အနေကြာလာတာနဲ့အမျှ ကိုယ်ရောက်ရှိရာပတ်ဝန်းကျင်မှာ ဒုတိယ မိသားစုတွေ ထပ်တွေ့ပြီး ပျော်ရွှင်နိုင်ပါစေ။ :hee:
alinsett (gazette)
March 22, 2014 at 11:01 am
အခုတော့
မမရွှေကို လွမ်းနေရပြီ
🙂