Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ဒီဘဝ ဒီမျှပဲ မို ့… နှုတ်ဆက်ခဲ့ပါတယ် ။

alinsettMarch 23, 20131min3949
အချစ် အတွက်တော့  ဒီဘဝ ဒီမျှ..ပဲ.ကွယ် ။ ကိုယ့် အချစ်  နေဝင်ပြီ ။
အချစ် အတွက်တော့
ဒီဘဝ ဒီမျှ..ပဲ.ကွယ် ။
ကိုယ့် အချစ် နေဝင်ပြီ ။

ဒီ ဘဝ ဒီမျှ ပဲမို ့…..

* အသည်းသက်မက ချစ်ပြမယ်..လို ့

အမြဲ မှတ်တရ လှစ် ဟ ခဲ့လည်း….

အော်….အခုတော့……

အစွဲ အသ ခွဲ…ခွဲ..မွှ ရက်သူရေ…..

* ဝေဟင်ကနေ… ကြွေ…စင်…. ကျ သလိုပါပဲ…

ရွှေခင်နှမကို ချွေ..နွှင် ..ပြ ချင်တဲ ့မောင့်အသည်း….

အော်….အခုတော့……

တွဲ..ချိတ် မရ … ကွဲ… စိတ်…မွ လေပြီ…။

* ဝေဒနာကို…..

ဆွေသဟာ.. ဝေ မမျှချင်ပေမယ့်…

အသေ အကျတစ်ကောင်လို… မြေ ခရတော့မှာမို ့…

အော်…အခုတော့….

စွေ ပြ ချင်ရဲ ့ မိုး..ပမာ…..။

* ပန်းမောင့်သခင်နဲ ့ လွဲ ခဲ့ပြီမို ့….

လှမ်း..နောက်တစ်ပင်လည်း…. ဆွဲ….နွဲ ချင်တော့ပါဘူး…

အရှုံးသမားရဲ ့ သင်ခန်းစာ…

နှလုံးသားမဲ ့..ရင် ခြမ်း ဟာ ပြီ ကွယ့်….

အော်…. အခုတော့……

ရှင် ခန်းမှာတဲ ့ လုံလောက်ပြီ …

* အော်….အခုတော့…..

ရှင်ခန်းမှာတဲ ့… လုံလောက်ပြီ ….။

…………………. ။

*************************************************************************************

ဗေဒါတွေ..လေမှာမပျံဘူးလို့ပြောနိုင်မလား။
ဗေဒါတွေ..လေမှာမပျံဘူးလို့ပြောနိုင်မလား။

ကျွန်တော်……ပထမဆုံးရေးမိတဲ ့

ကိုယ်တိုင်ရေး ကာရန်စနစ်နဲ ့ ကဗျာပါ ။

မော်ဒန်နဲ ့ ပိုစ့်မော်ဒန်… စာပေ ဖန်တီးမှု ကိုသာ..

စိတ်ဝင်စား အားသန်ချင်နေတဲ ့ ကျွန်တော့်အတွက်…

ပထမဆုံး… ကာရန်လိုင်းထဲကနေ ရေးဖြစ်တဲ ့ ကဗျာ တစ်ပုဒ်ပါ ။

—————-

ကာရန် စနစ်နဲ ့ ကဗျာရေးခြင်းမှာ.. တော်တော် ညံ့သေးတဲ ့ ကျွန်တော့် လက်ရာကို…

ဖတ်ရှု မိကြတဲ ့.. စာ / ကဗျာ ချစ်သူ မိတ်ဆွေများ….

ဖတ်ရှု ခံစားပြီး…

ဝေဖန် အကြံပေးကြပါဦးနော် ။

—————.

လေးစားစွာဖြင့်

အလင်းဆက်

22 .3 .3013 . 11 း 10 AM

alinsett.art@gmail.com

9 comments

  • ရာမည

    March 23, 2013 at 10:01 pm

    ဆရာမောင်စိန်ဝင်းကဗျာတွေသတိယမိပါတယ်…
    အားပေးပါတယ် ကိုအလင်းဆက်ခင်ဗျာ
    ကျွန်တော်တို ့လို မရေးတတ်သူအဖို ့
    ကောင်းတယ်ဆိုတာကလွဲပြီး ……

  • padonmar

    March 23, 2013 at 10:16 pm

    အလက်ဆင်းရယ် နှုတ်ဆက်ခဲ့ပါတယ် ဆိုတော့ လန့်သွားတာပဲ။

  • mobile

    March 24, 2013 at 9:02 am

    နှုတ်ဆက်တယ်ဆိုလို့….
    ရွာထဲကထွက်သွားမှာများလားလို့….
    ရွာထဲမှာ တစ်ယောက်အရှုပ်သက်သာတော့မယ်ဆိုပီး..(…ဋီးးးးးးး ဋီးးးး)
    အပြေးအလွှားဝင်ကြည့်လိုက်တော့…. ဒီလိုကို……

  • ဒီဘဝ ဒီမျှပဲ
    မင်း ငါ့အသည်းကို ခွဲ
    ငါ အရမ်း ပေါက်ကွဲ ….
    တကယ်ဆို ….
    မင်းကို အခုလိုပဲ …
    ……..
    …. ယ …..
    ……………. ီ ……
    …………………. း ……….
    ……ဘ …………
    …………….. ဲ …………..။
    :mrgreen:

  • Mr. MarGa

    March 24, 2013 at 12:34 pm

    ဖတ်သွားပကွယ်
    ဒါဗျဲ :mrgreen:

  • ဗုံဗုံ

    March 24, 2013 at 3:44 pm

    အဟီးး ဦးလေးဆက်ကြီးများ ဘုန်းကြီးဝတ်တော့မှာလားလို့ အပြေးအလွှားလာ ကြည့်တာ :mrgreen:

  • အလင်းဆက်

    March 24, 2013 at 7:26 pm

    ရာမညရေ..
    ဆရာမောင်စိန်ဝင်း ရဲ ့ကဗျာတွေကို ကျွန်တော်လည်း.
    ဖတ်ပြီးတိုင်း… ချစ်မြတ်နိုးစွာ.. သတိရတတ်တယ် ။
    သူ ့လိုလည်း..ရေးတတ်ချင်လိုက်တာလို ့.. တွေးမိပါတယ် ။
    —————

    အန်တီပဒုမ္မာရေ..
    ချစ်သူကို နှုတ်ဆက်တာပါနော် ။
    ဂဇွက်ကိုတော့..နှုတ်ဆက်ဖို ့ အစီအစဉ် မရှိသေးပါဘူး ။
    နှုတ်ဆက်စကား..မပြောရက်တဲ ့ အရာတွေထဲမှာ..
    ကျွန်တော် ချစ်သော ဂဇက်…လည်း…
    ပါ တယ် ။
    🙂

    ———————-

    အူးမိုဘိုင်း..
    တကယ် နှုတ်ဆက် ရင်..
    အရှုပ်သက်သာမယ်..ဆိုပြီး… ဝမ်းသာနေမှာပေါ့လေ. ။
    ငိုချင်တယ် ။
    စိတ်မကောင်းဘူး ။
    ချစ်သုဝေ..ကို ဖတ်ပြီး.. ငိုချင်တယ်ဗျာ ..။
    ဂလု ။
    🙂

  • အလင်းဆက်

    March 24, 2013 at 7:30 pm

    ချစ်သော အံအံ
    အောက်ဆုံးက.. စာသားက ဘာတုန်းကွယ် ့ ။ :kwi:
    —————
    အူးအူးမာဂ
    ဖတ်သွားပါတယ်.ဆိုလို ့
    ကျေးဇူးတင်ပါတယ်ကွယ် ။
    ဒါဘဲ.. ။ ဟိုဟာ..ကြက်
    🙂

    ————————

    ဗုံဗုံ..

    ဘုန်းကြီးက ဝတ်တော့ ဝတ်ချင်ပါတယ် ။
    ဒါဘေမယ့်….
    ချစ်သုဝေ နဲ ့ အိမ်ထောင်လေး ဘာလေးကျပြီးမှ ပဲ.. ဝတ်မယ် စိတ်ကူးတယ် ။
    🙂

  • kyeemite

    March 25, 2013 at 8:42 am

    အလန့်ထညက် အလင်းဆက်
    နှုတ်ဆက်ကဗျာ ဖုတ်ဖက်ခါ
    ရုတ်တရက်ကွာ ရှုပ်လျှက်ပါ
    မလုပ်ရက်ပါ နှုတ်ဆက်တာ…. :kwi:
    ဘာရယ်မဟုတ် လျှောက်ရေးသွားပါဂျောင်းးးး

Leave a Reply