“မီးရောင်စုံနဲ့လှနေတဲ့ခြင်္သေ့” တစ်ခါက ဖေ့စ်ဘုတ်မှာ ခြင်္သေ့နှစ်ကောင်ကို မီးရောင်စုံတွေထွန်းထားတာကိုတွေ့လိုက်ရပါတယ်။ သေချာကြည့်တော့ ဓါတ်ပုံထဲမှာ ပါတဲ့လူက ကိုယ့်အသိဖြစ်နေပါတယ်။ အဲတော့ စပ်စုရတာပေါ့ ဘယ်နားမှာရိုက်ထားတယ်ဆိုတာကို။ ဒီနေရာက ကျနော်အမြဲတမ်းဖြစ်သွားဖြတ်လာ လုပ်နေတဲ့နေရာဖြစ်နေပါတယ်။ အဲတော့ လဲ စိတ်ထဲမှာ ရိုက်ရန်နေရာဆိုပြီး စာရင်းတို့ထားလိုက်ရတာပေါ့။ ဒီ ခြင်္သေရုပ်ကြီးတွေနားမှာအရင်က ညညဆိုရင် လက်ဖက်ရည်ဆိုင်လေးတစ်ဆိုင် ဖွင့်ခဲ့တော့အကြိမ်အတော်များများ ထိုင်ခဲ့ဘူးပါတယ်။ 24-4-2013 နေ့ညအလုပ်ကအပြန်မှာတော့ အဲဒီခြင်္သေ့နှစ်ကောင်ကို မီးထွန်း ထားတာကိုတွေ့လိုက်ရပါတယ်.။ အဲဒီဘုရားဝင်းထဲမှာအလှူရှိလို့ပါ။ ထုံးစံအတိုင်းလူရှုပ်ရှုပ်ကားရှုပ်ရှုုပ်ကြားထဲကနေလက်ဆော့ခဲ့တာလေးကို မျှဝေလိုက်ပါတယ်။၏ ကိုပေါက်ရဲ့စနက်ရှော့မဟုတ်တဲ့လက်ဆော့ 25-4-2013