“ ငါပဲ ရူးစေတော့ ……..။ ”

++++++++++++++++++++++++++++++++++

 

ဟူး …….

သက်ပြင်းတွေက …

မျက်တောင်တွေ ခဏခဏ ခတ်နေသလို …….။

 

လျှံထွက်နေတဲ့ ရေတွေလို …

နှာခေါင်းကတင် မက

တစ်ခါတစ်ခါ …

ပါးစပ်ကပါ မှုတ်ထုတ်မိပြန်တယ် …..

ငါ တကယ် ရင်မောနေတယ် …..။

 

ကိုယ့်ကိုကိုယ် ဒုက္ခပေးမိလေသော

အိုဘယ့် “အချစ်စိတ်” ရယ် …

မင်း ဘာကြောင့်များ

ငါ့ရင်ထဲမှာမှ ပေါက်ဖွားလာရတာလဲကွယ် …..။

 

သွားကြ …

သွားကြ …….

ငါ အော်ဟစ် မောင်းထုတ်မိပေမယ့်

နားပဲ မပါကြသလိုလို …

ပေကပ်ပြီး နေနေကြတယ် …

တကယ် … တကယ် …

ငါ စိတ်ညစ်တယ် …….။

 

“သိပ်ချစ်တယ်” ….

ဒီလို ဖွင့်ဟခဲ့ပါတယ် …

“စာနာတယ်” …. တဲ့ …

ဒါပေမယ့် …

ခဝါချဖို့ပဲ သူ တိုက်တွန်းတတ်တယ် …

ဒါကို ဘယ်လို ပြောရမလဲကွယ် ….။

 

ဟိုး ….. အမြင့်ကြီးပဲ …

သူ ထိုင်နေတာ မဟုတ်ဘူး …

သူ လျှောက်မယ့် လမ်းက မြင့်လွန်းနေတာ …

ငါ ဝန်ခံပါတယ် ..

အဲ့ဒီလမ်း ငါ လက်လှမ်းလို့ မမှီသေးဘူးကွယ် ……..။

 

“ခပ်ညံ့ညံ့” …

ကိုယ့်ကိုကိုယ် ကင်ပွန်းတပ်ရဲပါတယ် …

ဟုတ်တယ် …

ငါက “ဖွတ်ကျား” တစ်ယောက်ပဲ …

ဒါပေမယ့် …

ဒီအဖြစ်ဟာ …

ငါ တစ်သက်ပတ်လုံး

တွယ်ဖက်ထားမယ့် အရာမှ မဟုတ်တာ …..။

 

လူကို အထင် စမောမယ် ဆိုရင်လည်း

ဖြစ်တယ် .. ဖြစ်တယ် …

အရှိကို အရှိအတိုင်း ဝန်ခံရဲတယ် …

ဒါပေမယ့် …

စိတ်ဓာတ်ကိုတော့ ပြက်ရယ် မပြုပါနဲ့ကွယ် …

ဒီတစ်ခုတော့ တောင်းပန်ချင်ပါသေးတယ် …

ဟုတ်တယ် … ဟုတ်တယ် …

ရိုးသားမှု ဆိုတာဟာ …

ငါ့ ချစ်ခြင်းတရားမှာ အစဉ်ခိုနားနေတယ် …

 

ရှိစေတာ့ …

ရှိစေတော့ ….

ဒီလမ်းကို စဖောက်ခဲ့တာ ငါ …

ကြည်နူး နှစ်သက်စရာတွေတော့ ရှိခဲ့ပါရဲ့ …

ဒါပေမယ့် …

ရိုးရိုးလို့သာ မှတ်ပါတဲ့ ……။

 

ရှယ် မဟုတ်လေတော့ …

ဇွန်းလည်း မတပ်ဘူး ..

အသားတင် နို့ဆီလည်း မပါဘူး …

ရိုးရိုးတောင်မှ …

အကျလွန်နေပြီး မစိမ့်တဲ့

ကျမစိမ့် တစ်ခွက်လို့ပဲ ထင်ပါရဲ့ ….။

 

ခွေးတစ်ကောင်လို

အမြှီးလေး တနှံ့နှံ့ နဲ့

ထန်းလျက်လေး ဘာလေးများ

စားရလို စားရငြား

သူ့ သခင်ရှိရာဆီကို

ပြေးပြေးသွားတတ်သလို အဖြစ်မျိုး

ငါ့ အဖြစ်ကလည်း ပမာကိုးစရာ …..။

 

အသင်းကြီး တစ်သင်းကို

ဂိုးပြတ် ရှုံးနိမ့်မှာ သိပေမယ့်လို့လည်း

ပေးဂိုး မများရအောင်ပဲ

မနည်း ထိန်းကစားနေရတဲ့

ဖွတ်ကျား အသင်းငယ် လေးလိုပါပဲ ….

သူနဲ့ ပတ်သက်တိုင်း

ငါ့အဖြစ်ကလည်း

အဲ့ဒီလို အသင်းငယ် လေးလိုပါပဲ ….။

 

“ဒီလိုပါပဲ …

ဘဝ ဆိုတာလည်း …

ဒီလိုမျိုးတွေ တွေ့ရ၊ ဆုံရ၊ ကြုံရတတ်တယ် ..”

ခုလို ပြောဆိုသံတွေကို ကြားရတယ်

ဒါပေမယ့် …

ဟောဒီ ရင်ဘတ်ထဲက

ခဏခဏ အောင့်အောင့် နေတတ်တယ် …

အဲ့ဒီလို အောင့်တိုင်းလည်း

ကိုယ့်ကိုကိုယ် ဒေါသထွက်တယ် …

တရားခံ အစစ်

“အချစ်” ဆိုတဲ့ ဒင်းပဲ …….။

 

မယုံဘူး .. မယုံဘူး …

ငါလည်း သူ့လိုပဲ

အဲ့ဒီ အချစ်ဆိုတာကို မျက်ကွယ်ပြုလို့

ခေါင်းခါပြီး ငြင်းချက်တွေ ထုတ်မိတယ် …

မရဘူး … မရဘူး …

တကယ် … တကယ် …

အဓိပ္ပါယ် ဖွင့်မရဘူး ဆိုပေမယ့်

သူ့ကို လွမ်းချက်က လန်ထွက်နေတယ် ..

ငါ့ တစ်ခေါင်းလုံးလည်း

သူ့မျက်နှာများနဲ့ ပြည့်နှက်နေတယ် ……။

 

မစဉ်းစားဘူး …

ခေါင်းအုံးနဲ့ ဖိလို့ …

အိပ်ခဲ့တာတောင် အိပ်မက်ထဲ ရောက်လာတတ်ပြန်တယ် …

တကယ် … တကယ် …

အဲ့ဒီ အချစ် ဆိုတာကို

လက်ဆုပ်လက်ကိုင် ပြလို့ရရင်

ဓါးထက်ထက်နဲ့ အစိတ်စိတ် အမြွှာမြွှာ

ပိုင်းဖြတ်ပစ်လိုက်ချင်ပါသေးတယ် ……။

 

ဟူး …….

ငါလည်း ရူးတော့မယ် ….

တော်ပါပြီကွယ် ….

မဖြစ်နိုင်တာ မရှိပေမယ့် …

ခဏခဏ ဆီးကာတတ်တဲ့ လက်တွေကို

မပုတ်ခတ်ချင်တော့ဘူး …

ငါပဲ ရူးစေတော့ ……….။

 

++++++++++++++++++++++++++++++++++

By – မဟာရာဇာ အံစာတုံး

++++++++++++++++++++++++++++++++++

29 comments

  • ဦးဦးပါလေရာ

    February 21, 2013 at 12:58 am

    မောင်အံလက်ရာတွေ တပုဒ်ထက်တပုဒ် ပိုပိုကောင်းလာတယ်…

    ရောဂါရင့်လာတဲ့သဘောပေါ့….

    :kwi:

    • ဟာဂျာ ….
      ဦးပါ ဂလည်းဂျာ … အဟီးးး :mrgreen:
      ရောဂါ ရင့်လာဒါဒေါ့ ဝင်ဂံဘာလယ်ဂျာ …

      ခုလို တကူးတက လာအားပေးသွားဒါ
      ဦးပါ ကို ကျေးဇူးအားဂျီး တင်ဘာဒယ်ဂျာ …

  • Traditional

    February 21, 2013 at 8:51 am

    ကဗျာစဖတ်ရင်း ဖတ်ရင်း ဖီလင်တက်လာတယ်

    နောက်ဆုံးပိုင်း ကတော့ မိုက်တယ်

    …….အဲဝေဒနာ ဟာ ဂယ် ကိုခံရခက်ပါတယ် …ဟီး

    • ထရက်ဒီ ရေ …
      ခုလို လာရောက် အားပေးတာ ကျေးကျေးပါနော့ …
      ဟုတ်ပါရဲ့ …
      ဒီဝေဒနာ တကယ်ကို ခံရ ခက်စေတာပါ …
      တစ်ခါတစ်ခါ လူကို အရူးလို ဖြစ်စေသလားပဲ …

  • ကြည်ဆောင်း

    February 21, 2013 at 9:21 am

    ဒါလဲ အငှား ဖီလင်ဘဲလား ..
    ဂဇက်ရွာမှာ မောင်မောင်အံစာရူးလို့မဖြစ်သေးဘူးနော်..
    “ငါပဲရူးစေတော့ ” ဆိုတဲ့စာသားလေးသဘောကျတယ်..

    • ကျုပ်ပို့စ်တွေကို အမြဲလိုလို လာရောက်အားပေးပါတဲ့
      ကြည်ဆောင်း ရေ ….
      ကျေးဇူး အများကြီး တင်မိပါတယ်ဗျို့ ….

      ခုဟာကတော့ အငှားဖီလ်လင် မဟုတ်ရပါဗျာ ..
      တကယ့် ဖီလ်လင်လို့ပဲ ပြောပါရစေ …
      ကျုပ် ရူးတော့ မရူးသေးပါဘူး …..
      ရူးလောက်တယ် … ဆိုတာကို ပြောတာပါလို့ … အဟဲ …

  • လူကလေး

    February 21, 2013 at 10:34 am

    ခင်ဗျား ခံစားချက်တွေကို တစ်ခါလောက်များ ပြန်မတော်လှန်ချင်ဘူးလား.. ဗျ

    ဘာပဲပြောပြော စိတ်သက်သာတာပေါ့. . နော့်..

    ကဗျာ ကတော့ လွှတ်ကောင်း.. ငိုချင်တယ်..အဟဲဟဲ..
    :'(

    • လူကလေး ရေ …
      လာရောက် အားပေးတာ ကျေးကျေးပါဗျ …

      လူကလေး ပြောတဲ့
      အားပေး တိုက်တွန်း စကားအတွက်လည်း ကျေးဇူးပါဗျာ …
      ပြန် မတော်လှန်ချင်ဘူးလား ဆိုတော့ …
      တော်လှန်တာပေါ့ ခင်ဗျာ … တကယ်ပါ …
      စာဆန်ဆန် ပြောရရင်တော့ …
      နှလုံးသားကို ဦးနှောက်နဲ့ ပြန်တော်လှန်တာပေါ့ …
      ကျန်တာတော့ ဆက်မပြောတော့ပါဘူးဗျာ …

  • Mr. MarGa

    February 21, 2013 at 11:29 am

    ဖတ်ပြီးတော့ နည်းနည်း ငိုင်သွားတယ်
    ခံစားချက်တွေက ထိလှချေလားဟဲ့
    နင့်ကို ဆော်ချင်စိတ်တောင် ပျောက်သွားတယ်
    အေးအေးဆေးဆေးပဲ ဖတ်သွားပါတယ်ကွယ်

    • အေးဆေး ဖတ်သွားတာ ..
      ကျေးဇူးပါ သဂျားရေ …

      ခံစားချက်တွေက ထိဆို …
      အင်းးး ပြောတတ်ဘူးဟာ …
      ငါ ပြောတတ်တာတော့ …
      ဒါ အစစ်အမှန် ဖီလ်လင်တွေ ဆိုတာပါပဲလို့ ….

  • Wow

    February 21, 2013 at 11:40 am

    ရူးတာပဲကောင်းပါဒယ် အံချာရယ်..
    ဒါနဲ့ အကျံပေးကျိတာ… အချစ်မလာရ ဆိုပြီး ဆိုင်းဘုတ်လယ်ပင်းချိတ် ငုတ်တုတ်လေးထိုင်နေကျိပါရား :mrgreen:

    • ဂျီးဒေါ် ကလည်းဂျာ ….
      ရက်စက်ပါ့ … :mrgreen:

      စိတ်ကူးထဲ အိုက်လိုဂျီး ဆွဲကျိလိုက်ဒါ …
      ရီ စရာဂျီးးး …. အဟီးး …. :mrgreen:

  • ခိုင်ဇာ

    February 21, 2013 at 11:46 am

    ကဗျာထဲက ကောင်လေးက သနားစရာ။။ (ရေးသူကိုပြောတာဟုတ်ဘူးနော်)
    ဖတ်ရင်း သနားလိုက်တာ။ ရေးထားတာ စိတ်ထဲထိတယ်ဟဲ့။
    :byae:

    အဲကောင်လေးကို “ငတုံး” လို့ ပြောမိတာကို နောင်တရလို့ နောက်ဘယ်တော့မှ “ငတုံး” လို့ မပြောတော့ပါဘူးအေ။
    ဘာတဲ့။
    “ခပ်ညံ့ညံ့” ဟုတ်လား။ အဲဒါလေးက ခေါ်လို့ပိုကောင်းတယ်။ :mrgreen:

    ဟီး။
    အံစာတုံးလေးက မရူးပါနဲ့အေ။
    နောက်တစ်ခါ ငါ့မောင်လေး မူးလာရင်လည်း ဘာမှပြောတော့ဘူး။
    ရူးတာထက် မူးတာတော်သေးတာပေါ့ နော့။
    :hee:

    • ခပ်ညံ့ညံ့ မောင်အံ ပေါ့နော့ … :hee:
      ပြောပြီးစလစ် နံပါတ်တစ်ပဲနော် …
      နောက်ခါ .. ကျုပ် မူးလာရင် ပြန် ရန်ထောင်နဲ့ … :mrgreen:
      နောက်တာပါဗျာ ….
      ကျုပ် မမဂျီးတွေကို ယုံပြီးသားပါ ….
      ကျေးဇူးပါ မမခိုင်ဇာ ရေ ….

  • ဗုံဗုံ

    February 21, 2013 at 12:00 pm

    ခံစားချက်တွေ ပြင်းထန်လှချည်လား အံချာတုံးရယ် အိုက်ဒါကြောင့် ပြောပါတယ် ဘယ်အရာမှ မျှော်လင့်မထားပါနဲ့ဆိုတာ အခုတော့ နင်ရူးတော့မယ်ပေါ့ အေးအေးဆေးဆေးရူး လွတ်လွတ်လပ်လပ်ရူး အားရပါးရရူး ဘယ်သူ့မှ အားမနာနဲ့ ရူးချင်သလိုသာရူး :mrgreen:

    • အေးလေ …
      မိဗုံ တို့က ကလေးပဲ ရှိသေးတော့ …
      ငါ့ ခံစားချက်တွေကို ဘယ်နားလည်နိုင်ပါ့မလဲ .. ဟဲဟဲ ..
      ရူးချင်သလို ရူး ပြောပြီး
      ငါ တကယ်ရူးလို့
      မန်လေးကို ရောက်သွားလို့ကတော့ကွာ … :mrgreen:

  • ခင်ခ

    February 21, 2013 at 12:50 pm

    ကိုအံစာတုံး
    ဒီခံစားချက်တွေကရော
    ကိုယ်တိုင်ဘဲလား?
    အဌားခံစားတာလား?
    ဘယ်လိုမှန်းမသိတော့
    ဖတ်ပြီး ဘယ်သူ့ကို ဘယ်လိုခံစားပေးရမှန်းမသိမို့
    ဖတ်သူအကျွန်ုပ်လည်း ရူးပါတော့မယ်။

    • garuda

      February 21, 2013 at 2:26 pm

      မချစ်တတ်တဲ့…ကိုခင်နဲ့ :byae: :yae:

      ……………………………အချစ်ငတ်တဲ့…ဇာတုံး… :harr: :harr:

      • ဦးခင်ခကြီး ခင်ဗျာ …
        ခုလို လာရောက် အားပေးသွားတာ ကျေးဇူးပါဗျ …
        ဒါကတော့ …
        အငှားခံစားချက် မဟုတ်ပါကြောင်း ..
        ကိုယ်တိုင် ခံစားချက် ဖြစ်ပါကြောင်း …
        ဒါနဲ့ …
        ဦးခင်ခကြီးတော့ ရူးနဲ့အုံးဂျ …
        ကျုပ်နဲ့ တွေ့ပြီး .. ဟဲဟဲ .. ပြောထားတဲ့ အတိုင်း …
        အိုက်ဒါ ပီးမှ ရူးချင်ရူးဂျာ .. ဟဲဟဲ .. :mrgreen:

        ဦးဦး Garuda …

        အချစ်ငတ်တဲ့ ဇာတုံး တဲ့လားဗျာ …
        ဟဲဟဲ .. ဇာတ်မင်းသားသံ ပေါက်သွားပြီ ထင်တယ် …
        အားပေးသွားတာ ကျေးဇူးပါဗျို့ ….

  • လုံမလေးမွန်မွန်

    February 21, 2013 at 1:55 pm

    မဟာရာဇာ အံစာတုံးကို ခပ်ညံ့ညံ့လို့ ဘယ်သူက ပြောတာလဲ…
    ဒီလောက်တော်တဲ့သူကို….
    ပြောလိုက်ပါ..အထင်မစမောပါနဲ့လို့…

    ကဗျာကိုဖတ်ပြီး အတော်လေးခံစားလိုက်ရလို့.. အတည်မန့်ပါမယ်…

    အံစာတုံးရေ..လမ်းပါဆိုမှ လက်လှမ်းဖို့ မလိုပါဘူး..လျှောက်ရမှာပါ…သူ့လမ်းက မြင့်နေတယ်ဆိုလည်း မရရအောင် ပြေးပြီး ကျော်တက်လိုက်ပေါ့… 🙂

  • လုံမလေးမွန်မွန်

    February 21, 2013 at 1:58 pm

    မဟာရာဇာ အံစာတုံးကို ခပ်ညံ့ညံ့လို့ ဘယ်သူက ပြောတာလဲ…
    ဒီလောက်တော်တဲ့သူကို….
    ပြောလိုက်ပါ..အထင်မစမောပါနဲ့လို့…

    ကဗျာကိုဖတ်ပြီး အတော်လေးခံစားလိုက်ရလို့.. အတည်မန့်ပါမယ်…

    အံစာတုံးရေ..လမ်းပါဆိုမှ လက်လှမ်းဖို့ မလိုပါဘူး..လျှောက်ရမှာပါ…သူ့လမ်းက မြင့်နေတယ်ဆိုလည်း မရရအောင် ပြေးပြီး ကျော်တက်လိုက်ပေါ့… 🙂
    အံစာတုံးက တော်ပါတယ်…

    • ကွန်မန့်က နှစ်ခုမို့
      ဒီတစ်ခုမှာ ပေါင်းပြန်လိုက်ပါတယ်နော့ ….

      ကဗျာကိုဖတ်ပြီး အတော်လေး ခံစားလိုက်ရတယ်ဆိုတာ
      ဂယ်ဂျီးလားဟင်င် …
      နောက်တာပါ ခင်ဗျာ …
      ခုလို အားပေးသွားတာ ကျေးဇူးပါလို့ …

      မရရအောင် ပြေးပြီး ကျော်တက်ရမယ် ဆိုတော့ …
      ဘယ်လို ပြေးပြီး ဘယ်လို ကျော်ရပါ့ … 🙄 :mrgreen:

      ဒါ့ထက် .. အံစာတုံးက မတော်ပါဘူးဗျာ ..
      တကယ်ပါ …
      အားပေးသွားလို့ ကျေးဇူးပါ ခင်ဗျာ …..

  • Good™

    February 21, 2013 at 4:50 pm

    လမ်းဆိုတော့ လူတိုင်း လျောက်ခွင့် ရရမှာပေါ့။

  • ကျနော့် ကဗျာလေးကို
    လာရောက် အားပေးလို့
    ကွန်မန့်များနဲ့ အားဖြည့်ပေးသွားသူ အပေါင်းကို
    ကျေးဇူး အထူး တင်ပါကြောင်း
    အရင်ဆုံး ပြောထားပါရစေဗျာ ….

    နောက်တော့မှ အေးဆေး ရီပလိုင်းမယ်နော် … လို့ .. :mrgreen:

  • မောင် ပေ

    February 21, 2013 at 7:52 pm

    တောင်းထားတဲ့ ဆု အမြန်ဆုံး ပြည့်ပါစေကွယ်
    အဲဒါ အဲဒါ

  • @Good

    လမ်းတိုင်း
    လူတကာ လျှောက်လို့ မရဘူးဗျ …
    နမူနာအားဖြင့် …
    သူများ အိမ်ဝင်းထဲက လမ်းတို့ ဘာတို့ပေါ့ဗျာ ..

    @ရောင်းရင်းကြီး

    ဟက်လူ …
    ကျုပ်က ဘာတွေ ဆုတောင်းနေလို့ဒုန်း …
    ဘာဖြစ်ဖြစ် … ရောင်းရင်းဂျီး ပေါဒလိုဘဲ …
    တောင်းထားတဲ့ ဆု အညန်ဆုံး ပြည့်စေဒဒီးး :mrgreen:

    အားပေးသွားကြပါ ကျေးဇူးပါ ခင်ဗျာ …

    • ခိုင်ဇာ

      February 22, 2013 at 9:40 am

      ဟင်။
      ကပေ ပြောတာ သဘောမပေါက်ပဲ တောင်းထားတဲ့ ဆု အမြန်ပြည့်စေသတည်း တွေ ဘာတွေလုပ်နေတယ်။
      အံစာတုံး တကယ် ရူးသွားပြီလားမသိ။ :mrgreen:

      “ငါ ပဲ ရူးစေတော့” ဆိုတာကို မြန်မြန်ပြည့်ပါစေလို့ပြောတာ။ မြန်မြန်ရူးခိုင်းနေတာလေ။
      :kwi:

  • Shwe Ei

    February 22, 2013 at 9:18 am

    အား မရှော့နဲ့ ရောက်တော့မည် ကြိုးစားတက်ပါမည်။
    ကုသိုလ်ရေးမို့ အလေးထားသည် ဘိုးဘိုးဂျီး မ မည်။
    ကျိုက်ထီးရိုး :mrgreen: :mrgreen: :mrgreen:

  • kyeemite

    February 22, 2013 at 3:52 pm

    မောင်အံဇာရေ…မရူးခင် ကွမ်းဖိုးအကြွေးတွေဆပ်သွားပါအုံးတဲ့..
    လမ်းထိတ်က ကုလားမဂျီးကမှာလိုက်တယ်… :mrgreen: :mrgreen: :mrgreen:

Leave a Reply