လက်ကျန်ရှင်းတမ်း










“လက်ကျန်ရှင်းတမ်း “
ဖေ့စ်ဘုတ်က ကျနော့်ဝေါပေါ်မှာ ငုဝါပန်းပုံတွေ ကို တင်ထားတာကို တွေ့ တဲ့ အဝေးက မိတ်ဆွေတစ်ယောက်ကငုဝါပန်းပုံတွေထပ်လိုချင်ပါတယ်လို့ ပြောလာပါတယ်။
သူလို့ချင်ပုံကလဲ ခပ်ဆန်းဆန်း။
ငုဝါပန်းလေးတွေအတန်းလိုက်ကျနေတာကိုလိုချင်ပါသတဲ့။
အဲတော့ သူလိုချင်တဲ့ ပန်းအနေအထားမျိုး ပွင့်နိုင်တဲ့အပင်ကိုစဉ်းစားရပါတော့တယ်။
ငုပင်ကတော့ မန်းလေးမှာပေါပါတယ်။
ရန်ကုန်ဆိုရင် စွယ်တော်ဘုရားမှာရှိတယ်။
စွယ်တော်အဝင်ဝက မီးသတ်ဌာနမှာရှိတယ်။
ကန်တော်ကြီးထဲမှာရှိတယ်။
ကိုယ်သိတာလေးပြောတာပါ.။
မန်းလေးမှာတော့ ဆီဒိုးနားထဲမှာရှိတယ်။
တက္ကသိုလ်ဗောဓိကုန်းဘုရားနားမှာရှိတယ်။
နောက် ရဲသိပ္ပံနားမှာရှိမယ်။
ဒါနဲ့ဘဲ ငုဝါမုဆိုး လုပ်ရင်း ကျုံးနံဘေးက ဆီဒိုးနားနဲ့ကပ်ရက် ဆွမ်းဟိုတယ် ထဲကိုရောက်တော့မှ
လိုချင်တဲ့ ငုဝါပန်းကိုရပါတော့တယ်။
နောက်တော့လဲ ကပ်လျက်မှာရှီတဲ့ ဆီဒိုးနားထဲဝင်ရိုက်။
ဒါပေမယ့် အဖူးမကျန်အပွင့် သက်သက်ဆိုတော့မလှ။
ရဲသိပ္ပံကွင်းအရှေ့ဘက်က အပင်သေးသေးလေးက လဲ ပွင့်ပုံလှ။
အချို့အပင်တွေက ပွင့်တာလှပေမယ့် သူများခြံဝင်းထဲမှာ။
ဒါနဲ့ဘဲ မန်းလေးတက္ကသိုလ်ထဲအထိရောက်သွားခဲ့ပါတယ်။
ဒီအချိန်မှာ ငုဝါတွေကလဲ တုံးခါနီးပြီဆိုတော့
အခုရိုက်တဲ့ပုံတွေကို လက်ကျန်ရှင်းတမ်း လို့ဘဲသဘောထားလိုက်ပါတော့တယ်။
ကိုပေါ်က်လမ်းသလားနေသည်
24-4-2013





7 comments
Mr. MarGa
April 25, 2013 at 4:23 pm
ကျောင်းက အဝင်လမ်းမှာ ငုဝါပင်တွေ တန်းစီထားတယ်
ဒီနှစ်တော့ ပိတ်ရက်နဲ့ ကြုံသွားလို့လား ပွင့်တာပဲ နောက်ကျတာလားမသိ
တစ်ပွင့်မှ မတွေ့ဘူး
ဒါကြောင့် လေးပေါက်ရဲ့ ငုဝါတွေကို တဝကြီး ကြည့်သွားပါတယ်ဗျာ။
ကိုပေါက်(မန္တလေး)
April 25, 2013 at 4:38 pm
မနက်ကိုးနာရီက တင်တဲ့ပိုစ်အတွက် ညနေလေးနာရီထုးိမှာ ကော်မင်းလာပေးတဲ့ ဖိုးသကြားကို
ကျေးဇူးတင်ပါ။၏
ကော်နက်ရှင်မကောင်းတော့ ရွာသူားများဓါတ်ပုံကြည့် ဘို့ အခက်ကြုံကြမယ်လို့လဲထင်ပါတယ်။
အဲတော့ဓါတ်ပုုံဆိုရင်စိတ်ဝင်စားသူ နည်းသွားတယ်လို့ ယူဆနိုင်ပါတယ်။
အေပရယ်လကုန်အထိတော့တင်ပြီးသားတွေရှိပါ၏။
ခင်ခ
April 26, 2013 at 4:29 pm
ကိုပေါက်ရေ တစ်တလေ အခါလွန်ရင် လှည့်မကြည့်ချင်တတ်ကြတာလဲ သဘာဝမို့နေမှာပါလေ။
ကိုပေါက်ရဲ့ အခြားဓာတ်ပုံပို့တွေတော့ ဝင်မန့်ကြတာမျိုးတွေ့ပါတယ်ဗျ။
ကိုပေါက်(မန္တလေး)
April 26, 2013 at 9:52 pm
ကိုခရေ
အများနဲ့သက်ဆိုင်တဲ့နေရာဆိုတော့
သူများစိတ်မဝင်စားတာကို ကိုယ်က ဇွတ်တွန်းလုပ်နေတာမျိုး ဖြစ်နေမှာစိုးလို့
ကိုယ့်ကို ကိုယ် ပြန်ဆင်ခြင်ကြည့်တာပါ။
မတွေ့ကြတာကြာပြီနော် .
ကိုခ အားရင်ဆက်လိုက်ပေတော့
Mr. MarGa
April 25, 2013 at 4:49 pm
လေးပေါက်ရေ
ကနေ့ ကွန်နက်ရှင်လဲ မကောင်း၊ လူလဲသိပ်မလာလို့ ထင်ပါတယ်။
ဓါတ်ပုံကို စိတ်ဝင်စားသူနည်းတယ်လို့တော့ မထင်မိဘူးဗျ
မန့်စရာ နည်းလို့ ဒီအတိုင်း ကြည့်သွားတဲ့သူ များတာလို့ ထင်ပါတယ်
လေးပေါက် ပုံတွေတင်တာကိုတော့ မရပ်ပါနဲ့နော်
lady mobile
April 26, 2013 at 9:49 am
ပန်းလေးတွေကလှလိုက်တာနော်
အရမ်းလှတာပဲ (ရိုက်ချက်ကလည်းကောင်းလို့ထင်တယ်)
TNA
April 26, 2013 at 10:16 pm
လှလိုက်တာလေးပေါက်ရေ။ ကွန်နက်ရှင်က သိတဲ့အတိုင်းပဲ နေ့ခင်းဆို မနဲကိုပဲမို့ ပုံမပေါ်ဘူး။ ခုညမှပုံတွေ အားလုံးပေါ်တယ်။ လှမှလှ။