အမှန်အကန် ရောင်းပါပြီ ခင်ဗျ

မောင် ပေApril 11, 20131min3039

ကဲကဲ ပေါက်ဖော်…

ငါ့မလဲ နက်ဖန် ရိပ်သာဝင်ရတော့မယ့်အတူ ၊ ဒီည အမူးသွားမသောက်ခင် ၊ ငါ့ရဲ ့သင်္ကြန်ဈေးရောင်းဇါတ်လမ်းလေးကို ဒီညအပြီး ပြောခဲ့မယ်ကွာ ။…

“ ဟေ့ရောင်…ဘာလဲ မင်းက ပုလင်းလေးနဲ ့လာတာလား ၊ နေဦးကွာ ၊ အခုမှ ထမင်းစားပြီးခါစဆိုတော့ ငါ သောက်လို ့မရသေးဘူးကွ ”

အော် ငါ့သင်္ကြန် ရှေ ့ဇါတ်လမ်း ၂ပုဒ်ကတော့ ဒါတွေပါ

(၁) https://myanmargazette.net/172753/creative-writing#comments

(၂) https://myanmargazette.net/172933/creative-writing#comments

ပေါက်ဖော်ရေ…
လူကြီးတွေ လူငယ်တွေကို လမ်းညွှန်ဆုံးမလေ့ရှိတဲ့ စကားတွေထဲ မှာ ၊ သူငယ်ချင်းအချင်းချင်း စုပေါင်းစပ်ပေါင်း စီးပွားမလုပ်ရဘူး ဆိုတာ ပါတယ်ကွ ။
ဘာလို ့လဲ လို ့ပြန်မေးရင် ၊ သူငယ်ချင်း အချင်းချင်း စီးပွားအတူတူလုပ်ကြတဲ့ အခါ ၊ နောက်ပိုင်းကြ သူသာတယ် ၊ ငါနာတယ် ဆိုပြီး စိတ်ဝမ်းကွဲလာပြီး အခင်အမင်ပါ ပျက်သွားတတ်ကြလို ့တဲ့ ။

ငါ နဲ ့ မောင်အောင် နဲ ့ပေါင်းလုပ်မယ့် သင်္ကြန်ဈေးရောင်းဖို ့ကတော့ ၊ ငါတို ့လဲ အဲဒီ့စကားကို ကြားခဲ့ဖူးတာပဲကွ ။
ဆိုတော့က ၊ အစကတော့ ပြုံးတပျော်ပျော် နောက်ကြတော့မှ အခင်အမင်မပျက်ရအောင် ၊ စသဘောမတူခင်ကတဲက ဒီလို ပြောခဲ့ကြတယ်ကွ ။

“ ဒီသင်္ကြန်ရက်အတွင်း ဈေးရောင်းတာ ၊ မြတ်တယ်လို ့တော့ လူတော်တော်များများ ပြောကြတယ် ။ ငါတို ့က အခုမှ စရောင်းကြမှာ ဖြစ်တဲ့အတွက် မြတ်ချင်မှလဲ မြတ်မယ် ၊ ရှုံးချင်လဲ ရှုံးမယ် ။
မြတ်ရင်တော့ အကောင်းဆုံးပေါ့ …
ရှုံးရင် အတွေ ့အကြုံရတယ် လို ့သဘောထားကြမယ် ”

နောက်ပြီး ငါ နဲ ့မောင်အောင် တို ့ဈေးရောင်းမှာ ကို လုပ်ကူဖို ့၊ ဝိုင်းဝန်းပေးဖို ့၊ လူအကူ ခေါ်တဲ့နေရာမှာ ၊ မောင်အောင့် မိန်းမ ၊ မောင်အောင့်အဒေါ် ရယ် ငါ့အသိ ကလေးမလေးနှစ်ယောက်ရယ် ၊ ငါ့တပည့်၉တန်းကျောင်းသားလေးတစ်ယောက်ရယ်ပေါ့ ။
သူရို ့ကို ဘယ်ရွေ ့ဘယ်မျှ ပေးမယ်ဆိုပြီး အကူအညီတောင်းတာတော့ မဟုတ်ဘူးပေါ့ကွာ ။
ကူညီပါဆိုပြီး မေတ္တာရပ်ခံတဲ့သဘောပေါ့ ။ သူရို ့ကလဲ ၊ ငွေအတွက်မဟုတ်ပဲ ၊ ခင်မင်မှု နဲ ့ပေါ့ ။
မောင်အောင့် မိန်းမကတော့ သူ ့ယောက်ျား လုပ်တာဆိုတော့ လိုက်ကူတဲ့သဘောပေါ့ ။

ရောင်းကြေးငွေကိုတော့ မနေ ့ညက ငါပြောခဲ့သလိုပဲ ၊ ငါနဲ ့မောင်အောင်ပဲ အိတ်တစ်လုံးထဲ စုထည့်ကြမယ်ပေါ့ကွာ ။ ဈေးဝယ်ထွက်ဖို ့ကိစ္စလဲ အစကတဲက မောင်အောင်နဲ ့ငါပဲ ထွက်ခဲ့ကြတာဆိုတော့ ၊ တခြားလိုအပ်တဲ့ အသေးအမွှားလေးတွေလောက်ပဲ မောင်အောင့် မိန်းမ နဲ ့မောင်အောင့်အဒေါ်တို ့ကို ကူညီခိုင်းလိုက်တော့တာပေါ့ ။

ဒီလိုနဲ ့သင်္ကြန်အကြိုနေ ့မနက်၉နာရီလောက်ကြတော့ မောင်အောင့်အိမ်မှာ ငါတို ့ဈေးရောင်းမယ့် အဖွဲ ့သားတွေ စုံပြီပေါ့ ။ ငါတို ့ကို ကြိုပို ့လုပ်ပေးမယ့်ကားက ၉နာရီခွဲလောက်ရောက်လာတာနဲ ့ငါတို ့လဲ မဏ္ဍပ်ကို ချီတက်လာကြတယ် ။
ပထမဆုံး အကြိုနေ ့ဖြစ်တာမို ့ ၊ ဆန်တစ်ပြည်ချက်လောက်ကြော်ထားတာ နဲ ့ကြာဇံကြော်တစ်ဒယ်လောက်ပဲ ပြင်လာခဲ့တာကွ ။
ကျန်တဲ့ရောင်းမယ့် သောက်စရာတွေနဲ ့ဘီယာစည်တွေကတော့ မဏ္ဍပ်မှာ ပို ့ထားပြီးပြီပေါ့ ။
မောင်အောင် က မဏ္ဍပ်ကို ဆိုင်ကယ်နဲ ့လိုက်လာပြီး ၊ ငါတို ့က ကားနဲ ့အရင်ရောက်လာခဲ့တယ် ။

မဏ္ဍပ်ရောက်တော့ မနက်၁ဝနာရီကျော်ကျော်လေး ရှိသေးတယ် ။ လူကတော်တော်စည်နေပြီကွ ။
တို ့မြို ့က မဏ္ဍပ်တော်တော်များများရဲ ့ထုံးစံက အကြိုနေ ့ဆိုရင် ဖရီးပေးတက်တာကြောင့်လဲ ပါမှာပေါ့ကွာ ။ အကြိုနေ ့ဖရီးပေးတက်တယ်ဆိုတာကလဲ ၊ မဏ္ဍပ်အော်ဂန်နိုက်ဇာ တွေ ရဲ ့ပရိုမိုးရှင်း တစ်မျိုးပဲပေါ့ကွာ ။
ရေကတော့ အကြိုနေ ့ညနေ မြို ့တော်ဝန်မဏ္ဍပ်က ဖွင့်ပွဲလုပ်ပြီးမှ ပက်ခွင့်ရမှာ ဆိုပေမယ့် ၊ ဖရောဘီးနှိုက်တတ်တဲ့ လူငယ်တွေကတော့ မနက်ကတဲက ဇွဲကောင်းကောင်းနဲ ့ရောက်နေကြတာကလား ။ မဏ္ဍပ်မှာတော့ ဒစ်စကိုတွေ အီလက်ထရိုတွေ အကျယ်ကြီး ဖွင့်ထားတာပေါ့ကွာ ။
ငါတို ့အဖွဲ ့မဏ္ဍပ်ရောက်တာနဲ ့ပါလာတဲ့ ပစ္စည်းတွေချ ၊ ကိုယ့်ဈေးရောင်းရမယ့်နေရာလေးမှာ စားပွဲခုံ၃ခုံပေါ် ရောင်းမယ့် ပစ္စည်းလေးတွေ ၊ အချိုရည်ဘူး ဘီယာပုလင်း ဝိုင်ပုလင်းလေးတွေခင်းကြတာပေါ့ကွာ ။ ကားသမားကိုတော့ ညနေကြမှ ဖုန်းဆက်ခေါ်မယ်ပြောပြီး ပြန်လွှတ်ရတာပေါ့ ။
စည်ဘီယာရုံးကို ဖုန်းဆက်ပြီး ၊ စည်ဘီယာကို မည်သို ့မည်ပုံ ငဲ့ရမလဲ ဆိုတာ လာပြပေးဖို ့ခေါ်ရတယ်ကွ ။
ငါတို ့ဈေးဆိုင်လေးခင်းကျင်းပြီးတာနဲ ့တပြိုင်နက် ၊ မဏ္ဍပ်ရောက်နေတဲ ့ချာတိတ်အဖွဲ ့က စလာ ဈေးဦးဖောက်တော့တာပဲ ငါ့ကောင်ရေ ။
ငါတို ့မှာ ရောင်းဖို ့ဘာတွေစီစဉ်ထားလဲ ဆိုရင်
ဘလူးမောင်တိန် အချိုရည်ဘူး
ကျွဲရိုင်း အချိုရည်ဘူး
ရေသန် ့ဘူး
စနိုးတာဝါ
ဘီယာပုလင်း
ဝီစကီ ပုလင်း ၆ပက်ပြား ၊ ၄ပက်ပြား ၊ ၂ပက်ဘူးသေး
ထမင်းကြော် (အသားမပါ ၊ မုံလာဥနီ ပန်းမုံလာ အသီးအနှံတွေနဲ ့ကြော်ထားတာ)
ကြာဇံကြော် (ထမင်းကြော်လိုပဲ)
ကြက်ဥမွှေကြော်
ကြက်အူချောင်းကြော် ကို ဒုတ်နဲ ့ထိုးထားတဲ့အကင်
ပင်လယ်စာတွေကို ကြော်ထားပြီး ဒုတ်နဲ ့ထိုးထားတဲ့အကင်
ကြက်ဖင်ဆီဖူး အတုံးလေးတွေကို ကြော်ထားပြီး ဒုတ်နဲ ့ထိုးထားတဲ့အကင်
အာလူးကြော်
နဲ ့
ယိုးဒယားကလာတဲ့ အရက်ဘီယာနဲ ့တွဲမြည်းလို ့ကောင်းတဲ့ မုန် ့ထုပ်လေးတွေပေါ့ကွာ ။
စည်ဘီယာကတော့ ရုံးကလူ လာမပြသေးလို ့ရောင်းလို ့မရသေးဘူးပေါ့ ။

ချာတိတ်အဖွဲ ့က လာအားပေးဆိုလဲ ၊ အချိန်က နေ ့လည် ၁၁နာရီနားကပ်ပြီကိုးကွ ။ ဆာကြရှာမှာပေါ့ ။ မဏ္ဍပ်က အကြိုနေ ့ဖရီးပေးတက်ပေမယ့် ၊ ဖရီးဆိုတော့ အကျွေးအမွေးအစီအစဉ် မပါဘူးပေါ့ ။
ချာတိတ်တွေက ထမင်းကြော် ၊ ကြာဇံကြော်တွေကို ကြက်ဥကြော်နဲ ့တွဲအားပေးသွားတယ်ကွ ။
အဲ့ချာတိတ်အဖွဲ ့စအားပေးပြီးတာနဲ ့၊ နောက်ထပ်လဲ တစ်ယောက်ပြီး တစ်ယောက် အချိုရည်လေးဝယ်လိုက် ၊ စားစရာလေးဝယ်လိုက်နဲ ့အလုပ် ဆက်တိုက်ဖြစ်တော့တာပဲ ။
အဲ့ချိန်မှာ ဘီယာရုံးကလူ ရောက်လာပြီး ၊ စည်ကို မည်သို ့မည်ပုံ ငဲ့ရမယ်ဆိုတာ သင်ပြပေးသွားတယ်ကွ ။ စည်ဘီယာကို အေးနေဖို ့ဆိုရင် စည်ငဲ့မယ့် ဂေါက်ထွက်တဲ့ ရေခဲပုံးကို ရေခဲ မပြတ်ဖို ့လိုတယ်တဲ့ ။ ဒါနဲ ့အနီးဆုံးမှာရှိတဲ့ ရေခဲရောင်းတဲ့ဆီ ပြေးပြီး ရေခဲသွားမှာရတယ် ။ ရေခဲ အကြမ်းခဲ့တွေပေါ့ကွာ ။ ပေါင်(အလေးချိန်) နဲ ့ဝယ်ရတာကွ ။
ရေခဲ အကြမ်းခဲဆိုလို ့၊ ဥရောပမှာငယ်ကတဲက နေတဲ့လူတွေကတော့ မသိလောက်ဘူး ၊ ရေသန် ့နဲ ့လုပ်ထားတဲ့ ရေသန် ့ခဲ လို မဟုတ်ဘူးလို ့ပဲ ပြောတော့မယ် ပေါက်ဖော်ရေ ။
ရေခဲတွေ ရောက်လာတာနဲ ့၊ မဏ္ဍပ်ထဲက အစောင့်ဆီက တူ တစ်လက်ငှါးပြီး ရေခဲတုံးကြီးတွေကို ထုချေခွဲပြီး စည်ဘီယာပန် ့ထည့်ထားတဲ့ ၊ ဂေါက်ထွက်မယ့် ပုံးထဲကို ရေခဲတွေ အပြည့်သိပ်ထည့်ထားရတယ် ။
သိပ်မကြာပါဘူး ။
ပန် ့က စတီးပိုက်နဲ ့လုပ်ထားတာဆိုတော့ ၊ ၁ဝမိနစ်လောက်နေတော့ တစ်ခွက် စမ်းထည့်ကြည့်လိုက်တာ ၊ အားပါး အေးစိမ့်နေတာပဲ ။ စည်ဘီယာဆိုင်က ဟာထက်တောင် သောက်ကောင်းနေသေးတယ် ။
စည်ဘီယာလဲ စရရော ၊ တန်းဈေးဦးပေါက်တာပဲ ပေါက်ကြီးရေ ။
စောနက ထမင်းကြော် ၊ ကြာဇံကြော် ဝယ်စားထားတဲ့ အဖွဲ ့တွေ တစ်ခွက်ပြီး တစ်ခွက် လာအားပေးကြတယ်ကွ ။
နေ ့လည်စာ စားချိန်ရောက်တော့ မဏ္ဍပ်ပေါ်ရှိသမျှ လူအားလုံးနီးပါး ၊ ငါတို ့ဆိုင်မှာပဲ ဝယ်စားကြရတာပေါ့ကွာ ။ ရောင်းကောင်းချက်ကတော့ အကြို နေ ့မို ့၊ လူနဲမှာ မှတ်ပြီး ၊ တစ်ပြည်ပဲ ချက်ခဲ့တဲ့ ထမင်းကြော်အားလုံးရော ၊ ကြာဇံကြော် တစ်ဒယ်လုံးပါ ပြောင်အောင်ရောင်းရတာဟေ့ ။

ဘီယာ ၊ အရက် ၊ အချိုရည်နဲ ့မြည်းစရာတွေကတော့ တဒီးဒီးဝယ်စားသောက်ကြတာကလား ။
ညနေ ၃နာရီခွဲလောက် ရေပက်လို ့ရပြီလဲဆိုရော ၊ ရေစပက်ကြတာနဲ ့ ၊ အရက်ဘီယာ ခဏခဏ ထပ်လာဝယ်ကြတာ နိုင်ကို မနိုင်ချင်ဘူး ။ မဏ္ဍပ်အော်ဂန်နိုက်ဇာတွေကလဲ စည်ဘီယာတွေ လာအားပေးကြတယ် ပေါက်ကြီးရေ ။ သူရို ့အတွက်ကကြတော့ ဘီလ်သီးသန် ့ဖွင့်ထားပေးရတာပေါ့ ။
ညနေ မဏ္ဍပ်ပိတ်မှ ပေါင်းရှင်းပေါ့ ။
အကြိုနေ ့မှာ ဘီယာ ၄စည် ကုန်တယ်ဆိုတော့ တာထွက်ကောင်းတာပေါ့ကွာ ။
စည်က အားလုံး ၃ဝ ယူထားတာလေ ။
အချုပ်ပြောရရင် အကြိုနေ ့ည၆နာရီခွဲလောက် မဏ္ဍပ်ပိတ်တာနဲ ့၊ မောင်အောင့်အိမ်အပြန်ရောက်တော့ ပင်ပင်ပန်းပန်းနဲ ့ပိုက်ဆံ ထိုင်ရေတာ ၅သိန်းကျော်ဖိုးရောင်းရတဲ့ ကွ ။
ငါတို ့အားလုံး အားတက်သွားကြတာပေါ့ကွာ ။ အကြိုနေ ့တောင် ၅သိန်းကျော်ဖိုး ဆိုမှတော့ ၊ ကျန်သုံးရက်မှာ ဒီထက့်ပိုရောင်းရဖို ့ပဲ ရှိတာမို ့လား ။
အရင်းက အစားအသောက်ဖိုး က ၂၅သိန်းလောက်နဲ ့မဏ္ဍပ်ကိုပေးရတာ ၅သိန်း ဆိုတော့ ၊ သိန်း၃ဝပဲ ထားပါတော့ကွာ ။
ပထမရက် ၅သိန်း ၊ ကျန်ရက်တွေ တစ်ရက် ၁ဝသိန်းဖိုးလောက်ရောင်းရရင် ရှယ်ပြီ ဆိုပြီး ငါနဲ ့မောင်အောင် နဲ ့စိတ်ကူးတွေယဉ်ပြီး ထိပ်ဖူးတွေပြင် အဲလေ ၊ ပင်ပန်းတာတွေ တစ်ဝက်လောက် သက်သာသွားတာပေါ့ကွာ ။
ပိုက်ဆံရေပြီး ခဏနားပြီးတာနဲ ့ နောက်နေ ့ဈေးဝယ်ရမယ့် စာရင်းတွေလုပ် ၊ တာဝန်ကိုယ်စီခွဲ ၊ ပြီးတာနဲ ့ ကူပေးတဲ့ ကလေးမလေးတွေနဲ ့တပည့်ကျော်ကို ပြန်ပို ့ပြီး ၊ အိမ်ကိုတန်းပြန်ရတော့တာပေါ့ကွာ ။
ပင်ပန်းချက်ကတော့ ၊ အိမ်ပြန်ရောက်လို ့ရေလေးချိုးပြီး ခုတင်ပေါ် တက်လှဲတုန်းရှိသေး ၊ တန်းအိပ်ပျော်တော့တာပဲ ပေါက်ကြီးရေ ။ တစ်ကယ်ပါ… တစ်သက်နဲ ့တစ်ကိုယ် သင်္ကြန်ဈေးရောင်းတာလောက် တစ်ခါမှ အပင်ပန်းကြီး မပင်ပန်းခဲ့ဖူးတာ တစ်ကယ်ပါကွာ ။

ဒုတိယ ရက် / အကျနေ ့

အကျနေ ့ကြတော့ ၊ မနက်ကို ၅နာရီခွဲလောက်ထပြီး မျက်နှာသစ်ရေချိုးပြီးတာနဲ ့၊ အိမ်ကနေ တန်းပြေးရတယ်ဟ ။ ပင်လယ်စာတွေရောင်းတဲ့ ဆိုင်က သင်္ကြန်ရက်တွေ အတွင်း မနက်ပိုင်းပဲ ဖွင့်ရောင်းတာဆိုတော့ သူ ့မှီအောင် ပြေးရတယ် ။ ငါက ပင်လယ်စာတွေ ဝယ်ဖို ့တာဝန်ယူထားတာကိုး ။ ကြက်အူချောင်းကြော်တို ့၊ ပုဇွန်အသားလုံးတို ့၊ ဂဏန်းအသားလုံး တို ့၊ ကြက်ဖင်ဆီဖူး တို ့ဘာညာပေါ့ကွာ ။
အဲဒါဝယ်ပြီးတာနဲ ့မောင်အောင့်အိမ်ကိုပြေးပြီး ၊ မောင်အောင့်မိန်းမနဲ ့မောင်အောင့် အဒေါ်တို ့ကြော်ဖို ့ပေးရတာပေ့ါ ။ သူရို ့တွေခဗျာလဲ ထမင်းအိုးချက် ၊ ကြာဇံကြော်ရတာနဲ ့လုံးချာလည် ရိုက်နေကြတာပါပဲ ။
မောင်အောင် က ငါ့ကို အရက်အကောင်းတင်မလားလို ့လာတိုင်ပင်တယ် ။ အရက်အကောင်း ဘာတင်ကြမလဲ လို ့တိုင်ပင်ကြတော့ ၊ ရက်ဒ်လေဘယ်လ် လောက် ဆိုရင် မဆိုးဘူးပေါ့ ။ ဒါနဲ ့မနက်စာထွက်စားကြရင်း ၊ ရက်ဒ်လေဘယ်လ် ဝမ်းလီတာ ၂ပုလင်းဆွဲခဲ့လိုက်တယ် ။ ရောင်းရလို ့ရောင်းရငြားပေါ့ကွာ ။
အကျနေ ့ကတော့ ရနာရီ ၄၅မိနစ်လောက် မဏ္ဍပ်ကို ရောက်ခဲ့ကြတယ် ဟ ။
ထုံးစံအတိုင်း ပြင်စရာရှိတာ ပြင်ပြီး ဈေးဦးဖောက်မယ့်လူကို မျှော်နေကြတာပေါ့ကွာ ။
ဒီနေ ့က ၊ ပိုက်ဆံပေးပြီးတက်ရတဲ့နေ ့ဆိုတော့ ၊ ဖရီးနေ ့လောက် လူလာမများတာကို သတိထားမိတယ်ဟ ။ ဒါပေသည့်လဲပေါ့လေ ။
မှတ်မှတ်ရရ ဈေးဦးက ၈နာရီခွဲ ကျော်လောက်မှ စပေါက်တယ်ဟ ။ မဏ္ဍပ်လာရေကစားမယ့် ချာတိတ်မလေးတစ်ဖွဲ ့၊ ရေသန် ့ဘူးနဲ ့အချိုရည်ဘူး နဲနဲလာဝယ်ကြတာ ။
မဏ္ဍပ်က မနက်စာအဖြစ် ကော်ဖီတစ်ခွက်စီနဲ ့၊ ကိတ်မုန် ့တစ်ခု စီ ကျွေးတာကိုး ။
ရေပက်ဖို ့ ရေစက်ကလဲ အဲဒီအချိန်လောက် စဖွင့်တာပဲ ။
ခဏနေကြတော့ ရေပက်ကြရင်း ရေစိုကြတော့ ၊ အသောက်ကဏ္ဍ စဖွင့်လာကြပါပြီ ။
အရက်လာဝယ်တဲ့ လူနဲ ့ ၊ စည်ဘီယာ လာဝယ်တဲ့ လူနဲ ့၊ အကြိုနေ ့ကလောက်တောင် မများပါဘူး ။
နောက်ပြီး ပိုက်ဆံပေးတက်ရတဲ့နေ ့ဆိုတော့ ၊ မဏ္ဍပ်ကနေ ့လည်စာ ကျွေးတာကြောင့်လဲ ပါပါရဲ ့။
ထမင်းကြော် ၊ ကြာဇံကြော် သိပ်လာအားမပေးကြတော့ဘူး ။ ကြက်ဥမွှေကြော်တွေတော့ ရောင်းရပါတယ် ။
မဏ္ဍပ်အော်ဂန်နိုက်ဇာတွေကတော့ ထုံးစံအတိုင်း ဘီလ်မှတ်သောက်ကြတာပေါ့ ။
အော်…. ရဲ ၊ ဟုတ်တယ် ရဲတွေ မနက် တစ်လုံး ၊ နေ ့လည် တစ်လုံး ၊ ညနေ တစ်လုံး ပေးရတယ် ။ သူတို ့တွေက လာတောင်းတာ ။ ငါတို ့ကလဲ လာတောင်းမှာမှန်းသိလို ့ကို ၊ အရက်အပေါစား ၁၂ပက် ပုလင်းတွေ ဆောင်ထားရတယ် ။ မဏ္ဍပ်မှာတော့ ၁၂ပက်ပုလင်း မရောင်းပါဘူးကွာ ။ ရဲတွေကို အမြည်းအဖြစ်ပေးတာကတော့ ၊ ရယ်ဒီမိတ် အာလူးကြော်ပေါ့ကွာ ။
ဘာလို ့ပေးရလဲ ဆိုတော့ ၊ မင်းသိတဲ့အတိုင်းပဲပေါ့ကွာ ၊ စကားများများမပြောရင် အမောသက်သာတာပ ။ ဟားးး
ငါတို ့ဈေးရောင်းတဲ့ တစ်ဖွဲ ့လုံး တစ်နေကုန် မတ်တပ်ရပ်နေရတာ များပါတယ်ကွာ ။ ပင်ပန်းတာကတော့ တော်တော်ပင်ပန်းတယ်ဟ ။
ညနေစောင်းတဲ့အထိ ၊ ထမင်းကြော် ၊ ကြာဇံကြော်တွေက တစ်ဝက်လောက် ကျန်သေးတယ် ။
ကျန်တဲ့ ပင်လယ်စာအကြော်လေးတွေနဲ ့ကြက်ဖင်ဆီဖူးတွေကတော့ ရောင်းရပါရဲ ့။ စည်ဘီယာလဲ သိပ်မရောင်းရဘူး ။ ထမင်းကြော်နဲ ့ကြာဇံကြော် ကျန်တာတွေကို မဏ္ဍပ်ညစောင့်တွေကို အလှူပေးခဲ့မယ် လုပ်တုန်း ၊ အော်ဂန်နိုက်ဇာတွေက သူတို ့အစောင့်တွေကို ညစာကျွေးဖို ့၊ အိုးကျန်သမျှ ကို တစ်အိုး ၅၀၀ဝကျပ်နဲ ့လာဖြတ်ဝယ်သွားလို ့၊ တစ်သောင်းကျပ် ပလက်ထွက်လိုက်သေးတယ် ။
ဒီနေ ့ ၂စည်ခွဲလောက်ပဲ ကုန်တယ် ။
အကျနေ ့ကတော့ ဖရီးပေးတက်တဲ့ အကြိုနေ ့လောက်တောင် ရောင်းမကောင်းတာ အမှန်ပဲ ။
ညအပြန် ပိုက်ဆံရေကြတော့ ထင်တဲ့အတိုင်းပါပဲ ။ ၃သိန်းပြည့်တယ် ဆိုရုံလေး ရတာကို တွေ ့ရတယ် ။ အဲ့မှာ ငါနဲ ့မောင်အောင်လဲ စိတ်တော့ပျက်သွားကြတာပေါ့ ။
၂ရက်ရောင်းတာ ၈သိန်း ၊ အရင်းက ၃ဝသိန်း ဆိုတော့ ၊ ကျန်တာက ၂ရက်ထဲကျန်တော့တာကွာ ၊ အရင်းတောင် ရပါ့မလား ဆိုပြီး မျက်ခုံးစလှုပ်ကြပြီပေါ့ ။

တတိယနေ ့/အကြတ်နေ ့

သည်နေ ့လဲ ထုံးစံအတိုင်းပဲပေ့ါကွာ…
မနက်၅နာရီခွဲထ ၊ ဈေးဝယ်သွား ၊ ချက်ပြုတ်ကျော်လှော် ၊ လူတွေကတော့ ဖလက်တော်တော်ပြချင်နေပြီ ။
မဏ္ဍပ်ရောက်တော့ အော်ဂန်နိုက်ဇာ တွေ က
“အရောင်းအဝယ် ကောင်းလား လာမေးတော့တောင် ၊ ဖြေရတာ အားမရှိချင်ဘူး”
ဒီနေ ့တစ်ခုရှိတာက ၊ မဏ္ဍပ်မှာ နေ ့လည်စာ ကျွေးတော့ ၊ ထမင်းကြော်လာပို ့တဲ့ ဆီက ၊ မလုပ်တတ် လုပ်တတ်နဲ ့လုပ်ရောင်းတာမို ့ထင်ပါတယ် ။ ထမင်းကြော်တွေက သိုးနေတယ်ဟ ။
ဒါနဲ ့တစ်မဏ္ဍပ်လုံး ငါတို ့ဆိုင်လေးမှာပဲ ဝိုင်းပြုံလာကြလို ့ ၊ နေ ့လည်၁နာရီလောက်မှာ စားစရာ ရောင်းစရာမရှိအောင် ကို ပြတ်သွားခဲ့တယ်ဟ ။

အဲဒါနဲ ့မဏ္ဍပ်မှာတင် မီးမွှေးပြီး အကြော်လေးတွေ ကြော်ရတာပေါ့ ။
အရေးထဲ မူတူးတွေရဲ ့ရစ်တာကိုလဲ ခဏခဏခံရသေးတယ် ။
ပိုက်ဆံမပေးရသေးပဲ ပေးပြီးပါပြီ ဆိုပြီး မိုက်ကြေးခွဲတဲ့ ချာတိတ်တွေကလဲ လာတယ် ။
မလှူတတ် ဈေးရောင်းဆိုသလို ပဲ သဘောထားလိုက်ရတာပေါ့ကွာ ။
ကိုယ်က အရက်ဘီယာရောင်းတာဆိုတော့ လူမိုက်လုပ်နေလို ့မရဘူးလေ ငါ့ကောင်ရာ ။
ရဲကတော့ ထုံးစံအတိုင်း တစ်နေ ့သုံးကြိမ် လာတောင်းစမြဲပဲ ။

ဒီနေ ့ ၆စည်နီးပါးတော့ ကုန်တယ်ကွာ ။
ဒီနေ ့ည ၊ မောင်အောင့် အိမ်ရောက်တော့ ခြေထောက်တွေ အရမ်းတောင့်နေပြီကွ ။ ပိုက်ဆံတောင် မရေနိုင်တော့ဘူး ။ ကလေးမလေးနှစ်ယောက်နဲ ့တပည့်ကျော် ကို ရေခိုင်းတာ ၊ ၈သိန်းခွဲလောက်ရတယ်တဲ့ ။
အားလုံး ၁၆သိန်းရပြီဆိုတော့ ၊ အရင်းရဖို ့၁၄သိန်း လိုသေးတာပေါ့ကွာ ။
နက်ဖန် ရောင်းကြေးက ၁၄သိန်း ပြည့်ပါ့မလား ဆိုတာ ကိုပဲ ငါတို ့စိတ်ပူနေခဲ့ကြရတယ် ပေါက်ကြီးရေ ။ လူတွေလဲ ပင်ပန်းလှပေါ့ ။
ငါ့ကို ကူညီဖို ့လာတဲ့ ကလေးမ၂ယောက်ထဲက ၁ယောက် ဖျားတယ်ကွာ ။ မောင်အောင့် မိန်းမလဲ ဖျားသွားတယ် ။

နောက်ဆုံးနေ ့/ အတက်နေ ့

ဒီနေ ့မနက် ဈေးဝယ်သာထွက်ရတယ် ၊ စိတ်ထဲမှာတော့ သိပ်အားမရှိလှဘူး ။ မမြတ်ရင်နေပါစေ ၊ ရှုံးတော့ မရှုံးချင်ဘူးလေကွာ ။ လူတွေလဲ ပန်းလှရောပေါ့ ။
ပင်ပန်းတာနဲ ့တင် အလုပ်ကို လုပ်ချင်စိတ် ပျောက်ရတယ် ငါ့ရောင်ရေ ။
ဒါပေသည့် အရင်းရဖို ့အရေး ဆိုပြီး ဇွတ်အားတင်းရတာပ ။
ဒီနေ ့ကတော့ မဏ္ဍပ်ကို မနက်ရနာရီလောက်ကတဲ က ရောက်တယ် ငါ့ရောင်ရေ ။
အဲ…ရေကစားမယ့်လူတွေလဲ ၈နာရီ မထိုးခင်လောက်ကို ရောက်လာကြတယ်ကွ ။
နောက်ဆုံးနေ ့ဆိုတော့ ၊ သူတို ့တွေလဲ အပြတ်ကဲကြမယ့် ပုံပဲ ။
နောက်ဆုံးနေ ့မှ ပထမဆုံး ဈေးဦးပေါက်ဝယ်တာက ချာတိတ်လေးတွေဗျ ။
မဏ္ဍပ်ထဲ ဝင်ဝင်ချင်း ၊ ငါတို ့ဆိုင်ကို တန်းလာပြီး ၊ အရက်၆ပက်ပြားကို အချိုရည်ဘူးတွေနဲ ့စပ်သွားကြတယ် ။ အမြည်းတွေလဲ ဝယ်သွားကြတယ် ။
ငါကတော့ ငါရောင်းတဲ့ စည်ဘီယာလေးကို ကော်ဖီထည့်တဲ့ တစ်ခါသုံးခွက်လေးနဲ ့တစ်ခွက်ချင်း သောက်ရင်း ပင်ပန်းထားတာလေးတွေကို စိတ်ဖြေနေရတယ်။
အဲမကြာလိုက်ပါဘူး ။ ဆက်တိုက်ဆိုသလို ဈေးဝယ်တဲ့ လူတွေကြလာချက် ၊ ၄၅မိနစ်လောက်ကို တစ်စည် အသစ်လဲရတယ် ။ အမြည်းတွေလဲ အားပေးကြတယ် ။ နောက်ဆုံးနေ ့ဆိုတော့ ၊ ချာတိတ်လေးတွေရော ၊ ချာတိတ်မလေးတွေပါ အသားကုန်သောက်စားကြတာဟေ့ ။ တစ်ချို ့ဆိုရင်၊ နေ ့လည်၁၂ ထမင်းစားနားချိန်ရှိသေးတယ် ၊ မှောက်တဲ့လူက မှောက်နေတယ် ။
မောင်အောင့် မျက်နှာကြည့်တော့ အခြေအနေမဆိုးပါဘူး ဆိုတဲ့ မျက်နှာထားမျိုး လုပ်ပြတယ် ။

စည်ဘီယာ အသစ်တွေကို ရေကြည့်တော့ ၁ဝစည်ကျန်နေသေးတယ် ။
နေ ့လည် ၁နာရီ ရေပြန်စပက်တာနဲ ့ ၊ အသောက်သမားတွေ ထပ်ထပ်တိုးလာတယ် ။
ငါနဲ ့မောင်အောင်ရယ် ၊ မောင်အောင့်အဒေါ်ရယ် ၊ ငါ့ကလေးမလေးရယ် ၊ ငါ့တပည့်ကျော်ရယ် နားချိန်ကို မရှိအောင် ဆက်တိုက်အလုပ်များတော့တာပေါ့ကွာ ။ ပိုက်ဆံ ဘယ်လောက်ရနေပြီလဲ ဆိုတာလဲ မစဉ်းစားရဲဘူး ။
မဏ္ဍပ်အော်ဂန်နိုက်ဇာတွေကလဲ နောက်ဆုံးနေ ့ဆိုတော့ မူးတိန်နေအောင် သောက်ကြတယ် ။
ဒီလိုနဲ ့
နောက်ဆုံးနေ ့ဆိုတော့ ၊ ည၆နာရီခွဲကျော်လောက်မှ မဏ္ဍပ်ရေစက်ပိတ်တယ် ။
ငါတို ့လဲ သိမ်းစရာရှိတာလေးတွေ သိမ်း ပြီး ၊ ပြန်ဖို ့ကားခေါ် တော့ ည၈နာရီ ထိုးပြီ ။
စည်အသစ်ဘယ်လောက် ကျန်သေးလဲ ရေကြည့်တော့ ရစည် ကျန်သေးတယ် ။
ဒါနဲ ့စည်ဘီယာရုံးကို နောက်နေ ့လက်ကျန် စည်ဘီယာတွေနဲ ့စည်ခွံတွေ လာသယ်ဖို ့ဖုန်းဆက်ပြီး ၊ ငါတို ့ပြန်ခဲ့ကြတာပေါ့ကွာ ။
မောင်အောင့် အိမ်ရောက်တော့ လူက နဲနဲမှကို မလှုပ်နိုင်တော့ဘူး ။ ပိုက်ဆံကို ကျန်တဲ့ လူတွေ ရေခိုင်းပြီး ငါနဲ ့မောင်အောင် နဲ ့ကားသမားနဲ ့ထိုင်နေကြတာပေါ့ ။
ကားသမား ကို ကားခရှင်းပေးမယ် လုပ်တော့ ၊ ငါက ပြောခဲ့တဲ့ အတိုင်း ၅သောင်း ထုတ်ပေးလိုက်တာပေါ့ကွာ ။ အဲဒီမှာ မှ နားလည်မှု လွဲတာကို သိရတော့တာပဲ ပေါက်ကြီးရေ ။
သူပြောခဲ့တဲ့ ငါးသောင်းဆိုတာ တစ်ရက်ကို ငါးသောင်းတဲ့ ။
ငါက ထင်တာ ၄ရက်လုံးမှ ငါးသောင်းထင်ပြီး ငှားခဲ့တာကိုးကွ ။
တစ်ခုကံကောင်းတာ ၊ ကားသမားက ငါ့ဘော်ဒါဖြစ်နေတာနဲ ့၊ နားလည်မှု လွဲလို ့ပါ ကိုကြီးရယ် ၊ တစ်သိန်းပဲ ယူလိုက်ပါ လို ့တောင်းပန်လိုက်တာ ကျေနပ်သွားပါတယ် ။
ပိုက်ဆံရေနေတဲ့ လူတွေ အော်လာတယ် ။
နောက်ဆုံးနေ ့ရောင်းရငွေကို ရေတာ ၂၂သိန်းရလို ့တဲ့….
အဲဒါနဲ ့ ငါနဲ ့ မောင်အောင်နဲ ့လဲ ထခုန်ကြတဲ့အထိ ပျော်မိတယ် ။
အားလုံး ၃၈သိန်း ရလိုက်တာကိုးကွ ။
မြတ်ပြီပေါ့ကွာ ။

အဲဒါကတော့ သင်္ကြန်အတွင်း ငါဈေးရောင်းခဲ့တဲ့ အဖြစ်လေးတွေပေါ့ ပေါက်ကြီးရာ
စာရင်းချုပ်တော့ ၊ ကားခ၁သိန်းရယ် ၊ ၄ရက်လုံးကူပေးတဲ့ လူတွေကို တစ်ယောက် ငါးသောင်းပေးတာရယ်နဲ ့နုတ်လိုက်ရင် ၊ ငါနဲ ့မောင်အောင် တစ်ယောက် ဘယ်လောက်မှ မကျန်ဘူးပေါ့ ။ မြတ်တော့မြတ်တယ် ။ နဲတယ် ။ ပင်ပန်းတာကတော့ အရမ်းပင်ပန်းတယ် ။
ရဲ ကို အရက်ပုလင်း ပေးရတယ် ။
မူးယစ်တွေ ရဲ ့စပါရှယ် ယစ်တာကို ခံရတယ်
မိုက်ကြေးခွဲချင်တဲ့ကောင်တွေ ရဲ ့မိုက်ကြေးခွဲတာကိုလဲ ခံရသေးတယ် ။
ငါထင်ပါတယ် ပေါက်ဖော်ရာ ၊ သင်္ကြန်ရက်တွင်း မဏ္ဍပ်မှာ ဈေးရောင်းတယ်ဆိုတာ ၊ ဘယ်လောက်ပဲ စေ့စပ်နေအောင် ဒေါင့်စေ့နေအောင် ရောင်းရောင်း အမြတ်ငွေက ၁ဝသိန်းထက် မပိုလောက်ပါဘူး ။
အခုနှစ်တွေ ဆိုရင် ၊ မဏ္ဍပ်မှာ ဈေးရောင်းရဖို ့ပေးရမယ့် ငွေကိုက သိန်း၂ဝ နဲ ့အထက် ဆိုတော့ ၊ မင်းတွက်သာကြည့်တော့ ငါ့ရောင်ရေ ။
ဆိုတော့က
ငါလဲ မောပြီကွာ ။
မနက်ဖန် ငါ မေမြို ့ဘက်မှာ ရိပ်သာဝင်တော့မယ် မောင်ရေ
ဒီနှစ်သင်္ကြန်တော့ တရားအားထုတ်ရင်း နှစ်ဟောင်းက အညစ်အကြေးတွေကို ဆေးကြောတော့မယ် ။
မင်းလဲ ဒီသင်္ကြန် မှာ အေးအေးချမ်းချမ်း နဲ ့ကျန်းမာ ပျော်ရွှင်ပါစေ လို ့ ငါဆုတောင်းပေးလိုက်ပါတယ် ။

အဲ…
ကျန်တော့မလို ့
မန်းဂေဇက် ကို စာလာဖတ်ကြတဲ့ စာဖတ်သူအားလုံး
ရွာသူား အားလုံး
သဂျီးတို ့မိသားစု နဲ ့
မန်းဂေဇက် ပက်ဘလစ်ရှာအဖွဲ ့အားလုံးလဲ
နှစ်ကူးကို စိတ်ချမ်းသာ ကိုယ်ကျန်းမာ ပျော်ပျော်ရွှင်ရွှင် နဲ ့သာသာယာယာဖြစ်ကြပါစေလို ့

“““ အဲဒါ… အဲဒါ… ”””

******* အားလုံးကို ကျေးဇူးတင်ပါတယ် ******* (Word count: 1580)

9 comments

  • TNA

    April 11, 2013 at 9:45 pm

    နင်တကယ်ရောင်းမှပဲ ငါလဲမောသွားတာပဲ။ နင်နဲ့လိုက်ဝယ်ချမ်း ချက်ပြုတ် ရောင်း ငွေရီနဲ့ ဖတ်ဖတ် ကို မောကရောဟေ။ မြတ်ပါ့မလားလဲပူရသေး။ တော်ပီအေ။ နောက်နှစ်မရောင်းနဲ့တော့။ ပိုစ့်တွေဖတ်ပီး မောနေရအုံးမယ်အေ။

  • ရာမည

    April 11, 2013 at 10:05 pm

    ရန်ကုန်မှာတော မန္တလေးကထက်ပိုမြတ်မယ်ထင်ပါတယ် ။
    ဈေးသည်ကြီး ဦးပေလည်း တရားအားထုတ်ပြီး
    တရားရပါစေ။

  • မောင်ပေရေ
    နှစ်တိုင်း သင်္ကြန်မဏ္ဍပ်မှာ အလုပ်နဲ့ရောက်နေတော့
    ရောင်းလဲရောင်းရပါရဲ ့ ရစ်လဲ အရစ်ခံရပါ
    အလေအလွင့်လဲများပါ့။
    အဲ မမြတ်ဘူးဆိုတာလဲ မရှိဘူးနော်။
    ကျနော်တို့လဲ သင်္ကြန်မဏ္ဍပ်ရောင်းမယ့် ဆိုင်ကို အကြွေးပေးထားရင် နောက်ဆုံးရောက်တာနဲ့
    အကြွေးလိုက်သိမ်းရတာ ဖတ်ဖတ်ကိုမောလို့

  • ဦးကြောင်ကြီး

    April 12, 2013 at 9:46 am

    ရိ်ပ်သာမှယ ညစာ ခိုးရောင်းမနဲ့အုံး ဘူဇွာလက်သစ် အမြတ်ကြီးစား အရင်းရှင်ပေါက်စ ကပေရေ…

  • mobile

    April 12, 2013 at 12:33 pm

    သင်္ကြန်အတွင်းမှာ စီးပွားရှာနည်းလေးတွေပီးရင်
    ၁၀၀၀ဝ ရင်းပီး ၁၅ ရက်အတွင်း သိန်း ၅ဝ ရနည်းတို့
    မိးနစ် ၉ဝ အတွင်း စီးပွားရှာနည်းတို့ လုပ်ပါ့ဥိီး……………………….
    အားပေးသွားပါ၏……………………………………

  • ဦး ကျောက်ခဲ

    April 12, 2013 at 12:45 pm

    ဦးကျောက် ငယ်ငယ်တုံးက…
    ရန်ကုန် ကမ႓ာအေးဘုရားလမ်းပေါ်မှာ မဏ္ဍပ်ထောင်ဖူးတယ်…
    အဲသည့်ခေတ်တုံးက စီးပွါးဖြစ်မဟုတ်၊ အပျော်သက်သက်လေ…
    ရန်ဖြစ်ကြတာလည်း ခြိမ့်ခြိမ့်သဲ… အား ဟိ လွမ်းလိုက်တာ…
    :harr:

  • zarlay

    April 12, 2013 at 3:26 pm

    ဒို့လည်း ၁၅၀ဝ တန်ဆင်းကဒ်ရောင်းရမယ်

  • အဲ …
    ဒို့ပေဂျီး ဒီသင်္ကြန် ရိပ်သာဝင်မှာပဲ ..
    သာဒု ပါ .. သာဒု ပါ …
    ခညားဂ အတက်လည်း ကြီးပြီ ဆိုတော့ ဝင်သင့်ပါတယ် …
    ဒါနဲ့ .. ကြောင်ပိုက်ပြီး မဝင်ချင်ဘူးလားလို့ … 🙄 :mrgreen:

  • garuda

    April 14, 2013 at 8:00 pm

    ကောင်းလိုက်တဲ့ စီးပွားရေးဗျာ..သူများတွေ ကဲဖြုန်းနေတဲ့ အချိန်..ဒီဆရာလေးက..အချိန်ကို ကောင်းကောင်းအသုံးချ..ပိုက်စံရှာ
    သွားတာပဲ..။ :hee:

Leave a Reply