Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

၂၀၅ဝ ခုနှစ်တွင် ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှု ရှစ်ဆယ်ရာခိုင်နှုန်းလျော့ချနိုင်ရေး အမေရိကန်နိုင်ငံက ဆောင်ရွက်လျက်ရှိခြင်း

Mr WorldWideMarch 28, 20131min3245

အမျိုးသား သုတေသနကောင်စီ အစီရင်ခံစာအရ အမေရိကန်နိုင်ငံသည် ၂၀၅ဝ ခုနှစ်တွင် ဓာတ်ဆီသုံးစွဲ မှုနှင့် ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှုကို ၈ဝ ရာခိုင်နှုန်းအထိလျော့ချနိုင်လိမ့်မည်ဖြစ်ကြောင်း၊ ဤကဲ့သို့ လုပ်ဆောင်နိုင်ခြင်းမှာ မော်တော်ယာဉ်ငယ်များတွင် ပိုမိုအဆင့်မြင့်သောစနစ်များ တပ်ဆင်အသုံးပြုခြင်း ကြောင့်လည်းကောင်း၊ ရုပ်ကြွင်းလောင်စာများအစား ဇီဝလောင်စာ၊လျပ်စစ်နှင့်ဟိုက်ဒရိုဂျင်တို့ကို အစားထိုး အသုံးပြုနိုင်ခြင်းကြောင့် လည်ကောင်း၊ တင်းကြပ်သောအစိုးရမူဝါဒများဖြင့် ကုန်ကျစရိတ်လျော့ကျစေခြင်းနှင့်လူတို့၏ သဘာဝဝန်းကျင်ကို ထိခိုက်စေနိုင်မည့် ပစ္စည်းများအား အသုံးပြုလိုမှုနှင့် ပတ်သက်သော တောင်းဆိုမှု များကို ထိန်းချုပ်နိုင်ခြင်းတို့ကြောင့်လည်းကောင်း ဖြစ်ပေသည်။ အဆိုပါ စီမိကိန်းကို အကောင်အထည် ဖော်ရာတွင် အခက်အခဲများရှိနိုင်သော်လည်း ထိရောက်သောမူဝါဒများချမှတ်ကာ နည်းပညာတိုးမြှင့်ဆောင်ရွက် နိုင်ခြင်းဖြင့်အောင်မြင်မှုရရှိနိုင်ပေသည်။
အထက်ပါ ရည်မှန်းချက်ကို ပြည့်မီစေရေးအတွက် မော်တော်ကားထုတ်လုပ်ရေးတွင်လည်း အင်ဂျင်ပါဝါကို ဦးစားပေးသည့်အခြေအနေမှသဘာဝပတ်ဝန်းကျင်ကို ဦးစားပေးထုတ်လုပ်သည့် အနေအထား သို့ပြောင်းလဲရမည်ဖြစ်ကြောင်း အမျိုးသားသုတေသနကောင်စီမှ မစ္စတာ ဒေါက်တာကလက်အမ်ချာပင် ကပြောကြား ခဲ့ပါသည်။ အလားတူပင် ဖန်လုံအိမ် အာနိသင်ကို မဖြစ်ပေါ်စေသော ဟိုက်ဘရစ်လျပ်စစ်ကားများ၊ ဘက်ထရီလျပ်စစ်ကားများ၊ ဟိုက်ဒရိုဂျင်လောင်စာဆဲလ်လျပ်စစ်ကားများ နှင့်ဓာတ်ငွေ့သုံးကားများအားထိရောက်စွာ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနိုင်ရေးကိုဆောင်ရွက်ရန် လိုအပ်ပေသည်။အနာဂါတ်ကာလတွင် တစ်ဂါလံလျင် ၁၈ဝ မိုင် အထိမောင်းနှင်နိုင်ရေးအတွက်လည်း နည်းပညာ အဆင့်မြှင့်တင် ဆောင်ရွက်ရပေမည်။
သို့ဖြစ်ပါ၍ ၂၀၅ဝ ခုနှစ် ရည်မှန်းချက်အားပြည့်ဝစွာအကောင်အထည်ဖော်နိုင်ရေးအတွက် အကောင်း ဆုံးသော ချဉ်းကပ်ဆောင်ရွက်မှုမှာ ယာဉ်များအတွက်ဈေးသက်သာပြီး ဖန်လုံအိမ်အာနိသင်ထွက်ရှိမှုကို အဆုံးစွန် လျော့ချနိုင်မည့် လောင်စာအသစ်တစ်မျိုးကို အစိုးရနှင့် ပုဂ္ဂလိကတို့၏ အကူအညီရယူလျက် ရှာဖွေသုတေသန ပြုလုပ်ခြင်းပင် ဖြစ်ပေတော့သည်။

http://www.sciencedaily.com/release/2013/03/130318151627.htm

5 comments

  • kai

    March 28, 2013 at 3:51 pm

    US Falls Behind China in Low-Carbon Competitiveness
    Environmental Leader-Mar 26, 2013
    China outpaced the US to become one of the top three G20 economies best prepared to compete in a low-carbon economy, according to an …

    လောလောဆယ်သတင်းအရတော့.. ချိုင်းနားက.. ယူအက်စ်ထက် ဂရင်းဂရင်းလုပ်တာ… သာသွားတဲ့သဘောရှိပါတယ်..။
    =

  • MaMa

    March 29, 2013 at 7:29 am

    အနာဂါတ်ကာလတွင် တစ်ဂါလံလျင် ၁၈ဝ မိုင် အထိမောင်းနှင်နိုင်တဲ့ နည်းပညာဆိုလို့ မျက်လုံးတောင် ပြူးသွားတယ်။

    မဖြစ်နိုင်ဘူးလို့ ဆိုလိုတာ မဟုတ်ပဲ စက်သုံးဆီဈေးတွေများ ကျတော့မလားလို့ ဝမ်းသာသွားတာ။

    ခုနှစ်တွေမှာ သွင်းလာတဲ့ မော်ဒယ်မြင့် အင်ဂျင်ပါဝါများတဲ့ အော်တိုဂီယာကားတွေက တစ်ဂါလံကို ကီလို ၂၀-၃၀-၄ဝလောက်ပဲ ရတယ်။
    ကားစားတာ လူစားတာထက် များနေလို့ အွန်ဖု ဘိုင်ဘတ်စ်ပဲ သုံးရတော့မလို ဖြစ်နေတယ်။ :eee:

    • ဖားသက်ပြင်း

      March 29, 2013 at 7:40 am

      ဒီလိုတော့ တွေ့တာပဲ မာမားရေ..

      The first generation Prius sedan has an estimated fuel economy of 52 miles per US gallon (4.5 L/100 km; 62 mpg-imp) in the city and 45 miles per US gallon (5.2 L/100 km; 54 mpg-imp) in highway driving. The two-door first generation Insight was estimated at 61 miles per US gallon (3.9 L/100 km; 73 mpg-imp) miles per gallon in city driving and 68 miles per US gallon (3.5 L/100 km; 82 mpg-imp) on the highway.

      http://en.wikipedia.org/wiki/Hybrid_electric_vehicle

      တကယ်တော တဂါလံ မိုင် ၇ဝနှုန်းက မနည်းပါဘု …။
      ရန်ကုန်-မန္တလေး ကို ၆ဂါလံလောက်သာ ကျမယ့် သဘော ဆိုပါတော့…
      နောက်ထပ် Generation တွေဆို ပိုမို မျှော်လင့်လာနိုင်ပါရဲ့..။
      ဆက်စပ် သတင်းတပုဒ်ကို ထပ်ပြီး ဖောက်သည်ချရရင်ဖြင့်..
      http://www.cnet.com.au/steve-jobs-wanted-to-design-an-icar-339338164.htm

      ပန်းသီး တို့ရဲ့ အရှင်သခင် သွားလေသူ ဘဘဂျော့်ဘ်က တခါက
      ကားတွေကို Design ထုတ်ဖို့ စဉ်းစားဖူးပါသတဲ့ …
      ဒီကိစ္စကို ဘာလို့ပြောသလဲဆိုတော့ …. Computer Industry ရဲ့ တိုးတက်မှု နှုန်းမျိုးနဲ့သာ
      Automobil Industry ဟာ တိုးတက်မှုရှိခဲ့မယ် ဆိုရင် ယနေ့ ခေတ်မှာ ကားတွေဟာ
      ရေထည့်မောင်းလို့ ရမယ့် အခြေအနေ ရောက်နေလောက်ပြီလို့ ..ဆိုရိုးရှိခဲ့ဖူးလို့ပါပဲ..။

      ရင်ခုန်စရာတော့ကောင်းသားနော..။ တိုးတက်မှု မြန်လွန်းပါတယ်ဆိုတဲ့ Computer Industry ထဲက
      Innovative အဖြစ်ဆုံး Apple က ကားဒီဇိုင်းကို ဆွဲမယ်ဆိုတာ …။
      (မှတ်ချက်။ ဒီဇိုင်းဆိုသည်မှာ အပေါ်ရံ ရုပ်ဝတ္ထုသွင်ပြင်သက်သက်ကိုသာ ဆိုလိုသည်မဟုတ်ပါ..)

      အိုဘယ့် … မော်တော်ကား..။

      :harr:

      • kai

        March 29, 2013 at 12:17 pm

        အဲဒါ.. ဘီလ်ဂိတ်ပြောတာလို့.. သိထားနေခဲ့သဗျ..
        ဂျီအမ်က.. ဘလူးစခရင်ပေါ်မယ်ပြန်ပြောတယ်လို့တောင်မှတ်မိတယ်..။
        ဟုတ်မဟုတ်ပြန်စစ်ဦးမှ.. :kwi:

        • ဖားသက်ပြင်း

          March 29, 2013 at 1:28 pm

          http://www.youtube.com/watch?v=ZOAC_sPCWME

          (ရှိုးပွဲ)အပြင်မှာ တခါ မြင်ဖူးပါဂျောင်း

          Car 2.0

          :harr:

Leave a Reply