နှောင်းလူ…
ဝေဟင်လေထဲ
ပျံကာ ဝဲချင်
တစ်ယောက်ထဲမို ့…ပျင်းပါတယ် ။
အပန်းဖြေရာ…
ပင်လယ်မှာလည်း..
တစ်ယောက်တည်းမို ့..ပျင်းပါတယ် ။
ရွှေလက်ကိုတွဲ
ဖော်မြဲချင်လို ့…
ချစ်သူတစ်ယောက်လိုပါတယ် ။
ဥစ္စာဓန
ဆင်းရဲတာမို ့…
လက်တွဲ ချစ်သူ ရှားပါတယ် ။
သူများ စုံတွဲ
မြင်ရုံ အားကျ…
သက်ပြင်း အမြဲ..ချရဆဲ…
မြင်ရုံ ခဏ
အားကျခဲ့လည်း…
သတ္တိ ဘယ်မှာ ရှိ အံ့နည်း…။
ကိုယ့်ကိုယ် ကို မေး…
အားပေးဆဲမို ့..
အချိန်နှောင်းပြီ ထင်ပါသည် ။
——————————-
ကျွန်တော်..အခုတလော.. ခေါင်းထဲမှာ ကဗျာတွေကို ရေးချင်နေပါတယ် ။ ဘယ်နေရာပဲကြည့်ကြည့်
ကဗျာတွေပဲ.. ပေါ် နေပါတယ် ။
ဒါ့ကြောင့် ကဗျာလေးတွေကို ခံစားပေးကြပါလို ့ တောင်းဆိုချင်ပါတယ် ။
ပိုစ့်တွေကို မရေး့ဖြစ်တဲ ့အတွက်လည်း.. တောင်းပန်ပါတယ် ခင်ဗျာ။
ချစ်ခြင်းမေတ္တာဖြင့်
မိုးမင်းသား
4 comments
မဟာရာဇာ အံစာတုံး
March 11, 2013 at 8:40 pm
မသေမချင်း အချိန် မနှောင်းပါဘူး …
အားမလျှော့ပါနဲ့ …
ဒီရွာထဲမှာတောင် ဂေါ်မစွံ လူပိုဂျီးဒွေ ချိနေဘာဒယ် …
အားမငယ်နဲ့ သိလား ….
အဟမ်းးး ဟမ်းးး
ပုတ်ဂိုရေး ထိခိုက် ပေါတီ ထင်ဘာဂ ခွေးလွှတ်ဂျဘာဂုန်လော့ ….
((( တောင်းဘန်ဘာဒယ် x 100000 )))
အလင်းဆက်
March 11, 2013 at 9:36 pm
ကျွန်တော်က လူပျိုလေးပါ ။
ဂေါ်ကတော့..စွံ လွန်းလို ့ခက်နေပါတယ် ။
ချစ်သုဝေ ကိုတော့..မရသေးဘူးပေါ့ ။
🙂
မိုး မင်းသား
March 12, 2013 at 7:04 pm
အားကတော ့..မငယ်ရေးချမငယ်….ကိုအံစာတုံးရေ…..
အဖေါ်တွေရှိသေးတာမို ့…အားတတ်စရာမဟူတ်လားခင်ဗျာ…..
အားပေးသွားတဲ ့ကိုအံစာတစ်ယောက်လည်း……ကျန်းမာပါစေလေနော်………..
အလင်းဆက်ရေ…..ချစ်သုဆိုရင်တော ့……အစ်အုလိုက်ပါတော ့လေ…..
ဟက်…ဟက်……ဟိ…ဟိ…..ဟု…ဟု
မောင် ပေ
March 15, 2013 at 9:11 pm
နှောင်းလူ
တောင်းယူ
ရောင်းကူ
ဆောင်းသူ
ဖောင်းတူ
ပေါင်းဆူ
လောင်းလှူ