မီးရောင်စုံနဲ့လှနေတဲ့ခြင်္သေ့







“မီးရောင်စုံနဲ့လှနေတဲ့ခြင်္သေ့”
တစ်ခါက ဖေ့စ်ဘုတ်မှာ ခြင်္သေ့နှစ်ကောင်ကို မီးရောင်စုံတွေထွန်းထားတာကိုတွေ့လိုက်ရပါတယ်။
သေချာကြည့်တော့ ဓါတ်ပုံထဲမှာ ပါတဲ့လူက ကိုယ့်အသိဖြစ်နေပါတယ်။
အဲတော့ စပ်စုရတာပေါ့ ဘယ်နားမှာရိုက်ထားတယ်ဆိုတာကို။
ဒီနေရာက ကျနော်အမြဲတမ်းဖြစ်သွားဖြတ်လာ လုပ်နေတဲ့နေရာဖြစ်နေပါတယ်။
အဲတော့ လဲ စိတ်ထဲမှာ ရိုက်ရန်နေရာဆိုပြီး စာရင်းတို့ထားလိုက်ရတာပေါ့။
ဒီ ခြင်္သေရုပ်ကြီးတွေနားမှာအရင်က ညညဆိုရင် လက်ဖက်ရည်ဆိုင်လေးတစ်ဆိုင်
ဖွင့်ခဲ့တော့အကြိမ်အတော်များများ ထိုင်ခဲ့ဘူးပါတယ်။
24-4-2013 နေ့ညအလုပ်ကအပြန်မှာတော့ အဲဒီခြင်္သေ့နှစ်ကောင်ကို မီးထွန်း
ထားတာကိုတွေ့လိုက်ရပါတယ်.။
အဲဒီဘုရားဝင်းထဲမှာအလှူရှိလို့ပါ။
ထုံးစံအတိုင်းလူရှုပ်ရှုပ်ကားရှုပ်ရှုုပ်ကြားထဲကနေလက်ဆော့ခဲ့တာလေးကို မျှဝေလိုက်ပါတယ်။၏
ကိုပေါက်ရဲ့စနက်ရှော့မဟုတ်တဲ့လက်ဆော့
25-4-2013


11 comments
Myo Thant
April 29, 2013 at 9:32 am
ခြင်္သေ့ကလည်းလှ
ကိုပေါက်ကလည်း ရှာတတ်ပါ့
lady mobile
April 29, 2013 at 10:29 am
ခြင်္သေ့ပုံတွေက မီးရောင်စုံတွေကြားလှ
နေလိုက်တာ….
kyeemite
April 29, 2013 at 1:11 pm
လှလိုက်တာဗျာ..ဖေံဘုတ်မှာက သေးလို့သိပ်ကြည့်မကောင်းဘူး..
အခုမှတဝကြည့်ရတယ်…
Mr. MarGa
April 29, 2013 at 1:18 pm
ဟဲဟဲ
ဒီပုံကို လေးပေါက် ဘယ်လိုလက်စွမ်းပြမလဲလို့ စောင့်ကြည့်နေတာ
အခုမှပဲ ဆန္ဒပြည့်တော့တယ်
cobra
April 29, 2013 at 4:38 pm
ရိုက်ချက်ကတော့လန်ထွက်နေတာပဲ
ကိုပေါက်(မန္တလေး)
April 29, 2013 at 4:49 pm
ဒီပုံရှိတဲ့နေရာကို သတင်းပေးသူက ရွာသားကြီး ဖောလ်ဂိုင်း သူကြောင့် ဒီပုံလေးရိုက်ဖြစ်တာပါ
ဂန္ဓာရီ ဆြာအုပ်
April 29, 2013 at 6:42 pm
လှပပေ့ ဒီအကောင်ကို တခါမှ ဒီလိုမမြင်ဖူးဘူး
ကိုပေါက်(မန္တလေး)
April 30, 2013 at 8:53 am
ဘိုအုပ်ရယ်
လုလင်ရယ်
မန်းလေးကို ဆုံပြီးလာခဲ့လေ။
ဆော်ရ နှက်ရအောင်။
အရိပ်စစ်
April 30, 2013 at 12:30 am
လှလိုက်တားးး
Mလုလင်
April 30, 2013 at 1:10 am
Lighting အားနည်းတဲ့အ ချိန်မှာ . Tripod မသုံးပဲ ရိုက်ထားတယ် . . တော်တော် စိတ်ရှည်လက်ရှည် ရိုက်ထားတဲ့ အတွက် . . ဗရာဘို ပါဗျို ့ . . .။
ကိုပေါက်(မန္တလေး)
April 30, 2013 at 8:56 am
အလင်းရောင်က အားနည်းတဲ့အပြင် ထွန်းထားတဲ့ မီးချောင်းတွေလဲရှောင်ရသေးတယ်။
လမ်းဘေးမှာဓါတ်ပုံရိုက်တာ ထရိုင်ပေါ့နဲ့ဆော်လို့လဲမဖြစ်။
ထရိုင်ပေါ့လဲ မရှိ။
အလင်းရောင်တွေပြန့်မသွားအောင် ရေပြင်ညီအောင် လက်မတုန်အောင်အတော်သတိထားရိုက်ခဲ့ရ့ါတယ်။.
မကျွမ်းကျင်သူဖြစ်တော့ ဒီပုံလေး ရအောင် ပုံပေါင်းများစွာရိုက်ခဲ့ရပါတယ်။
အားလုံးကို ကျေးကျေးပါ။