တပည့် မွေးကြမယ်။
ဟဲဟဲ (စီဒီ တူ ဘဖော)..
ဆရာမွေး၊ တပည့်မွေး လုပ်ရပ်တွေကတော့ ဘယ်ခေတ်ရောက်ရောက် တိမ်ကောမယ်မထင်လို့ရော၊ အားအားနေ စာရေးချင်စိတ်ပေါက်တာရောနဲ့ တပည့် မွေးဖို့ စဉ်းစားမိပြီး ရေးလိုက်တဲ့စာပါ။
တပည့် လိမ္မာ ဆရာ အာပတ်လွတ် ဆိုတဲ့ အတိုင်း ကိုယ့် မွေးတဲ့ တပည့် လိမ္မာရင် လိမ္မာသလို ဆရာက အေးအေးဆေးဆေး စာဖတ်သူကြီး လုပ်နေလို့ရတယ် မဟုတ်တုံ့လော။
(ဘယ်သူကိုမှ မရည်ရွယ်ပါ။ တိုက်ဆိုင်မှုရှိရင် တည့်တည့်ပြောချင်းဖြစ်၏။)
:harr:
ဟိုတခါ အင်တာဗျူးပို့(စ) တစ်ခုမှာတော့ နည်းနည်း ပြောဖူးပါတယ် အလုပ်သမား အမျိုးအစားအကြောင်း အကြမ်းဖျင်းပေါ့။
Professional Supervisor Course ထဲက သင်ရိုးတစ်ခုကို ကိုးကားပါတယ်။
ယေဘူယျ မြင်အောင်သာ အလုပ်သမားလို့သုံးရတာကိုး။
အလုပ်ရှင်နေရာကကြည့်ရင် ဝန်ထမ်း၊ စီနီယာနေရာကကြည့်ရင် ကိုယ့် ဂျူနီယာရာထူး၊ စသည်ဖြင့် ပြောလို့ရပါရဲ့။
~~~~~~~~~~~~~~~~
အလုပ်သမားအမျိုးအစားနှင့် အကျိုးရှိစွာ အသုံးချနည်း
(ထုံးစံ အတိုင်း ကွင်းစကွင်းပိတ်ကတော့ ကိုယ့် အာဘော်တွေပေါ့ကွယ်။)
အလုပ်သမားအမျိုးအစား (၄)မျိုး ရှိပါတယ်။
အဲဒါတွေကတော့
၁။ လုပ်နိုင်စွမ်း (Able to do) ၊ အလုပ်ပေါ်မှာ စိတ်ဝင်စားမှု (Willing to do) ရှိတဲ့ အလုပ်သမား
၂။ လုပ်နိုင်စွမ်းမရှိ (Unable to do) ၊ အလုပ်ပေါ်မှာ စိတ်ဝင်စားမှု (Willing to do) ရှိတဲ့ အလုပ်သမား
၃။ လုပ်နိုင်စွမ်း (Able to do) ၊ အလုပ်ပေါ်မှာ စိတ်ဝင်စားမှုမရှရှိ (Unwilling to do) ရှိတဲ့ အလုပ်သမား
၄။ လုပ်နိုင်စွမ်းမရှိ (Unable to do) ၊ အလုပ်ပေါ်မှာ စိတ်ဝင်စားမှုမရှရှိ (Unwilling to do) ရှိတဲ့ အလုပ်သမား
တို့ (၄) မျိုးဖြစ်ပါတယ်တဲ့။
~~~~~~~~~~~~~~~~~~~~
၁။ လုပ်နိုင်စွမ်း (Able to do) ၊ အလုပ်ပေါ်မှာ စိတ်ဝင်စားမှု (Willing to do) ရှိတဲ့ အလုပ်သမား
လုပ်နိုင်စွမ်းလဲရှိ၊ အလုပ်ပေါ်မှာ စိတ်ဝင်စားမှုရှိတဲ့ (Able to do & Willing to do) အလုပ်သမားကို အလုပ်ခိုင်းတဲ့ အခါမှာ ဆွေးနွေးတိုင်ပင်ခြင်းနည်းလမ်း (Discussion Method) ကို သုံးရပါမယ်။
(လုပ်ချင်စိတ်လည်းရှိ၊ လုပ်နိုင်စွမ်းလည်းရှိမှန်း ကိုယ့်ကိုယ်ကို သိတဲ့ လူမျိုးက အမိန့်ပေးခိုင်းရင် မကြိုက်တတ်ပါဘူး။ ကိုယ်လိုအပ်တဲ့ အတိုင်းအတာတစ်ခုကို အမှန်အတိုင်း ပြောဆို ဆွေးနွေးပြီးမှ လုပ်ခိုင်းပါလို့ ဆိုလိုပါတယ်။)
၂။ လုပ်နိုင်စွမ်းမရှိ (Unable to do) ၊ အလုပ်ပေါ်မှာ စိတ်ဝင်စားမှု (Willing to do) ရှိတဲ့ အလုပ်သမား
လုပ်နိုင်စွမ်းမရှိ ၊ အလုပ်ပေါ်မှာ စိတ်ဝင်စားမှု ။(Unable to do But Willing to do) အလုပ်သမားကို အလုပ်ခိုင်းတဲ့ အခါမှာ သင်ကြားခြင်းနည်းလမ်း (Teaching Method) ကို သုံးရပါမယ်။
(ဒီလိုလူမျိုးကျ မလုပ်နိုင်ဘူး ဆိုရာမှာ မသိတဲ့ အလုပ်အကိုင်ပေါ်မှာ မလုပ်နိုင်ခြင်းဖြစ်ပြီး သင်ယူချင်စိတ်၊ လုပ်ချင်စိတ်ရှိတော့ သင်ကြားပေးနိုင်ရင်ကို ပထမ အမျိုးအစားဖြစ်လာနိုင်ပါတယ်။ ဆူပါဘိုက်ဆာနေရာက စိတ်ရှည်ဖို့ပဲလိုပါတယ်။
ဒါပေမဲ့ တစ်ခုရှိတာက ကြားဖူးမလားတော့မသိ၊ နည်းနည်းလေးတတ်နေတဲ့ လူကို သင်ရတာထက်သင်ရတာထက် လုံးဝမတတ်တဲ့ လူကို သင်ရတာပိုလွယ်တယ်ဆိုတာလေ။
ကျနော့ စိတ်အတိုင်းဆိုရင်လည်း သင်ယူချင်စိတ်သာရှိပါစေ တတ်ယောင်ကားထက် လုံးဝမတတ်သေးတဲ့လူကို အလိုရှိပါတယ်။)
၃။ လုပ်နိုင်စွမ်း (Able to do) ၊ အလုပ်ပေါ်မှာ စိတ်ဝင်စားမှုမရှရှိ (Unwilling to do) ရှိတဲ့ အလုပ်သမား
လုပ်နိုင်စွမ်းရှိပြီး၊ အလုပ်ပေါ်မှာ စိတ်ဝင်စားမှုမရှိ (Able to do But Unwilling to do) အလုပ်သမားကို အလုပ်ခိုင်းတဲ့ အခါမှာ လက်တွဲဆောင်ရွက်ခြင်း (Participating Method) ကို သုံးရပါမယ်။
(ဟီး။ ပွင့်ပွင့်လင်းလင်းပြောရမယ်ဆိုရင်တော့ ကျနော်က ဒီ အမျိုးအစားထဲပါတာပါ လို့ ကိုယ့်ကိုယ်ကို ထင်တာပဲ။ အဓိကက ပျင်းတာပေါ့။ ပျင်းတော့ ကိုယ့်သိပ်စိတ်မဝင်စားတဲ့ ကိစ္စဆို လုပ်ချင်စိတ်မရှိတော့ပါဘူး။
ကျနော့ ဘိုးတော်ကြီး က ဒီ နည်းသုံးပြီး စိတ်ရှည်စွာ တွဲခေါ်ခဲ့လို့ ခု စိတ်ပါတဲ့အချိန်မှာ ပထမ အမျိုအစားကို ရောက်ပြီး အရမ်းအခိုင်းခံရတော့တာပါပဲ ကွမ်။)
၄။ လုပ်နိုင်စွမ်းမရှိ (Unable to do) ၊ အလုပ်ပေါ်မှာ စိတ်ဝင်စားမှုမရှိ (Unwilling to do) ရှိတဲ့ အလုပ်သမား
လုပ်နိုင်စွမ်းမရှိ ၊ အလုပ်ပေါ်မှာ စိတ်ဝင်စားမှုမရှိ (Unable to do & Unwilling to do) အလုပ်သမားကို အလုပ်ခိုင်းတဲ့ အခါမှာ တစ်ခုပြီး တစ်ခုခိုင်းခြင်း (Guide Line Method) ကို သုံးရပါမယ်။
(အခက်ဆုံး အမျိုအစားပါ။ တစ်ခါတည်း ခိုင်းလိုက်ရုံနဲ့ပြီးတဲ့ အမျိုးမဟုတ်တော့၊ စောင့်ကြည့်ပြီး တစ်ခုပြီးတစ်ခု ဂိုက်လုပ်ပြီး ခိုင်းနေရတာပါ။ အတော်ခက်ပါတယ်။ ဘာပဲဖြစ်ဖြစ် လူအမျိုးမျိုး စိတ် အထွေထွေဆိုတော့လည်း တပည့်လိမ်မာ ဆရာအာပတ်လွတ် အခြေအနေရောက်အောင် ကိုယ့် ဂျူနီယာဟာ ဘယ်လို အမျိုးအစားထဲပါပြီး ဘယ်လိုလေး ဦးဆောင်သင့်တယ်ဆိုတာ သိနိုင်ရင် အကောင်းဆုံးပေါ့။။ ခွိခွိခွိ)
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ဒါက အလုပ် နဲ့ ပြောနေလို့ ၄ မျိုးကိုး။
မြန်မာစကားပုံတွေနဲ့သာပြောလို့ကတော့ အများကြီးထပ်ထွက်လာဦးမှာရယ်။
အောက်တွင်ရှု။
၁) ဘူးလုံး နားမထွင်း လူမျိုး
၂) ပြန်မပြော နားမထောင် လူမျိုး
၃) ခွေးမြီးကောက် ကျည်တောက်စွပ် လူမျိုး
၄) ကြောင်သူတော် ကြွက်သူခိုး လူမျိုး
၅) ကိုယ့်အကြောင်းကိုယ်ဖော် မသူတော် လူမျိုး
၆) ကိုယ့် ဒူး ကိုယ် ချွန် လူမျိုး
၇) ခု စာကလေးကြော် ခု ဆီထမင်း လူမျိုး
၈) ချက်ဆို နားခွက်က မီးတောက် လူမျိုး
၉) ချောလဲ ရောထိုင် လူမျိုး
၁၀) ဆရာထက် တပည့် လက်စောင်းထက် လူမျိုး
၁၁) တုံးတိုက်တိုက် ကျားကိုက် ကိုက် လူမျိုး
၁၂) နွားရှေ့ ထွန်ကျူး လူမျိုး
၁၃) ပျာသလောက် ဖွဲမထွက် လူမျိုး
၁၃) လှေနံ ၂ ဖက်နင်း လူမျိုး
၁၄) ဝ မရှိ ဝိ လုပ်တတ်တဲ့ လူမျိုး
၁၅) အဟွာမနိုင်ပဲ ပဲကြီးဟင်းစားတတ်တဲ့ လူမျိုး စသည်ဖြင့်ပေါ့။
ဟိဟိ။ ရှာထားတာတွေ ကျန်သေးတယ်။
အဲလို လူမျိုးတွေကိုတော့ ဘယ်လို ဆွေးနွေး၊ သင်ကြား၊ ဦးဆောင်၊ ခိုင်းစေနိုင်တယ်ဆိုတာ မြန်မာနည်း မြန်မာ့ဟန်လေးများရှိရင် အကြံပေးသွားကြပါလို့။
တပည့်မကောင်း ဆရာခေါင်းမို့ တပည့်ကောင်းလေးတွေ ရရှိရေး ဆွေးနွေးလိုက်ရပါတယ်။ :kwi:
Photo Credit: Internet
ကဲ ပျင်းတော့ပျင်း၊ မဖျင်းစေနဲ့ ပေါ့ဗျာ။ :harr:
42 comments
ဦးကြောင်ကြီး
April 8, 2013 at 9:32 am
လုပ်နိုင်စွမ်း
ကျုပ်ထိုင်နမ်း
ဟုတ်စိုင်လန်း
ဘုတ်ကိုင်ကြမ်း
တုတ်တိုင်လှမ်း
အုတ်ယိုင်တန်း
ဆုပ်ပိုင်ငြမ်း
ချုပ်နိုင်ဖမ်း..။
surmi
April 8, 2013 at 9:35 am
ကျုပ်က ပြန်ပြော နားမထောင်ဗျ
ကိုင်းးး ဘယ်လိုလဲဆရာမ ????????
ကီလိုဇူးလူးဝီစကီ
April 8, 2013 at 9:40 am
အဲ။ ဦးဆာကတော့လေ။
အဲတာတွေကို ဘယ်လိုလုပ်ရမှန်းမသိလို့ အကြံတောင်းပါတယ်ဆိုကာမှ။
ပြောသွားဦး။
ဘယ်လိုလုပ်မတုန်း??????
ဟီး:::::
:kwi:
Moe Z
April 8, 2013 at 10:57 am
ဟိဟိ.. ကိုယ်လိုလူစား အများကြီးရှိဦးမယ်ထင့်
မမခိုင်ဇာရေ .. သများကတော့ ပြန်လည်းပြောတယ် နားလည်းမထောင်ဘူး..
ဟိုအကောင်လေးရှေ့လည်း ထွန်ကျူးတတ်တယ်
သများကို ဘယ်လိုထိန်းပေးမလဲဟင်င်င်
ကီလိုဇူးလူးဝီစကီ
April 8, 2013 at 11:02 am
ဟီး။

အဲနေ့က မီး ကျောင်းမတက်ဘူး။
မီး မသိတဲ့ အမျိုးအစားတွေ ၁၅ မျိုးရေးထားတယ်လေ။
စာမွဲမှာ မေးနဲ့နော်။
etone
April 8, 2013 at 10:13 am
ဂလိုကတော့ … စာတတ်တဲ့ လူတွေ ပြောတဲ့ တပည့်မွေးနည်းပေါ့လေ …
တမီးတိတဲ့ … တပည့်မွေးနီးကဒေါ့ …. ဗေဒင်ကိန်းခန်းတွေနဲ့ ကတ်ကင်း ရိုက်တဲ့ နည်းပါ ….
ကိုယ့်ရဲ့ ဇာတာကိုက ဒိုးတူဘောင်ဖက် တပည့် မမြဲတဲ့ ဇာတာ … ဂလိုချိုတော့ … ဗေဒင်ဆြာတွေက ပျော့စ်ဂျဘာဒယ် … ။ တပည့်နာမည်တွေစာရွက်မှာချရေးပြီးမဲလိတ်လေးတွေလို လိတ်တဲ့ .. .. ပြီးတာနဲ့ ဖန်ဗူးထဲ ပရုတ်လုံးကိုးလုံးနဲ့အတူ ရောပိတ်ထည့်ထားပါတဲ့ … မိုးလင်း တစ်ခါ မိုးချုပ်တစ်ခါ … ဖန်ဗူးကို ရှိတ်လုပ်ပြီး ဩဇာသီးစားရပါဇီ .. အဲ ..မွှားလို့ … ဩဇာညောင်းပါစေ ဆိုပြီး လုပ်ပေါ့လေ .. ခိခိ … အိုက်လို ပျော့စ်ခဲ့ဖူးကြတယ် .. ။ လိုက်တော့ လုပ်ဖြစ်ခဲ့ဝူးပါဘူး … ။
ဂယ်တော့ .. တပည့်မြဲစေချင်လျှင် စိတ်ရှိတဲ့အတိုင်း ပါးစပ်ကထုတ်ပြောတတ်တဲ့ အကျင့်ကို ထိန်းပြီး လျှင်ပါးစွာ ခိုင်းတတ်လျှင်ပဲ … အလုပ်ဖြစ်တယ်ဆိုတာ သိသွားလို ့ဘာ ။ :harr:
ကီလိုဇူးလူးဝီစကီ
April 8, 2013 at 10:21 am
အယ်။
တုန်။
ဘာလို့ စောစောမပြောတုန်းကွယ်။
ရှိတဲ့ တစ်ယောက်က ညစ်၊ ပေါက်၊ ကပ်၊ ကျယ် မို့ ဘယ်လို ကွန်ထရိုးရမတုန်း နိုးအိုင်ဒီရာဖစ်နေဒါ။
ခုသိပြီ။ တွေ့ကြသေးတာပေါ့။
:harr:
နောက်တာပါ တုန်။
အမသိထားတဲ့ နောက်တစ်ချက်က ကိုယ်တိုင် တပည့်ကောင်းဖြစ်ဖူးမှ တပည့်ကောင်း မွေးထုတ်နိုင်တယ်ဆိုတာပါပဲ။
ခုထိတော့ ကိုယ်တိုင်လည်း တပည့်ကောင်းအဆင့်ပဲ ရှိသေးတယ်ရယ်။
amatmin
April 8, 2013 at 11:05 am
ကျန်းးးးး ကိုယ့်တပည့်ကို ကွယ်ရာ အပုပ်ချချက်.များး :angry:
ကျော်ကိုယ်တိုင်ကတော့ ဆရာမွေးဖို့ကိုပဲ စိတ်ဝင်စားတယ်..
ဆရာကောင်းရခြင်းသည်လည်း..ကောင်းခြင်းမင်္ဂလာတပါး ဖြစ်စေတဲ့အပြင်..
မွေးထား.ခိုင်းထား.ခန့်ထားတဲ့သူကို တပည့်ကောင်းဖြစ်လာအောင် …
ဒင်းဘာသာ ကြံဖန် ညဏ်ထုတ်ပီး စီမံ ပေမပေါ့ ကွယ်….
:harr:
ကီလိုဇူးလူးဝီစကီ
April 8, 2013 at 11:10 am
ဂလို ညစ်၊ ပေါက်၊ ကပ်၊ ကျယ် ကို ခိုင်းရတာ များ အကြံ ၊ ရှိသမျှ ဉာဏ် ရောင်စုံ တွေ တုံးနေပြီမို့
ရင်ဖွင့်မိတာပါရယ်။
:harr:
weiwei
April 8, 2013 at 10:44 am
ကိုယ်ကတော့ ကြားလူအနေအထား ..
တပည့်ပြောလဲရတယ် .. ဆရာလို့ ပြောလဲရတယ် …
တပည့်လုပ်ရတာလဲ မလွယ်ဘူး … ဆရာလုပ်ရတာလဲမလွယ်ဘူး …
တပည့်ကောင်းလဲမဖြစ်နေတော့ တပည့်ကောင်းကောင်းလဲ ပြန်မရဘူးဖြစ်နေတယ် …
ကီလိုဇူးလူးဝီစကီ
April 8, 2013 at 10:52 am
အဲဒီတော့ ဘယ်လိုနေတုန်း မဝေ။
အခိုင်းခံရသက်သာလား။
ခိုင်းရတာသက်သာလား။
သက်သာရင် အဲ့လိုလေးနေမို့ပဲ။
nozomi
April 8, 2013 at 11:10 am
မဝေ ကြီး နေရာနဲ့ ပတ်သက်လို့ ကြားဖူးတာလေး တစ်ခုရှိတယ်
အပေါ်မှာ ဆရာရှိတယ် အောက်မှာ တပည့်ရှိတယ် ဆိုတယ် ဆိုတဲ့
အလယ်လူတွေရဲ့ အနေအထားက အလုပ်မှာ အရေးပါတယ် တဲ့
ဘောလုံးသမား ဘက်ခမ်းလို နေရာမျိုးပေါ့
ရှေ့တန်းက လူတွေကို ဂိုးသွင်းနိုင်အောင် လှမ်းပို့ပေးမယ် လိုရင် ကိုယ်က တက်သွင်းမယ်
နောက်တန်းကို လဲ ဆင်းကာ နိုင်တယ် ရှေ့တန်းနဲ့ နောက်တန်းကို လဲ နားလည်မှု ရှိအောင် အချိတ်အဆက် မိအောင် ကူညီပေးနိုင်တယ်
ခပ်ညံ့ညံ့ အလယ်လူ ရှိတဲ့ အဖွဲ့ အစည်းမှာတော့
အပေါ်က အကောင်အထည်ဖော်ချင်တာ အောက်ခြေကလူ နားလည်အောင် လိုက်လုပ်နိုင်အောင် မစည်းရုံးနိုင်ဘူး အောက်ခြေက အခက်အခဲ အဆင်မပြေတာကို အပေါ်ကလူ နားလည် လက်ခံလာအောင် မတင်ပြနိုင်ဘူး တစ်ခါ တစ်လေ အပေါ် နဲ့ အောက် နားလည်မှုတွေ လွဲအောင် တောင် ဝင် ချလောင် ကြသေးတယ်
ဒေါ်ဇာကြီး အလယ်လူ ကောင်းကောင်းလေး တစ်ယောက်လောက် ရှာကြည့်ပေါ့
ကီလိုဇူးလူးဝီစကီ
April 8, 2013 at 11:13 am
ကိုနိုပြောတဲ့ အလယ်လူ အရည်အချင်းမျိုးက ရဖို့မလွယ်ဘူးဟ။
အရန်လူတွေ ထုတ်သုံးလိုက်ရမလားဟင်။
ရွာသူ jujuma .
April 8, 2013 at 11:49 am
ကိုယ်ကကျူးကိုယ့်ဒူးတောင်မယုံနဲ့ ဆိုသလိုပေါ့ …
ယုံကြည်လို့မရတဲ့အထဲမှာ တပည့်ဆိုတာကြီးက ထိပ်ဆုံးမှာ ပါနေသလိုပဲ … :kwi:
ကီလိုဇူးလူးဝီစကီ
April 8, 2013 at 11:53 am
ဒါပေမဲ့လည်း လူမှု ဆက်ဆံရေးတိုင်း ယုံကြည်မှုနဲ့ နားလည်မှု အတိုင်းအတာတစ်ခုထိ ပေးပြီး တည်ဆောက်ရစမြဲမို့
နည်းနည်း လေးတော့ ယုံကြည်ပေးပါ ဂျူးလေးရယ်။ :kwi:
သူကလေး
April 8, 2013 at 12:10 pm
ခိုင်ရေ…
ကျုပ်တော့အခုချိန်မှာ နံပါတ် (၁)ဖြစ်နေဘီ
အဲဒါကြောင့် စီနီယာတွေ လက်ထောက်မန်နေဂျာတွေကဆရာလာလုပ်ရင်မကြိုက်ချင်တော့ဘူး ဟီး
ကီလိုဇူးလူးဝီစကီ
April 8, 2013 at 12:17 pm
ဟီး။

အဲဒါဆို စိတ်နည်းနည်း လျှော့ပါ သူကလေးရယ်။
သူကလေး
April 8, 2013 at 12:31 pm
သူကလေးလို့မခေါ်ပါနဲ့
ခိုင်ခေါ်မယ်ဆို ခေါ်ရမယ့်နာမည်ရှိနေတယ်လေ 🙂
ကီလိုဇူးလူးဝီစကီ
April 8, 2013 at 12:32 pm
ဟန်နေ ….
နေ့တိုင်းတွေ့ချင်တာ မင်းရဲ့ မျက်နှာလေး။
နေ့တိုင်းကြားချင်တာ မင်းရဲ့ အသံလေး။
:528:
TNA
April 8, 2013 at 12:13 pm
တပည့်မွေးရဒါခက်တယ်။ ဆရာမွေးရတာလွယ်တယ်။ အဲတော့ သိပ်စိတ်ရှုပ်မခံနဲ့။ ဆရာပဲမွေးလိုက်။ ကိုယ် မကောင်းသူခံလိမ့်မယ်။ အဲဒါလွယ်ဒယ်။
ကီလိုဇူးလူးဝီစကီ
April 8, 2013 at 12:18 pm
ဆရာမွေးရတာလွယ်တယ်ဆို။
မွမွသဲကို အနော့ ဆရာမ အဖြစ်မွေးစားလိုက်ပြီ။
ရွာထဲမှာ အနော် ရှုပ်ထားသမျှ လိုက်ရှင်းပေးပါ။
:kwi:
TNA
April 8, 2013 at 12:48 pm
အောင်မြတ်လေး သူများမပါ။ တူညားက ဆရာဘဲမွေးမှာ တပဲ့မမွေးဘူး။ ကိုယ်ရှုပ်တာ သူလိုက်ရှင်း ခိုင်းမယ်။ တို့ဟာတိုရှင်းဘူးရယ်။
ကီလိုဇူးလူးဝီစကီ
April 8, 2013 at 12:54 pm
မွမွသဲ ရက်စက်တယ်။ 🙁
တူညားက အောက်ပါ အရည်အချင်းတွေ ရှိတဲ့ တပည့်လေးပါဟ။
၁) နားလည်အောင် ရှင်းပြ၊ ရှင်းပြတော့နားလည်တယ်၊ ဒါမဲ့ မလိုက်နာဘူး။



၂) ချော့ပြော၊ ချော့ပြောတဲ့ ဆရာကိုအားနာတယ်၊ ဒါမဲ့ မလိုက်နာဘူး။
၃) ချောက်ပြော။ ချောက်တော့လည်း ကြောက်တယ်၊ ဒါမဲ့ မလိုက်နာဘူး။
၄) ငိုပြ။ ငိုတော့ သနားတယ်၊ ဒါမဲ့ မလိုက်နာဘူး။
ဦး ကျောက်ခဲ
April 8, 2013 at 12:42 pm
ညှင်း… ညှင်း… တပည့်မွေးတယ်ဆိုတာ လွယ်မှတ်လို့…
ကိုယ့်ကို ပြန်မကြပ်မယ့်သူ အရည်အချင်းရှိသူ အနည်းဆုံးတော့ဖြစ်ရမယ်…
ဆိုလိုတာက ကိုယ်ဝင်ပါလို့ မကောင်းတဲ့အခြေအနေမျိုးကို ထိန်းနိုင်ရမယ်လေ…
ဟဲ ဟဲ ဦးကျောက်လည်း ငယ်စဉ်တုံးက တပည့်ကောင်းကြီးပေါ့…
:harr:
ကီလိုဇူးလူးဝီစကီ
April 8, 2013 at 12:49 pm
ဟုတ်တယ်လေ။
ဟုတ်တယ်လေ။
ပြောသားပဲ။
ဆရာ အာပတ်လွတ်အောင် စွမ်းဆောင်နိုင်တဲ့ တပည့်မျိုးမွေးနိုင်ရင် အကောင်းဆုံးပါပဲဆို။
ကျုပ်လည်း တပည့်ကောင်းပဲ။
:harr:
ဗုံ ဗုံ
April 8, 2013 at 12:43 pm
တပည့်မွေးရမယ် ဟုတ်တယ် မမဂျီး မိဗုံတော့ သင်္ကြန်နားနီးလို့ လက်ဆောင်တွေ ရတာအားကြီးဘဲ ပြန်ရောင်းစားမလို့ စုထားတယ်

ဟို သဂျားတစ်ယောက်ဘဲ လာပြီး မကန်တော့သေးတာ အလိုက်မသိတဲ့ သဂျားး
ကီလိုဇူးလူးဝီစကီ
April 8, 2013 at 12:50 pm
ဟယ်။
တော်လိုက်တဲ့ ချာမလေး ဗုံဗုံပါတကား။
မောင် ပေ
April 8, 2013 at 1:49 pm
မင်္ဂလာပါ ဆရာမ
ဝဝလှလှ ထထက
တပည့်နှလုံးသား ခုန်သဗျ
ဝဝလှလှ ဆရာမ
မိုက်ကယ်ဇီးနစ်သ်နိုဗန်ဘာ
April 8, 2013 at 1:58 pm
လ နှချောင်းငင် လူကြတာပဲ ကွီ… စင်းလုံးချော အဖြောင့် ဆိုတာတော့
ဘယ်ချိပမလဲ
ဝါးလုံးများလို ကွေးကွေးလေးတွေကိုပဲ
အဖြောင့်လုပ်ပြီး လိုတိုးပိုလျှော့
ဝိုက်ပြီး သုံးကြသာပ….
:kwi:
ကီလိုဇူးလူးဝီစကီ
April 8, 2013 at 2:02 pm
တရဲ။
တရဲ။
အဲလေ။ မောင်ဂလေးပါလား။
:kwi:
ဒါပေါ့ကွယ်။

တွေ့ဆုံ၊ တွဲဖက်ရတဲ့ လူတစ်ယောက်မှာ ကိုယ်နဲ့ ဘယ် ရီလေးရှစ် မှာ အစဉ်ပြေမလဲဆိုတာပေါ် မူတည်ပြီး ကောင်းမွန်တဲ့ဆက်ဆံရေးတည်ဆောက်ရမှာပါ့။
Mr. MarGa
April 8, 2013 at 5:58 pm
အင်း……………ဘယ်လိုပြောရပါ့
အပေါ်က လေးမျိုးမှာလဲ ဟိုဟာမဟုတ် ဒီဟာမဟုတ်
အောက်က ဆယ့်ငါးမျိုးမှာလဲ မပါ
တကယ်တော့
သိကြားဟာ
သိကြားပဲမို့ပါကွယ် :kwi:
ကီလိုဇူးလူးဝီစကီ
April 9, 2013 at 7:59 am
ကော်ဖီနဲ့ပဲ ဖျော်သောက်လိုက်ဖို့ကောင်းတဲ့ သကြားပဲ…
:kwi:
nature
April 8, 2013 at 6:01 pm
တချို့ကပြောတော့ တပည့်မကောင်းဆရာ့ခေါင်း။
တချို့ကပြောတော့ ဆရာမှားတော့ဆောရီး တပည့်မှားတော့ဗျောတီး…တဲ့။ 😛
ကီလိုဇူးလူးဝီစကီ
April 9, 2013 at 8:12 am
ဟုတ်။ ကြားဖူးတယ်ဗျ။ ဟီးဟီး။
အမှားချင်းတူရင်တောင် ရာထူးချင်းကွဲတော့ တုန့်ပြန်နိုင်ပုံချင်း ကွာတယ်လို့ ပြောချင်တာထင်ရဲ့။
ဟိုဘက် ပို့(စ) မှာတော့ နောက်လိုက် တစ်ယောက်လွဲမှားရင် အဲဒီ တစ်ယောက်ပဲ ထိခိုက်မတဲ့။
ခေါင်းဆောင်ဆီက ဗျောတီးခံရတစ်ချက်ပဲလား။ 🙄
ခေါင်းဆောင်မှားတော့ နောက်လိုက်တွေ အများထိခိုက်မယ်ဆိုလား။
နောက်လိုက်ရှိသလောက်ကို ဆောရီးပြောမလား။ 🙄
MaMa
April 8, 2013 at 7:57 pm
ကိုယ့်အတွေ့အကြုံအရတော့ နံပါတ် ၁နဲ့ ၂ အမျိုးအစားက သုံးစားလို့ရတယ်။
နံပါတ် ၁ ကတော့ အကောင်းဆုံးပေ့ါ။
ဒါပေမယ့် နံပါတ် ၂ အမျိုးအစားဖြစ်တဲ့ အလုပ်အပေါ် စိတ်ဝင်စားမှုရှိပြီး လုပ်နိုင်စွမ်း မရှိတဲ့လူတစ်ယောက်ဟာ ရေရှည်မှာ လုပ်ငန်းခွင်ထဲမှာ ကျွမ်းကျင်သင့်သလောက် ကျွမ်းကျင်ပြီး ခေါင်းဆောင်နေရာ ရောက်လာတာမျိုးတောင် ရှိတယ်။
ဒါပေမယ့် နံပါတ် ၃ နဲ့ ၄ အမျိုးအစား ဖြစ်တဲ့ အလုပ်အပေါ် စိတ်ဝင်စားမှုမရှိတဲ့ သူဆိုရင် လုပ်နိုင်စွမ်းရှိတဲ့သူရော၊ မရှိတဲ့သူရော သုံးစားလို့ မရဘူး။
ရေရှည်မှာလည်း တိုးတက်မှုမရှိလို့ လုပ်ငန်းအတွက်လည်း အားကိုးအားထား ဖြစ်မလာနိုင်ဘူး။
ကီလိုဇူးလူးဝီစကီ
April 9, 2013 at 7:53 am
လိုုရင်းကိုု ကွက်တိပြောထားတာ မိုု့ ဘီစီလေး ပေးပါရစေ ချစ်မမ..
:528:
nature
April 9, 2013 at 10:20 pm
ဒါကို ဘီစီပေးတာမကြေနပ်လို့ဆန္ဒဖော်ထုတ်မယ်။
………၁။ လုပ်နိုင်စွမ်း (Able to do) ၊ အလုပ်ပေါ်မှာ စိတ်ဝင်စားမှု (Willing to do) ရှိတဲ့ အလုပ်သမား
၂။ လုပ်နိုင်စွမ်းမရှိ (Unable to do) ၊ အလုပ်ပေါ်မှာ စိတ်ဝင်စားမှု (Willing to do) ရှိတဲ့ အလုပ်သမား
၃။ လုပ်နိုင်စွမ်း (Able to do) ၊ အလုပ်ပေါ်မှာ စိတ်ဝင်စားမှုမရှရှိ (Unwilling to do) ရှိတဲ့ အလုပ်သမား
၄။ လုပ်နိုင်စွမ်းမရှိ (Unable to do) ၊ အလုပ်ပေါ်မှာ စိတ်ဝင်စားမှုမရှရှိ (Unwilling to do) ရှိတဲ့ အလုပ်သမား………
နံပါတ်၁က ပြောစရာမရှိဘူးလို့ထင်ရပေမဲ့ ဗိုလ်ချုပ်နေဝင်း ပြောခဲ့သလို လူကောင်းလူတော်နဲ့လူတော်လူကောင်း ဆိုတာလို ကိုယ်ကျင့်တရားအခြေခံ ကအရေးကြီးသေးတယ်။ ကိုယ်ကျင့်တရားသာမကောင်းရင် အင်မတန်တော်ပေမဲ့ ဒီလိုလူမျိုးက အလုပ်ရှင်ကို ပြန်ပြီးပညာပေးတတ်တယ်။ ကိုယ်ကျင့်တရားဆိုတာကလည်း လုပ်ခလစာနဲ့ ပညာပေး ထိမ်းကြောင်းနိုင်တာဖြစ်လို့ ထိမ်းကြောင်းမှုကောင်းရင်တော့ အင်မတန်အကျိုးများပါတယ်။
လုပ်နိုင်စွမ်းဆိုတာကတော့ မွေးကတည်းကဘယ်သူမှတတ်လာတာမဟုတ်လို့ လေ့ကျင့်သင်ကြားပေးရင် ဉာဏ်ရည်မမှီတဲ့သူကလွဲလို့ သင်ပေးနိုင်တယ်။ အချိန်ပဲကွာမယ်။ ခုချိန်မှာမလုပ်နိုင်ပေမဲ့ နောင်တချိန်မှာလုပ်နိုင်လာတာတွေလည်းရှိတတ်တယ်။
စိတ်မဝင်စားတာကျတော့ သင်ကြားပေးလို့မရဘူး ။ စိတ်ဝင်စားလာအောင် စည်ရုံးဆွဲဆောင်ပေးရတယ်။ စိတ်မဝင်စားရင် ယတြာခြေတဲ့အနေနဲ့ဆိတ်ဝင်စားအောင်ခြံတံခါးလေးနဲနဲဟထားပေးလိုက်။ 😛
နေဝန်းနီ
April 8, 2013 at 8:51 pm
ဒပဲ့မမွေးဘူး …။ ကိုယ့်မှာ အရီအချင်းမှမရှိတာ …။ ကိုယ့်ကိုလာပြီးဆြာရာလုပ်တာမကြိုက်သလို တစ်စုံတစ်ယောက်ကိုလည်း ဘယ်တော့မှ ဆြရာလုပ်ဖို့ စဉ်းစားမထားဘူး….။ တစ်ကယ်မသိလို့ လာမေးလာရင်တော့ ကိုနားလည်သလောက် တတ်သလောက်နဲ့ သူနားလည်အောင်တော့ ရှင်းပြပေးဖို့ ဝန်မလေးပါဘူး …။ ငါ သိတတ်သူဆိုတဲ့ အိုက်တင်ကြီး တစ်ခွဲသားနဲ့ သူတစ်ဘက်သားကို ဆရာ မလုပ်ချင်ဘူး အဲဒိလိုလုပ်တာကို ကိုယ့်အပေါ်မှာတင်မဟုတ် သူတစ်ပါးကိုလုပ်နေတာမြင်ရရင်လည်း တစ်အားစိတ်ပျက်တတ်တယ်…။ အဲဒိနားကြာကြာမနေပဲ ထသွားတာကများတယ်…။
ကီလိုဇူးလူးဝီစကီ
April 9, 2013 at 8:02 am
ကိုယ်ပိုင်အလုပ်လုပ်နေရတယ်ဆိုရင် တော့ ဘာအရေးတုန်းဗျ။

ဝန်ထမ်းဘဝမှာတော့ အဲလို စဉ်းစားဖို့ မလွယ်သေးးးးး
မဟာရာဇာ အံစာတုံး
April 8, 2013 at 9:15 pm
မင်ဂါဘာ ချာမ …
ကျေးဇူးတင်ဘာလယ် ချာမ …
ကိုင်းး နှုတ်ဆက်ပီးဘီ …
ထိုင်ဒေါ့မယ် ……
ကီလိုဇူးလူးဝီစကီ
April 9, 2013 at 8:04 am
မထိုင်နဲ့ဦး။
လက်ထောက်ဆရာမ မလာသေးဘူး။
အလင်းဆက်
April 9, 2013 at 2:32 pm
မှတ်သားစရာတွေ
တွေးတော စရာတွေ နဲ့
ဝေဆာလို့နေတဲ့
ပိုစ့်ကောင်းတစ်ပုဒ်မို့
လေးစားစွာ
ဖတ် ရှု ခဲ့ပါကြောင်း