တစ်ခုရယူဖို့အတွက် တစ်ခုတော့ပေးဆပ်ရမည်မှာ မလွဲပါ

tunkhannJuly 24, 20101min571

ခေတ်ဆိုးစနစ်ဆိုးတွေရဲ့အောက်မှာ ဘယ်လောက်ကြာကြာ ခါးစည်းခံစားရအုံးမလဲ လူဖြစ်လာရသော ခဏတာအချိန်လေးမှာ ဘယ်တော့မှများ ကိုယ်ပိုင်ဆုံးဖြတ်ချက်များနှင့်
လွတ်လပ်စွာနေခွင့်ကြုံရမလဲ။ဘဝမှာအခက်ခဲများစွာနှင့်ကြုံတွေ့ရမည်မှာ သိပါသော်လည်း ယခုကဲ့သို့အကြောင်းတရားများသည် ငယ်ရွယ်နုနယ်သော လူသားတစ်ယောက်ရဲ့ နှလုံးသားထဲမှာ ကြောက်ရွံ့ခြင်း၊အားငယ်ခြင်း၊မျှော်လင့်ချက်ကင်းမဲ့ခြင်း၊ယုံကြည့်မှု ကင်းမဲ့ခြင်းများ အလုံးစုံသောအဖြစ်တို့နှင့်သာ သေဆုံးသည့်တိုင် အဖြစ်ပျက်များ ပျက်သုန်းသွားမည်မဟုတ်နိုင်တော့။ယခုကဲ့သို့အဖြစ်ပျက်များနှင့်မကြုံခဲ့ရပါမူ ပျော်ရွှင်ဖွယ်နေ့ရက်များနှင့်သာ ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းခွင့်ရကြမည်။
မွေးဖွားခဲ့စဉ်ကပင် ဒုက္ခအမျိုးမျိုးနှင့်ကြုံတွေ့ခဲ့ရသည်။ပြေးလွှားသံများ၊ ညည်းညူသံများ၊အော်ဟစ်အကူညီတောင်းသံများ၊အလုအယက်ပြေးလွှားနေကြသော လူတို့၏ခြေသံအစုံတို့က နားစည်သို့တိုင် မပြတ်ခါခါကြားနေရသည်။အသံတွေက မရပ်မနားကြားနေရပြီး မပြီးဆုံးနိုင်သောညအမှောင်ကို လူးကာလိမ့်ကာနှင့် ဖြတ်သန်းနေရသည်။ဘယ်လိုတွေများဖြစ်ကုန်ပြီလဲ။မျက်စိတစ်ဆုံးကြည့်လိုက်တိုင်း မြေပြင်ထက်ဝယ် ပြားပြားဝပ်နေကြသောအိုးအိမ်များနှင့် လူသေအလောင်းကောင်များသာ
နေရာယူထားကြသည်။မိမိ၏ မိဘများနှင့်တစ်ကွ အားလုံးသောလူတို့သည် တိတ်ဆိတ်ခြင်းဆီသို့ လျှောက်လှမ်းသွားကြပြီဖြစ်သည်။အသက်အားဖြင့်(၂)ပင် မပြည့်သေးသောလူသားတစ်ဦးသာ တဆာဆာအော်ငိုရင်း စစ်ဟူသောအဓိပ္ပာယ်ကို မသိနားမလည်သည့်တိုင် လက်တွေ့ခံစားနေရသည်။သနားမည့်သူမရှိ၊ချော့မြူမည့်သူမရှိ၊ အချိန်တန်၍အဆာစားချင်သော်မှ ကျွေးမည့်သူမရှိ၊အရာခပ်သိမ်းသော လူတို့သည် မရှိကြကုန်သောအခါဝယ်၊တစ်ယောက်ထဲ အားကိုးစရာမရှိသောအချိန်ဝယ် လူဖြစ်ရခြင်းသည်ပင် ဘာတစ်ခုမှအနှစ်သာရမရှိတော့ပြီ။သေခြင်းတရာသည်သာ မြတ်သောအကြောင်းတရားသာ ဖြစ်လေတော့သည်ဟုခံယူမိသောအခါ။
နှစ်ပေါင်းများစွာကြာခဲ့ပါပြီ။လွတ်လပ်သောဘဝကို ပိုင်ဆိုင်ရခဲ့ကြသည်ဟု ယုံကြည်ခဲ့ကြသည်။စစ်၏ဒဏ်ကို ကြံ့ကြံ့ခံရင်း လူနေမှုအဆင်းတန်းတွေတိုးတက်လာအောင် ကြိုးစားခဲ့ကြသည်။ခရီးကသိပ်မတွင်ပဲ အကျပ်တည်းများစွာနှင့်ရင်ဆိုင်နေကြရသည်။သိုသော် စိတ်ညစ်မှုမရှိ ပျော်ပျော်ရွှင်ရွှင်ပင် နေထိုင်ကြသည်။ဘယ်လိုပဲဖြစ်ဖြစ် တစ်နေ့တော့အားလုံးအဆင်ပြေလိမ့်မည်ဟု လူတိုင်းရင်မှာ မျှော်လင့်ထားကြသည်။မျှော်လင်းထားသည့်အတိုင်း ယုံကြည်ကြသည်။သက်ပြင်းတွေ ချရင်းနှင့်သာ အချိန်တွေကိုစောင့်စားရင်း ဘဝဟူသောအဓိပ္ပာယ်သည် ရုန်းကန်လှုပ်ရှားရင်နှင့်သာ အချိန်တွေကုန်ဆုံးစေခဲ့ကြသည်။ဘယ်နေ့ဘယ်အခါဟု စိတ်ထဲစွဲမနေတော့ပါ။
ဖြစ်တည်လာသောဘဝကိုသာ အကောင်းဆုံးဖြစ်အောင်နေကြဖို့သာအရေးကြီးသည်။အဆိုးဆုံးကိုတင်ကြိုတွေးထားမှ အကောင်းဆုံးကိုခံစားနိုင်မည်ဖြစ်သည်။ကျနော်တို့အဆိုးတွေကို ခါးစည်းခံစားလာကြတာ နှစ်ပေါင်းများစွာကြာခဲ့ပြီ။အကောင်းဆုံးများဖြစ်မလာသေးပါ။လောကကြီးတွင်ဖန်တီးမှုများဖြင့် တန်ဆာဆင်ကြသည်။ထို့အတူ အားလုံးသောလူတို့ကို ပျော်ရွှင်မှုတွေ ပေးနေတာ အပြောင်းလဲများသာဖြစ်သည်။တစ်နေရာတည်းတွင် အချိန်များစွာ ရပ်တည်နေရသည်မှာငြီးငွေ့ဖွယ်ရာဖြစ်သည်။ကျနော်တို့၏ ပျော်ရွှင်မှုများကို ပြန်လည်ရယူရန်မှာ အပြောင်းလဲသာရှိတော့သည်။မည်သို့သောအပြောင်းလဲများလုပ်၍ ပြန်လည်ရယူမည်နည်းဟု မေးခဲ့ပါသော် ရှေးအခါကပင် ကျင့်သုံးခဲ့ကြသော ကိုယ်ထူကိုယ်ထစနစ်ဖြစ်သော လဲကျနေသောမိမိတို့ဘဝကို ပြန်လည်ထူထောင်ရမည်။မိမိတို့လူမျိုးတို့သည် ဘိုးဘွားများလက်ထပ်ကပင် စစ်နှင့်အသက်မွေးခဲ့ကြသည်။စစ်သည်သာမိမိတို့ဘဝ၊စစ်သည်သာမိမိတို့အိမ်ယာ၊စစ်သည်သာ မိမိတို့၏အထိမ်းမှတ်ကျောက်စာများ ဖြစ်ကြသည်။
နှစ်ပေါင်းများစွာမိမိတို့၏ ဘဝကိုဖုံးကွယ်ခံထားရသည်။အနှိမ်ခံဘဝဖြင့် မိမိဘဝ၏လူ့သက်တန်း တစ်ဝက်ကျော်ခဲ့ရပြီဖြစ်သည်။
ဆက်လက်ရပ်တည်နေနိုင်ရန်ခက်ခဲလွန်းလှသည်။ထိုကြောင့်မိမိတို့၏ ပင်ကိုယ်ဗီဇဖြစ်သော စစ်ဖြင့်သာ ပြန်လည်ရယူလိုမိသည်ကတော့အမှန်။မိမိတို့၏ဘိုးဘွားများလက်ထက်ကပင ်စစ်ဖြင့်နေခဲ့ရသည်။မိမိတို့ကတော့ဒီလိုမဟုတ်။ကြောက်ရွံ့ခြင်းများဖြင့် ဆိတ်ဆိတ်နေခဲ့ရသည်မှာ အချိန်ကြာမြင့်ခဲ့ကြရသည်။ယခုကဲ့သို့ နေရခြင်းထက် စစ်အတွင်းက ကလေးကဲ့သို့ သေချင်းမျိုးဖြင့်သာ ကြုံစုံလိုက်ချင်သည်။ထိုကလေးကဲ့သို့ မိမိတို့ဘဝမှာ အနှစ်သာရမရှိ။တိုင်းပြည်အတွက် အသက်ပေးမည်လား ရှင်ကျန်နေရစ်မည်လားဟု မေးခဲ့လျှင် ကျနော်သည် ရှင်ကျန်နေရစ်ခဲ့မည်ဖြစ်သည်။မပြီးမြောက်သေးသော တိုင်းပြည်အတွက် လုပ်ငန်းများကိုလုပ်ဆောင်လိုသေးသည်။အကယ်၍ တိုင်းပြည်အတွက် အားလုံးပြည့်စုံခဲ့မည်ဆိုလျှင် အသက်ပေး၍ အသေခံသွားမည်။ယခုလဲ အသက်ပေးမှပြည့်စုံတော့မည်ဖြစ်သည်။ကျနော် အသက်ပေးရတော့မည်။စစ်၏ဒဏ်ကို ပြည်သူများ ခါးစည်းခံစားရမည် ဒုက္ခများစွာကျရောက်မည်ဆိုတာ သိပါသည်။သိုသော် ဒီတစ်ခါ ခံစားပြီးရင် နောင်မိမိတို့ ရင်သွေးငယ်များ အဆက်ဆက် ကောင်းကျိုးခံစားစေရတော့မည်။ကျနော်ပျော်ပါသည်။စစ်နှင့်ခဏတာကြုံခွင့်ပေးပါ။အားလုံးကိုရင်ဆိုင်မည်။ယခုလိုသာပြောနေရသည်။စစ်အကြောင်းမသိပါ။နိုင်ငံရေးအကြောင်းလဲ နားမလည်ပါ။သိုသော် ဖိနှိပ်ခံစားနေရသည်ကိုတော့သိပါသည်။ထိုအဖြစ်မျိုးအဖြစ်မခံချင်ပါ။မိမိတို့၏ အဆက်ဆက်အမွေဆက်ခံခဲ့ကြသော ရဲရင့်သော ဗမာ့သွေး စည်းလုံးသောမြန်မာ့ စိတ်ဓာတ်များကိုပြသခွင့်ရကြတော့မည်ဖြစ်သည်။ထို့အတွက်ဂုဏ်ယူမိသည်။ကျနော်သည်တစ်နေ့သေရမည်ဖြစ်သည်။လွတ်လပ်ခြင်းဖြင့်သာသေချင်ပါသည်။

One comment

  • ghost

    July 24, 2010 at 6:54 pm

    ဒါမှန်ပါတယ်…….တို့မျိုးဆက်တွေ အတွက် ငါတို့အသက် ဘာအရေးကြီးလဲကွာ…နိုင်ငံတကာ မှာလဲ
    မျက်နာငယ် ပြည်တွင်းလဲ အဖိနှိပ်ခံ ဘာကိုမျှော်ကိုး နေကြ တာလဲ…..

Leave a Reply