Washington D.C က သမ္မတ ဖြစ်ချင်သူ လူငယ်တယောက်အကြောင်း
သူဟာ သူကိုယ်တိုင်ချမှတ်ထားတဲ့ ခိုင်ကြည်သော ပြဉာတ်ချက် ဆုံးဖြတ်ချက်
တွေနဲ့ အတိအကျ နေထိုင်သူဖြစ်ပါတယ်.
သူ ဟာ ဆုံးဖြတ်ထားတာကို ဖြစ်မြောက်အောင် လုပ်နိုင်မယ် ဆိုတာ
၂နာရီကြာ သူနဲ့စကားပြောအပြီးမှာ ယုံကြည်မိခဲ့ပါပြီ
သူဟာ ဝါရှင်တန် ဒီစီ က အမေရိကန် တက္ကသိုလ်ရဲ့ ဒုတိယနှစ် ဥပဒေ ကျောင်းသား
တစ်ယောက် ဖြစ်ပါတယ် တချိန်တည်းမှာ ကောလိပ်ကျောင်းသား ရီပဘလစ်ကန်
သမဂ္ဂ ရဲ့ ဒုတိယ ဥက္ကဌလည်း ဖြစ်နေပါသေးတယ်
သူဟာ အမေရိက ရဲ့ သမ္မတ ဖြစ်ဖို့ ရည်မှန်းချက်ထားပြီး ဘက်စုံ
ကြိုးစားအားထုတ်နေသူလည်း ဖြစ်ပါတယ်
သူနဲ့စကားပြောဖြစ်တော့ သူဟာ မေးခွန်းတွေ ကို တိကျပြတ်သားတဲ့
သူ့ရဲ့ယုံကြည်မှု သံတမန်ရေးရာ မူဝါဒရေးရာ ဆိုင်ရာ ပြည့်စုံကောင်းမွန်မှု
တို့နဲ့အတူ အကောင်းဆုံးပြန်လည် ဖြေကြားနိုင်စွမ်းရှိသူ ဆိုတာ ပေါ်လွင်ပါတယ်
အောက်မှာ သူနဲ့ ပြောဖြစ်တဲ့အကြောင်းအရာတချို့ကို ဖော်ပြလိုက်ပါတယ်
လိင်ကိစ္စ ” အချစ်မပါတဲ့ အခါ ဒါဟာ တန်ဖိုးမရှိတဲ့ အရာတခု ”
မူးယစ်ဆေးဝါး ” ကျနော် တခါမှ မစမ်းသပ်ကြည့်ဖူးသလို ဘယ်တော့မှလည်း စမ်းကြည့်ချင်မှာ မဟုတ်တဲ့အရာ ”
ဂီတ ” ခံစားချက်ကို ခင်းကျင်းဖော်ပြတဲ့ အကောင်းဆုံးသော နည်းလမ်းတွေ ထဲက တခု သို့သော် အထိန်းချုပ်မဲ့ အကွပ်ကဲမဲ့ တဲ့အရာ ”
( Slob on My Knob ဆိုတဲ့ သီချင်းကို သူက ဥပမာ ပြပါတယ် )
MySpace ” ကျနော် အသုံးပါဘူး. လူတွေကို ကျနော် အပြင်မှာ လူချင်းထိတွေ့ဆက်ဆံရတာကို ပိုမိုနှစ်သက်ပါတယ် ( သူဟာ သူ့ရည်းစား
ကယ်ရိုလင်း ကို Facebook မှာ စတင်ရှာဖွေသိရှိခဲ့တဲ့ အကြောင်းကိုတော့
ကျနော်တို့ကို ပြောမပြခဲ့ပါဘူး )
မိမိကိုယ်ကိုသေကြောင်းကြံစည်ခြင်း ” တခဏတာ ကြုံရတဲ့ ပြဿနာ တခုအတွက်
ပြန်မပြင်နိုင်တော့မယ့် အဆုံးစွန်သော ဖြေရှင်းမှု”
နားကွင်း နားပေါက် စတဲ့ အပေါက်ဖောက်ခြင်းများ ” ကျနော့်ခန္ဒာကိုယ်မှာ အပေါက်တွေ ပြည့်ပြည့်စုံစုံ လုံလုံလောက်လောက် ရှိနှင့်ပြီး ဖြစ်တယ် ”
သူဟာ အိမ်ခြေယာခြေမဲ့နဲ့ ဆင်းရဲမွဲတေမှုတို့ကို dark side of democracy လို့
သတ်မှတ်သူဖြစ်ပြီး ဒါအတွက် သူဟာ ပိုကောင်းတဲ့ အြဖေတခုရအောင်
ကြိုးစားအားထုတ်မယ် လို့ သံဓိဌာန် ချမှတ်ထားသူလည်း ဖြစ်ပါတယ်
သူဟာ အားလပ်ချိန် အိမ်ကို ပြန်လာတဲ့အခါမှာ သူ့အမေ လုပ်ပေးတဲ့
ကြက်ပြုတ်ရည်နဲ့ ပန်းသီးကွတ်ကီးကို နှစ်နှစ်ခြိုက်ခြိုက် စားသောက်တတ်ပြီး
ဝါယာကြိုးပြုပြင်ရေးလုပ်သားတစ်ဦး ဖြစ်တဲ့ သူ့အဖေ နဲ့ politics ကို ဆွေးနွေး
ငြင်းခုန်နေလေ့ရှိပါတယ်
Will ဟာ သူ့အဖေနဲ့ သူနဲ့ကြားက ဆက်ဆံရေးကို အောက်ပါအတိုင်း တိုတိုတုတ်တုတ်
တခွန်းတည်း ပြောသွားခဲ့ပါတယ်
” အဖေဟာ ကျနော့်ရဲ့ နံပ့တ်တစ် ပရိတ်သတ် ဖြစ်သလို တချိန်တည်းမှာ နံပါတ်တစ်
ဝေဖန်ရေးသမားလည်း ဖြစ်နေပြန်ပါတော့တယ် “. တဲ့
အဲ့ဒါ Will လို့ခေါ်တဲ့ အသက် ၁၉ နှစ်သား တက္ကသိုလ်ကျောင်းသား
တယောက်ပြောခဲ့တဲ့ ရဲရဲတောက် စကားတွေပဲပေါ့.
ကျနော် သူ့အကြောင်းဖတ်လို့အပြီးမှာ ဗိုလ်ချုပ်ကစလို့
ခေတ်အဆက်ဆက် ပေါ်ထွန်းခဲ့တဲ့ မြန်မာ့ကျောင်းသားခေါင်းဆောင်တွေကို
အမှတ်ရမိပါတော့တယ်.
စိတ်ဓာတ် စည်းကမ်း ပညာ တဲ့ ပညာရေးလောက ဆောင်ပုဒ်ပါ
ယနေ့ခေတ် ကျောင်းသားလူငယ်တွေကြားမှာ တစုံတရာပျောက်ရှနေသလား
ထင်မိတော့တယ်. အဲ့ဒါကတော့ ပြင်းပြတဲ့ ဆန္ဒ ရဲ့တောက်လောင်မှု တွန်းအား
ပါပဲ. passion ဆိုပါတော့.
လူလား စနစ်လား ခေတ်လား အစိုးရလား ဒါမှမဟုတ် အားလုံးပဲလား
ဆိုတာကတော့ ဉာဏ်မမီဘူး ခည. သို့သော်. ကျနော်တို့ သိပ်အောက်ကျ
နောက်ကျနေတာတော့ အမှန်ပါပဲ. ရုပ်ဝတ္ထုပိုင်း သက်သက်သာမက
စိတ်ဓာတ်ပိုင်း ခံယူချက်ပိုင်း တွေပါအပါအဝင်ပေါ့လေ.
အသစ်တွေ သိပ်ပြောင်းလဲတာ မြန်တဲ့ ယနေ့ခေတ်ကြီးမှာ
ကျနော်တို့ အပြေးသန်ဖို့ တကယ် လိုနေပြီ ဆိုတာကို သက်သေပြတဲ့
စာတပုဒ်မို့ ဘာသာပြန်လိုက်ပါရဲ့ဗျာ.
စာနယ်ဇင်းပိုင်း ဓာတ်ပုံပိုင်း အရ ပြောရရင်. Hundred young Americans လုပ်ခဲ့တဲ့
ဆရာတွေ သိပ်တော်ကြပါတယ်. အရင်လက ကျနော် တင်ခဲ့တဲ့ April နဲ့
ယှဉ် ဖတ်ရင် သိသာမှာပါ.
မေးတဲ့မေးခွန်း တွေ အင်တာဗျူးရဲ့ အခင်းအကျင်းတွေ နဲ့ အတူ
ချဉ်းကပ်ပုံတွေ ဖော်ပြပါရှိတဲ့ themes တွေ ပါ အစုံအလင်ပေါ့.
ဒါတွေလည်း ကျနော်တို့ ထပ်မံကြိုးစားအားထုတ်ရမယ့် အပိုင်းတွေထဲက
တပိုင်း ဖြစ်နေဆဲ ဖြစ်နေမြဲပါပဲ
Ref: One Hundred Young Americans by Michael Franzini Pg. 194-195
တော်သေးဘီ
ခင်တဲ့
ဂီ
20 comments
ရဲစည်
March 20, 2013 at 12:52 pm
ဂွတ် …..
အပြေးသန်ဖို့လိုတယ် ဆိုတာထက် …
အပြေးမှန်ဖို့ လိုတယ်လို့ ငြင်းချင်ရဲ့ …
လိုချင်တဲ့ ရည်မှန်းချက် တခုအတွက်
တခါတလေမှာ ဆုပ်ကိုင်ပီး အားတင်း ရုန်းကန်ရသလို
တခါတလေမှာ လှည့်ပတ်ဖြေလျော့ပီး သွားရသတဲ့ …။ တောင်တက်သလိုပေါ့
ဖြစ်ချင်စိတ်ရှိရင် ယုံကြည်ချက် တကယ်ထားရင် လိုရာခရီးကို စိတ်အားထက်သန်စွာ ရောပေါက်ချင်ရင်….
တခုတော့ရှိတယ်… တလမ်းတည်း …. တနည်းတည်း…. ဇွတ်တော့ မလုပ်သင့်ပေါ့
အိုဘယ့် … သွဲ့သွဲ့ဝင်း 🙂
GZ
March 20, 2013 at 2:37 pm
ဗျို့ ကယွဲစည်.
ကျနော်ဆိုလိုချင်တဲ့ အကြောင်းက မှန်တာ ပြောဖို့
ဟုတ်တာ လုပ်ဖို့ ကောင်းတာဆောင်ရွက်ဖို့
နှောင့်နှေးတာ ကြံ့ကြာတာ မရှိဘဲ အားကောင်းမောင်းသန် ရှေ့ဆက်ဖို့ကို
ရည်စူးပြီး အပြေးသန်ရမယ်ပြောတာပါဗျာ.
ပြောင်းလဲတတ်တဲ့ သွယ့်ကိစ္စကတော့.
မြှောက်ထိုးပင့်ကော် မရှိရင် တယူသန် ခေါင်းမာမှု မရှိရင်
ကြားဝင် စေ့စပ်ဆွေးနွေး အဖြေရှာမှုနဲ့ ဝိုင်းဝန်းပူးပေါင်းမှုတွေ အားကောင်းအပြေးသန်ခဲ့ရင်
ခုလောက်ထိတောင် ကြန့်ကြာနေစရာမလိုဘူးခည.
All we need is just a little passion.
ရဲစည်
March 20, 2013 at 3:13 pm
အနော်လဲ အဲ့သဟာ ပြောချင်တာပါ။
ဂနေ့ လူငယ်၊ လူလတ်တွေ နိူင်ငံရေးလောကထဲ ဝင်ကြဖို့ ခြေလှမ်းပြင်ကြတယ်။ ခက်တာက ခင်ညား ရေးပြထားတဲ့ လူငယ်လို စနစ်တကျနဲ့ ရည်ရွယ်ချက်ရှိရှိ အားကြိုးမာန်တက် ကြိုးစားလိုစိတ် မရှိဘူး။ နောက်ပီး ဝါဒမှိုင်းတွေ အောက်က မလွတ်နိူင်ကြဘူး။ ပြောတတ်သလောက် ပြောရရင်။ နိူင်ငံရေး လောကထဲ ဝင်မယ်ဆိုပါစို့
– အတိုက်အခံဘက်က စဝင်ရတယ်( အစိုးရဘက်က ဝင်ရင် ခေါင်းမဖော်နိူင်အောင် ဝိုင်းထုတယ်)
– အနာဂတ်ကို မကြည့်ဘူး ရှေ့ကဖြစ်ပီးသမျှတွေ ချီးခြောက်ရေနှုန်းပီး အစွဲတွေနဲ့ လွှတ်တော့တာဘဲ
ဆိုတော့ ယုံကြည်ချက်ရှိရှိ လွတ်လွတ်နဲ့ လုပ်ပိုင်ခွင့်ရဖို့ ကျုပ်တို့ဆီမှာလိုနေတယ်။ နောက်တချက်က မျက်စိစုံမှိတ်ပီး ဖင်ကုန်းအော်နေတာ အဆိုးဆုံး။
ကျုပ်ဖတ်ဖူးတဲ့ စာအုပ်တအုပ်မှာ ဂျော့ဘုရှ်နဲ့ ဂေါ်ဘာချော့တို့ သမ္မတဖြစ်နေချိန် စင်ပေါ်ရောက်ရင် ရုရှားက အမေရိကန် မကောင်းကြောင်းပြော၊ အမေရိကန်က ရုရှား မကောင်းကြောင်းပြော အဲ့ ပီးသွားရင်တော့ ဖုန်းနဲ့ အသီးသီးဆက်ပီး တောင်းပန်ကျ ဘာလင်ကိစ္စ ဆွေးနွေးကြနဲ့တဲ့…။
ဒီတော့ဗျာ ..
ဒီမှာက …ဒီကလူတွေက နိူင်ငံရေးကို ပညာရပ်ဆန်ဆန်နဲ့ ဖလက်ဆေဘယ်လ် ရှိရှိ ဆောင်ရွက်တာ မဟုတ်ကျပြန်တော့ ….
အိုဘဲ့ ပေါ်လတစ်ကယ် ….. စောင့်ပေဦးတော့
လိုတာထောက်ပြဗျာ ….
GZ
March 20, 2013 at 6:49 pm
ကျုပ်တူးချင်တာလည်း သိပ်မခြားနားဘူးဗျ.
ပြောင်းဖို့ ဇောစိတ်သန်သူတွေရှိရဲ့ ထိပ်ပိုင်း ပေါ့ဗျာ.
အဲ့လူတွေကိုတော့ အဘတို့ဝမ်းဝနေတော့ပြောအားရှိမပေါ့လေ ဆိုရိသတဲ့
တောက်လျောက် ခံလာရတဲ့ လူထုကလည်း (အမှန်အကန်သမားတေက) ပြောင်းကြပါ ပြောင်းတာ
ကြိုဆိုပါတယ်. ဆိုတာမျိုး ပြောကြ ရဲ့.
သို့သော် အလည်က မပြောင်းချင်ဘုူး စားချင်ဝါးချင်သေးတယ်
အလယ်နဲ့အောက် နဲ့ ဆက်ဆံရင်းစွဲ ဂွင် မိနေတဲ့ လူတွေက မပြောင်းချင်ဘူး
လူကြားကောင်းအောင်သာ ပြောင်းဖို့ကို ထောက်ခံသယောင် လုပ်ချင်လုပ်မယ်.
ဂွင်ပျက်သွားမှာ စိုးလို့. ပြောင်းရင်ကောင်းပါ့မလား မျှတမှု တကယ်ပဲပေးမှာလား
ငါတို့ကိုပဲ စည်းကျပ်မှာလား မေးခွန်းထုတ်လိုက်. သီအိုရီတေကို အဲ့လာ စာအုပ်ထဲမှာပဲ
ရှိတာပါကွာ ပြောလိုပြော. ဖြစ်ရပ်မှန် case study ပြတော့လည်း ဒါက ဒီနိုင်ငံအတွက်မဖြစ်နိုင်ဘူးဆိုလို့ဆို
ပြောရရင် ဖCHANGE မှာရေးခဲ့သလိုပါပဲ status quo မှာ နေလွယ် စားလွယ်
နေသမျှက အီနားရှားပဲ မက်မောတာ မဆန်းပါဘု.
ကဗျာ တစ်ပုဒ် ပြန်ရှာထည့်မယ်ဗျာ.
တိုက်ဆိုင်လို့ပါ. ကဗျာရေးသူကို ဆက်သွယ်ခွင့်တောင်းပြီးတော့ပေါ့.
အပေါ်ကစာနဲ့ အောက်ကကဗျာကို ဆက်စပ်ခံစားကျိစေချင်တာရယ်လို့
ခင်တဲ့
ဂီ
ကြောင်ဝတုတ်
March 20, 2013 at 1:56 pm
သွားလေသူ… စတိဂျော့ကြီးရဲ့စကားလေးဘဲ ပြန်ပြောချင်ပါတယ်…
Stay Hungry, Stay foolish ပေါ့ဗျာ…
ခင်မင်လျက်-
ဖက်ဖက်ကက်
awra-cho
March 20, 2013 at 2:03 pm
မြန်မာပြည်က ဆိုရင်တော့ မောင်ထိန်လင်း လားဘာလားသိဘူး၊ တစ်ယောက်ရှိတယ် ပြောကြတာပဲ။ ဖဘ မှာတော့ ဝိုင်းဘေလို့ နလန်မထုူနိုင်ရှာဘူး၊ ဒါနဲ့ ဒိထက်စုံစုံ ဖတ်ချင်လိုက်တာဗျာ၊
GZ
March 20, 2013 at 2:21 pm
အောင်မငီး.
ဟိုးထားကိုယ့်ဆြာရေ
အဲ့ဒါလေးနဲ့တော့ မနှိုင်းပါနဲ့
ဟိုက ပညာ အရရော တော်ရုံလူ မှန်းနိုင်ခဲတဲ့ ပညာရေးလမ်းကြောင်းကို လျောက်လှမ်းနေသူ
စာဂ အကျင့်စရိုက်အရရော သီလ မှာပါ မတ်နေအောင် နေနိုင်မှ
သူမှန်းတဲ့ နေရာကိုရောက်နိုင်မယ် ဆိုတာ ကို သိထားသူဗျ.
ဒါတောင်မပြည့်စုံ မကုံလုံသေးဘူး ကံတရား နဲ့ အချိန်နေရာ ကျနမှု ဆိုတာ လိုသေးသဗျ.
သူဒါကြီးမှန်းပြီး မှန်းကြောင်း ထုတ်ပြောပြီး မတ်နေအောင် မနေလို့မရဘူးဆိုတာ
သူ့ကိုယ်သူလည်း သိထားလိမ့်မပေါ့ဗျာ. ဘာလို့လဲဆိုတော့
သူတို့ဆီက အဝါရောင်မီဒီယာက ထိပ်ရောက်လာသူတွေ ရဲ့ ကိုယ်ပိုင်ဘဝ အမူအကျင့်နဲ့
ငယ်စဉ်ကာလ ဖြတ်သန်းပုံတွေ ကို ကျကျနန တူးဆွ တတ်လို့ပါပဲ
အဲ့သည်လို စနစ်ရှိတော့ လုပ်ရပ်က ကဒါဖီ ဖြစ်လျက် ရုပ်ထွက် က ဂန္ဒီ ဆိုတာမျိုး
လူထုကို လိမ်စားလို့မရဘူးပေါ့
သည်လိုစနစ်က လုံးဝဥသုံ ပြည့်စုံကောင်းမွန်တယ်လို့ မဆိုလိုပါဘူး
ဘာမဟုတ်တဲ့ ကိုယ်ပိုင်လူနေမှုဘဝ အသေးစား အမှားအယွင်းအကျအပေါက်ကနေ
ထိပ်ရောက်သင့်သူတွေ ဘေးရောက်သွားတာတို့ ဆူဆိုက်လုပ်သွားတာတို့ ရှိခဲ့ရဲ့ဗျို့
ဘုရားကဟောပါတယ်. အလယ်လမ်း ပါတဲ့
တော်သးဘီ
ခင်တဲ့
ဂီ
koaung
March 20, 2013 at 2:16 pm
ထိုုက်တန်တဲ့ရင်းနှီးမှုတော့ ရှိရမယ် မယုုတ်မလွန်တဲ့ကြိုုးစားမှု တော့စိုုက်ရမယ်နတ်စီတဲ့ အိမ်မက်လှလှများ
လွယ်လွယ်နဲ ့ မရ သီချင်းမဆိုုတာကြာလိုု ့ပါကိုုဂီရယ် ဆိုုကြည့်တာပါ
kai
March 20, 2013 at 3:04 pm
အရင်ဆယ်စုနှစ်ကြီးတွေကများ.. သာမန်အရပ်သားလေးတယောက်က.. သမ္မတမပြောနဲ့..ဝန်ကြီးအဆင့်တောင် မမှန်းနိုင်…။ အညွှန့်တွေချိုးပြီးသားဖြစ်နေခဲ့တာလေ..
စစ်ဗိုလ်ဖြစ်မှ.. တက်လမ်းအညွှန့်ရှိခဲ့တာ…။
အခုတော့..
လူငယ်တိုင်း..
မှန်းထား..တွေးထား..လုပ်ထား..
ကိုယ့်လှုပ်ရှားမှုတိုင်း.. မြင့်မြတ်ပစေ..
အမှားအယွင်းဖြစ်ခဲ့ရင်.. ဖြေရှင်းထား..
တချိန်မှာ.. မီဒီယာက စောင့်ကြည့်ကြပ်ခံရလိမ့်မယ်ပေါ့..
အညွှန့်တို့တလူလူ.. :harr:
GZ
March 21, 2013 at 7:05 am
တခါက ကြီးမေ မိန့်ခွန်းတခုကို သွားသတိရတယ်.. ဘာတဲ့ ..
အာဏာ လိုချင်လား ဆို ..လိုချင်တာပေါ့တဲ့ ..အာဏာရှိမှ ပြုပြင်ပြောင်းလဲသင့်တဲ့
အရာတွေကို ပြုပြင်ပြောင်းလဲ နိုင်မှာ မဟုတ်လား ..ဆိုပြီး (စကားလုံးအတိအကျမဟုတ်ပါ)
ဒီစာစုထဲက ကွန်ဇာဗေးတစ်ဗ် ချာတိတ်ရဲ့ စကားမှာလည်း အဲ့ဒါကိုသွားတွေ့ရရဲ့ ..။
သူက ကုလားထိုင်(position) ကိုမက်မောတာမဟုတ်ဘဲ ဒီ position ကိုရမှ
သူယုံကြည်ရာကို အကောင်ထည် ဖော်နိုင်မှာ ဆိုပြီး လုံ့လပြုနေသူဆိုတာ
မြင်ရရဲ့…။
ဒီစာအုပ်နဲ့မဆိုင်တဲ့ ကိစ္စတခုပြောပါဆို ..9/11 နောက်ပိုင်း ချာတိတ်တွေကို
အင်တာဗျူးတော့ မီးသတ်သမား ဖြစ်ချင်တဲ့ ချာတိတ်တွေများသတဲ့ ..။
အဲ့ဒါကို အဓိပ္ပါယ်ဖော်ကြည့်တော့ ..သူရဲကောင်းဖြစ်လိုစိတ် ပါတဲ့ …
သူရဲကောင်းဖြစ်လိုစိတ် ဆိုတာ လူပေါ်လူ လုပ်ချင်တာ လူအများချီးကျူးခံချင်တာက
သာမည ဖြစ်ပြီး ရှေ့ကနောင်တော်ကြီးများကို လေးစားအားကျမှု တိုင်းပြည်နဲ့လူမျိုးအတွက်
ပေးဆပ်လိုမှု အနစ်နာခံ စွန့်စားလိုတဲ့ လူငယ်စိတ်ဓာတ် .. ဒါတွေကြောင့်ပါတဲ့ ..။
ကျနော်တို့ဆီက ချာတိတ်တွေကို ဘဝရည်မှန်းချက်မေးကြည့်လိုက်တိုင်း ဆရာဝန်၊ အင်ဂျင်နီယာ ၊ လုပ်ငန်းရှင် ၊
အရာရှိကြီး .. ဒါတွေပဲ ထွက်ကျနေတာ ..သိပ် ပျင်းစရာကောင်းတယ်ဗျာ..။
ပိုဆိုးတာက ..ဘာလို့ ဒါဖြစ်ချင်ရတာလည်း မေးတဲ့အခါ အများစုက အကြောင်းပြချက် မပေးနိုင်ကြတော့.
မဖြေနိုင်ကြတော့ဘူးမဟုတ်လား ..။
အိုဘယ့် Passion
ရဲစည်
March 20, 2013 at 3:19 pm
အရင်ဆယ်စုနှစ်တွေက အဲ့စစ်သားတွေ( @#!&* ) တွေကိုပေါ့ …
အဲ့လို အညွန့်ချိုးတတ်အောင် …
ခပ်ရိုင်းရိုင်း ပြောရရင် ခြောက်တန်းမပြောနဲ့ စာတောင်မရေးတတ်တဲ့ ကောင်တွေကို အနှစ်ဆယ်ချီ အုပ်ချုပ်၊ မင်းလုပ်၊ လုပ်ချင်တာ လုပ်သွားတတ်အောင် …
သင်ပေးခဲ့တာ
နည်းလမ်းပြပေးခဲ့တာ
အခွင့်အလမ်းတွေ ပေးခဲ့တာ …
သခင်မျိုးဟေ့ … ဒို့ဗမာ
GZ
March 21, 2013 at 7:09 am
ပေါ်လက်တစ် အစ်စ်အီကွဲလ်တူ နံရံလေးဘက်ကြား ဆိုပြီး နှစ်ပေါင်းများစွာ
ပြဌာန်းလာခဲ့တော့လည်းဗျာ …
ခုချိန်က အခြေခံပညာအဆင့် သင်ရိုးညွှန်းတန်းမှာကို ပြင်သင့်တာပြင် ဖြုတ်သင့်တာဖြုတ်ပြီး
ပေါ်လက်တစ်ကယ် ဆိုင်းယန့်စ်အကြောင်းအီကိုနောမစ်စ် အကြောင်း ဂလိုဘယ်လိုက်ဇေးရှင်း နဲ့
အိုင်တီ အကြောင်း ဖြည့်သင့်နေပြီဗျို့…
မဟုတ်ရင်တော့ …..
ရဲစည်
March 20, 2013 at 3:28 pm
ဟေ…ဟေ့
ဆက်ဆွဲလိုက်ဦးမယ်
သမိုင်းဆိုတာ မအအောင်
သိုင်းဆိုတာ မခံရအောင်
သိုင်းဆိုတာ ချဖို့
သမိုင်းဆိုတာ ပြဖို့
သိုင်းချတာ ရန်ဖြစ်ဖို့မဟုတ်ဘူး
သမိုင်းပြတာ ပြန်နှစ်ဖို့ မဟုတ်ဘူး ….။
အိုဘယ့် အိုက်ဒီယိုလိုဂျီ
ကွီကွီ
MaMa
March 20, 2013 at 6:42 pm
စနစ်ကြောင့် မဟုတ်ဘူး …လို့ သဂျီးမကြာခဏ ပြောပြောနေတာကို…. တဖြေးဖြေးနဲ့ ထောက်ခံမိတော့မယ်။
နှစ်၁၀၀ဝ ကျိန်စာ။ :eee:
GZ
March 22, 2013 at 7:25 am
ခုပဲ အီလဲဗင်းက ပန်းသီး ဆိုတဲ့ ဆောင်းပါးကို ဖတ်လာဖြစ်တယ် …မာမားရေ …
ဆိုတဲ့ခံယူချက်တို့…
ဆိုတဲ့ ထောက်ပြပြောဆိုမှုတို့ …. အလွန် နှစ်သက် လက်ခံ သဘောကျပါဂျောင်းးး..
စနစ်ကြောင့် လူကြောင့် ..စနစ် မကောင်းမကန်းကို အုတ်မြစ်ချတဲ့ လူ အစုတ်အပြတ်ကြောင့်..
အစုတ်အပြတ် စနစ် က မွေးထုတ်လိုက်တဲ့ (မဆန့်ကျင်နိုင် မဆန့်ကျင်ရဲတဲ့) လူ မကောင်းမကန်းကြောင့်…
အိုဗျာ .. သခင်မျိုးဟေ့ ..ဒိုဘာမန်…
ကိန် ကိန်…
:byae:
ဦးကြောင်ကြီး
March 21, 2013 at 10:29 am
ဘယ်သူဘာတွေပြောပြော ကျုပ်ကတော့ ဒေါက်တာချက်ကြီးကို အားကျသာပဲ…. :harr:
Moe Z
March 21, 2013 at 2:46 pm
အဲဒီကလေး (၁၉နှစ်ဆိုတော့ ကလေးပဲ)က သူ့ရည်မှန်းချက်ကို ထောက်ခံအားပေးတဲ့မိဘကြောင့် သူလုပ်ချင်တာ တစိုက်မတ်မတ်လုပ်ခွင့်ရခဲ့လို့ ခုလိုထူးချွန်နေတာ … ဒီကမိဘအတော်များများက ကလေးဗိုက်ထဲမှာကတည်းက ဆရာဝန် အင်ဂျင်နီယာ လောက်မှန်းကြတာ..( ကြီးလာမှအဝေးသင်ယူပြီး ဆိုက်ကားနင်းချင်နင်း).. ခေတ်စနစ်ကြောင့်လို့လုံးလုံးတော့ပြောမရဘူး .. ကိုယ်တိုင်က ဗဟုသုတနည်းတာ.. လမ်းဟောင်းပဲလိုက်ချင်ကြတာ .. သားသမီးမျက်နှာနဲ့ ဂုဏ်လုပ်ချင်ကြတာလည်းရှိရဲ့ .. လောလောဆယ် သိပ်ချစ်တဲ့ကလေးတစ်ယောက် ဆရာဝန်ဖြစ်ချင်တာကို အမ်ဘီအေတက်ပြီး မိဘစီးပွါးရေးပဲလုပ်ရမယ်ဆိုလို့ စိတ်မကောင်းဖြစ်နေတာ
သူ့ရဲ့ဉာဏ်ရည် ဝါသနာ စိတ်အားထက်သန်မှု အရည်အချင်းနဲ့ဆို နောင်တစ်ချိန် ပါရဂူတစ်ယောက်ဖြစ်နိုင်ရဲ့နဲ့ .. 🙁
GZ
March 22, 2013 at 7:09 am
စကားလုံး အတိအကျမဟုတ်ပေမယ့် ဖတ်ဖူးတာလေးတခု ပြန်ဖောက်သည်ချမယ်.ညီမလေးမိုးဇိရယ်..
သားသမီးဆိုတာ ကိုယ်ပိုင်တဲ့ ..ကိုယ့်စိတ်ကြိုက် ပုံသွင်းယူရမယ့် အရာမဟုတ်ဘူး .. ကိုယ်
မြေတောင်မြှောက်ပေးရမယ့်အရာ သာဖြစ်တယ် လို့ ဖတ်ဖူးတာပဲ..။(စကားလုံးအတိအကျမဟုတ်ပါ..)
ကျုပ်တို့ဆီက မိဘအတော်များများက ဘောင်တခုထဲမှာပိတ်မိနေတယ်.. ခေတ်စနစ်အရ..
ပေါ်ပြူလာဖြစ်တာ ခေတ်စားတာကို လိုက်စေချင်ကြတဲ့သဘောတွေ့ရတယ်..။
နောက်တခု ကိုယ် ဖြစ်ချင်ခဲ့တာ ကိုယ်မဖြစ်ခဲ့တာအတွက် ကိုယ်မွေးတဲ့သားသမီးကို
ဖြစ်အောင် လုပ်ခိုင်း လုပ်စေချင်ကြတာ လည်း တွေ့ရတယ်..။ ဒီသဘောတွေပေါ့..။
ကျုပ်ကတော့ စနစ်ကိုပဲ ထပ်သမ အုံးမယ်…။ ဘယ်အမှတ် မရရင် ဘယ်လိုင်းလျှောက်မရ
ဆိုတာ ကို ရေလည်ချဉ်တယ်…။ အဲ့ဒါကြောင့်ပဲ ၆ကျင့်တွေပျက်နေတာ ပေါ်ပြူလာလိုင်းတွေမှာ
လူတွေ ပြုံတိုးနေတာ မိထူးတွေ အလုပ်များနေတာ လို့ပဲ ပြောချင်တယ်…။
သတ္တိရှိရင် ဆယ်တန်းအောင်တာ ဆယ်တန်းအောင်တာ သပ်သပ် ..တက္ကသိုလ်ဝင်တာသည်
တက္ကသိုလ်ဝင်ခွင့် စာမေးပွဲသတ်သတ် လုပ်ကြည့်ပါလား။ ဆယ်တန်းကို ဘယ်အမှတ်နဲ့ ဘယ်လိုအောင်အောင်
သက်ဆိုင်ရာ ဘာသာတွဲ နဲ့ ဆက်စပ်တဲ့ တက္ကသိုလ်ကို လျောက်ထားဖြေကြားခွင့် ပေးလိုက်ပါလား..
ကျိချင်သားဗျာ..။
ဇီဝကမ္မဗေဒ က သုတေသန လုပ်နေတဲ့ ဆြာ၂ယောက်ရဲ့ စကားကို ပြန်ဖောက်သည်ချရရင်
ဆေးကျောင်းတက်တဲ့လူတွေရဲ့ ပျမ်းမျှ အိုင်ကျူက ၁၀ဝ ပါတဲ့ ..နည်းနည်း အံ့ဩသွားတယ်..
ဘာကြောင့်လည်းဆိုတော့ ၁၂ဝကျော်မှ ဉာဏ်ကျယ်လေးများလို့ သတ်မှတ်တာမဟုတ်လား..
ဆိုလိုချင်တာ ..သာမာန်ဉာဏ်ရည်နဲ့ ပြင်းပြစူးစိုက်တဲ့ ဇွဲလုံ့လ သာရှိပစေ ..ဆရာဝန်ဖြစ်နိုင်တယ်
ဆိုတာပါပဲ…။ ဟုတ်ကဲ့ ..သူတို့ပြောတာ ဖြစ်နိုင်ချေရှိပါတယ်။ ဘာလို့လဲဆိုတော့ …မဟာဗျူဟာ
နည်းဗျူဟာ စတာတွေ စဉ်းစားစရာလည်းမလိုသလို ..နိုင်ငံရေးလိုလည်း ထွေလီကာလီ စဉ်းစားးစရာမလိုဘူးလေ..
ကျက်မှတ်လေ့လာထားတာတွေကို recall လုပ်ရင်း လက်ရှိ မျက်စိရှေ့က လူနာဆီက ရတဲ့ အချက်အလက်တွေကို
တိုက်ဆိုင်ပြီး အဖြေတခု ကောက်ချက်ချရတဲ့အလုပ် မဟုတ်လား..။ ပြီးတော့ ..အဖြေဆိုတာကလည်း အသစ်တခု
တီထွင်ရတာမဟုတ်ဘဲ ..ဘယ်ရောဂါအတွက် ဘယ်ဆေး ဘယ်ကုထုံးဆိုတာ ရှိနှင့်ပြီး ဖြစ်သလို အမျိုးမျိုးသော
ကုထုံးများထဲကမှ လူနာနဲ့လိုက်ဖက်ကိုက်ညီမယ့်ဟာတခုခု ကို ရွေးပေးရတဲ့အလုပ် (ဝါ) မှတ်ဉာဏ်နဲ့ ဗဟုသုတ
ဆင်ခြင်တုံတရား ကိုပဲ တူးဆွတဲ့အလုပ်ကိုး (ပျမ်းမျှအားဖြင့်ပြောတာပါနော..) ရီဆာ့ချ် ပိုင်းတွေအကျုံးမဝင်ဘူး
ဆိုပါတော့..။
ဆိုတော့ တကယ်တမ်းပြောချင်တာက ဒီအလုပ်ကို ဝေဖန်ရှုံ့ချချင်တာမဟုတ်ပါဘူး ။
အထက်က စနစ်ကို အားပါးတရ သောက်မြင်ကပ်ရရင်ဖြင့် .. အိုင်ကျူလည်းမကွာပါဘဲ
လုပ်ခွင့်ရရင်လည်း လုပ်နိုင်မှာ ဖြစ်သော်ငြား ၅မှတ်လို ၁ဝမှတ်လို နဲ့ ဆေးကျောင်း (ဝါသနာပါရာအခြား အင်စတီကျု)
ဝင်ခွင့်မရသူတွေကို အားနာ လွန်း စိတ်မကောင်းလွန်းလို့ပါဗျာ..။
စိတ်ဓာတ်မရှိဘဲ ..ဘွဲ့တခုရယုံ မင်္ဂလာဆောင်ရင် ထည့်ရေးကောင်းယုံ လောက် .. ဆြာဝန်ဘွဲ့ကိုယူ
ကျောင်းပြီးတော့ မိဘ လက်ငုတ်လက်ရင်း ဆက်လုပ် သူလုပ်.. သချင်္ ိုင်းကုန်း(ဟံသာဝတီကားပွဲစားတန်း) ထဲရောက်သူရောက်
ဆေးကန်ပနီမှာ အဆင့်မြင့် ဆေးလ်ဂဲလ် ဝင်လုပ်သူလုပ်.. ဆြာဝန်ဘွဲ့ယူပြီးမှ ကလေးတွေနဲ့ ရောပြီး မန်းနေ့ချ်မန့် စဖတ်သူဖတ်
ဟုတ်နေတာပဲ …
ညီမလေးပြောသွားတဲ့ မိဘ မှန်ချင်မှမှန်မယ်…(မှားဖို့များပါသည်)
သို့သော် တနေ့သေကြရမှာမို့ မသေခင်လုပ်ချင်တာလုပ်တဲ့ လောကကြီး…
သတ္တိရှိသလား.. (မိုက်သွေးဘယ်လောက်ပါသလဲ) ချာတိတ်ကို မေးကြည့်ပေါ့… အာ…ဟိ…
:528:
padonmar
March 21, 2013 at 11:18 pm
မောင်ဂီ
ဒို့တွေ အမှောင်ဖုံးခံရလို့ နောက်ကျနေပေမယ့် အခုကစပြီး ကောင်းအောင် ကြိုးစားကြရင် နောက်မျိုးဆက်တစ်ခုလက်ထက်မှာ ပြန်ကောင်းလာရမယ်လို့ အန်တီတော့ ယုံကြည်ပါတယ်။
ဒီ အသီးအပွင့်ကို ဒို့တော့ စားသုံးခွင့်ရချင်မှရမှာပေါ့။
နောက်မျိုးဆက်တွေ စားသုံးရရင်လည်း ကျေနပ်ရမှာပါ။
GZ
March 22, 2013 at 6:42 am
ဟုတ် ..
အန်ကယ်ဒုံ…ကျော်လည်း ယုံကြည်ပါကြောင်း
အပြောင်း အလဲကို ရဲရဲ သွားဖို့ လိုအပ်ကြောင်း ထပ်ပြီး ရေးမိတဲ့ စာစုဖြစ်ပါကြောင်း..။
အနှီစာအုပ်ထဲမှာ ဘာသာပြန်ရမှာတောင် လန့်လာတဲ့ true story တွေရှိနေပြီး
အံ့ဩ အားကျ ယူရတာတွေများလွန်းနေပါကြောင်း..
၁၀ဝလုံးမဟုတ်ရင်တောင် ထူးခြားတဲ့ ဇာတ်ကြောင်းအတော်များများ ကို ဘာသာပြန်ဖြစ်ဦးမယ်
ဖြစ်ပါကြောင်း..။
ကြောက်စရာကောင်းလောက်အောင် တော်တာ တို့ … လိုက်မမီလောက်အောင် IQ မြင့်တာတို့
တော့ မတွေ့မိဘဲ… ဦးညွှတ်အလေးပြုချင်လောက်အောင် စိတ်ဓါတ်မြင့်မားတာ အရွယ်နဲ့မလိုက်အောင်
ရင့်ကျက်ပြည့်ဝတာ တည်ငြိမ် လေးနက်တာတွေ တွေ့တော့ .. ကျနော်တို့ မမီတောင် ..
ကျနော်တို့ သားသမီးတွေကို အဲ့သည်လို ဖြစ်အောင် သင်ကြားလေ့ကျင့်ပေးစေချင်တဲ့ စနစ် တခု
ရရှိစေချင်မိတာပါပဲ …။
သခင်မျိုးဟေ့ ..ဒို့ အဟွာ …
(သိဘူးလေ..၂လုံးတည်းနဲ့ အဟွာကျပ်နေတာ သူက နောက်တလုံးပစ်ထည့်တော့
ဘာရွတ်ရမယ်မှန်းမသိတော့..)
ခစ်ခစ်..
:harr: