Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

မီးးး …ဗျို ့ .. ..မီး ……မီး …….

ေမာင္ရိုးMarch 5, 20131min113956

ဒေါင် …. ဒေါင် ….. ဒေါင် …..

မီးးးးးးးးးးးးးး ဗျို ့ …. မီးးးးး မီးးးးးးးးးးးးးးးးးးးးးးး

ညသန်းကောင်ယံတွင် ရုတ်တရက်ကြားလိုက်ရသော မီးလှန် ့သံချောင်း ခေါက်သံကြောင့် မောင်ဆာမိ

တစ်ယောက် အိမ်မက်များ ရပ်တန် ့သွားသည် . …။ ခေါင်းအုံးပေါ်တွင် ခြေထောက်တင်ပြီး ပုဆိုးခြုံ၍

ပြောင်းပြန်ဇောက်ထိုး အိပ်နေရာမှ အလောတကြီး ထလိုက်သဖြင် ့ ခြေရင်းနှင် ့ ခေါင်းရင်းမှားလျှက်

အပေါက်ဝသို့ မရောက် …။ အခန်းနံရံကို ခေါင်းဖြင့်ဆောင့်မိပြီး ချာလည် လည်နေသည် ။ သံချောင်း

ခေါက်သံများ ဆက်ပြီးထွက်လာသည် …။။

ဒေါင် …ဒေါင် ….ဒေါင်… ဒေါင် ….

သေချာပြီ ။ မောင်ဆာမိတို့ ဂဇက်ရွာကြီးတော့ မီးလောင်ပြန်ပြီ ။ ကျွတ်ကျသွေားသော ပုဆိုးပိုင်းကို

ခတ်တိုတိုပြင်ဝတ်၍ အိမ်ပေါ်မှဆင်းပြီး ခေါင်းရင်းအိမ်မှ ဦးပေါက်ကို ခေါ်မည်အပြု ….

“ ဗျို့ ့ …… ကိုရင်ဆာမိ …. ဘယ်မှာလောင်တာလဲဗျ…..”

အသံကြားရာကြည့်တော့ ….ခြေရင်းအိမ် မှ ဦးကျောက် ဖြစ်နေသည် ။

“ ရွာလယ် ပိုင်းကဖြစ်မယ်ထင်တယ် ဦးကျောက်ရေ …. ကျနော်လည်း ခုမှနိုးတာဗျ ”

ထိုအခိုက် ဦးပေါက်မှာ သင်္ကြန်ရေပက်ကစားသော ရေဗြွတ်ကြီးဆွဲလျှက် ….

“လာကြဟေ့ ..ကောင်လေးတွေ …. မီးသွားသတ်ရအောင်…. ”

“ ဟူတ်ကဲ ့ ..ဟုတ်ကဲ ့ ”

ထိုအခိုက် …. သံပေါက်သံလိုလို …. သံဝေဂလင်္ကာ ရွတ်သံလိုလို ကြားရသဖြင့်  လှည် ့အကြည် ့တွင်….

ဘုရားတောင်မှ ..မနေရ ….ဒို့ကဘာမို့လဲ ….

နင် နဲ့ နင့်ကံ ….စီရင်ဖန် ….အမှန်ဖြစ်တော့သည်

နင် ့ကိုယ် နင် အားမသနား ….နင်မှားပေလိမ့်မည်”

“ ဟာ ..ဦးကြောင်ကြီးပါလား …မီးလောင်နေတာ ဘာတွေရွတ်နေတာလဲ”

“ မင်းတို့နားမလည်ပါဘူးကွာ …. ငါ့ မိတ်ဆွေသဂျီးအတွက် ဆုံးမစာ ရွတ်နေတာကွ .. ဟိုရက်က ရွာထဲကို

အပြင်က ဧည် ့သည်တွေကို နှစ်ပေါက်တစ်ပေါက်ရိုက်ပြီး သွင်းလိုက်တယ်လေကွာ ….ဒီကောင်တွေက

ငြိမ်ငြိမ်မနေပဲ ရွာထဲက အိမ်တွေကို ခဲနဲ့ပေါက်တယ် ပြီးတော့ … ငါတို့ လယ်တွေလည်း ဝင်စိုက်သွားတယ်….

အခုလည်း ရွာကို မီးနဲ့ရှို ့တာ ဒီကောင်တွေဘဲနေမှာ ….. ”

အင်း …. ဦးကြောင်ပြောတာ ဟုတ်တုတ်တုတ် ….  မနေ ့ကလည်း ရွာသူတစ်ယောက်ပြောသံကြားရသည် ။

ဘာတဲ့ ….. အော် …. သဂျီးက ဆန်ဝေတာ အညီအမျှဝေတယ် ဆိုပဲ ။ ရွာသူားများလည်း တစ်ပြည် ……

ရွာပြင်ပ ဧည့်သည်များလည်း …..တစ်ပြည် ….။

ဒီလိုသာ အထီးငါးကျပ် …. အမငါးကျပ် လုပ်လျှင်တော့ ရွာခံများက နစ်နာမည်ထင်သည် ။

မဖြစ်သေး …. သဂျီးနှင် ့တွေ ့ပြီး အဆိုတင်သွင်းရမည် ။ ရွာထဲတွင် အီအီး ပါလျှင်လည်း အလကား ပါခွင့်

ပေးထားသည်ကို သိပ်သဘောမတွေ ့ကြ ။ စဉ်းစားကြည် ့စေချင်သည် ။ ထိုဧည့်ကောင်း ဆောင်ကောင်းများမှာ

ရေသာများ၍ ငါးမရ ဆိုသကဲ့သို့  လူများ ၊ လေများ အီးများ သွားသည် သာ အဖတ်တင်သည်  ။

လူတကာယိုသော အီအီးများမှာ သဂျီးတစ်ယောက်တည်း ထမ်းရသည်မဟုတ် …..ရွာသူားများပါ ရွက်ထား

ရသလိုဖြစ်သဖြင့် ဝန်လေးလှသည် ။ ဂဇက်ရွာကြီးမှာလည်း လူတကာ ယိုခွင့်ရသော ဈေးအိမ်သာ ကဲ့သို့

လည်းကောင်း …… .. လူတကာ ဝင်ထွက်နိုင်သော သင်းချိုင်းဇရပ်ကဲ့သို့ လည်းကောင်း ………. တရိစာ္ဆန်များ

လွတ်လပ်စွာ မြက်စားနိုင်သော ဘေးမဲ့စားကျက်မြေကဲ့သို့လည်းကောင်း သဏ္ဍန်တူနေလေပြီ …..။

 

ခက်သည်က ရွာလူကြီးများဖြစ်သည် ။ ပွင့်လင်းရာသီဖြစ်သဖြင့် အလုပ်မအားလေသလား မပြောတေတ် ။

ရွာကြီး ဘာဖြစ်နေသည်ကို သတိမမူ မိသည့် အားလျှော်စွာ သဂျီးအား စောဒက မတက်ကြ ။

သဂျီး၏ ရွာစည်ကားရေး ၊ လူဦးရေ တိုးပွားရေး စီမံကိန်းဖြင့်  အီအီး အလကားပါခွင့်ပေးနေသည်ကို

“ နေနိုင်သူလေး ….နေနိုင်သူလေး …….နေနိုင်သူလေး ..ရေ ..”  ဟု သီချင်းဆိုပြရမလိုပင် …..

ရှိစေတော့ ….. ခုလည်း မီးလောင်ပြန်လေပြီ ….. ။ ဒီလို ဆောင်ပုဒ်များ ရွာထိတ်တွင် ကပ်ရမည် ထင် ့ …..

“ လူသာလာပါ ……. အီး မပါ ပါနဲ့ ”

“ လူနှင် ့ အတူ ……. မီး ခေါ် မလာပါနှင် ့ ”

“ လူကိုခင်လျှင် …… လေမလည်ပါနဲ့  ”

“ လူကိုကြိုပါသည် ….. အီးကို မကြို နိုင်ပါ ”

ထိုစဉ် ……လမ်းထောင့်ဆီမှ လူတစ်ယောက် အပြေးတစ်ပိုင်းရောက်လာသည်။ ကိုအေင်ပု ….မိုက်ကယ်ဘပု ..

မဟုတ်မခံ ( ဟုတ်လည်း ခံမည်မထင်) ….ဇတ်ဇတ်ကျဲ ….

လက်ထဲတွင် ဝါးရင်းဒုတ် ကြီးကိုင်ပြီး ….

“  ဘယ် ကောင် ရွာကိုမီးရှို ့တာလဲကွ ….. %&%&^@$!%$%&  …တွှေ …”

တွေ့လေပြီ …. မိုက်ကယ် ဘပုနှင် ့ မိုက်ခဲ ကိုကျောက်တို့ နှစ်ယောက်ပေါင်းမိလျှင်တော့ အထူးပြောဖွယ်မရှိ ။

မောင်ဆာမိမှာ ဘာတွေဆက်ဖြစ် မလဲဟု မတွေးရဲ ။ ကြောက်တတ်သူ ပီပီ ထိုနှစ်ယောက် ကိုလည်း

မဖျောင်းဖြရဲ ….. သို့နှင် ့ …. ဆက်လက်၍ မြှောက်ပေးလိုက်လေသည် ။

“ ဒါဘဲ ….. ဘယ်ကောင်မှ ဗိုလ်မထားနဲ့  ခင်များတို့နှစ်ယောက် ဗိုလ်လုပ်ကြ ….”

“ ကဲ …. ကိုကျောက် ….. မီးသတ်တာ ဦးပေါက်တို့ လုပ်လိမ် ့မယ် … ကျုပ်တို့ မီးရှို ့တဲ့ကောင်ကို

သွားဖဲ့ ကြမယ်”

ပြောပြောဆိုဆို ကိုပုမှာ ထွက်ရန်ခြေလှမ်းပြင်ခိုက် ….

“ နေကြပါဦးဗျ …… ခဏလေး  ….ကျုပ်ရှင်းပြပါ ့မယ် …”

မိးသတ်ဗိုလ် ကိုခင်ခ မှာ အပြေးတစ်ပိုင်းရောက်လာပြီး ….

“ ဒီမီးက ငြိမ်းသွားပါပြီ …. မီးရှို ့တဲ့သူကလည်း  အခြားလူမဟုတ် ပါဘူးဗျ …. သဂျီးမင်းကိုယ်တိုင်ပါ ဗျာ …”

မောင်ဆာမိမှာ အံဩလွန်းသဖြင့်  ကိုခင်ခအား မေးမြန်းသောအခါ ……………

တစ်ခါတစ်ရံတွင် သဂျီးမင်းသည် ပျင်းပျင်းရှိသည့်အတွက် ….ရွာစီကားခြင်း အလို့ငှာ အိမ်မှ ကောက်ရိုးပုံအား

မီးနှင် ့ ရှို ့သည် ……ဟု ……။

မီးးးးးးးးးးးးးးးးးးးးးးးးးး ဗျို ့ …….မီးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး

 

56 comments

  • pooch

    March 6, 2013 at 12:05 am

    ရှုး………တိုး…. တိုး
    ကိုဆာမိ
    မီး……….မီး ဆိုတဲ့ အသံကြားရင် နေလို့ မကောင်းဘူး

    မန်းလေးမှာ နွေတောင် မရောက်သေးဘူး
    ညဆို မီးသတ်ကားသံ တညံညံနဲ့ သတိ ဆွဲပြီးအိပ်နေရတာ 🙁

    ရွာမီးလောင်တာတော့ မသိလိုက်ဖူး နည်းနည်းဝေးနေလို့ ခုတလော

    မအားတာတော့ မဟုတ်ပါဖူး အပျင်းထူနေလို့

    ပျင်းပျင်းနဲ့ စာအုပ်တွေ လှိမ့်ဖတ်နေတာ

    • surmi

      March 6, 2013 at 12:14 am

      ကျနော်လည်း ဝေးနေတာပါဗျာ …
      မီးက ရန်ကုန်မှာလည်း နေ ့တိုင်းနီးပါးပါပဲ ။ ခုလည်း နောင်တော် ဆရာများ အားပေးအားမြှောက်လုပ်လို့
      ရေးတာ .. 🙂
      မီးမလောင်ခင် ခဲနဲ့ ချောင်းပစ်ခံနေရပုံပါပဲ …..
      နောက်လူများ ဘာပြောမလဲ စောင့်ကြည့် ရပါဦးမယ်ဗျ ….။

  • အမငီး ဘိုးဒေါ်ဆာ နှယ်ဂျာ ….
    အလန့်ထညက်ဘာလား ….
    ကျုပ်ဖြင့် ဘယ်မှာများ မီးလောင် နေဒါဘာလိမ့်လို့
    အပြေးလေး တစ်ပိုင်း လာကျိလိုက်ရဒါ ဖက်ဖက်ကို မောတွားဒါဘာဘဲ …
    (((ပေးဘာအုံး ရေအေးအေးလေး တစ်ခွက်လောက်))) :mrgreen:

    အဟမ်းးး ဟမ်းးး
    ဟုတ်ဒယ် … မန်းဂျင်ဒဲ့လူ မန့်လို့ ရအောင် လုပ်ထားဒါ …
    တဂယ်တမ်း ပေါရရင် မမိုက်ဘာဘူး ….
    အိုက်ဒါဂျီး ပြန်ဖြုတ်ဘာ ဘဂျီး ….

    ဘယ့်နှယ်ဗျာ … ဂလိုဒါ အစောဂျီး ဂတည်းက …
    ပါမစ်ရှင် မချိဘဲ အီးအီးပါခွင့် ရရင် ရှေရှေဝှေးဝှေး ဖောင်ဒွေ ဘာဒွေ တင်နေဘာဘူးရယ် …
    ဒီအတိုင်း ပုဆိုးလေး ပင့်မြှောက်ပီး ပါပလိုက်မှာပေါ့ … :mrgreen:
    (((ဖောင်တင်ဒေါ့ ပိုက်ပိုက် ရဒါပေါ့လို့ လာမပေါနဲ့ … ချင်းချင်းပေါရရင် တစ်ပဲခြောက်ပြားဘာ … အင်တာနက်ဆိုင် တစ်ခါထိုင် … ဖုန်းနဲ့ တစ်နာရီ သုံးရင်ဒေါင်မှ မကိုက်ဘာဘူး …)))
    :mrgreen: :mrgreen:

    ကျုံဒုံးလေး ကျုပ်လည်း ကိုယ်ပွားဂျင်ဒါ ဆွဲယူပီး ပွားပလိုက်ဘီ …
    ဒီဒေါ့ဂါ ဒါဘာဗျဲ …. ဟဲဟဲ …

    • surmi

      March 6, 2013 at 12:28 am

      ပွားပါလေ ့ …ပွားကြပါလေ့ ……
      လူမမုန်းအောင် မန်ဘာအုန်းသီးခွဲထားတယ် ….
      မအားလို့ပါ မောင်အံရယ် …. အရေးရှိလို့သာ ပြေးလာလိုက်တာ
      ကဲ ကဲ ….. နောက်လူများ မျှော်လိုက်ပါဦးမယ် …… ကျေးကျေး …။

  • Myo Thant

    March 6, 2013 at 12:36 am

    ဟေ့လူတွေ လှည်းတန်းမှာနေခဲ့တဲ့ ကိုခင်ခက မီးသတ်ဗိုလ်လား

    ဟုတ်ဘူးထင်တယ်နော်

    ကမာရွတ်ဆိုတာ မီးသတ်စခန်းတောင်မရှိ အေးချမ်းလှပါ၏ ၊

    • surmi

      March 6, 2013 at 12:42 am

      ရန်ကုန်နေတုန်းကတော့ မဟုတ်လောက်ဖူးဗျ
      မန်းလေး ရောက်မှ ကိုယ်ထူကိုယ်ထ မီးသတ်ဗိုလ် ဖြစ်သွားတာ
      :harr:

  • Myo Thant

    March 6, 2013 at 1:02 am

    🙂 🙂 🙂

    ကိုခ ပြောနေကြပြီနော်

  • padonmar

    March 6, 2013 at 2:48 am

    အော် ကဆာမိရယ်၊
    သူ့ခမျာလည်း Change Change နဲ့ အရှေ့ကျွန်းကအော်နေတော့ အရီးလတ် ထောက်ပြထားတဲ့ active member ၂၀ဝ ကနေ တိုးလာမလား စမ်းကြည့်ရှာတာနေပါလိ်မ့်မယ်။
    ပညာမရှိတော့လည်း ပြေးကြည့်နေရတာနေမှာပေါ့။

    • Foreign Resident

      March 6, 2013 at 5:14 am

      ” ပညာမရှိတော့လည်း ၊ ပြေးကြည့်နေရတာနေမှာပေါ့ ”

      မ ပဒုမ္မာတောင် ၊ အရေးအသားတွေ ပြောင်းလာပြီပဲ ။
      😛

    • surmi

      March 6, 2013 at 9:47 am

      အစ်မပဒုမ္မာရေ
      ပညာက အရှိလွန်နေတာဗျ ။ သူ ့ကိုလိုက်လို ့ကိုမှီဖြစ်နေတာ
      ရွာကိုလည်းဒီထက်ပိုပြီးစည်စေချင်ပါတယ် ။
      ဘာမှ အကြံမပေးတတ်လို ့သာ ……..

      အဘဖောရေ
      အခြေအနေနဲ ့အချိန်အခါက ပြောင်းလဲစေတတ်တာနော
      :hee:

  • kai

    March 6, 2013 at 5:35 am

    ရွာသူားတွေများ.. တယောက်တလှည့်ဝိုင်းငြိမ်းမလား.. ထင်မိပါတယ်..
    အထဲကနေ.. ဆီလောင်း..တို့မီးလုပ်သူတွေချည်း..

    အပြင်လူဝင်မပါ.. :buu:

    • surmi

      March 6, 2013 at 9:54 am

      သဂျီးမင်းရယ်
      အပြင်လူလား အတွင်းလူလား သဂျီးသိနိုင်ရင်ကောင်းတာပေါ ့
      မဟုတ်ရင် ရန်တိုက်ပေးသွာတော ့ ဒုက္ခဖြစ်နေမယ်
      အတွင်းလူတွေကလည်း သတိပေးချင်တဲ ့သဘောဖြစ်ပါလိမ် ့မယ်
      ကျနော်အပြင်က ကြားတဲ ့သတင်းတချို ့ကတော ့ ဒီဆိုဒ်က ပို ့စ်ထက်စာရင်
      ကော် ့မန့် ့ကပိုကောင်းတယ်ဆိုပဲ …..

  • ခိုင်ဇာ

    March 6, 2013 at 7:53 am

    ဦး က မီးမီး လို့ အော်တော့
    မီး က မီးကို ခေါ်တယ် မှတ်ပြီး အ ပြေးလေး လာလိုက်ရတာ။
    ခုတော့ မီးကို ခေါ်တာ ဟုတ်ဘူးကိုး။ ပြေးလာရတာ မောတယ်။ တိုက်တော့ (ရေ) :mrgreen:

    ဒီ ကိစ္စမကျေနပ်သူများနေပြီ။
    ထပ်ရှို့မဲ့ မီး တွေရှိသေးတယ်။
    မနည်းထိန်းထားရတယ်ရယ်။
    အဲလို မီးထိန်းထားခ Pt တိုးပေးသင့်ပါဒယ် ဒဂျီးမင်း။
    :kwi:

  • kyeemite

    March 6, 2013 at 9:04 am

    အင်း..မီးးးးးး ဆိုလို့ ထကြည့်ပါတယ်
    နောက်ဆုံးတော့ ကောက်ရိုးမီးကိုး….
    အရမ်းမီးသတ်ဗိုလ် ကိုခင်ခကို ကျေးဇူးတင်ရမှာပဲ…
    🙂 🙂 🙂 …….. 🙂

    • surmi

      March 6, 2013 at 10:03 am

      @မခိုင်ဇာ
      မီးမလန် ့ပါနဲ ့ဗျာ ။ ကောက်ရိုးပုံရှို ့တာပါ တဲ ့
      သဂျီးလည်း မီးလေးတစ်ခါ ရှို ့မလို ့လုပ်ပါတယ် မီးကင်းသမားတွေမအိပ်တော့
      လူမိသွားတာပေါ ့ ……။

      @ဦးမိုက်
      မီး ကို မူပိုင်ခွင် ့ကျော်ပြီး သုံးလိုက်မိတာ ခွင့်လွှတ်ပါခင်ဗျ
      :harr:

  • ကထူးဆန်း

    March 6, 2013 at 9:20 am

    အဲ့ဂလို အသင့် ရှိနေတာလေးကတော့ ကောင်းပါတယ် ။ အမြန်ဆုံး member ဝင်ဖြစ်သွားတာပေါ့ ။
    ဒါပေမဲ့ .. အီးမဲ ထည့်မှ ရမှာရယ် .. နံမည်တူ ရှိနေရင် ဝမ်းနုတ်ဆေး သောက်ဖို့ လိုမယ် ဆိုတာ ပြောရဖို့ လိုအောင် လုပ်ဖို့ လိုပါ့မယ်… .
    ဒါမှ မဟုတ်လဲ . ဧည့်သည်ပါ ဆိုတာဘဲ ဆိုရင်လည်း ရုတ်တရက် ယောင်ဝါးဝါး ဖြစ်ဘူးပေါ့ ..

    • surmi

      March 6, 2013 at 10:13 am

      အန်ကယ် ကထူးဆန်း
      လိုအပ်သည်များ ထောက်ပြသွားတာကျေးဇူး ။
      အခု မတုတွေလည်းများလာတော ့ ဘာမှန်းကိုမသိတော ့ဘူးဆရာရေ
      ကျနော ့သဘောကတော ့ မန်ဘာများလေကြိုက်လေပါပဲ
      နာမည်တူတောဘ့ မဖြစ်စေချင်ဘူး

      ဗျို ့ ဦးကျောက် >>>>>>>
      ဘယ်သူမှမမုန်းပါဘူဗျာ
      ရခိုင် အရေးလိုတစ်ခုခုထပ်ဖြစ်ရင် ဗွက်ပေါက်သွားမယ်ဆိုတာ အားလုံးမှန်းမိတာပဲ
      အစ်ကိုသတိပေးလိုက်တော ့ ပိုစဉ်းစားစရာဖြစ်တာပေါ ့
      နောက်လူများလည်း ဘယ်လိုသဘောဆိုတာ ပြောကြပါဦး

  • ဦး ကျောက်ခဲ

    March 6, 2013 at 9:20 am

    ကိုရင်ဆာ…

    ပြောရရင်တော့ သခင်မျိုးဟေ့ ဒို့ဘာမန်…
    လက်သီးပုန်းထိုးကြမယ့် အရေးကို မြင်နေရတာမို့…
    နောက်မကျခင် ဟာကွက်ကိုထောက် ကြားက အမုန်းခံလိုက်တာ…
    ဂဇက်ကို ချစ်လွန်းလို့ပါဗျာ…

  • မိုက်ကယ်ဂျော်နီအောင်ပု

    March 6, 2013 at 9:37 am

    ခွီး !!!!!!!!!!!!!!!!!!!!!
    ဂေဇက်သဂျီး နှာချေလိုက်ခြင်းဖြစ်လေ၏
    သဂျီးကား ခေသူမဟုတ် ပေါ့သေးသေးတွက်ကြ၍ခွက်ခွက်လန်အောင် မှောက်သွားသူများမနည်းတော့ဘီ
    အိမ်နောက်ဖေးကောက်ရိုးပုံကို စဘါးဂျီနာမည်ခံပြီးခပ်တည်တည်ဖြင့် မီးအာမခံကြေးဆောင်ထား၏
    အစီစဉ်မှာ ကောက်ရိုးပုံကိုမီးရှို့ပြီး စပါးကျီအတွက်လျှော်ကြေးတောင်းရမည်
    ခုတော့ သံချောင်းခေါက်သူရော
    မီးသတ်သူရော ကြောင့် မီးလောင်မှန်းလူသိကုန်ပြီ
    ပိုဆိုးသည်က အကုန်မလောင်သောကောက်ရိုးပုံကြောင့် ဂွတိဂွကျဖြစ်သွားရသည်
    ရွာကိုသုံးရက်ပိတ်ရမယ်
    အထူးသဖြင့်
    ကျောက်ဂဲ ဂဲကျောက် 👿

    • surmi

      March 6, 2013 at 10:22 am

      ဪ … ဒီလိုလား
      ဘပုပြောသလိုဆို သဂျီးမီးဆော ့တာ လူမိသွားတဲ ့သဘောပေါ ့
      ခုလိုသာဆိုရင် မီးသတ်တဲ ့သူရော သံချောင်းခေါက်တဲ ့သူပါ သဂျီးဒေါသနဲ ့ တွေ ့ပြီ
      ကြောက်တယ် …ကျနော်တော ့ပြေးတော ့မယ် 🙂

      ဦးကြောင် >>>>>>>
      ရွာမီးလောင်တာလွှတ်ဝမ်းသာမနေနဲ ့ဗျ
      ခြင်္သေ့ ကျွန်းမှာ ကြောင် BBQ ဆိုပြီး ရောင်းစားခံရမယ်နော
      :kwi:

      • ခိုင်ဇာ

        March 6, 2013 at 10:34 am

        အဲ ကြောင် BBQ ဆို အနော် အရင် ဝယ်ပါစေ။
        :kwi:

  • ဦးကြောင်ကြီး

    March 6, 2013 at 10:03 am

    ရွာမီးလောင် ဦးကြောင် လက်ခမောင်းခတ်…။ သဂျီး အထုပ်အပိုး ပြင်နေတုံး သမီးဒေါ်ဂလေးကို ခိုးပြေးမယ်…။ :harr:

  • P chogyi

    March 6, 2013 at 10:52 am

    ရွာမီးလောင်စဉ် မီးသတ်ကားသုံးစွဲခဲ့သည့်အတွက်
    မီးသတ်ကားဆီကုန်ကျမှုအား
    ရွာသူားများမှ ကျခံရမည်ဖြစ်ပါသည်။

    • surmi

      March 6, 2013 at 11:03 am

      အော် …..ဆိုလိုတာက မီးသတ်ကားလာရင် ရေဖိုး ဆီဖိုး ပေးရတာလားဟင်င်င်င်င် ?
      ဆီနဲ ့ရေနဲ ့တောဘ့မှားမပက်လိုက်ပါနဲ ့ဆရာတို ့ရယ် …

  • ကြည်ဆောင်း

    March 6, 2013 at 11:04 am

    အခုမှ log in ဝင်လို့ရတယ်
    ဘယ်လိုတွေဖြစ်နေမှန်းမသိ..
    ကိုဆာမိပြောတဲ့ဧည့်စိမ်းတွေကြောင့်များလား
    သဂျီးပြောတဲ့ အိမ်တွင်းလူတွေကြောင့်ဘဲလား
    မန့်ဖို့တောင်ခက် နေတာ
    ကိုယ့်နာမည်ပေါ်တော့လဲ avatar မပါ..
    တကယ်ဘဲ ဂဇက်လောင်လောင် မလောင်လောင်
    ကိုယ်စိတ်တော့လောင်နေပြီ

    • surmi

      March 6, 2013 at 11:31 am

      လောလောဆယ် ပြဿနာအထူးမရှိသေးပေမဲ ့
      သဂျီးဆိုဒ်ကတော ့ ဝင်ဖို ့ ဆယ်မိနစ်လောက်စောင် ့ရတယ်
      အဆော်ခံနေရပြီလားမသိ ။
      မကြည်ဆောင်းရေ ကိုယ်တော ့မလောင်စေနဲ ့ဗျို ့

  • amatmin

    March 6, 2013 at 11:54 am

    မီးလောင်တယ်ကြားလို့
    ရွာထိပ်က လေရဟတ်ကြီး မချလာတာ..
    ခုတော့ ငြိမ်းလိုက်တာ တယ်မြန်သကိုးး 🙂

    • surmi

      March 6, 2013 at 1:03 pm

      ကိုမတ်က တယ်သွက်သကိုး
      ဒီလိုမှန်းသိရင် ဆီပုံးလေးပါ ပစ်ထည် ့လိုက်ပါတယ် 🙂
      ခုလည်း စကားနောက်တရားပါ အင်းစိန်သံမဏိစက်ရုံက ကားဟောင်းတွေ
      မီးလောင်နေသတဲ ့….

      @ဦးခ ခင်ဗျ
      ကျနော်လည်း လူစည်စေချင်တယ် ။
      ဒါပေမဲ ့ နာမည်တူ သုံးမရအောင်တော ့ ပိတ်ထားစေချင်တယ်
      အခုပို ့စ်က အပြင်လူအတွက် အကျိုးမမျာားတဲ ့ ရွာသူားခြင်း ပြောတဲ ့
      ပို ့စ်မို ့ မန်ဘာ onlyလုပ်ထားတာ
      လွတ်လပ်စွာပြောလို ့ရအောင်လေ
      ဒီလိုလုပ်တော ့ အတုတွေအများကြီးပေါ်လာနိုင်ပြီး ထင်ယောင်ထင်မှားတွေ
      ဖြစ်ကုန်ပါလေရော ……

      • ခင်ခ

        March 6, 2013 at 1:23 pm

        ကိုဆာမိရေ မန်ဘာနဲ့ အခြား ကို သူ့အဆင့်လေးနဲ့တော့ သတ်မှတ်ထားဖို့ဆိုတာမှာ အဲလိုနံမည်တူ သုံးမရတာတို့ မန်ဘာမဟုတ်ရင် ပိုစ့်တစ်ခုမှာ ဘယ်နှစ်ခါဘဲ ဝင်မန့်ရတာတို့ အဲလို အဲလို တွေ Level သတ်မှတ်ဖို့ပြေတာပါ သေချာမပြောတတ်လို့လေ။

        • surmi

          March 6, 2013 at 1:53 pm

          ဟုတ် ကိုခ
          ကျနော်သဘောပေါက်တယ်
          သဂျီးသာ အပြင်လူ အတွင်းလူခွဲခြားသိနိုင်ရင်
          သတင်းထုတ်ပြန်ပေးဖို ့ကာင်းတယ်

  • ခင်ခ

    March 6, 2013 at 12:04 pm

    အချစ်မီးများ ငြိမ်းစေသတည်းဆိုပြီး အချစ်မီးတွေလောင်နေတဲ့
    အပျိုချောတစ်သိုက်ရဲ့ မီးများငြိမ်းဖို့ မီးသတ်ဗိုလ် လုပ်မလို့စိတ်ကူးပါတယ်
    ကိုဆာမိနဲ့တွေ့မှဘဲ သူကြီးရှို့ တဲ့ ရွာမီးငြိမ်းတဲ့ မီးသတ်ဗိုလ်ဖြစ်ရပါရောလားကွယ်။

    သူကြီးက အပြင်ဧည့်သည်လက်ခံတာက ဘာအကြံအစည်ရှိလဲမှမသိတာ ကိုဆာမိရေ၊
    အဆိုးအကောင်းကတော့ နေရာတိုင်းမှာရှိတတ်တာမို့ တစ်မျိုးကောင်း တစ်မျိုးမကောင်းတော့ ရှိမှာဘဲလေ၊ အပြင်ဧည့်သည် အဝင်မခံတော့လည်း တံခါးပိတ်ဝါဒဘဲ ဆက်ကျင့်သုံးသလို ဖြစ်နေမယ်၊ တံခါးဖွင့်ဝါဒပြုပြီး ဧည့်သည်ပါလက်ခံ တော့လည်း ရွာသားတွေအပြင် အခြားဧည့်သည်ရဲ့ စကားလည်းကြားရ သတင်းရတာပေါ့။ အဲတစ်ခုတော့ရှိတာပေါ့ ခံစားခွင့်ကိုတော့ အတူတူမဝေသင့် ဘူးလေ၊ မန်ဘာဝင်ဆို ဘယ်လောက် မန်ဘာဝင်မဟုတ်ရင် ဘယ်လောက် စသည့်ဖြင့် သူ့အဆင့်လေးနဲ့သူတော့ သူကြီးအနေနဲ့ ရှိသင့်တာပေါ့လေ။ တွေးမိတာလေး ရေးတာပါဗျာ။

  • Mon Kit

    March 6, 2013 at 1:04 pm

    ဦးဆာမိရေ….
    ဘယ်တုန်းက ဘယ်မှာ ဘူ့ကြောင့် မီးလောင်သွားလဲ မသိတော့ဘူး…
    မွန်ကစ် ရွာနဲ့ နည်းနည်း အလှမ်းဝေးသွားတယ်…
    လိုက်မမှီတော့ဘူးထင်တယ်… :byae:

  • Novy

    March 6, 2013 at 1:37 pm

    ကိုရင်ဆာမိ..
    ရွာမီးလောင်းတုံးကနိုဗွီတို့ ရွာပြင်ရောက်နေလို့
    သတင်းပဲကြားလိုက်ရတယ်
    အခုမီးငြိမ်းသွားတော့ ငပိအေးအေးဆေးဆေးထောင်းလို့ရပြီပေါ့နော်

    • surmi

      March 6, 2013 at 1:49 pm

      မမွန်ကစ် တကယ်မလောင်သေပါဘူး လန် ့ရုံလေးပါ 🙂
      ပြီးခဲ ့တဲ ့ညက ရွာသားကြီး အချို ့နဲ ့စကားစပ်မိပြီး ဟိုပြောဒီပြော ပြောရင်း
      ဒီပို ့စ်တင်မိတာ ။ သဂျီးရဲ ့ ပရိုမိုးရှင်းကို အနှောက်အယုက်ပြုတာမဟုတ်ပါဘူး ။
      အထင်မှားမှာစိုးလို ့ပါ ။
      အစ်မပဒုမ္မာတောင် သူ ့ပို ့စ်မှာ ဦးဦးပါလေယာအစစ်ရေ လို ့ဆိုထားတော ့
      အတုလည်း ရှိနေပုံပဲ …..

      @မနိုဗွီ
      သိပ်အထူးတော ့မဟုတ်ပါဘူးဗျာ ။အထက်မှာပြောခဲ ့သလိုပဲ ….
      ရွာထဲလည်းလေ ့လာဦးနော် မနိုဗွီအတုလည်း ထွက်လာဦးမယ်
      အပြည် ့အစုံကို ဦးကျောက်ခဲကိုသာမေးပေတော ့ …….

  • Myo Thant

    March 6, 2013 at 2:02 pm

    သူရို့တွေ မီး မီး လုပ်တာနဲ့ ဒီနေ့ ရန်ကုန်မှာ တကယ်လောင်ပြီ
    အင်းစိန်ရွာမ သံမဏိစက်ရုံ ကားဟောင်းတွေပုံထားတဲ့ဆီမှာ

    • surmi

      March 6, 2013 at 2:14 pm

      ဟုတ်ပပါ ့ဗျာ
      နောက်မပြောရဲတော ့ဘူးဗျာ :harr:

      • နေဝန်းနီ

        March 7, 2013 at 9:07 pm

        အဲဒါ ဟိုလူကြီးပိုင်တာတဲ့ ဦး ………. ဆိုလား လောင်ပေ့စေ သွားမငြိမ်းကြနဲ့ ရွာထဲကလူဒွေ

  • Wow

    March 6, 2013 at 2:14 pm

    ပေါက်၊ကျောက်၊ဆာ ဂလုနဲ့ ဒဂျီးကို ဘယ်သူ့ထောက်ခံမလဲ လွတ်တော်ခေါ်ပီး မဲခွဲမယ်… :mrgreen:

    • surmi

      March 6, 2013 at 2:23 pm

      ကျန်သေးတယ်
      ပေါက် ပု ကျောက် ဆာ
      ကြံဖေါ်ကြံဖက် ဒီလေးယောက်အနက်တွင်မှ ကံကွက်ကြား၍
      ငမိုက်သားဆာမိရေ …. နင်ချည်ပဲသေလေတော ့ဆိုရင်လည်း ……….

      • Wow

        March 6, 2013 at 2:36 pm

        အူးဆာက မရှိမဖြစ်ဆာပါ… အူးဆာရယ် :mrgreen:
        အင်း… မကာရဖွားများ… တယ်ခေါင်းမာသဂိုး :harr:

        • ခိုင်ဇာ

          March 6, 2013 at 3:30 pm

          ဟုတ်ပ။
          ဟုတ်ပ။
          ဦးဆာကိုပြောတာဟုတ်ဘူးနော်။
          မကာရဖွား ကို ပြောတာ…

          :harr:

        • surmi

          March 6, 2013 at 10:55 pm

          ပြောပါလေ …. ဟဲဟဲ
          ယနေ ့မှစ ပြီး မကာရ မဟုတ်တော့ပါ
          မွေးနေ ့ကို ရက်ရွှေ ့လိုက်ပြီ …. :kwi:

  • Mr. MarGa

    March 6, 2013 at 3:02 pm

    မီးဘေးကိုရှောင်
    မလောင်ခင် တားစေဖို့
    သဂျီးမင်းကိုဗျာ
    တကယ်ပင် တားချင်ပေမင့်
    မာဃ ကျွန်တော်မှာ
    နာမည်တူ များနေတာမို့
    တားဖို့ရန် အချိန်မရ
    စာကလဲ လုပ်ရသေးတာကြောင့် :mrgreen:
    ဝိုင်းကာရယ် ဝန်းကာ တားကြပါသော
    ပေါက်၊ ကျောက်၊ ဆာ နှင့် ရွာလူကြီးများကိုတကယ်
    အိုကွယ်
    အဟုတ်တကယ် ကျေးဇူးရယ် စပါယ်ရှယ် တင်မိပါကြောင်း………ဟောင်း……………ဟောင်း
    :kwi:

  • ဗုံဗုံ

    March 6, 2013 at 4:18 pm

    မီးး မီးး ဆိုလို့ ရေပုံးကြီးဆွဲပြီး ပြေးထွက်လာတာ အခုလောင်မှမလောင်သေးဘဲကိုးး မထူးပါဘူး သင်္ကြန်အကြို ဦးဦးဆာမိ ကိုရေကန်တော့သွားလိုက်ပြီ မုန့်ဖိုးပေးတော့ :mrgreen: :mrgreen:

    • surmi

      March 6, 2013 at 10:24 pm

      @သဂျားမင်း
      ဘာမှမပူနဲ့ ။ သဂျားအတုတွေ့ရင် ဖျော်သောက်ပလိုက်မယ် 🙂

      @မဗုံဗုံ
      အဲဒီရေတွေ သဂျီးကိုလောင်းလိုက်ရမှာ …..။ ကဲ ပြော ..မုန် ့ဘိုးဘယ်လောက်လဲ ..။ ပြီးရင် အကြွေးမှတ် ။

      @နောင်တော် Good™
      ဖြေးဖြေးလုပ်ပါဆရာရယ် …။ ထုတ်တန်းနဲ့ ပြေးဆောင့်လို့ ဘုလည်းထနေပြီ 🙂
      တိုက်တိုက်ဆိုင်ဆိုင် ဒီနေ့မှ သံမဏီစက်ရုံက ကားဟောင်းတွေ မီးလောင်တယ်လေ …
      ရွာထဲကတော့ မီးမလောင်သေးပါဘူး … လောင်ရင် …?
      အဲဒါကြောင့် ……………။

  • Good™

    March 6, 2013 at 5:06 pm

    Very good writing. ရေးထားတာလေးက အချိတ်အဆက် အဖွင့်အပိတ် လေး ကောင်းလှပါလား။
    ဆရာ့ဆရာ တွေများ ရေးလိုက်ရင် ရှယ် မှ ရှယ်။ ဂေဇက်ရွာ မီးလောင်တာ ဆိုတော့ ခပ်လန့်လန့် နဲ့ ဖတ်နေတာသဂျီးရှို့ လို့ ကောက်ရိုးပုံလောင်တဲ့ မီးဖြစ်သွားလို့ တော်သေးတယ် ။

  • MaMa

    March 6, 2013 at 6:05 pm

    ရွာသူား မဟုတ်ပဲ ရေးလို့ရတယ်ဆိုလို့ စမ်းကြည့်တာ အီးမဲတောင် ဖြည့်စရာမလိုဘူး။
    နစ်နိမ်းလည်း ပေးစရာမလို…
    ဘာဆို ဘာမှ မလိုဘူး။
    အတုတွေ ကလုန်းတွေ ပွားသွားတာလည်း ထူးဆန်းပါပေ့။
    နွေရောက်တိုင်း ….
    မီးဘေးရှောင် မလောင်ခင်တား ကြပါ ဆိုတဲ့ သီချင်းကို ဖွင့်ပြီး မြို့အနှံ့လိုက်အော်တာတောင် သတိရမိသွားတယ်။

    • surmi

      March 6, 2013 at 10:46 pm

      @အန်တီမမ
      အန်တီမမပြောတာ ဟုတ်သဗျ ….။ ဘာဘာ ဘာမှ မလိုဘူး ။ လွတ်လပ်တာ ကောင်းပါတယ် ….
      ဘာမှ မဖြစ်ရင် ဘာမှ မဖြစ်ဘူးပေါ ့ ။ သဂျီး ရည်ရွယ်ချက် နှောက်ယှက်တာမဟုတ်ဖူးဆိုတာတော့
      သဂျီးလည်း သိစေချင်ပါတယ် ။ တစ်ကယ်လို့ တစ်ယောက်ယောက်က နာမည်တူသုံးပြီး ပေါက်ကရ
      ကော့်မန့်ပေးရင် ဘယ်လိုရှင်းမလဲနော …အဲဒါ ….

      @မရွှေကြည်
      ဘာမှမသိတာလည်း တစ်မျိုးကောင်းတာဘဲ
      မမြင်ရတာ ငြိမ်းတာပေါ ့ ။ 🙂

    • kai

      March 7, 2013 at 2:28 am

      ဘယ်လိုမလည်း… ဒေါ်ဒေါ်မမရယ်..
      လော့ဂ်အင်ကြီးဝင်ထားပြီးသားဖြစ်နေတာကိုး..
      (နောက်တာလားတကယ်လားမသိ..)

      ဆိုတော့..
      Time တို့.. Newsweek တို့တောင် အဲလိုလုပ်လို့ရတာဆိုတော့.. စမ်းတာပေါ့..
      တကယ်တော့..
      ♩ ♪ ♫♪ဘယ်သူမဆိုကိုယ်တန်ရာပဲရမယ် ♩♩ ♫♪ ♪ တဲ့..။ :kwi:

  • ရွှေ ကြည်

    March 6, 2013 at 7:11 pm

    အွန် မီးလန့်သေးတယ်လားသိတောင်မသိလိုက်ဘူးပဲ ကိုရီးယားကား ကြည့်နေလို့လေ။
    ဘယ်သူရှို့ရှို့ပါအေ ကျုပ်မသေပြီးတာပဲ :mrgreen: :mrgreen: :mrgreen:
    အူးအမတ် လေရဟတ်ကို နေရာတကျပြန်ထားဦး :harr:

  • အလင်းဆက်

    March 6, 2013 at 8:22 pm

    ဟုတ်ပါ့ ..။
    မီးဆိုလို ့..

    လန်သွားတာပဲ…
    အဲ..
    လန့်သွားတာပဲ…
    ရွာ..များ.. ဘယ်မီတွေ လောင်ပြီလဲ..လို ့…
    🙂

  • ရဲစည်

    March 6, 2013 at 9:40 pm

    အူးဆာမိ …
    ကြားတော့ကြားတယ် … တခါကလဲ ဒါးခုတ်ရာ လက်ဝင်လျှိုမလို့ အခုငြိမ်နေရတာ .. အဟိ
    မီးက တဂယ် လောင်သေးဘူးပေါ့နော် …။

    တားတား ဝင်ရှို့ပေးရမားဟင်င်င်င်….
    :harr:
    နောက်တာ

    • surmi

      March 6, 2013 at 10:51 pm

      @ကရဲစည်
      လုပ်ပါဦးဗျ ။ ကိုရင်တို့ ပြောမလားစောင့်နေတာ … 🙂
      တကယ်မလောင်သေပါဘူး …. ဒါပေမဲ့ လောင်တော့မှာ ….
      ရှို့ ့မယ်ဆို ကြိုပြောဦးနော် ….ပြေးမလို့ :harr:

      @အလင်းဆက်
      မလန် ပါနဲ့ ဆက်ဆက်ရယ် ….
      လေမှ မတိုက်ဘဲ .. ဟဲဟဲ …. :hee:

  • မောင် ပေ

    March 7, 2013 at 9:19 pm

    ဘာများပါလိမ့်လို ့
    မိုဟာမက် အဒူလမွတ် ဟာဂျီဖာရွတ် ခိုင် ဆိုတဲ့လူအကြောင်းပေကိုး
    သူ ့ခဗျာ လဲ မိုးပြာဂိုဏ်းကိစ္စနဲ ့မအားရှာပါဘူးလေ
    အိုဘာတဲ့
    အချစ်ဟာ မီးလားးးး….

  • อดีต ปัจจุบัน อนากต အပြုသဘောဆောင်တဲ့ mobile

    March 7, 2013 at 11:35 pm

    ဝင်ရောက်လေ့လာသည် ဖတ်ရှု့သည်။
    တစ်ခါကဖတ်ဖူးတဲ့စာအုပ်ထဲကလို………
    “မည်သို့မည်ပုံ လုပ်လိုက်သည်တော့ မသိပါ တစ်ဖက်သော သူမှာ “ဝုန်း” ခနဲလဲကျသွားပါတော့သည်”
    ဆိုတဲ့အတိုင်း ဘာမှန်းညာမှန်းတော့ ကောင်းကောင်း မသဲကွဲပေဘူး……
    တစ်နေ့က ဖေ့ဘွတ် ထဲမှာအသံကြားခဲ့သလိုလို ဘာလိုလိုလေးတော့ရှိသား……..
    ကျုပ်လည်း ဂဗာ့အပြင်ဖက် ရောက်ရောက်နေတာနဲ့ ရွာထဲကို အဝင်ကျဲးနေပီ……..

  • Moe Z

    March 8, 2013 at 12:55 pm

    တောာာာာက် (ခ်)!!!
    ပွဲကြီးပွဲကောင်းလွတ်သွားတာ နာသကွာ..
    လုံးဝမသိလိုက်ဘူး အူးအူးဆာမိရာ
    အပျင်းပြေ နောက်တစ်ပွဲ ထပ်လုပ်ရအောင် 😆

Leave a Reply