Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

မယုံရင် ပုံပြင်မှတ် story

ဒဂယ် အဟုတ် ပြောတာပါဗျာ၊ ပေးချင်တဲ့ကျမ်းပေးပေး လိမ်ဝံ့ဗာဗူး… ဖြစ်နိုင်ပါ့မလား မောင်ကြောင်ဠုရယ်…… နင့်ဟာက နားရှိလို့ကြား သွားရှိလို့ဝါးရတယ်၊ မဖြစ်ရေးချ မဖြစ်နိုင်… လူရိုးသင်းဂျိုင်းကုန်းသာ ရှိတာကလား…။ ပြန်ပြောစမ်းပါအုံး ဘယ်လို ဘယ်လို။ ဒီလိုဗျာ… အဲဒီညမှာ ကောင်မလေး ချိန်းတော့ ကျနော် သွားလိုက်တယ်.. ခါတိုင်းလဲ သူ့အမေဂျီးလစ်ရင် တွေ့နေဂျလေ၊ ရိုးရိုးသားသားပါပဲ ဘာမှ လွန်လွန်ကျူးကျူး မဖြစ်ခဲ့ရိုးအမှန်ပါ။ သူ့အိမ်ရောက်တော့ စကားလေး ဘာလေးပြော၊ ကော်ဖီသောက် မုန့်စား၊ တီဗွီအတူကြည့်ပြီး အိပ်ယာပေါ်မှာ နှစ်ယောက်သား ဖက်အိပ်ပျော်သွားတယ်၊ ဖြစ်ချင်တော့ သူ့အမေက အိမ်စောပြန်လာတာနဲ့တိုးပြီး ကျနော့်ကို သောက်ကြောင်လို့ဆဲပြီး ကုတင်ပေါ်က ကန်ချလိုက်တာပဲ။ အိမ်ကိုလည်း အယ်ဇေးရှင်းခွေးဂျီး ဆယ်ကောင်နဲ့ နေ့ညမပြတ် အစောင့်ထားပြီး ကောင်မလေးကို နိုင်ငံဂျားကို ပို့လိုက်တော့တာပါပဲဗျာ။ သူနဲ့အဲဒီအချိန်ကစလို့ အဆက်အသွယ် ပြတ်သွားရပြီး အသဲကွဲတိုးရစ်ကြီး ကျနော် ဖြစ်ခဲ့ရပါတယ်။

နင် ကုတင်ပေါ်က ကန်အချခံရတာ၊ အသီးကွဲတာ ထားလိုက်အုံး.. ဒီအရေးမှာ မရှင်းတာ နင်တို့ နှစ်ယောက်ထဲ ဘယ်လိုဘယ်ပုံ အနေအထားနဲ့ ရှိနေခဲ့လဲဆိုတာပဲ။ ရဲအမှုလိုက် အရာရှိဟောင်း ရာမညမှ ဆေးတံဂျီးခဲလျက် နှာရောင်တဝင်းဝင်းဖြင့် စစ်ကြောလိုက်သည်။ သူက အဲဒီအချိန်က ညဝတ်သင်တိုင်း ပါးပါးလေး ဝတ်ထားတယ်။ အပြာနုရောင်လေး၊ အတွင်းခံက အဖြူရောင်ဇာသားနဲ့ဗျ… ဘာလို့ မှတ်မိလဲဆိုတော့ အဲဒီအချိန် အိပ်ခန်းထဲမှာ မီးရောင်လဲ့လဲ့လေး ထွန်းထားတယ်။ သူ့ကိုယ်ကလည်း ဆက်ဆီရေမွှေးနံ့ သင်းသင်းပျံ့ပျံ့လေး ရနေတယ်။ ဆံပင်လေးက ကပိုကယိုနဲ့ ဖွေးဥနုထွတ် နေတာပဲဗျာ။ သူ့အမေကို ဘာမှ မဖြစ်ခဲ့ကြောင်း ရှင်းပြပါသေးတယ်၊ ဒါပေမဲ့ မယုံဘူး… အဘွားဂျီးက အစကတော့ အင်တင်တင်ပဲ ဒါပေမဲ့ ကျနော့်အိတ်ထဲက ပစ္စည်းတွေလည်း တွေ့ရော အိမ်ပေါ်က မောင်းချတာပဲဗျာ….။ ဘာတွေမို့ ဒီလောက်တောင် စိတ်ဆိုးမာန်ဆိုး ဖြစ်ရသတုံးကွ၊ လူဂျီးဖြစ်ပီး မရင့်ကျက်လိုက်တာ။ အဲဒီနေ့က သဂျီးဦးခိုင်က မြို့လူကြုံပါးတာ သွားယူခိုင်းတယ်။ ကျနော်လည်း ချိန်းတွေ့ပြီးအပြန် ပို့ပေးမယ်ဆိုပြီး တခါထဲ ယူလာတာ အထဲ ဘာပါမှန်းတောင် စစ်မကြည့်ခဲ့ပါဘူး။ ဒင်းကို လူဂျီးလူဂေါင်းလို့ ယုံမိခဲ့တာ ဘဝတသက်စာ အမှားပေါ့လေ။  ဘာတွေတုံးဟ လုပ်ပါအုံး… ရွာသားများမက ရွာသူများပါ စိတ်ဝင်စားလာကြသည်…..။

အထဲမှာ အထဲမှာ… ပြောရင်း ကကြောင်ကြီး အသံတိမ်ဝင်သွားသည်။ ထို့နောက်မှ မျက်ရည် တစမ်းစမ်းဖြင့် ဗီယာဂရာဆေး ဆယ်ကတ်၊ ကွန်ဒွန် တရာနဲ့ ဘာတွေမှန်းမသိ ထူးဆန်းတဲ့ ကိရိယာ တန်ဆာပလာတွေဗျာ။ အဲဒါတွေလည်း မြင်ရော… ခွေးကြောင် ချက်ခြင်းထွက်သွားဆိုပီး ဆဲတော့တာပါပဲ.. အီး…ဟီး..ဟီး… :eee: ဖြစ်ချင်တော့ အလာလမ်းမှာ ဆာဒူးဂျီးကပေက ကြောင်ကြီးကြည့်ရတာ အားနည်းနေတယ်၊ ဒါလေးတော့ ဆောင်ထားဆိုပြီး ပေးလိုက်တဲ့ နွားနို့၊ ကြက်ဥနဲ့ ဖီးကြမ်း ငှက်ပျောသီးတွေပါ တွေ့သွားတော့ အဟင့်……။ နားထောင်နေသူများ စုတ်တသပ်သပ် ဖြစ်ကုန်သည်။

ပျောက်ဆုံးနေတဲ့ ကျောက်တုံးပါဗျာ
ပျောက်ဆုံးနေတဲ့ ကျောက်တုံးပါဗျာ

stone

နင်ဘာမှ တကယ်မလုပ်မိဘူးလား… ကာလသားအပေါင်း မယုံသင်္ကာဖြစ်ကြသည်။ လက်လေးတော့ ကိုင်မိ မှာပါကွာ… အင်း လက်တော့ကိုင်မိပါတယ်။ ကိုယ်ခြင်းရော မထိမိဘူး.. ကုတင်ပေါ်မှာဆိုတော့ ကိုယ်ခြင်းလဲ ထိပါတယ်..။ နှုတ်ခမ်းလေးရော မနမ်းမိဘူးလား… အဲဒါလဲ…။ ခါးလေးရောကွ…ဖက်သလိုတော့ ဖြစ်မိပါတယ်..။ …. …..။ ….. …..။ ……. …..။ ….. …….။ တိန်.. နင့်ဟာကလဲ မဖြစ်လို့သာ တော်တော့တယ်၊ ဖြစ်များဖြစ်ရင် အရိုးအသား ကျန်ပါ့မလား မသိဘူး..။ ဟုတ်ဖူးလေ ကျနော်ပြောတာ ဟိုဟာမပါဘူး.. ဟိုဟာသာ မပါတယ် မင်း ပြောတာ ဆံပင်ကနေ ခြေဖဝါးဆုံးနေပြီ။ ကိုယ့်သီလ ကိုယ်ပဲ သိပါတယ်ဗျာ… ထိုစဉ် ဂျိမ်း.. မိုးကြိုးပစ်ချသဖြင့် ကကြောင်ကြီး ထန်းရွက်ခေါင်းပေါ်ရွက်လျက် “အောင်မလေး… မိုးပြာဂိုဏ်းရဲ့ သီလပုံစံသစ်ကို ပြောတာပါဗျ…” အော်ရင်း ဖနောင့်နှင့်တင်ပါး တသားတည်းကျအောင် ပြေးသည်မှာ ဟောင်ကောင်ကျွန်းတိုင်အောင် ရောက်လေသည်။ :kwi:

29 comments

  • ခိုင်ဇာ

    March 8, 2013 at 11:05 am

    ဟိ။
    ဒီ တစ်ခါ ကျောက်ကျောက် အလှည့်။

    :kwi:

  • ဦးဖွတ်ကျား

    March 8, 2013 at 11:06 am

    ဟီဟိ…
    ကိုကိုကြောင်ကတော့ ဖော်လေဗျီ

    တကျွန်းစံ လူပြိုဂျီးရေ လာဖတ်လှည့်ပါအုံး…။

    :harr:

  • Myo Thant

    March 8, 2013 at 11:06 am

    မယုံဘူးဗျာ

    ပုံပြင်လို့ပဲမှတ်မယ် ၊

    ဒါနဲ့ ဦးဦးခိုင်ဆီကို ဟိုဟာတွေမှာလို့ရလားဟင်

    ရန်ကုန်မှာ အသေဖမ်းနေလို့ ရှာလို့လွယ်တော့ဘူးရယ် ။

    🙂

  • ဦး ကျောက်ခဲ

    March 8, 2013 at 11:24 am

    ကြောင်နာဂျီး… မီးမြိုက်ပြီး ကင်စားမှအေးမယ်… :harr:

    လက်လေးတော့ ကိုင်မိ မှာပါကွာ… အင်း လက်တော့ကိုင်မိပါတယ်။ ကိုယ်ခြင်းရော မထိမိဘူး.. ကုတင်ပေါ်မှာဆိုတော့ ကိုယ်ခြင်းလဲ ထိပါတယ်..။ နှုတ်ခမ်းလေးရော မနမ်းမိဘူးလား… အဲဒါလဲ…။ ခါးလေးရောကွ…ဖက်သလိုတော့ ဖြစ်မိပါတယ်..။

    အဲဒီအထိတော့ အမှန်ပဲဗျ… အနောက်က

    …. …..။ ….. …..။ ……. …..။ ….. …….။

    တွေအထိသာ မရောက်တာ… ဒကယ်ပါဆိုမှ… ကျုပ် ၁၆နှစ်တောင် မပြည့်သေးဘူး… ရှင်းပြရခက်ပါတယ်ဆို…
    ခုလောက်များသိလို့ကတော့… ဟီ ဟိ :harr:
    တောက်စ်… ကြောင်နာဂျီး လုပ်ကြံတာ ကျောက်ခဲတော့ ကွိုင်တက်ပြီ… ကျုပ်အသီးထပ်ကွဲရင် ခင်ဗျားတရားခံပဲ….ဟီး ဟီး

    • Moe Z

      March 8, 2013 at 12:24 pm

      အေးလေ..အေးလေ .. အဲဒီဦးကြောင်ကတော့
      အူးကျောက်ကို ၆ကျပ်ခွဲနေပြန်ပြီ ..
      BBQ လုပ်စားပစ်လိုက် :mrgreen:

    • pooch

      March 8, 2013 at 12:46 pm

      အော် အော် ၁၆ နှစ်မပြည့်သေးလို့သာပဲ နော် :mrgeen:

      ဒီကြောင်လည်း ဘယ်တော့ အမှုန့်ကြိတ်ခံရမလဲ မသိဘူး 😆

  • မောင် ပေ

    March 8, 2013 at 12:14 pm

    တော်သေးပါရဲ ့
    စင်ကာပူရ ကို မပြေးလို ့
    နို ့
    ဇာလေးအတွက် ရင်မောရမှာကလား

  • ဗုံဗုံ

    March 8, 2013 at 12:42 pm

    တောက်စ် … ဦးကျောက်နေရာမှာ ဦးကြောင်ဆိုရင်တော့ကွာ ” ကြောင်ပုစွန်စား ကျွတ်ကျွတ်ဝါးသို့ ” ဖြစ်သွားမယ်ထင်တယ် :mrgreen:

    • ဦး ကျောက်ခဲ

      March 8, 2013 at 2:00 pm

      တောက်စ်… အဟုတ် မိဗုံရယ်…
      ဒီကြောင်က သူ့စိတ်နဲ့နှိုင်းပြီး ဦးကျောက်ကို ၆ကျပ်ခွဲတာ… (ခွက်ဒစ်တူ Moe Z)…
      ဟီ ဟိ… အမှန်က သူ မနာလို တိုရှည်ဖြစ်နေတာ… အား ဟိ
      :harr:

  • တူဂပြောလယ်… ဘာဘာ..ဘာမှ မတိဝူးဒဲ့….
    ဒီရက်ပိုင်း အူးကျောက်တစ်ယောက် ငယ်ချစ်ကို သတိရနေမိတယ်ဆိုလား… ဟုတ်လား.. အူးလေး.. :mrgreen:

  • Foreign Resident

    March 8, 2013 at 1:20 pm

    ဦးကြောင် ကိုတော့ မချီးမွမ်းပဲ မနေနိုင်ဘူး ။
    နဲနဲမှကို အမှားခံလို့ မရဘူး ၊ တော်ပါ့ ။

  • Char Too Lan

    March 8, 2013 at 2:34 pm

    ဟိဟိ… ကျောင်ဇုတ် (ယောက်ခမခေါ်သံ) သဂျီးမှာတဲ့ပစ္စည်းတွေ
    ဒါ့ပုံနှင့်တကွတင်ပြပလိုက်ဇမ်းဘာအေ….. ဟိဟိ :mrgreen:
    ဦးကြောင်တို့များ သူများပြောရမယ်ဆိုရင် မှိုချိုး မျှစ်ချိုး ချိုးရုံတင်မကဝူး
    အမြစ်ပါနှုတ်တာပါအေ… ကဲ ဦးကျောက် ဘိုလုပ်မလဲ ❓

  • kyeemite

    March 8, 2013 at 2:46 pm

    ဦးကျောက်..ဘယ်လိုပြောပြော ယုံကြမှာမဟုတ်ဘူးဗျို့..
    ဒီတော့ ရှင်းပြမနေပါတော့နဲ့…ဦးကြောင်ရဲ့
    အိပ်ထဲမှာတွေ့တာဒွေကလည်း လန့်စရာ..ဟားဟားဟား :harr:

  • kai

    March 8, 2013 at 2:51 pm

    ထို့နောက်မှ မျက်ရည် တစမ်းစမ်းဖြင့် ဗီယာဂရာဆေး ဆယ်ကတ်၊ ကွန်ဒွန် တရာနဲ့ ဘာတွေမှန်းမသိ ထူးဆန်းတဲ့ ကိရိယာ တန်ဆာပလာတွေဗျာ။

    ကျုပ်ကိုလူကြုံပေးလိုက်တာ.. ဗီယာဂရာ ကဒ်၂ဝဗျ..
    ဆယ်ကတ် ဖျောင်လိုက်ပဟ.. :gee:
    ကွန်ဒွန်ကလည်း.. ယူအက်စ်အေလုပ်.. ထရိုဂျန် ၁၅၀.. အခု၅ဝဖျောင်ပြန်ပဟ..
    ဘာတွေမှန်းမသိ ထူးဆန်းတဲ့ ကိရိယာ တန်ဆာပလာတွေဆိုတော.. သေသေချာချာ စာရင်းပြန်ပြစေလိုကြောင်း..
    ဘတ်တီးရိုက်ထားဦးမှာ.. သေချာကြောင်း.. :kwi:

  • ခင်ခ

    March 8, 2013 at 4:03 pm

    ဦးကျောက်ငြင်းတာဘဲ ယုံရမလား။
    ဦးကြောင်ကြီး ရေးတာဘဲ ယုံရမလား၊
    ဒါမှမဟုတ် ပုံပြင်လို့ဘဲမှတ်ရမလား၊
    အင်း ဖြစ်နိုင်ခြေကတော့ ငါးဆယ် ငါးဆယ် မို့
    ယုံတစ်ဝက် မယုံတစ်ဝက် ပါဘဲဗျာ။

  • ညလေး

    March 8, 2013 at 5:08 pm

    မယုံရင် ပုံပြင်မှတ်တဲ့…. တစ်ကယ့် အဖြစ်အပျတ်နဲ.တော့…ခပ်ဆင်ဆင်ရယ်…..
    ပုံပြင်လား တကယ်လား တော့သိဝူးးး…
    သေချာတာ ကတော့ အူးကျောက်ခဲ တစ်ယောက် ကြောင်ခြစ်တာခံနေရပီ….
    ပိစိကြောင်လေး ဟုတ်ပေါင်…
    ဂေဇက်ရွာက အကြီးစား ကြောင်…:harr:

  • P chogyi

    March 8, 2013 at 6:26 pm

    ကျပ်ကတော့ ဦးကြောင်ကို
    ခွေးကြောင်လိုပြောတာ အနာဆုံးပဲ
    ကျုပ်မခံနိုင်ဘူး၊ ဦးကြောင်ဘာသာခံ။

  • ရဲစည်

    March 8, 2013 at 7:05 pm

    ဘဝမှာ လွဲမှားမှုတွေ မရှိဘူး မိငယ်…
    လူတိုင်းမှာသာ လွဲမှားမှုတွေ ရှိနေခဲ့ကြတာ …
    ဘဝမှာ လွမ်းစရာတွေ မရှိဘူး မိငယ်..
    လူတိုင်းမှာသာ လွမ်းစရာတွေ ရှိခဲ့ကြတာပါ …
    တခါတလေမှာ ဒဏ်ရာရထားတဲ့ တံခါးတချပ်ကို လှစ်ဟကြည့်မိယုံနဲ့
    လူတွေက အမှတ်မထင် အမှန်တရားကို သဲမဲပီး ခေါင်းတိုးရှာခဲ့ကြတယ် …။
    မှောင်မိုက်ခဲ့တဲ့ ကာလတွေကို လက်ရှိအချိန်မှာ မိငယ် မီးထိုးမပြသင့်ဘူး…။
    ခဲရာခဲဆစ် ကျပ်တည်းစွာ ဖြစ်ကျော်ခဲ့ရတာတွေကို ရင်ဘတ်နဲ့ မသုံးသပ်တတ်တဲ့ လူတွေရဲ့ လက်ထဲမှာ မိငယ်မကျဆုံးပါစေနဲ့
    မိငယ်ရေ …
    တခါတလေမှာ ရဲဘော်ကိုထွေးလို မမျှော်လင့်ဘဲ သူရဲကောင်း ဖြစ်တတ်ပေမဲ့
    အိုစမာဗလာဒင်လို နာမည်ကြီး ထမင်းငတ်တတ်ပါတယ် ..။
    မိငယ်ရေ …
    ဘဝနဲ့ အတိတ်ဆိုတာ ကြံသကာစားသလို အမြဲတမ်းမချိုနိူင်ပါဘူး
    ဒါကြောင့် ကိုယ်ပြောချင်တာက … တခါတလေ ပေါင်မှာရှိတဲ့ အနာဟောင်းကို ပြန်လှန်ထောင်းမိတဲ့အချိန်
    ကြံသကာကို အမြဲချိုတယ်လို့ သတ်မှတ်ထားတဲ့ လူတွေရဲ့ ကြားထဲမှာ မိငယ်ဟာ မိုးကြိုးအတွဲလိုက် ပစ်ခံရမှာပါ …
    ဒါကြောင့် မိငယ်ရေ …
    ကြပ်ကြပ်သတိထားပါ … ချီးကားတိုက်တတ်တယ် …။

    တရုတ်ကဗြာဆြာဂျီး ယဲမူးဆီ၏ ဂန်ဒဝန်စာစုများမှ ဆီလျော်အောင် ပြန်ဆိုပါသည်။

  • နေဝန်းနီ

    March 8, 2013 at 7:43 pm

    မယုံဘူးဗျို့ မယုံဘူး တစ်ကယ်မယုံတာ ….။ အစစ်အမှန်ဆိုရင် ရုပ်ရှင်ထဲမှာလို အဲဒိညက ဟာ အနှေးရိုက်နဲ့ပြန်ပြ အဲဒါမှယုံနိုင်မယ် ….။ ဒါပဲ …။ အဲဒိတော့မှ သူကြီး လူကြုံနဲ့ ပါးလိုက်တဲ့ ပစ်စီးတွေပါ တွေ့ရမှာ

  • Mr. MarGa

    March 8, 2013 at 8:05 pm

    ဖတ်ရင်းဖတ်ရင်း ပါးစပ်က ပိတ်မရတော့ဘူး
    တကယ့် လူ ဦးကြောင်
    ရေးလဲ ရေးတတ်ပါပေ့
    အပေါ်က သဂျီးက မေးနေတယ်နော်
    စာရင်းတွေ လွဲနေသတဲ့
    အဲ့ကိစ္စ ရှင်းဦး
    :hee:

  • MaMa

    March 8, 2013 at 10:24 pm

    ကျောက်နဲ့ ကြောင်
    -အနိုင်မခံ အရှုံးမပေး
    -ဘတစ်ပြန် ကျားတစ်ပြန်
    -သူနိုင်ကိုယ်နိုင် အပြိုင်ကြဲကြတဲ့ လက်ဝှေ့ပွဲကို
    ဘရာသာမိုက်ရဲ့ ဘုရားပွဲမှာ ရုံသွင်းပြီး ….
    ဈေးရောင်းပွဲတော် လုပ်လိုက်ရရင် …..
    အင်းးးးးးးးး တွက်ခြေကိုက်လောက်တယ်။
    ဆိုင်ခန်းနေရာလိုချင်သူများ ဈေးရောင်းပွဲတော်ကြီးကြပ်ရေး ကော်မတီမှာ အမြန်ဆုံးစာရင်းလာရောက် ပေးသွင်းကြပါ။ :harr:

  • mobile

    March 9, 2013 at 1:17 am

    ဒီပို့စ်ထဲမှာ ရေးထားခြင်းခံရတဲ့ ဇာပ်ကောင်က ကျုပ်လောက်နီးနီး
    ယောက်ျားကောင်း ယောကျာ်မြတ်တို့မှာ ရှိသင့်ရှိထိုက်တဲ့ ကိုယ်ကျင့်သိက္ခာရှိသကိုးးးးးးးးးးး

  • aye.kk

    March 9, 2013 at 6:35 am

    ဟဲဟဲ…
    ကယ်ကြပါဦးအရပ်ကတို ့ရေ။
    ပုံပြင်အမှတ်..
    ဖတ်ကြည့်လိုက်တာ..
    ကြောင်ဟာကျောက်ကိုကုတ်ခြစ်နေတာကိုး။။

  • ရာမည

    March 9, 2013 at 9:28 am

    နေရင်းထိုင်ရင်း ကျွန်ုပ် လည်း ရဲ ဖြစ်သွားပါပေါ ့လား
    ရွာသူရွာသားများကတော ့ မေတ္တာတွေထားကြဦးမယ်ထင်တယ်
    ရဲ မဟုတ်ပါဘူး ဗျို ့
    :harr:

  • Novy

    March 9, 2013 at 10:22 am

    အန်တီကြီးရယ် သားသားတို့ ဘာမှဖြစ်ပါဘူး
    တကယ်ကြီးပါ
    သားသားသစ္စာဆိုဝံ့ပါတယ်
    ဘုရားဖူးးးးး
    မိုးကြိုးလွဲပါဗျားးး
    သားသားမှာအပြစ်ဆိုလို့
    ကြောင်သေကြောင်မော် အိပ်မိတာလေးပဲရှိပါတယ်ခင်ဗျာ

  • Crystalline

    March 9, 2013 at 1:34 pm

    တတ်လည်းတတ်နိုင်တဲ့ ဦးကြောင်ကြီး…. မကြာခင် မမပုရှ် သတင်းအကြောင်းပြုပြီး ပွိုင့်ယူပြန်အုန်းမလား မသိ :harr: :harr:

  • nature

    March 9, 2013 at 4:58 pm

    ကောင်းလိုက်တဲ့ကစ်ချက်လေး။ တချက်တည်းနဲ့ချက်ကောင်းထိတာပဲ။ ဒါသူကြီးတရားခံ….ဗီရာဂဒါပျောက်တယ် ကွန်ဒုံးပျောက်တယ်ဆိုပြီးမီးရှို့နေတာ။ ကိုယ်ရွာသားအချင်းချင်း ဖေးဖေးမမမရှိဘူး။ 😛

    ၂လွှာပေါင်းမှတစ်ရွက်ဖြစ်တဲ့ စွယ်တော်ရွက်လို ပိုစ့်၂ခုပေါင်းမှ နောက်ကောက်ချ….အဲ…မှားလို့.. ရသမြောက် ပိုစ့်တခုဖြစ်စေဖို့အတွက် link ကလေးကကတော့-
    http://myanmargazette.net/169016/creative-writing

    အထူးမှတ်ချက် -ဤပိုစ့်ကို တခုတည်းဖတ်၍ ရသမြောက်မည်မဟုတ်ပါကြောင်း။

    • ဦး ကျောက်ခဲ

      March 9, 2013 at 5:38 pm

      ကိုကြီးနေးချား လုပ်မှ မောင်ကျောက်လည်း ကွဲပြီ…
      တဂျီးရဲ့ပစ္စည်းကို လူကြုံသယ်ပေးမိတာ… အခုတော့ ကြောင်ကုတ်ခံရပါလေရောဗျာ…
      :harr:

  • အလင်းဆက်

    March 9, 2013 at 9:32 pm

    အော်…
    အောင်ကျူး..အောင်ကျူး…
    ဘောင်..သာ…ကူးပါတော့….
    ဟက်
    ဟက်
    🙂
    🙂

Leave a Reply