ပေါက်အံမွန်ဗုံ ကဗျာကြီး
–
–
+++++++++++++++++++++++++++++++
လက်ချိုးရေတွက်စရာ
နေ့ရက်တွေလည်း မရှိ …
မင်းလေးနဲ့ဝေးနေတာ
ဘယ်လောက်ကြာပြီမသိ ………..။
ရိသဲ့သဲ့ ပြောခဲ့တဲ့ ငါ့အတွက်
မင်း မရက်စက်ပါနဲ့ …
သိရဲ့နဲ့ဖောခဲ့တဲ့ မင်းစကားတွေလည်း
ဟက်ထိပါတယ် ….
ရက်ဆက်တာက ပြက္ခဒိန်
ဆက်လိမ်နေလည်း မထူးတော့
ခပ်ရေးရေးလေးတော့ မျှော်လင့်ချက်ပေး ………..။
အီးပေါက်ချင်တယ်…
ဒါမယ့် .. အီးပေါက်ရုံနဲ့ ခေါင်းကိုက်တာမပျောက် …
ပေါက်ကရတွေ လျှောက်စားနေလည်း ..
အောက်ကလေတွေ ဖောက်ချလိုက်တာ မနည်း
(( ဘူးဘွမ်ဘွမ် )) ……………..။
အချစ်အတွက်ဆို
အားလုံးနဲ့ စစ်ခင်းမယ်ဆိုတဲ့ ငါ့စိတ်တွေလည်း
အခါခါ ကျရှုံးခဲ့ …
ပေးထားတဲ့မျှော်လင့်ချက်
နောင်မှာရက်စက်ဘို့အတွက်
ကြိုတင်ကာ ချည်နှောင်တဲ့ ကြိုးတွေဆိုတာ
မသိအောင်အမှောင်ဖုံးခဲ့ ……………။
ရှုံးခဲ့ ….
အတုံးအလဲ …..
မုန်းမြဲ ….
ရှုံးဆဲ ….
ငါ ငတုံး တစ်ယောက်ပါပဲ ………..။
ကြုံးရုံးပြီး အော်ချင်နေလည်း..
စကားတွေက ရင်ထဲမှာပဲ
ရူံးခဲ့တာလည်း ငါမမူ့ပါဘူး
အတုးံအရုံးလဲတာလဲ ငါမမူ့ပါဘူး
အမုန်းတွေစွက်နေတဲ့ မင်းအပြုံးကသာ
ငါ့ကို ငတုံးလို့ လူသိအောင် ရက်စက်တာကို
မမေ့နိုင်တာပါကွယ် ……………။
ယုံလားတော့ မသိဘူး
ဒဂုံ တံတားကတော့ လှုပ်စိ လှုပ်စိ
ငါ ပြုံးမိတဲ့ နေ့ရက်များ
အတွေးဆက် မများချင်တော့ ………….။
အော် .. မင်းလည်း မင်းဒုက္ခ ..
ငါလည်း ငါ့ဒုက္ခ ..
အရှုပ်ထုပ်တွေနဲ့ က ..
ဒါ .. လောကရဲ့ ဇာတ်ခုံဘဝ ………………။
အေး .. ဆက်ဒူးးး
မင်းတွက် ရည်စူး
ကဗျာတွေလည်း ရေးခဲ့ဖူး
အတွေးနဲ့ ငါရူး
((( ထမင်းလွတ် ဟင်းလွတ် ရူးပါ့လား )))
ဟူးးးး ဟူးးးး ဆက်တတ်တော့ဘူး ……………..။
ကျုပ်လည်း မထူးတော့ဘူး …
အရက်နဲ့ ဖြေတော့မယ် …
ဂနေ့ကစပြီး အရက်ချတော့မယ် ..
မူးစေ .. ရူးစေ …
ဒါဗျဲ .. လောက ကို ရီဝေနဲ့ အကြည့်တွေနဲ ကြည့်တော့မယ် ….
နှလုံးသားကို အရက်များနဲ့ ဖုံးထားမယ် …………..။
လေပါတယ်ဗျာ …
လောကကြီးက မတရားဘူးဗျာ …
ကျုပ်ကို ခြေထောက်နဲ့ ခဏခဏ ဆောင့်ကန်တယ် ..
အွန့် …. ((ရင်ဘတ်အောင့်သံ))
အဲ့လိုလည်း ခဏခဏ ဖြစ်တယ် …
ထူးပါဘူး …
ဒါတွေကို အရက်နဲ့ မျှောပလိုက်တော့မယ် ..
ဂနေ့ကစ မိုက်တော့မယ် …
နံမယ်နဲ့ လိုက်အောင်လည်း
လူမြင်ရင် အံချင်စရာ ဖြစ်အောင် နေပလိုက်မယ် …
လောကကြီး ကို စိတ်နာတယ် ………….။
+++++++++++++++++++++++++++++++++++++
Credit : လေးပေါက်၊ အံစရာ၊ မွန်မွန်၊ ဗုံဗုံ (((လူဇိုးများ)))
+++++++++++++++++++++++++++++++++++++
16 comments
ဦးကြောင်ကြီး
March 25, 2013 at 8:32 am
လောကစိတ်နာ
ဘောပြထိပ်ခွာ
ရောမလိပ်စာ
ကျောချအိပ်ယာ
တောကလိပ်ပြာ
မောလှစိတ်နာ
ဒေါပွပြိတ္တာ
ဩဘရိပ်သာ..။
KZ
March 25, 2013 at 8:40 am
ဟင်။ ဘယ်တုန်းက စပ်လိုက်ကြတာတုန်း။ 🙄
ကျုပ် ဘာလို့မသိလိုက်တာတုန်း။ 🙄
ဂလိုမှန်းသိ လာပြီး ကျုပ်ရဲ့ ကဗျာ အရည်အချင်းတွေ ထုတ်ဖော်ပြမှာပေါ့ကွယ်။

အားလုံး လက်ဖျား၊ ခြေဖျား အကုန်ခါပြီး ဖျားသွားအောင်။
ခုတော့။
ကျန်း:::::::
ကျုပ်ကို ခေါက်ထားကြတာ။
မုန်းဒယ်။
ဗုံဗုံ
March 25, 2013 at 8:54 am
မမဂျီး ချိတ်ချိုးနဲ့ အဲ့ဒီနေ့က မမဂျီးက ဖိတ်စာတစ်ခြမ်းရိုက်နေတာ မအားဘူးဆိုလို့ပါ

ဟို အံဖတ်ဆို့ဂျီး အိုက်ဒီကဗျာတော်ကြီးကို ဒေါ်လာတစ်သောင်းနဲ့ ဝယ်တယ်လို့ ကြားတယ် နာဒို့သုံးယောက်ဆီကို ဒေါ်လာ နှစ်ထောင့်ငါးရာဆီ ဒီနေ့ချက်ချင်းလွှဲပေးလိုက်ပါ အင်တိုက်အားတိုက် ရွတ်ဆိုထားရတာ မပေးရင် နင့်ဂို တရားစွဲမယ် ဒါဘဲ
ကိုပေါက်(မန္တလေး)
March 25, 2013 at 4:28 pm
အဲဒီနေ့က အားလုံးကိုဖိတ်ခေါ်ပါတယ် မလာကြလို့ပါကွဲ့
kyeemite
March 25, 2013 at 10:55 am
ပေါက်အံမွန်ဗုံ ကဗျာဂျီး ဆိုပါလား..
အံစာတုံးဂျီးရေ…
“ဂနေ့ကစ မိုက်တော့မယ် …” ဆိုရင်တော့
ရွာထဲက “ကြီးမိုက်” ဆိုတဲ့ သူတော်ကောင်းဂျီးနဲ့ပေါင်းကွ :harr:
မောင် ပေ
March 25, 2013 at 11:21 am
ပေါက်အံမွန်ဗုံ
လျှောက်ပြန်တွံနုံ
မျောက်ဆန်ဖွန်ခုန်
သောက်ရန်နွံကြုံ
မှောက်လန်ချွန်အုံ
koaung
March 25, 2013 at 12:15 pm
ဝမ်းနှုက်ဆေးကြော်ညာကို ကဗျာစပ်ထားပုံကထိမိပါ့ :harr:
GaviaGirl
March 25, 2013 at 3:05 pm
နာ့ နာမည် ပါလို့ ရောက်လာတာ… 🙂 နာ့ကိုနာ ဘာတွေရွတ်လိုက်မှန်းတောင် မှတ်မိတော့ဝူးရယ်.. ကွန်မန့်ပေးရမယ်ဆိုလို့ လာပေးတာ.. ဒါဗြဲ.. :harr:
ကိုပေါက်(မန္တလေး)
March 25, 2013 at 4:26 pm
ဘယ်သူက ဘယ်အပိုဒ်ရေးတယ်ဆိုတာကို ဖော်နိုင်ရင် ဆုပေးမယ်
ဒါ ဗျဲ
Mr. MarGa
March 25, 2013 at 7:42 pm
တကယ့် ကဗျာဂျီးပါလား………………….
လေးယောက်ပေါင်း လောင်းကျော် ဆိုတာ ဒါမျိုးကို ပြောတာ
နေဝန်းနီ
March 26, 2013 at 10:48 am
အီးပေါက်ချင်တယ်…
ဒါမယ့် .. အီးပေါက်ရုံနဲ့ ခေါင်းကိုက်တာမပျောက် …
ပေါက်ကရတွေ လျှောက်စားနေလည်း ..
အောက်ကလေတွေ ဖောက်ချလိုက်တာ မနည်း
(( ဘူးဘွမ်ဘွမ် )) ……………..။
အဲဒါ အံဆာဒုံး ရေးတဲ့အပိုဒ် ဟုတ်တယ်ဟုတ်
ကိုပေါက်(မန္တလေး)
March 26, 2013 at 2:37 pm
ကိုနေ များသွားပြီ
alinsett
November 10, 2013 at 11:56 am
အခု မှ ဖတ်ရတယ်ကွာ
🙂
ကပ္ပိယ သာဒင်
November 10, 2013 at 2:43 pm
မဟာဆန်သူသီချင်းလိုစုပေါင်းရေးထားတာ ကောင်းတယ်ဗျာ
ကိုပေါက်(မန္တလေး)
August 28, 2014 at 10:38 pm
အခုမှ ပြန်ဖတ်မိတော့ ကိုယ် ဘယ်အပိုဒ်ေ ရးလ ိုက်တယ် ဆို တာ တောင် မမှတ်မိတော့
ခင် ခ
August 28, 2014 at 11:48 pm
လေးယောက်တောင်စုကာစပ်တယ်
တစ်ယောက်ထဲဖတ်ကာမဖော်နိုင်တယ်
ဘော်ဒါအပေါင်းစုကာဖတ်ဖို့
ဒီတစ်ညတော့ ချိန်းလိုက်ကြတယ်
အရက်ဆိုင်ဝယ်