ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ဟောင်း ဦးသန် ့
From: YeMyintAung – <yemyintaungone@..
Subject: ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ဟောင် း ဦးသန် ့
Subject: ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ဟောင်
Date: Thursday, March 9, 2013
ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ဟောင် း ဦးသန် ့
မသိနားမလည်သူတွေဖတ်နိုင်ဖို ့သိနားလည်တဲ့သူတွေကရှာဖွေလေ့လာေ ရးသားတင်ပြကြပါတယ်။ ရေးသူက မသိနားမလည်
သူတွေအတွက် ရှာဖွေတင်ပြရေးသားရာမှာ အချက်အလက် အကြောင်းအရာတွေကိုအတတ်နိုင်ဆုံး ဆန်းစစ်ပြီး၊ မှန်ကန်မှ
ရေးသား တင်ပြသင့်ပါတယ်။ အကြောင်းအရာအချက်အလက်တွေကို ရေးသားဖေါ်ပြတဲ့အခါမှာ ပေါ့ပေါ့တန်တန်၊ ပြီးစလွယ်
သဘောမျိုး၊ မှန်/မမှန် ဆန်းစစ်မှု မရှိဘဲ ရေးသားဖေါ်ပြခြင်းဟာ မသိနားမလည်သူတွေကို အမှားတွေကို သင်ပေးလိုက်တာနဲ ့
တူပါတယ်။ အမှားတွေကို ဖတ်ရှုရတဲ့သူတွေကလည်း အမှန်လို ့ဘဲစွဲပြီးသွားရင်တော့ အမှားသံသယာရှည်ကြီးထဲမှာ မျောနေမှာ
ပါဘဲ။ အထူးသဖြင့် အင်္ဂလိပ်ဘာသာ အားနည်းသူတွေ၊ မိမိကိုယ်တိုင် ရှာဖွေဖတ်ရှုနိုင်ခြင်းမရှိတဲ့ သူတွေအတွက်ကတော့ တခါ
ဖတ်ထားပြီးသားကို အမှန်လို ့စွဲသွားမှာ ဖြစ်ပါတယ်။
ဒါကြောင့်သိနားလည်လို ့ စာရေးပြီဆိုရင် ရေးတဲ့စာတွေဟာ အချက်အလက်မှန်ကန်မှု၊ အကြောင်းအရာခိုင်လုံမှု၊ ကျျိုးကြောင်း
ဆီလျော်မှု စတာတွေကိုအလေးထားရေးသားရပါ့မယ်။ အကြောင်းအရာအချက်အလက်မှန်ကန်ခို င်လုံမှုမရှိဘဲ၊ လေဖမ်းတရားနာ
နားစွန်နားဖျား ကြားနာဖူးတာလေးနဲ ့ဘဲ ရေးသားတင်ပြခြင်းဟာ စာဖတ်သူတွေကို ဗဟုသုတမဖြစ်စေဘဲ၊ အမှားတွေကိုသင်ပေး
လိုက်သလို ဖြစ်နေပါတယ်။ ၎င်းအမှားများကို မသိနားမလည်သူတွေကဖတ်ပြီး အမှားတွေကိုအမှန်လို ့ထင်မှတ်ယုံကြည်သွားခဲ့ရင်
အမှား ဗဟုသုတနဲ ့ကြီးပြင်းသွားမှာဖြစ်ပါတယ်။ အချက်အလက်မှန်ကန်၍ ကောင်းသောစာဖြစ်ဘို ့စာရေးသူများအပေါ် များစွာ
တည်မှီပါတယ်။ တနည်းအားဖြင့် စာရေးသူများမှာ တာဝန်ရှိပါတယ်။
အထူးသဖြင့်တော့ ပုဂ္ဂိုလ်ရေးအတ္ထုပ္ပတ္တိတွေကို ရေးသားရာမှာ ပိုပြီးဂရုတစိုက်ရေးသားဘို ့လိုအပ်ပါတယ်။ အထင်ကရရှိနေတဲ့
သက်သေအထောက်အထားတွေကို ရေးသားရာမှာအချက်အလက် အကြောင်းအရာတွေကို အသေအချာ ဆန်းစစ်ပြီး၊ မှန်ကန်
တယ်ဆိုမှ ရေးသားတင်ပြသင့်ပါတယ်။
မကြာသေးခင်က ကုလသမဂ္ဂအထွေထွေအတွ င်းရေးမှူးချုပ်ဟောင်း ဦးသန် ့နဲ ့စပ်လျဉ်းတဲ့စာတပုဒ် ဖတ်ဖြစ်ပါတယ်။ ဦးသန် ့၏
(၁၀၄) နှစ်ပြည့် မွေးနေ့အမှတ်တရအဖြစ် Myanmar Talented Youth Club ( ပါရမီရှင်မြန်မာလူငယ်များကလပ် )ရဲ့ အင်တာနက်
စာမျက်နှာမှာရေးသားဖေါ်ပြချက်ကို မိုးမခ အင်တာနက်စာမျက်နှာမှ ထပ်ဆင့် ဖေါ်ပြထား၍ ဖတ်ရှုရခြင်းဖြစ်ပါ တယ်။
ရှေးဦးစွာဆောင်းပါးရဲ့ ထိပ်မှာ ဖေါ်ပြထားတဲ့ ဓါတ်ပုံကိုအမှတ်တမဲ့ကြည့်လိုက် ရင်တော့ သတိထားမိချင်မှထားမိပါမယ်။ အင်္ဂ လိပ်လို
U THANT 105th BIRTHDAY လို ့ရေးထားပါတယ်။ ဓါတ်ပုံအောက်မှာ _
(ကမာ္ဘ့ငြိမ်းချမ်းရေးဗိသုကာ ဗမာပြည်သာ ဦးသန့်၏ ၁၀၄ နှစ်ပြည့် မွေးနေ့အမှတ်တရအဖြစ် ဖော်ပြပါသည်။) လို ့ရေးထား
တာကိုတွေ ့ရပါမယ်။ ဓါတ်ပုံထဲကစာသားနဲ ့အောက်စာသား မတူညီ ကွဲပြားမှားယွင်းနေတာ ဦးစွာတွေ ့ရပါတယ်။
ကာယကံရှင် ဦးသန် ့ရဲ့ ကိုယ်ရေးအချက်အလက်မှာ အရေးကြီးတဲ့အချက်တချက်ကို မှားယွင်းဖေါ်ပြထားပါတယ်။ အဲဒါက
( ဦးသန့်သည် ဒေါ်သိန်းတင်နှင့် လက်ထပ်ခဲ့ပြီး၊ တဦးတည်းသော သမီး ဖြစ်သူ အေးအေးသန့် ထွန်းကားခဲ့သည်။ ) လို ့
ရေးသားဖေါ်ပြထားခြင်းဟာ လုံးဝဥဿုန်မှားယွင်းနေခြင်းဘြဲ ဖစ်ပါတယ်။
အမှန်တကယ်က ဦးသန် ့မှာ သားသမီး(၃) ဦးမွေးဖွားခဲ့ပါတယ်။ ဦးသန် ့အကြောင်းဖေါ်ပြထားတဲ့ Wikipedia, the free
encyclopedia website ( http://en.wikipedia.org/wiki/ U_Thant ) စာမျက်နှာမှာ ဖေါ်ပြထားတာကို အောက်တွင်
ဆက်လက်ဖတ်ကြည့်နိုင်ပါတယ်။
U Thant and his family in 1957, including
son Tin Maung Thant and daughter Aye Aye Thant
U Thant | |
---|---|
Thant pictured in 1968. | |
Secretary-General of the United Nations | |
In office November 30, 1961 – December 31, 1971 |
|
Preceded by | Dag Hammarskjöld |
Succeeded by | Kurt Waldheim |
Personal details | |
Born | (1909-01-22)January 22, 1909 Pantanaw, British Burma, British Raj |
Died | November 25, 1974(1974-11-25) (aged 65) New York City, United States |
Resting place | Tomb south of Shwedagon Pagoda, Yangon, Burma (Myanmar) |
Nationality | Burmese |
Spouse(s) | Daw Thein Tin |
Relations |
|
Children |
|
Religion |
Personal life
U Thant had three brothers: Pantanaw U Khant, U Thaung, and U Tin Maung. He was married to Daw Thein
Tin. U Thant had two sons, but lost both; Maung Bo died in infancy, and Tin Maung Thant fell from a bus during
a visit to Yangon. Tin Maung Thant’s funeral procession, which was attended by dignitaries, was grander than that
of the state funeral of Commodore Than Pe, a member of the 17-man Revolutionary Council and minister of health
and education. U Thant was survived by a daughter, an adopted son, five grandchildren, and five great-grandchildren
(three girls and two boys). His only grandson, Thant Myint-U, is a historian and a former senior official in the UN’s
Department of Political Affairs and the author of The River of Lost Footsteps, in part a biography of U Thant.
အထက်ဖေါ်ပြပါဓါတ်ပုံများနှင့် ပူးတွဲပါရေးသားချက်များကို ဆန်းစစ်ဖတ်ကြည့်မည်ဆိုပါက ဦးသန် ့တွင် သားကြီး မောင်ဘို၊
ဒုတိယသား တင်မောင်သန် ့ နှင့် သမီး အေးအေးသန် ့ တို ့(၃) ဦးမွေးဖွားခဲ့တာကို သိနို်င်ပါတယ်။ သားကြီးမောင်ဘို ကတော့
မွေးဖွားပြီး/မွေးကင်းစ အရွယ်မှာဆုံးပါးခဲ့ပါတယ်။ ဒုတိယသား တင်မောင်သန် ့က ရန်ကုန်မြို ့ဗဟန်း ဇီဝိတဒါနဆေးရုံအနီးမှာ
ဘတ်စ်ကားပေါ်ကလိမ့်ကျပြီး ကွယ်လွန်ခဲ့ပါတယ်။ သမီး (ဒေါ်) အေးအေးသန် ့တဦးတည်းသာ သက်ရှင်ကျန်ရစ်ပါတယ်။
အစောပိုင်း ဦးသန် ့တို ့တွင်သားသမီး မရှိသည့်အတွက် ဆွေမျိုးမိတ်သဟာများမှ ရှာဖွေပေးသည့် လသားအရွယ် မိဘမဲ့သား
ယောက်ျားလေးတဦးကို သားအဖြစ်မွေးစားခဲ့ကြပါတယ်။ အမည် မောင်စောလွင် တွင်သည်။ သားကြီးမောင်ဘို မမွေးဖွားမီ
(သို ့မဟုတ်) ကွယ်လွန်ပြီးမှ မွေးစားသည် ဆိုသည်ကိုတော့ မြန်မာပြည်ထုတ်စာအုပ်စာတမ်းများ တွင် ရှာဖွေတွေ ့ရှိမိခြင်းမရှိ
သေးသည့်အတွက် အတိအကျမသိရှိရပါ။ ( သိသူများရှိပါက ရေးသားတင်ပြပေးစေလိုပါသည်။) မွေးစားသား စောလွင်သည်
ပညာကိုလည်းကောင်းစွာသင်ကြားမှု မရှိဘဲ အထက်တန်းကျောင်းသားဘဝတွင် မိန်းခလေးတဦးကိုခိုးပြေး၍ အိမ် မှထွက်သွား
သည့်အတွက် ဦးသန် ့မှ သားအဖြစ်မှစွန် ့လွှတ်ခဲ့ပါတယ်။ သားအရင်းဖြစ်သူ တင်မောင်သန် ့ကွယ်လွန်သွားသည့်အခါတွင်
ဦးသန် ့ဇနီး ဒေါ်သိန်းတင်မှ သားယောက်ျားမရှိတော့သည့်အတွက် စောလွင်ကိုပြန်လည်မွေးစားရန် မျက်ရည်ယိုရွှဲ အသနားခံ
တောင်းပန်သောကြောင့် ပြန်လည်မွေးစားရန် ဦးသန် ့မှမြန်မာနိုင်ငံရှိ သတင်းမီဒီယာ/သတင်းစာများမှတဆင့် ဆက်သွယ်ရှာဖွေ
ခဲ့ရပါတယ်။ ထိုအချိန်တွင် ခလေး(၂)ယောက်နှင့်ဆင်းရဲဒုက္ခရော က်နေသော (ဦး) စောလွင်သည်သတင်းစာတိုက်သို ့ဆက်သွယ်
လာသဖြင့် အဆက်အသွယ်ရခဲ့ပါတယ်။ ၎င်းတို ့မိသားစုသတင်းဓါတ်ပုံကိုလည်း ထိုစဉ်အခါကသတင်းစာများတွင်ဖေါ်ြ ပခဲ့ပါတယ်။
များမကြာမီ ဦးသန် ့မှလေယာဉ်လက်မှတ်များပေးပို ့ခဲ့သဖြင့် (ဦး)စောလွင်တို ့မိသားစုသည်အမေရိကရှိ ဦးသန် ့မိသားစုအတွင်းသို ့
ရောက်ရှိလာခဲ့ပါတယ်။ (ဦး) စောလွင်သည် ဓါတ်ပုံပညာဗဟုသုတရှိသဖြင့် ဦးသန် ့မှ ယူအင်န် ဓါတ်ပုံဌာနတွင်အလုပ်သွင်းပေးခဲ့ ၍
ထိုအလုပ်ဖြင့်ပင် အငြိမ်းစားယူသည်အထိ လုပ်သွားခဲ့ပါတယ်။ ( ဤစာပိုဒ်ပါအကြောင်းအရာများသည် ဦးသန် ့မိသားစုနှင့်ထိတွေ ့
ဘူးသော အကိုတော် တယောက်မှ ပြောပြသည်များကို ရေးသားထားခြင်းဖြစ်ပါတယ်။)
Myanmar Talented Youth Club ( ပါရမီရှင်မြန်မာလူငယ်များကလပ် ) ရဲ့ အင်တာနက်စာမျက်နှာပေါ်မှာဖေါ်ပြထာ းချက်များ
သည် မှားယွင်းစွာဖေါ်ပြထားချက်များြ ဖစ်နေပါတယ်။ ၎င်းတို ့၏ အင်တာနက်စာမျက်နှာတွင် တင်ပြဖေါ်ပြထားခြင်းသည်လည်း
၎င်းတို ့ကလပ်အသင်းဝင်တဦးတယောက်ကရေးသား တင်ပြခြင်းမျျိုးမဟုတ်ဘဲ အခြားတနေရာမှတစုံတဦးကရေးသားထား သည်ကို
ကူးယူဖေါ်ပြထားခြင်းဖြစ်ပါတယ်။ ဤသို ့ကူးယူဖေါ်ပြခြင်းကို ဆောင်းပါး၏ အဆုံးအောက်ခြေတွင် ( ဤနေရာမှ ထပ်ဆင့် ပြန်လည်
ကူးယူဖော်ပြပါသည် ) ဟုဝန်ခံရေးသားထားတာတွေ ့နိုင်ပါတယ်။ ဤနေရာမှ ဆိုသည်ကို ရှာဖွေကြည့်သော်လည်း အလွယ်တကူ
ရှာဖွေမှု မပြုလုပ်နိုင်သဖြင့် ဤဆောင်းပါး မူရင်းရေးသားသူ၏ အမည်နာမကို မသိရှိနိုင်ခဲ့ပါ။ သို ့သော် ဤဆောင်းပါးမူရင်းရေးသားသူ
တင်ပြချက်သည် အထက်တွင်ဆိုခဲ့သကဲ့သို ့ အကြောင်းအရာအချက်အလက် လွဲမှားရေးသားတင်ပြထားခြင်းဖြစ် ၍ စာဖတ်သူများကို
အမှားဗဟုသုတပေးခြင်းလို ့ဘဲ ဆိုနိုင်ပါတယ်။ ထိုသို ့အချက်အလက်မှားယွင်း ရေးသားတင်ပြထားခြင်းကို အမှန်ဟုထင်မှတ်ပြီး
Myanmar Talented Youth Club အဖွဲ ့သားများကလည်း ၎င်းတို ့၏ အင်တာနက်စာမျက်နှာပေါ်တွင် တဆင့်ကူးယူတင်ပြခြင်းဖြင့်
အမှားဗဟုသုတကို ဆက်လက်ဖြန် ့ချီပေးလိုက်သလိုဖြစ်နေ၍ ဆက်လက်ဖတ်ရှုရသူ လူငယ်များသည်လည်း အမှားကိုအမှန်ဟုသာ
ထင်မြင်စွဲမှတ်ယုံကြည်သွားတော့ မည်ဖြစ်ပါတယ်။
နောက်ဆုံးအနေဖြင့် ရေးသား တင်ပြလိုတာကတော့ အထက်တွင်ဆိုခဲ့သလို အချက်အလက်မှန်ကန်၍ ကောင်းသောစာဖြစ်ဘို ့၊
မှန်ကန်တဲ့ဗဟုသုတပေးနိုင်သော စာကောင်းပေမွန်ဖြစ်ဘို ့၊ စာရေးသူများရဲ့ အဓိကနဲ ့အလေးထားရမယ့် တာဝန်ဖြစ်ကြောင်း
ရေးသားတင်ပြလိုက်ပါတယ်။
ရဲမြင့်အောင်
ဦးသန့် (၁၉ဝ၉ – ၁၉၇၄)၊ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် (၁၉၆၁ – ၁၉၇၁)
ဇန်နဝါရီ ၂၂၊ ၂၀၁၃
(ကမာ္ဘ့ငြိမ်းချမ်းရေးဗိသုကာ ဗမာပြည်သာ ဦးသန့်၏ ၁၀၄ နှစ်ပြည့် မွေးနေ့အမှတ်တရအဖြစ် ဖော်ပြပါသည်။)
မြန်မာနိုင်ငံ ဧရာဝတီတိုင်း၊ ပန်းတနော်မြို့ မြေပိုင်ရှင်၊ ဆန်စက် ပိုင်ရှင် အဖ ဦးဖိုးနှစ်၊ အမိ ဒေါ်နန်းသောင် တို့ က ၁၉ဝ၉ ခုနှစ်၊ ဇန်နဝါရီလ ၂၂ ရက်နေ့တွင် မွေးဖွားသည်။ မွေးချင်း ၄ ဦး ရှိသည်။ ပန်းတနော်မြို့ဆရာကြီး ဦး ဘဟန် မြန်မာကျောင်းကို ဦးသန့် အသက် ၅ နှစ် အရွယ်တွင် စတင် တက်ရောက် ပညာ သင်ကြားသည်။ အ င်္ဂ လိပ် – မြန်မာ နှစ်ဘာသာသင် YMBA ကျောင်းကို ပထမတန်းမှ စ၍ တက်ခဲ့ရသည်။ ငယ်စဉ်က အင်္ဂလိပ်စာ စာ သင်ရသော အိမ်ရှိ ဖခင်ကြီး၏ စာအုပ်စင်မှ အင်္ဂလိပ် စာအုပ်များက များစွာ အထောက်အကူ ပြုခဲ့သည်။ ဖ ခင် ကြီး ဦးဖိုးနှစ်သည် ကာလကတ္တားရှိ ဟန်းတား ကောလိပ် (Hunter’s College) မှ ဥပစာတန်းနှင့် ညီမျှ သည့် ပညာရေးကို ရရှိထားသူ ဖြစ်သည်။ ကျောင်းသားငယ် ဦးသန့်သည် ကျောင်းစာ လုပ်ပြီးတိုင်း ဖခင်ကြီး စာ အုပ်စင် ရှိရာသို့ ရောက်တော့သည်။ Sir Arthur Conan Doyle ၏ ထင်ရှားသော Sherlock Holmes စုံထောက် ဝတ္ထုများ၊ စာရေး ဆရာကြီး William Shakespeare ၏ စာပေများ အပြင်၊ ထင် ရှားသော သမိုင်းဝင် မြန်မာ စာဆိုတော် အတော် များများ၏ လက်ရာများကို ငယ်စဉ်ကပင် ဖတ်ရှု မြည်းစွမ်းခွင့် ရခဲ့သည်။
၁၉၂၆ ခုနှစ်တွင် ဆယ်တန်း အောင်ပြီး တက္ကသိုလ် ဥပစာတန်း ပထမနှစ် တက်သည်။ မြန်မာစာနှင့် အင်္ဂလိပ်စာ တို့ကို အဓိက ဘာသာတွဲ၊ မြန်မာ အနု စာပေသမိုင်း၊ သချင်္ာနှင့် လောဂျစ် တို့ကို အပို ဘာသာများ အဖြစ် ယူ သည်။ ဖခင်ကြီး ဦးဖိုးနှစ်သည် ဦးသန့် ၁၄ နှစ်သား အရွယ်ကပင် ကွယ်လွန်ခဲ့သည်။ ထို့ကြောင့် မိခင်ကြီးကို လုပ်ကြွေး လိုသည်က တကြောင်း၊ ၁ဝ တန်း အောင်လာသည့် ညီငယ် ဦးခန့် (ဂန္ထလောက မဂ္ဂဇင်း၏ သက် တမ်း ရှည် မြန်မာပိုင်း အယ်ဒီတာ) ၏ ပညာရေးကို ဦးစားပေး လိုသည်က တကြောင်း တို့ကြောင့်၊ ၁၉၂၈ ခုနှစ် တွင် ဥ ပစာတန်း ပြီးသည်နှင့် ဦးသန့် ကျောင်းထွက် လိုက်သည်။ ပန်းတနော်မြို့ အမျိုးသားကျောင်း ကျောင်း ဆရာ ပြန် လုပ်သည်။
ဦးနု (နိုင်ငံတော် ဝန်ကြီးချုပ်ဟောင်း) ပန်းတနော် အမျိုးသားကျောင်း ကျောင်းအုပ်ကြီး တာဝန်ကိုမ ထမ်းဆောင်တော့သော အခါ၊ ဦးသန့် သည်အသက် ၂၂ နှစ် အရွယ်တွင် ကျောင်းဆရာကြီး (Headmaster) အပြင်၊ ကျောင်းအုပ်ကြီး (Superintendent) တာဝန် ကိုပါ ပူးတွဲ ယူခဲ့ရသည်။သူရိယနှင့် မြန်မာ့အလင်း မ ဂ္ဂ ဇင်း တို့၌ စာများ ရေးသား ခဲ့သည်။ အင်္ဂလိပ်စာ အခြေခံ ကောင်းခဲ့သော ဦးသန့်သည် ဂန္ထလောက မဂ္ဂဇင်း တွင် အင်္ဂလိပ် ဘာသာဖြင့် ဆောင်းပါးများစွာ ရေးသား ခဲ့သည်။ အထူးသဖြင့် ဦးသန့်သည် ပညာရေး၊ လူမှုရေး၊ စာပေနှင့် ကျေးလက် တောရွာ ပြုပြင်ရေး တို့နှင့် စပ်လျဉ်း၍ ဂန္ထလောက From my school window (ကျွန်တော်၏ ကျောင်း ပြတင်းမှ) အင်္ဂလိပ် ဘာသာ ကဏ္ဍ အောက်မှ ဆောင်းပါးများစွာ ရေးခဲ့သည်။
၁၉၃ဝ ခုနှစ်က မြန်မာနိုင်ငံ အစိုးရ ပညာရေး ဌာနမှ ပြုလုပ်သော အထက်တန်း ဆရာဖြစ် စာမေးပွဲကို ဝင်ရောက် ဖြေဆို ခဲ့ရာတွင် ဦးသန့်သည် ပထမ ရခဲ့ဖူး လေသည်။ ထိုနှစ် ၌ပင် အင်္ဂလိပ် ကဗျာ ဆရာ Robert Browning ၏ The pied-piper of Hamelin ကဗျာရှည်ကြီးကို ဘာသာပြန် ထားသည့် “စလေ အညာ က မြွေဆရာ” ကို ဂန္ထလောက ဘာသာပြန် ပြိုင်ပွဲသို့ ပေးပို့ခဲ့ရာ ပထမဆု ရခဲ့ပြန်သည်။မြန်မာ ကလေးများ အ တွက် ရည်စူး၍ ဥရောပတိုက် ရာဇဝင်တွင် ထင်ရှားသော မြို့ကြီးများ အကြောင်း ကိုလည်း မြို့ပြ ပုံပြင်များ ခေါင်း စဉ်ဖြင့် လပေါင်းများစွာ ဘာသာပြန် ရေးသားခဲ့သည်။ ပုံပြင်များမှာ Eileen and Rhoda Power တို့၏ Cities and their stories – An Introduction to History ကို ဘာသာပြန်ပြုပြင်ရေး သားခြင်း ဖြစ် သည်။ မြန်မာနိုင်ငံ ပညာ ပြန့်ပွားရေး အသင်းက ယင်းပုံပြင် များကိုပင် “အိမ်တွင်း သိပ္ပံကျောင်း” (The University at Home) စာစု ခေါင်းစဉ်ဖြင့် မြို့ကြီး တမြို့စီ အတွက် သီးခြား စာအုပ်ငယ် ကလေးများ ပုံနှိပ် ထုတ်ဝေခဲ့သည်။ ဆရာကြီး ဦးဖေမောင်တင်နှင့် ဆရာကြီး ဖာနီဗဲလ် တို့ က တည်းဖြတ် ပေးခဲ့ကြ သည်။ နောက် ပိုင်းတွင် ပုံပြင်များကို စုပေါင်း၍ ကာလကတ္တားမြို့ မက်မင် ပုံနှိပ်တိုက်မှ ထုတ်ဝေခဲ့ရာ ကျောင်းစာ အုပ် အဖြစ် ပြ ဋ္ဌာန်းခြင်း ခံခဲ့ရသည်။ ဦးသန့်၏ ဘာသာပြန် ရေးသားမှုများ အနက် အအောင်မြင်ဆုံးဟု ဆိုရပါမည်။
မြန်မာ နိုင်ငံတွင်း ဂျပန်တို့ ဝင်ရောက်လာပြီး မကြာလှ ၁၉၄၂ ခုနှစ် မေလတွင် ဗိုလ်ချုပ် အောင်ဆန်းနှင့် သခင် ထွန်းအုပ် တို့က ခေါ်၍ ဦးသန့် ရန်ကုန်သို့ လာရသည်။ မြန်မာ့ ပညာရေး ပြန်လည် ပြုစုရေး ကော်မတီ အ တွင်းရေးမှူး အဖြစ် တာဝန် ပေးအပ် ခံရသည်။ “မြန်မာ့ ပညာရေး စီမံကိန်းသစ်” ကို ၂ လနှင့် အပြီ ပြုစုပြီး ပန်း တနော်သို့ ပြန်သည်။
၁၉၄၃ ခုနှစ်၊ အောက်တိုဘာလ သီတင်းကျွတ် ကျောင်းပိတ်ရက် ခေတ်သစ် ပညာရေး သင်တန်းကြီး တခု ဆ ရာ၊ ဆရာမများ အတွက် ရန်ကုန်မြို့ စည်ပင်သာယာရေး ရုံး၌ ပြုလုပ်သည်။ အောက်တိုဘာ ၂၆ ရက်နေ့မှ စ တင် သည့် အဆိုပါ သင်တန်းကြီးသည် ၁၂ ရက်မျှ ကြာ၍ ပန်းတနော် ကျောင်းအုပ် ဆရာကြီး ဦးသန့်က “ပြည် သူ့ တာဝန်” နှင့် ပတ်သက်သည့် ဟောပြော ပို့ချမှု ပြုလုပ်ခဲ့သည်။
ဂျပန်ခေတ် အပြီး မြန်မာနိုင်ငံ လွတ်လပ်ရေး ရရန် လပိုင်းမျှ အလို ၁၉၄ရ ခုနှစ်၊ ဇူလိုင် ၉ ရက်နေ့တွင် ဦးသန့် သည် မိသားစုနှင့် အတူ ရန်ကုန်သို့ ပြောင်းရွှေ့လာသည်။ သည်တကြိမ်ကား၊ သူ၏ ဆန္ဒ အလျောက် ရန်ကုန် သို့ လာခြင်း ဖြစ်ပြီး ရည်ရွယ်ချက်မှာ သူ အလွန် စိတ်အား ထက်သန် နေသည့် အင်္ဂလိပ် ဘာသာဖြင့် မဂ္ဂဇင်း တစောင်ထုတ်ရန် ဖြစ်သည်။ ရန်ကုန် ရောက်ပြီး ၁ဝ ရက်မျှ အကြာ ဗိုလ်ချုပ် အောင်ဆန်းတို့ လုပ်ကြံ ခံရ သည်။ ဆာဟူးဘရန့်စ်၏ တာဝန် ပေးချက် အရ၊ ဦးနု ဦးဆောင်ကာ အစိုးရ အဖွဲ့သစ် ဖွဲ့သည်။ ဦးနုက သူ၏ ဖဆပလ အဖွဲ့ချုပ် တွင် ပြန်ကြားရေး အရာရှိ လုပ်ပေးရန် ဦးသန့်ကို ခေါ်လေ တော့သည်။
နိုင်ငံ လွတ်လပ်ရေး ကြိုးပမ်းချိန် ဖဆပလ အဖွဲ့ချုပ်ကြီးနှင့် လူထု အကြား ဆက်သွယ်ရေး မည်မျှ အရေး ပါကြောင်း ဦးသန့် သဘော ပေါက်သည်။ ထို့ကြောင့် ကမ်းလှမ်းချက်ကို လက်ခံ လိုက်သည်။ သူ၏ မဂ္ဂဇင်း ထုတ်ဝေရန် ပြုစု ပျိုးထောင် ခဲ့သော ရည်ရွယ်ချက်များမှာ ဗိုလ်ချုပ် အောင်ဆန်းနှင့် အတူ မြှပ်နှံ လိုက်ရပြီး လည်း ဖြစ်လေသည်။
ဩဂုတ်လ ၂၆ ရက်နေ့တွင် ဝန်ကြီးချုပ် ဦးဆောင်၍ မြန်မာနိုင်ငံ ဘာသာပြန် စာပေ အသင်း (စာပေ ဗိမာန်) ကို တည်ထောင်သည်။ ဦးသန့်က အုပ်ချုပ်ရေး ကောင်စီ၏ အကျိုးဆောင် အတွင်းရေးမှူး ဖြစ်လာသည်။ ဦး သန့် လည်း လွတ်လပ်ရေး ရပြီးနောက် ပြန်ကြားရေး ဌာန ဒုတိယ အတွင်းဝန်၊ နောက် ၁၉၄၉ ခုနှစ်တွင် အတွင်း ဝန် ဖြစ်လာသည်။
၁၉၅၄ ခုနှစ်တွင် ဦးနု၏ အတွင်းဝန် ဖြစ်လာသည်။ ၁၉၅၅ ခုနှစ်မှာ မြန်မာ့ စီးပွားရေးနှင့် လူမှုရေး ဘုတ် အဖွဲ့၏ အတွင်းရေးမှူး အဖြစ် ပူးတွဲ တာဝန် ယူခဲ့သည်။ နိုင်ငံတော်ဝန်ကြီးချုပ် ဦးနု ၏တာဝန် ပေးချက်အရ၊ ပစ္စုပ္ပန်မြန် မာနိုင်ငံ သမိုင်း သက်ရောက်သော ဗမာ ကျိုးပမ်းမှု ကျမ်းတစောင် ဖြစ်သည့် “ပြည်တော်သာ ခရီး” ကို စ တင် ပြု စုသည်။ ပြည်တော်သာ ခရီးကို ၄ နှစ်မျှ အချိန်ယူ ပြုစုခဲ့ပြီး နောက်ဆုံးနှင့် တတိယပိုင်းကို ဦးသန့်သည် သူ ကုလ သမဂ္ဂ ဆိုင်ရာ အမြဲတမ်း ကိုယ်စားလှယ် ဖြစ်ပြီး တနှစ် အကြာ ၁၉၅၈ ခုနှစ် နှစ်ကုန်ပိုင်း တွင်မှ အပြီး သတ် နိုင် ခဲ့သည်။
၁၉၅ရ ခုနှစ်မှ ၁၉၆၁ ခုနှစ် အထိ ကုလ သမဂ္ဂ ဆိုင်ရာ မြန်မာနိုင်ငံ သံအမတ် ဖြစ်သည်။ ၁၉၅၉ ခုနှစ်တွင် ကု လ သမဂ္ဂအထွေထွေညီလာခံဒုတိယ ဥက္ကဋ္ဌ၊ ၁၉၅၉ ခုနှစ်တွင် ကုလ သမဂ္ဂ ကွန်ဂို ပြဿနာ ဖျန်ဖြေရေး ကော် မရှင် ဥက္ကဋ္ဌ ဖြစ်သည်။
၁၉၆၁ ခုနှစ်တွင် အတွင်းရေးမှူးချုပ် ဒက်ဟမ္မားရှိုး ကွန်ဂို နိုင်ငံ ကိစ္စ ခရီးသွားစဉ် လေယာဉ် ပျက်ကျ သေ ဆုံး ရာ၊ ၁၉၆၁ ခုနှစ် နိုဝင်ဘာ ၃ဝ ရက်နေ့တွင် ဦးသန့်ကို အတွင်းရေးမှူးချုပ် အဖြစ် အများ သဘောတူ ရွေးချယ် ခန့်အပ်သည်။ ငါးနှစ် သက်တမ်း နှစ်ကြိမ် ထမ်းဆောင်ပြီး၊ ၁၉၇၁ ခု၊ ဒီဇင်ဘာတွင် ရာထူးမှ အနားယူသည်။
၁၉၆၄ ခုနှစ်၊ နိုဝင်ဘာလ ၂၅ ရက်နေ့တွင် မြန်မာနိုင်ငံ အစိုးရ ဧည့်သည်တော် အဖြစ် မြန်မာနိုင်ငံသို့ ၃ ရက် မျှ ပြန်ရောက် ခဲ့သည်။ ဆရာကြီး သခင် ကိုယ်တော်မှိုင်း ကွယ်လွန်သည့် ရက်ပိုင်း နှင့်လည်း တိုက်ဆိုက် နေ၏။ ဆရာကြီး၏ ရုပ်ကလာပ် ထားရှိရာ စမ်းချောင်း နေအိမ်သို့ ဦးသန့် သွားရောက်၍ ဂါရဝ ပြုခဲ့သည်။
၁၉၆ရ ခုနှစ်၊ ဖေဖော်ဝါရီ လတွင် နိုင်ငံတော် အစိုးရ ဧည့်သည်တော် အဖြစ် ဦးသန့် မြန်မာနိုင်ငံသို့ တဖန် ပြန် လည် ရောက်ရှိ လာပြန်သည်။ဦးသန့်သည် အတွင်းရေးမှူးချုပ် အဖြစ် တတိယ ကမာ္ဘစစ် အထိ ဖြစ်ပွား နိုင် သည့် ကျူးဘား ဒုံးပျံ အရေးအခင်းကို အောင်မြင်စွာ ဖျန်ဖြေ စေ့စပ် ပေးနိုင်ခဲ့သည်။ ထိုအပြင် ဦးသန့်သည် နိုင် ငံတ ကာ ပြဿနာ များကို ကုလ သမဂ္ဂအား ကိုယ်စားပြု၍ ဖြေရှင်းရာတွင် ကျွမ်းကျင် လိမ္မာပြီး၊ ဘက်ပေါင်းစုံ သင့် တင့်အောင် ဆက်ဆံနိုင်သူ အဖြစ် ထင်ရှား ခဲ့သည်။
ကမာ္ဘ့ ငြိမ်းချမ်းရေး ဗိသုကာကြီး ဦးသန့် တခါက ပြည်တွင်း ငြိမ်းချမ်းရေး အတွက် ကြိုးပမ်းချက် အမှတ်တ ရ ဖြစ် ရပ်တခု ရှိခဲ့ပါသည်။ ဖဆပလ ပြန်ကြားရေး ဌာန အတွင်းဝန် ဖြစ်ပြီးနောက် ၁၉၄၉ – ၅ဝ ခုနှစ်မှာ လက် နက် ကိုင် တော်လှန်မှု များကြောင့် ပြည်တွင်း မငြိမ်သက်သည့် ကာလ ဖြစ်သည်။ ပြည်တွင်း ငြိမ်းချမ်းရေး တရား ဥ ပဒေ စိုးမိုးရေးနှင့် ဒီမိုကရေစီ ရေးရာ များကို မြန်မာ့ အသံမှ ဦးသန့် မှန်မှန် အသံလွှင့် ပြောကြားရသည်။ ထို အ ချိန်တွင် ဦးနု၏ တာဝန်ပေးချက် အရ၊ ဦးသန့်သည် ယာဉ်မောင်းနှင့် နှစ်ယောက်တည်း လက်နက်ကိုင်တော် လှန် သူများ ဌာနချုပ် ရှိရာ အင်းစိန်သို့ စွန့်စွန့်စားစား သွားရောက်ပြီး၊ တော်လှန်ရေး ခေါင်းဆောင် ၂ ဦး ဖြစ်သော စောဟန်သာမွှေးနှင့် စောဘဦးကြီး (မအူပင် ပညာအုပ်ဟောင်း) တို့နှင့် တွေ့ရသည်။ အပစ်အ ခတ် ရပ်စဲရေး၊ ငြိမ်းချမ်းရေး ကိစ္စများ ဆွေးနွေးသည်။ သို့သော်လည်း အခြေအနေ အရ ကြိုးစားမှု မအောင်မြင် ခဲ့ပေ။
ဦးသန့်သည် ဒေါ်သိန်းတင်နှင့် လက်ထပ်ခဲ့ပြီး၊ တဦးတည်းသော သမီး ဖြစ်သူ အေးအေးသန့် ထွန်းကားခဲ့သည်။
ဦးသန့်သည် ၁၉၇၄ ခုနှစ်၊ နိုဝင်ဘာလ၂၅ ရက်နေ့အသက် ၆၅ နှစ်အရွယ်တွင်အမေရိကန်နိုင်ငံ နယူးယောက် မြို့မှာ ကွယ်လွန်ခဲ့သည်။ ၁၉၇၄ ခုနှစ်၊ ဒီဇင်ဘာ ၁ ရက်နေ့တွင် ဦးသန့် ရုပ်ကလာပ် မြန်မာနိုင်ငံသို့ ရောက် ရှိလာသည်။ ဗိုလ်နေဝင် ဦးဆောင်သည့် စစ်အစိုးရက ပြီးစလွယ် မြင်းပြိုင် ကွင်းဟောင်းတွင် ထားကာ၊ ဒီဇင်ဘာ လ ၅ ရက်နေ့၊ နေ့လည် ၁ နာရီ အချိန်မှာ ကြံတော သချႋုင်းသို့ ပို့ဆောင် သင်္ဂြိုဟ်မည့် အစီအစဉ်ကို ကျောင်း သားများ ဦးဆောင်သည့် ရဟန်း ရှင်လူ ပြည်သူ အပေါင်းက လက်မခံနိုင်ဘဲ၊ ဦးသန့် ရုပ်ကလာပ်ကို တက္ကသိုလ် နယ်မြေ ဘွဲ့နှင်းသဘင် ခန်းမရှေ့သို့ သယ်ဆောင် လာပြီး၊ ကျောင်းသား သမဂ္ဂ အဆောက်အဦဟောင်း နေ ရာမှာ ငြိမ်းချမ်းရေး ဂူဗိမာန် တည်ဆောက် သင်္ဂြိုဟ်ခဲ့ရာမှ ဦးသန့် အရေးအခင်း ဖြစ်ပွား ခဲ့ရသည်။ မတတ်သာ သည့် အဆုံးတွင်မှ ဗိုလ်နေဝင်း ဦးဆောင်တဲ့ စစ်အစိုးရက ဦးသန့် ရုပ်ကလာပ်ကို ကန်တော်မင် ပန်းခြံတွင် သင်္ဂြိုဟ်ခဲ့သည်။
ဦးသန့်အား မြန်မာနိုင်ငံ အစိုးရက ၁၉၄၉ ခုနှစ်တွင် ဝဏ္ဏကျော်ထင်၊ ၁၉၅၃ ခုနှစ်တွင် သီရိပျံချီ၊ ၁၉၅ရ ခုနှစ် တွင် စည်သူဘွဲ့၊ ၁၉၆၁ ခုနှစ်တွင် မဟာသရေစည်သူဘွဲ့များ ချီးမြှင်ခဲ့ပြီး၊ ယူဂိုဆလပ်နိုင်ငံ မာရှယ်တီးတိုးက ယူဂိုဆလပ်တံခွန်ဘွဲ့ ချီးမြှင့်ခဲ့သည်။
ကုလ သမဂ္ဂ ကွန်ရက် စာမျက်နှာမှာ ဖော်ပြထားတဲ့ ဦးသန့်၏ အတ္ထုပ္ပတ္တိ စာမျက်နှာတွင်၊ ဦးသန့် အား အောက်ဖော်ပြပါ တက္ကသိုလ် များ က ဂုဏ်ထူးဆောင် ဘွဲ့များ (LL.D.) ပေးအပ် ချီးမြှင့် ခဲ့ကြောင်း ဖော်ပြထားသည်။
– Carleton University, Ottawa, Canada (25 May 1962);
– Williams College, Williamstown, Massachusetts (10 June 1962);
– Princeton University, Princeton, New Jersey (12 June 1962);
– Mount Holyoke College, South Hadley, Massachusetts (2 June 1963);
– Harvard University, Cambridge, Massachusetts (13 June 1963);
– Dartmouth College, Hanover, New Hampshire (16 June 1963);
– University of California at Berkeley, California (2 April 1964);
– University of Denver, Denver, Colorado (3 April 1964);
– Swarthmore College, Swarthmore, Pennsylvania (8 June 1964);
– New York University, New York (10 June 1964);
– Moscow University, Moscow, Soviet Union (30 July 1964);
– Queen’s University, Kingston, Ontario (22 May 1965);
– Colby College, Waterville, Maine (6 June 1965);
– Yale University, New Haven, Connecticut (14 June 1965);
– University of Windsor, Windsor, Ontario, Canada (28 May 1966);
– Hamilton College, Clinton, New York (5 June 1966);
– Fordham University, Bronx, New York (8 June 1966);
– Manhattan College, New York (14 June 1966);
– University of Michigan, Ann Arbor, Michigan (30 March 1967);
– Delhi University, New Delhi, India (13 April 1967);
– University of Leeds, England (26 May 1967);
– Louvain University, Brussels, Belgium (10 April 1968);
– University of Alberta, Edmonton, Canada (13 May 1968);
– Boston Unversity, Boston, Massachusetts (19 May 1968);
– Rutgers University, New Brunswick, New Jersey (29 May 1968);
– University of Dublin (Trinity College), Dublin, Ireland (12 July 1968);
– Laval University, Quebec, Canada (31 May 1969);
– Columbia University, New York City (3 June 1969);
– The University of the Philippines (11 April 1970);
– Syracuse University (6 June 1970).
– Williams College, Williamstown, Massachusetts (10 June 1962);
– Princeton University, Princeton, New Jersey (12 June 1962);
– Mount Holyoke College, South Hadley, Massachusetts (2 June 1963);
– Harvard University, Cambridge, Massachusetts (13 June 1963);
– Dartmouth College, Hanover, New Hampshire (16 June 1963);
– University of California at Berkeley, California (2 April 1964);
– University of Denver, Denver, Colorado (3 April 1964);
– Swarthmore College, Swarthmore, Pennsylvania (8 June 1964);
– New York University, New York (10 June 1964);
– Moscow University, Moscow, Soviet Union (30 July 1964);
– Queen’s University, Kingston, Ontario (22 May 1965);
– Colby College, Waterville, Maine (6 June 1965);
– Yale University, New Haven, Connecticut (14 June 1965);
– University of Windsor, Windsor, Ontario, Canada (28 May 1966);
– Hamilton College, Clinton, New York (5 June 1966);
– Fordham University, Bronx, New York (8 June 1966);
– Manhattan College, New York (14 June 1966);
– University of Michigan, Ann Arbor, Michigan (30 March 1967);
– Delhi University, New Delhi, India (13 April 1967);
– University of Leeds, England (26 May 1967);
– Louvain University, Brussels, Belgium (10 April 1968);
– University of Alberta, Edmonton, Canada (13 May 1968);
– Boston Unversity, Boston, Massachusetts (19 May 1968);
– Rutgers University, New Brunswick, New Jersey (29 May 1968);
– University of Dublin (Trinity College), Dublin, Ireland (12 July 1968);
– Laval University, Quebec, Canada (31 May 1969);
– Columbia University, New York City (3 June 1969);
– The University of the Philippines (11 April 1970);
– Syracuse University (6 June 1970).
အောက်ဖော်ပြ တက္ကသိုလ် များမှ ဦးသန့်အား ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ ပေးအပ် ချီးမြှင့် ခဲ့သည်။
– Doctor of Divinity, The First Universal Church (11 May 1970);
– Doctor of International Law, Florida International University, Miami, Florida (25 January 1971);
– Doctor of Laws, University of Hartford, Hartford, Connecticut (23 March 1971);
– Doctor of Civil Laws degree, honoris causa, Colgate University, Hamilton, New York, (30 May 1971);
– Doctor of Humane Letters, Duke University, Durham, North Carolina (7 June 1971). ဤနေရာမှ ထပ်ဆင့် ပြန်လည်ကူးယူဖော်ပြပါသည်။======================
– Doctor of Divinity, The First Universal Church (11 May 1970);
– Doctor of International Law, Florida International University, Miami, Florida (25 January 1971);
– Doctor of Laws, University of Hartford, Hartford, Connecticut (23 March 1971);
– Doctor of Civil Laws degree, honoris causa, Colgate University, Hamilton, New York, (30 May 1971);
– Doctor of Humane Letters, Duke University, Durham, North Carolina (7 June 1971). ဤနေရာမှ ထပ်ဆင့် ပြန်လည်ကူးယူဖော်ပြပါသည်။======================
မှတ်ချက်.။ ။ သမိုင်းဖြစ်ပါသဖြင့် မှတ်တမ်းကျန်ရစ်ရန် အီးမေးလ်မှရသည်ကို တင်ပြခြင်းဖြစ်ပါသည်။
30 comments
MaMa
March 13, 2013 at 7:15 am
အထင်ကရပုဂ္ဂိုလ်တစ်ဦးရဲ့ သမိုင်းကို တိကျအောင် သေချာအောင် အဖက်ဖက်က ဝိုင်းဝန်းဖော်ထုတ်သင့်ကြပါတယ်။
စာအုပ်တစ်အုပ်မှာဖတ်ဖူးတာ
ဦးသန့်ဟာ ဘာသာတရားကို အလွန်ကိုင်းရှိုင်းသူ၊ မိခင်ကို ရိုသေသူဖြစ်ပါတယ်။
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်တာဝန်ကို ထမ်းဆောင်နေစဉ်မှာ
စေ့စပ်ဆွေးနွေးညှိနှိုင်းမှုတွေ မလုပ်ခင် နှစ်ဖက်စလုံးကို မေတ္တာပို့တယ်လို့လည်း ဖတ်ဖူးပါတယ်။
စိတ်ထားကောင်းပြီး ထူးချွန်ထက်မြက်သူမို့ မျှတမှန်ကန်အောင် စွမ်းဆောင်နိုင်ခဲ့ပြီး မြန်မာကို ကမာ္ဘက သိအောင်လုပ်နိုင်ခဲ့တာ ဂုဏ်ယူစရာပါ။ :hee:
ခိုင်ဇာ
March 13, 2013 at 8:45 am
အမ်း။
အတော် စုံစုံစေ့စေ့ပါတကား။
အရင်က မဖတ်ဖူးတဲ့ အကြောင်းအရာတွေပါ အစုံဖတ်ရလို့ ကျေးဇူးပါ တဂျီးမင်း။
သိမ်းထားလိုက်ပါပြီ။
:hee:
မဟာရာဇာ အံစာတုံး
March 13, 2013 at 10:04 am
ဘဂျီး ထည့်ထားဒဲ့ ဦးသန့် ပုံဂျီးဂလည်း
ကာတွန်းပုံဂျီး …
စာဂဒေါ့ နောက်မှ သေချာ အေးချေး ဖတ်ပလိုက်မယ် ..
ချဲချဲ ဘဂျီး …
ခင်ခ
March 13, 2013 at 11:16 am
ဦးသန့် လို နောက်ထပ် မြန်မာတစ်ယောက် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှုးချုပ် ထပ်ဖြစ်လာမယ့်သူများ ဘယ်တော့များမှ ရှိလာပါအုံးမလဲနော်။
ဦးသန့် ကတော့ လေးစားလောက်ပါပေတယ်ဗျာ။
ကိုပေါက်(မန္တလေး)
March 13, 2013 at 1:00 pm
ကျနော်တို့ ရွာသူားတွေ ပန်းတနော်သွားကြတုံးက ဦးသန့်စာကြည့်တိုက်ဝင်ခဲ့ကြဘို့ဘဲ။
ဒါပေမယ့် အချိန်လုသွားရတော့ မရောက်ခဲ့ကြ။
ဦးသန့်လို လေးစားစရာလူမျိုး နောက်တစ်ယောက်ထပ်ပေါ်ဘို့ကတော့
မြန်မာသာမက ကမ္ဘာနဲ့ပါချီပြောရင်တောင်ရှားပါမယ်။
ဦးသန့်တာဝန်ယူစဉ်အချိန်က အတော်လေးကို ဆုံးဖြတ်ရခက်တဲ့ အချိန်တွေကို ရင်ဆိုင်ခဲ့ရလို့ပါဘဲ။
kai
March 13, 2013 at 1:18 pm
ကျုပ်က..ပိုက်ပိုက်ပိုလျှံတာလေးရှိရင်.. ပန်းတနော်..ဦးသန့်ဇာတိမှာ.. ကျောက်တိုင်လေးလုပ်ချင်တယ်..လှူချင်တယ်ပြောခဲ့ဖူးတယ်..
အဲဒီကျောက်တိုင်မှာ.. အဲဒီနေရာကနေ.. ဦးသန့်သွားခဲ့ဖူးတဲ့..နိုင်ငံမြို့တော်တွေအကွာအဝေးကို.. ဆိုင်းဘုတ်လေးတွေနဲ့ပြထားချင်တာ..
ပြောရရင်..နိုင်ငံခြားသားဧည့်သည်တွေကို.. ဘုရား..ပုထိုးတွေအတင်းပြနေတာ.. ။
ကျုပ်မှာ..မြန်မာပြည်က.. အလည် ပြန်လာတဲ့သူတွေအတင်းချတာ.. တော်တော်ခံရတယ်..။
အဲဒါမျိုး.. ရှိသင့်တဲ့.. အမှတ်အသားကျတော့..
လှူမယ့်သူမရှိ… စိတ်ဝင်စားသူမရှိ.. ပါဝင်ပါတ်သက်လုပ်မယ့်သူမရှိ..။
နာဂစ်မှာ.. လူသိန်းချီသေတယ်..။
အမည်နာမတွေရေးထိုးထားတဲ့.. ကျောက်တိုင်.. အထိမ်းအမှတ်.. မလုပ်.. မထား..။
ဒါတွေ..အဲဒါတွေထားရင်.. နိုင်ငံခြားသားတွေစိတ်ဝင်တစားလာလည်ကြ..သတိရကြ.. ကြည့်ကြ.. ငွေသုံးကြမှာပေါ့..
အဲဒါနဲ့..အဲဒီနယ်. ငွေကြေးလည်ပါတ်မှုရှိပြီး.. . စီးပွားရေး..တက်လာမှာပေါ့..
အဲဒါမျိုးကို.. ဘိုးဘွားပေးရစ်ခဲ့တဲ့.. သေလွန်သူတွေပေးရစ်ခဲ့တဲ့.. အမွေလို့ခေါ်ရမှာ..။
ထိုက်သူရပဲ..။
အင်း..
ဘာသာရေးအစွန်းရောက်တွေ..နေတဲ့တိုင်းပြည်..။ .. :buu:
ဦးဖွတ်ကျား
March 13, 2013 at 1:36 pm
Yes
ဒါကို အပြည့်အဝထောက်ခံပါရဲ့ …။ သမိုင်းကိုရေးသွားတဲ့လူတွေက ရေးသွားပြီ
သူတို့တာဝန်ကျေ၏ ။ (Story Makingပိုင်းမှာ)
သူတို့ ရဲ့ မျိုးဆက်သစ်များကတော့ Story Telling ပိုင်း အားနည်းနေဆဲ…
နောက်ပြီး ငွေစက္ကူအသစ် ထုတ်တဲ့အခါ
ဟိုသားအဖပုံအပြင် နောက်ထပ် ပါသင့်တဲ့ ပုံရိပ်အဖြစ်လည်း
အဆိုတင်သွင်းချင်ပါ၏။
:kwi:
ဦးဖွတ်ကျား
March 13, 2013 at 1:39 pm
တခါတလေ ဂလိုတောင် တွေးမိဒယ်…
ဟိုမားကတ္တင်း ပုံပြင်လေးကို အောက်မေ့ပြီးသကာလ …
ပေါင်ဒါရောင်းတဲ့ ကန်ပနီက မာကတ္တာတယောက် အရောင်းတက်အောင်
တခြားနည်းလမ်းစုံ သုံးပြီး ကြိုးစားပြီးသကာလ မထူးလို့ …
နောက်ဆုံး ပေါင်ဒါဗူး အပေါက်ချဲ့ပစ်လိုက်တော့ .. (သုံးရင်းလက်လွန်..မြန်မြန်ကုန်ပြီး)
ရောင်းအား ထိုးတက်သွားပါသတဲ့ …
အဲ့… မြန်မာ့စီးပွားရေး ဦးမော့လာအောင်လည်း ငွေစက္ကူကို
အူးဏေဝင်း အူးတန်းချွေ တို့ ပုံတွေနဲ့ ထုတ်ရင် ကောင်းမလားမသိ…။
ဘယ်သူမှ လက်ထဲကြာကြာ မထားချင်မှာမို့ ..အရောင်းအဝယ်တွေ
ကောင်းလိုက်မယ့်ဖြစ်ခြင်း …။
အာ.ဟိ
:hee:
MaMa
March 13, 2013 at 4:40 pm
တတ်သလောက် မှတ်သလောက် လုပ်နိုင်သလောက်တော့ လုပ်နေကြပါတယ်။
ပန်းတနော်မှာ ဦးသန့်ပုံတူကြေးသွန်းရုပ်တုနဲ့ ဦးသန့်စာကြည့်တိုက်ဆောက်လုပ်နေပါတယ်။
ခုခေတ်လူငယ်တွေ အားကျအောင် အတုယူနိုင်ကြအောင် ဦးသန့်အကြောင်းတစေ့တစောင်းဆိုပြီး စာပေဟောပြောပွဲလည်း လုပ်ခဲ့သေးတယ်။
အဲဒီခေတ်က သတင်းစာဖြတ်ပိုင်းတွေ၊ စာစောင်ဖြတ်ပိုင်းတွေကို စုစည်းပြီး နံရံကပ်စာစောင်လုပ်တာတွေ့လို့ ဓာတ်ပုံရိုက်ခဲ့ပြီး fbမှာ တင်ထားသေးတယ်။
နိုင်ငံတကာ အတွေးအမြင် အတွေ့အကြုံရှိကြတဲ့ ဦးသန့်ရဲ့ သမီးနဲ့ မြေးတွေက လုပ်ရင် ပိုမိုထိရောက်အောင်မြင်နိုင်မယ် ထင်မိပါတယ်။
:hee:
kai
March 14, 2013 at 2:56 am
တည့်တည့်ပြောရရင်.. ဟိုတခါ ဒီရွာထဲပုံတင်တဲ့.. သီလရှင်ကြီးဆောက်တဲ့.. (လူသူမသွားတဲ့) ပုထိုးတော်ကြီးအစား.. အဲဒီလုပ်အား..ငွေတွေနဲ့.. ဦးသန့်ပြတိုက်အထိမ်းအမှတ်ဆောက်လိုက်ရင်.. ဆိုတဲ့သဘောပါ… အမတော်ရယ်..။
အဲလို.. ညွှန်စရာ.. သဘောတွေက… အများကြီး..။
ဦးသန့်မြေးကတော့.. အဲဒါထက်အရေးကြီးတဲ့..အလုပ်လုပ်နေပုံရပါတယ်..
မြန်မာတွေကို.. ချိုင်းနား အိနိ္ဒယ..ယူအက်စ်ကြား.. အပေးအယူနဲ့.. ကစားတတ်ဖို့.. စာသင်ပေးနေတာ.. ညွှန်ရာလမ်းနဲ့.. ပြောင်းပြန်ကြီးသွားနေကြလို့.. စိတ်ပိန်နေပုံပဲ..
ကျိန်စာပါပဲ..
နှစ်၁၀၀ဝ ကျိန်စာ..။
kyeemite
March 13, 2013 at 2:46 pm
ပို့စ်တစ်ခုရေးသားတင်ပြရာမှာ…အထက်ကစာရေးသူဦးရဲမြင့်အောင်ထောက်ပြသွားတဲ့..
ဆိုတဲ့အချက်ကို လေးလေးနက်နက်လက်ခံပါတယ်..အားလုံးလည်းကရုပြုသင့်ပါဂျောင်းးးး
တဆင့်ဖေါက်သယ်ချပေးတဲ့ သဂျီးကိုလည်း ရှဲရှဲပါလို့….
padonmar
March 13, 2013 at 11:01 pm
သဂျီးမှားလား၊ ဤနေရာ မှားလားတော့မသိဘူး။
စလေအညာက မြွေဆရာဖြစ်နေပါတယ်။
အမှန်က ပြွေဆရာ(ပုလွေဆရာ)ဖြစ်ရမှာ။
ပုံ
ဦးသန့်မြို့သူ သတ်ပုံဂိုဏ်ချုပ်ကြီး ကိုယ်စား
အရီးခင်လတ်
March 14, 2013 at 4:30 am
တော်လိုက်တာ အစ်မရေ့။
ဒီမှာလဲ “ပ” ပျောက်သွားတဲ့ သဘောဘဲ။ 😆
MaMa
March 14, 2013 at 6:54 am
ဟုတ်ပါ့ မလတ်ရေ။
မကြာခဏ ပ ပျောက် အောင်လုပ်နေတာ။
ကြည့်ရတာ ရိုးပုံမပေါ်ဘူး။ :kwi:
ဦးဦးပါလေရာ
March 14, 2013 at 5:42 am
ဦးသန့် ညှိနှိုင်းပေးခဲ့တဲ့ အမေရိကန်-ဆိုဗီယက် တင်းမာမှု့ကို အခုထိ မကြာခဏ ပြန်သုံးသပ်မိတုန်းပဲ။
အဲဒီတုန်းက အမေရိကန်ရဲ့ ခံယူချက်က တော်တော်ပြင်းထန်သလို
ဆိုဗီယက်ရဲ့ ခေါင်းမာရဲတင်းမှု့ကလဲ အဆုံးစွန်အချိန်မျိုးဖြစ်တယ်လို့ ထင်မိတယ်။
ပြီးတော့ နှစ်ဦးလုံးရဲ့ ကိုယ့်အုပ်စုကိုယ်ခေါင်းဆောင်မှု့ပေးနိုင်တယ်ဆိုတဲ့ မာန ကလဲ အလျှော့မပေးဖို့ တွန်းအားပေးနေတယ်။
ဒီအချိန်မျိုးမှာ (တန်း-တစ်စုံတစ်ရာရှိတဲ့) ကြားလူရဲ့ မျက်နှာငှား ဖြန်ဖြေမှု့ဟာ မရှိမဖြစ်လိုတယ်။
ဆိုဗီယက်နဲ့ အမေရိကန်ရဲ့ ကြားကိုဝင်နိုင်တဲ့ တန်းဝင်သူဟာ ကုလသမဂ္ဂအတွင်းရေးမှုးလို လူမျိုးသာဖြစ်နိုင်တယ်။
ဦးသန့်ဟာ အခြေအနေ အချိန်အခါက အတိအကျ တောင်းဆိုခံရတဲ့ သူပဲ…။
သူမှားရင် သူညံ့ရင် ကမ္ဘာ ပျက်သွားမှာ…။
ကျုပ်တို့ ကမ္ဘာကြီး ကံကောင်းတယ်
လူတော်တစ်ယောက်က လူမှန်နေရာမှန်မှာ အတိအကျ ရှိနှင့်တယ်။
အင်း… ဒီလိုတွက်ရရင် ကျုပ်အသက်ရှင်သေးတာ ဦးသန့်ကျေးဇူးကြောင့်လဲပါတာပေါ့ ..။
MaMa
March 14, 2013 at 3:30 pm
ငယ်ငယ်က ဦးသန့်ကမာ္ဘကျော်တာ ကုလသမဂ္ဂအတွင်းရေးမှုးဖြစ်လို့ လို့ ထင်ခဲ့တာ။
နောက်ပိုင်း စာတွေဖတ်ရင်းနဲ့မှ ထူးခြားထက်မြက်စွာနဲ့ ကမာ္ဘ့အရေးအခင်းကြီးတွေကို အောင်မြင်စွာ ဖြေရှင်းပေးနိုင်ခဲ့လို့ ကုလသမဂ္ဂအတွင်းရေးမှုးတွေထဲမှာမှ ပိုပြီး ကျော်ကြားတာ၊ ကမာ္ဘကျော်တာဆိုတာကို သိခဲ့ရတယ်။ :hee:
kai
March 14, 2013 at 5:51 am
အမှတ်မမှားရင်.. ဦးသန့်က..သူ့အိမ်မှာ ချဉ်ပေါင်ပင်စိုက်ပြီး… စားတယ်..။
အေးတဲ့တိုင်းပြည်မှာ.. ဒေသမှာချဉ်ပေါင်ပင်စိုက်ရခက်တယ်..။
နွေရာသီမှရှင်တာပါ..။
ဆောင်းဝင်ရင် အရွက်တွေဝါလို်က်လာပြီး.. အပင်သေကြတာပဲ..။
နယူးယောက်မှာဆို… တော်တော်ကြိုးစားစိုက်ရမယ့်ပုံ..။
ဦးကြောင်ကြီး
March 14, 2013 at 9:31 am
ငယ်ငယ်က သတင်းစာမှာ ယူအန်အတွင်းရေးမှူးချုပ်ဆိုရင် တကမာ္ဘလုံးမှာ အကြီးဆုံးထင်သဗျ.. အမေရိကန်သမတ မဖြစ်ချင်ခဲ့ဘူး.. တော်သေးရဲ့ အတင်းမလုပ်ခိုင်းလို့။ :kwi:
ဇွဲမာန်(အင်းဝ)
March 14, 2013 at 3:10 pm
ကျုန်ုပ်လေးစားသောပုဂ္ဂိုလ်တစ်ဦးပါ
မောင် ပေ
March 14, 2013 at 8:15 pm
မောင်နေဝင်း ရဲ ့ဘဝမှာ မနာလိုဆုံး ပုဂ္ဂိုလ်တွေထဲမှာ နံပါတ် ၁မဖြစ်ရင်တောင် ၂ ပဲ
htet way
March 15, 2013 at 11:34 am
ကျုပ်က..ပိုက်ပိုက်ပိုလျှံတာလေးရှိရင်.. ပန်းတနော်..ဦးသန့်ဇာတိမှာ.. ကျောက်တိုင်လေးလုပ်ချင်တယ်..လှူချင်တယ်ပြောခဲ့ဖူးတယ်..
အဲဒီကျောက်တိုင်မှာ.. အဲဒီနေရာကနေ.. ဦးသန့်သွားခဲ့ဖူးတဲ့..နိုင်ငံမြို့တော်တွေအကွာအဝေးကို.. ဆိုင်းဘုတ်လေးတွေနဲ့ပြထားချင်တာ..
အမှန်တော့ သူကြီး စိတ်ကူးက သိပ် ကောင်းသလို အကောင် အထည် ဖေါ် သင့်ပါတယ် ။
ဂေဇက် မန်ဘာတွေ လည်းရှိတယ် လေ။
ကျွန်တော် ဖြတ်သွားတိုင်း ပန်းတနော် က ဦး သန့် ဓါတ်ပုံနဲ့ စာကြည့် တိုက် သေးသးလေးကို
ကြည့်ပြီး ဦး သန့်ကို အားနာ တယ် ။
သူကြီး ကျောက် တိုင် စိုက်ရင် (ဆရာမ) မမ တို့ ဆရာနေချားတို့ ရှိတယ် ဦးဆောင် ပါလိမ့်မယ်
ကျွန်တော် လည်း ပန်း တနော် နဲ့ နီးပါတယ် ။ကူညီ နိုင်တယ် ။
ကျော်တိုင် စိုက်တာ ငွေ ကုန် ကြေးကျတအားကြီး များတာ မဟုတ်ပါဘူး။ကျွန်တော် တို့ မြို့မှာတောင်
နောင်ရိုးတိုက်ပွဲ … အထိမ်းအမှတ်တ် ကျောက် တိုင် စိုက်မယ် ။
ဒီတော့ ကား ထုံးစံ အတိုင်း သူကြီး ကျောက် တိုင် ရွာသား ကောင်းမှု လုပ် ရရင် မကောင်း ပေ ဘူးလား
MaMa
March 15, 2013 at 4:57 pm
ဦးသန့်အထိမ်းအမှတ် ကျောက်တိုင်လုပ်ဖို့အတွက် ငွေကြေးပမာဏ ဘယ်လောက်ကုန်မယ်ဆိုတာ မမှန်းတတ်ပေမယ့် တတ်နိုင်လောက်တဲ့အတိုင်းအတာတော့ ဖြစ်မယ်ထင်ပါတယ်။
(ဦးသန့်သွားခဲ့ဖူးတဲ့..နိုင်ငံမြို့တော်တွေအကွာအဝေးကို.. ဆိုင်းဘုတ်လေးတွေနဲ့ပြထားချင်တာ.)
အတွက် သတင်းအချက်အလက်တွေတော့ လိုပါလိမ့်မယ်။
အဲဒါကိုတော့ သဂျီး လုပ်ပေးနိုင်မယ်ထင်ပါတယ်။
လုပ်ခွင့်ရှိမရှိနဲ့ ရေရှည်ထိမ်းသိမ်းဖို့တွေအတွက်ကိုတော့ မြို့ခံတွေကို မေးကြည့်လိုက်ပါအုံးမယ်။ မြို့အတွက်လည်း ဂုဏ်ယူစရာဖြစ်လို့ အခုလို အမှတ်တရကျောက်တိုင်စိုက်နိုင်မယ်ဆိုရင် ဝမ်းသာစရာပါပဲ။
တကယ်လုပ်ဖြစ်မယ်ဆိုရင် ကျောက်တိုင်စိုက်တဲ့ အတွေ့အကြုံရှိတဲ့ ဆရာထက်ကို အားကိုးရမယ်။ :hee:
koaung
March 15, 2013 at 5:15 pm
အာဏာပိုုင်တွေခွင့်ပြ ုုချက်ရမှထင်တယ်နော် တော်ကြာပိုုက်ဆံအလကားကုုန်မှာစိုုးလိုု ့ပါ
MaMa
March 15, 2013 at 5:28 pm
တွေ့ပြီ တွေ့ပြီ
ပန်းတနော်သားးးးးးး :hee:
အရေးကြုံရင် အလှူခံဖို့ စာရင်းတို့ ထားရမယ်။ :harr:
koaung
March 15, 2013 at 6:13 pm
အသင့်ရှိပါကြောင်း မမခင်ဗျား
kai
March 16, 2013 at 12:24 am
အဲလိုမျိုးလေး..
ကမ္ဘာ့မြို့တွေနဲ့.. ပန်းတနော်နေရာအကွာအဝေးကတော့.. Google earth နဲ့ပြလို့ရမယ်ထင်ပါတယ်..
kai
March 16, 2013 at 3:58 am
http://www.bronzememorials.net/Metalplaque?gclid=CImnzLjT_7UCFShgMgodb24ATw
မှာသွားကြည့်နေတာ.. ပလိပ်ပြားတခု.. 12″ x 24″ ကို ဒေါ်လာ၁၀ဝလောက်ကျမယ့်ပုံ..
မြန်မာပြည်တွင်း..ဒါမှမဟုတ်.. ထိုင်းမှာ အများကြီးပိုသက်သာမယ်ထင်တာပဲ..။
သဘာဝတိုက်စားမှုသက်သာတဲ့.. အလှူမီနီယံ ဒါမှမဟုတ်.. စတီးပြားမှာ ထွင်းထုတာဆို.. ပိုကောင်းမယ်ထင်မိတယ်..။
ဦးဦးပါလေရာ
March 16, 2013 at 6:30 am
ဦးနေဝင်းခေတ်ကများ ဒါမျိုးကြံရင်
ဒီလူစုတော့ ……..
MaMa
March 16, 2013 at 6:33 am
သူ့ခေတ်နဲ့ သူပေါ့ ဦးပါရယ်။ :hee:
အဲဒီခေတ်တုန်းက ပန်းတနော်ဇာတိဆိုတာ ပြောတောင် မပြောရဲဘူး။
ပန်းတနော်အသင်းလည်း မလုပ်ရဲလို့ ပျက်သွားခဲ့သေးတယ်။ :eee:
bigchef
April 10, 2013 at 5:41 am
ကိုထက်ဝေးရေ အကိုကပန်းတနော်သားဆို တော့ ဦးသန် ့ရဲ့ဖခင် ဦးဖိုးနှစ်ကိုးကွယ်တဲ့
ဘာသာကို ချင်ပါတယ်. ကျတော်ကြား ထားတာက မြန်မာမွတ်စလင်ပါ. သိရင် အထောက်အထားနှင့်တကွ ပြန်ရှာပေးစေလိုပါတယ်. ပြန်ရှင်းပြစရာရှိလို ့ပါ.