ညနေခင်းလေးများရဲ့ရသ
“ညနေခင်းလေးကပေးသော”
“တစ်နေ့လုံး တရွရွနဲ့သွားနေရတာပင်ပန်းလွန်းသကွာ
ငါနားချင်ပြီ”တဲ့။
ဆောင်းညနေခင်းလေးမှာ နေမင်းကြီးလှမ်းပြောသံကိုကြားလိုက်ရသလိုလို။
ကောင်းကင်မှာတော့ အပြာရောင်တိမ်တိုက်တွေနဲ့လှပ။
မအိုသေးပေမယ့် ရွက်ဟောင်းချွေချထားတဲ့ သစ်ပင်ကြားကမြင်ရတဲ့
နုတ်ဆက်နေမင်းအလင်းကတော့လွမ်းစရာ။
ပြောင်းခင်းထဲကနေ ဟိုးးးးးးးးးးးးးအဝေးးးးးးးးးးးးးးးထိ
မြင်နေရတဲ့ မိုးကုတ်စက်ဝိုင်းအထိရောက်နေတဲ့တိမ်တွေမြင်ရတာကလဲလွမ်းစရာ။
တွဲလွဲခိုနေကြတဲ့လက်ပံပွင့်လေးများကလဲ လွမ်းစရာ။
သစ်ပင်ကြိုသစ်ပင်ကြားက မြင်ရတဲ့ ညနေခင်းလေးကလဲလွမ်းစရာ။
အင်းဘယ်နေရာကြည့်ကြည့်လွမ်းစရာညနေခင်းလေးပါဘဲ။
ကိုပေါက်လက်ဆောင်မြန်မာပြည်မှအလှတရားများ
4-3-2013
21 comments
Myo Thant
March 7, 2013 at 9:30 am
နံပါတ် ၉ ပုံလေးကြည့်ပြီး လွမ်းသွားတယ်ဗျာ ၊
ဒါနဲ့ ကိုပေါက်ရေ စကားမစပ် သင်္ကြန်အပြီးမှာ ကျွန်တော်တို့အမျိုးတွေ မန္တလေးမှာ ရှင်ပြုရဟန်းခံလုပ်ဖြစ်မယ် ၊
ဦးလေးပြောတာတော့ မန္တလေးတက္ကသိုလ်နား ၄၂ လမ်း ဟိုပင်ကျောင်းတိုက်တဲ့ ၊ သားလည်းကိုရင်ဝတ်မှာ ၊
သင်္ကြန်အပြီးမှာ တွေ့ဖြစ်ပြီထင်ပါတယ် ၊ နီးမှ ဖုန်းဆက်ပါ့မယ်ဗျာ ။
ကိုပေါက်(မန္တလေး)
March 7, 2013 at 12:58 pm
ကိုမျုးိရေ သင်္ကြန်ပြီးပြီးချင်း မန်းလေးမှာရှိဘို့များပါတယ်။
ခင်ဝမ်းသီချင်းလေးနဲ့ဘဲပြောလို်က်ပါမယ်။
လာမယ်ဆို အကြောင်းကြားလိုက်းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
ဦးကြောင်ကြီး
March 7, 2013 at 9:38 am
လမ်းသလား
ထန်းဖျား
ငန်းကျား
စမ်းဝါး
ကမ်းနား
အမ်းသား
ရမ်းကား
ဖမ်းထား..။
ကိုပေါက်(မန္တလေး)
March 7, 2013 at 1:04 pm
ဖမ်းထားမည် ရမ်းကားသည်ဆိုသောကြောင့်
အမ်းထားပါသည် ကမ်းနားကရွာတွေကိုသိမ်းသောကြောင့်
စမ်းတဝါးဝါးသွားသည် ငန်းဖမ်းမည်စိုးသောကြောင့်
ထန်းဖျားမှာနေရောက်မှ မနက်စာ စားရပါသည်လမ်းသလားတာများသောကြောင့်
ညလေး
March 7, 2013 at 9:46 am
လေးလေးရယ် ကင်မရာအသစ်လဲထားတာလားနော် ဒီတစ်ခါတင်တဲ့ပုံတွေက
၃၊၄ ကလွဲ ကျန်တာာ အကုန် တကယ့် ပရိုဆရာရီးတွေ ဈေးကွတ် တင်တဲ့ ပုံတွေ အတိုင်းပါပဲ ညလေး အကြိုက်ဆုံးက ပုံ ၂ ၊၉ ပါ
လွမ်းစရာ့ပုံလေးတွေ ဖန်တီးပေးတဲ့ လေးပေါက်ရယ် ပုံရေးတွေ ကူးထားပါရနော့်
ကိုပေါက်(မန္တလေး)
March 7, 2013 at 1:06 pm
ကင်မရာက တော့ အရင်ကင်မရာ အသေးလေးပါဘဲ။
ပုံတွေကူးထားလို့ရပါ၏။
Novy
March 7, 2013 at 10:09 am
လေးပေါက်ရေ..
ပုံတွေကိုကြည့်ပြီး လွမ်းသလိုကြည်နူးသလိုဖေါ်မပြတက်တဲ့
ရသတွေခံစားမိတယ်
အထူးအဖြင့် 9နေဝင်ခါနီးဆဲဆဲ
ကိုပေါက်(မန္တလေး)
March 7, 2013 at 1:09 pm
ကျနော်ကတော့ လွမ်းသလိုလို
မဟာရာဇာ အံစာတုံး
March 7, 2013 at 11:40 am
နေညိုချိန် … တိမ် .. တောက်တဲ့အခါ .. ရွာလမ်းနံဘေးမှာ ..
စာဥတို့ သငယ်ဂျင်မတွေ ရေခပ်ဆင်းလို့လာ … ပလို့ဂျိ ..
ကျုပ်လည်း နေဝင်ချိန် ပုံတွေ ကျိရင်းနဲ့ …
ရွာကို လွမ်းတွားလို့ …
လွမ်းရင် တအားငိုဂျင်ဒယ် … ဗျဲ .. :byae:
ကိုပေါက်(မန္တလေး)
March 7, 2013 at 1:10 pm
နေညိုချိန် တိမ်တောက်
စာဥတို့ရေမခပ်။
htet way
March 7, 2013 at 11:56 am
ရွာကို သတိရမိတယ် ဆရာပေါက်။
ဆည်းဆာရိပ် ဝယ် တိမ်နီရောင်ခြယ်
ဟို..တောင်ဆီက ပျပျ မှိုင်း…………
ကိုပေါက်(မန္တလေး)
March 7, 2013 at 5:19 pm
ဆည်းဆာချိန်က လောကမှာ အလှဆုံးအချိန်ပါဘဲ ကိုထက်ရေ
ဒီလိုလှသောဆည်းဆာအောက်မှာ စိတ်တူသူဝါသနာတူသူမိတ်ဆွေတွေနဲ့
လက်ဖက်ရည်ကြမ်းဝိုင်းလေးဖွဲ့ချင်ပါတယ်
Ma Ei
March 7, 2013 at 1:52 pm
5 ပြောင်းခင်းလေးထဲမှအလွမ်း
နှံစားပြောင်းနှံလေးတွေ တိမ်လှလှလေးတွေနဲ့
လှလိုက်တာ ကိုပေါက်ရေ…
ခဏလောက်ထိုင်ကြည့်နေချင်လိုက်တာ…
ကိုပေါက်(မန္တလေး)
March 7, 2013 at 5:21 pm
အဲဒီပြောင်းခင်းလေးကို သဘောကျလွန်းလို့ သွားရိုက်တာ 2ခါရှိပြိ မယ်အိရေ
ဗုံဗုံ
March 7, 2013 at 5:02 pm
(နေညိုရင် ငိုတတ်တဲ့ စိတ်နဲ့ ရင်မှာ အသားမကျနိုင်လို့ အနားကိ ု မင်းပြန်လာပေးပါ ) ချစ်သုဝေရဲ့ သီချင်းဆိုပြီး ငိုသွားတယ် ဖေပေါက် :byae:
ကိုပေါက်(မန္တလေး)
March 7, 2013 at 11:21 pm
နေညိုရင် မငိုနဲ့ချစ်သူ
ဝေးတဲ့ အချိန်ခဏလေး
မင်းလေးအားတင်းထား
ပြန်ဆုံမယ့်တစ်နေ့အတွက်
စုထားတော့ အချစ်တွေပေါ့
မောင် ပေ
March 7, 2013 at 8:38 pm
ပြောင်းခင်းလေးထဲမှာ
ချစ်သူနဲ ့ချိန်းချင်တယ်
ထာဝရမပြောင်းလဲမယ့် အချစ်တွေကို
ပြောင်းဖူးတစ်ဖူး ချိုးရင်း
မီးဖုတ်ကျွေးရင်း
သက်သေထူပစ်လိုက်မယ်
Mr. MarGa
March 7, 2013 at 8:42 pm
ဘယ်လို ပြောရမလဲ
လွမ်း တသသ ရသ
:hee:
နေဝန်းနီ
March 7, 2013 at 9:09 pm
ပဂျီလေလား ဒါ့ပုံလား ကိုပေါက်ရယ် လွမ်းဆာလေးဒွေဖစ်ကုန်ပြီနော် ခဏခဏ လွမ်းရလွန်းလို့ ကျစရာလည်းမကျန်တော့ပါဘူးကိုပေါက်ရယ် (မျက်ရည်ပြောတာနော် )
MaMa
March 8, 2013 at 7:38 am
ကောင်းကင်နဲ့ရေပြင်နံဘေးက သစ်ခြောက်ပင်
မူန်ရီရီ လွမ်းရာသီ
နေဝင်ခါနီးဆဲဆဲ…. အဲဒီပုံတွေကိုကြိုက်တယ်။
သဘာဝရဲ့ ပန်းချီကားလေးတွေကြည့်ရတာ…
ကိုပေါက်ပြောသလိုပဲ
လွမ်းရမလား …. ဘာလိုလို……..
ကိုပေါက်(မန္တလေး)
March 8, 2013 at 12:37 pm
ဒီပုံလေးတွေက သုံးရက်ရိုက်ထားတဲ့ပုံတွေကို တင်ထားပါ။.
နောက်ရက်တော့ နံက်ခင်းပုံလေးတွေ တင်ပါအုံးမယ်။
အခတပေါင်းလက နေမင်းအဝိုင်းလိုက်ကြီးရတယ်။