လမ်း၌ယဉ်ကျေးမှု(၃) အမှိုက် ၁-Disposal
လမ်း၌ယဉ်ကျေးမှု (၁) က ယာဉ်မောင်းတွေနဲ့သက်ဆိုင်ပြီး
လမ်း၌ယဉ်ကျေးမှု (၂) က အဖွဲ့အစည်းတွေအတွက် ရည်ရွယ်ပြောခဲ့ပါတယ်။
အခု လမ်း၌ယဉ်ကျေးမှု (၃) မှာတော့ တစ်ဦးချင်းအတွက်ပြောချင်ပါတယ်။
ဒီအကြောင်းမပြောခင် ပုံပြင်လေးတစ်ပုဒ် ပြောပြချင်ပါတယ်။
ဟိုရှေးရှေးတုန်းကအလွန်ချမ်းသာတဲ့ သူဋ္ဌေးကြီးတစ်ယောက်ရှိပါတယ်။( ခုခေတ်ဆို အပေါ်ဖားအောက်ဖိ ခရိုနီကြီးခေါ်ခံရမှာပေါ့။)
အဲဒီ သူဋ္ဌေးကြီးမှာ အလွန်ကျယ်ဝန်းသာယာလှပတဲ့ ခြံကြီးတစ်ခြံပိုင်ပါတယ်တဲ့။
(သူက တစ်ခြံထဲပိုင်တယ်ဆိုတော့ ခုခေတ် သူဋ္ဌေးကြီးတွေလောက် မချမ်းသာရှာဘူးပေါ့။)
တစ်နေ့တော့ သူခြံထဲမှာ ဧည့်ခံပွဲကြီးကျင်းပဖို့ ခြံကိုပြင်ဆင်ပါတယ်။
အဲဒီလို ပြင်ဆင်နေတာကို လှည့်ပတ် ကြည့်ရှု့ကြီးကြပ် လိုအပ်သည်များကိုမှာစားရင်း
ခြံစပ်တစ်နေရာမှာ ခြံအလှကိုဖျက်တဲ့ ကျောက်ခဲပုံကြီး ပုံထားတာတွေ့ပါတယ်။
ဒီတော့ သူကခြံစည်းရိုးကို ကျော်ပြီးလွယ်လွယ်ကူကူ ခြံအပြင်ဘက်လမ်းပေါ် မြန်မြန်လွှင့်ပစ်လိုက်ကြကွာလို့ ခိုင်းပါတယ်။
သူ့အလုပ်သမားတွေကလည်း သူဋ္ဌေးကြီးရဲ့ Blessing ရတော့ ခပ်လွယ်လွယ်ပဲ ခြံပြင်ကို
ဒီကျောက်ခဲပုံကြီးကုန်အောင် အားရပါးရ လွှင့်ပစ်ကြပါတော့တယ်။
အဲဒီအချိန် ခြံပြင်က လူတစ်ယောက်က
“အို… သူဋ္ဌေးကြီး၊ ဘာကြောင့်များ ကိုယ်မပိုင်တဲ့ နေရာကနေ ကိုယ်ပိုင်တဲ့နေရာကို ခဲတွေလွှင့်ပစ်နေရတာလဲ”
လို့ အော်မေးလာပါတယ်။
သူဋ္ဌေးကြီးလည်း လမ်းဘေးက ဆင်းရဲသား ကလေကဝ ကများငါ့ကို လာပြီးအော်ရတယ်လို့ ဒေါသမာန်ရှပြီး
“ဟေ့ ဒါငါပိုင်တဲ့ ငါ့ခြံ ငါမြေပဲ ၊ မင်းအရူးလား ၊ ဘာတွေလာပြောနေတာလဲ ၊ ဒီကောင်ကို မောင်းထုတ်လိုက်” လို့
သူ့အလုပ်သမားတွေကို အော်ပြီးလှည့်ထွက်ခဲ့ပါတယ်။
ဒီလိုနဲ့ တစ်နေ့သောအခါမှာ သူဋ္ဌေးကြီးဟာ သူပိုင်တဲ့ ကားတွေ accident ဖြစ် ၊
သင်္ဘောတွေ ဆူနာမီနဲ့မြုပ်
၊ရေနံတင်တဲ့တွဲသင်္ဘောက မီးလောင်၊
လေယာဉ်ပျံက တိုက်ချင်တာနဲ့တိုက်လို့ပျက် ၊
စပွန်ဆာပေးထားတဲ့ သာမီးလေးက မီးခံသေတ္တာဖွင့်ခိုးသွား ၊
Genting Highlands မှာ ဖဲရှုံး ၊
Las Vegas မှာ Jet Black ရှုံးနဲ့ ရှိတာတွေ ကုန်သွားလို့ သူ့ခြံကြီးကို ကြွေးနဲ့ထိုးအပ်လိုက်ရပြီး လမ်းဘေးကို ရောက်သွားပါသတဲ့။
ပုံပြင် ဇာတ်လမ်းဆိုတော့ ဇာတ်နာပါတယ်။
အဲဒီလို လမ်းဘေးမှာ လှည့်ပတ်တောင်းရမ်းရင်း ဧည့်ခံပွဲကြီးကျင်းပနေတဲ့ ခြံကြီးတစ်ခြံဘေးကို
အကြွင်းအကျန်စားရလိုစားရငြား တောင်းဖို့ရောက်သွားပါသတဲ့။
အဲဒီခြံဘေးမှာ ဖိနပ်မပါ ခြေဗလာနဲ့ လျှောက်သွားရတော့ မညီမညာပစ်ထားတဲ့ ကျောက်ခဲတွေပေါ်တက်နင်းရင်း
သူဋ္ဌေးဟောင်း သူတောင်းစားကြီး ရဲ့ ခြေဖဝါးတွေရှ ၊ ခြေမတွေကွဲ ဖြစ်ရပါတယ်။
သူဋ္ဌေးဟောင်းသူတောင်းစားကြီးဟာ နာကျင်နေတဲ့ ခြေဖဝါးတွေကို နှိပ်နယ်ရင်း မော့ကြည့်မိတော့
………….တစ်ချိန်က သူပိုင်ဆိုင်ဖူးတဲ့ ခြံကြီးဖြစ်နေပါတယ်။
အဲဒီတော့မှ လမ်းဘေးက ကလေကဝလူ အော်ခဲ့တဲ့
ကိုယ်မပိုင်တဲ့နေရာ နဲ့ ကိုယ်ပိုင်တဲ့နေရာ
ဆိုတဲ့ စကားအဓိပ္ပာယ်ကို သဘောပေါက် မျက်ရည်ကျမိပါသတဲ့။
ပုံပြင်လေးကတော့ ဒါပါပဲကွယ်။
အဲဒီလိုပဲ ကျမတို့လည်း ကိုယ်မပိုင်တဲ့နေရာတွေကို သန့်ရှင်းတောက်ပြောင်စေပြီး၊
ကိုယ်ပိုင်တဲ့နေရာ တွေကိုတော့ ညစ်ပတ်ပေရေစေမိနေကြပါတယ်။
ကျမတို့ ဘယ်လိုအရာတွေကိုများ ကိုယ်ပိုင်တဲ့နေရာတွေပေါ် လွှင့်ပစ်နေမိကြသလဲဆိုတာ တွေးကြည့်ရအောင်။
19 comments
padonmar
February 22, 2013 at 12:18 am
အမှန်တော့ အမှိုက်တွေနဲ့ ပတ်သက်ရင် etone ရဲ့ လူစိတ်ပေါက်လို့ တာဝန်ယူတတ်ကြပါစေ က လိုတိုရှင်းလေး ထိထိမိမိရှိပါတယ်။
သူ့စာလေးဖတ်ပြီး ကျမပေရှည်ရေးထားတာ တင်ဖို့တောင် ရှက်ပါရဲ့။
ဒါပေမယ့် လမ်း၌ယဉ်ကျေးမှု(၂)တုံးက မြှောက်ပေးတဲ့ တစ်ယောက်ကို (၃)ဆက်ရေးမယ်လို့ ကတိပေးထားမိတာရော၊
ကြယ်ငါးလေး တစ်ကောင်လောက် ရေထဲချမိလည်း မဆိုးပါဘူးတွေးမိတာရောနဲ့ တင်လိုက်ပါတယ်။
..
သူများ schedule လုပ်တင်တယ်ဆိုတာ အားကျလို့ စမ်းသပ်ကြည့်ချင်တာနဲ့ အမှိုက် ၂ အဆက်ကို နေ့လည် ၁၂ နာရီကျ တစ်ပုဒ်၊အမှိုက် ၃ ကို တနင်္လာ နေ့ 00နာရီ တစ်ပုဒ် စမ်းကြည့်အုံးမယ်။(မျောက်အုန်းသီးရသလိုဆိုတာမျိုး)
သည်းခံခွေးလွှတ်ကျော်လွှားသွားကြပါကုန်လော့။
pooch
February 22, 2013 at 12:50 am
အဲ့ဒီမပိုင်တဲ့ အရာတွေအတွက်ပဲ တနေ့ တနေ့ပြေးလိုက်လွှားလိုက်ရတာ ဖတ်ဖတ်ကိုမောနေတာပါပဲ ဒေါ်ဒေါ်ရယ်
ငယ်ငယ်ကတော့စာမတတ်ရင် အမှိုက်ကောက်ရမှာနော်လို့ ပြောကြတယ်
ခုခေတ်ကတော့ စာတတ်ရင် အမှိုက်ကောက်ရတယ် ဆိုတာမျိုးဖြစစ်နေပြီ
padonmar
February 22, 2013 at 1:27 am
မယ်ပုရေ
စာတတ်မိတာတွက်တော့ ဘယ်တော့မှ နောင်တမရပါနဲ့၊(မယ်ပုလည်း နောင်တ မရလောက်ပါဘူး)
စာတတ်တော့ အမှိုက်ကောက်ရတောင် အမှိုက်ထဲပါတဲ့စာကနေ တက်လမ်းမြင်နိုင်ပါသေးတယ်။
ဒေါ်ဒေါ်တော့ စာမှရယ်မဟုတ် အသက်မွေးဖို့ အသုံးမဝင်ပေမယ့်
ကိုယ်တစ်သက်လုံး သင်လာမိတဲ့ မုန့်လုပ်နည်း၊ခရူရှေး။တက်တင်းကစ
ဆေးပညာအဆုံး အားလုံးကို တန်ဖိုးထားပါတယ်။
တစ်ချိန်ချိန်မှာ အသုံးဝင်လာမှာချည်းပဲလို့ မှတ်ပါတယ်။
kai
February 22, 2013 at 5:42 am
ကယ်လီဖိုးနီးယားမှာ.. လူတိုင်းက.. ကိုယ့်ဝင်လာတဲ့ငွေစုစုပေါင်း(အမြတ်ငွေမဟုတ်) ရဲ့.. ၅၁-၃% လောက်ကအခွန်ဆောင်နေရတော့ကာ… အိမ်သုံးနဲ့စာရင်.. ..အပြင်လမ်းမ..မြို့..တောတောင်တွေအတွက်. ပေးထားရငွေက..ပိုများနေတယ်..ဆိုနိုင်မလားပဲ..
ဆိုတော့…
ကိုယ့်အိမ်ထက်စာရင်.. အပြင်လမ်းပလက်ဖောင်း.. တွေက.. ကိုယ့်ငွေပိုပေးထားသမို့.. ကိုယ်နဲ့ပိုဆိုင်…ပိုင်တယ်ပေါ့…။
အဲလို..တွေးပေးလိုက်ကြောင်း… :kwi:
=
Total tax percentage paid by the above average US citizen, 2005 – 54.4%
Total tax percentage paid by the above average US citizen, 2009 est. – 57.7%
Ref: http://www.nowandfutures.com/taxes.html
weiwei
February 22, 2013 at 8:21 am
ပြည်သူပိုင်နေရာတွေမှာ အမှိုက်တွေမြင်ရင် အနဲဆုံးတော့ ကျိမ်ဆဲသွားကြမှာပဲ … မေတ္တာဆိုးအပို့ခံရရင် တစ်နည်းမဟုတ်တစ်နည်းနဲ့ အကျိုးယုတ်စေနိုင်တယ်လို့ တွေးမိတယ် …
လမ်းသွားလမ်းလာတွေကို သန့်သန့်ရှင်းရှင်းနဲ့ စိတ်ကြည်လင်အောင် လုပ်ပေးတာကလဲ တစ်နည်းအားဖြင့် ကုသိုလ်ယူခြင်းတစ်မျိုးဖြစ်တာလို့ တွေးမိပါတယ် ..
တိုက်ခန်းတွေနေတဲ့သူတွေမှာလဲ ပြသနာတစ်မျိုးကြုံရတယ် … လှေကားမှာ အမှိုက်ပစ်တာကို တံမြက်စည်းလှည်းပစ်လို့ရပေမယ့် နံရံတွေမှာ ကွမ်းသွေးထွေးသွားတတ်တာကတော့ အင်မတန်ရွံစရာကောင်းလွန်းတယ် ..
ခိုင်ဇာ
February 22, 2013 at 8:45 am
ကျနော့ အထင်ပေါ့လေ။
ပြသနာက ကျနောတို့တတွေ က ကိုယ့် အိမ် ကိုယ်ပိုင်တယ်။ ကိုယ့် အိမ်/ခြံဝင်း ပြင်ပဟာ ကိုယ်နဲ့မဆိုင်၊ ကိုယ်မပိုင် လုပ်နေကြလို့ကြလို့သာ
ကိုယ်ပိုင်တဲ့ (လို့ ထင်ရတဲ့) နေရာလေးတွေကို တန်ဖိုးထား၊ တခြား နေရာတွေကို ပစ်စလက်ခတ် လုပ်မိနေကြသလားပဲ။
ဘာမှမပါပဲ ရောက်လာရတဲ့ လူ့ဘဝ ဘာမှ မပါပဲ ပြန်ထွက်သွားတာပဲလေ။
ဒီဘဝ ကိုယ်နဲ့ ခဏတွေ့ရတဲ့ လူ၊ သတ္တဝါ၊ ပတ်ဝန်းကျင်၊ နိုင်ငံ စတာတွေကို ကိုယ့်ကြောင့် မသန့်ရှင်းရင်ကို မညစ်ပတ်အောင်၊
ကိုယ်နဲ့ တွေ့ဆုံဆက်ဆံရတဲ့သူတွေ အနည်းဆုံး စိတ်ချမ်းသာအောင် နေထိုင်ပေးနိုင်ရင်ကို လူဖြစ်ရကျိုးနပ်မယ်ထင်ပါရဲ့။
တခါတခါ ဒီလောက်လေးလုပ်ပေးနိုင်ဖို့ကို ကျနော်ကိုယ်တိုင်လည်း ခက်ခဲနေတုန်းပါပဲလေ။
မနက်စောစော ထင်ရာမြင်ရာ ဝင်ပြောသွားပါတယ် အာတီဒုံ။ ခွင့်လွှတ်ပါ။
P chogyi
February 22, 2013 at 9:36 am
မြန်မာတွေ စည်းကမ်းဖောက်လို့ ထီးနန်းလည်းပျောက်ခဲ့ရဖူးပါတယ်။
မြန်မာတွေ စည်းကမ်းမရှိလို့ ရှေ့သွားမယ့်လမ်းလည်းပျောက်နေဆဲပါ။
ဆိုင်လားမဆိုင်းလားမသိဘူးအစ်မရေ။ ပြောချင်တာပြောလိုက်ပြီ။
Novy
February 22, 2013 at 9:54 am
မမပဒုမ္မာရေ…
လွန်ခဲ့တဲ့လေးရက်လောက်က အပေါ်ထက်ကနေ
အမျိုးသမီးသုံး ပစ္စည်းမှာကပ်တဲ့စက္ကူစကို ပစ်ချလိုက်တာ
မနို မီးဖိုခန်းထဲကို လေဟုန်စီးပြီးဝင်လာလို့ကလောတုတ်မိသေး
ဒုက္ခ..
မောင် ပေ
February 22, 2013 at 12:59 pm
ကျုပ်ကတော့ ကျုပ်ပိုင်လား မပိုင်လား အတိအကျ မသိရတဲ့
ရေမြောင်းတွေထဲ ကို ကွမ်းတံတွေး ထွေးပစ်လိုက်တာပဲ
kyeemite
February 22, 2013 at 1:19 pm
ဂျီးတော်ဒုံရဲ့ အကျိုးပြုပို့စ်လေးကို
ဖတ်ပီး ဖတ်သူတွေ နဲနဲ နဲနဲ လိုက်နာလာကြလိမ့်မယ်လို့မဝံ့မရဲ
မျှော်လင့်သွားပါဂျောင်းးး
Shwe Ei
February 22, 2013 at 3:22 pm
သများတို့ သုံးလွှာမှာတော့ အပေါ်မှာ ရှိနေသေးတဲ့ လေးလွှာရဲ့ ဘယ်အလွှာကမှန်းမသိတဲ့
အမှိုက်ထုပ်တေ အိတ်ဇစ် လှေခါးမှာတမျိုး ဆန်းရှိတ်အောက်က သံဇကာထဲမှာတသွယ်
နည်းမျိုးစုံနဲ့ ပြုတ်ကျနေတော့ကာ အမှိုက်ထုပ်မြင်တိုင်း နောက်ဖေးပေါက်ထွက်ပြီး ဖရုသဝါစာလေးတေ အော်ရတာ အကျင့်ကိုပါလို့
မြေညီထပ်က ခေါင်မိုးပြားပေါ်မှာတော့ ပြောမနေပါနဲ့တော့ ခညာ.. အမှိုက်ရောင်စုံမှအစ အတွင်းခံရောင်စုံအထိ အသွေးးအရောင် စုံလင်စွာမြင်နိုင်ဘာဂျောင်းးးးးးးးးး :harr:
Mr. MarGa
February 22, 2013 at 7:59 pm
အဟိ
ဖတ်ရင်းနဲ့ ဒေါ်လေးရဲ့ လမ်းဘေးရောက်ပုံကို ရေးထားတာလေးကို သဘောကျသွားမိတယ်
ပြည်သူပိုင်ဆိုတဲ့ စကားလုံးကိုလဲ ပိုပြီး နားလည်သွားတယ်
နောက်ပို့စ်မှာ ဆက်ပြောမယ်ဗျာ
ဂန္ဓာရီ ဆြာအုပ်
February 22, 2013 at 9:08 pm
အိမ်မှာ ချိတာတွေက ကိုယ်မပိုင်
အကျင်မှာ ချိတာတွေက ကိုယ်ပိုင်တယ် ချိုရင်
တားတား အိမ်မှာချိတဲ့ လေဒီအုပ်ကရော အဘု အပိုင်ရဲဟင်
အကျင်မှာ ရှိတာရေးတွေဂရော တားတားပိုင်ရား ..အန်တီဘုံမာ
အလင်းဆက်
February 22, 2013 at 9:58 pm
ပုံပြင်လေးကတော့..ဒါပါပဲ..ဆိုပေမယ့်….
တွေးသူ…ကတော့…
ဆက်တွေးတယ် ။
🙂
etone
February 23, 2013 at 11:22 am
ကိုယ်မပိုင်တဲ့ နေရာကိုတော့ လက်လွတ်စပယ် သဘောထားပြီး ၊ ကိုယ်ပိုင်တဲ့နေရာလို့ထင်တာကိုပဲ ဂရုစိုက်မိတာ ….. သူဌေးကြီး ကိုယ်ချင်းစာစိတ် ပါမလာလို့ပဲ ဖြစ်ရမယ်
ဥပမာပေးထားတာလေး သဘောကျမိပါအိ ။
kokothandar
February 24, 2013 at 10:52 am
အိမ်ခြေယာမဲ့ တွေအတွက် အားတက်ဖွယ်ပါဖဲ လမ်းတွေ မြေလွတ်ကို ငါတို့လို လူတန်းစားတွေပိုင်တာ ဆိုတဲ့ အတွေးနဲ မိမိလက်ရှိဘဝအပေါ် ကျေနပ်နိုင်တာပေါ့
Swal Taw Ywet
February 24, 2013 at 12:23 pm
သူကြီးပြောတဲ့ ကြိန်စာကြောင့်များလားးးးးးး
အခြေခံ အကျဆုံး မူလတန်းကနေစပြီးပြင်ဘို့လုပ်ကြရမှာပါ။
၉ဝ ရာနှုံး က စည်းကမ်းဆိုတာကို မသိကြိုးကျွံ လုပ်နေကြတာကိုး။
တတ်နိုင်ရင် သီးသန့် ပို့စ် တစ် ခုနဲ့ ထောက်ခံပါမယ် မမ ပဒုမ္မာရေ။
လောလောဆယ်တော့ ……ဝေးးးးးးးး
Let’s try our best for our mother land.
With respect,
Swal Taw Ywet.
မဟာရာဇာ အံစာတုံး
March 15, 2013 at 3:32 pm
တီတီ ချိရားဟင်င်င် … 🙄
ဟီးးး ဟိုလေ .. ဟို …
” မန်းဂဇက်ချစ်သူများစာပေဆု နှင့် ရွာ့ဘုရားပွဲ “ မှာ ..
အနောင်စာ လုပ်ဖို့ဒဲ့ …
အဲ့ဒါ … လာကြောဒါ …
လမ်းမှာ မူးပီး မှောက်နေလို့မို့ နည်းနည်း နောက်ကျတွားဒါ …
ခွင့်လွှတ်ဘာဂျ …. ဟီး ….
ဒါ့ထက် မပန်ချင်လေး ……..
ဒု – အတွင်းရေးမှူး
မဟာအံ
padonmar
March 15, 2013 at 9:32 pm
မောင်အံရေ
အနောင်စာလုပ်ဖို့ အလှပြင် ရေချိုးရင်း အအေးမိနေလို့ ဟတ်…ချိုး။