Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

အယ်ဒီတာ့သင်ပုန်း – ၂၀၁၃ ဖေဖေါ်ဝါရီ

kaiFebruary 22, 20131min115530

မြန်မာတို့စကားကြွယ်ဝစာလုံးလှများသည်ဆိုကြသည်။
အင်္ဂလိပ်လို I နှင့်You ကိုပင်မြန်မာတို့က ကျွန်တော်၊ ကျုပ်၊ ငါ၊ ကျွန်ုပ်၊ အရှင်၊ ဘုရား၊ သခင်၊ ခင်ဗျား၊ နင်၊ မင်း၊ စသဖြင့်ခေါ်ကြပေသည်။
အသက်အရွယ် အတန်းအစား ဇတ်ဇာတိအခြေကြည့်ပြီး အမျိုးမတော် သွေးမစပ်ပါသော်ငြား ဒွေးလေး၊ ဦးလေး၊ အမေ၊ ကြီးတော်၊ အဒေါ်၊ အန်ကယ်၊ အန်တီ၊ အဖွား အဖိုး၊ အဘ၊ အကိုကြီး၊ ညီလေး စသဖြင့် ညွှန်းဆိုခေါ်သည်လည်းရှိ၏။

ကျောက်ထက်အက္ခရာတင်ထားသောမြန်မာအက္ခရာစာလုံးမှတ်ရာကျန်သည့် မွန်၊ မြန်မာ၊ ပါဠိ၊ ပျူ ဖြင့်ရေးထိုးထားသော မြစေတီကျောက်စာ(AD 1113)မှတွက်လျှင် မြန်မာစာပေသည်နှစ်၉၀ဝတိတိရှိပြီဟုဆိုနိုင်ပါလိမ့်မည်။ အိန္ဒိယပြည်မှ ဗြာဟ္မီအက္ခရာနှင့် ပါဠိစာပေကို မြန်မာမှုပြုယူသုံးသော မြန်မာ့စာပေသည် ရဟန်းပညာရှိလူပညာရှိတို့အစဉ်အဆက် ပေထက်ကျောက်ထက်အက္ခရာတင်ခြင်းတို့နှင့်အတူ ခရီးရှည်ကိုဖြတ်သန်းရင်းဖွံ့ဖြိုးတိုးတက်ခဲ့သည်။
ထိုထိုသောသမိုင်းလမ်းခရီးလျှောက်ခဲ့သော မြန်မာစာပေသည်  ကမ္ဘာ့အသုံးအများဆုံး အင်္ဂလိပ်စာပေနှင့် အပြန်အလှန်အဘိဓာန်ထွက်၍ တန်းညှိဖြစ်သွားသည်ကား အင်္ဂလိပ်လက်အောက်ကိုလိုနီဘဝ ရောက်မှဖြစ်ပါသည်။
ဆရာကြီးယုဒဿန်(Adoniram Judson) နှင့် ပထမမြန်မာပါမောက္ခဦးဖေမောင်တင်တို့က မြန်မာ့စာပေ၊စကားကို ကမ္ဘာသို့မိတ်ဆက်ပေးရာတွင်အလွန်အရေးပါအရာရောက်ခဲ့သူများဖြစ်ခဲ့ကြ၏။ဆရာကြီးသခင်ကိုယ်တော်မှိုင်း၊ သခင်ဘသောင်း၊ မဃဒေဝ လင်္ကာသစ်ပြုစုသူ မန်လည်ဆရာတော်တို့သည်လည်း ကိုလိုနီခေတ်တွင် မြန်မာစာပေလှလှကို မွှန်းထုံပြခဲ့သူများဖြစ်ပါသည်။

မြန်မာ ဗမာ ဘားမား ဘားမန်း

ဗြဟ္မာသည်မြန်မာလော ဗမာလော သမိုင်းမှတ်တမ်းတိကျမရှိလေရကား ထိုအခြေနေကိုနင်းလျှက် ၁၉၈၈တွင်အာဏာသိမ်းသော စစ်အစိုးရသည် (၁၉၈၈အရေးတော်ပုံကြီးကြောင့်) ကမ္ဘာ့မီဒီယာ၏စိတ်ဝင်စားမှုတိုးတက်လာနေသော မြန်မာပြည်ကို အင်္ဂလိပ်လို Myanmar ဟုအမည်တရားဝင်တပ်တင်လိုက်လေသည်။
ထိုကြောင့် နိုင်ငံခြားသားတို့ခမျာ မြန်မာသည် Burma လော၊ မြန်မာလူမျိုးသည် Bamar လော၊ Burmese လော၊ ရောထွေးဝေဝါးကုန်ရင်း မူလဦးတည်စိတ်ဝင်စားရာတို့မှိန်ပျောက်သွားဟန်ရှိသည်ကို စစ်အစိုးရမှ မြန်မာပြည်အား အနှစ်၂ဝကျော်အောင်မြင်စွာ ထိမ်းချုပ်အုပ်ချုပ်ပြု
နိုင်ခဲ့ခြင်းကသာဓကပြ၏၊။
မြန်မာစာပေဖြင့်ရေးရာတွင် မြန်မာ/ဗမာ သည်ပြဿနာအထူးမရှိငြားသော်လည်း အင်္ဂလိပ်(လက်တင်အက္ခရာ)ဖြင့်ရေးကြရာတွင်မူ ရှုပ်ထွေးမူများဖြစ်လာကာ ထိုအမည်ပြသနာသည် တိုင်းပြည်၏ တရားဝင်/မဝင်မှု( အသိအမှတ်ပြုမှု)တို့အထိ ကြီးမားလာခဲ့သည်ကိုမျက်ဝါးထင်ထင်မြင်ကြရလေပြီ။
အမည်နာမဟူသည် မြန်မာတို့အတွက်အရေးမကြီးနိုင်ပါသော်လည်း အနောက်နိုင်ငံများနှင့်သူတို့၏ယဉ်ကျေးမှုဘာသာရေးအခြေခံများအတွက်မူ ဘဝနှင့်ချီ၍အရေးပါအရာရောက်သည်ကို သတိပြုကြရန်ဖြစ်ပါသည်။
တကယ်တော့ အင်္ဂလိပ်စာဖြင့်ရေးရာတွင် တိုင်းပြည်နှင့်လူမျိုး(နိုင်ငံသား) Myanmar/Myanmar အတူဖြစ်နေခြင်းမျိုးသည် အခြားတပါး ကမ္ဘာ့နိုင်ငံများတွင်မရှိပါ။

အင်္ဂလိပ်တို့မြန်မာပြည်ကိုလိုနီမပြုခင်ကာလတွင် လူမျိုးနွယ်စုကြီးတခုလုံးခြုံ၍ Tibeto-Burman ဟုရှိနေပြီးဖြစ်လေသည်။အင်္ဂလိပ်များနှင့် သွေးနှောသူတို့အား Anglo-Burman ခေါ်သည်လည်းသမိုင်းမှတ်တမ်းများတွင်ပြပါသည်။
တိုင်းပြည်၏လူမျိုးနွယ်များကို” -ese “နှင်အဆုံးသတ်အမည်တပ်ပေးခြင်းတို့ကို အင်္ဂလိပ်နှင့် အမေရိကန်တို့က  (လက်တင်အဘိဓာန်နှင့်ချိန်ညိပါက) နှိမ်ချခြင်းသဘောသက်၍ပေးခဲ့လုပ်ခဲ့သည်ဟု Chinese Forumဆွေးနွေးမှု အချို့တွင်ဖတ်ရဖူးသည်။ Chinese, Japanese, Vietnamese တို့သည် အမေရိကန်တို့ခြေချလွှမ်းမိုးခဲ့ရာ တိုင်းပြည်ကြီးများ၏လူမျိုးအမည်များဖြစ်ကုန်ကြပေ၏။
ဆိုရေးရှိရသော် မြန်မာ/ဘားမားအငြင်းပွားနေမှုမှ ကြားချ၍ တိုင်းပြည်မြန်မာ(Myanmar)၊လူုမျိုး(ဝါ)နိုင်ငံသား(Myanmar)ဖြစ်နေမှုကို မူလဘူတအမည် ခန့်ညားသောမျိုးနွယ်စုကြီးကိုကိုယ်စားပြုသည့် Myanmar/Burman နှင့်အစားထိုးရန်ဖြစ်ပါသည်။

အမေရိကန် အမေရိကား U.S, USA

အမေရိကသမ္မတ James Buchanan ထံ ပို့ထားသော မင်းတုန်းမင်းတရားကြီး၏ ရာဇသံရွှေပေ(ဖေဖေါ်ဝါရီ ၁၈၅၇) တွင် United States of America ကို “အမေရိကံမင်းတိုင်းပြည်”ဟုသုံးစွဲထားခဲ့သည်ကို တွေ့ရှိရသည်။ကုန်းဘောင် ဆက်ရာဇဝင်တွင် “အနောက်တိုင်းပြည် အမေရိကန်ကျွန်း”ဟု သုံးနှုန်းထားခဲ့သည်။ ထိုနောက်ပိုင်းကိုလိုနီခေတ်စာများတွင် “အမေရိကန်ပြည်ထောင်စု”ဟုခေါ်ဝေါ်သုံးစွဲကြပါသည်။
ထိုအမည်ပေးကိုပင်နောက်အစဉ်အဆက် စောတကတက်ခြင်းအလျှင်းမရှိ သုံးစွဲလာခဲ့ကြပေရာ ရှေးစာသားကို စိစစ်ဝေဖန်ပြင်ဆင်ရန်ဝန်လေးသည့်သဘောမြင်ရ၏။
အမေရိကန်တို့သည် မိမိတို့၏တိုင်းပြည်ကို American Country ဟုခေါ်ဝေါ်ခြင်းမရှိပဲ U.S. ဟုခေါ်ဝေါ်သုံးစွဲကြသည်များပြီး ဇာတိသွေးမာန်တက်ကြွစေရန် သံပြိုင် ကြွေးကျော်ကြရာတွင်မူ “USA  USA” ဟုအပြည်အဝသုံးစွဲကြသည်ကို သတိပြုမိသည်။
Union မှသည် ပြည်ထောင်စုဖွဲ့ United ခဲ့သည်ဖြစ်ပေရာ U.S. ၏နောက်ကွယ်တွင် ပြည်နယ်များကိုပေါင်းစည်းထားခြင်းသဘော ပြည်တွင်းစစ်ကြီးမှအသက်များစွာကို စွန့်လွှတ်ရယူခဲ့ရသော ပြည်ထောင်စုကိုတန်ဖိုးထားခြင်းသဘော၊ စုစည်းခြင်းကိုလက်ခံမြတ်နိုးသော သဘောပါနေသည်။
ထိုထိုကြောင့်ပင် ယနေ့ခေတ်သတင်းတခုခုကို ဖတ်လိုက်ပါမူ U.S. ကိုသာသုံးထားလေ့သည်ကို တွေ့ကြရပါလိမ့်မည်။မြန်မာ့ပြည်တွင်းမှ မီဒီယာတို့သည်ကား(အမှတ်တမဲ့ပင်)တိုင်းပြည်ဒေသအမည်(America အမေရိကား)ကိုနိုင်ငံသားအမည် (အမေရိကန်American) ရေးသားခေါ်လျှက်သား ရှိနေကြပေသတည်း။
United States of America အား ဂျပန်တို့က ဘဲအိကောကု(  Beikoku)ခေါ်ပြီး နိုင်ငံသားများအား ဘဲအိကောကုဂျင် ခေါ်ခြင်းရှိ၍ မိမိဘာသာစကားကိုယ်ပိုင်ပေးအမည်တို့ဖြင့်အစအဆုံးသတ်မှတ်ပြောဆိုကြရာတွင် ရှုတ်ထွေးမှုတစုံတရာမဖြစ်နိုင်သော်ငြား American, America ကဲ့သို့သတ်မှတ်ရှိပြီးအမည်ကို လုံးထွေးပြောနေသုံးစွဲနေခြင်းသည် လျှော်ကန်သင့်မြတ်သည်မထင်ပါ။
အဆုံးတနေ့တွင် တည့်မတ်ပြုပြင်ပေးရန် အဓိကတာဝန်ရှိနေသူများမှာ အမေရိကားနေ  အမေရိကန်ဖြစ်နေကြသော မြန်မာ(Burman-American) များပင်ဖြစ်တော့သည်။

ပြည်ထောင်စုတိုင်းပြည်ဖြစ်သော မြန်မာနိုင်ငံသည် တိုင်းပြည်နိုင်ငံသားလူမျိုးအမည်များကို သတ်မှတ်သုံးစွဲထားရာတွင် ယျေဘုယျဆန် အလွယ်လိုက်ဟန်ရှိလွန်းနေသည်ကို သတိပြုမိပါသည်။
မြန်မာတို့သည်မိမိ၏ပြည်နယ်အမည်များကို တိုင်းရင်းသားလူမျိုးစုကြီးအမည်များကောက်ငင်တပ်ပေးထားသဖြင့် ဖယ်ဒရယ်စနစ်၊ ပြည်ထောင်စုအုပ်ချုပ်ရေးပုံစံသွားမည်ပြုရာတွင် မျိုးနွယ်စုခြင်းပိုင်ဆိုင်မှုတို့အငြင်းပွား တွေးဖွယ်ရာတို့ဖြစ်ကုန်သည်ကိုလည်း တွေ့ကြရပါလိမ့်မည်။.

Khaing, Khine, Khai, Kai

မြန်မာစာလုံးကို ယနေ့ခေတ်တိုင် တိကျသောအင်္ဂလိပ်(လက်တင်)စာလုံးဖြစ် မရေးနိုင်ခြင်းသည်လည်းရှိ၏။ သာဓကတခုပြရသော် မြန်မာအမည် “ခိုင်”ကိုပင် “Khaing, Khine, Khai, Kai ” စသဖြင့်စံနှုန်းသတ်မှတ်ချက်မရှိ အဆင်ပြေသလိုသုံးစွဲနေကြခြင်းဖြစ်ပါသည်။
ကမ္ဘာရွာဖြစ်လာသော ဒစ်ဂျစ်တယ်အင်တာနက်ခေတ်သစ်တွင်မူကား အသစ်အသစ်သောစာသားစကားတို့ အင်္ဂလိပ်စာတွင်ပင်နေ့စဉ်တိုးတိုးလာနေပေရာ မြန်မာတို့၏စာပေသည်ကျန်ရစ်ခဲ့လေပြီ။
ပစ္စည်း၊စကားလုံးသစ်တို့အား မြန်မာမှုပြုကြရန် (သို့မဟုတ်) အင်္ဂလိပ်လိုတိုက်ရိုက် တပြေးညီသုံးစွဲကြရန် ဖယ်ဒရယ်ပြည်ထောင်စု အဆင့်မှ အသင်းအဖွဲ့ထားလျှက် စံနှုန်းထားထုတ်ပြန်မှုပြုရန်အချိန်ဖြစ်ပါသည်။

အဆုံးသတ်သုံးသပ်ကြည့်ရပါသော်…
မြန်မာတို့ စကားမကြွယ်၊ စာဖွယ်လှပါသည်ဟုပင် ကိုယ့်ပေါင်ကိုယ်နာနာကြိတ်ကာ အသံနှိမ့်လျှက် ဆိုရပါလိမ့်မည်။
ရဟန်းပညာရှိ၊လူကဝိတို့က မြန်မာစာပေနိဒါန်းသစ်ကို မွေးစားယူငင်သုံးစွဲဖန်တီးသင့်လှသည့် ခေတ်အချိန်အခါသို့ရောက်နေပါပြီဖြစ်ပါကြောင်း..။….

30 comments

  • awra-cho

    February 22, 2013 at 4:00 pm

    ဟုတ်တယ်ဟုတ်တယ် နို့မို့ အဝေရာ ချို ဖြစ်နေမယ်၊ တခြား စံသတ်မှတ်ဖို့ အများကြီးပဲ ဗျို့။ ရယ်စရာပြော ရရင် စံသတ်မှတ်ဖို့ အဖွဲ့ဖွဲ့ ဖို့တောင် စံမသတ်မှတ်ရသေးဘူး ဗျို့။နိုင်ငံ တရားဝင် မဖြစ်သေးတဲ့ ပါလက်စတိုင်းတောင် စံတွေ သူ့နိုင်ငံအတွက် လုပ်ပြီး ပြီဗျ။ အော် ဗမာ၊ မြန်မာ မြန်မာ ဘားမား။။။။

  • asiamasters

    February 22, 2013 at 4:02 pm

    မွေးစားယူငင်သုံးစွဲဖန်တီးသင့်လှသည့် ခေတ်အချိန်အခါသို့ရောက်နေပါပြီဖြစ်ပါကြောင်း.

    သဘောတူပါတယ်။ အင်္ဂလိပ်ဘာသာစကားဟာလည်း ဒီလိုပဲ Borrowed words တွေကြောင့်ပဲပိုကျယ်ပြန့်လာတာပါ။ ဒါပေမဲ့ Borrowed လို့ဆိုလိုက်တာနဲက Definition Frame ကို ပေးမဲ့ အဘိဓါန်ပါ ဆက်လုပ်ဖို့လိုလာပါတယ်။ နှစ်စဉ်သော်လည်းကောင်း၊ အလျှင်းသင့်ချိန်များမှာသော်လည်းကောင်း အဘိဓါန်များကိုလည်း တည်းဖြတ်နေရမှာဖြစ်ပါတယ်။

    • kai

      February 23, 2013 at 1:27 am

      တလောကတင်.. သမ္မတဦးသိန်းစိန်က.. အမေရိကန်ကို လူမျိုးလို့ပြောသွားတယ်..
      တလောကတင်.. လွှတ်တော်ထဲ ကုလားအကြောင်းဆွေးနွေးတာ.. မွတ်ဆလင်လူမျိုးတဲ့. နောက်တော့ မွတ်ဆလင်ဆိုတာ ဘာသာတဲ့..

      မသိကြတာအပြစ်မဟုတ်ပါဘူး..
      သိသူပညာရှင်တွေက.. နိုင်ငံအဆင့်အဖွဲ့ထားပြီး.. စနစ်တကျ.. ထုတ်ပြန် ရှင်းပြသင့်တာပါ..။
      မြန်မာအဘိဓါန်လည်း.. တောက်လျှောက် Update လုပ်နေမှ.. မြန်မာစာပေ.. မျိုးမကန်းမှာလို့.. ထင်မိတယ်..။

  • pooch

    February 22, 2013 at 4:09 pm

    ဒီစာကသူကြီးအာဘော်အစစ်ပဲ ချမ်းမြေ့ဂရုထဲပြန်မျှလိုက်မယ်
    အဲ့ဒီမှာကျောင်းသားသွေးသစ်တွေအများကြီးရှိတယ်

    • kai

      February 23, 2013 at 1:29 am

      ကျေးကျေးပါဗျာ..
      ဆွေးနွေး..တွေးဆရေးကြပါလို့.. Brainstorming ပေါ့

  • Wow

    February 22, 2013 at 4:14 pm

    မြန်မာစဂါးကို ဝေါဟာရမကြွယ်ဝဘူး ပြောနေသော အူးခိုင်ကို အောက်ပါစာတမ်းအားဖတ်ကြည့်ဇေလိုပါဒယ်….. :mrgreen:

    ………………………………
    အောက်ပါဝေါဟာရများ(ဗန်းစကားများ) ကို ၁ ကြိမ်စီအသုံးပြု၍ စာစီကုံးပါ
    Credito- http://grou.ps/myanmarhumour/blogs/

    *ဂါ/ဘွတ်စမံ/ဂျွတ်/ပျားတုပ်/လန် း/ဖလမ်းဖလမ်း/ဂိ/ညောင်း/ဂျင်းထဲ့/ဖောင်း/ပိန်း/ဖလာကြိတ်/ကုန်းဆင်း/အရောက်ပို့/ရှော်/နားကား/ရှော့/ကျော/ဘီးဂျဲ/ငုတ်တုတ်မေ့/ဂန့်/ဘူ/ကျွတ်ဆင်/ပွေး/ဖောရှော/အီစီကလီ/လန်ထွက်/ဖု/ကြူ/ရေလျှံ/တင်း/ပြဲ/အိုင်စီလွတ်/ဂေါက်/အမ်း/ဂိုက်ပေးကြမ်း/တိုင်ပတ်/ဗျင်း/ခိုက်/၉လောက်ရှိ/ထု/ငြိ/ဖွန်ကြောင်/ကျ/ကိုဝင်းကြည်/စတေးရှောင်/ကျွေး/ကြုံး/မျိုးကန်း/ဥ*

    အဖြေ———————————————————————
    ကျော်ကျော် သည် *ဂိုက်ပေးကြမ်း * သောလူ *ပွေး *၁ ယောက်ဖြစ်သည်။
    မူမူသည်*ရေလျှံ* သည့်အပြင် *လန်ထွက်* နေသော သူဋ္ဌေးသမီး ၁ ဦးဖြစ်သည်။
    စတိတ်ရှိုး ၁ခုတွင်* ဖလမ်းဖလမ်း* ထနေသောမူမူကို ကျော်ကျော်* ခိုက် * သွားပြီး *ငုတ်တုတ်မေ့* သွားသည်။ ထို့နောက် ကျော်ကျော်သည် ရည်းစားဟောင်း
    အမကြီး ၁ ဦးထံမှ *ကျော်*ထားသော ဖုန်းဖြင့် မူမူကို * ကြူ* တော့သည်။
    မူမူကလဲ သူငယ်ချင်းများက *အရောက်ပို့ * သောကြောင့် ကျော်ကျော်ကို
    * အီစီကလီ * ပြန်၍ *ထု*သည်။ ကျော်ကျော်၏*ဖောရှော *ကောင်းမှုကြောင့်
    မူမူသည် ကျော်ကျော်ကို * ငြိ *သွားသည်။ ကျော်ကျော်၏ *ဖွန်ကြောင် * ချက်မှာ
    * ၉ လောက်ရှိ * သဖြင့်နောက်ဆုံးတွင် မူမူ *ကျ * သွားသည်။
    ချစ်သူတို့သဘာဝ ကျော်ကျော်က မူမူကို *ဘွတ်စမံ * ကျွေးသည်။
    မူမူ မှာ မစားဖူးသောကြောင့် * နားကား*သွားသည်။
    လိုတာထက်ပိုကျွေးမိသောကျော်ကျော်လဲ *ဂိ *သွားသည်။ သို့ဖြင့် မူမူမှာ
    *ကိုဝင်းကြည*် ရရှိလာသောအခါ လက်ထပ်ဖို့အစီအစဉ်မရှိသော
    ကျော်ကျော်မှာ * တိုင်ပတ် * တော့သည်။ မိမိကို *ဖောင်း * လာသော
    ကျော်ကျော်ကို မူမူက*တင်း*သွားပြီး သူမ* အမ်း *ထားသမျှကိုပြန်ပြီးတောင်း၏။
    တစ်ချိန်က *ဖလာကြိတ်* ၍ *ကုန်းဆင်း* ခဲ့သော ကျော်ကျော်မှာမူမူကို *ရှော် * ချင်သောကြောင့် * အိုင်စီ *လွတ်ပြီး *ဂေါက် *ချင်ဟန်ဆောင်လေသည်။
    ထိုကိစ္စကို * ဘီးဂျဲ *ကြီးဖြစ်နေပြီဖြစ်သော မူမူ၏ အဖေကြီးကသိသွားသည်။
    သမီးဖြစ်သူကို *ဂျင်းထဲ့ *ခံရသဖြင့် အဖေကြီး *ပျားတုပ်*သွားသည်။ မွေးထားသည့် တပည့်များကို * ပြဲ * သည်အထိ တိုက်ပြီးလျှင်ကျော်ကျော်ကို * ဂန့် *သည်အထိ
    * ကျွေး *ရန်ညွန်ကြားသည်။ ကျော်ကျော်လဲအဖေကြီးကို * ဂျွတ် * သွားပြီး
    သူတို့နှင့်ဝေးရာကို * စတေးရှောင်*တော့သည်။ အဖေကြီး၏ တပည့်များမှာ * ပိန်း * သောကြောင့် ကျော်ကျော်ကို * ဗျင်း*ချင်သော်လဲ ရှာလို့မတွေ့ကြချေ။ သို့သော်
    အဖေကြီး၏ ရှာဖွေမှုမှာ *ကျွတ်ဆင် * ကြီးဖြစ်သောကြောင့် နောက်ဆုံးတွင်
    ကျော်ကျော်* ညောင်း *သွားသည့်နေရာကို သိသွားတော့သည်။ တပည့်များက
    ၁ယောက် ၁ ချက် ဝိုင်း *ကြုံး* လျှင်တောင် *ရှော့* တက်ပြီး * ရှော *သွားနိုင်သဖြင့် ကျော်ကျော်မှာ အဖေကြီးကို *ဂါ*လိုက်ရတော့သည်။ ကျော်ကျော်ကို* ဖု * နေသော်လဲ အဖေကြီးသည် ကလေးမျက်နှာကိုထောက်၍ မျက်နှာအ* ဘူ * ကြီးဖြင့် ကျော်ကျော်ကို အိမ်သို့ပြန်ခေါ်ခဲ့သည်။ ကံကောင်း၍ ကျော်ကျော်*မျိုးကန်း *မည့် ကိစ္စမှ
    လွတ်မြောက်သွားပြီး နောက်ထပ် ထွက်ပြေးမည့်အစီအစဉ်ကို
    * ဥ *ထားလိုက်တော့သည်။

    Credito- http://grou.ps/myanmarhumour/blogs/
    ……………………

    ကြန်းးးးးး
    ဒါ့ဂလောက် ဝေါဟာရကြွယ်ဝတာဂို မလိုသူဒွေက ပြောချင်ဂျသေးဒယ် :harr:

    • kai

      February 23, 2013 at 1:32 am

      ဟုတ်ပါ့..။
      ဒီစာကို ဘိုးဘိုးဘွားဘွားတွေဖတ်ခိုင်းလိုက်ရင်.. မျက်ရည်နဲ့ပေါက်ပေါက်.. ပေါက်ပေါက်နဲ့မျက်ရည်… ဘယ်ဟာကအရင်လည်ရမှန်းမသိဖြစ်သွားမယ်.. :kwi:

    • သကြားလုုံးကြော်

      February 23, 2013 at 3:23 am

      အရီမသတ်နိုုင်အောင် ကိုု ရီရလိုုက်တာ။ ကိုုယ့်ကိုုကိုုယ်ဘယ်လောက်ခေတ်နောက်ကျနေလဲ အခုုမှပဲ အလုုံးနဲ့အရင်းနဲ့ သိတော့တယ်။ အမှီလိုုက်ရအောင် ဒီစာစီစာကုုံးကိုု ပရင့်ထုုတ်ပြီး အိပ်ဆောင် အဘိဓာန်အဖြစ်သွားလေရာသယ်ရမယ်။

  • Ghi Ghi ThE KiD

    February 22, 2013 at 4:59 pm

    သခင်မျိုးဟေ့ ဒို့ဘာမန်.
    အာဝူးး

    :kwi:

  • မောင် ပေ

    February 22, 2013 at 8:07 pm

    နဲနဲလေးတော့ လွဲနေမယ်
    လွဲလွဲလေးလဲ ကောင်းပါတယ်
    စိတ်ကျေနပ်ရင် ပြီးပြီအေးဆေး….
    ကိုငှက်ကြီးကတော့ အဲဒီလို ဆိုသွားတာပဲ

    • kai

      February 23, 2013 at 1:35 am

      လွဲရင်း..လွှဲရင်း..လှည့်ရင်း.. လည်သွားပြီး.. လှဲသလိုလိုနဲ့.. လဲလိုက်လာလို့..
      ပါလို့.. :kwi:

      “လွဲ..လွှဲ..လှည့်..လည်.. လှဲ.. လိုလို လဲလိုက်လာလို့… “

  • Mr. MarGa

    February 22, 2013 at 9:15 pm

    သဂျီးရဲ့ နာမည်ကရော ပေါင်းထားတာမှန်ရဲ့လားဟင်
    မြန်မာစကားလုံးတွေဟာ စကားမကြွယ် စာဖွယ်လှတယ်လို့တော့ ပြောလို့မရဘူးထင်ပါ့
    ထီးသုံးနန်းသုံး စကားလုံးနဲ့ ရပ်သုံးရွာသုံး စကားလုံးတော့ ဘယ်တူမလဲ
    ပြောရမယ်ဆိုရင် သူ့နေရာနဲ့သူ အသုံးပြုတာလို့ ပြောရမှာဗျ
    အို………..ဘာတဲ့
    သခင်မျိုးဟေ့ ဒို့ဘားမန်းးးးးးးးးးးးးးးးးးးးးးးးးးးးး :hee:

    • kai

      February 23, 2013 at 1:49 am

      ကဗျာဆရာကြီး ဇော်ဂျီ အမည်ကို အင်္ဂလိပ်စာနဲ့ရေးတော့..Saya Zawgyi တဲ့..။ မြန်မာစာပါမောက္ခဦးမောင်မောင်ကြီးကလည်း.. သူ့နာမယ် U Maung Maung Gyi တဲ့..။
      မြန်မာစာထဲ.. “ဂျီ”နဲ့”ကြီး”.. ရှိနေသုံးနေတာကြီးကို.. ကိုယ်သန်ရာအတင်းလုပ်ဖြစ်သွားကြတယ်ပြောပါတယ်.

      ဘယ်လိုလုပ်ကြမလည်းဟင်..
      အော်..
      ကျန်သေး..
      အခုရေးနေတဲ့..ဇော်ဂျီဖေါင့်ကြီးကို.. Zawgyi font တဲ့..။

      ပလို့.. ဂျိ.. ဂျီ..ကြီး.. :kwi:

      • Mr. MarGa

        February 23, 2013 at 7:39 pm

        တစ်ခုတွေးမိတယ်
        အဲဒီ မြန်းဂလစ်ရှ် အသံထွက်တွေကို
        စနစ်တကျ လုပ်သင့်တာက
        မြန်မာတွေတင်ပဲလား
        မြန်မာတွေတင် ညှိနှိုင်းပြီး လုပ်ရင်တော့ သိပ် တိကျမယ်မထင်ဘူးနော်
        အဲဒါလေး :mrgreen:

        • kai

          February 25, 2013 at 1:15 pm

          တန်းဖတ်လို့ရအောင်လုပ်ပေးလိုက်တယ်..

          ဆိုတော့..
          တလုံးချင်းစီ အိုကေတယ်ဆိုလည်း.. နာမယ်အပြည့်ပေါင်းတွေမှာ လွယ်အောင်.. စံနှုန်းလုပ်ရတော့မယ်ပေါ့..

          ကြောင်ကို.. ဘယ်သူချူဆွဲပေးမလည်း ?

  • ဂန္ဓာရီ ဆြာအုပ်

    February 22, 2013 at 9:46 pm

    ဘားမန်း ဆိုတော့ သွားပွတ်တံလား
    ဘာပဲပြောပြော ဘားမိစ် ဆိုတာထက် ဘားမန်းကို ပိုကြိုက်ပါ၏
    ဒါဆို မိန်းကလေးကျတော့ ဘားဝူးမန်း ပေါ့နော် တဂျီး

    • kai

      February 23, 2013 at 2:06 am

      နောက်ဆို.. ဂျာမန်(German)မိန်းမတွေကို.. ဂျာဝူးမန်းခေါ်နော..

  • မဟာရာဇာ အံစာတုံး

    February 22, 2013 at 10:40 pm

    တယ်လည်း ခက်တဲ့ ကျုပ်ဘဂျီးဘဲ …. :mrgreen:
    မြန်မာတွေ စကားကြွယ်တာကို လက်မခံဘူးဒဲ့ …
    စာ လှတာပဲ ချိဒါဒဲ့ ….
    တကယ့် ဂွအိုးဂျီး … အဟီးး
    :harr:

    ခေတ်မမှီဒဲ့ လူဂျီးမို့ ဂလိုပေါဒါဘာ …
    မြန်မာစာပေ နိဒါန်းသစ် ထိုးနေဒါကြာပေါ့ …
    မယုံရင် ဖွဘုတ်မှာ တွားကျိချေ ….
    “မြန်းဂလိ” “ဘားဂလိ” တွေ ပလူကို ပျံနေဒါဘဲ ….
    အိုက်ဒါ မော်ဒန် မြန်မာစာပေ ပေါ့လို့ ….
    ကျုပ်တောင် အိုက်လို မြန်းဂလိ ဘားဂလိ နဲ့ စာအုပ် တစ်အုပ်လောက် ထုတ်မို့
    ချင်းချားနေဒါ … ဟဲဟဲ ….
    (ကျုပ်ရဲ့ ဒီအိုက်ဒီယာ ကို ကော်ပီ ယူသူများအား တလားဆွဲဘာမြီ) 😈 😈

    ပေါရရင်ဒေါ့ ဘဂျီးရယ် ….
    စကားကြွယ် တာနဲ့ စာလှတယ် ဆိုတာကို
    နည်းနည်းလေး ရှင်းချက် ထုတ်ပေးဘာလားလို့ …
    အိုက်ဒါလေး သိရရင်ဒေါ့ ဆိုးဘူးဂျ ….

    • kai

      February 23, 2013 at 2:11 am

      လူလူချင်း.. တန်းတူမထားတာကနေ..
      အောက်တန်းဇတ်ဆိုခံထားရသူတွေက.. စကားလှအောင်.. “ဖား”ပြောကြတာကနေ… “လှ”တယ်ထင်ကုန်တာဖြစ်မယ်..။

      စကားအတင်းစပ်..STARZ ရဲ့ စပါတာကပ်စ်စီးရီးကြည့်နေတာ.. “သခင်နဲ့ကျွန် “ဇတ်လမ်းမြင်လေ.. မြန်မာတွေနဲ့.နှိုင်းမိလေဖြစ်တော့တာပဲ..။
      အားရင်ကြည့်..
      အင်မတန်ကြမ်းတဲ့.. လိင်ဆက်ဆံပုံတွေ.. သတ်ဖြတ်ပုံတွေလည်းပါတယ်.။ ခလေးတွေရှေ့မကြည့်နဲ့နော…

      http://moonlightmedia.tv/2012/04/23/watch-spartacus-gods-of-the-arena-online/

      • မဟာရာဇာ အံစာတုံး

        February 23, 2013 at 10:21 am

        စကားလှအောင်.. “ဖား”ပြောကြတာကနေ… “လှ”တယ်ထင်ကုန်တာဖြစ်မယ်..။

        “အတိသယဝုတ္တိ အလင်္ကာ” ……
        အလွန်အကြူး တင်စား ရေးဖွဲ့ထားတဲ့ စာမျိုးကို ဆိုလိုတာပေါ့နော် …
        ဒီအမျိုးအစားထဲမှာမှ ဘဂျီး ပြောသလို …
        အလွန်အကြူး “ဖား” ထားတဲ့ စာတွေလည်း ပါပါတယ် …
        ဥပမာ အနေနဲ့ … ရှေးတုန်းက ဘုရင့်ဘုန်းဖွဲ့ ကဗျာတွေလိုမျိုးထဲမှာ တွေ့ရတတ်တယ်ပေါ့ …
        ဒါပေမယ့်ဗျာ …. ဒါမျိုးဆိုတာက မြန်မာစာပေရဲ့ အနည်းငယ်သော အစိတ်အပိုင်း တစ်ခုလို့ပဲ မြင်ပါတယ် ….
        မဖားဘဲနဲ့ စာလှ နေတာတွေလည်း အများကြီးပါ ….

        အခု ဘဂျီး တင်ထားတဲ့ ကဗျာ ၂ ပုဒ် ထဲက …
        ဆရာအောင်ဝေး ရေးထားတဲ့ ကဗျာထဲမှာ ဆိုရင် ……

        “………
        ရန်ကုန်က ရထားမဖြစ်ဘူး
        ရန်ကုန်က တယောဖြစ်နေတယ်။
        ……..”

        ကိုင်း …. ဒါ ဘယ်လောက် “လှ” တဲ့ စာလဲ ???

        ဒါ့ထက် … မနေ့က ရုံးမှာ ထမင်းစားရင်း ဂျာနယ်ဆောင်းပါး တစ်စောင် ဖတ်လိုက်မိတယ် ..
        ကျောင်းဆရာ (ဟောင်း) တစ်ယောက် ရေးထားတာပါ …
        သူက ပညာရေး စနစ်မှာ မြန်မာစာချည်းပဲ ပြောင်းဖို့ သတင်းသဲ့သဲ့ ကြားရတာနဲ့ ပတ်သက်ပြီး
        ဝေဖန်ထားတဲ့ ဆောင်းပါးတစ်ပုဒ်ပေါ့ ….

        သူ့ဆောင်းပါးထဲမှာ ပြောထားတယ် … ကမ္ဘာကျော် ဟိုပုဂ္ဂိုလ်ကြီးတောင် သူ့စာတွေကို အီးလို ရေးပြနိုင်ခဲ့လို့ … အနောက်တိုင်းသားတွေ အရှေ့တိုင်း စာပေရဲ့ သဘော သဘာဝ၊ အနှစ်သာရ ကို လေ့လာ ဖတ်ရှုခွင့် ရခဲ့တယ်လို့ ဆိုထားပါတယ် ….

        ဒီတော့ကာ .. ကျုပ်တို့ မြန်မာစာပေ လောကမှာလည်း ….
        “ဘာသာပြန်” ဆိုတာထက် …
        “မှီငြမ်း” ဆိုတာထက် ….
        “ကိုယ်ပိုင် ဖန်တီးမှု” ဆိုတာနဲ့ ရေးသားထားတဲ့ စာတွေကို အီးလိုရော ထုတ်နိုင်အောင် …
        ကမ္ဘာထိ ဖြန့်နိုင်အောင် ကြိုးစားသင့်သည်ဟု မြင်မိပါကြောင်း ……..။

        +++++++++++++

        စပါတာကပ်စ် စီးရီး က ကျိပီးဒါ ကြာလှပေါ့ …
        ထပ်ကျိဒါဒေါင် နှစ်ခါလောက် ချိတွားပီ .. ဟီးဟီး .. :mrgreen:

        ကျုပ် ထပ်ပွားဂျင်ဒါဒွေလည်း ပွားပီးဘီ … ဟီဟိ …
        ဒါဗျဲ ……..

  • garuda

    February 22, 2013 at 10:44 pm

    တို့ ဘားမန်း အစည်းအရုံး
    ဘားမန်း python
    ဘားမန်း cat :kwi:

  • ဝင့်ပြုံးမြင့်

    February 23, 2013 at 12:08 am

    မြန်မာတွေများ သားသမီး အမည်ပေးတဲ့နေရာမှာတောင် စည်းကမ်းမရှိဘူး။ တိုင်းပြည်ကြီး အမည်ပေးတော့လည်း လူကို ရူးလောက်ပါရဲ့။ မြန်မာဝေါဟာရ ကြွယ်ဝတယ်ပဲ ထားပါဦး၊ အမည်ပေးပုံကတော့ စည်းကမ်းမရှိပါဘူး။ မြန်မာဝေါဟာရ ကြွယ်ဝတယ်လို့တော့ ပြုံးမထင်ပါဘူး။ ဘာသာပြန်ရင်း ခဏခဏခေါင်းခြောက်ရလို့ပါ။

    • kai

      February 23, 2013 at 2:26 am

      ဆက်စပ်အတွေးတခု တိုးသွားတယ်..။
      အဖြေလို့တောင် ယူနိုင်မလားပဲ..။
      .. မြန်မာတွေ သားသမီးအမည်ပေးစနစ်မှာ.. Family name(surname or last name) ထည့်သင့်တယ်..
      အမည်နာမ တွေကိုလေးစားတတ်လာအောင်ပါ…
      =
      ဆရာမလေ့လာလို့ရအောင်.. တိုင်းပြည်.. လူမျိုး..နိုင်ငံသားအမည်ပေးပုံ ဝိကီလင့်ခ်ကူးတင်လိုက်ပါကြောင်း..

      http://en.wikipedia.org/wiki/List_of_adjectival_and_demonymic_forms_for_countries_and_nations
      List of adjectival and demonymic forms for countries and nations
      ==
      http://en.wikipedia.org/wiki/Demonym
      A demonym (pron.: /ˈdɛmənɪm/), also referred to as a gentilic, is a name for a resident of a locality. A demonym is usually, though not always, derived from the name of a locality;[1] the demonym for a resident of Britain is Briton, and the demonym for a resident of Turkey is Turk. Yet the most common English language demonym for the people of the Netherlands is Dutch (though the word Netherlander is also used).

      • ခိုင်ဇာ

        February 25, 2013 at 1:28 pm

        တဂျီးမင်းရယ်။
        ကျနော်တို့ ငယ်တုန်းအချိန်က မိဘတွေက သားသမီး နိုင်ငံခြားဆိုတာကြီးလွှတ်ဖို့ အိပ်မက်တောင် မမက်တာကလား။
        ကျနော်တို့ကိုယ်တိုင်လည်း Phonetic/Pronounciation မသင်ရမချင်း အသံထွက်နဲ့ စာလုံးပေါင်းကို ကောင်းကောင်းမတွဲတတ်။
        နာမည်တွေဆိုတာ မှည့်ချင်သလိုမှည့်၊ ထွက်ချင်သလို့ ထွက်လာတာ။
        ဒီက စီလုပ်လျှာက ခ သံ နဲ့ ဇ သံကို ကောင်းကောင်း မထွက်နိုင်မှ ကိုယ့်နာမည်ပျက်ကြီး ကြားပြီး နောင်တရတာပဲ။ :mrgreen:
        မျိုးရိုးနာမည်မေးတတ်တော့လည်း တချို့ နေ့သင့်နံသင့် ပဲ မှည့်တတ်သူတွေ ဘာဖြေရမှန်းမသိ။
        ခုနောက်ပိုင်း အင်တာနေရှင်နယ် စကူးထားတဲ့ ကလေးတွေကတော့ ဘို နာမည်လေးတွေပေါ့။

        ဘာရယ်တော့ဟုတ်ဘူး။ ကျနော်တောင် Zodaic/Horoscope နဲ့ နာမည်ပေးနည်းတဲ့။ စာအုပ်လေးတွေ့လို့ဝယ်ထားသေးတယ်။ ဘိုနာမည်ကိုလည်း ဗေဒင်မေးပြီး ပေးလို့ရတဲ့နည်း လုပ်စားမလားလို့။
        :kwi:

  • ဦးကြောင်ကြီး

    February 24, 2013 at 10:21 am

    သဂျီးကို မြန်မာသတ်ပုံကြမ်း သမာဓိခန့်မယ်… တဲ့ပြောရင် မြန်မာ့လက်ဝှေ့ဒိုင်ပေါ့ဗျာ၊ ခေါက်ဆွဲတော့ မဝါးနဲ့နော်၊ ဒူးပျံစာမိသွားမယ်။ :eee:

  • uncle gyi

    February 25, 2013 at 10:55 pm

    မြန်မာမှာတကယ်တတ်တဲ့သူတွေဘေးရောက်နေတာကြာပါ့သူကြီးရယ်
    အခုတော့အခြေအနေနည်းနည်းပြောင်းပလားလို့
    တကယ်ပညာတတ်နေရာရလာတဲ့တနေ့သူကြီးဖြစ်ချင်တဲ့ဆန္ဒဖြစ်လာမှာမလွဲပါဘူး
    မြန်မာတွေမညံ့ပါဘူးကြောက်နေကြတာပါ
    ိီ

    • ဦးကြောင်ကြီး

      March 6, 2013 at 9:58 am

      Venezuelan leader မောင်ဂီ (ခ) Hugo Chavez dies
      updated 7:55 PM EST, Tue March 5, 2013
      Hugo Chavez, the polarizing president of Venezuela who cast himself as a “21st century socialist” and foe of the United States, died Tuesday, said Vice President Nicolas Maduro.

Leave a Reply