“ဝါစိမ်းနီ တစ်ထွေ အလွမ်းစေ………………..”



- 4


“ဝါစိမ်းနီ တစ်ထွေ အလွမ်းစေ………………..”
အခုရက်ပိုင်းမှာတော့ မန်းလေးနွေအစမှာကို အတော်လေးပူနေပါပြီ။
အရှေ့တောင်ဘက် ကျုံထိပ်ကိုရောက်တဲ့ တစ်ရက် ကျူံးမြို့ရိုးနီနီ။
ကျုံးရေပြင်စိမ်းစိမ်း။
အုတ်ခုံနံဘေးမှာပေါက်နေတဲ့ ညောင်ပင်က ရွက်ဝါတွေနဲ့အပြည့်။
လက်ဆော့မယ်ဆိုပြီး ဆုံးဖြတ်လိုက်ပါတယ်။
ကံကောင်းခြင်တော့ ကျုုံးနံဘေးက သံဇကာတစ်ခုက ပြုတ်နေပါတယ်။
ဒါနဲ့ဘဲ ကျုုးအတွင်းဘက်က အုတ်ခုံလေးထဲ ကုတ်ကုတ်ကပ်ကပ်နဲ့ဝင်ပြီးလက်ဆော့ခဲ့ပါတယ်။
လှမလှကတော့ …………………….
ကိုပေါက်လက်ဆောင်မြန်မာပြည်မှအလှတရားများ
1-4-2013



14 comments
KZ
April 1, 2013 at 9:30 am
လွမ်းရလွန်းလို့ ရူးတော့မှာပဲ။
:byae:
ဇီးယိုလေး ကျွေးကြပါ။
ဒီ အချိန်ရောက်ရင် စိတ်တွေ ဖောက်ဖောက်လာလို့ပါ။
အနော် ရူးသွားရင် လေးပေါက် တရားခံပဲ။
ကိုပေါက်(မန္တလေး)
April 1, 2013 at 12:32 pm
သမိုင်းတရားခံတော့ မဖြစ်ပါရစေနဲ့အေ့
တိမ်မည်း
April 1, 2013 at 10:10 am
မန္တလေးကိုလွမ်းထှာ………. 🙁
ကိုပေါက်(မန္တလေး)
April 1, 2013 at 12:53 pm
လွမ်းရင်ပြန် လာခဲ့
Ma Ei
April 1, 2013 at 1:38 pm
တစ်ကယ်ကို လွမ်းလောက်စရာ အလှအပတွေပါ…
ဗုံ ဗုံ
April 1, 2013 at 3:00 pm
လွမ်းအောင်လို့ ပြုရက်ပါပေသည်။ မလွမ်းပါရစေနဲ့တော့ ဖေပေါက်ရယ် မလွမ်းရရင်မနေတတ်တော့ဘူး
MaMa
April 1, 2013 at 6:37 pm
သစ်ကိုင်းလေးတွေကြားက ရိုက်တဲ့ပုံလေးတွေ
သစ်ကိုင်းလေးတွေ တွဲရရွဲ ကပိုကရိုကျနေတာလေးတွေကို ကြည့်ပြီးးးးးး
အင်းးးးးး တစ်နေ့တော့ လက်စွမ်းပြဦးမည်လို့ ကြိမ်းဝါးသွားပါသည်။ :harr:
ကိုပေါက်(မန္တလေး)
April 1, 2013 at 6:42 pm
မျှော်နေမယ် မမရေ
ကြိုဆိုပါ၏။
အရီးခင်လတ်
April 1, 2013 at 8:19 pm
ကပေါက်အုတ်ခုံလေးထဲ ကုတ်ကုတ်ကပ်ကပ်နဲ့ဝင်နေတဲ့ ပုံ တင်ပါဗျို့။
ဒါမှ လွမ်းနေ သူတွေ ပြုံးနိုင်သွားမှာ။ 😆
ကိုပေါက်(မန္တလေး)
April 2, 2013 at 1:30 pm
အစကတော့ ရိုက်ခဲ့မလို့ဘဲဗျာ
တော်ကြာအုတ်ခုံပေါက်စနလေးမြင်သွားရင်
ဒီလူကြီးအတော်ဆော့တယ်ထင်မှာစိုးလို့ တင်တော့ဘူး။
မဟာရာဇာ အံစာတုံး
April 2, 2013 at 11:24 am
အမှန်ဆို …
အိုက်ဒါဒွေကို လွမ်းတတ်သေးဝူးး
ဘာပုလို့ဒုန်း ဆိုဒေါ့
အိုက်ကို မရောက်ဖူးသေးလို့ …
အလွမ်းစေ ချင်ရင် အိုက်ကို အရင်ခေါ်အုံး
ကိုပေါက်(မန္တလေး)
April 2, 2013 at 1:48 pm
ဘာပုညာပု မပေါနဲ့
ဘောက်ကျိုလာရင်လိုက်ခဲ့
weiwei
April 2, 2013 at 1:49 pm
အခုတလော အလွမ်းတွေ ခေတ်စားနေသလိုပဲ ..
လူတိုင်း လူတိုင်း လွမ်းနေလိုက်ကြတာ …
ခေတ်မှီအောင် ဝင် လွမ်းသွားပါတယ် ..
မန်းလေး မရောက်တာကြာပြီ … အနဲဆုံး ၈ နှစ်တော့ရှိပြီ …
ကိုပေါက်(မန္တလေး)
April 6, 2013 at 12:36 pm
မန်းလေးကတော့ လည်ပါတ်စရာနေရာပေါပါ၏
လာလည်စေချင်ပါ၏။
သို့သော် ရာသီဥတုပူပြင်း၏။