လမ်း၌ယဉ်ကျေးမှု(၃)-အမှိုက် ၃( Ways of proper disposal)
ကဲ….ဒီအမှိုက်တွေကို ဘယ်လိုရှင်းကြမလဲ၊နောင်ဒီလို မမြင်ရအောင် ဘယ်လို ကြံဆောင်ကြမလဲ။
ဝိုင်းဝန်းအဖြေရှာလိုက်တော့
ခိုင်ဇာ says: (Edit)
ဒီမှာတော့ လူများတဲ့ နေရာ၊ ၂၄ နာရီ ဝန်ဆောင်မှုရှိတဲ့ နေရာတိုင်းမှာ အမှိုက်ပုံးတွေကို
Plastic, Paper , Can ဆိုပြီး ဆိုင်ရာ အမှိုက်ထည့်လို့ရအောင် လုပ်ပေးထားတယ်။
-ပီကေ လို ကွမ်းလို ဟာမျိုးလည်း တရားဝင်စားလို့မရဘူးလေ။
-အမှိုက်တကယ်ပစ်ရင် တကယ်ဒဏ်ရိုက်တယ်။
-ကားပေါ်၊ရထားပေါ် အစား စားလို့ ရဘူး။
-ကျောင်းက ပရော့ဂျက် အသေးလေးတွေကလည်း ရီဆိုင်ကယ်လုပ်နိုင်တဲ့ ပစ္စည်းတွေပစ်ချင်ရင် သူတို့ပေးတဲ့ အိတ်ထဲမှာ ထည့်ခိုင်းပြီး တာဝန်ကျတဲ့ ကျောင်းသားလေးတွေက လာယူတယ်။
စာအုပ်၊ သတင်းစာ၊ အဝတ်ဟောင်းစသည်ဖြင့်ပေါ့။
-ခုဆို ဆေးလိပ်သောက်လို့ရတဲ့နေရာ ရှား ရှားလာပြီ။ တားမြစ်နယ်မြေတွေ များများလာပြီ။
အဲဒီတော့ ကိုယ့်အသိစိတ်လေးနဲ့လည်းပြင် စည်းကမ်းလေးလည်းကျပ်နိုင်မယ်ဆို လမ်း ၌ ယဉ်ကျေးမှုလေးများ တိုးတက်လာလေမလား။
nozomi says: (Edit)
ကိုယ် အသိ စိတ်ဓါတ်နဲ့ ပြင်လို့ ရပါတယ်
ပတ်ဝန်းကျင်က ပြင်ပေးလို့ ရပါတယ်
ကျောင်းကတဲ က ခေါင်းထဲကို သွင်းပေးလိုက် ၊ ဥပဒေ နဲ့ ထိထိရောက်ရောက် ထိန်း တကယ်လုပ်လို့ ရပါတယ် ၊ တကယ် အကျင့်ပါသွားရင် မသိစိတ်ကတောင် အမှိုက်ကို အလွယ် မပစ် မိတော့ ပါဘူး
ဝင့်ပြုံးမြင့် says: (Edit)
ဖြေရှင်းနည်း တစ်ခုတော့ တွေးကြည့်လို့ရပါတယ်။ အဲဒါကတော့ စော်ကားတဲ့နည်းလမ်းလေးပါ။ ကျွန်မတို့လူမျိုးက ပညာပေးလို့ရတဲ့လူမျိုး မဟုတ်ပါဘူး။ စော်ကားလိုက်မှ ရနိုင်ပါတယ်။ ဥပမာ “သင်၏မိဘများ — ဘာဆိုလျှင် သင် လမ်းပေါ် အမှိုက်ပစ်ပါ“ အဲဒါမျိုးလေးတွေရေးပြီး ဆိုင်းဘုတ်ချိတ်ထားတာမျိုး။
အများဆိုင်နေရာတွေမှာ ဆိုရင် စော်ကားဆိုင်းဘုတ်ချိတ်ထားရင် ပြုပြင်လာနိုင်ပါတယ်လို့ ထင်ပါတယ်။
kai says: (Edit)
မြန်မာပြည်မယ်..
ဘကဘုန်းကြီးကျောင်းကပ်စားနေတဲ့..ကလေးတွေ လုပ်အား.. ဗော်လန်တီယာယူသုံးလိုက်နိုင်ရင် မဆိုးဖူးပဲ..
အန်ဂျီအိုတခုက..ကလေးတွေကို.. နေ့တွက်ပေးပေါ့..
အဲဒါဆို.. လုပ်အားနဲ့..ငွေတန်ဖိုး ဆက်စပ်မှုလည်း.. ကလေးတွေနားလည်သွားမယ်..။ကလေးတွေက.. မြို့ထဲလမ်းမပေါ်… အမှိုက်ပစ်ချတာ.. ကွမ်းသွေးထွေးတာ မြင်တိုင်း..
..ကလေးတွေက.. အော်ဆဲ..
ပြီးရင်.. ပြေးကောက်…
kyeemite says: (Edit)
တကယ်က မူကြိုတွေ၊ မူလတန်းကျောင်းတွေကစလို့ ကလေးများအသိထဲရိုက်သွင်းလိုက်ရမှာ…
နောက် ဖွံ့ဖြိုးရေးလိုအချိန်မျိုးမှာ…သဂျီးပြောသလို လမ်းပေါ်ထွက်ပီး သူများစည်းမရှိကမ်းမရှိ
ပစ်ထားတဲ့ အမှိုက်တွေလိုက်ကောက်ရင်း..လမ်းသွားလမ်းလာတွေကိုပညာပေးရမှာ…
ဦးကြောင်ကြီး says: (Edit)
မူလတန်း အလယ်တန်း ကင်းထောက်တပ်တွေ ပြန်ဖွဲ့တော့မယ်ကြားတယ်။ သူတို့လေးတွေကို ပစ္စည်းကိရိယာ ပြည့်ပြည့်စုံစုံပေးပြီး သန့်ရှင်းရေး ပညာပေး လုပ်ခိုင်းရင်ကောင်းမယ်။ တကယ်လုပ်ရမှာတော့ စည်ပင်သာယာပေါ့ဗျာ၊ ရည်ရွယ်ချက်က လူကြီးတွေ စာနာမှုရှိအောင်၊ ခလေးတွေကိုယ်တိုင် ကျင့်သားရသွားအောင်…။ တလထဲ တနှစ်ထဲ မရဘူး၊ ရေရှည် နှစ်လမပြတ် လုပ်ပေးရမယ်။ အမှိုက်ကောက်ရာ လမ်းတလျောက်မှာ ဈေးဆိုင် အိမ် ကုမ္မဏီ လုပ်ငန်းတွေဆီကနေ သော့ပိတ်ထားတဲ့ အလှူခံပုံးနဲ့ ရံပုံငွေရှာပေါ့ဗျာ။
ဦးဦးပါလေရာ says: (Edit)
လောလောဆယ်တော့
ကျုပ်တို့နိုင်ငံကို နိုင်ငံ နဲ့တူစေချင်ရင်
ကျုပ်တို့မြို့ကို မြို့ပြနဲ့တူစေချင်ရင်
ကျုပ်တို့လူတွေကို လူနဲ့တူစေချင်ရင်
ဖြစ်နိုင်တဲ့နည်းလမ်းတစ်ခုပဲရှိပါတယ်။
အဲဒါကတော့ စည်းကမ်းချိုးဖေါက်ရင် ဥပဒေချိုးဖေါက်ရင်
ဆင်းရဲတာ၊ ငတ်တာ၊ ပညာမတတ်တာ၊ စားစရာမရှိတာ၊ နေစရာမရှိတာ ၊အလုပ်လုပ်စရာမရှိတာ…….
စတဲ့… စတဲ့…
ဆင်ခြေဆင်လက်တွေကို ထည့်မတွက်ပဲ
လက်ဝဲသူငယ်နာမစင်တဲ့ ဆင်းရဲသားမျက်နှာသာပေးရေး အတွေးအခေါ်တွေကိုရှေ့တန်းမတင်ပဲ
ဝန်ထမ်းချင်းမို့လို့၊ စစ်သားချင်းမို့လို့၊ ဘယ်လူကြီးရဲ့ အဆက်အနွယ်မို့လို့၊ ဆိုတဲ့အဂတိတွေကို ဖယ်ရှားပြီး-
လူတိုင်းလူတိုင်းကို အညီအမျှ တစ်ပြေးညီ-
စည်းကမ်းချိုးဖေါက်ရင် ဥပဒေချိုးဖေါက်ရင် တိတိကျကျ ပြတ်ပြတ်သားသားအရေးယူရပါမယ်။
ကနဦး ဆယ်နှစ်အတွင်းလောက်မှာ အလွန်ပြင်းထန်စွာအရေးယူရပါမယ်…။
ပြန်စုပေးရရင်
(၁)ကလေးရွယ်ကစပြီး အမှိုက်နဲ့ ပတ်သက်တဲ့ အသိဝင်အောင် သွင်းပေးရမယ်။
(၂)ကလေးတွေကို အမှိုက်ကောက် အဖွဲ့တွေ လုပ်ပေးပြီး လူကြီးတွေကို ပညာပြန်ပေးရမယ်။
(၃)အမှိုက်ဆိုင်ရာ စည်းကမ်းဥပဒေ တင်းတင်းကျပ်ကျပ် ပြဌာန်းပြီး တိတိကျကျ ပြင်းပြင်းထန်ထန် ဘက်မလိုက်တမ်း အရေးယူရမယ်။
(၄)အမှိုက်မပစ်ရတဲ့ နေရာတွေမှာ စည်းကမ်းမဲ့တဲ့သူတွေ အရှက်ရစေမယ့် အသုံးအနှုန်းနဲ့ တားမြစ်စာကပ်ရမယ်။
ဒီလို အကြံပေး ဆွေးနွေးပေးထားကြပါတယ်။
တစ်ချိန်က ဓမ္မဒူတ အရှင်ဆေကိန္ဒရဲ့ တပည့် ဓမ္မဒူတမောင်မယ်တွေ ရန်ကုန်မြို့တွင်းလမ်းတွေမှာ အမှိုက်လိုက်ကောက်ကြတယ်လို့ ကြားမိပါတယ်။
အဲဒီ အစီအစဉ် ဘာကြောင့်ရပ်သွားသလဲတော့ ကျမလည်းမသိပါဘူး။
အမှိုက်တွေကို စွန့်ပစ်ရာမှာ တာဝန်ရှိသူ ၂ ပိုင်းရှိပါတယ်။
စွန့်ပစ်ချင်သူ ပြည်သူ နဲ့ စွန့်ပစ်တဲ့လုပ်ငန်းလုပ်ပေးသူ (ကျမတို့ဆီမှာတော့ စည်ပင်ပေါ့) ၊
စွန့်ပစ်တဲ့လုပ်ငန်း လုပ်ပေးသူဖက်ကိုတော့ ပြောကြပေါင်းများလို့မောပါပြီ။
ကျမအဓိကပြောချင်တာကတော့ အမှိုက်စွန့်ပစ်ချင်သူ ပြည်သူဖက်က ဝတ္တရား ကို ပြောချင်တာပါ။
ဒီပုံလေးထဲကလို တစ်ယောက်ကစရင် နောက်ကလည်း လိုက်ပါတယ်။
သန့်နေတဲ့ နေရာမှာ အမှိုက်ပစ်မိဖို့ တော်တော် ဝန်လေးပါတယ်။
အမှိုက်တစ်စတွေ့ရင်တော့ သူများတောင်ပစ်တာ ငါလည်း ပစ်မှာပဲလို့ ……..
အဲဒီတော့ ပထမဆုံး အမှိုက်ပုံးတွေကို နေရာတိုင်းမှာ အလုံအလောက်ထားပေးရပါမယ်။
အမှိုက်ပုံးရှိသော်လည်း အဖုံးဖွင့်ထည့်ရမှာ အဲဒီ အမှိုက်ပုံးရဲ့ အဖုံးကို ကိုင်ရမှာ ရွံတော်မူကြတော့
ဘေးမှာ ပုံချထားတဲ့ အဖြစ်မျိုးတွေ တွေ့ရတာပါပဲ။
ဒါကြောင့် ဖြစ်နိုင်ရင် အမှိုက်ပုံးတွေကို ခြေနဲ့ နင်းဖွင့်ရင် အဖုံးပွင့်တဲ့ ပုံစံလေးလုပ်ပေးရင် အကောင်းဆုံးပါပဲ။
(သိပ်တန်ဖိုးကြီးတာတွေ သုံးဖို့ မလိုပါဘူး။ တစ်ခါက ပဏ္ဍိတာရာမ ဆယ်မိုင်ကုန်းကျောင်းမှာ
သံပြား၊သံချောင်းအတိုအစတွေနဲ့ ခြေနင်းရင် ပွင့်တဲ့
အမှိုက်ပုံးလေးတွေ ထားပေးတာ တွေ့ဖူးပါတယ်)
တံတွေး၊သလိပ်၊ကွမ်းတံတွေး တွေ ထွေးဖို့ရာလည်း
တံတွေး ထွေးထည့်နိုင်တဲ့ ပုံး တွေကို အများနဲ့ သက်ဆိုင်ရာနေရာတွေမှာ ထားပေးရပါမယ်။
သဲထည့်ထားတဲ့ ပလပ်စတစ်ပုံးလိုမျိုးပေါ့။
လူတွေကလည်း မိမိရဲ့ တံတွေး၊ကွမ်းတံတွေးစသည်ကို သက်ဆိုင်ရာ အမှိုက်ပုံးရှိရာ မရောက်နိုင်မီမှာ
ကြွပ်ကြွပ်အိတ်စသည်ထဲကို ထွေးထည့်ထားပြီး
အမှိုက်ပုံးထဲရောက်အောင် ပစ်ပေးဖို့လိုပါတယ်။
ကွမ်းမစားရ၊ဆေးလိပ်မသောက်ရ နေရာတွေ ကိုလည်း
အများပြည်သူပိုင်ဆိုင်တဲ့ အဆောက်အဦတွင်းတွေမှာ သတ်မှတ်ကန့်သတ်ပေးသင့်ပါတယ်။
ဖောက်ဖျက်ရင် ဒဏ်ငွေ ကြီးကြီး ချသင့်ပါတယ်။
စွန့်ပစ်တဲ့ အမှိုက်တွေကို သက်ဆိုင်ရာ အမှိုက်ပုံ (သို့) ပြန်လည်အသုံးချစနစ် လည်ပတ်ရာကို အချိန်မှန်မှန်သိမ်း ၊
လုံလုံခြုံခြုံပို့ ၊ ဒီအမှိုက်တွေကနေ ရွှေပြန်ဖြစ်မယ့်စနစ်ကောင်း ဖော်ဆောင်ပေးဖို့က စည်ပင် ၊ အစိုးရရဲ့အလုပ်ပါ။
(ကျမသိသလောက်တော့ အခုကျမတို့ခေါ်နေတဲ့ မြို့တော်စည်ပင်သာယာရေးအဖွဲ့ ရှေးအခေါ် မြူနီစီပယ်ဟာ
မြို့လူထုအကြိုက် ရွေးကောက်တင်မြှောက်တဲ့ လူထုကိုယ်စားလှယ်က အုပ်ချုပ်ရပါတယ်။
ဒါမှလည်း သူဟာ သူ့ကို ရွေးကောက်လိုက်တဲ့ မြို့နေလူထု စည်ပင် သာယာရေးကို အလေးဂရုပြုပြီး ဆောင်ရွက်မှာဖြစ်ပါတယ်။)
အမှိုက် သိမ်းရာမှာ စည်ပင်က အမှိုက်တွေ မှန်မှန် မသိမ်းဘူးလို့ အော်တတ်ကြပါသေးတယ်။
အခြားနိုင်ငံတွေမှာ နေ့စဉ် အမှိုက်သိမ်းပေးတဲ့စနစ် မရှိကြဘူးလို့ သိထားပါတယ်။
တစ်ပတ်ကို တစ်ကြိမ် (သို့) နှစ်ကြိမ် အမှိုက်ကားလာပါတယ်။
အဲဒီနေ့မှာ အမှိုက်စို ၊ အမှိုက်ခြောက် ၊ Recycle လုပ်လို့ရမယ့် စက္ကူ ၊ ပုလင်းခွံ စတာတွေကို အမှိုက်ပုံးသီးခြားစီ ထည့်ပြီး
အိမ်ရှေ့ထုတ်ထားရပါတယ်။
အမှိုက်တွေကို ကိုယ့်အိမ်မှာပဲ အမှိုက်သိမ်းနေ့ မရောက်မီ သိမ်းဆည်းထားရပါတယ်။
လုံခြုံတဲ့ အမှိုက်ပုံးတွေသုံးတာဖြစ်လို့ အနံ့ထွက်တာ၊ကြွက်၊ခွေး၊ကြောင်၊ကျီးကန်း များရဲ့ အနှောင့်အယှက်ကင်းပါတယ်။
အဖြစ်သင့်ဆုံးကတော့ ကြွပ်ကြွပ်အိတ်ကင်းစင်၊မြန်ပြည်တစ်ခွင် ပညာပေးအစီအစဉ် မှာ ပညာပေးသလို
Recycle,Reuse, Reduce,Refuse လုပ်ပေးသင့်ပါတယ်။
Recycle ဆိုတာက ဒီပစ္စည်းကို ပုံစံ အနည်းငယ်ပြောင်းလဲပြီး ပြန်သုံးတာပါ။
သတင်းစာဟောင်း၊စက္ကူဟောင်းတွေကနေ ပျော့ဖတ်ပြန်လုပ်ပြီး စက္ကူနဲ့ လုပ်လို့ရတဲ့ ပစ္စည်းတွေ ပြန်ထုတ်လုပ်တာမျိုးပါ။
Reuse ကတော့ ဒီပစ္စည်းလေးတွေကိုပဲ အလွယ်တကူ လွှင့်မပစ်ပဲ သုံးလို့ရသ၍ ပြန်သုံးပေးတာပါ။
ကြွပ်ကြွပ်အိတ်တွေဆိုရင် မပေမရေတဲ့ ပစ္စည်းထဲ့လာရင် ဒီတိုင်းပြန်ပြန်သုံးကြည့်မယ်။
ဆေးကြောလို့ လွယ်တဲ့အရာတွေ ထည့်ထားမိရင် ရေနဲ့ ဆေးပြီး ပြန်သုံးမယ်။
နောက်ဆုံးဆေးမရတော့ဘူးဆိုရင်တောင် အမှိုက်ထည့်ပြီးမှ အမှိုက်ပုံးထဲ စွန့်ပစ်မယ်။
Reduce ဆိုတာက မလိုအပ်ပဲ သုံးဖြုန်းတာကို လျှော့ရမှာပါ။
စက္ကူတစ်သျှူးတွေကို လျှော့သုံးခြင်းဖြင့် သစ်တောတွေကို မပြုန်းတီးအောင် ကာကွယ်နိုင်ပါတယ်ဆိုတဲ့ စကားတွေ ကြားဖူးကြမှာပါ။
Refuse ဆိုတာကတော့ သုံးဖို့ မလိုတာတွေ သူများက (ဈေးသည်က) ပေးလာရင်တောင်မှ ပတ်ဝန်းကျင်ထိန်းသိမ်းရေး နားလည်သူတွေအဖြစ်နဲ့ ငြင်းပယ်ပေးပါတဲ့။
အမှိုက်တွေကို Biodegradable နဲ့ Non Biodegradable လို့ ခွဲနိုင်ပါတယ်။
မြေဆွေးဖြစ်နိုင်တာနဲ့ မြေဆွေးမဖြစ်နိုင်တာလို့ လွယ်လွယ်ပြောကြပါစို့။
Biodegradable garbage မြေဆွေးဖြစ်နိုင်တာတွေကို ခြံမြေရှိလို့ တွင်းတူးပြီးထည့်ထားရင် အပင်တွေတွက် အကောင်းဆုံး အော်ဂဲနစ်မြေဩဇာရပါတယ်။
အဲဒီ ဆွေးနိုင်တဲ့ အမှိုက်ကနေ methane gas ထုတ်နိုင်တယ်။လျှပ်စစ်ထုတ်နိုင်တယ်။
E.M Bokashi လို သဘာဝမြေဩဇာ၊သဘာဝပိုးသတ်ဆေး၊သဘာဝ အနံ့ဆိုးပျောက်ဆေး တွေ လုပ်နိုင်ပါတယ်။
ရွာထဲမှာ ဝေအောင် ပို့စ် တင်ဖူးပါတယ်။
Non Biodegradable garbage မဆွေးနိုင်တဲ့ အမှိုက်တွေမှာတော့ ပလပ်စတစ်၊သတ္ထုနဲ့ ဖန် မှန်တွေပါပါတယ်။
အဲဒီပစ္စည်းတွေကိုုတော့ Recycle လုပ်ကြဖို့ လိုပါတယ်။
Recycle နဲ့ပတ်သက်လို့တော့ ဆရာမ ညိုခက်ကျော်ရဲ့ Recycle ပို့စ်လေးကို ဖတ်ကြည့်ကြစေချင်ပါတယ်။
Recycle အဖြစ်ပြန်သုံးလို့မရရင်တောင် ဘွိုင်လာ သုံးတဲ့ လုပ်ငန်းတွေမှာ လောင်စာအဖြစ်သုံးလို့ရပါတယ်။
အမှိုက်တွေကို ဘယ်လို ပြန်လည်အသုံးပြုတယ်ဆိုတာကို ကြည့်ပြီး အဲဒီအဖွဲ့အစည်းရဲ့ အဆင့်အတန်းကို မှန်းဆ အကဲဖြတ်နိုင်ပါတယ်တဲ့။
ကဲ သင်ရှိနေတဲ့ အဖွဲ့အစည်းကို ဘယ်လို အဆင့်အတန်းလို့ သတ်မှတ်ပါမလဲ။အကဲဖြတ်ကြည့်ပါအုံး။
ကျမကတော့ အောက်က သတင်းစာဖြတ်ပိုင်းထဲက စစ်ကိုင်းသားတွေကို အမှတ်တွေပေးနေမိပါတယ်။
20 comments
Mလုလင်
February 25, 2013 at 1:14 am
အမှိုက်က နေ ရွှေဖြစ်မယ့် နည်းပညာ တွေ လူအများ သိရအောင် . ဖြန့် ထုတ်ပေးနိုင်မယ် ဆိုရင် ….. ကိုယ့် အမှိုက် ကို ကိုယ် အိမ်ပြန်သယ်ပြီး လုပ် ကြမယ် ထင်တယ် . . . . . . . တီတီ ဒုံ ရေ။
ခိုင်ဇာ
February 25, 2013 at 8:55 am
ကျနော်တို့နိုင်ငံက Recyle အရမ်း မတွင်ကျယ်ရင်ကို Reuse, Reduce & Refuse က ကိုယ်တိုင်လိုက်နာဖို့လွယ်မယ်ထင်ပါရဲ့လေ။
ကျွတ်ကျွတ်အိတ်/ပလပ်စတစ်အိတ် သုံးစွဲမှုလျှော့ချရေးကို စီမံကိန်းအနေနဲ့ လုပ်လို့ရနိုင်မလားတော့မသိ။ 🙄
ခုနောက်ပိုင်း Green Enviroment ရည်ရွယ်ထားတဲ့ ဆိုင်တွေမှာ ..
ဈေးဝယ်သူကို ကျွတ်ကျွတ်အိတ်ဖိုးတောင်းတယ်။ အလကား မထည့်ပေးတော့ဘူး တော့။
Recycle bag/paper bag လို့ခေါ်တဲ့ အိတ်လေးတွေကို ဈေးတူတူပဲ ရောင်းတယ်။ လွယ်ရတာလှတယ်။ ပြန်သုံးလို့ရတယ် ဆိုပြီး ဝယ်သူက ဒီလို အိတ်မျိုးကိုပဲရွေးတာပေါ့။ ( Enviromental ကိစ္စမတွေးဖြစ်ခဲ့ရင်တောင်လေ။)
ရုံးတွေမှာလည်း စက္ကူသုံးစွဲမှု အတော်လျှော့နေတာ။
သူဌေးတွေက အစ Confidential တို့ အရေးတကြီးတို့မဟုတ်ရင် Recycle paper/used paper ပဲသုံးတယ်။ အဲဒါတွေအတွက် တစ်နှစ်တစ်နှစ် ဆုပေးတယ်။
Go Green သွားတဲ့ Company ရဲ့ အီးမေးတွေမှာ မလိုအပ်ရင် ဒီ အီးမေးစာရွက်မထုတ်ဖို့ဆိုတဲ့ စာတန်းလေးတွေ အမြဲပါတယ်။
Reuse ဆိုလို့ ဆိုင်တာ/မဆိုင်တာမသိ ပြောရမယ်ဆိုရင်..
ငယ်တုန်းကတော့ ကြောင်တွေ ကြွက်ခုတ်ပြီး မစားဖြစ်ရင်/ကျန်တာတွေ ကို ဒီအတိုင်းမပစ်ပဲ စံပယ်ပင် ခြေရင်းမှာမြှုပ်ရင် အပွင့်သန်တယ်။
အဝတ်လျှော်ဆပ်ပြာရည်ကို မသွန်ပဲ နှင်းဆီပင်လောင်းရင် အရမ်းပွင့်တယ်။ ကိုယ်တွေ့ပဲ။
Ghi Ghi ThE KiD
February 25, 2013 at 10:31 am
အန်ကယ်ဒုံရဲ့ အရင်ပိုစ့်အတွက် အကြွေးဆပ်ရင်း .. မဇာယီးကို ကန့်လန့်ပြောရရင်ဖြင့်
မထင် … လေးစားရတဲ့ ဆြာတယောက် စာအုပ်ထုတ်ဝေရေးလုပ်တော့ …သူ့တိုက်က စာအုပ်တွေ (စာရေးသူကောင်းတွေပါပဲ)
ကို တင်ပေးဖို့ စူပါမားကတ်သွားပြကြည့်ပါသတဲ့ …။ စာရွက်သားညံ့လို့တဲ့ လေ ငြင်းလွှတ်လိုက်တယ် ဆိုပဲ …
ဒါ စာမတတ်ပေမတတ် မဟုတ် မြန်မာ့ထိပ်တန်း စူပါမားကတ် က ဂျာလယ်ဗယ် အဆင့်ထက်မနိမ့်သူရဲ့ စကား ဆိုတာ
မြေကြီးလက်ခတ် လွဲစရာမရှိဘူး …။
ဟုတ်ကဲ့ ..တိုးတက်တဲ့တိုင်းပြည်များကတော့ my bag နဲ့လာခဲ့ပါ .. ရွစိအိတ် တောင်းရင်တော့ပေးမယ် (သို့သော် Recycle လုပ်ရမယ့်
ပစ္စည်းမို့ ကုန်ကျစရာရှိမှာမို့ အိတ်ဖိုး မည်၍မည်မျှ ပေးပါဆိုပြီး ပိုက်ဆံတောင်းတယ်..)
အထက်က ပြောတဲ့ စူပါမားကတ်ကတော့ အန်ဗိုင်ရာမန်တယ် ဖရန်းဒလိ အိတ်ဆိုပြီး သူတို့ကတောင် အိတ်ရောင်းစားသေး..
(ဈေးကွာပါသည်) သို့သော်..မဝယ်လည်း ရပါတယ်… (ဂလိုပဲ ရွစိအိတ်နဲ့ ထည့်ပေးလိုက်တာပဲ…ဘယ်သူဝယ်တော့မတုန်း)
အဲ… အိမ်ရှင်မများဘက်ကလည်း အခြားနေရာမှာ သုံးဖို့ ..ရွစိအိတ်အပိုတောင်းတတ်တဲ့အကျင့်လေးကလည်း စွဲနေသေးတာ..
(ညီမလေး အစ်မက ဒီဝယ်ထားတဲ့ပစ္စည်းတွေက ခွဲပေးရမယ့်လူ၃ယောက်မို့ နောက် ၂အိတ်လုပ်ပါအုံး ဆိုတာမျိုး – ဟုတ်သော်ရှိ
မဟုတ်သော်ရှိ…)
နောက်တနည်း- အနှီဆိုင်ကြီးကိုသွား သူတို့ရောင်းတဲ့ အန်ဗိုင်ရာမန်တယ် အိတ်လည်းမဝယ် ရွစိအိတ်လည်းမယူဘဲ
ညီမလေး အစ်မအိတ်ပါလာတယ် ဒီအိတ်ထဲပဲ ထည့်ပေးပါနော.. ပြောရင် ..မျက်စောင်းကတော့အနည်းဆုံး ဒိုင်းကနဲ အပစ်ခံရပြီမှတ်..
အိတ်ပေါ်ပါတဲ့ Green Peace တံဆိပ်လေးက ဘာလည်း နားလည်မှာမဟုတ်..
ကျနော်သိတဲ့ ရုံးတချို့မှာတော့ (အရေးကြီးစာရွက်စာတမ်းဆိုရင်တော့ ဖျက်ဆီးပစ်ပါသည်)
မဟုတ်ရင်တော့ တဖက်လွတ် အေဖိုးတွေကိုပရင့်တာဘေးနားမှာ စနစ်တကျပုံထားပြီး ..မိတင်အသေးစားလေးတွေ
ညှိနှိုင်းပွဲလေးတွေမှာ အကြမ်းကုတ်ဖို့ ကောက်ကြောင်းရေးဖို့ သုံး(စေ)တတ်ကြပါသေးသည်။
ဒါတွေက တကယ် ကမာ္ဘမြေကျန်းမာဖို့ လုပ်တာလည်း တစိတ်တပိုင်းပါဝင်သလို နောင်တချိန်မှာ ဂရင်းမားကတ္တင်င်င်င်း
(ပြောတော့ပါဘူးလေ.. ထမင်းအိုးနား နီးလာလို့…)
အဲ့ဒါတော့ သများမသိ..
မိဂီ သမိုင်း မရိုင်း ရလေအောင် မိုက်ကယ်သဂျိုင်ခီးကွန်းမန့်ကို ဂွတိုက်ရရင်ဖြင့်
ရမလားသဂျီးရဲ့ …
အဲ့ဒီကလေးတွေ ကို ဆင်းမရိုက်ရင် အနည်းဆုံး ရေသန့်ဘူးနဲ့ ကောက်ထုတာ လက်ခလည်မထောင်ပြသွားတာတို့
မလုပ်ရင် ပြောချင်တိုင်းပြော …. ။ အငယ်ကအကြီးကို ပြန်မပြောရဘူး ရိုသေရမယ် မဟုတ်တာလုပ်လည်း မထောက်ရဘူး
ဆိုတဲ့ ကွန်ဇာဗေးတစ် တိုင်းပြည် ပါဆို။
ဂငယ်မှာ ကလေးက ဆေးလိပ်တိုပစ်တဲ့ အူးလေးကြီးကို omae, bakayaro သွားဆဲတာဟိုကလက်ခံတယ်ဆိုတာ..
သူ့ဟာသူ သိနေတယ်လေ ..သူမဟုတ်တာလုပ်နေတယ်ဆိုတာ သူရှက်စရာကောင်းတာလုပ်နေတယ်ဆိုတာ..
(ရှက်ရကောင်းမှန်းသိနေတယ်…အော် ..ငါ့နှယ့် ဒီမဟုတ်တဲ့ ကိစ္စကိုလုပ်မိလို့ ကလေးကတောင် ဆဲတာခံရတယ်
ဆိုပြီး နောင်ကျဉ်သွားတယ် နောက်မလုပ်တော့ဘူး..) ဟိ…
လိုကယ်မှာများဗျာ…ပလက်ဖောင်းပေါ် ဗျစ်ကနဲ လုပ်ချလိုက်တဲ့ အနီဂိုဏ်းဝင်ကိုတွေ့ရင် ..လက်အုပ်ကလေးချီပြီး
အရှင်ဘုရား မလုပ်သင့်ပါဘူး ဘုရားတောင် ကလေးမပြောနဲ့ လူကြီး ဘယ်နှယောက် ရဲရဲလျှောက်ရဲလိမ့်မတုန်း …။
ဂငယ်တွေလည်း လူလစ်ရင် ဒါ့တိုင်သေးပန်း မြောင်းထဲ ဆေးလိပ်ထည့် လုပ်ပါတယ်။ စလုံးတွေရော အိမ်ပြောင်းတဲ့အခါ
ဖော့ဘူး နဲ့ ဂျပ်ဘူး အမှိုက်တွေ ပွစလူးခါတာ မြင်ဖူးပါတယ်။ ဘယ်လောက်စည်းကမ်းကောင်းတဲ့နေရာပဲဖြစ်ဖြစ်ပါ။
လူဟာလူပဲမို့ မကောင်းမှုမှာ မွေ့လျှော်သမို့ ..လစ်ရင် လုပ်ပါတယ်။ (အနည်းနဲ့ အများရယ်.. ရှက်သလား မရှက်သလားရယ်ပဲကွာမပေါ့)
ရှက်တတ်ဖို့ ကျနော်တို့ လေ့ကျင့်ခန်းများများလိုပါတယ်ဗျို့…။
သည်တော့ စာလည်းရှည်နေပြီမို့ …ကလေးတွေကို ငယ်စဉ်ကတည်းက ပညာပေးတာကောင်းပါကြောင်း…။သို့သော် အနှစ်၂ဝလောက်ကြာမှ
အက်ဖက်ပြမှာဖြစ်ပါကြောင်း။ လူကြီးတွေကိုကတော့ အမှိုက်ပစ်မယ့်နေရာ လုံလောက်မျှတစွာ စီစဉ်ပေးရင်းသကာလ ဒဏ်ကြေးခပ်စပ်စပ်ကလေးဗျို့..။
ဒဏ်မဆောင်ခိုင်းရင်တောင် လူစုပြီး နာရီဝက်တနာရီစာ ပညာပေးဗီဒယိုလေး ခေါ်ခေါ်ပြပေးနေရင်
အချိန်ကုန်တာနဲ့ပဲ အလုပ်ပျက် အကိုင်ပျက် အလုပ်ပြုတ် ကျောင်းနောက်ကျ .. ..အော် .. အမှိုက်ကို စနစ်တကျမစွန့်ရင်
ဘဝ ထိခိုက်စရာပါလား ဆိုတဲ့ အကြောက်တရားလေး သွင်းပေးနိုင်ရင်တောင် တော်တော် မဆိုး…။
(သို့သော် ဝန်ထမ်းတွေရဲ့ …အဝါရောင်ကိုက်ခဲမှု တော့ ကင်းစင်ဖို့ လိုသပေါ့လေ..)
တော်သေးဘီ…။
ခင်တဲ့ဂီ
:harr:
ခိုင်ဇာ
February 25, 2013 at 12:50 pm
ဆရာ ဂီ ဘက်တိုက်ပြီ။
အဲဂလို ပြင်မရတဲ့ အရိုးရင့်တွေကိုတော့ မပြောဘူးလေကွယ်။
မရဘူး မရဘူးနဲ့ ဘယ်သူက စ အားထုတ်ခဲ့လို့လဲ။
ခု သိနားလည်တဲ့သူတွေ၊ တက်ကြွတဲ့သူတွေ စတင်ချင်တုန်း အပြုသဘောပြောရတာကိုး။
အဖျက်ကြီးပဲ ပြောဆိုရင်လည်း ထိုင်နေတာပဲ ကောင်းတာကလား။
“”ရည်ရွယ်တဲ့ လမ်းက ဘယ်လောက် ဝေးဝေးကွယ်။ ဒီ ခြေတစ်လှမ်းလေး စတင်ဖို့သာလိုတယ်။”” မမော် ဆိုသွားတာပဲ။
မဖြစ်ပါဘူး။ ဂလို ခေါင်းမာ၊ ဘက်တိုက်၊ အရိုးမနူးတွေကို စည်းရုံးမဲ့အစား……….
လူငယ် ခြေတက်လေးတွေ၊ အလိမ္မာအိမ်ပါ (အဲလေ) ပြောစကားနားထောင်မဲ့ သူလေးတွေကို အနီးကပ် သင်ကြားပေးဖို့လိုအပ်နေပြီ။
ပြန်မယ်။ ပြန်မယ်။
:harr:
ဒီ ကိစ္စ အကောင်အထည်ဖော်ခွင့်ပြုပါ အာတီဒုံ။
Ghi Ghi ThE KiD
February 25, 2013 at 2:04 pm
အရိုးရင့်တွေကို မပြောလို့ မရဘူးခည…
အနည်းဆုံးတော့ မီးလောင်မှိုက်၊ မီးမလောင်မှိုက်(သံဗူး၊ဖန်ပုလင်း) နဲ့ ပုပ်သိုးလွယ်အမှိုက်
ဒါတွေ ခွဲပစ်နိုင်အောင် စကြရဖို့ကောင်းပါပြီ။
ထိပ်ဆုံး စည်ပင်ကို သန့်ရှင်းရေးအရင်လုပ်ဗျာ…။(ခြကိုက်နေလည်း ပိုးသတ်ဆေးသာ တိုက်လိုက်ကြပါဒေါ့..)
:kwi:
ပြီးရင် ဒဏ်ကြေးကောင်းကောင်းချ။ စည်ပင်ခွန် တိုးကောက်…။
အို ..ကိုယ်စားလို့မှ မကုန်ဘဲ သနားပါတယ်ဆိုပြီး လမ်းတွေပေါ် ခွေးဝဲစားဂိုဏ်းထောင်သူတွေ
ပပျောက်ကုန်မှာ မနည်း မြောင်းတွေလမ်းတွေ ပြုပြင်စားရိပ် သက်သာကုန်မှာမနည်းဘူးပဲ …။
ဘာလို့ အရိုးအရင့်ကို မချန်ရသလဲ သိလား …။
ကလေးကကျောင်းမှာ အမှိုက်အကြောင်းကျကျနန သင်လာ..။
အိမ်ရောက်.. အမေက စည်းကမ်းတကျ မစွန့်ပစ်တာတွေ့..။
မဟုတ်သေးပါဘူး အမေကြီးရာ ….
ဟမ်.. ငါမွေးတဲ့ မျောက်က ငါ့ပြန်ခြောက်လို့ ..လျှာမရှည်နဲ့ ..ဒေါက်…။
ပြီးရော … သားသမီးဆိုတာ မိဘနဲ့ ဆြာသမား ဆိုရင် မိဘကို ပိုမိုချစ်ကြောက်ရိုသေကြတာ
သဘာဝမို့ … ကျောင်းမှာ ပြောတာတွေက ဖောရှောကြီးတွေပါ… အလကားပါ…။
တကယ် ကောင်းရင် တကယ်ဟုတ်ရင် ဒို့မေကြီး လိုုက်လုပ်မပေါ့ ဒို့ဖေကြီးလိုက်လုပ်မပေါ့ ..ဆိုပြီး
ကျောင်းကို (ကျောင်းစာကို) (အမှိုက်စည်းကမ်းကို) မုန်းသွားပလိမ့်မယ်…။
အဲ့… အဲ့သည့်အခါကျ ..ကျောင်းသင်ရိုးက မထိရောက်လို့ ..ထိရောက်အောင်ဆိုပြီး မိဘကို ဗီလိန်နေရာထားပြီး
သင်ရိုးဆွဲမယ် ဆိုပါစို့….။ ဆိုတော့ …….အနိစ္စ….။
စကားမစပ် ရန်ကုန်မှာ ဟင်းလျှာမှာစားပြီး 50g ထက်ကျော်အောင် ချန်ထားခဲ့ရင်
Charge လုပ်တဲ့ ဆိုင်ပေါ်နေပြီတဲ့ …သာဒု….
သခင်မျိုးဟေ့ ..ဒို့ဘာမန်…
:528:
kai
February 25, 2013 at 4:58 pm
ကျုပ်က..မြန်မာ့နိုင်ငံရေး.. ရီဗာ့စ်အင်ဂျင်နီယာနည်းနဲ့.. …အမွှေးနှုတ်သလိုနှုတ်သွားကြည့်တာ..
သမိုင်းမလိုက်ခင်.. အရင်က..ပြဿနာတွေရဲ့.. အစကောင်ကြီးအဖြစ်.. စစ်အစိုးရမှာသွားသွားဆုံးတယ်…
အခုတော့..
အာ…ဟမ်မ်းးးးးးးးးးးးး
ဘီစီ ၂၇ဝ ကအသောကမင်းကြီးဘုန်းကြီးတပါးဖူးရလို့ဗုဒ္ဓဘာသာဖြစ်တယ်ဆိုတဲ့.. ဇတ်လမ်းအတိုင်းကို.. နောက်အနှစ်၁၂၀ဝ ကျော်မှ ထပ်တူပုံတူကူးချထားတဲ့.. အနော်ရထာနဲ့..အရှင်အရဟံဇတ်လမ်းကနေ.. စတယ်လို့.. (နှုတ်ပြီး ပြောင်နေတဲ့… အမွှေးတွေကြားထဲ.. ..မြင်မိနေတယ်..
အနှစ်၁၀၀ဝကျိန်စာ..
သခင်မျိုးဟေ့.. ဒို့ဘားမန်င်း.. :kwi:
ဦးကြောင်ကြီး
February 26, 2013 at 9:53 am
ရှင်အရဟံ ဖြစ်ရပ်ကို အသောကမင်းကြီး ဇာတ်လမ်း ကော်ပီကူးတယ် ပြောဂျေးဆို ပေါ်တူဂီနယ်ချဲ ဒီဗရစ်တို (ခ) ငဇင်ကာ သန်လျင်မှာ ကျွဲသားရေ တချပ်စာမြေတောင်းပြီး အမျှင်လေးတွေ အရှည်အလျာ;အတိုင်း ခံတပ်ဆောက်သွားတာ အင်္ဂလိပ်သမိုင်းအစောပိုင်းမှာ ဂျာမန်တွေ အဲဒီလိုပဲ သားရေတချပ်စာတောင်းပြီး ခံတပ်ဆောက် ခြေကုပ်ယူသွားတာကို ပုံတူကူးချတယ် စဂါးကတ်မယ်ဗျာ…။ history repeats တဲ့ သဂျီးရေ…။ လက်ယားတိုင်း ကီးဘုတ် မကလိနဲ့၊ သိပ်အားနေရင် ဟိုဟာကိုင်ထား.. ဘီယာဗူးခွံ
ဦးဦးပါလေရာ
February 26, 2013 at 11:19 am
သူကြီးတော့….. စွပ်စွပ်စွဲစွဲ…
သာသနာတခုပြန့်ပွားတယ်ဆိုတာ
သာသနာပြုသူ (ဘုန်းကြီး) နဲ့ အုပ်ချုပ်သူ(ဘုရင်) တွေ့လို့ ပြန့်ပွားတာပေါ့..
အခြားနည်းနဲ့ ပြန့်ပွားစည်ပင်ဖို့ဘယ်လွယ်ပါ့မလဲ…
ဥပမာ-
ဖွားသီလနဲ့ အရက်သမား တွေ့လို့ ဘယ်လိုလုပ်သာသနာပြန့်ပွားပါ့မလဲ…
ခက်ပါ့…
ဦးဦးပါလေရာ
February 26, 2013 at 11:26 am
တကယ်တော့ မြန်မာနိုင်ငံကို ဗုဒ္ဓသာသနာ ရောက်ရှိတာ ရှင်အရဟံက အနော်ရထာနဲ့တွေ့တဲ့ တကြိမ်ထဲဘယ်ဟုတ်မှာလဲ…
အဲ့ဒီရှေ့က ရှေ့…ရှေ့… က
အဲဒီနောက်မှာ နောက်.. နောက်.. မှာ
အကြိမ်များစွာ ဝင်ရောက်လာတာပေါ့
လက်ရှိတွေ့ထားသမျှအရဆို ပျူခေတ်ကတည်းက ဗုဒ္ဓပုံတော်တွေ ကိုးကွယ်ခဲ့တာ..
အဲဒီလို ဗုဒ္ဓသာသနာရောက်လာတဲ့အကြိမ်များစွာမှာ
ဘုရင့်ဆီတိုက်ရိုက်ရောက်တဲ့သာသနာ(မူ)က ထွန်းကားပြန့်ပွားသွားတာပေါ့..။
ကျန်တာတွေက မှိန်သွားတာပေါ့..
(ဥပမာ သူကြီးရဲ့ဖေးဘရိတ်အရည်းကြီးတွေ)
အဲဒီတော့ ဘုရင့်ဆီ သာသနာရောက်ပုံက ခမ်းခမ်းနားနားနဲ့ သမိုင်းတွင်ကျန်သွားတာပေါ့…။
အနော်ရထာဆီ ရှင်အရဟံရောက်မရောက် သံသယရှိရင်
ကျန်စစ်သား ဝင်စားတယ်ဆိုတဲ့လူကြီး အခုရှိသေးတယ်နော်
မသေခင် သွားမေးထားကြပါ…
:kwi:
kai
February 26, 2013 at 12:06 pm
ပုံတူကူးချတယ်ဆိုတာ… အဲဒါကျုပ်ပြောတာမဟုတ်…
သမိုင်းပညာရှင်ဒေါက်တာသန်းထွန်းပြောတာ.. :kwi:
ဆိုတော့…
မွန်..ရခိုင်နဲ့..ဗမာတို့.. ဂေါတမဗုဒ္ဓဘုရားပြိုင်လုတဲ့ဇတ်လမ်းရေးပြရဥိးမလား…
ဒေါက်တာသန်းထွန်းရေးတာပဲ..
ရွှေတိဂုံစေတီရယ်..။ မဟာမြတ်မုနိရယ်..။ ကျိုက်ထီးရိုးရယ်..။ ရွှေစက်တော်ရယ်..။ မန္တလေးတောင်ရယ်..
သူအရင်..ငါအရင်..အရောက်ပြိုင်ကြတဲ့.. အဲဒီပြိုင်ပွဲ.. ရွှေတိဂုံရှုံးတယ်ဗျ…
ဘုရားကိုယ်တော်တိုင်မကြွခဲ့လို့တဲ့လေ…။
ဘယ်ရမလည်း..
မွန်..ရခိုင်လက်တွေထဲက..အကုန်”လု”ပလိုက်တယ်..
ဗမာမျိုးဟေ့..
ကွိကွိ…
ဦးဦးပါလေရာ
February 25, 2013 at 10:34 am
ပြောရရင် ကျုပ်က အမှိုက်တော်တော်ထွက်တဲ့လူ…
နေထိုင်သွားလာပုံကလဲ ကြုံရာကျပန်းဆိုတော့ လက်က ခဏခဏ ပေတယ်
ငယ်ငယ်တုန်းကတော့ လက်ပေရင် ကိုယ့်လုံချည်နဲ့ကိုယ်သုတ်တယ်
ကြီးလာလို့ တက္ကသိုလ်ရောက်ကတည်းက အဲလိုလုပ်ရမှာရှက်တတ်လာတော့ လက်ကိုင်ပုဝါအမြဲဆောင်တယ်။
ဒါကြောင့် ကျုပ်လွယ်အိတ်ထဲမှာ ချွေးထွက်ရင်သုတ်တဲ့လက်ကိုင်ပုဝါကတစ်ထည်
လက်ပေရင်သုတ်တဲ့ လက်ကိုင်ပုဝါကတစ်ထည် အမြဲပါတယ်။
(စာအုပ်ကတော့ ပါချင်မှပါတယ်)
ဒီခေတ်ရောက်လာတော့ လက်ကိုင်ပုဝါခေတ်မဟုတ်တော့ပါဘူး
တစ်ရှုးခေတ် သို့မဟုတ် အမှိုက်ခေတ် ဖြစ်သွားပါပြီ
ကျုပ်လဲလွယ်အိတ်ကို ဖုထုံးထုံးပြီး မလွယ်တော့ပါဘူး..။
ရှစ်ရာ တစ်ထောင်လောက် ပေးရတဲ့ လက်ဆွဲအိတ်အပေါ့စားလေးတွေကို ပြောင်းကိုင်ပါပြီ
ကျုပ်ရဲ့အိတ်ထဲမှာလဲ လက်ကိုင်ပုဝါအစား တစ်ရှုးတစ်ချို့နဲ့အတူ
သုံးပြီးသားတစ်ရှုးကိုထည့်ဘို့ ပလပ်စတစ်အိတ်တစ်လုံး အမြဲဆောင်တတ်နေပါပြီ…
ကျုပ်ဆီကထွက်တဲ့အမှိုက်ကို အမှိုက်ထည့်ရမယ့်နေရာတစ်ခုခုမတွေ့မချင်းကိုယ်နဲ့မကွာသယ်ပြီး
ကိုယ့်တာဝန်ကိုယ်ယူပါတယ်။
ဟုတ်ကဲ့ပါ-
ကွမ်းတံတွေးတွေပေကျံနေတဲ့ ရောဂါပိုးပေါင်းစုံ ပေါက်ပွားနေတဲ့ စည်ပင်အမှိုက်ပုံးကို အဖုံးဖွင့်ထည့်ဖို့ ဝန်လေးပါရင် ကိုယ့်ကြောင့် အမှိုက်လုံးဝမထွက်အောင်နေပါ
မနေနိုင်ရင်တော့ ကျုပ်လို ကိုယ့်တာဝန်ကိုယ်ယူပါ
ကိုယ့်အမှိုက်ကို သူများကသိမ်းရတယ်ဆိုရင်တောင် တော်တော်လွန်နေပါပြီ
ကိုယ့်အမှိုက်ကြောင့် သူများကို ထိခိုက် စေတယ် အနှောက်အယှက်ဖြစ်စေတယ် အကျိုးပျက်စီးမှု့ဖြစ်စေတယ်ဆိုရင်တော့ အဲဒီလူဟာ ယဉ်ကျေးသန့်ပြန့်တဲ့လူ့ပတ်ဝန်းကျင်နဲ့ မထိုက်တန်တော့ပါဘူး…။
weiwei
February 25, 2013 at 11:26 am
အသိစိတ်ဓါတ်ကောင်းကောင်းနဲ့ သေချာလုပ်ရင်ဖြစ်ပါတယ် …
ကျွန်မနေတဲ့နေတဲ့အိမ်ယာဝင်းထဲမှာ အမှိုက်ပစ်ချိန်က တစ်ရက်မှာ ၂ နာရီ .. ညနေ ၅ နာရီကနေ ရ နာရီအထိ ပစ်လို့ရတယ် … အမှိုက်ပုံ အမှိုက်ပုံး လုံးဝမရှိပါဘူး .. အမှိုက်သိမ်းကားရပ်ထားပြီး ပစ်ပေတော့ … ဒါပေမယ့် သူတို့သတ်မှတ်ထားတဲ့အမှိုက်အိပ်ကိုသာ သုံးရပါတယ် …
တိုက်တွေက ဖင်ချင်းပေါက်ဆောက်ထားလို့ နောက်ဖေးဘက်မှာ တိုက်လမ်းကြားရှိပါတယ် … ကိုယ့်အသိစိတ်နဲ့ကိုယ် (ကိုယ့်သိက္ခာနဲ့ကိုယ်) နေကြလို့ လမ်းကြားထဲမှာ လမ်းလျှောက်လို့တောင်ရပါတယ် … ဒါပေမယ့် ….
မပြောချင်ပေမယ့် အားနာနာနဲ့ပြောရရင် လူတန်းစားကွာခြားမှုရှိတယ် …
သာမန်ဝန်ထမ်းတွေနေတဲ့တိုက်လမ်းကြားနဲ့ အရာရှိသီးသန့်နေတဲ့တိုက်လမ်းကြား ကွာခြားပါတယ် … အရမ်း အရမ်းကို ကွာခြားတာပါ .. ဝန်ထမ်းတွေတိုက်နောက်ဘေးကတော့ လမ်းထွက်လျှောက်ဖို့ နေနေသာသာ ကြည့်တောင်မကြည့်ရဲလောက်အောင် ညစ်ပတ်ပါတယ် … အပေါ်ထပ်ကလူတွေက စည်းကမ်းမရှိ အမှိုက်ပစ်ချတုန်းပါပဲ .. လက်သည်မပေါ် ဖြစ်နေတုန်းပဲ …
အဲဒါကြောင့် အသိစိတ်ဓါတ်လေးသာ ရှိမယ်ဆိုရင်တော့ ….
pooch
February 25, 2013 at 2:57 pm
ကျမလည်း အားနာနာနဲ့ ပြောရအုန်းမယ်မဝေ အဲ့လို လူမျိုးတွေကို ပြောလိုက်ရင် တခါတခါ ပိုတောင်ရွဲ့လုပ်တာတွေ့ရတယ်။
မသိတာပိုခက်တဲ့ လူတွေပိုဆိုးပါတယ်။ ဒါပေမဲ့ ခုနောက်ပိုင်းတော့ အမှိုက်ပုံးတွေ အမှိုက်ကားတွေ ပိုများ ပိုအဆင်ပြေလာတာတွေ့ရတယ်။ ရပ်ကွက်ကိုလာသိမ်းတဲ့ကားတွေမှာ အဖုံးတွေ ပါလာတယ်။
ကြည့်ရတာ ခုနောက်ပိုင်း မှာ အသိရှိလာတာမို့ အရင်ထက်မလျော့ရင်တောင် ပိုတော့ မဆိုးလာဘူးလို့ ပြောလို့ ရတဲ့ နေရာတချို့ ရှိလာတယ်။
ကလေးတွေကို ကျောင်းက စပြီး ပညာပေးတာကို ကျမတော့ ပိုအားပေးတယ်။ လူကြီးတွေကိုတော့ ရပ်ကွက်လူကြီးကနေ စပြီး လက်ကမ်းဝေပြီး ပညာပေးတာမျိုး လုပ်လို့ ရပါတယ်။
လမ်းဘေး ဈေးသည်တွေကိုလည်း စည်ပင်က အကောက်ကောက်ရင်း လက်ကမ်းစာစောင်ပေး ပညာပေးလုပ်လို့ရပါတယ်။ တကယ်မစကြသေးလို့ပါ ။ ဆုပေးဒဏ်ပေးကိုသာ သတင်းစာတွေထဲထိ ထည့်ပြီး ကောင်းကောင်းအသက်ဝင်အောင်လုပ်ရင် ဖြစ်လာနိုင်စရာ အကြောင်းရှိပါတယ်။ ဘယ်လိုပဲ အဝါရောင် ကိုက်ခဲမှု ရှိတယ်ပြောပြောပေါ့ ။ အတိုင်းတာတခုထိတော့ သက်ရောက်လာမှာပါ။
Mr. MarGa
February 25, 2013 at 11:54 am
ကိုယ်က အဲလောက်မသိတာမို့
ပြောတာတွေကိုပဲ မှတ်သွားပါတယ်
ပတ်ဝန်းကျင်မှာ ဖြန့်ဝေရင်း
ဒီကိစ္စကို လျော့ကျအောင်သာ လုပ်ပါတော့မယ်ဗျာ
တစ်ပိုင်တစ်နိုင်ပေါ့
ရမလား ဒေါ်လေးရေ
ကိုပေါက်(မန္တလေး)
February 25, 2013 at 3:40 pm
ဒီအမိူက်အကြောင်းတော့ ကျနော်ပြောတာ မောသွားပါပြီ မမာရေ
အခုချိန်ထိ ကျနော်နေတဲ့တိုက်ခန်းမှာဒီအမိူက်ကိစ္စနဲ့ ပြဿနာတက်ပြီး စကားများနေရတုန်း
ကျနော်တို့ မြန်မာပြည် က ဒီမိုဒီမို အော်နေပေမယ့် ကိုယ်တိုင်ကောင်းအောင်နေဘို့ တော့
မနေချင်ကြတာ အမှန်ပါဘဲ။
ရဲစည်
February 25, 2013 at 8:46 pm
နေ့စဉ် အမှိုက်ပစ်နေတဲ့ ၉၉%ဟာ လူကြီးတွေ ဖြစ်ပါတယ် ခင်ဗျ..။
ကျနော်တို့တွေ စာသင်ကျောင်းကို ပြန်မရောက်တာ ဘယ်နှစ်နှစ်ရှိနေပီလဲ မေးရတော့မှာပါ။ စာသင်ကျောင်းတွေမှာ ကလေးတွေဟာ သူ့တို့ဘာသာ အမှိုက်ကိစ္စကို နည်းစနစ်အရမ်းမကျရင်တောင် ပုံမှန်နိစ္စဓူဝ ကိုယ်တွယ် ဆောင်ရွက်နေပါတယ်။ နောက်တခုက ရပ်ကွက်တွေမှာ အမှိုက်လှည်းကလေးတွေနဲ့ ဆင်းရဲနွမ်းပါးတဲ့ ကလေးငယ်တွေဟာ အမှိုက်လိုက်သိမ်းနေကြပါတယ် အဲ့ဒေါ့ အဲ့ပညာရည်နည်းပီး ဆင်းရဲတဲ့ကလေးတွေဟာ ကျန်တာမသိရင်တောင် အမှိုက်က သူတို့ဝမ်းရေးဖြစ်နေတော့ လက်လွတ်စပယ် မလုပ်ကြပါဘူး …။
တခြားမပြောနဲ့ မန်းလေးဂဇက်ထဲက ပညာတတ် စာရေးဆြာတွေတောင် ကွန့်ဖရင့်နေ့က တစ်ရှူးလေးသုတ်လိုက် စားပွဲပေါ်ချလိုက် ဘတ်ကနဲ အောက်ပစ်ချလိုက်နဲ့ အိုက်နေ့က အမှိုက်တပုံကြီးပါဘဲ။ ပြောချင်တာက စာသင်ကျောင်းက ကလေးတွေထက်စာရင် လက်ရှိပတ်ဝင်းကျင်က လူကြီးတွေကို ထိထိရောက်ရောက်နဲ့ အမြန်ဆုံး ပညာပေးတာ ပိုသင့်တော်ပါတယ်။ လူကြီးတွေဆိုရာမှ ဆရာဝန်၊ ဆရာမ၊ စစ်ဗိုလ်၊ စာရေးဆြာ၊ အယ်ဒီတာ၊ သဘောင်္သား၊ စီးပွားရေးလုပ်ငန်းရှင်၊ အိုင်တီပညာရှင်မှသည် အနော့်လို အရက်သမားတွေ အဆုံး သူတို့ကို တင်းတင်းကျပ်ကျပ် ပညာပေးနိူင်ရင် သူတို့နဲ့ နီးစပ်တဲ့ ပတ်ဝင်းကျင်မှာ ကလေးတွေ ရှိနေတာမို့ အလိုလိုဆင့်ပွား သွားနိူင်ပါတယ်ဗျာ….
ဆိုတော့
ဒါကျနော့်အမြင်ပါ ……
(၂)
ဒီတခေါက်ပြန်ရောက်တော့ မိတ်တွေတယောက်နဲ့ စကားလက်ဆုံကျပါတယ်။recycle ကိစ္စ သူ့ဆီက အများကြီး ပညာရခဲ့ပါတယ်
-ကျွတ်ကျွတ်အိတ်တွေကို press နဲ့ အတုံးလုပ်ပီး ကုတ်တင်လောင်း ရေတားနံရံတွေလုပ်တာ
-ကားတာယာအဟောင်းတွေကို စတီးကြိုးတွေထုတ် အမှုန့်ကြိတ်ပီး ကားလမ်းပြန်ခင်းတာ(ကတ္တရာ အစားထိုး)
-တောင်အာဖရိကမှာ ဆင်းရဲနွမ်းပါးသူတွေနဲ့ အေ့စ် ဝေဒနာသည်တွေကို အမှိုက်လုပ်ငန်း(ကောက်၊ရွေး၊လောင်စာတောင့် အဆင့်)
-မြန်မာမှာလဲ ခုနအမှိုက်သိမ်းသူတွေကို ဆပ်ဗ်ကန်ထရိုက်ယူ(စည်ပင်) နေ့စားဝင်ငွေနဲ့ ပြန်ရှင်းပေး အဲ့မှာပါလာတဲ့ ဘီယာခွံတွေကို ပရပ်စ်လုပ် နိူင်ငံခြား(သို့) ကုမ္ပဏီ၊ စက်ရုံပြန်သွင်းတာ စတာတွေ ကြားသိခဲ့ရပါတယ်။
သူက အိနိ္ဒယ/မြန်မာနိူင်ငံသား ခရစ်ယာန်ဘာသာဝင် ဖြစ်ပီး တမျိုးလုံး တဆွေလုံး ဒါဘဲလုပ်နေတာပါ။ သူ့ဆွေမျိုးတွေကလဲ အမေရိကမှာနေတာပါဗျ (သဂျီးနဲ့ကွာပ) :harr: သူ့ညီမက ကွင်းစလန်းတက္ကသိုလ်ကနေ သဘာဝပတ်ဝင်းကျင်ဆိုင်ရာ စာတမ်းဖတ်ပီး လောလောဆယ် တောင်အာဖရိကမှာဗျ၊ သင်္ကြန်ရက် အင်းယားလမ်းတကြောကနေ ကျုံးတပတ်အဆုံး နှစ်စဉ် လေလံငွေ သိန်းထောင်ချီ အကုန်ခံပီး ဒီလုပ်ငန်းတွေ လုပ်ကိုင်နေသူပါ။ အခုလဲ ရန်ကုန် ဒေါင်းတောင်း ၆မြို့နယ်၊ မန်းလေ ၃မြို့နယ်နဲ့ နေပူတော်/ပျဉ်းမနား အတွက် အင်တာမနေရှင်နယ်တောင် ဝတ်စုံပြည့် အဆင့်အတန်းမှီမှီ အမှိုက်သိမ်းခွင့်ရရေး သိန်းထောင်ချီ အကုန်ခံပီး လိုက်နေပါတယ်တဲ့ ပေးတာတော့ ယူထားပီး ခွင့်ပြုချက်တော့ အထက်က မကျသေးပါဘူးတဲ့ :kwi: အဲ့ဒါ..အဲ့ဒါ ကျနော်သိမှတ်သလောက် ဝင်ပွားကြည့်တာ ဆြာ့ဆြာဂျီးတွေလိုတော့ တမ်န်းအန်မ ကွန်ဒီးရှင်းတွေ ရူးလိအန်မ် ရပ်ဂူလေးရှင်းတွေနဲ့ မပြောတတ်ဘူးရယ် …
ရဲစည် လမ်းကြိုလမ်းကြား ရပ်ကွက်ကြို ရပ်ကွက်ကြား သွားနေတော့ လက်တွေ့ဆန်တဲ့ အော်ဆာဗေးရှင်းဘဲ ပြောတတ်တယ်
:harr: :kwi:
အန်တီပဒုမ္မာကိုတော့ သွေ့ပရှရှ် ..
ခိုင်ဇာ
February 27, 2013 at 9:05 am
http://www.facebook.com/#!/photo.php?fbid=10151237299336910&set=a.10150096639171910.277179.295524826909&type=1&theater
ဘာရယ်မဟုတ်ဘူး။ ရေဘူးတွေနဲ့ ကနိုပီ လုပ်ထားတာတွေ့လို့ လာပြတာရယ်။
ရာမည
February 27, 2013 at 9:44 am
အတွေ ့အကြုံအရ ပြောကြည် ့ပါမယ် အန်တီခင်ဗျာ
လူနည်းစုကလွဲရင်အသိညဏ် နိမ် ့ပါးတယ်ဆိုတာ လက်ခံပေးပါ ။
အသိညဏ်မြင် ့သူ ၊ နာလည်လွယ်သူနဲ ့ ကိုယ်ချင်းစာတတ်သူများကိုပညာပေးလို ့ရနိုင်ပေမဲ ့
ဒီကလူတွေအများစုက ပညာပေးလို ့မလွယ် ။
ဒါကြောင် ့ ပြင်းပြင်းထန်ထန် အရေးယူရင်ရပါတယ် ။ ဥပမာ
ယောက်ကျားအများစုနေကြတဲ ့ဘုရင် ့နောင်ကားပစ္စည်းရောင်းဝယ်ရေးဝန်းထဲမှာ
အပေါ ့သွားရင် အိမ်သာကိုပဲသွားကြပါတယ် ။ ၁၉၉၈ ခုနှစ်ငွေတန်ဘိုးနဲ ့
၁၀၀၀ဝ ဒဏ်ရိုက်လို့ပါ။ ထိုစဉ်က ရန်ကုန်မန္တလေး အထူးကားလကမှတ်ခဟာ
၁၂၀ဝ ခန် ့သာဖြစ်ပါတယ် ။
ယခုတန်ဘိုးနဲ ့သင် ့ရင် ၁၃၀၀ဝ လောက်တန်ပါတယ် ။ ဘယ်သူမှ ရှူရှူးအရမ်းမပေါက်ရဲပါဘူး ။
ဒီလောက်စည်းမဲ ့ကမ်းမဲ ့ ပညာမဲ ့တဲ ့ကားသမားများစုဝေးရာမှာ အလွန်စည်းကမ်း
ရှိခဲ ့ဖူးပါတယ် ။ကားသမားဆိုတာ မျက်နှာပြောင် အရှက်နဲ မိုက်ရိုင်းတဲ ့သူတွေများပါတယ်။
ဒီလိုလူတွေထိန်းလို ့ရရင် အခြားသူတွေလည်းရနိုင်မှာပါ ။
padonmar
February 28, 2013 at 12:11 am
ကွန်မန့်တွေ အားလုံးကောင်းလွန်းလို့ BC ပေးလို့ရရင် အကုန်လုံးကိုသာပေးလိုက်ချင်ပါတော့တယ်။
Mလုလင်
February 28, 2013 at 12:54 am
“အမှိုက်များနှင့် လူနေမှုဘဝ ဓါတ်ပုံပြပွဲအတွက် ပုံများပေးပို့နိုင်ပါသည်”
Myanmar Youths In Action မှ ကျင်းပပြုလုပ်မည့် “ အမှိုက်များနှင့် လူနေမှုဘဝ “ အမည်ရှိ ဓာတ်ပုံ ပြပွဲကို မတ်လ (၁၇) ရက်နေ့ ၊ နေ့လည် (၂းဝ၀) မှ (၅းဝ၀) အထိ ပြည်သူ့ရင်ပြင်(Natural World) ရှိ မြက်ခင်းပြင်တွင် ကျင်းပပြုလုပ်မည် ဖြစ်ပါသည်။
လူသားများ၏ နေ့စဉ်ဘဝတွင် အမှိုက်ဆိုသော အရာများသည် တဖြည်းဖြည်းဖြင့် အန္တရာယ်ရှိသော အရာများ အဖြစ် ဖြစ်ထွန်း လာနေပါသည်။ လူသားများသည် နေ့စဉ်နဲ့ အမျှ အမှိုက်များ စနစ်တကျ စွန့်ပစ်ခြင်း မရှိသောကြောင့် ဖြစ်ပေါ်လာသည့် ပြဿနာများနှင့် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ပျက်စီး ဆုံးရှုံးမှုများအား လူအများ သိရှိ စေရန် ရည်ရွယ်၍ ကျင်းပ ပြုလုပ်သည့်ပွဲ တစ်ခုဖြစ်ပါသည်။
အဆိုပါ ပြဿနာများအား လူအများ စိတ်ဝင်စားမှု ရှိလာစေရန်နှင့် အသိပညာ ပေးရန် အတွက် ဓာတ်ပုံများအား ခင်းကျင်း ပြသပေးမည် ဖြစ်သည့် အတွက် ပါဝင်ပြသလိုသည့် ဝါသနာရှင်များသည် မိမိတို့၏ ဓါတ်ပုံများအား မတ်လ (7) ရက်နေ့ နောက်ဆုံးထား၍ အောက်ဖော်ပြပါ Email များ ၊ ဖုန်းနံပတ်များသို့ ဆက်သွယ်ပေးပို့ နိုင်ပါသည်။ ရွေးချယ်ခံရသော ပုံများကို ပြန်လည်အကြောင်းကြားပြီး မူရင်းများကို ထပ်မံတောင်းယူမည် ဖြစ်ပါသည်။
khingsoe.aung7@gmail.com
khaingwuthyee@gmail.com
myia.asia@gmail.com ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်
ခိုင်ဝတ်ရည် 09421098633
ထွန်းအောင်ဖြူ – 0973191975