“ဆောင်းအကြွင်း ရက်များက မန်းလေး”









“ဆောင်းအကြွင်း ရက်များက မန်းလေး”
အခုရက်က ဆောင်းပြန်ပြေးတဲ့ရက်တွေပါဘဲ။
အဲတော့ မြူမှုန်တွေက ပိတ်ပိတ်ဆီးဆီးဆိုတော့ ပါတ်ဝန်းကျင်က မကြည်မလင်။
အထူးသဖြင့်နံက်ခင်းလေးတွေမှာ နေအလင်းရောက်လာပေမယ့် မူန်ရီဝေဝေ။
ဒီလိုနံနက်ခင်းလေးတစ်ခုမှာအလုပ်ကိစ္စနဲ့မြောက်ပြင်ဘက်ကိုအသွား
ကျုံးနံဘေးရောက်တဲ့အခါ မူန်ဝေဝေ မြင်ကွင်းကြားမှာ မြို့ရိုးနီညို ထန်းပင်ညိုတိုတို
ရေပြင်စိမ်းစိမ်း ကောင်းကင်ပြာပြာ မှာ လက်ပံပင်လေးတစ်ပင်က မြိုရိုးနောက်ကတိုးထွက်နေတာမြင်လိုက်ရပါတယ်။
ဒါနဲ့ဘဲဆိုင်ကယ်ကိုရပ်ပြီးလက်ဆော့ထားတာလေးကိုတင်ပေးလိုက်ပါတယ်။
ကိုပေါက်လက်ဆောင်မြန်မာပြည်မှအလှတရားများ
16-2-2013
16 comments
ဗုံဗုံ
February 22, 2013 at 10:37 am
နံပါတ်သုံး ပုံလေးကြည့်ပြီး လွမ်းလိုက်တာဟယ် ဘယ်ဆီကိုလွမ်းလို့လွမ်းမှန်းမသိ ဘယ်သူ့လွမ်းလို့လွမ်းရမှန်းမသိ သင်္ကြန်တောင်ရောက်တော့မှာပါလား နွေဦးပေါက်ရင် ဘယ်မှမသွားချင်ဘူး ဇီးယိုစားနေတာတောင်မှ လူက လွတ်ချင်ချင်မို့လေ
ကိုပေါက်(မန္တလေး)
February 22, 2013 at 12:55 pm
အဲတော့ လူကြိးများ ဝတ္တရားရှိတဲ့အတိုင်း ဗေးကလုံ တိတိကျကျ လွမ်းရအောင် လွမ်းစရာလူတစ်ယောက်လောက်တော့ရှာပေးမှဖြစ်တော့မယ်။
ခိုင်ဇာ
February 22, 2013 at 10:44 am
မန်းလေး။
မန်းလေး။
ချစ်ရပါသော မန်းလေး။
လွမ်းရပါသော မန်းလေး။
:byae:
:byae:
ကိုပေါက်(မန္တလေး)
February 22, 2013 at 12:56 pm
နောက်ရက်မှ သုမောင်ဆိုထားတဲ့ မန္တလေးအလွမ်း ဆိုတဲ့ သီချင်းလေး ညည်းဆီပို့ပေးလိုက်အုံးမယ်
Myo Thant
February 22, 2013 at 11:16 am
မန္တလေးကို မလာ လာချင်အောင် လုပ်နေသလိုပဲ ၊
အတော်ဆိုးတဲ့ ဆရာပေါက်
ကျနော်ရောက်မှ မပြေးနဲ့နော်
စကားမစပ် ပုံ ရ လေးကြိုက်တယ် ။
ကိုပေါက်(မန္တလေး)
February 22, 2013 at 12:58 pm
မန်းလေးကတော့ ရောက်အောင်လာပါ၊
ပုန်းမနေပါဘူးဗျာ။
ဖုန်းလေးဘဲ ပိတ်ထားမှာပါ။
မဟာရာဇာ အံစာတုံး
February 22, 2013 at 11:28 am
ဒီ နန်းမြို့ရိုးကြီး မြင်မိတိုင်း
မန်းလေးကို ရောက်ချင်မိတယ် ..
တကယ် … တကယ် …
မရောက်ရောက်အောင်ကို လာခဲ့ဦးမယ် ..
ကြိုနေကြကွယ် …
ကိုကိုအံ လာဂဲ့မယ် မန်းလေးကို ..
ကိုပေါက်(မန္တလေး)
February 22, 2013 at 1:00 pm
လေမလာနဲ့လူလာ၊
မင်းမှာတာလေး ရှာထားပြီးပါပြီ
Ma Ei
February 22, 2013 at 12:57 pm
မြူမူန်ကျတဲ့မနက်မှာ
လက်ပန်နီနီတွေနဲ့ ပဏ္ဏာရ
မြိုရိုး ကြီးရဲ့ထန်းပင်တွေ
ရေထဲမယ် ယိမ်းက
လွမ်းအောင်လှ…
ကိုပေါက်(မန္တလေး)
February 22, 2013 at 1:01 pm
သတင်းကောင်း
မယ်အိရေ
နေကြာပန်းခင်းကြီးကိုလက်ဆော့ပြီးပါကြောင်း။
နောက်ရက်တင်ဘို့ပြင်ဆင်နေပြီဖြစ်ပါကြောင်း။
နေကြာပွင့်အနီးကပ် ဒီတစ်ခါဘဲမြင်ဘူးပါကြောင်း။
အတော်လှပါကြောင်း။
မောင် ပေ
February 22, 2013 at 1:24 pm
ဆောင်းအကြွင်း
ကျောင်းအတင်း
ရောင်းပုလင်း
ပြောင်းတစ်ခင်း
မောင်းတစ်ရှဉ်း
သော်ဇင် (လွိုင်ကော်)
February 22, 2013 at 2:56 pm
ဆောင်းအကြွင်း တဲ့ လွမ်းမိပါရဲ့
ကိုပေါက်(မန္တလေး)
February 22, 2013 at 4:00 pm
ဟုတ်တယ် ကိုသော်ဇင်ရေ
မန်းလေးမှာအလှဆုံးရာသီက ဆောင်းနုတ်ဆက်ပြီးသွားတော့ ကြွင်းကျန်နေတဲ့ ဒီရာသီလေးပါဘဲ။
ဘယ်နေရာ ကိုကြည့်ကြည့် မူန်ရီရီ နဲ့မို့ လှနေတာပါ။
Mr. MarGa
February 22, 2013 at 9:29 pm
လေးပေါက်တို့များ မြင်တတ်လိုက်တာနော်
ဦးမာဃ တစ်ပတ်ကို ငါးရက် ကျုုံးဘေးရောက်နေတာ အဲဒီအလှတွေကို မတွေ့ဘူးဗျာ
မြင်ပါများလို့ သတိမထားမိတာထင်ရဲ့ :buu:
ကိုပေါက်(မန္တလေး)
February 22, 2013 at 9:45 pm
ဦးမာဃ ဘယ်မြင်မလဲ
ကျုံးဘေးရောက်ရင်ပေါင်တိုမတွေဘဲလိုက်ငေးနေတာ မသိဘူးမှတ်မနေနဲ့
Mr. MarGa
February 23, 2013 at 11:22 am
အဟီး
ပေါင်တိုလေးတွေလဲ ငေးရတယ်
စိမ်းပြာလေးတွေနဲ့လဲ စကားကို အမျှင်မပြတ် ပြောရသေးတယ်
အဲဒါကြောင့် နေမှာပါနော်