ယခု တပါတ်စာ သင့်ကံကြမ္မာ (၀၄။၀၄။၂၀၁၃~၁၀။၀၄။၂၀၁၃)

ムラカミApril 4, 20131min41415

မန်းဂဇက် ရွာသူားများအတွက် တပါတ်စာ ဗေဒင်ကို ဖောက်သည်ချရင်း နှုတ်ဆက်လိုက်ပါဒယ်ခီညော်

 

တနင်္ဂနွေ

ယခုတပါတ် အလိုလိုနေရင်း  အိမ်ပေါ်မှ ကန်ချခံရကိန်းမြင်သည်။ စီးပွားရေးအနေနှင့် အုတ်နီခဲ ရွက်ခြင်းနှင့်

အကျိုးပေးပါသည်။ အလုပ်အကိုင် အခွင့်အလမ်းအတွက်မူအိမ်သာကျင်း တူးခြင်။ အဝီဇိတွင်း ဆယ်ခြင်း

တို့ကဲ့သို့အလုပ်ကြမ်းများ တာစားသည်။ ကျန်းမာရေးက ဒေါင်ဒေါင်မြည် ကောင်းမယ် ထင်ရသော်လည်း

အိပ်ယာထဲ လဲကိန်းရှိသည်။ အလိုလိုနေရင်း အားကုန်နေတတ်၏။ အရက်သမားများ အတွက် အမြည်း

ပြဿနာ တွေ့ကိန်း မြင်သည်။ အသုဘတွင် အပ်တိုတချောင်းတောင် မခိုးမိပါစေနှင့်။  အချစ်ရေးတွင်မူ

အူတိုတတ်သော အတီးအတ အမျိုးသမီးများ အောင့်သက်သက်နှင့် အိမ်ထောင်ကျကိန်းမြင်၏။အဲယားကွန်း

နှင့် အိပ်ခြင်းကို ရှောင်ကျဉ်ပါ။ ဦးတို့အရွယ်များ  အောင်အောင်မြင်မြင် အစွံထုတ်ရန် မသင့်သော

ကာလဖြစ်သည်။ ဥမကွဲသိုက်မပျက်ရန်သာ အုန်းပွဲပြင်ထားသင့်၏။

 

ယတြာ။ အောင်မြင်ကျော်ကြားသူ တစ်ဦးအား အများသူငါ ရှေ့တွင် အပ်နှင့်ထိုး၍ အုတ်ကျားမြက်ပေါက် ဟု

အကျယ်ကြီး ၁ဝခါ အော်ပါ။ (ကျိန်းသေ အမှုဖြစ်မည်)

 

 

တနင်္လာ

ယခုတပါတ်အတွင်း တနင်္လာ သားသမီးများ ကျန်းမာရေး ချူချာမည်။ ကံတရား၏ မျက်နှာသာ ပေးခြင်း

လည်း မခံရသည့်အားလျော်စွာ ဓာတ်တူနာမ်တူများ ဖြစ်သော ကြောက်ကုတ်ခံရခြင်း၊ ခွေးကိုက်ခံထိခြင်းများ

ဖြစ်နိုင်သည်။ အနည်းဆုံးတော့ ခွေးချေးတက်နင်းကိန်း ခိုချေး ပါချကိန်း မြင်လေသည်။ အချစ်ရေးတွင်မူ

ကတ်သီးကတ်သတ် နှင့်ကုတ်ကတ် ကြိုးစားသော် ခေါင်းကွဲကိန်း မြင်၏။ ငယ်ချစ်များ ကောက်ကာငင်ကာ

ကွဲကိန်း နဲ့ ကြီးချစ်များ ကိုးလိုးကန့်လန့် ကွဲကိန်း ရှိသည်။ သတိထားပါလေ။ စီးပွားရေးတွင်မူ

ကားသမားများ နားကားကိန်း ရှိသည်။ ကုန်ထမ်းသည့်အလုပ် အကျိုးပေးအံ့။ ကားဂိတ်၌ ငုံးဥပြုတ်ရောင်းပါက

လက်ဖျား ငွေသီးမည်ဖြစ်သည်။   ယခုတပါတ်အတွက် ခရီးထွက်သင့်သည့်အရပ်မှာ ငွေဆောင်

လုံးဝ(လုံးဝ)မဟုတ်ပါ။ မယုံလို့နားမထောင်သော  ခါးပိုက်နှိုက်တသိုက် ခွက်ဆွဲကိန်း မြင်သည်။

ပညာရေးအတွက် ဆောင်ရန်မှာ ခိုးချ ရန်နှင့် ကူးချရန်ဖြစ်သည်။ (မဟုတ်ပါက ကျိန်းသေ ကျမည်။)

 

ယတြာ။ ကံ့ကော်ပင်အောက်တွင် ကန်စွန်းရွက်တစီး ခေါင်းပေါ်တင်၍ ကောက်ရိုးတစ်ဆုပ် ကိုက်ဝါးကာ

ကိန် – ကိန် ဟု အော်ရင်း အပါတ် ကိုးဆယ်ပါတ်ပါ။ ကျိန်းသေ မူးမည်။ 

 

အင်္ဂ ါ

ယခုတပါတ် အင်္ဂ ါသားသမီးများ စန်း-ထ လျင်ထ မထလျင် ဆီးရွှင်နေသော နေချိန်ဖြစ်သည်။

စီးပွားရေးအနေဖြင့် နေ့တူနာမ်တူများ အကျိုးပေးသော ကာလဖြစ်သည်။ စိန်ကုန်ကူးဖို့

အရင်းအနှီးမလောက်ငှပါက ဒညင်းသီးကိုဆားရည် ဆိမ် ၍ ရောင်းပါက ကျိန်းသေပေါက် နံမည်။ ဈေးများ

မီးပူဇော်ခံရမည့်ဘေးမှ ကင်းဝေးစေရန် ဈေးဆိုင် ပိုင်ရှင်များအနေဖြင့် ဆိုင်ခန်းများတွင် ဇော်ဂျီ ရုပ်ကို

ဇောက်ထိုးဆွဲပြီး ဆီးသီး ကပ်ပါ။ ကျန်းမာရေးမှာ ဇက်ကျောတက်ခြင်း ညှိုးခြင်း (မျက်နှာ စသည်)

ညောင်းညာခြင်း နှင့် ဆီးရောဂါများ ဂရုစိုက်စေလိုပါသည်။

စန်းတက်နေသည့် ကာလဖြစ်သည့်အားလျှော်စွာ လိင်တူ ရောလိင်ကွဲပါ စိတ်ဝင်စားမှုများ ရှိနေမည်။

စိုးပြည့်သဂျင်နှင့် သာမကပဲ မယီးစန်း နှင့်ပါ စုံတွဲခုတ်ရကိန်း တည်း။ ပညာရေးမှာ စုန်းစုန်းမြုပ်မည့်

ကိန်းရှိသည်။ စာကျက်စဉ် စိတ်ဂနာမငြိမ် ဖြစ်မည်။ စိတ်ပူစရာမလိုပါ ။ စိတ်ရောဂါကု ဆရာဝန်

တယောက်ယောက်က ဆောင့်ကြီးအောင့်ကြီး ကယ်တင်ပါလိမ့်မည်။

စကတ် အတိုအပြတ်ဝတ်သူများ သတိထားသင့်သောကလဖြစ်၏။ အကွင်းအကွက်ပေါ်ကုန်ပါက

အချင်းအချက်တွေ ဖြစ်လာနိုင်တာမို့ အဆင်းအတက် သတိထားရပေမည်။

 

ယတြာ။ ယနေ့ ပြန်လည်အောင်မြင်ကျော်ကြားနေသော အင်္ဂ ါနာမ်နဲ့ စသည့် ဆရာဝန် အဆိုတော်

မင်းသားကြီး၏ စတိတ်ရှိုးကို သွား၍ စကတ်အတိုဝတ် စကီလေး တယောက်ကို စူးစူးနစ်နစ် ဆွဲစိတ်ပါ။

စိစိညက်ညက် ကျေအံ့။

အမျိုးသမီးများအတွက်ယတြာမှာ နာမည်၄လုံးပါ အင်္ဂါနာမ် အမျိုးသားအဆိုတော် တယောက် ညမှာစွန့်သော

ဆီးဖြင့် ဆန်ကိုဆေးပြီးချက်ကာ ဆေးရုံနားတွင် စွန်လွှတ်ရင်း စားပါ။

 

ဗုဒ္ဓဟူး

ကျန်းမာရေးမှာ သင့်ပြီး နေ့တူနာမ်တူ တစုံတခု ကြမ်းညပ်ကိန်း မြင်လေသည်။(လက်)။  သို့မဟုတ်မူကား

လိုးရှင်းလူးစဉ် လူမိကိန်း ကြုံလတ္တံ့။လိပ်ခေါင်းဝေဒနာရှင်များ လောက်စာလုံး မျိုမိပါက

လေသလပ်မခံသင့်သော ကာလလည်းဖြစ်ပေသည်။ ရေခြားမြေခြား ခရီးသွားမည့်လူများ

လေယာဉ်မသုံးဘဲ လက်ပစ်ကူးသွားသင့်သည့် ကာလဖြစ်သည်။ ဝက်သားဒုတ်ထိုး စားမည်ဆိုပါက

အသည်၏လက် ဝဲစွဲနေမနေလေ့လာပါလေ။ အချစ်ရေးမှာကား လေးလုံးများ (လုံးဝ)

လက်ဖျားခါလောက်အောင် ရန်များကိန်း ရှိအံ့။ လင်မရှိသေးသော လုံးနလင်းမမများ

ရဲဇား လည်း မရဖြစ်အံ့။ လယ်သူမ အလုပ်ပြောင်းလုပ်ပါက အထိုက်အလျောက် သက်သာအံ့။

ပညာရေးအတွက်တော့ ရီပို့ကတ်အမှတ်စာရင်းတွင် ရဲရဲတောက် မြင်ရအံ့။ လပတ်စာမေးပွဲများတွင်

လောက်လောက်ညားညား မရှိသော်ငြား လိပ်ကိုပက်လက်လှန်ထားတဲ့ကိန်းစိုက်မှာမို့. ..

လုံးဝလက်လျှော့ထားပါက သက်သာအံ့။

စီးပွားရေးမှာမူ လူကုန်ကူးသော လုပ်ငန်းများ ပွင့်လင်းအံ့။ လက်ဖက်ရည်ဆိုင်များ လက်မလည်အံ့။

လောင်းကစား လုပ်မည်ဆိုပါက ရဲကို လက်သိပ်ထိုးရမည်ဆိုသည့်မူကို လက်ခံကျင့်သုံးပါလေ။

လုပ်ငန်းတိုးချဲ့လိုသူများ လေပုပ်ထုတ်ဆေး ရောင်းပါ။

 

ယတြာ။ ဝေလီဝေလင်းတွင် လင်ပန်းကို ရွက် ၊ လက်တဖက်တွင် လိပ်တစီး(အဲ့လေ လိပ်တကောင်) ကို ကိုင်

ကာ ကျန်တဖက်တွင် လေးခွကို ကိုင်ပြီး  နီးစပ်ရာ ရဲစခန်းရှေ့သို့သွား၍ လူအချင်းချင်း လှည့်ပတ်ခြင်း

ကင်းရှင်းကြပါစေဟု အခေါက် လေးရာ ရွတ်ပါ။

 

ကြာသပတေး

မိန်းမရှိသူများ မိုးမီးလောင် သကဲ့သို ပြာကိုင်မည် ဖြစ်ပြီး။ မိန်းမမရှိသေးသူများလည်း ဖွတ်တက်သကဲ့သို့

ပြောင်မည့်ကာလဖြစ်သည်။ မအက္ခရာပါသော မြို့များ မီးလောင်သည့်သတင်း မီဒီယာများတွင် မဟားဒယား

တာစားသောကာလဖြစ်သည်။ နေ့တူနာမ်တူ ဖေ့ဘုတ် ဟူသော နေရာတွင် မျိုးချစ် မီဒီယာသမားအသစ်များ

ပေါ်သလတံ့။ အချစ်ရေးအတွက်မှာ ပြဿနာများ မဖြစ်ပေါ်စေရန်

မီးလောင်ရာလေပင့်တတ်သူများ၊ မုဆိုးဖို/မ များနှင့်ပလူးပလဲလုပ်ခြင်းမှ ရှောင်ကျဉ်သင့်ပါသည်။ ပညာရေးမှာ

ဘုရားတနေရန် မလိုအပ်သော်လည်း ပင်ပန်းထားသလောက် မပေါက်မြောက် ဖြစ်တတ်ပါသည်။

ပါတိတ်ဝမ်းဆက်သည် ပွဲလည်တင့်သည်ကို မမေ့အပ်စကောင်း။

စီးပွားရေးဘက်တွင်မူ ပြောင်းးဖုတ်ရောင်းသူများ မီးပွား စင်လတ္တံ့။ မင်းသမီးများ

ဈေးတက်အံ့။(သရုပ်ဆောင်ကြေး)

မီးခြစ်ဂတ်စ်ထည့်သူများလည်း အောင်မြင်အံ့။ မာဆက် နှင့် ဘီယာ ပေါများအံ့။ ပလာတာကြော်ရောင်းသူများ

မီးပူဟပ်ခံရအံ့။

 

ယတြာ။ ပြောင်းဖူးပေါက်ပေါက်များကို မြောင်းထဲသို့ ပက်ကျဲပြီး မုန်းမုန်းမေ့မေ့ မုန်းမေ့ပြီလားလို့

မေးချင်တယ် သီချင်းကို ဆိုကာ မြို့ထဲသို့ ပက်လက်သွားပါ။

 

သောကြာ

ယခုအပါတ်တော့ သောကြာသားသမီးတို့အတွက် မှာကား ဟစိဟစိ နှင့် သောင်တင်နေသောငါး ကဲ့သို့ ပင်တည်း။

ကျန်းမာရေးမှာ သိပ်အကောင်းကြီးမဟုတ်သော်လည်း သောကဖြစ်စရာ မလိုပါပေ။ သဒူးဝါးတခု ကန်းတခူ ဟု နေ့တိုင်း

မကြာခနရွတ်ဆိုပါ။ သနှင့်စသော ကိုယ်အင်္ဂ ါ ကြောင်မည်ဖြစ်သည်။ (သရက်ရွက်)။သွေးစုနာမပေါက်အောင်

သံပုရာသီးကို ဟောလစ်နှင့် ဖျော်သောက်ေပေးပါ။ဟံနုမာန်အက ကို ဟံသာဝတီအဝိုင်းတွင်ကနေသည်ကို

ဟင်းသွားဝယ်ရင်းတွေ့သည်ဆိုပါက မုချ ကံတက်လာပြီဖြစ်သည်။အလုပ်အကိုင်မှာကား သုံးစားမရဘူးဟု

အပြောမခံရယုံတမယ် သိပ်ဟုတ်နေမည် ဖြစ်ပါသည်။  သစ်ကုန်ကူးလျင်လည်း

သွားကြားထိုးတံထက်သေးသော သစ်အမျိုးအစားကိုသာလုပ်ကိုင်အောင်မြင်မည်ဖြစ်သည်။

သောကြာဂြိုလ်ခွင် အားကောင်းနေသဖြင့် အချစ်ရေးမှာ သိသိသာသာကြီး ဟုန်းကနဲ

သက်ရောက်မှုရှိနိုင်ပါသည်။ သေသေချာချာ  သီးသီးသန့်သန့် ဟန်မဆောင်တတ်သူများ သေတတ်၏။

သိုင်းဆြာများ သိုင်းကြရမည့်ကာလဖြစ်သည်။(ပတ်တီး) ။ဟောက်ဆာဂျင်များ

သွားပုပ်လေလွင့်ပြောခံရကိန်းမြင်သည်။ သချင်္ာတော်သူများ ဟိုဟာထိုးလတ္တံ့။  သွင်းကုန်လုပ်ငန်းရှင်များ

ဟောင်ကောင်တီလုပ်မ သွင်းပါက  သိုသိုသိပ်သိပ် လုပ်ဖို့လိုမည်ဖြစ်၏။

 

ယတြာ။သောကမပွေရအောင် သော်ကပန်းကိုပန်ကာ သချင်္ာဝင့်ကျော်ဝတ်ခဲ့သော သီလရှင်ကျောင်းမှ

သွားကြားထိုးတံကိုယူပြီး သာလာယံဇရပ်အောက်မှ ဟောင်နေသောခွေး၏နှာနုကို သာသာယာယာ ဒလစပ်

သွက်သွက်ထိုးပါ။(ကိုက်လတ္တံ့)

 

 

စနေ

ယခုတပါတ် စနေသားသမီးများ နောင်ဂျိန်ချရဖို့ နေရာရွေးရသော ကာလပင်ဖြစ်သည်။

တက်တူးထိုးထားသူများ နင်တတ်သောကြောင့် နံပြားစားခြင်းမှ ရှောင်ကျဉ်သင့်သည်။

မနေနိုင်လို့စားမည်ဆိုလျင် နဂါးနိုင်ဓားနှင့် ခုတ်ပိုင်းပြီး စားပါ။ ဓာတ်စာကား ထမင်းကို ထန်းရည်နှင့်

နယ်ပြီး နားနားနေနေ စားသုံးပေးပါ။ စနေနာမ် ထီ မှာ အားကောင်းသောလ ဖြစ်သောကြောင့်

ထီများများထိုးသင့်ပါသည်။ မပေါက်ခဲ့သော်  ထီလက်မှတ်အား  ထန်းလက်ဖြင့် ထင်းစိုက်ပီးရှို့ပါ။

ထုတ်တန်းကို ဒူးနဲ့တိုက်ပီး တောက်ခ် ဟု ရွတ်ဆိုပါ အိမ်ထောင်သည်ယောက်ျားများ

ပိုရှည်လာနိုင်ပါသည်။(နားရွက်) ။လူပျိုအပျိုများအတွက် အချစ်ရေးမှာ နဂို ရှိမှ နဂိုင်းထွက် နဂိုင်းရှိမှ

နဂါန်ထွက်မှာ ဖြစ်ကြောင်း နားလည်ထားရမည့်အချိန်ဖြစ်သည်။ နားမလည်ပါက နားကားလတ္တံ့။

စီးပွားရေးအနေဖြင့် နံနံပင်လက်လီရောင်းခြင်းလုပ်ငန်း ဖြစ်ထွန်းလတ္တံ့။ ထမ်းရပိုးရသော အလုပ်များ

(သို့မဟုတ်)ထမ်းပိိုးလုပ်ရောင်းခြင်းများ တွင်ကျယ်လတ္တံ့၊ဒူးမကောင်းဘဲ ဒေါက်မြင့်ဖိနပ်စီးသူများ

ဒန်းစီးသူများ ဒလိန့်ခေါက်ကွေးဖြစ်အံ့။

 

ယတြာ။ တုတ်နှစ်ချောင်းကိုင်ကာ ထမြိန်ရင်ရှား၍ နှဖူးထိပ်ကို ထုံးတို့ပြီး နေပြည်တော်လမ်းလယ်ခေါင်

နေ့လည် ၁၂ နာရီတိတိတွင် တကိုယ်တော် ထုတ်ဆီးထိုးတန်းကစားပါ။

 

 

အာ ဟိ

 

:harr: :harr: :harr: :harr: :harr: :harr:

:harr: :harr: :harr: :harr: :harr:

:harr: :harr: :harr: :harr:

:harr: :harr: :harr:

:harr: :harr:

:harr:

 

 

 

တော်သေးဘီ

ခင်တဲ့

ဂီ။

15 comments

  • Mon Kit

    April 4, 2013 at 9:45 am

    တကယ့်ဗေဒင်လားလို့…
    ဟွန့်… လေပုပ်ထုတ်ဆေး ဖော်စပ်ပြီးရင် ညည်းကို အရင် အားပေးခိုင်းရမယ်….
    :hee:

  • ကီလိုဇူးလူးဝီစကီ

    April 4, 2013 at 11:59 am

    တောက်! မိုက်ရိုင်းချက်။
    ဟို ယတြာက နာ့ ကို သက်သက် လုပ်ကြံထားတာ။ 🙁 🙁

    • မိုက်ကယ်ဇီးနစ်သ်နိုဗန်ဘာ

      April 4, 2013 at 12:05 pm

      ဆိုင်းဆိုင်းခင်လှိုင် မှာ စွန့် သော ဆီး ဖြင့် ဆန်ကို ဆေးပြီးချက်ကာ ဆေး ရုံနားတွင် စွန် လွှတ်ရင်း စားတော့မယ်ပေါစ့်..

      • ကီလိုဇူးလူးဝီစကီ

        April 4, 2013 at 12:11 pm

        အစက ဒီယတြာမပါဘူး။
        နိ ငါ ပြောလိုက်မှ ထပ်ဖြည့်လိုက်တာ။ ညစ်ပတ်တယ်။
        ဒီ ဗေဒင် ဆရာက ………
        🙁 🙁 🙁

        • Wow

          April 4, 2013 at 2:20 pm

          အသစ်လေးတွေလားဟင် … ကီလိုဇူးလူးဝီစကီနဲ့ မိုက်ကယ်ဘလာဘလာနိုဗန်ဘာ…
          မထင်ရဝူးနော် အသစ်တွေလို့ :mrgreen:

  • Novy

    April 4, 2013 at 1:56 pm

    လူအချင်းချင်း လှည့်ပတ်ခြင်းကင်းရှင်းကြပါစေ

    အင်းးးးးးး
    အခုပဲမိဂီလှည့်တာကို ခံလိုက်ရတယ်
    တကယ့် ဗေဒင်အောင်းမေ့လို့
    ဟွန်း.. လူလိမ် :harr:

  • kyeemite

    April 4, 2013 at 1:59 pm

    ပေါက်ပန်းစေး…ပေါက်ကရ80(သို့)40 ရေးတယ်ဆိုတာလွယ်တာတော့မဟုတ်ဖူးဗျ..
    ဒီလိုချက်ကျလက်ကျ ရေးဖို့ပိုတောင်ခက်သေး…(အမှန်အကန်ချီးကျူးခြင်းဖြစ်သည်။)
    ကဲကဲကဲ..ပြောနေကြာတယ်..အချိန်ရှိတုံး…
    သောကမပွေရအောင် သော်ကပန်းကိုပန်ကာ သချင်္ာဝင့်ကျော်ဝတ်ခဲ့သော သီလရှင်ကျောင်းမှ
    သွားကြားထိုးတံကိုယူပြီး သာလာယံဇရပ်အောက်မှ ဟောင်နေသောခွေး၏နှာနုကို သာသာယာယာ ဒလစပ်
    သွက်သွက် သွားထိုးလိုက်အုံးမယ်ဗျို့…
    :harr: :harr: :harr: :harr: :harr: :harr:

  • ဗုံ ဗုံ

    April 4, 2013 at 3:25 pm

    ဗေဒင်ဆရာကရော ဘာနေ့သားပါလိမ့် 🙄
    မှန်တယ်ကွယ် မြေကြီးလက်နဲ့ ပုတ်ရင်တောင် လွဲလိုက်အုံးမယ်
    ပိုမှန်အောင် ယတြာ သွားချေလိုက်အုံးမယ် :harr: :harr: :harr:

  • MaMa

    April 4, 2013 at 3:44 pm

    တခြားရက်တွေတော့ ထားတော့။
    အင်္ဂ ါတစ်ရက်တော့ ငန်းထပြီး ဆီးရွှင်
    အဲ… စန်းထပြီး လာဘ်ရွှင်တယ်တို့ ဘာတို့ ရေးရမှာ။
    အခုလို ခုနှစ်ရက်သားသမီးတွေကို သူ မသာ ကိုယ် အသုဘ ရေးထားတော့လည်း ခံသာပါတယ်လေ။ :harr:

  • GaviaGirl

    April 4, 2013 at 8:45 pm

    အောင်မြင်ကျော်ကြားသူ… နာတော့ ဒီရွာထဲမယ် ဒီဗေဒင်ဆရာကို အောင်မြင်ကျော်ကြားသူလို့ သတ်မှတ်ပြီး အပ်နဲ့ထိုးမယ်.. လာလေ့ရော့.. :harr:

  • ကျုပ်က အံစာတုံး ..
    အ .. တနင်္ဂနွေ ဆိုလို့ ဖတ်ကြည့်လိုက်မိတယ် ..
    နှလုံးသားရေးရာ မစွံပါတကား …
    ဟင့် .. ငိုတောင် ငိုချင်သွားတယ် ..
    ယတြာ ချေမယ် လုပ်တော့လည်း ..
    အင်းးး အဲ .. အင်းး .. အဲ … :mrgreen:

  • တညင်သား

    April 5, 2013 at 12:34 am

    ဒုက္ခပါပဲနော် ဟာသ ရေးတာတောင် တားတား ရာဟုနံ ပါမလာဘူးးးးးးး :harr:

  • mobile

    April 5, 2013 at 11:04 pm

    ကြာသပတေးသား ကြားရတာ စိတ်မချမ်းသာစရာ
    မိန်းမ မရှိရင် မိုးမီးလောင်သကဲ့သို့ ဆိုပါလား…. မိန်းမရှိရင် ဖွတ်တက်မယ်
    ဖွတ်တက်တာကတော်သေးတယ် မိုးမီးလောင်မယ့်ကိန်းနဲ့လွဲအောင်
    ဗေဒင်ဆရာရဲ့ အမျိုးအဆွေထဲက လေဒီလေးတစ်ယောက်ကို အမြန်ဆုံး
    ရွှေဂဟေဆက်ထားမှနဲ့တူတယ်…………………..

  • TNA

    April 6, 2013 at 6:41 pm

    မယ်ဂိ ဂျာပွန်မှာအခွန်ရှောင်ဖို့ ဗေဒင်ဟောစားတော့မလို့လား။

  • ရွှေ ကြည်

    April 6, 2013 at 6:59 pm

    တော်သေးတယ် ဒေါက်ဖိနပ်လည်းမစီး ဒန်းလည်းမစီးလို့ ဟူးးးးးးးးးး

Leave a Reply