ပြည်တွင်းဖြစ် နိုင်ငံခြားသား
ပြည်တွင်းဖြစ်နိုင်ငံခြားသား
ကျွန်တော် သည် အလွန်ကံဆိုးလွန်းသော ဝဋ်နာ ကံ နာ ပါ လာ သူ တစ်ဦး အဖြစ် ကျွန်တော့်ကို ချောင်ကျကျ ရွာလေး တစ်ရွာတွင် မွေး ဖွား ခဲ့ပါသည်။ ယခု ချိန်တွင် လူတိုင်း ပါးစပ်ဖျား တွင် တရုတ်လူမျိုးများ အခွင့်ရေး ရပုံ ကြောင်းကို လူတိုင်းပြောဆို နေကြသည်တွေ့နေ မြင်နေ ကြားနေရပါသည်၊ မန္တလေး ကို တရုတ်သိမ်းပိုက် လိုက်ကြောင်း များကို လဲ လူတွေပြောဆိုနေကြပါသည် ။ တကယ် တမ်း တရုတ်တစ်ယောက် ဖြစ်ရခြင်း၏ ဝဋ်နာကံနာကို ကျွန်တော် ကြုံတွေ့ ရသမျှ တင်ပြချင်ပါသည်။
ကျွန်တော် ငယ်စဉ်ကမသိရှိခဲ့ ရပါသော ရွေးချယ် ခွင့် မရ သော မိဘ နှင့် မောင် နှမ များ ကို ကျွန်တော် ကြိုက်သည် ဖြစ်စေ မကြိုက်သည် ဖြစ်စေ ကျွန်တော်လက်ခံ လိုက်ရသော အများ က ပြဋ္ဌာန်းထားခဲ့သော လူ့အဖွဲ့စည်းတစ်ခုတွင် ရှင်သန် နေထိုင် ခွင့် ပါမစ် အား ကျွန်တော့် ကို တရုတ်တစ်ယောက် အဖြစ် ကြီးပြ
င်း စေခဲ့ပါသည်။ ဒီလိုနဲ့ ကျွန်တော်သည် ကျွန်တော့် တို့ ကျောင်း နေစဉ် အခါက ခေါ်ဝေါ်သော ဆယ်တန်း(ခေါ်)ဒသမတန်း ကို ထူးချွန်စွာအောင် မြင်ခဲ့ပါသည်။ အဲဒီချိန်ခါက ကျွန်တော်နှင့် ကျွန်တော့် သူငယ်ချင်း ၅ယောက် သည် သူငယ်တန်း တည်းကပင် ဆယ်တန်း ထိ အမြဲ မခွဲပဲ တ တွဲ တွဲ နေ ခဲ့ကြပါသည်။ ဆယ်တန်းအောင်စာရင်း ထွက်တဲ့ချိန်ထိ ကျွန်တော် တို့သူငယ်ချင်း တွေဟာ အမြဲ ပျော်ရွှင်နေတုန်း ပင် ဖြစ်သည်။သို့သော် ငြားလည်း တက္ကသိုလ် ဝင်ခွင့် လျှောက်သော အခါ မှ ပင် ကျွန်တော့်ကံကြမ ာဆိုး ကို ကျွန်တော် လက်တွေ့ကျ ကျ သိရှိခွင့် ၇ရှိ ခဲ့ပါသည်။ထိုအချိန်က ကျွန်တော့် သူငယ်ချင်း များ ထဲ တွင် ကျွန်တော် အမှတ်အများ ဆုံး ဖြစ်လေသည်။ကျွန်တော့်သူငယ်ချင်း အားလုံး ဆရာဝန်လုပ်ပြီး တိုင်းပြည် အကျိုးကို တစ်ထောင့် တစ်နေရာ ပါဝင် အား ဖြည့် ကူညီ ချင်နေကြပါသည်။ဝင်ခွင့်လျှောက်သောနေရာ တွင် ပြည်ထောင်စု မြန်မာ နိုင်ငံသား ဖြစ်ရမည် ဟု ပါရှိသော ကြောင့် ကျွန်တော့်လျှောက် ခွင့် တက်ခွင့် မရ ခဲ့ပါ။ ကျန်ကျွန်တော့် သူငယ်ချင်း အားလုံး သူ တို့ လိုချင်သော ဆေး ကျောင်း ကို ပျော်ပျော်ပါး ပါး တက်ခွင့် ရပါသည်။သူငယ်ချင်း ထဲ တွင် အမှတ်နည်းဆုံးသူ က မင်း ဝင်မလျှောက်လို့ငါ ဝင်ခွင့် ရတာပါ လို့ အားပေး နှစ်သိမ့် ပါသည်။ အေး ပါ ကွာ ကုသိုလ် အကျိုး ပေး ပေါ့ ကွာ ငါ့မှာ အရင် ဘဝ ကဝဋ်ကြွေး ပါလာလို့ ပဲထင်ပါတယ်။ ဒီလိုနဲ့ ကျွန်တော် ဟာ လူမှုရေး တွေ ဘာတွေဝင်လုပ်တာပေါ့ ။ အဲ ဒီမှာ ကလဲ တမှောင့် ကျွန်တော့် ကို ဗမာတော ထဲ သွားရင် (ဗမာ+ အခြား တို်င်း ရင်းသား များ လဲ ပါ ပါ တယ်)တရုတ်ကလေး လို့ခေါ် ကြပါတယ် ။အဲ ဒီလောက်ထိတော့ ကျွန်တော် ဘာ မှမဖြစ်ပါ။ သို့သော် သူတို့ မကျေနပ်ရင် မင်းတို့ အမျိုးတွေက ဗမာပြည် လဲ လာနေသေးတယ် မင်းတု့ိတွေက ယ ပလက် နဲ့ ကို ယုတ်တာ အပြင် အယုတ္တအနတ္တတွေ နားမခံ နိုင်အောင် ပြောဆိုတာ ကောင်း ကောင်းကြီးခံခဲ့ ရပါသည်။ ကျွန်တော်စဉ်းစားကြည့်တယ် သူတို့ကကောဒီလူမျိုး ဖြစ်ရမယ် လို့ရွေးချယ်ခွင့် ရခဲ့လို့လား ။ ကျွန်တော်လဲ တူတူ ပဲ ပေါ့ ဗျာ ။ ဒါကို များ သူတို့ က ဘာလို့ပိုအခွင့် ရေး ယူချင်ကြသလဲ မသိဘူး ဗျာ။ ဒီလိုနဲ့ ကျွန်တော် လဲ ထုံးစံ အတို်င်း ဘွဲ့တွေဘာတွေရ အိမ်ထောင်ဘာတွေပြုပေါ့ ဗျာ၊ အဲ ဒီမှာကလဲ ပြသနာ ဗျ။ကျွန်တော် ကကိုယ့်အိမ်ထောင်စုထဲကို ကျွန်တော့်မိန်းမ ထည့်မယ်ပေါ့ ။ကိုယ့်သဘောကို ထည့်ချင်လွန်းလို့ ထည့်တာတော့ မဟုတ်ပါ ။လဝက မထည့်လျှင် ဘာဖြစ်မည် ညာဖြစ်မည် ပြောလွန်းလို့သာ သွားထည့်ရပါသည်။ ကိုယ့်သဘောကိုသာ ဆိုရင်ဝေးပါ့ သိကြတော်မူတဲ့ အတိုင်း ….. လဝက ထောက်ခံစာ လိုတယ်ဆိုပြီး ကျွန်တော်ကို ကယက မှာ သွား တောင်းခိုင်းတယ် ကျွန်တော် သွား ယူတာ ပေ့ါ အဲ မှာ က ဈေးကွက် ရှိသတဲ့ နေထိုင် ကြောင်းထောက်ခံစာ တွေ မှာ ပေါက်ကြေး ဖွင့်ထားသတဲ့ ရိုး ရိုး နိုင်ငံ သား ဆိုရင် ထားပါ ၅၀ဝကျပ် ပေါ့ ရေစတြီနိုင်ငံသားဆို၁၀၀ဝ အဲ ပြုဧည့် နိုင်ငံ သားဆို ၂၀၀ဝ နိုင်ငံခြားသားဆို ၄၀၀ဝ တဲ့ ဗျ။ ဒါတောင်နေထိုင်ကြောင်းထောက်ခံစာပဲနော်။တခြားထောက်ခံစာ တွေလဲ သူ့ပေါက်ဈေးနဲ့သူရှိနေသေးသဗျ။ တခြား တခြား ကြောင်းရာတွေလဲ ရှိနေပါသေးသည်။နောက်မှဆက်မည်……… သူငယ်ချင်းတစ်ယောက်ရဲ့ဖွင့်ဟချက်များကိုရေးတတ်သလိုရေးထားပါသည်။သီးခံဖတ်ပေးကြပါ။
8 comments
padonmar
March 17, 2013 at 7:06 pm
မောင်ဆင်ကြီး ဆိုလိုတာကို သဘောပေါက်ပါတယ်။
ဘဝတူခံစားချက်တွေကိုလည်း ကိုယ်ချင်းစာမိပါတယ်။
အဂျစ်
March 17, 2013 at 7:42 pm
ကိုယ်ချင်းစာပါတယ် ဆက်ရေးနော် …
MaMa
March 17, 2013 at 8:02 pm
သိုင်းဝတ္ထုရေးတဲ့ နာမည်ကြီးစာရေးဆရာတစ်ယောက် (နာမည်တော့ မမှတ်မိဘူး) ရဲ့ သူ့ဘဝဇာတ်ကြောင်းရေးထားတာလည်း မောင်ဆင်ကြီးလိုပဲ။
မောင်ဆင်ကြီးထက်တောင် ဆိုးသေးတယ်လို့လည်း ပြောလို့ရတယ်။
အဲဒီစာရေးဆရာက ဆေးကျောင်းတက်နေရင်းနဲ့မှ ထွက်လိုက်ရတော့ အတော်လေး ခံစားခဲ့ရတာကို ရေးထားတာ။
ဘဝပျက်မတတ်ပါပဲ။ :eee:
koaung
March 17, 2013 at 8:16 pm
ငယ်စဉ်ကထဲကဒီလိုအဖြစ်မျိုးတွေကြုံတိုင်း အားငယ် ခဲ့ဘူးတယ် ဖိနှိပ်တတ်တဲ့လူတွေကြားမှာ ဘယ်လိုရုန်းကန်ရမယ် ဘယ်လိုဖောက်ထွက်ကြိုးစားရမယ်ဆိုတာ ကိုယ်ပိုင်အရည်အချင်းဖြစ်တယ် စိတ်ဓတ်ကြံ့ခိုင်မှူသာအဓိကကျပါတယ်ဗျာ
koaung
March 18, 2013 at 2:37 pm
ဟုတ်ပါတယ်ဗျာ ဆရာဖောပြောသလို ၈၈ကျောင်းသားဟောင်းတယောက်ဖြစ်ခဲ့ဘူးတဲ့ ကျနော့အဖို့ တချိန်ကအားငယ်ခဲ့ရပေမဲ့ အခုအချိန်တွေမှာ အဲဒီလူတွေကိုဘဲရှာကြံပြီး ကျေးဇူးတင်မိတယ် တရွာမပြောင်းသူကောင်းမဖြစ်ဆိုတာ
သာမစဉ်းစားခဲ့ရင် အခုအချိန် မွေးရာဇာတိမှာ အီကြာကွေးဘဲရောင်းရမလား ဝက်သားဒုက်ထိုးဘဲရောင်းရမလား မလား မလားဘဲ ဖြစ်နေမှာအမှန် ကောင်းသောအကြောင်းနဲ့တွေးရင် ဖိနှိတ်သူတွေကို ကျေးဇူးရှင်တွေပါလို့မြင်မိပါကြောင်း
မောင် ပေ
March 17, 2013 at 9:11 pm
အေးဗျာ
သူရို ့ခဗျာလဲ အဲ့လို တောင်းလို ့ရဖို ့အရေး
ပူဇော်ပသထားကြရတာကလား
Foreign Resident
March 18, 2013 at 2:18 pm
ကို မောင် ဆင်ကြီး ရေ ။
စိတ် မပျက်ပါနှင့်ဗျ ။
အခက်အခဲတွေက ၊ အတော်ဆုံးလူတွေကို မွေးထုတ်ပေးပါတယ် ။
အခုတောင် ၊ သူငယ်ချင်း ၅ ယောက်ထဲမှာကို မောင် ဆင်ကြီး က ၊
အမှတ် အများဆုံး မဟုတ်လား ။
အားမလျှော့ဘဲ ၊ ရောက်တဲ့နေရာမှာသာ ဆက်ကြိုးစားသွားပါ ၊
ဇွဲရှိရှိနှင့် ကြိုးစားတဲ့ သူတွေအတွက် အောင်မြင်မှု ဆိုတာက မလွဲမသွေပါပဲ ။
kai
March 18, 2013 at 3:12 pm
မြန်မာပြည်မှာမွေးရင်.. မြန်မာဖြစ်ရမယ်ဆိုတဲ့.. ဥပဒေပြဌာန်းဖို့လိုတယ်လို့.. အကြိမ်ကြိမ်ပြောခဲ့တာ.. ထပ်ပြောရမှာပါပဲ..
နောက်တခုအရေးတကြီးလိုနေတာက..”anti discrimination laws” လူလူချင်း ခွဲခြားနှိမ့်ချမှုတိုက်ဖျက်ရေးဥပဒေ..
အဲဒါတွေပြီးမှ… တိုင်းပြည်ကောင်းရေး.. ငြိမ်းချမ်းရေးရှေ့တက်နိုင်မှာပါ…။
အိုဘယ့်…
နှစ်၁၀၀ဝ ကျိန်စာ..