Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ဝန်ကြီးပဒေသရာဇာ၏ အကျဉ်းစံသင်းချိုင်းဂူ

IMG_20130413_133643

ဝန်ကြီးပဒေသရာဇာဂူ

IMG_20130413_133703

အခွင့်မရှိ မဝင်ရ / ဖြတ်သန်းသွားလာခွင့်မပြု

 

ဘာလိုလိုနဲ့ ဒီမြေ ဒီရေမှာ နေခဲ့ရတာ နှစ်ပေါင်း ၂၆ဝ ကျော်ပြီပဲ ၊။ အခုတော့ လူတွေကျုပ်ကိုမေ့လောက်ပြီပေါ ့။

ကျုပ်ချစ်တဲ ့ အညာမြေကိုခွဲပြီး စစ်ရှုံးဘုရင်နဲ့အတူ ဟံသာဝတီကိုလိုက်ခဲ့ရတာ မနေ့က တနေ ့ကလိုဘဲ ။

ဟံသာဝတီဘုရင် ဥပရာဇာကိုကျုပ်တစ်ခုတော့ကျေးဇူးတင်တယ် ။ကျုပ်ကို ဟောဒီ ကျိုက်ခေါက်ဘုရားရဲ ့

အနီးမှာ နေခွင့်ပေးလို့ ။ ပြီးတော့ ကျုပ်ရဲ ့ ဂုဏ်ကိုချီးမြှောက်ပြီး ဂူသင်းချိုင်းဗိမ္ဗာန် တစ်ခုကို ထိုက်ထိုက်တန်တန်

ဆောက်ပေးခဲ့လို့ ။

 

ဒါပေမဲ့ ….ကျုပ်အညာကိုလွမ်းတယ် ။ ကျုပ်ရေးဖူးတဲ့ ကဗျာတွေထဲက အညာပုံရိပ်တွေကို ကျုပ်သတိရတယ် ။

မျက်စိတစ်ဆုံး ထန်းတောကြီးတွေ ….၊ ဖုံတစ်လုံးလုံးနဲ့ နွေရာသီကိုချယ်သထားပုံတွေ …..၊ ပြီးတော့ …..

အညာသူ အညာသားများရဲ ့ ဖေါ်ရွေတတ်ပုံတွေ …. မန်ကျီး ၊ ဇီးသီး ၊ ဇီးဖြူ ၊ ဖန်ခါး ၊ ထန်းလျက် ၊ ကရေကရာ

စတဲ့ အချို အချဉ် အဖန် အညာရသာစုံတွေကိုလည်း လွမ်းတယ် ။ ကျုပ်ရောက်နေတဲ့ နေရာကနေ မိုးရာသီဆို

အညာကို ပြန်ပြေးချင်တယ် ။ ကျုပ်အတွက် ဆောက်ပေးထားတဲ့ အုပ်ဂူက လုံခြုံ ပါတယ် … ဒါပေမဲ့ ….

 

အရှေ ့ဘက်က လျှပ်ပန်းလျှပ်နွယ်တွေနဲ့အပြိုင် မိုးချိ်န်းသံတွေဟာ ကျုပ်ကိုသွေးပျက်စေတယ် ။ စိုစွပ်ပြီး

စိမ့်အေးနေတဲ့ မြေပေါ်ခြေချလိုက်တာနဲ့ ဖြန်းကနဲ ကြက်သီးတွေထလာပါရော ။ အုပ်ဂူထဲမှာ တစ်ယောက်တည်း

လှဲလျောင်းရင်း ကျုပ်နားတွေကိုပိတ်ထားမိတယ် ။ မျက်စိမှတ်လိုက်တိုင်း အညာပုံရိပ်တွေပေါ်လာတတ်လို့

မဲမှောင်နေတဲ့ ဂူထဲမှာပဲ မျက်စိဖွင့်ပြီးအတိတ်ကို စွန်ခွါနေမိပြန်တယ် ။ ကျုပ်မှတ်မိပါသေးတယ် ။ အင်းဝ

မပျက်ခင် ကျုပ်ဟာ အမြဲတန်း အညာတောရွာတွေကိုသွားလာတတ်သလို သူတို့အကြောင်းလည်း စာဖွဲ့ ့

ခဲ့သေးတာကိုး ။ ကျုပ်တို့နန်းတွင်းမှာ အပြိုင်အဆိုင် ဘုန်းတော်ဘွဲ့တွေ ဖွဲ့နေကြတဲ့အချိန်မှာ ကျုပ်က

တောဓလေ့ သဘာဝတွေရေးနေတာ ။ ကျုပ်ကလည်း သူတို့ကိုချစ်သလို သူတို့ကလည်း ကျုပ်ကိုချစ်ကြတယ် ။

`

ကျုပ်တို့ ထီးဘုရား ဟံသာဝတီကိုပါတော့ ကျုပ်လည်း လိုက်ခဲ့ရတာပေါ ့ ။ စစ်ဆိုတာ ဒီလိုပါပဲ . ..။

မုန်းလို့လည်း မဟုတ်ဘူး ….. မချစ်လို့လည်း မဟုတ်ဘူး ။ တိုက်ဖို့ အကြောင်းရှိလို့ တိုက်တယ် ။ နိုင်တဲ့သူက

သမိုင်းရေးတယ် ။ နိုင်သူသဘော … နိုင်သူ သမိုင်း … ။ ကျုပ်ကတော့ အရှင်နဲ့တပါတည်း လိုက်ခဲ့ရင်း

ကျုပ်ဘဝလည်း ဒီမှာပဲ နိတ္ထိတံ ခဲ့တာပဲ ၊။ ဒီအချိန်မှာ ဖြစ်လာသမျှ ကျေနပ် နေတတ် ပါပြီ ။ အချိန်ကာလ

တွေပြောင်းပြီး ကျုပ်လည်း သမိုင်းထဲရောက်သွားပြီ ။ သဲသဲမဲမဲ ရွာတဲ့မိုးတွေကြားမှာ ကျုပ်ကဗျာတွေ

စပ်တတ်နေပြီ ။ လျှပ်စီးလက်တာကိုကြည် ့ရင်း  အိုင်ချင်းတစ်ပုဒ် ဖြစ်ခဲ့သလို မိုးချိန်းသံရဲ ့နောက်မှာ

စည်တော်သံ တဒ်ပုဒ်လည်း ဖြစ်ခဲ့ပြီပေါ ့ ။

 

သံစဉ်တွေကတော့ မချိုနိုင်ပါဘူး ။ အကျဉ်းစံ အရှုံးသမားရဲ ့ အထီးကျန် ဒဿနတွေ ၊ ရေညှိ အထပ်ထပ်နဲ့

ရှေးဟောင်းသင်းချိုင်းဂူထဲက သံဝေဂလင်္ကာတွေ …..။ အညာမြေချစ်သူတစ်ယောက်ရဲ ့ အောက်ပြည်ရောက်

တမ်းချင်းတွေ ….. ။ ဒါတွေ …ဒါတွေ အားလုံး ကျုပ်ရင်ဖွင့်ချင်ပါတယ် ။ ခက်တာက ကျုပ်က အကျဉ်းစံလေ ။

ကျုပ်သေဆုံးပြီး ကျုပ်ရဲ ကဗျာတွေကိုထိမ်းသိမ်းထားကြသလို ကျုပ်ကိုလည်း ဒီသင်းချိုင်းဂူထဲမှာ ထာဝရ

ပိတ်လှောင်ခဲ့ကြတာပေါ ့ ။ ကျုပ်တစ်ယောက်တည်းပါ ။ ….. သေပြီးသူတစ်ယောက်ရဲ ့ ဝိညဉ်မဲ့ အထီးကျန်

ကမ္ဘာတစ်ခုပါ ။

 

ကျုပ်သေပြီး  နှစ်ပေါင်း အတော်ကြာကြာမှာ  လူတွေ ကျုပ်ရဲ ့နေရာကို လာခဲ့ကြပါတယ် ။ ကျုပ် ရေးခဲ့တဲ့

ကဗျာတွေဖတ်ပြီး ကျုပ်အုပ်ဂူကိုလာကြည် ့ကြတာ ။ ကျုပ်ပျော်လိုက်တာဗျာ .. …. သူတို့ကြောက်မှာစိုးလို့

ကျုပ် အသံမပေးပဲ တိတ်တိတ်လေး လက်ပြနေတာ ။ တစ်ချို ့သမိုင်းဆရာတွေ ပြောဆိုနေတာတွေ ကြားတော့

လွဲနေပြီ လို့ ကျုပ်ပြောချင်လိုက်တာ . ….။ ဒါပေမဲ့ သမိုင်းဆိုတာ ဒီလိုပါပဲ ။ အားလုံးတော့ ဘယ်မှန်နိုင်ပါ့မလဲ ။

ရှိပါစေလေ …. လူတွေ မကြာမကြာ လာနေတာပဲ ကျုပ်အတွက်ပြည် ့စုံနေပါပြီ ။ သူတို့လာရင် ကျုပ်ပျော်သလို

သူတို့ ပြန်ရင်လည်း ကျုပ် မျှော်နေတတ်ပြီဗျ ။

 

ဒါပေမဲ့ ……ကျုပ်ရဲ ့ ပျော်ရွှင်ဖွယ်နေ ့ရက်လေးတွေက ကြာကြာမခံဘူး ။ လူသွားလူလာ များရင် ကျုပ်ဂူပျက်ဆီး

မှာစိုးလို့ ပိတ်လိုက်ကြတယ် ။ ဂူကို တံတိုင်းခတ်ပြီး သံတံခါးနဲ့ပေါ ့ဗျာ ။ ကျုပ်လည်းအပြင်ထွက်ခွင့်မရှိသလို

ဘယ်သူမှလည်း ကျုပ်ဆီ လာလို့မရတော့ဘူး ။ ခုမှ တကယ် အထီးကျန်တာပါ ။ လူတွေနဲ ့ရောနှောနေပြီးကာမှ

လူတွေနဲ့ မတွေ ့ရ မမြင်ရ စည်းခြားခဲ့ပြီဆိုတော့………. ကျုပ်လေ …….. ဘုန်းဘုန်းလဲတော့တာဘဲဗျာ …..။

အမှန်တကယ် ကျုပ်ဂူသင်းချိုင်းကိုထိမ်းသိမ်းလားဆိုရင် ….မြင်တဲ့အတိုင်းပဲလေ ။ ရေညှိအထပ်ထပ် ….

အပဲ ့အရွဲ ့….. မိုးမလုံ လေမလုံ ……ခြအုံဖြစ်တဲ့နေရာကဖြစ် …..ဒီအတိုင်းပစ်ထားကြတာဗျို ့ …..။

ဂူအဝင်လမ်းမှာလည်း ရွက်ကြွေတွေ လေမှာဝဲလို ့ တစ်ခါတုန်းက အလွမ်းခြေရာတွေနဲ့လေ …….။

မေ ့လက်စနဲ့ မေ ့ပါစေဆိုပြီး ပစ်ထားကြတာ ဘယ်နှစ် နှစ်မှန်းမသိ ။ ကျုပ် သမိုင်းထဲမှာတောင် မရှိတော့ဘူး

ထင်တယ် ။

 

အခုတော့ …… ဖြတ်သန်းသွားလာခွင် ့မရှိတဲ့နေရာ …။ လူမသိ သူမသိ ကျိုက်ခေါက်ဘုရားအနီး လွင်တီး

ခေါင်ပြင်တစ်နေရာမှာ …… တိရိစ္ဆာန်တစ်ကောင်လိုခြံခတ်ပြီး ပိတ်လှောင်ထားခံရတဲ ့ဘဝ ……………။

တစ်ခါတုန်းက စစ်ရှုံးဘုရင်ရဲ ့ကျွန်ဖြစ်ပေမယ် ့ ပညာကို ပညာလိုသိပြီး ၊ ပညာရှင်ကို ပညာရှင်လို သဘော

ထားတဲ့ ရန်သူဘုရင်ရဲ ့ချီးမြှောက်တာခံခဲ ့ဘူးတယ် ။ သေပြီးတာတောင် မြေတစ်နေရာ အပိုင်ပေးလို့

ဂူဗိမ္ဗာန်ကြီး ဆောက်ပေးခဲ့တယ် ….. ကမ္ဘာစစ်ဗုံးဒဏ်လည်း ကျုပ်ခံနိုင်ခဲ့တယ် ။ အဲ ..အဲ …ခင်ဗျားတို ့နဲ့

တွေ ့မှဘဲ ကျုပ်ဂူလည်း နှစ်ပေါင်း ( ၂၆ဝ  ) ထက်ပိုပြီး အိုမင်းသွားရတော့တယ် ….။ ကျုပ်ရင် ထဲမှာ ကဗျာ

တွေရှိတယ် ။ အဖြူထည် မဟုတ်တော့ပေမဲ့ ခင်ဗျားတို့လောက်တာ့ အရောင်ရင် ့မယ်မထင်ဘူး …..။

တစ်ခုတော့ မှာပါရစေ …..။ တစ်နေ ့မှာ တစ်ယောက် ယောက်များ ကျုပ်ဆီကိုလာခွင် ့ရရင် …. ကညစ်တံ

တစ်ချောင်းရယ် ပေတစ်ထုပ်ရယ် ကျုပ်အတွက် ယူလာပေးကြပါ ….။ ကျုပ် စာပြန်ရေးချင်လို့ …………………။

 

လေးစားလျှက်

မောင်ဆာမိ

 

55 comments

  • S@i S@i Fin K@i

    May 2, 2013 at 8:05 am

    ဒီတိုင်းပစ်ထားရင် သတောင်းဇား ဝင်ခိုမယ် အိမ်ခြေယာခြေမဲ့ အခြေစိုက်မယ် ..အတွဲတွေ မှောင်ရိပ်ခိုမယ်…
    ဟော…ပိတ်ထားပြန်တော့ … စိတ်ပါဝင်စားသူတွေ သာမန်ပြည်သူတွေ လေ့လာလိုသူတွေ အတွက် အကျိုးယုတ်တယ်..
    ဒီ၂ခုစလုံးက အစွန်း၂ဖက်ပါပဲ ….။

    တကယ်ဖြစ်သင့်တာက စောင့်ရှောက်ရေးအဖွဲ့ ထားပြီး စောင့်ရှောက်ဝင်ကြေးယူ အလည်အပတ် လာသူတွေလက်ခံ
    အမှတ်တရပစ္စည်းရောင်း ..တတ်နိုင်ရင် သူ့စာတွေ ထုတ်ရောင်း ဘာသာပြန်တွေ လုပ် …
    အနည်းဆုံး အထုပတ္တိလောက် ရောင်းစားနိုင်ရဲ့..
    :byae:
    ဘာပဲဖြစ်ဖြစ် ခုလိုလုပ်ထားတာကတော့ ချဉ်ဇယာပါဗျာ …
    သက်ဆိုင်သူတွေ တွေ့ကြပါဇေသဒီး

    ဘရာကြော်ပါ စီဂျေယီးရေ….
    :harr:

    • surmi

      May 2, 2013 at 10:00 am

      ကိုရင်ဂီရေ
      ကျုပ်အဲဒီကိုရောက်တော ့ ကိုရင်တို ့ဓတ်ပုံဆရာ အဖွဲ့ကိုသတိယလိုက်တာဗျာ
      ကျုပ်မှာ ကင်မရာလဲမပါတော ့ ဖုနိးကင်မရာအစုတ်နဲ့ ရိုက်လိုက်ရတာ
      ဘယ်လောက်အထိတိမ်မြှုတ်နေလည်းဆိုရင် ဘုရားတန်ဆောင်းက
      ဂေါပကဝင်လူတစ်ယောက်ကို အုပ်ဂူနေရာမေးတာ
      မသိဘူးတဲ ့ ကွာ ….
      ပန်းသည်အဖွားကြီးတစ်ယောက်ညွှန်လို ့ရောက်ခဲ့တာဟေ ့
      တကယ်တော ့ ဦးကျောက်ပြောတဲ့စာအုပ်ဖတ်ဖူးကတည်းကအဲဒီနေရာကိုစိတ်ဝင်စားနေတာ
      :hee:

  • ဦး ကျောက်ခဲ

    May 2, 2013 at 9:22 am

    ကိုရင်ဆာရေ…
    ဖြစ်သင့်တာတော့ ပိတ်ထားမယ့်အစား၊ “ထိန်းသိမ်းစောင့်ရှောက်မှု” လုပ်ပေးပြီး…
    ပြတိုက်ဖွင့်လိုက်ရင် အနည်းဆုံး လူတချို့လည်းအလုပ်ရမယ်…
    ဒေသခံတွေလည်း ပန်းရောင်းလို့လည်းရ၊ တခြားဝန်ဆောင်မှုကလည်း ဝင်ငွေရဦးမယ်…
    အဲ.. ပန်းရောင်း ဆိုမှ…
    ဝင်းဦးရဲ့ “မိန်းမလှ အမုန်း”ထဲက ပန်းသည်မလေး “ညို့” ကိုသတိရသွားပြီဗျ…
    “အင်ကြင်းပန်း” ရယ် “ဝန်ကြီးပဒေသရာဇာအုတ်ဂူ”ရယ်…
    :byae:

    • surmi

      May 2, 2013 at 9:48 am

      ဟောဗျာ
      အကြိုက်ချင်တူနေပြန်ပြီ
      အဲဒီစာအုပ်ပြန်ထွက်လို ့၈၀၀ဝ ပေးပြီးဝယ်ထားသေးတယ် ။
      မောင်ထွန်းနိုင် ၊ မမမေဂျာ (ခ) မမနှင်း နဲ ့ ကျိုက်ခေါက်ဘုရားတန်ဆောင်းကပန်းသည်မလေး ညို ဟုတ်စ ….
      ကျနော်သိပ်ကြိုက်ခဲ့တဲ့စာအုပ်ပါဗျို ့ …

      • MaMa

        May 2, 2013 at 3:58 pm

        အဲဒီစာအုပ် အီးဘုတ်အနေနဲ့ ဖတ်ဖူးတယ်။
        ဝင်းဦးရဲ့ စာတွေ စန္ဒာမှာပဲ ဖတ်ဖူးတယ်။
        အဲဒီစာအုပ်ဖတ်ပြီးမှ ဝင်းဦးရဲ့ စာရေးခြင်းအတတ်ပညာကို အံ့ဩချီးကျူးမိတယ်။ :hee:
        တဆက်တည်း ဂျလေဘီသယ်လို့ ထင်ထားတဲ့ စာရေးဆရာကြီး ဆာမိကိုလည်း ဝင်းဦးလိုပဲ တော်ပါပေ့လို့…. :hee:

        • surmi

          May 3, 2013 at 10:57 am

          ခေတ်နောက်ပြန်ဆွဲပြီး ဝင်းဦးကိုကြော်ငြာလိုက်ဦးမယ် ဟဲဟဲ
          အန်တီမမရေ
          အဲဒီ မိန်းမလှအမုန်းကို စာအုပ်အဖြစ်ဖတ်ချင်ရင်ပြောဗျာ
          တနည်းနည်းနဲ ့ ပို ့ပေးလိုက်ပါ့မယ်နော 🙂

        • သီချင်းကျွမ်းကျင်တဲ့ဆရာကြီးတစ်ယောက်က ဝင်းဦးဆိုထားတဲ့ “ဒီပါအေးမြ “သီချင်းကြီးကိုနားထောင်ရင်း မိန်းမလှအမုန်း ဝတ္တုကို ဖတ်လိုက်ရင်
          လူကို အိ ကျ သွားတယ်ဆိုတာဘဲ။
          သီချင်းလဲ ရှိတယ် ဝတ္တုကဲ မပဒုမ္မာပို့ပေးထားလို့ရှိတယ်။
          ကဲ ဘာလိုသေးလဲနော်။
          ဆရာကြိးပြောတာ အမှန်ပါဘဲ။

    • ဦး ကျောက်ခဲ

      May 4, 2013 at 1:29 pm

      လမ်းကြုံလို့ ကြော်ငြာဝင်ပါရစေ…
      ဝင်းဦးရဲ့ “မိန်းမလှ အမုန်း” အီးဘုတ်လိုချင်ရင် ပြောပါခင်ဗျာ…
      ဦးကျောက်ပို့ပေးပါ့မယ် 1.5 MB ရှိပါတယ်။

  • kyeemite

    May 2, 2013 at 9:55 am

    ဗရာကြော်ပါကိုဆာမိ…အရေးအသားကိုတော့ လေးစားပါသဗျာ
    ဝန်ကြီးပဒေသရာဇာ ကိုယ်တိုင်ရေးထားသလားမှတ်ရတယ်… 😆
    အပေါ်က မစ္စတာဂီပြောတဲ့ အကြံကိုထောက်ခံပါတယ်ဗျို့…

    • surmi

      May 2, 2013 at 10:11 am

      ဦးမိုက်ရေ
      ဝနကြီးက သူရေးပြီးသားလေးပေးလိုက်တာဗျ
      မန်းဂဇက်မှာ တင်ပေးပါဆိုလို ့
      :kwi:

  • ဦးကြောင်ကြီး

    May 2, 2013 at 9:59 am

    သင်းချိုင်းဂူ
    မင်းတိုင်းဖြူ
    နင်းခိုင်းဆူ
    လင်းဝိုင်းဖူ
    ကြွင်းအိုင်းကူ
    ဖျင်းရိုင်းအူ
    တွင်းမိုင်းယူ
    ဂွင်းသိုင်းထူ…

    • surmi

      May 2, 2013 at 10:16 am

      ဂွင်းသိုင်းထူး ဆိုပါလား ???
      မထိတ်သာမလန် ့သာပဲဦးကြောင်ရယ် ဟဲဟဲ
      ဪ သိပြီ
      ပုဆိုးဂွင်းသိုင်း တာ ဟုတ်စ 🙂

  • weiwei

    May 2, 2013 at 10:00 am

    တစ်ခါပြုပြင်ပြီး ဂူသွင်းတုန်းက ဌာပနာထားတဲ့ပစ္စည်းတွေကို ထုတ်ပြတာ သတိရမိသေးတယ် … ကြာလာတော့ တော်တော်ကြာပြီ .. နှစ် ၂ဝ လောက် ရှိပြီထင်တယ် … အခုတော့ မေ့မေ့လျော့လျော့ပဲ …

    • surmi

      May 2, 2013 at 10:26 am

      မဝေရေ
      ကျနော်က အဲဒီနေရာကို ခုမှရောက်ဖူးတာ
      ရေလည်ဘုရားကို ရောက်တတ်ပေမဲ့ တစ်ခါမှဝင်မကြည် ့ဖြစ်ဘူး ။
      ဒီတစ်ခါတော ့ရောက်အောင်သွားရှာမယ်ဆိုပြီး ရောက်သွားတာလေ
      ထင်တာထက် ဂူဗိမ္ပန်က ကြီးနေလို ့အံ့ဩရသေးတယ် ။
      ခက်တာက တားမြစ်နယ်မြေဖြစ်နေတော ့အပေါက်ဝကဘဲလှည့်ပြန်ခဲ့ရတယ် ။

    • ဆူး

      May 2, 2013 at 11:30 am

      ဌာပနာ ဆိုလို့.. ဘာတွေ မြင်ခဲ့လဲဟင်..

      • surmi

        May 2, 2013 at 1:38 pm

        ဟုတ်သားပဲ
        ဒေါ်ဆူးပြောမှ အဲဒီဌာပနာလေးတွေသိချင်တယ်ဗျို ့
        အခွင့်သင့်ရင်လုပ်ပါဦးမဝေရေ …

        • weiwei

          May 3, 2013 at 8:35 am

          မှတ်မိသလောက်ကတော့ ဘုရားလေးတွေပါ … ပြခန်းလုပ်ပြီး ပြထားတာ .. အခု ကျိုက်ခေါက်ဘုရားပေါ်မှာ ရှိသေးလားတော့ မမှတ်မိတော့ဘူး … နောက်တစ်ခါ ကျိုက်ခေါက်ဘုရားရောက်ရင် သေချာစုံစမ်းပေးပါ့မယ် ..

        • surmi

          May 3, 2013 at 11:05 am

          မဝေရေ …
          ရောက်ဖြစ်ခဲ ့ရင်တော ့ ဓတ်ပုံလေးပါ ရိုက်ခဲ ့ပါဦးနော
          အလုပ်ရှုပ်ခိုင်းသလိုတော ့ဖြစ်သွားပြီ :hee:

  • ခင်ခ

    May 2, 2013 at 10:26 am

    သွေးပူ သွေးဆူ ကာလဆိုရင်တော့ အမြင်ကောင်းအောင် အားချင်းလုပ်တတ်တဲ့
    သဘာဝကလွဲပြီး အခြားသေချာချာ စနစ်တကျ ထိန်းသိမ်းဖို့ ပြင်ဖို့ဆိုတာဝေးကွာလှပါတယ်။
    ဒီလိုနဲ့ဘဲ တစ်ချို့သမိုင်းဝင်နေရာတွေဟာ တိမ်မြုတ်ပျောက်ကွယ်လုနီးနီး ရှိခဲ့ကြရရှာပါတယ်လေ။
    “အဲ လမ်းများကြုံလို့ ထပ်ရောက်ခဲ့ရင် အဲဒီကိုလာဖြစ်တဲ့အခါ ကညစ်တံ တစ်ချောင်းရယ် ပေတစ်ထုပ်ရယ် ယူလာပေးမယ်လို့ ပြောထားပေးပါဟု…။´´

    • surmi

      May 2, 2013 at 10:38 am

      ဟုတ်ကဲ ့ ဦးခ
      ပြောလိုက်ပါ ့မယ်ခင်ဗျ 🙂
      အစ်ကိုပြောသလိုပါပဲ ….. ပြုပြင်ထိန်းသိမ်းရေးပိုင်းက တော်တော်အားနည်းပါတယ် ။
      အထူးသဖြင့် ရှေး/သု ဌာနရဲ ့အားနည်းချက်တွေပေါ ့ ။
      သူများတွေက မရှိ ရှိတာလေးတွေရှာဖွေဖေါ်ထုတ်နေချိန်မှာ
      ကျနော်တို ့က မီးစိုက် မြေမြှုတ် ထုံးသုပ် ပစ်လိုက်ကြတာကိုး …
      အနိစ္စ c/d 2 သဂျီး 🙂

  • ကြည်ဆောင်း

    May 2, 2013 at 12:31 pm

    ကြည်ဆောင်းလဲ တစ်ခါမှမရောက်ဖူးဘူး..
    ရောက်များရောက်ခဲ့ရင် အများပြည်သူ လေ့လာကြည့်ရှုနိုင်တဲ့နေရာတစ်ခုဖြစ်နေပါစေလို့ဘဲဆုတောင်းရတော့မှာဘဲ..
    ရေးထားတာလေးက ကြေကွဲစရာ..
    ဖတ်ပြီးစိတ်တောင်မကောင်းမိဘူး

    • surmi

      May 2, 2013 at 1:33 pm

      မကြည်ဆောင်းရေ
      ကျနော်လည်း အဲဒီကိုရောက်တော ့စိတ်ထဲတမျိုးဖြစ်တာနဲ ့
      ရေးလိုက်တာ ။ အများပြည်သူ နဲ ့ နိုင်ငံရပ်ခြားခရီးသွားများပါ စည်းကမ်းတကျ
      လေ ့လာ ကြည် ့ရှုနိငြ်တဲ့ နေရာတစ်ခုဖြစ်လာဖို ့မျှော်လင့်မိပါတယ်
      တစ်နေ ့နေ ့ပေါ ့ဗျာ

  • တညင်သား

    May 2, 2013 at 12:50 pm

    ဦးဆာမိ သန်လျှင်ကို သွားခဲ့တယ် ဟုတ်…..

    အရင်တုန်းက လွင်တီးခေါင်မှာ ဂူတလုံးထဲ ထီးထီးကြီး ဂူပေါ်မှာတောင် အလေ့ကျ အပင်လေးတွေ ပေါက်လို့ပေါ့ အဲဒီကနေ ရှင်းလင်းပြီး ဂှုနဲ့တစ်လှန် အကွာ လောက်မှာ ဒူးခေါင်းသာသာလောက်မြင့်တဲ့သစ်သား ခြံစည်းရိုးလေးခတ် နောက်တော့ ကြီးမြန်သစ်ပင်လေးတွေစိုက်ပြီး အုတ်နဲ့ ခြံစည်းရိုးခတ် အဝင်အထွက် မလုပ်ရ ဖြစ်သွားတာပဲ… သန်လျှင် ကျောက်တန်း ဘုရားဖူး လာကြသူတွေဟာ ကျောက်တန်း ရေလည် ဘုရား ကို လူတိုင်းနီးပါး ရောက်ကြပေမဲ့ ကျိုက်ခေါက် စေတီ ကို လူတိုင်းမဝင် ဖြစ်ကြပါဘူး..
    အဲဒီတော့ ကျိုက်ခေါက်စေတီ နဲ့ဆက်စပ်ပြီး တော့ (အနည်းငယ်လဲ ကွာဝေးတဲ့) ဝန်ကြီးပဒေသရာဇာ ဂူ ရှိနေတယ် ဆိုတာကိုသတိမထားမိတော့ဘူးပေါ့……
    အခု သွားခဲ့တဲ့ ဦးဆာမိတောင် ကျိုက်ခေါက်စေတီ မြောက်ဘက်ဇောင်းတန်း ဘေးမှာရှိတဲ့ နတ်သျှင်နောင် ဂူ ကို သတိထားမိဟန်မပေါ်ဘူး..(သိခဲ့တယ်ဆိုရင်တော့ တောင်းပန်ပါတယ်နော်)
    ကွန်မန်းတွေဖတ်ပြီး တွေးမိတာလေးက တာဝန်ရှိသူတွေက ဘုရားဖူးတွေ လာချင်အောင် လေ့လာနိင်အောင် မစွမ်းဆောင်နိင်သေးဘူးလို့ပဲ ထင်ပါတယ် …..

    • surmi

      May 2, 2013 at 1:25 pm

      ဟုတ်ပ ကိုရင်တညင်သားရယ်…
      ကျနော် နတ်ရှင်နောင်ဂူကို အဲဒီနားမှာရှိမှန်းမသိခဲ့ဘူးဗျာ။
      သန်လျင်မှာရှိမှန်းသိပေမဲ ့ သိပ်ဝေးမယ်ထင်တာရယ် ပြီးတော ့
      ကလေးတွေပါနေတော ့ သွားရလာရ မလွတ်လပ်တာရယ်ကြောင့် မရှာတောလ့တာ ။
      ကျနော်ရောက်တဲ့အချိန်ကလည်း နေ ့လည် ၁ နာရီဝန်းကျင်ဆိုတော ့ အရမ်းပူတယ်လေ ။
      ပြီးတော ့ စိတ်ပျက်သွားတာက စောင်းတန်းမှာ သုံးယောက်ကိုမေးတာ
      နှစ်ယောက်က မသိဘူး လို ့ဖြေတော ့ အတော်လေး ညစ်သွားတယ်ဗျို ့ …။
      အဲသလောက်ထိ စွဲဆောင်မှုရှိတာ 🙂
      ကျနော်လည်းနောက်တစ်ခေါက်ပြန်လာပါဦးမယ် ဖြစ်နိုင်ရင် ကိုရင်လည်း ပို ့စ်တစ်ပုဒ်လောက်ရေးတင်ပေးပါလား
      ကိုရင်ရေးရင် ပိုပြီးပြည့်စုံမှာဗျ ။

  • တညင်သား

    May 2, 2013 at 2:50 pm

    ကိုရင်ရေးရင် ပိုပြီးပြည့်စုံမှာဗျ ။…ဟုတ်
    အမလေး.. ဦးဆာမိရယ် ကွန်မန်းတောင် သူများသဘောပေါက်အောင် မရေးတက်လို့ တောင်းပန်ရတာ အခါခါ….:)
    ကျောင်းသားဘဝ က ကျိုက်ခေါက်စေတီ ကုန်းတော်ပေါ်မှာ သစ်ပင်ချုံနွယ်တွေ ရှင်းလင်းရင်နဲ့ ခုချိန်ထိ စဉ်းစားမိနေတာ….
    (မှန်တာပြော တာဝန်ရှိသူများ အမြန်အကောင်ထည်ဖေါ်နိင်ပါစေ) ရွှေတိဂုံကုန်းတော် ကခင် ဈေးဆိုင်တန်းရှိတဲ့နေရာမျိုး လို ကွန်ကရစ်ပတ်လမ်း လုပ်စေချင်မိနေတာ….ရွာထဲမှာ သမိုင်းအကြောင်းတွေ သိပြီး စာရေးကောင်တဲ့ သူတွေ အများကြီးရှိပါတယ် ဦးဆာမိရယ်…

    ဝန်ကြီးပဒေသရာဇာဂူ အကြောင်းကို ရေတဲ့ပုံစံလေး သဘောကြမိပါတယ်ဆိုတဲ့အကြောင်း ပြောပါစေ…..

  • Good™

    May 2, 2013 at 3:55 pm

    I think, the writer who made this letter was writing in side the heart of Wungyi Padaytha Yarzar!!!!!

    Thanks a lot Ko Surmi.

    • surmi

      May 3, 2013 at 10:20 am

      ကျေးဇူးပဲဆရာသမားရေ ..
      ခေါင်းလည်း ဘုထနေပြီ ဟဲဟဲ
      ထုတ်တန်းကိုဆောင် ့မိလွန်းလို ့
      ဘာရယ်မဟုတ်ပါဘူးဗျာ …ဟိုတွေးဒီတွေးရေးမိတာပါ 🙂

  • lady mobile

    May 2, 2013 at 4:07 pm

    အခွင့်မရှိ မဝင်ရ / ဖြတ်သန်းသွားလာခွင့်မပြု တဲ့
    တစ်ယောက်ထဲအထီးကျန်နေမှာပဲနော်…..

    • surmi

      May 3, 2013 at 10:27 am

      @လေဒီမိုဘိုင်းရေ
      မောင်မိုဘိုင်းပြောပြလို ့သိပြီးပါပြီကွယ်
      လာရောက်ဖတ်ရှုအားပေးတာကျေးဇူးပါဗျာ

      @မသဲနုရေ
      ကျနော်သိပ်မသိပါဘူးဗျာ
      ရွာထဲမှာဆရာ ့ဆရာတွေရှိပါတယ်
      ပြောရင်းဆိုရင်း ကိုစံလှကြီးရောက်လာပြီဖြစ်လို ့ သူ ့ပဲ အပူကပ်လိုက်ပါဦးမယ် 🙂

  • TNA

    May 2, 2013 at 5:53 pm

    ကိုဆာမိပြောမှသိတော့တယ်။ လုံးဝကိုမသိတာ။ သူ့သမိုင်းကြောင်းလဲသိပ်မသိဘူး။ ဖတ်ရရင်ကောင်း မယ် နော်။ သူ့နာမည်ကိုသာရင်းနှီးတာ။ သူ့ဘဝဇာတ်ကြောင်းကိုလုံးဝနီးပါးမသိတာ။ သိရင် ပိုစ့်တင်ပါလား ကိုဆာမိရေ။ ရောက်ရင်လဲသွားကြည့်လိုက်ပါအုံးမယ်။

  • San Hla Gyi

    May 2, 2013 at 7:47 pm

    ကိုဆာမိရေ
    ဝန်ကြီး ပဒေသရာဇာကမှ အုတ်ဂူလေးတလုံး ကျန်ခဲ့ပါသေးတယ်။ တခြား ဘာအမှတ်အသားမှ မကျန်ခဲ့တဲ့ နာမည်ကြီးတွေလဲ အများကြီးပဲကိုး။
    ပြုပြင်စောင့်ရှောက်မှုလေး လုပ်ရင်တော့ ကောင်းပါရဲ့။

    • surmi

      May 3, 2013 at 10:37 am

      မင်္ဂလာပါကိုစံလှကြီးရေ…..
      မတွေ ့ရတာလည်းကြာပေါ ့ဗျာ ။ အင်းးး ရွာကလည်းဝင်ရခက်သကိုး
      ကိုစံလှကြီးကိုသတိယကြောင်းလည်း ဟိုတလောက ဦးကျောက်တို ့နဲ့ပြောဖြစ်ပါသေးတယ် ။
      အားရင်စာလေးဘာလေးရေးပါဦးဗျ ။
      သမိုင်းကြောင်းနောက်ခံလေးတွေပေါ ့ ။ခုပဲ တောင်းဆိုနေကြတာမြင်မှာပါ ကျနော်ကတော့ ကျွမ်းကျင်သူမဟုတ်လေတော ့.. 🙂
      ဘာပဲဖြစ်ဖြစ် ပြန်တွေ ့ရတာ ဝမ်းသာတယ်ဗျို ့ …….

  • ရဲစည်

    May 3, 2013 at 2:19 am

    သို့
    ဝန်ကြီး(ပဒေဿရာဇာ)
    စာအမှတ် ။ ။ ဝ၃၃၀/၀၃၀၅/၂၀၁၃
    အကြောင်းအရာ။ ။ ဒီလောက်ကျန်နေတာကံကောင်း။
    အထက်ပါကိစ္စရပ်နှင့် ပတ်သတ်၍ ဝန်ကြီး၏ တင်ပြလာမှုအား လက်ခံစဉ်းစား သုံးသပ်ပေးမည် ဖြစ်ကြောင်း။ သို့ရာတွင် လတ်တလော ကိစ္စရပ်များအား အထူးဦးစားပေး ဆောင်ရွက်နေရ၍ အစောတလျင် မလုပ်ပေးနိူင်သေးကြောင်း။ ပြုပြင်တည်ဆောက်ရေး ကုန်ကျစားရိတ် အပါအဝင် ထိန်းသိမ်းရေး၊ စီမံခန့်ခွဲရေးနှင့် ဘဏ္ဍရေးဆပ်ကော်မတီ တို့ကိုပါ ကြိုတင်ဖွဲ့စည်း ပေးထားမည် ဖြစ်သော်လဲ လတ်တလော အကောင်အထည် ဖော်ဆောင်ရေးအတွက် မူအားဖြင့် သဘောတူ လက်ခံထားပြီး အဆင်ပြေသလို အဝင်အထွက်အပေါ် မူတည်၍ ကြည့်လုပ်ပေးမည် ဖြစ်ကြောင်း အကကသည်။

    ဥုပ်ကထ
    သမိုင်းကြောင်း ပြန်လည်ဖော်ဆောင်ရေး ကော်မရှင်

    မိတ္တူ(က) သတိုးမဟာအန်ကယ်ဆာ
    ဦးဆောင်ညွှန်ကြားရေးမှူး
    မန်းဒလေးဂဇတ်

    မှတ်ချက်။ ။ အခုလက်ရှိ ဝန်ဂျီးတွေဆီ ဖြစ်ချင်တာလေး စာရေးတင်ကြည့်၊ ဒီလို စာချောချောနဲ့ အကြောင်းပြန်ဖို့ နေနေသာသာ အဖက်တောင်လုပ်ပီး ပြန်ရေးလိမ့်မယ် မဟုတ် ….. ဒါဗြဲ
    ဟိဟိ
    :kwi: :harr:

    • surmi

      May 3, 2013 at 10:46 am

      🙂 : ) 🙂
      ကိုရဲစည်ရေ
      ကိုရင့်ကော့်မန် ့ကိုမနက်စောစောကတည်းကဖတ်ပြီး ရီနေရတာဗျာ ။
      ဟုတ်လိုက်လေ ……
      ပုဂံလိုနေရာတောင် ပျက်အစဉ်ပြင်မရ နဲ ့
      ပြင်ဆိုတော ့လည်း ထုံးပဲသုတ်တာဆိုတော ့…..
      မထူးပါဘူးလေ ဝန်ကြီးစာရေးချင်တယ်ဆိုရင် ဂဇက်ရွာသာ ပို ့လိုက်တော ့မယ်
      :harr:

  • Mr. MarGa

    May 3, 2013 at 12:40 pm

    ဪ………..တို့ရဲ့ သနားစရာ ဝန်ကြီးတစ်ပါးပါလား.
    သူ့ခမျာ တစ်ယောက်ထဲ အထီးကျန်လို့ နေရှာတယ်
    တာဝန် ရှိသူတွေ ဘယ်လိုလုပ်ကြမလဲမသိပေမင့်
    တာဝန် သိသိနဲ့ ဝန်ကြီးဆီက စာကိုတောင် ယူလာပေးနိုင်တဲ့ ဦးဆာကိုတော့ ဗရာဗိုပါ လို့ :kwi:

    • surmi

      May 4, 2013 at 10:37 am

      @သဂျားမင်း
      ဘာရယ်မဟုတ်ပါဘူးကွယ် ….သင်္ကြန်အကြိုနေ ့က အဲဒီဘက်သွားရင်း
      ဟိုတွေးဒီတွေး ရေးစရာမရှိ ကလိလိုက်တာပါ
      တကယ်တော ့လည်း ဂူ တစ်ခုဆိုတော ့
      ဂူတစ်ခုပဲပေါ ့ ……

      @သဂျီး မင်း
      ကျနော ့ကိုတော ့နည်းမျိုးစုံနဲ့ မ နေတာကလား ဟရို ့
      သတောင်းစားအင်တာဗျုး လုပ်ဖို ့ အကြံပေးလိုက်
      အခုလည်း သရဲ အကြောင်းရေးခိုင်းလိုက်

      ဒွတ်ခ ဒွတ်ခ 🙂
      သတောင်းစားအကြောင်းက တကယ်လုပ်ရင်အလွယ်လေးဗျ နော
      ကျနော ့အနီးမှာ သုံးဖွဲ ့ရှိတယ်
      နေရပ်ပါသိတာဗျာ ။
      ကျနော်ရေးတင်လို ့ဝိုင်းဆဲရင်တော ့ သဂျီးရှင်းပေးရမှာ :kwi:

  • kai

    May 3, 2013 at 4:22 pm

    နတ်ဖြစ်သွားတယ်ဆိုပြီး.. ဟိုလူဒီလူတွေကို အိပ်မက်ပေးတယ်လုပ်တဲ့စာရေးပါလားဟင်…
    ဘုန်းကြီးတပါးပါး. မြှောက်ပေးပြီး.. လုပ်ခိုင်းလိုက်ပေါ့..

    အောင်မြင်တဲ့.. စာရေးဆရာဖြစ်ချင်ရင်.. အဲဒီအုပ်ဂူရှေ့မှာ..နတ်တင်ရမယ်.. ပူဇော်ပသရမယ်လုပ်ပေါ့…
    ပြောမရဘူး..
    တကယ်ဖြစ်ချင်ဖြစ်နေမှာ..
    ကျုပ်တောင်.. အဲဒီပုံလေးသေသေချာချာကြည့်လိုက်တာနဲ့တင်.. ဂူပေါက်ဝက..အငွေ့ထွက်လာသလိုလိုလေးမြင်ရပြီး.. အခုဆို. ရေးရတာတယ်လက်သွက်..

    အာဟိ..

    • surmi

      May 4, 2013 at 10:46 am

      @ကိုပေ
      ဒဿဆာမိ
      ဂွကျပါ၏
      ခဏခဏ ဆာ၏ (ဗိုက်)

      @မောင်အံ
      အဲဒီကိုသွားရင် တစ်ယောက်တည်းမသွားနဲ ့
      မောင်ရင်ကကြောက်တတ်တော ့ အဖေါ်ရအောင် ကောင်မလေးခေါ်သွား
      :hee:

  • ဥဆာဂျီးးး
    ရေးထားတာ ရေလည် ရေလည် လန်းသဗျာ …
    ဟိုလူဂျီး နေရာက ရေးပြသွားဒါ မိုက်ဒယ် .. ချယ်ဘဲ …
    စကားမစပ် …
    အိုက်လူဂျီးဆီ လာခွင့်ရတဲ့အခါ …
    သူမှာဒဲ့ .. “ကညစ်တံ တစ်ချောင်းရယ် ပေတစ်ထုပ်ရယ်” ယူလာဂဲ့မယ်လို့ ပေါပေးဘာရို့ …
    ကျုပ်လည်း အိုက်ဒီနေရာရောက်ရင် သွားဦးမယ်ဗျာ …

  • ကျနော်ကိုလဲ မိတ်ဆွေတစ်ယောက်က လှမ်းခေါ်နေတယ်။
    အရင်က ဆွေတော်မျုးိတော်သချိုင်းထဲမှာရှိတဲ့ ရွှေပြည်ဝန်ကြီး ရဲ့ အုတ်ဂူကျန်နေသေးတယ်တဲ့။
    သွားပြီး ရိုက်ထားမှဖြစ်မယ်။
    တော်ကြာ ဘူဒိုဇာထဲပါသွားအုံးမယ်။

    • surmi

      May 5, 2013 at 11:14 am

      @ဦးပေါက်
      အစ်ကိုရေ …. ရိုက်ပြီးရင်လည်း နောက်ခံအကြောင်းလေးရေးပြီး တင်ပါဦးနော ….
      ကျနော်ကတော့ ဖုန်းကင်မရာနဲ့ပဲဖြစ်သလိုရိုက်လိုက်ရတာမို ့ မပီမပြင်ဖြစ်နေတယ်
      ကိုပေါက်ရိုက်ပြီးရင် ပြန်တင်ပေးပါဦး …

      @ကိုရင်မောင်
      အစ်ကိုလည်းပျောက်နေတာကြာပြီထင်တယ်
      ဂျာနယ်ထဲရောက်ဖို ့ထိတော ့ မမှီသေးပါဘူးဗျာ 🙂
      ဟိုးအရင်ကတော ့ ကျောင်းသားတွေလေ ့လာခွင့်ရတယ်ဆိုလားပဲ
      အခုတော ့ ပိတ်ထားတာကြာပါပြီ
      တကယ်တော ့ အထက်မှာကိုတညင်သားပြောသလို ပါပဲ …
      ရေလယ်ဘုရားရောက်ကြပေမယ် ့ ကျိုက်ခေါက်ကို မဝင်ဖြစ်ကြဘူး
      ကျနော်လည်း ဒီတစ်ခေါက်မှ ရောက်ဖြစ်တာပါ
      ရောက်တုန်း ဝင်းဦးဝတ္ထုကိုသတိယလို ့ရှာပြီး သွားကြည် ့တာ

  • koyinmaung

    May 4, 2013 at 3:18 pm

    ကိုဆာမိရေ…ဒီပို့စ် ကို သက်ဆိုင်သူတွေ
    သိအောင် ဂျာနယ်မှာထည့်သင့်ပါတယ်..
    ကိုဆာမိ ရဲ့ပို့စ်ကြောင့် တကယ့်တန်ဘိုးရှိတဲ့
    သမိုင်းအမှတ်တရမှန်း ပိုသိလာရတယ်..
    အရေးအသားကလဲ တကယ့်စာရေးဆရာကြီးလားအောင်းမေ့ရတယ်ဗျာ..
    တော်ပါပေတယ်ကိုဆာမိရေ…
    ပြည်သူအများလေ့လာခွင့်ရသင့်တဲ့နေရာလေးပါဘဲ…..

  • Green Rose

    June 26, 2013 at 6:13 pm

    ဦးဆာမိရေ…

    Congratulation ပါရှင့်..
    Green Rose ဦးဆာမိ ရဲ့ ပို့စ်လေးကို အမှတ်တရ စာအုပ်ထဲမှာ ထည့်ဖို့ ကူးယူပြီးဖြစ်ပါတယ်။ ဦးဆာမိ ခွင့်ပြုမယ်လို့ ယုံကြည်ပါတယ်ရှင့်. စာပဲကူးလို့ရပြီး ပုံက ကူးလို့မရသေးလို့ အဲဒါ အဆင်ပြေမယ်ဆိုရင် Green Rose ရဲ့ e-mail address livethelifealive@gmail.com ကို ပို့ပေးစေချင်ပါတယ်ရှင့်

    လေးစားစွာဖြင့်

    (Green Rose)

  • ဦး ကျောက်ခဲ

    June 26, 2013 at 7:33 pm

    ကိုရင်ဆာ… ကွန်ဂရက်ကျူလေးရှင်းပါဗျို့…
    ကိုရင့်စာ ကိုရင့်ရေးဟန် ကြိုက်မိတာကြာပြီမို့ ဖြစ်သင့်တာကြာနေပြီ ခုမှဖြစ်လည်း ဂုဏ်ယူတယ်လို့ ဆိုပါရစေဗျာ၊ ကျောက်စ် အလွန်ကြိုက်တဲ့ပို့စ် ဆုရတာမို့ လွှတ်ဝမ်းသာတယ်ဗျာ…. ၊ များများရေးပါ ကိုရင်ဆာရဲ့…
    ကိုရင့်ပရိသတ် ကျောက်စ် :mrgreen:

  • nature

    June 26, 2013 at 10:53 pm

    ခေတ်ပြောင်းသွားပြီ။ Apple သင်ပုန်းယူလာခဲ့မယ်။ 😛

  • uncle gyi

    June 26, 2013 at 11:00 pm

    .။ တစ်နေ ့မှာ တစ်ယောက် ယောက်များ ကျုပ်ဆီကိုလာခွင် ့ရရင် …. ကညစ်တံ
    တစ်ချောင်းရယ် ပေတစ်ထုပ်ရယ် ကျုပ်အတွက် ယူလာပေးကြပါ ….။ ကျုပ် စာပြန်ရေးချင်လို့ …………………။

    ဟင်းဟင်း
    ဝန်ကြီးဒီနေ့ခေတ်ကြိီးကိုမသိသေးလို့စာရေးချင်နေတာ
    စာတပုဒ်ထုတ်ဖို့ဘယ်လိုလုပ်ရတယ်ဆိုတာမသိလို့နေမှာကိုဆာမိရဲ့

  • surmi

    June 26, 2013 at 11:17 pm

    Green Rose ၊ ကိုကျောက် ၊ ဦးနေးချား နဲ့ အန်ကယ်ကြီးခင်ဗျာ
    အထူးပဲ ဝမ်းမြောက်မိသလို အထူးလည်းကျေးဇူးတင်မိပါတယ်ခင်ဗျာ
    ရွာထဲ အဝင်ခက်လို့ မရောက်ဖြစ်သလို မမျှော်လင့်ပဲ ရခဲ့တာကြောင့်လည်း
    ဖတ်ရှုအားပေး ခဲ့သူများကို သတိတယ ကျေးဇူးတင်နေမိပါကြောင်း……

    လေးစားလျှက်
    မောင်ဆာမိ

    • Ma Ma

      June 27, 2013 at 6:55 am

      ဒီပိုစ့်ကို ဖတ်ပြီးကတည်းက အတွေးရော အရေးကိုပါ အလွန်သဘောကျခဲ့တယ်။
      ဗုတ်တော့လည်း ဒီပိုစ့်ကိုပဲ ဗုတ်ခဲ့တယ်။
      မှန်ကန်စွာ ထိုက်တန်စွာ ဆုရရှိသွားလို့ ဝမ်းသာဂုဏ်ယူပါတယ်။ 🙂

  • kotun winlatt

    June 27, 2013 at 7:59 am

    ဂုဏ်ယူပါတယ်….ကိုဆာမိရေ…
    ကျုပ်မလည်းးး ကွန်နက်ရှင်ကနှိပ်စက်တော့ ရွာထဲကို ပို့စ်တင်တဲ့ အချိန်လေးပဲ ရောက်ဖြစ်တော့ စာတွေ မဖတ်ရတာကြာပေါ့……အခုလိုင်းလေးက ကောင်းနေလို့ ကွန်မန့်လေး ရေးလိုက်ပါတယ်…..ဗရာဗိုပါ..ကိုဆာမိ။

  • kyeemite

    June 27, 2013 at 10:30 am

    မင်္ဂလာရှိပါပေ့…ကိုဆာမိရေ
    ဒီလိုအကျိုးပြုပို့စ်
    အရေးအသားကောင်းပို့စ် နဲ့ရရှိတာမို့
    ဝမ်းမြောက်ပီတိဖြစ်မိပါ၏။ 🙂

  • မိုက်ကယ်ဂျော်နီအောင်ပု

    June 27, 2013 at 2:30 pm

    ဒီအကြောင်းကို ဘယ်မှာလည်းမသိဖတ်ဘူးသလိုလိုဘဲ

    • surmi

      June 28, 2013 at 8:54 am

      အန်​တီမမ ၊ ကိုထွန်​းဝင်​းလတ်​၊ ဦးမိုက်​ နဲ့ ကို​အောင်​ပု ​ရေ ….
      မင်္ဂလာပါဗျာ ။​ကျေးဇူးလည်​းအထူးတင်​ရရှိပါတယ်​
      ရွာထဲဝင်​ဖို့ခက်​​နေလို့ အမြ ဲမ​ရောက်​ဖြစ်​တာပါ ။
      ခုလို အား​ပေးစကားကြားရတာနဲ့ပဲ ဝမ်​း​မြောက်​ လှပါပြ ီ။

      ဘပု​ရေ
      ဒီပို့စ်​ကိုဖွဘုတ်​မှာ ရွာထဲက​ရော ရွာပြင်​ကသူတချို့ပါ ရှယ်​တာ​တွေ့ဖူးပါတယ်​ ။
      အခြားဆိုဒ်​မှာ​တော့မသိဘူးဗျ ။
      သတိယရင်​​ပြောဦး​လေ ​နော …

      • ဦးကြောင်ကြီး

        June 28, 2013 at 9:10 am

        ဒေါက်တာချက်ကြီးဆိုက်မှာ ကဆာမိပုံနဲ့ တင်ထားတာ တွေ့ဖူးတယ်… ကွန်ကရက်ကျူလေးရှင်း…

        • surmi

          June 28, 2013 at 9:23 am

          တိန်​ တိန်​ တိန်​
          ​အောက်​မ​ငေး​ဗျ 🙂 🙂 🙂

          ​ကျေး​ကျေး ဦး​ကြောင်​

Leave a Reply