အရုဏ်
“အရုဏ်”
နံနက်ပိုင်းလမ်းလျောက်တဲ့ရလဒ်ကတေ့ စိတ်ကြည်လင်ခြင်းပါဘဲ။
ဒါပေမယ့် ၂၀၁၃ ခုနှစ်ရန်ကုန်ကပြန်လာကတည်းက လမ်းမလျောက်ဖြစ်ပါဘူး။
သိပ်အေးလွန်းတော့ စောစောမထနိုင်။
နောက်ကျမှလျောက်ရင်လဲ အလုပ်မမှီ။
ဒါပေမယ့် အလုပ်ပိတ်ရက်ဆိုရင်တော့ကြိုးစားပြီးလျောက်ဖြစ်ပါတယ်။
မတ်ချ်လရက်များမှာတော့ လမ်းပြန်လျောက်ဖြစ်ပါတယ်။
အရုဏ်မှာထွက်ပေါ်လာသောနေမင်းနီနီ၊
ဝမ်းစာအရှာထွက်သောလှေငယ်။
ခိုမှီတွယ်နေသောပိုးမျှင်များ၊
အရိုင်းပြိုင်းပြိုင်းအရွက်မဲ့သောရိုးတံများ။
အင်းရေပြင်ပေါ်ရေသောက်ဆင်းနေသောနံက်ခင်းရောင်ခြည်၊
ကမ်းစပ်မှာအလေ့ကျပေါက်နေသောခြံနွယ်များ
တွဲလောင်းကျနေသောသစ်ရွက်အို
တစ်စထက်တစ်အလင်းရင့်လာသောနေမင်း၊
အားလုံးပေါင်းစုကြည့်လိုက်တော့ ကြည်နူးဘွယ်အရုဏ်နံနက်ခင်းလေးဖြစ်သွားခဲ့ပါတယ်။
ကိုပေါက်လမ်းသလားနေသည်
24-3-2013
6 comments
KZ
March 26, 2013 at 12:19 pm
နေမင်းကို ဒီ လို အခြေအနေလည်းမမြင်ဖူးတာကြာပေါ့။
ဒီနေ့ လပြည့်နေ့ ဆိုတာလည်း မေ့မေ့လျော့လျော့။
နေမင်းကြီးနဲ့ ဝေး:::::::::::
လမင်းကြီးနဲ့ ဝေး:::::::::::
ကြယ်လေးတွေနဲ့လည်း ဝေး::::::::::::::::
ဘဝ က ခါးပါတယ်ဗျာ။
:byae:
ကိုပေါက်(မန္တလေး)
March 26, 2013 at 2:28 pm
ကော်ဖီသားခါးခါးသောက်ကောင်းပေမယ့် ဘဝခါးခါးကတော့ နိုးနိုးပါဘဲ။
မခိုင်ဇာရေ ကျနော်လို့ နေရတဲ့ ဘဝက လွတ်လပ်ပါတယ်။
ဒါပေမယ့် ကျနော်နေပုံမျိုးက တိုက်နဲ့ ကားနဲ့ ချမ်းချမ်းသာသာ နေရမယ့် လူမျိုးထဲတော့မပါဘူးဗျ။
ငွေရှာမယ့် အချိန်မှာ ကျနော်ဝါသနာပါတာလုပ်တယ်။
ထမင်းစားဘို့အလုပ်ကိုတော့ တာဝန်သိသိလုပ်တယ်။
ကျန်တဲ့အားလပ်ချိန်ကတော့ အေးဆေးဘဲနေမယ်။
ငွေမရှာဘူးဗျာ။
မောင် ပေ
March 26, 2013 at 9:18 pm
နေမင်း
ထွေခင်း
ရေဆင်း
ပေသွင်း
ဘေစာရင်း
Ma Ei
March 28, 2013 at 12:34 pm
နံနက်ခင်းအရုဏ်တက် လှေငယ်ရှင်ဝမ်းစာ ရှာအထွက်မှာ…
ကိုပေါက်က အနုပညာ အလှတွေကို ရှာတွေ့သွားတော့တာကိုး….
ကိုပေါက်(မန္တလေး)
March 28, 2013 at 12:55 pm
မေးပါများစကားရ
သွားပါများခရီးရောက်
မနက်လမ်းလျောက်တော့ ဓါတ်ပုံရ
weiwei
March 28, 2013 at 3:41 pm
ွွှွှွှှအရုဏ်အချိန်တွေကို ခရီးသွားနေတဲ့အချိန်ကလွဲပြီး တစ်ခါမှ မကြုံဖြစ်ဘူး .. မနက်စောစောထကြည့်မယ် စိတ်ကူးတိုင်း အိမ်မက်ထဲမှာတင်ပဲ ပျက်သွားတာများတယ် …
အခုလို ဓါတ်ပုံတွေကတဆင့် ခံစားသွားပါတယ် ..