ငါ တောခိုတော့မယ် ……..။
–
–
++++++++++++++++++++++++++++++++++
++++++++++++++++++++++++++++++++++
လူများနှင့် ရောထွေးရခြင်းသည်မယ် စိတ်ရှုပ်စဖွယ် ..
သိပ်ဟုတ်တယ် …
” စိတ်ပုတ်ဟယ် “ လို့လည်း တစ်ချို့က ဆိုကြပြန်သေးတယ်
” အရှုပ်ထုပ ်” ရယ် လို့လည်း ပြောကြပြန်သေးတယ်
သိပ်ဟုတ်တယ် ..
အိုကွယ် .. ငါ အရမ်း စိတ်ရှုပ်နေတယ် …..
ဟန်ဆောင်ကာ ပြုံးရီနေပေမယ့်လည်းကွယ် ..
ရင်ထဲမှာ ဗလောင်ဆူနေတယ် …
တကယ် … တကယ် …
တစ်ယောက်တည်း နေတာပဲ ကောင်းပါရဲ့ကွယ် ….
အပူအပင်တွေ ကင်းနေမယ် …
လူသူလည်း ရှင်းနေမယ် ..
အို .. အတင်းတွေလည်း လျစ်လျူရှုနိုင်မယ် …
ငါ တစ်ယောက်တည်း တောထဲမှာပဲ နေတော့မယ် ….
မင်းတို့ လာရင် ဧည့်ဝတ်ကျေစေရမယ် ..
ဒါပေမယ့် …
အတင်း တွေတော့ ယူမလာခဲ့နဲ့လို့ တောင်းပန်ထားမယ် ..
အဆုံးတိုင် မယိုင်လဲမယ့် ၅၂၈ တွေလည်း အမြဲရှိနေမယ် ..
သဲတိုင်စေမယ့် ချစ်ခြင်းတွေလည်း အပြည့်ပါကွယ် ..
လာချင်တဲ့ ဆန္ဒရှိက လာခဲ့ကြဟယ် …
ငါ တောခိုတော့မယ် …….
နှုတ်ဆက်ပါတယ် ….
အို ဘော (ချစ်သော မိတ်ဆွေ) အပေါင်းတို့ရယ် …
မဆုံးတဲ့ သံသရာတစ်ခွင် ပြန်ဆုံတွေ့ဖြစ်ရင် တွေ့ကြသေးတာ ပေါ့ကွယ် …..
ဘိုင့်လဘိုင် ပါပဲကွယ် …
အပူတွေနဲ့ ကင်းရာနယ်မြေမှာ ငါ ပျော်မွေ့တော့မယ် ..
ဟုတ်ပါတယ် …. ဟုတ်တယ် ..
ငါ တောခိုတော့မယ် ……
“မဟာရာဇာ အံစာတုံး” ဆိုတဲ့
ခပ်ကြောင်ကြောင် လူတစ်ယောက်ကိုလည်း …
မင်းတို့ မေ့ချင်လည်း မေ့ကြစေကွယ် …
ငါ ကျေနပ်ပါတယ် ..
နေထွက်လာတဲ့ နံနက်ခင်းတိုင်းမှာတော့
မင်းတို့ကို ငါ သတိရမယ် ..
ငါ ချစ်ခြင်းများစွာနဲ့ မင်းတို့ဆီ မေတ္တာတွေ ပို့လွှတ်မယ် ..
အိပ်ရာဝင်တိုင်းလည်း ဒီအတိုင်းပါပဲ ..
မယိုင်လဲတဲ့ ချစ်ခြင်းများနဲ့ သတိရနေမယ်
အို … ချစ်မိတ်ဆွေတို့ရယ် ……
ဒါပေမယ့် ..
လွမ်းတော့ မလွမ်းဘူးကွယ် …
လွမ်းရင် စိတ် ပမ်းလိမ့်မယ် …
ငါ သွားတော့မယ် ……
မင်းတို့ရဲ့ ခပ်ချာချာ မဟာရာဇာ ဆိုသူတစ်ယောက် …
မင်းတို့ရဲ့ အံစရာ ဆိုသူ တစ်ယောက် ….
ဒီနေရာက ပျောက်ရှသွားတော့မယ် …
ဟုတ်ပါတယ် … ဟုတ်တယ် …
ငါ တောခိုတော့မယ် …
မှားတာတွေ ရှိရင်လည်း တောင်းပန်ခဲ့တယ် …
ငါ သွားတော့မယ် …………..။
++++++++++++++++++++++++++++++++++
by – မဟာရာဇာ အံစာတုံး
{C/D : လူဇိုးလေးများ}
++++++++++++++++++++++++++++++++++
22 comments
lele
March 15, 2013 at 5:28 pm
မဟာရာဂျာက သီချင်းဆိုုကျင့်နေတာလား။ သကြန်မှာ ဘုုန်းဘုုန်းဝတ်ပြီး မဏ္ဍပ်မှာ သီချင်းဆိုုမယ်ပေါ့။ 🙂
လုံမလေးမွန်မွန်
March 15, 2013 at 5:29 pm
ခိုစရာတောရှိရင် တွားလိုက်ဘာ.. အံစရာ…
ပျင်းဒယ်ဆိုပီး ပျံမလာဂဲ့နဲ့…
ခြင်ကိုက်ဒယ်ဆိုပီး ပျံမလာဂဲ့နဲ့…
တရဲကြောက်ဒယ်ဆိုပီး ပျံမလာဂဲ့နဲ့..
နောက်ဆုံး..အဲ့ဒီတောက စီမံကိန်းစာမိတွားရင်ဒေါင် ပျံမလာဂဲ့နဲ့..
ဒါဗျဲ…
ဦးဦးပါလေရာ
March 15, 2013 at 6:03 pm
တောပဲ အရင်လိုက်ရှာပါဦး…
ဘယ်မှာ ကျန်သေးလို့လဲ လို့…
တော်ကြာ လေကြီးမိုးကြီးပြောထွက်သွားပြီး
ခြုံပုတ်ခိုနေရဦးမယ်နော်….
:kwi:
ရဲစည်
March 15, 2013 at 6:11 pm
ဘယ်တောဘက်ခိုမတုန်းဗျ
မဟာအံစရာဂျီး ………….။
ကျုပ်လည်း အားရင်လိုက်ခဲ့မလို့
တောဆိုတာ ခိုတတ်ရင် အင်မတန် အကျိုးရှိတာ
koaung
March 15, 2013 at 6:19 pm
သွားသွား မတားဘူးနာပါလိုက်မယ် အညာဒေသအရမ်းကြိုက် ဂယ်ပေါတာ
mobile
March 15, 2013 at 6:40 pm
ရေနံဂျောင်းဖက် ပြန်ပီး တောခိုမှာဆိုရင်…..
ပြန်လာရင် ရေနံစိမ်း တစ်ဂါလံလောက်ယူခဲ့……….
မီးပျက်ရင် မီးခွက်ထွန်းရအောင်လို့………………
မောင် ပေ
March 15, 2013 at 6:53 pm
သူယောင်မယ်လေးတွေကို
ကြိမ်လုံးနဲ ့ထိုးလို ့ရတဲ့ တော ဆိုရင်
ကျုပ်ကို ခေါ်ဖို ့မမေ့နဲ ့ဦးနော
ဟီဟိ
နေဝန်းနီ
March 15, 2013 at 7:51 pm
ရေနံချောင်း ဘက်မှာ ခိုစရာတော ကော ရှိသေးရဲ့လားကွယ်ရို့….။
ခက်တာက တောခိုဖို့ဆိုတာ ခုခေတ်က မကောင်းတော့ဘူး ……။ ဟိုဘက်ခေတ်ကတုန်းက ဆိုရင်တော့ မဆိုးဘူး….။ ပြန်လာရင်အိမ်ဝိုင်းနဲ့ တိုက်နဲ့ကားနဲ့ အဆင်ကိုပြေနေတာပဲ….။ :harr: :hee:
အလင်းဆက်
March 15, 2013 at 9:21 pm
တောခိုတာများ..လှံကြီးနဲ ့ ။
ဒါနဲ ့အဲဒီလှံက..အရိမ်နမာ.လှံ ဆိုတာကြီးလား..။
🙂
aye.kk
March 15, 2013 at 9:39 pm
တောေတွေကပြောင်…
ဘယ်ဂျောင်မှာခိုရပါ့….
ခိုမဲ့မောင်အံရယ်….လှံကိုင်ပြီးမော။။
အရီးအေး။။
padonmar
March 15, 2013 at 10:17 pm
ဟိတ် …ဘာတောလဲ၊
မာယာတောလား…
ကိုပေါက်(မန္တလေး)
March 15, 2013 at 10:27 pm
မောင်အံရေ မင်းတောခိုရင် ငိုမယ်သူရှိတယ်သိလား။
လမ်းဒေါင့်ကကွမ်းယာသည်ကောင်မလေး။
ဖောက်သည်တစ်ယောက်လျော့ပြီဆိုပြီးတော့
ခိုင်ဇာ
March 16, 2013 at 5:56 am
အဟမ်း။
ကျုပ်ရယ်။
ဗုံရယ်။
မွန်ရယ်။
လိုက်မယ် ပြောထားတယ်နော်။
(သူ ခိုမဲ့တောက ထန်းတော ဆိုလို့ပါ ပိတ်သတ်ကြီးရယ်။)
:harr: :harr: :harr:
amatmin
March 16, 2013 at 8:40 am
လူဇိုးလေးများကို ခွက်ဒွစ် ပေးထားတယ်နော့..
ဆိုတော့ .တချို့တွေလိုက်ဖို့ ကျန်သေးတယ်လေ. 🙂
ဒါနဲ့ ဘိုအံရေ..
ချစ်မိတ်ဆွေကြီး တောထွက်ချင်စိတ်ပျောက်မဲ့
ဆေးနည်း ဖော်လို့ရသွားပါဘီတဲ့ ..
အပေါ်က ဒေါ်ဆွိပြောတာရယ်…
:kwi:
ဗုံဗုံ
March 16, 2013 at 10:03 am
အမြည်းမရှိရင် ဘိုလုပ်မလဲ မမခိုင်ဇာ အမြည်းရှိမှ ကောင်းတာ ထန်းရေက ကြောင်သားနဲ့ ဆို လိုက်မှလိုက် :harr :harr: :harr:
MaMa
March 16, 2013 at 9:11 am
ခင်မောင်ရင် ပြောကြားတဲ့ တောသားလည်း ဟုတ်နိုင်ပေါင်ခင်ရယ်…
ဘာရယ်မဟုတ်ပါဘူး။
သီချင်းလေးတစ်ပုဒ် သတိရမိလို့။ :harr:
ခင်ခ
March 16, 2013 at 9:18 am
ကိုအံစာတုံးရေ
အံ ပါရဲ့ကွယ်
ကျွန်တော်သိတာကတော့ တောခိုမဲ့သူတွေက တိုးတိုးတိတ်တိတ်လေး ခိုသွားကြတာလေ။
ခုတော့ မောင်ရင်က တောခိုမှာကို ကြေငြာနေသေးဆိုတော့
တားစေချင်လို့လားဟင်!
ကျားတွေ ခြင်္သေ့ တွေမကြောက်ဘူးဆိုရင်လဲ
မတားပါဘူး စိတ်ရှိသလိုသာ သွားပေါ့ကွယ်။
စိုင်းထင်ရာ
March 16, 2013 at 1:11 pm
ကျတော်တို့အရပ်မှာတော့ တောထိုင်တာ တောခိုတာ အတူတူဘဲ ပြောကြတယ်။
About မဟာရာဇာ အံစာတုံး က ကျတော်တို့ အရပ်စာကားအတိုင်းနဲ့ ပြောရရင်
မအောင့်အီးနိူင်လို့ တောထိုင်ခိုတာ လားပေါ့ …
နောက်တာပါနော် ခင်စရာမို့
Mr. MarGa
March 16, 2013 at 6:12 pm
ဟဲ့ ငအံ
တောခိုမယ် တောခိုမယ် ပြောမနေနဲ့ဦး
ငါတောင် တောခိုမယ် ပြောပြီး ခိုစရာတောမရှိလို့ အခုထိ မြဲနေတာ
ဆိုတော့
အပေါ်က လူတွေ ပြောသလို
ခိုစရာတော အရင်ရှာဟဲ့
မဟာရာဇာ အံစာတုံး
March 17, 2013 at 10:03 am
အောက်မက်ငီးးးနော်ဂျာ …
တော ခိုဖို့အရေး အားပေးလိုက်ဂျဒါ …
ဒဂယ်ထဲ ….
ပေါကို ပေါက်လိုက်ဂျင်ဝူးးးးး
ဘာဖစ်ဖစ် ပေါလိုက်ဘာအုံးမယ်လေ ……
ကွန်မန့်လေးတွေအတွက် အထက်က (၁၉) ဦးကို ကျေးဇူး အထူး အထူးပါလို့ …
ကျန်ဒဲ့လူဒွေ ပါဝူးးးးး ဒါဗျဲ ….
panpan
March 17, 2013 at 11:17 am
တော်ပါပီ စိတ်ကုန်တယ်
တောထဲကသစ်ပင်ပေါ်မှာ သွားနေမယ်
ကျားကြီးပဲကိုက်နေပါစေ ကျေနပ်တယ်
အားလုံး အားလုံး အေးချေးးး
အို…ဘာတဲ့တုံး… တော်ပါပီ စိတ်ကုန်တယ်
အရီးခင်လတ်
March 17, 2013 at 11:24 pm
ဘယ်နှစ်ရက် ခို မှာလဲ။
ရွာက အပြန် ဒါ့ပုံလေးတွေ လက်ဆောင် ယူခဲ့။ 😆