နာရီသံ ချက်ချက် ညံ “Tick, tock, tick, tock. . .”

Ma MaApril 9, 20136min38816

ကိုယ်တိုင်တော့ တွန့်လိမ်ကောက်ကွေးနေတဲ့ e စာကို တွေ့ရင် ခုန်ကျော်သွားလိုက်တာပဲ။ :harr:

အခုတင်ပေးမယ့် စာက စ လုံး ကျောင်းမှာ Primary 6 Level တက်နေတဲ့ ကလေးတစ်ယောက်ရဲ့ Essay ပါ။

ဆရာမက Excellent ပေးထားပြီး ကျန်တဲ့ကလေးတွေကို အတုယူရအောင် ကောင်းလို့ဆိုပြီး ဖတ်ကြည့်စေပါတယ်။

အဲဒီစာကို ရေးသူဟာ မြန်မာပြည် ကလေးလေးလို့ ဆိုရင် အံ့ဩကြလေမလား။

 

ကိုယ်တိုင် မဖတ်နိုင်ပေမယ့် …

တတ်ကျွမ်းသူတွေ ဖတ်ကြည့်စေချင်တာရယ်…

တစ်ယောက်ယောက်ကများ

(eg: ခုတလော ဘာသာပြန်လေ့ကျင့်ခန်းဆင်းနေတဲ့ ကြောင်ကြီး) :harr:

ဘာသာပြန်ပေးရင်မဆိုးဘူးဆိုပြီး အမှန်အကန် မဟုတ်တဲ့ အကြံအဖန်အတွေးနဲ့ ပိုစ့်တင်လိုက်ပါတယ်။

 

ဘာသာပြန်ဆရာများဖြစ်ကြတဲ့ ဝင့်ပြုံးမြင့်၊ မောင်ဘလှိုင် တို့လို ကျွမ်းကျင်သူတွေဆီက ….

 

လိုအပ်ချက် အားသာချက်ကလေးတွေကို ထောက်ပြလမ်းညွှန်တဲ့ မှတ်ချက်လေးတွေ၊

စာဖတ်သူတွေရဲ့ ခံစားချက်ကွန်မန့်လေးတွေဟာ ……

 

စိတ်ဓာတ်ရေးရာ အားဆေးတစ်ခွက် ဖြစ်စေနိုင်တာမို့ စာရေးသူကလေးအတွက် အကျိုးများစေနိုင်ပါတယ်။

ဖတ်ကြည့်ပေးကြပါအုံးနော်။ :hee:

 

“Tick, tock, tick, tock. . .”

The rhythmic, monotonous ticking of the wall clock was the only sound in my bedroom on that February night. The air-conditioner was on, with its normally soothing purrs and whirs barely audible, but even though it was 25 degrees in the room, I had broken out in a cold sweat. My Science homework was laid out in front of me, with two questions still unanswered. Try as I might, my hand refused to pick up the pen to scrawl out the answers on the blank lines, because I did not have one at hand. Yet I could not simply switch off the muted white glow of my table lamp and climb into bed, because I knew that the next day I would face the wrath of my strict Science teacher, Mr. Lim.

For the millionth time, I envied my parents and twin sister in their bedrooms sleeping soundly, especially my pregnant mother, who was always exhausted at the end of each day, with barely enough energy to brush her teeth. I was not too surprised, considering that she was already near the end of her pregnancy. Luckily, she would not be lugging around the enormous baby bump with her anymore soon.

I just did not realize how soon it would be.

As I was staring at the wall clock (which read five to eleven), my sharp ears detected a strange sound in the silence. Although it was only a slight creak, it was all it took for my body to spring into alertness. Was it a burglar, or just my mother going to the kitchen to raid the fridge? Maybe my father was checking on me to see if I had done my homework, but no one knocked on the door. I cocked my ears, and heard sudden, strangled gasps and heaving from the living room.

Curiosity overruled trepidation and I switched off the table lamp, blinking in the sudden darkness. When my eyes adjusted, I crept out from my room into the living room. There, as I slid into a crouch behind the armchair, I spotted a dark figure with lank hair and a huge round thing on her lap.

I bent down to conceal myself. The floorboard creaked. I heard the rustle of hair as I sensed the figure turn to look.

“Renee? Is that you?” The croak sounded familiar.

“Mother?” I rose up from behind the armchair and cringed as the floorboard creaked again. “What are you doing here?”

Mother opened her mouth to reply, but suddenly she let out a groan and clutched at her stomach as though trying to restrain the pain. Her face contorted.

“Mother, are you all right? Is the baby all right?”

She did not reply, and instead her head bent over her stomach, and I could see her cheeks and lips tighten with concentration. In the dead silence, I heard a watery, leaky sound which reminded me of the time I wet myself in Father’s car. Mother looked up, desperation in her eyes.

“Renee, my water bag burst!” she blurted out.

Almost automatically, I reached for the telephone. Putting ‘995’ on speed dial, I waited tensely, watching Mother from the corner of my eye.

“Hello?” a surprised voice answered.

“My mother’s water bag burst—she’s pregnant, and I think the baby’s coming,” I rushed my words, and gave the operator my address.

“OK, we’ll be right there.” Then he hung up.

Meanwhile, Mother had started to moan. Her face twisted with intense pain. It was almost unbearable to watch her, so I got up and woke up Father, who immediately came to Mother. He told me to go downstairs to meet the ambulance while he kept Mother company. I grabbed the keys to unlock the gate and trotted downstairs, forcing my leaden legs to move. When I reached the empty void deck, I started pacing, glancing around for any sign of an ambulance. My ears cocked for a siren.

It seemed to take an eternity for the ambulance to arrive, and once they did, the paramedics rushed upstairs and came back down with Mother groaning louder in the stretcher. Father held her hand and climbed into the ambulance with her. “You, go back to sleep,” he ordered, and the doors closed.

I climbed back up the stairs and sat down on my bed. I decided to forget about the homework and went to sleep. Later, in the morning, I became the proud sister (along with Ramona) of little Freddie Chua.

P6 CA1 2013 Continuous Writing

Le Le Yee Mon (19)

Excellence 6

 

ဒီစာကို ဖေ့စ်ဘုတ်မှာ ရှယ်ထားပါတယ်

အဲဒါကိုတွေ့ပြီး ဘာသာပြန်ပေးထားလို့  ထပ်ဖြည့်လိုက်ပါတယ်။

 

ရှည်လျားလှသော ထိုတစ်ည

ဖေဖော်ဝါရီရဲ့ တိတ်ဆိတ်သော ညတစ်ညကပေါ့။

အိပ်ခန်းထဲမှာ အသံဆိုလို့ နာရီကစက္ကန့်လက်တံလေးက တချက်ချက်ရွေ့နေတဲ့ အသံပဲရှိတယ်။

 

အဲယားကွန်းဖွင့်ထားတဲ့အခန်းထဲမှာ အပူချိန် ၂၅ဒီဂရီပဲ ရှိပေမယ့် ကျွန်မဇောချွေးတွေ ပြန်နေတယ်။

သိပ္ပံစာအုပ်က ဖွင့်လျက်သားလေး ကျွန်မရှေ့မှာ။

အိမ်စာနှစ်ပုဒ်က ကွက်လပ်…

 

ဘယ်လိုကြိုးစားကြိုးစား ကျွန်မရဲ့ လက်တွေက ဘောပင်ကို ကောက်ကိုင်ပြီး အဖြေကိုရေးချလိုက်ဖို့ကိုငြင်းဆန်နေတယ်။

အဖြေကိုမှမသိတာ။

 

ဒါပေမယ့် သိပ်ကြောက်ဖို့ကောင်းတဲ့ သိပ္ပံဆရာမမျက်နှာကို မြင်ယောင်မိတိုင်း စာအုပ်ကိုပိတ်၊ မီးကိုမှိတ်ပြီး အိပ်ယာဝင်ဖို့ကိုရွံ့နေခဲ့တယ်။

သူတို့ အိပ်ခန်းတွေထဲမှာ အိပ်ပျော်နေကြတဲ့ ဖေဖေ၊မေမေ နဲ့ မမတို့ကို အားကျလိုက်တာ။

 

အထူးသဖြင့် ကိုယ်ဝန်ဆောင်နေတဲ့မေမေက တစ်နေ့လုံးပင်ပန်းနေတာဆိုတော့အိပ်မောကိုကျလို့။

တစ်နေ့တစ်နေ့ ပင်ပန်းလိုက်တာ တခါတလေဆို သွားတိုက်ဖို့တောင်အားမရှိရှာဘူး။

 

ကိုယ်ဝန်အရင့်အမာကြီးနဲ့ဆိုတော့လည်း တော်တော်ပင်ပန်းမှာပေါ့လေ။

သူ့ဗိုက်ကြီးကို ထပ်ကြာကြာလွယ်ထားစရာ မလိုမှာကိုပဲ ကံကောင်းတယ်လို့ပြောရမှာပေါ့။

 

တိတ်ဆိတ်နေတဲ့ညမှာ အသံထူးထူးဆန်းဆန်းတစ်ခုခုကို ကြားမိသလိုပဲ။

တစ်ချက်တည်းပေမယ့် ကြားဖြစ်အောင်ကြားလိုက်တယ်။

 

နာရီကို ကြည့်တော့ (၁၁)နာရီတောင်ထိုးတော့မယ်။

သူခိုးပဲကပ်တာလား။

မေမေပဲ ဗိုက်ဆာလို့ မီးဖိုချောင်ထဲဝင်ပြီးစားစရာရှာတာလား။

ဖေဖေက ငါအိမ်စာလုပ်ပြီးပြီလားလို့ လာကြည့်တာလဲဖြစ်ရင်ဖြစ်မှာပေါ့။

 

ဒါပေမယ့် ငါ့တံခါးကိုလည်း ဘယ်သူမှ လာမခေါက်ပါဘူး။

သေသေချာချာနားစွင့်ကြည့်လိုက်တော့ ရှိုက်ငင်သံတွေ ဧည့်ခန်းဘက်က လာနေတယ်။

 

ကြောက်စိတ်ကိုစပ်စုလိုစိတ်က အနိုင်ယူသွားတော့ စားပွဲတင်မီးကိုပိတ်လိုက်တယ်။

မျက်လုံးတွေထဲကအမှောင်ကို ကျင့်သားရသွားတော့ အခန်းထဲကနေ ခြေဖေါ့ပြီး ဧည့်ခန်းထဲကိုထွက်ခဲ့တယ်။

 

ဆိုဖာနောက်ကနေ ကုန်းကုန်းကွကွနဲ့ ချောင်းကြည့်တော့ ဆံပင်ဖားလျားနဲ့ လူတစ်ယောက်၊

သူ့ပေါင်ပေါ်မှာအထုပ်လုံးလုံးကြီး တစ်ထုပ်နဲ့။

သူမမြင်အောင် ပုန်းမယ်လုပ်ခါမှအိမ်ကြမ်းခင်းက ကျွိခနဲ ထမြည်တယ်။

ဆံပင်ဖားလျားနဲ့လူက နောက်ကို လှည့်ကြည့်တယ်။

 

“လဲ့လဲ့၊ သမီးလား”

အဲဒီလူက အသံအက်အက်နဲ့ မေးတယ်။

အဲဒီအသံကို ကြားဖူးလိုက်တာ။

 

“မေမေလား။ ဒီမှာဘာလာ လုပ်နေတာလဲ။”   လို့  မေးလိုက်တော့……..

မေမေက ပါးစပ်ဖွင့်ပြီးပြန်ဖြေဖို့ ကြိုးစားတယ်။

ဒါပေမယ့် မဖြေနိုင်ပဲ မျက်နှာကို ရှုံ့မဲ့ပြီးအော်ညည်းလိုက်တယ်။

 

“မေမေ၊အခြေအနေကောင်ရဲ့လား။ ကလေးကဘာဖြစ်လို့လဲဟင်။”

ကျွန်မ အလန့်တကြားမေးလိုက်တယ်။

 

မေမေဘာမှ ပြန်မပြောနိုင်ပါဘူး။

ခေါင်းကိုငုံ့ထားပေမယ့် သူနာကြင်နေတာကိုတွေ့နေရတယ်။

 

ဘယ်လိုလုပ်ရမလဲ စဉ်းစားနေတုန်း ………..

ဟိုတစ်ခေါက်က ကျွန်မကားပေါ်မှာရှူးရှူးပေါက်ချတုန်းကလိုမျိုး ရေကျသံ လိုမျိုး အသံတစ်သံကို ကြားလိုက်ရတယ်။

မေမေကျွန်မကို မော့ကြည့်ပြီး ဗလုံးဗထွေးပြောတယ်။

“လဲ့လဲ့၊ ငါ့ရေမွှာပေါက်သွားပြီ။”

 

ဖုန်းကို ချက်ချင်းကောက်ကိုင်ပြီး ၉၉၅ ကိုနှိပ်လိုက်တယ်။

တစ်ဖက်ကဖုန်းကိုင်ဖို့ကိုစောင့်ရင်း မေမေ့အခြေအနေကိုလည်း ကြည့်နေရတယ်။

“ဟဲလို”

“ကျွန်မ မေမေရဲ့ ရေမွှာပေါက်သွားပြီ။ ကလေးမွေးတော့မယ်ထင်တယ်။ ကျွန်မတို့အိမ်လိပ်စာက XXXXXXX ပါ။ မြန်မြန်လာပါ။”

အသက်မရှူတမ်း တရစပ်ပြောချင်တာအကုန်ပြောလိုက်တယ်။

 

“ဟုတ်ကဲ့ ကျွန်တော်တို့ အမြန်ဆုံးလာခဲ့ပါ့မယ်။”

တဖက်က ပြန်ပြောတယ်။

 

မေမေက နာလွန်းလို့ မျက်နှာကို ရှုုံု့မဲ့ပြီး ညည်းနေတယ်။

အဲဒီတော့မှဖေဖေ့ကို သွားနှိုးဖို့ သတိရတယ်။

 

ဖေဖေက မေမေ့ကို ဖော်ပြုနေတုန်း ကျွန်မကိုအောက်ထပ်မှာ အရေးပေါ်လူနာတင်ကားကို သွားစောင့်ခိုင်းတယ်။

 

သော့ကိုဆွဲပြီးအောက်ထပ်ကို အသော့ပြေးဆင်းလာခဲ့တယ်။

ခြံထဲမှာ ဟိုဘက်သွားလိုက်၊ ဒီဘက်သွားလိုက်နဲ့လူနာတင်ကားရဲ့ အရိပ်အယောင်ကို ရှာနေခဲ့တယ်၊

အသံကို နားစွင့်နေခဲ့တယ်။

 

လူနာတင်ကားက (၅)မိနစ်အတွင်းရောက်လာပေမယ့် စိတ်စောနေတဲ့ ကျွန်မအတွက်တော့တစ်နာရီလောက်ကြာတယ်လို့ ထင်ရပါတယ်။

 

ရောက်ရောက်ချင်း သူနာပြုတွေကားပေါ်ကဆင်းပြီးအိမ်ပေါ်ပြေးတက်ကြတယ်။

ခဏကြာတော့ မေမေ့ကို ထမ်းစင်နဲ့ထမ်းချလာတယ်။

ဖေဖေကမေမေ့လက်ကို ကိုင်ပြီးဘေးနားကနေလိုက်လာတယ်။

“လဲ့လဲ့ အထဲပြန်ဝင်ပြီးအိပ်တော့ ” ကားပေါ်တက်ရင်းနဲ့ ဖေဖေကျွန်မကို လှမ်းပြောတယ်။

 

အိမ်ပေါ်ပြန်တက်ပြီး ကုတင်ပေါ်မှာ ငူငူငိုင်ငိုင်နဲ့ ထိုင်နေတာဘယ်လောက်ကြာသွားလဲ မသိဘူး။

နောက်ဆုံးတော့လည်း စာအုပ်ပိတ်ပြီး အိပ်ပစ်လိုက်ဖို့ဆုံးဖြတ်လိုက်တယ်။

 

နောက်တစ်နေ့မနက်မှာတော့ ကျွန်မလဲ့လဲ့နဲ့ ကျွန်မရဲ့ အမွှာအစ်မရည်မွန်တို့ … မောင်ပြည့်စုံလေးရဲ့ အစ်မကြီးရာထူး ရသွားကြပါတယ်ရှင်။

 

(ဆရာမကို အိမ်စာမပြီးသေးတဲ့အတွက် ပြစရာအကြောင်းပြချက်လည်း ရသွားပါသတဲ့ရှင်။ဤသည်ကား စကားချပ်။)

:kwi:  :harr:   :hee:

16 comments

  • weiwei

    April 9, 2013 at 6:31 pm

    အန်တီမမရဲ့ တူမလေးပဲ ဖြစ်ရမယ် … အဒေါ်နဲ့တူလို့ ဒီလောက်တော်နေတာဖြစ်မယ် …
    သူငယ်ချင်းတစ်ယောက်ရဲ့သားလေးလဲ Primary V မှာ ဝတ္ထုတိုရေးနိုင်နေပြီး သူရေးထားတာတွေကို ကျွန်မတောင် လိုက်မမှီဘူး …
    တော်တဲ့ကလေးတွေများ တော်တော့်ကိုတော်ကြပါပေတယ် …

  • မောင် ပေ

    April 9, 2013 at 7:09 pm

    အနာဂတ်မှာ ပွင့်လန်းတောက်ပ လှပဝေဆာမယ့်
    မျိုးဆက်သစ်လေး လဲ့လဲ့ရီမွန် အတွက်
    အန်တီမမ အား တူတော်မောင်ပေ မှ အဒေါ်ရင်းတစ်ယောက်သဖွယ် သဘောထားပါတော့မည်
    ဟီဟိ

  • ဝင့်ပြုံးမြင့်

    April 10, 2013 at 1:05 am

    ကျောင်းသူလေးထက် စလုံးကျောင်းကို ပိုအံ့ဩသွားပါတယ်။ စလုံးကျောင်းတွေ အဆင့်မြင့်လှပါကလားနော်။ အခု ရေးထားပုံက နိုင်ငံခြားသားရေးတဲ့စာနဲ့မတူဘဲ native speaker ကရေးထားသလိုပဲ။ သိပ်ပြီး ဘိုဆန်တယ် လို့ ပြောတာပါ။ ကလေးက စာဖတ်အား သိပ်ကောင်းပုံရတယ်။ ကျောင်းကသင်ကြားမှုကောင်း လို့ ဒီလောက်တော်တယ်လို့ ထင်ပါတယ်။ တဆက်တည်း မြန်မာပြည်ကျောင်းတွေအတွက် ရင်မောမိပါတယ်။
    ရေးထားတာ ရိုးရိုးရှင်းရှင်းမို့ ဘာသာပြန်ပေးစရာ မလိုတော့လို့ မပြန်ပေးတော့ပါဘူးနော်။
    ဒီပို့စ်လေးအတွက် ကျေးဇူးအထူးပါ မမရေ။ ပညာရေးအကြောင်း ရေးရကောင်းနိုး မရေးဘဲနေရကောင်းနိုး အပျင်းဖက်နေတာ မမရဲ့ ဒီပို့စ်နဲ့ သကြားမင်းဦးမာဃရဲ့ “တာဝန်သိသူများ ငုတ်တုတ်ထိုင်နေပါ” ပို့စ်ကို ဖတ်ပြီး ပညာရေးအကြောင်း ပို့စ်တစ်ပုဒ်တင်ဖို့ အားထုတ်ပါဦးမယ်။

  • ကီလိုဇူးလူးဝီစကီ

    April 10, 2013 at 8:50 am

    ချစ်မမ၊
    အနော်ကျော်ဖတ်တဲ့ စာတွေ ဘာရို့ တင်တာတုန်းလို့။
    :harr:

    အဲနီးဝေး။
    အားပေးချင်တာနဲ့ ကြိုးစားဖတ်သွားပါတယ်ဗျ။

    အသုံးအနှုန်းလေးတွေ လှလို့ အတုယူသွားပါ၏။

    :hee:

    • သူကလေး

      April 10, 2013 at 10:27 am

      ခိုင်ကခုထိအဲလိုစကားတွေပြောနေတုန်းပဲကိုးစ်
      မီးလဲ B.A(E) သာဆိုတယ် … အီးကိုဖတ်ရမှာတယ်ပျင်းသကိုး
      အဲနီးဝေးးးး

      မမတင်တဲ့စာကိုဝင်ရောက်ဖတ်ရှူရင်း ကလေးလေးရဲ့ရေးနိုင်စွမ်းကို အားကျသွားပါတယ် 🙂

  • ဦးကြောင်ကြီး

    April 10, 2013 at 9:22 am

    အတန်းပညာရေးထက် ခလေးစာဖတ်အား တာသွားပုံရတယ်။ ရိုးရိုးရှင်းရှင်းထက် အဖွဲ့အနွဲ့ အခိုင်းအနှိုင်းတွေ ပါလို့ပါ။ ဂုဏ်ပြုပါရစေ…..၊ သမီးလေးက ၆တန်းဆိုတော့ သတိရလို့ ပေါရရင် ရတန်းနှစ်မှာ ဦးကြောင် ရင်ခုန်နေတတ်ပီ… See ya next year, သမီးလေး :harr:

  • mashwetote

    April 10, 2013 at 10:11 am

    စင်္ကာပူက Primary 6 ဆိုတော့ မြန်မာပြည်မှာ ၆တန်းလို့ပဲ ထားပါတော့။ အဲဒီတုန်းက ကျောင်းမှာ အက်ဆေးဆိုရင် “My name is Ma Shwe Tote. I am in Grade 7. I live in Yangon.” လောက်ပဲ ရေးခိုင်းကြသေးတာပါ။
    မြန်မာပြည်မှာဆို ဆရာမကျောက်သင်ပုန်းပေါ်မှာ ရေးပေးတဲ့စာပိုဒ်ကိုပဲ အလွတ်ကျက်၊ စာမေးပွဲမှာ အကုန်ပြန်အန်ထုတ်နိုင်ရင် အမှတ်ပြည့်ရပြီ။ တစ်ခြားနိုင်ငံတွေမှာ အဲဒီလိုလုပ်ဖို့မပြောနဲ့ စာတစ်ကြောင်းကူးချရင်တောင် software ကကူးချပါတယ်ဆိုပြီးပြတယ်။ အဲဒီလိုပြလို့ကတော့ ဘဲဥမကွဲတော့ဘူး။

    • ဦးကြောင်ကြီး

      April 10, 2013 at 10:34 am

      အဲလောက်တော့ ဟုတ်သေးပါဗူး အန်တီတုတ်ရယ်… အနောက်နိုင်ငံတွေမှာ ဒေါက်ထရိတ် လယ်ဗယ်တောင် သူများစာကူးချ စုတုပြုလုပ်ကြတာ တပုံကြီး… အစိုးရပိုင်း တာဝန်တွေ ယူပြီးမှ နှုတ်ထွက်ပေးရတာ ထုနဲ့ဒေး…. ယေဘူယျအားဖြင့်တော့ ဟုတ်ပါတယ်၊ ကိုယ်ပိုင်အတွေး အခေါ်ကို အားပေးတယ်၊ ကျောင်းစာပိမနေအောင် သင်ရိုးညွှန်းတမ်း ဆွဲပေးတယ်။ စမတ်ကျကျ လုပ်ပေးနိုင်တဲ့ကျောင်းဆိုတာ များသောအားဖြင့် ပုဂ္ဂလိက ကျောင်းဖြစ်ဖို့များတယ်။ ပတ်ဗလစ်ကျောင်းဆို လူများလို့ အဲလောက် မထိန်းနိုင်ဘူး။
      အာရှတိုက် နိုင်ငံတွေမှတော့ ကျောင်းသားတွေ စာအသဲသန် လုပ်ရတယ်နဲ့တူတယ်။ တမျိုးတဘာသာဆီပေါ့နော်…. အကျိုးဆက်က သိပ္ပံ၊သချင်္ာလိုမျိုးမှာ အေးရှန်းတွေ လူတော်များတယ်၊ ဒါလဲ မခက်ပါဘူး… အနောက်နိုင်ငံတွေက အဲဒီ လူတော်လေးတွေကို စပွန်စာပေး စကော်လားရှစ်ပေး ခေါ်မွေးစားလိုက်တာပေါ့။ :kwi:
      နောက်ဆက်တွဲ စဉ်းစားနိုင်တာ အဲလိုသိပ္ပံသချင်္ာတော်ရုံနဲ့ အနောက်ကမာ္ဘကို ယှဉ်မဖိုက်နိုင် ဆိုတာပဲ။ ဘက်စုံမျှရမယ်လေ….

      • mashwetote

        April 10, 2013 at 11:05 am

        အန်တီတုတ်တယ်။ လုပ်ချလိုက်ပြီ။ ဘာမှမဖတ်ရသေးခင် ငိုချင်အောင်။ အဟင့် ရွှတ်ဖတ်။
        မီးကငယ်ငယ်လေးပဲ ရှိသေးတာပါလို့ အူးကြောင်ရဲ့။
        မြန်မာနိုင်ငံမှာ ကိုယ်ပိုင်တီထွင်မှု၊ တွေးခေါ်မှုကို အားမပေးတာကို ပြောတာရယ်ပါ။ ကို့ဘာသာကို အက်ဆေးရေးလို့ကောင်းလွန်းရင် ကိုယ်တိုင်ရေးတာမဖြစ်နိုင်ဘူးဆိုပြီး ဂုဏ်ထူးမပေးဘူးတဲ့တော်။
        အူးကြောင်ပြောတာမှန်တယ်။ ဟိုးတစ်ခေါက်က အက်ဆေးရေးဖို့ ဖတ်မိတဲ့အထဲမှာ နိုင်ငံအမျိုးမျိုးက ကျောင်းသားတွေကို စာမေးပွဲတစ်ခုစစ်ကြည့်တာ ဘာသာရပ်တိုင်းမှာ ရှန်ဟိုင်းက တရုတ်လေးတွေက အဆင့်တစ်ချိတ်သတဲ့။ ဒါပေမယ့် အဲဒီကျောင်းသားတွေကိုပဲ စစ်တမ်းတစ်ခု ထပ်ကောက်ကြည့်လိုက်တဲ့အခါမှာ ကိုယ့်ကိုကိုယ်ယုံကြည့်မှုက အနောက်နိုင်ငံက ကလေးတွေထက် တော်တော့်ကို နိမ့်နေတယ်တဲ့။

  • TNA

    April 10, 2013 at 12:54 pm

    တကယ့်ကိုပဲ ရိုးရှင်းလှတဲ့အကြောင်းလေးကို အဆင့်မြင့်မြင့်ရေးဖွဲ့ထားတာ။ တကယ်ကိုတော်ပါတယ်။ သူရေးတဲ့နောက်လိုက်ဖတ်ရင်းမောသွားတာပဲ။ သူ့ရဲ့ခံစားချက်ဟာ ကလေးတော်တော်များများခံစားဖူးတဲ့ ရိုးရှင်းလှတဲ့ ခံစားချက်မျိုးကို သူက ဖတ်လို့ကောင်းအောင်ရေးသွားနိုင်တာ တကယ့်ကိုတော်ပါတယ်။ ဒီလို အက်ဆေးမျိုး ဒီကဆယ်တန်းကျောင်းသားတောင်ရေးနိုင်ပါ့မလားလို့ ( စိတ်တော့မဆိုးကြပါနဲ့ )။ အလွတ်ကျက်ပြီး အက်ဆေး တိုးတယ် မတိုးဘူးဆိုတဲ့အသံတွေအမြဲကြားနေရလို့ပါ။

  • ဦးဦးပါလေရာ

    April 10, 2013 at 5:10 pm

    အဲဒီကလေးက စ လုံးက ကျောင်းသားဆိုရင်
    စ လုံးက ပျှမ်းမျှလူကြီးတွေထက်ကို ပိုတော်ပါတယ်။
    အကျိုးတိုင်းမှာ အကြောင်းရှိတယ်..။
    သူတို့ကျောင်းသား / လူငယ်တွေ အင်္ဂလိပ်စာကောင်းလာတာ
    သူတို့ဆီမှာ အင်္ဂလိပ်စာကို အရေးပေး အသုံးချ လာလို့ဖြစ်တယ်။
    သူတို့လူငယ်ချင်းမှာ တရုတ်လို မလေးလို ပြောတာ တော်တော်ရှားသွားပြီ..။

    အကျိုးတိုင်းမှာ အကြောင်းရှိပါတယ်…။
    ကျုပ်တို့နိုင်ငံသားတွေ အင်္ဂလိပ်စာ ပစ်စလက်ခတ်ညံ့တာဟာ
    (သမိုင်းတရားခံတော့ရှိပါတယ်။)
    အင်္ဂလိပ်စာကို မသုံးရလို့ မသုံးလဲ ရ လို့ပါ။

    တစ်ခါက နိုင်ငံခြားသားပိုင်လုပ်ငန်းတစ်ခုမှာ လခစားလုပ်ဖူးတယ်။
    အဲဒီမှာ မြန်မာနိုင်ငံသားထဲက အထွေထွေလုပ်သား ခုနှစ်တန်းပဲအောင်တဲ့ကောင်လေးကအစ
    အင်္ဂလိပ်လို တစ်လုံးစနှစ်လုံးစ တော့ ပြောတတ်တယ်။ သူများပြောတာကို ငပိသံနဲ့ပြောရင် အတော်အသင့်နားလည်တယ်။
    ဘာကြောင့်လဲဆိုတော့ အလုပ်ရှင် မန်နေဂျာကအစ နိုင်ငံခြားသားမို့ အင်္ဂလိပ်လိုချည်းပြောတာကိုး…။

    • MaMa

      April 10, 2013 at 6:35 pm

      သူတို့ဆီက အင်္ဂလိပ်စာသင်နည်းက ကလေးတွေကို အင်္ဂလိပ်စာအုပ်တွေ အစုံဖတ်ခိုင်းတယ်။
      မသိတဲ့ စာလုံးတွေ့ရင် ကျော်သွားပြီး ဆက်ဖတ်ပါတဲ့။
      အဘိဓာန်ရှာခိုင်းတာ မဟုတ်ဘူး။
      နောက်အဲဒီစကားလုံးကိုပဲ နောက်စာကြောင်းတွေမှာ တွေ့ရလိမ့်မယ်တဲ့။
      မကြာခဏတွေ့ရတော့ အဲဒါဘာကို ဆိုလိုတယ်၊ ဘယ်လိုသုံးတယ်ဆိုတာကို သိသွားလိမ့်မယ်။
      အဲလိုနည်းနဲ့ သိတာက ပိုကျယ်ပြန့်တယ်၊ ပိုကောင်းတယ်လို့ ဆိုကြတယ်။ :hee:

  • Mr. MarGa

    April 10, 2013 at 7:26 pm

    သင်ကြားမှုပုံစံ ကွာသွားတာနဲ့ ကလေးရဲ့ အရည်အသွေးကို ထုတ်ဖော်ပေးတာပါ ကွာသွားတယ်ထင့်
    ရှက်ရှက်နဲ့ ဝန်ခံရရင်
    အခုအရွယ်ထိ အဲဒီလောက် မရေးတတ်သေးတာတော့ အမှန် :byae:

  • nature

    April 11, 2013 at 7:57 am

    ဒီကလေးမြန်မာပြည်မှာကျောင်းတက်တုန်းက ကျောင်းမှာတနေ့လုံးနေလို့စကားတခွန်းမပြောဘူး။ အတန်းထဲမှာစာမေးရင်လဲထမဖြေရဲဘူး။ စင်္ကာပူရောက်တော့ ခလေးတွေကိုစည်းရုံးအားပေးပြုစုပျိုးထောင်မှုကြောင့်လားတော့မသိဘူး။ စာမေးရင် အရင်ဆုံးထဖြေဖို့ စိတ်အားထက်သန်နေတတ်တယ်။ lifestyle ပြောင်းသွားတယ်။

  • GaviaGirl

    April 21, 2013 at 3:05 pm

    သမီးလည်း တစ်ချို့စာလုံးတွေ မသိလို့. ကျော်ချသွားတယ်… 🙂

    နားလည်သလောက်ဖတ်လိုက်ရတာကိုပဲ ကိုယ်တိုင်ကြုံနေရသလို ခံစားလိုက်ရတယ်.. အရမ်းတော်တဲ့တူမလေးကိုရထားတဲ့ အန်တီမမကို အားကျပါတယ်လို့…

  • ကိုရင်စည်သူ

    April 21, 2013 at 3:48 pm

    ကလေးမလေးများ ရေးတာ ဖြောင့်နေတာပဲ.. ကိုယ်တွေနဲ့များကွာပ..
    ဒါကြောင့် ပြောတယ်.. မုဆိုးနားနီး မုဆိုး.. တံငါနားနီးတံငါပေါ့..။ ။
    ရွာမှာ ကိုရင်တို့ ငယ်ငယ်တုန်းဂတော့ အဲ့အရွယ် အင်္ဂလိစာ ကောင်းကောင်းသင်
    ခဲ့ရဒါမဟုတ်ဘူး.. အင်္ဂလိစာ ဆရာမ သကြားလုံးရောင်းတာကို
    ကူရောင်းပေးနေရတာနဲ့.. ကန်စွန်းရွက်ခူးပေးနေရတာနဲ့…
    ရွာကျောင်းဆိုတော့… 😳 😳

Leave a Reply