လူပျိုသိုး နဲ့ တစ်ညသ၌ .. ဒီအန့် …
+++++++++++++++++++++++++++++++++++
လူပျိုသိုး နဲ့ တစ်ညသ၌ – ၁ ကို ဖတ်ချင်ရင်
လူပျိုသိုး နဲ့ တစ်ညသ၌ – ၂ ကို ဖတ်ချင်ရင် ……..
+++++++++++++++++++++++++++++++++++
ဒါ ဇာတ်သိမ်းပိုင်းပေါ့ဗျာ …….
ဟို ဒုတိယ အပိုင်းမှာ မတ်ကြီးက အေးမေ ကို ရည်းစား စကားပြော၊ အဖြေ ချက်ချင်း တောင်းဖို့အတွက် သူ့ဘော်ဘော်တွေနဲ့ လောင်းကြေးတွေ ထပ်လို့ ဖိုးသာထူး တဲထဲကနေ ယိုင်တိုင်တိုင်နဲ့ ထွက်သွားခဲ့တယ် ….
+++++++++++++++++++++++++++++++++++
မတ်ကြီး ထွက်သွားချိန်က ည ၁ဝ နာရီ ဝန်းကျင် ….
တောဘက်တွေမှာ ည ၁ဝ နာရီဆိုတဲ့ အချိန်ဟာ အတော့်ကို မှောင်မိုက်နေပြီ …
ဗွီဒီယို ရုံလည်း ပြီးပြီ …။ အိမ်တိုင်းလည်း မီးမှိတ်ပြီ …..။
သရဲကြောက်တတ်သူဆို ရွာထဲတောင် လျောက်မသွားရဲတော့ ….။
ဟုတ်တယ် …. တောရွာဘက်က သရဲ ပေါတယ် …
ညဘက် ကိုယ်အိမ်ထဲ နေရင်းတောင် .. တစ်ခါတစ်ခါ ငုတ်တုတ်ကြီး လာထိုင်ပြတတ်တာ …..
တစ်ခါသား … ကျုပ် ရွာပြန်တုန်းကပေါ့ ….
အဲ့ဒီတုန်းက ကျုပ်တို့ ရွာဘက်မှာ ဆိုင်ကယ်ဆိုတာ မရှိသေးဘူး …
ရွာက မြို့တက် ဈေးရောင်းဈေးဝယ်တဲ့ ကားနှစ်စီးပဲ ရှိတယ် …
အဲ့ဒီ ကားတွေက ရွာပြန်ရောက်ချိန်ဆို ည ၁ဝ နာရီ ဝန်းကျင်လောက်ပဲ …
တစ်ခါတစ်ခါ ကျန်တဲ့ ရွာတွေပါ ပစ္စည်းလိုက်ပို့ရင်း ဝင်နေရင် သန်းခေါင် နီးပါးပဲ ….
အဲ့ဒီ အချိန်တုန်းက ကျုပ် ပြန်ရောက်သွားတာ ည ၁၁ ဝန်းကျင်လောက်ပဲဗျ ….
ကျုပ်အိမ်က ရွာမြောက်ပိုင်းမှာ ရှိတယ် …
ကားက တောင်ပိုင်းကားဆိုတော့ တောင်ပိုင်းမှာ ရပ်တယ် …
ဒါနဲ့ အဖော်စပ်မလို့ လိုက်ရှာကြည့်တော့ … မြောက်ပိုင်းကလူ တစ်ယောက်မှ မတွေ့ ….
ဒါနဲ့ … သတ္တိတွေ မွေးလို့ မြောက်ပိုင်း လမ်းထဲကို တစ်ပွေတည်း ချိုးဝင်ခဲ့တာပေါ့ဗျာ ….
ကျုပ်က ရန်ကုန်က ပြန်လာတာ …
မိဘ တွေကိုလည်း အံ့ဩသွားစေဖို့ ဆိုပြီး ကျုပ်ပြန်လာမယ့် အကြောင်းကို ကြို အသိမပေးခဲ့ဘူး …
ခုတော့ … မှောင်မှောင်နဲ့ မဲမဲ .. ဓါတ်မီးကလည်း မရှိ … စမ်းတဝါးဝါးနဲ့ ပြန်လာခဲ့ရတာပေါ့ဗျာ …
မြွေပါး ကင်းပါး ကလည်း ကြောက်ရ၊ မမြင်ရတဲ့ သရဲလည်း ကြောက်ရနဲ့ …..
မြောက်ပိုင်း လမ်းပေါ်မှာ ကျုပ် တစ်ယောက်တည်း ခပ်လန့်လန့်နဲ့ပဲ သုတ်ခြေ တင်ခဲ့ရသည်ပေါ့ ……
တော်သေးတယ်လို့ ပြောရမယ် …
လမ်းမှာ ဘာမှ မဖြစ်ခဲ့ဘူး … ခေါင်းပြတ်ကြီး တွေ့ရတတ်တဲ့ တမာပင်ကြီးရှေ့က ဖြတ်တဲ့ အခိုက်မှာလည်း …
ကြက်သီးမွေးညှင်းတွေ ထမိပေမယ့် …
ဘာမှတော့ မတွေ့ခဲ့ရပါဘူး … (((ဘယ်တွေ့မလဲ … မျက်လုံး မှိတ်ပြီး သုတ်ခြေတင်ခဲ့တာကိုး … ဟဲဟဲ …)))
အိမ်ရှေ့လည်း ရောက်ရော … တံခါးက ပိတ်ထားတယ် …
ဒါနဲ့ … အိမ်ထဲက လူတွေကို လှမ်းပြီး အော်ဟစ် ခေါ်ရတာပေါ့ ….
အောင်မလေး … အဲ့ဒီ အချိန်မှာပေါ့ဗျာ ….
မဲမဲ အကောင်ကြီးဗျာ …
လမ်းမထက် ဟိုးအဝေးကနေ တလှိမ့်လှိမ့်နဲ့ ကျုပ်ဆီကို လာနေတာ တွေ့လိုက်ရတယ်ဗျ …
ကြောက်မိလိုက်သမှ .. ရှိသမျှအမွေး အကုန် ထောင်သွားသလား အောက်မေ့ရတယ် ….
ဒီအခါ … အိမ်ထဲက အိပ်နေတဲ့ လူတွေကို အားကုန် ဟစ်ပြီး နိုးတော့တာပဲ …
တော်သေးတယ်လို့ ပြောရမယ် … အိမ်အပေါ်ထပ်က မီးလေး ဖြတ်ခနဲ ပွင့်လာတယ် ….
အဖေ ဆင်းလာပြီး တံခါး ဖွင့်ပေးတယ် …
ဟို မဲမဲနဲ့ လိမ့်လာတဲ့ အကောင်ကြီးကတော့ ပျောက်သွားတယ် ….
တော်ပါသေးရဲ့ … နောက်များမှ ဒီအကြောင်း သူများတွေကို မေးကြည့်တော့ …
အဲ့ဒါ … ကိုရွှေရိုး တို့ အိမ်ရှေ့က မန်ကျည်းပင်မှာ နေတဲ့ အကောင်ကြီးတဲ့ …
ဒါကတော့ စပ်မိတုန်း ပြောပြတာ … မယုံရင် ပုံပြင်လို့သာ မှတ် ….
အဲ … အဲ … ကိုယ့်အကြောင်း ဖောရင်းနဲ့ ဇာတ်လမ်း ပြတ်သွားတယ် …
ကဲ … ကဲ … ပြန်ဆက်လိုက်ဦးမယ် ….
မတ်ကြီးက ည ၁ဝ နာရီလောက်ကြီး ရွာထဲကို ဝင်ချသွားတယ် …..
သူ သမီးရည်းစား ပြောပြီး အဖြေတောင်းမယ့် အေးမေ တောင် ဒီအချိန်ဆို အိပ်တောင် အိပ်နေလောက်ပြီ ….
မတ်ကြီး ပုံစံ ကြည့်ရတာတော့ ….
အေးမေ အိပ်နေရင်တောင်မှ နိုးပြီး ရည်းစား စကားပြော၊ ပြီးရင် အဖြေတောင်းမယ့် ရုပ်မျိုး ….
လူက မူးနေတာကိုးဗျ ……….
+++++++++++++++++++++++++++++++++++
အေးမေတို့ အိမ်က ရွာ အနောက်တောင်ပိုင်းမှာ ရှိတယ် ….
မတ်ကြီးရဲ့ ယိုင်တိုင်တိုင် ခြေလှမ်းတွေကလည်း အဲ့ဒီ ဘက်ကိုပဲ ….
ကိုအော်ကြီးတို့ အိမ်ရှေ့ အရောက်မှာ … ကိုအော်ကြီးရဲ့ အချစ်တော် … ဆိုးပေ ဆိုတဲ့ ကောင်က …
မတ်ကြီးကို ထိုးဟောင်တော့တာပဲ ….
မတ်ကြီးကို ဒီလိုလုပ် .. အဲ .. ဒီလို လာဟောင်လို့ ဘယ်ရမလဲ ….
အဆင်သင့် ခါးကြားလိပ်ထားတဲ့ ထန်းလျက်ခဲကို ထုတ်ပြီး ဆိုးပေကို ပစ်ထည့်လိုက်တာပေါ့ ….
ဆိုးပေ ဆိုတဲ့ ကောင်ကလည်း ထန်းလျက်နံ့ဆို အတော် သိတတ်တဲ့ ကောင် …
ချက်ချင်းကို အဟောင် တိတ်သွားတယ် …..
ပြီးတော့ အသံတွေ ထွက်လာတယ် … ပလပ် .. ပလပ် .. ပလပ် …..
ဒီလိုနဲ့ ဆိုးပေကို အောင်မြင်စွာ ကျော်ဖြတ်လာတဲ့ မတ်ကြီး တစ်ယောက် ….
အေးမေ တို့ အိမ်နားကို ရောက်လာခဲ့သည်ပေါ့ …
((လျှာရှည်နေလို့ ဟန်မှာ မဟုတ်ဘူး။ မြန်မြန်ဆက်မှ၊ တော်ကြာနေ ဆုတောင်းသံတွေ ကြားနေရဦးမယ် … ဟဲဟဲ))
အေးမေတို့ အိမ်နဲ့ မျက်စောင်းထိုးက ဘပုတို့ အိမ် ….
အဲ့ဒီ ဘပု ဆိုတဲ့ အဖိုးကြီးက အတော်ဆိုးတဲ့ လူကြီး ….
စကားပြော ကပ်လိုက်၊ ကြွားတတ်လိုက် တာလည်း မပြောပါနဲ့တော့ ….
သူ့ဆို ဝေါင်ဝေါင်ရှေး ဝေးဝေးရှောင် ကြတယ် …
သူ့အိမ်ရှေ့မှာလည်း တမာပင်ကြီး တစ်ပင် ရှိတယ် …..
ဘပု စကားအရ ဆိုရင် အဲ့ဒီ တမာပင်ကြီးက ရွာစတည်ကတည်းကတဲ့ ……
ဒီနေရာမှာ သီချင်းလေး တစ်ပိုဒ်လောက် သီဆိုခွင့် ပြုပါ ….
.…. လာပါပြီ ကျနော်များ … အညာသား အုပ်စုပါ …
….. ဟုတ်တာ မဟုတ်တာ အပထား … ဟန်ရေး ပြဖို့ပါ ………
ဒီသီချင်းလေး အတိုင်းဆို ဘပု စကားကလည်း ဟုတ်တာ မဟုတ်တာ အပထား …
ယုံလိုက်ဖို့က အဓိကပါလို့ ဆိုရမလို ဖြစ်နေပါပြီ …….
ဟုတ်တယ် … ဘပု ဆိုတဲ့ အဖိုးကြီးက သူပြောလိုက်ရင် ပုတ်သင်ညိုဖြစ်မှ ကြိုက်တတ်တာ ……..
တကယ် .. တကယ် … မယုံရင် မေးတာကြည့်ပေတော့ … လက်နှစ်လုံးလောက်တော့ ရှိပေမပေါ့ …….
+++++++++++++++++++++++++++++++++++
မတ်ကြီး တစ်ယောက် အေးမေတို့ အိမ်နားကို ရောက်ပြီ …..
သူ့ မျက်လုံးတွေကလည်း ထန်းရည် အရှိန်နဲ့ ရီဝေဝေ ……
သူ့ ခြေလှမ်းတွေကလည်း အတတ်နိုင်ဆုံး ကြိုးစားထိန်းပြီး လျောက်နေရတယ် ….
အရေးထဲ .. သေးက ပေါက်ချင်လာတယ် ….
ဒါပေမယ့် အောင့်ထားရတယ် …
မဖြစ်ဘူး … ဘပု အိမ်နား တစ်ဝိုက်က လူတွေရဲ့ အကြောင်းကို မတ်ကြီး ကောင်းကောင်း သိထားတယ် …
ကိုယ်က ကော့ပန်း နေတဲ့အခိုက် အမှတ်တမဲ့ တွေ့သွားလို့ ရှိခဲ့ရင် ….
သူ့ အဖြစ်က မတွေးဝံ့စရာ …
မတ်ကြီး မူးနေပေမယ့် … ဒီအချက်ကိုတော့ ပြက်ရယ် မပြုရဲဘူး ….
အရူးပါး မဟုတ်ဘူး … အမူးပါး မတ်ကြီး ပေါ့ ခင်ဗျာ ………
ဒီလိုနဲ့ အောင့်ခံ ချမ်းသာကွ ဆိုတဲ့ စကားကို ရင်ဝယ်ပိုက်လို့ …
မတ်ကြီး တစ်ယောက် ယိုင်ထိုး ယိုင်ထိုးနဲ့ လျောက်လာလိုက်တာ ….
ဘပုတို့ အိမ်နားကို ရောက်ပါလေရာ …..
အဲ့ဒီ အခါ …. အဲ့ဒီ အခါမှာပေါ့ ……….
လားးးး လားးးး (((မြင်း မဟုတ်)))
အပျိုချောလေး တစ်ယောက်ပါတကား …..
သူ့ဆံကေသာကလည်း လရိပ်အောက်မှာ အရောင်တွေ ဖြာထွက်နေသလား ….
အဖြူရောင် ဝတ်စုံလေးကလည်း အီလန် နဲ့ ဖွတ်လျှော်ထားလေသလား …
ပြောင်လို့ …. လက်လို့ …..
မတ်ကြီး တစ်ယောက် အဲ့ဒီ အပျိုချောလေး ကို တွေ့လိုက်ရတော့ ….
အေးမေ ကိုတောင် မေ့သွားတယ် … တကယ် .. တကယ် …
မတ်ကြီး လို ကျားမျိုးက အဲ့လိုဘဲ … ဟဲဟဲ …..
အပျိုချောလေး ရှိနေတာက ဘပု အိမ်ရှေ့က တမာပင်ကြီး အောက်မှာ ….
တစ်ယောက်တည်း …. ရပ်လို့နေပါတယ် …..
မတ်ကြီး ဘက်ကို ကျောပေးလျက် အနေအထားပေါ့ …….
“” တစ်ယောက်တည်း ပါလားကွယ် ….
မကြောက်နဲ့ မောင်မောင်မတ် ရှိတယ် …
အိပ်မရဘူးလား … မောင်မောင် ချော့ကာ သိပ်ပေးမယ် …
တကယ် … တကယ် ….
ကောင်မလေးရယ် …
လရိပ်အောက်ဝယ် …
မင်း အလှက ဟောဒီ ရင်ဘတ်ကို ဖမ်းစားသွားလေတယ်
မောင်မောင်မတ် ချစ်မိသွားပြီကွယ် ….””
ဒါက … မတ်ကြီး ကျူးရင့်လိုက်တဲ့ အသံ ………
အဲ့ဒီလို မတ်ကြီးက ကျူးရင့်လို့ ကောင်မလေး အနားကို ကပ်သွားတယ် ….
အောင်မယ် … မတ်ကြီးက မူးသာ မူးနေတာ ….
ဘေးဘီဝဲယာကို မျက်လုံးလေး ကစားလို့ ပတ်ဝန်းကျင်ကို အကဲခတ်လိုက်သေး ….
ဟုတ်တယ်လေ …
အကယ်၍များ တစ်ယောက်ယောက်ကများ မြင်သွားရင် မကောင်းတတ်ဘူး ……
အားလုံး အိုကေ …..
ခွေးတွေလည်း မဟောင် …
လူရိပ်လူယောက်ကလည်း ရှင်းနေတဲ့အခိုက် …
ဒီအခါ မတ်ကြီးက အပျိုလေးကို နှိုက် … အဲ .. အဲ .. ကာရံ ချော်သွားတယ် .. ဖွာတေး …
မတ်ကြီးက အဖြူရောင် ဝတ်စုံလေးနဲ့ ကောင်မလေး …. ((မတ်ကြီး အထင် ကိုစာကြီး သမီး အငယ်မ မြရည်))
ကောင်မလေး နောက်ကို ကပ်လို့ …. ရည်းစား စကား ပြောတယ် ….
“မြရည် ရယ် … ငါ နင့်ကို ချစ်တယ်” ….. တဲ့ ……..
“နင်လည်း ငါ့ကို ပြန်ချစ်” …….. တဲ့ ………
မှတ်ထားကြနော် … အဲ့ဒါ … မတ်ကြီးရဲ့ ရည်းစားစကားပြောနည်း ….. ဟီးဟီး ….
အောင်မာ … မတ်ကြီးက ဒီလို ပြောပြီး သွားကြီး ဖြီးနေလိုက်သေး ….
အငဲ စကားနဲ့ ပြောရရင် … လူကြီး ရှက်လို့ ရှိရင် စပ်ဖြီးဖြီးကြီး …… ပေါ့ဗျာ ……..။
မတ်ကြီး ဒီလို ပြောလိုက်ပေမယ့် ….
မြရည် ဆိုတဲ့ ကောင်မလေးက ဘာမှကို ပြန်မပြောဘူး ……
ဒေါသအိုး ပေါက်ကွဲ သွားလေသလား ….
ပျော်ပဲ ပျော်သွားလေသလား မပြောတတ် …….
ဒါနဲ့ … မတ်ကြီးလည်း မထူးပါဘူးကွာ ဆိုပြီး …
အဖြူရောင် ဝတ်စုံလေးနဲ့ မြရည်ရဲ့ ပုခုံးလေးကို အသာကိုင်လိုက်တယ် …..
အလဲ့ ……. ဟိုက အေးဆေးပဲဟ …..
ဒီအဆင့်တောင် အိုကေနေပြီဆိုတော့ … မတ်ကြီးလည်း အားရကျေနပ်မှု အပြည့်နဲ့ …
လာလေရော့ ဆိုပြီး ………..
ဟိုဘက် လှည့်နေတဲ့ မြရည်ကို သူ့ဘက် ဆွဲလှည့်လိုက်တယ် …..
သူ့ စိတ်ထဲမှာတော့ … မြရည်ရဲ့ ရှက်သွေးလွှမ်းနေတဲ့ ပန်းရောင်သမ်း မျက်နှာပန်းလေးကို တွေ့ရလိမ့်မယ်ပေါ့ …….
သို့သော် …… သို့သော် …… သူ တကယ် တွေ့လိုက်ရတာကတော့ ……………
………………………..
……………………………………………
……………………………………………………..။
+++++++++++++++++++++++++++++++++++
အဲ့ဒီနေ့ညက ….
မတ်ကြီးတစ်ယောက် ရွာဦးကျောင်း ဆရာတော်ရဲ့ ရေမန်းကို သောက်လိုက်ရတယ် ….။
ပြီးတော့ တစ်ပတ်လောက် ဖျားသွားတယ် ……။
အဖျားက သက်သာ လာရင်လည်း …
ဟိုအကောင်တွေ (ရဲစီး၊ ငတိုက်၊ အုပ်ကြီး၊ အေဘူး) ကို လောင်ကြေး လျော်ရဦးမယ် ….။
ဒီလိုနဲ့ … မတ်ကြီး တစ်ယောက် အဲ့ဒီညက သူ့အဖြစ်ကို တွေးမိတိုင်း …..
အေးမေးကို ရည်းစား စကား ပြောဖို့တောင် ရှိန်သွားပါတော့တယ် ………..။
+++++++++++++++++++++++++++++++++++
မတ်ကြီး တွေ့တာ ဘာလဲဆိုတာကို သိချင်ပါက ….
ဒီဂဇက်ရွာကြီး အတွင်းမှ အမတ်မင်း ဆိုသူအား မေးမြန်းကြပါကုန် ……….။
အထက်ပါ ဇာတ်အတွင်း နာမည်များ ဆင်ဆင်တူနေသူများကိုလည်း ခွေးလွှတ်ပေးကြပါရန် ……
စိတ်ရှည်လက်ရှည် ဖတ်ရှုပေးသွားကြကုန်သော ကျုပ်ပရိသတ် (အလဲ့) … လဂါးစတာပါလို့ …
ရွာသူားအပေါင်းကိုလည်း ရှဲရှဲ တိုင်းကျူး အကြီးကြီး ပါကြောင်း ……..။
+++++++++++++++++++++++++++++++++++
by – မဟာရာဇာ အံစာတုံး
+++++++++++++++++++++++++++++++++++
15 comments
P chogyi
February 14, 2013 at 9:41 am
ဪအခုတော့ မောင်အံတစ်ယောက်ဆုံးရှာပေါ့။
ဇာတ်လမ်းဆုံးသွားတာပြောတာပါ။
ခိုင်ဇာ
February 14, 2013 at 9:41 am
ဟိ။
ဘာရမလဲ။ ငါ ကွ။
နင့် ပို့(စ) ကို သီအန့် မြင်မှ အကုန်လိုက်ဖတ်ပလိုက်တာ။
မတ်ကြီး ဘာမြင်တုန်းဆိုတာ သူ့မေးရဦးမယ်။
မန်ယူကြည့်ပြီး အိပ်ရေးပျက်တယ်ဆိုလား။
ခုတော့ သိဘီ။ မန်ယူသွားကြည့်တာဟုတ်ဘူးပေါ့။
ဟေးဟေးဟေး။
:harr: :harr: :harr:
ဘဲဥ
February 14, 2013 at 9:44 am
ဟဲ့ဟဲ့ ဟိုကောင်မလေးက ဘာပြလိုက်လို့ အဲ့လောက်ဂျီး အလန့်ဒဂျားဖစ်တွားရဒါဒုံး
ဟို ကျောင်းသားဟာသကားထဲကလို ခေါင်းကို အိပ်စွပ်လိုက် ပြီးဒါဘဲ
:harr:
panpan
February 14, 2013 at 11:53 am
ကောင်းလယ်ကောင်းလယ်
တခါတည်း အသက်ပါသွားဖို့ ကောင်းလယ်
:harr:
လူကလေး
February 14, 2013 at 11:54 am
အင်း.. ပြီးသွားပြန်ပေါ့ တစ်ပုဒ်..
ဇာတ်လမ်းထက် ဇာတ်ကောင်တွေဖြစ်တည်လာပုံက ပိုကောင်းသလားလို့ ..
အံစာအတုံးကြီးက နာမည်ပေးတော်တယ်နှော့..
မဟာရာဇာ အံစာတုံး
February 14, 2013 at 12:57 pm
ဟက်ကဲ့ …
ဝန်ခံရရင် …
ဒီဇာတ်က ဇာတ်ကောင်ကို အဓိကထားတာပါ …
ဇာတ်လမ်း ကြောရိုးကတော့ …
ရွာမှာ မူးပြီး လူပျိုလှည့်မိတဲ့ လူတစ်ယောက် …
ညဘက်ကြီး လမ်းတစ်ကာ လှည့်သွားရင်း …
ဂျက်လပိန်း သရဲမ (မှန်လားတော့ မသိဘူး) နဲ့ တွေ့တဲ့ အဖြစ်လေးပါပဲ …
မျက်နှာဗလာ သရဲမ ပေါ့ဗျာ …..
အဲ့ဒါကတော့ ကျုပ်တို့ရွာမှာ တကယ် ဖြစ်ခဲ့တာပါ ဆိုတဲ့အကြောင်း ……
++++++++++++
အာဘွားပေး .. အဲ .. အားပေးသွားဂျဘာဂုန်သော ..
အရပ်ကတို့အား ..
ကျေးဇူး အထင်ပင် တင်ရှိဘာဂျောင်း …..
ချစ်တဲ့ ………
အံချာဒုံး
ဘဲဥ
February 14, 2013 at 1:42 pm
မျက်နှာဗလာသရဲမဆိုတော့ ကောင်းဒါပေါ့အေ့
ပန်းချီဆြာကိုခေါ်ပြီးတော့ ကြိုက်တဲ့ပုံစံဆွဲခိုင်းလို့ရဒယ်
ဝတ်မှုံလေးလား ၊ နမ်းချင်ဇယာလေးလား၊ ပြည်တွင်းမော်ဒယ်တွေတင်မဟုတ်ပဲ
ကမ္ဘာကျော် မော်ဒယ်တွေပုံကို ချယ်ပလိုက်လို့ရဒလယ်
ပြီးရင်တော့ လာထား အာဘွား :harr:
ရွှေ ကြည်
February 14, 2013 at 1:38 pm
ဖြစ်မှဖြစ်ရလေ အူးအမတ်ရယ် မျက်နှာဗြောင်ဖြစ်လည်းဘာဖြစ်သေးတုန်း မျက်နှာမကြည့်နဲ့ပေါ့
တော်သေးတယ် အဆုံးထိတင်ပြီးမှဖတ်မိလို့ မဟုတ်ရင် ဒန့် တန့် တန့် ဖြစ်တော့မလို့။
မိုက်ကယ်ဂျော်နီအောင်ပု
February 14, 2013 at 1:39 pm
အောင်မာအောင်မာ ငမူး မတ်ကြီး !!!!!!!!!!
ကျုပ်အိမ်ဘေးက ကျုပ်မျက်စေ့ရှေ့တင်
ထွားထွားကြိုင်းကြိုင်း ငွားငွားစွင့်စွင့် တစ်တစ်ရစ်ရစ် ပြည့်ပြည့်ဖြိုးဖြိုး မို့မို့ဖေါင်းဖေါင်း
ကြီးလာတဲ့ကောင်မလေးကို ညဖက်အောက်လာနှိုက်တာ ကျုပ်ကသိနေဒဲ့ဥစ္စာ
( သိဆို ကောင်မလေးကျုပ်ရှေ့တင်
ထွားထွားကြိုင်းကြိုင်း ငွားငွားစွင့်စွင့် တစ်တစ်ရစ်ရစ် ပြည့်ပြည့်ဖြိုးဖြိုး မို့မို့ဖေါင်းဖေါင်း ဖြစ်လာဒါဂိုးးး )
သူလာမယ်သိလို့ ကောင်မလေးကိုနေရာပြောင်းခိုင်း
ခေါင်းအုံးတွေကိုစောင်ခြုံပေးထားလိုက်ပြီး
ကြွက်ထောင်ချောက်သုံးခုထားထားလိုက်တယ်
အပေါ်ပိုင်းလောက်မှာ တစ်ခု
အလယ်ပိုင်းလောက်မှာတစ်ခု
အောက်ပိုင်းလောက်မှာတစ်ခု
မူးတယ်သာပြောတယ် မတ်ကြီးတို့ အောက်ပိုင်းကနေစပြီးနှိုက်တယ်
ဒီဂျားထဲကျုပ်အိမ်ရှေ့ ကစာခြောက်ရုပ်ကို သရဲဆိုပြီးလုပ်လို့
ဆရာတော်ပါ ရေမန်းတွေအချောင်မန်းပေးလိုက်ရသေး
မောင်ပေ
February 14, 2013 at 8:41 pm
ကိုအောင်ပု လာမှပဲ
အောက်ကစ နှိုက်တဲ့ အမတ်ကြီး ဖြစ်ရရှာပေါ့လေကွယ်
ဟားးးး
Mr. MarGa
February 14, 2013 at 2:12 pm
ဪ မောင်မတ် မောင်မတ်
တဏှာအလိုကို လိုက်မိတာကိုးကွယ့်
နောက်ဆို ဆင်ခြင်ပေါ့ကွယ်
အင်းးးးးးးးးးးးးးးးးးးး
အဝိဇ္ဇာ ၊ တဏှာ
ဘာမှ မကောင်းပါလားကွယ်
အနိစ္စ
နွေဦး
February 14, 2013 at 4:32 pm
မျက်နှာ လှည့်ကြည့်ဖို့ လိုလို့လား..။
weiwei
February 14, 2013 at 7:42 pm
ဒီအန့်မြင်မှ အစအဆုံး ဖတ်လိုက်တာ အရမ်းမှန်သွားတယ် .. :kwi:
kyeemite
February 15, 2013 at 1:13 pm
တော်တော်ရက်စက်တဲ့ အံဇာတုံးပဲ
နင့်စိတ်ကူးဇတ်လမ်းမှာတောင်
အမတ်ကြီးကို ဆော်ပေးမကြည်တော့…
အပြင်မှာဆိုသေပီဆြာပေါ့..လူဇိုး.. :kwi:
လုံမလေးမွန်မွန်
February 15, 2013 at 10:53 pm
ဇာတ်လမ်းရေးထားတာ လုံးဝကောင်းလွန်းလို့..ကောင်းတယ်ဆိုတာပဲ ပြောတတ်ပါတယ်လို့… 🙂