မေတ္တာရေစဉ်
အမုန်းတွေနဲ့ မရှင်သန်ပါနဲ့ကွာ
အပြုံးလေးများပေးကမ်းရင် အေးချမ်းတဲ့
မေတ္တာရိပ်အောက်မှာ မင်းတစ်ခဏလောက်တော့ ခိုနားကြည့်ပါ
သောကတွေနဲ့ မတိုးပွားစေချင်ဘူး
မနိုးကြားသေတဲ့ စိတ်နှလုံးသားကို လှုပ်ခက်နိုင်တာလဲ
မေတ္တာအေးရိပ်ပါဘဲ
ကမ္ဘာကြီးဘယ်လောက်ကျယ်ကျယ် ဒေါသ မောဟ မာနတွေနဲ့ယှဉ်လိုက်ရင်
သိပ်ကျဉ်းမြောင်းတာ မင်းသိလာလိမ့်မယ်လေ
မုန်းတော့လဲဒီစိတ် ချစ်တော့လဲဒီစိတ်
စိတ်အထွေထွေ အရောင်ဘယ်လောက်ဘဲပြောင်းပြောင်း
မပြောင်းလဲတဲ့ အဖြူရောင်မေတ္တာလေးကို
လက်ကမ်းကြိုရင်း အပူသောကတွေ ငြိမ်းအေးစေမယ်ဆိုရင်
မင်းလေးတစ်ယောက်သိတဲ့တစ်နေ့ စည်းစိမ်မချမ်းသာရင်တောင်
မင်းသိလာလိမ့်မယ်လေ………………….
ပိတောက်မိုး
3 comments
အလင်းဆက်
March 5, 2013 at 8:39 pm
စိတ်အထွေထွေ အရောင်ဘယ်လောက်ဘဲပြောင်းပြောင်း
မပြောင်းလဲတဲ့ အဖြူရောင်မေတ္တာလေးကို
လက်ကမ်းကြိုရင်း….
တော်တော်လန်းတဲ ့ စကားလုံးတွေ. ။
ဘုတ်….ကျီးမြှောက်
ကျီး..ဘုတ်မြှောက် ဖြစ်နေမှာ စိုးလို ့..
သိပ် မချီးကျူးတော့ပါဘူး ။
🙂
သော်ဇင် (လွိုင်ကော်)
March 6, 2013 at 6:29 pm
မေတ္တာရေစဉ်တဲ့လား လေးပေါက်ရယ်..။ မိုက်၏။
မဟာရာဇာ အံစာတုံး
April 2, 2013 at 9:51 pm
စိတ် .. စိတ် .. စိတ် …
အမျိုးမျိုး ပြောင်းလဲနေတဲ့ စိတ် …
ဆိတ် .. ဆိတ် .. ဆိတ် …
ပဲအဲအဲ အော်တတ်တဲ့ ဆိတ် …
အော် .. ဒီစကားလုံး နှစ်ခုတောင် အသံတူပေသလိုနဲ့
အဓိပ္ပါယ်တွေ အများကြီး ကွဲပြားတာပဲနော် … 🙄