“ဧရာရင်ခွင်မှ အပူအပင်ကင်းသူလေးများ”
“ဧရာရင်ခွင်မှ အပူအပင်ကင်းသူလေးများ”
အလုပ်ပိတ်တဲ့ တစ်ရက် ပျင်းတာနဲ့ဧရာဝတီမြစ်ဘက်ထွက်လာခဲ့ပါတယ်။
ချော်ဆိပ်ကနေထွက်လာလိုက်တာ စီးရင်းစီးရင်းနဲ့ မရမ်းခြံဆိပ်ရောက်လာပါတယ်။
ဆိုင်ကယ်ကို ကွမ်းယာဆိုင်လေးနားမှာရပ်။
ပြုံးပြပြီး ခဏထားမယ်နော်လို့ပြောပြီးဇက်သော့ခတ်လို့တာရိုးကနေမြစ်ဘက်ကိုဆင်းခဲ့ပါတယ်။
မြစ်ကမ်းနံဘေးက မြေပေါ်မှာတော့ အိုးတွေချထားလိုက်တာအစီအရီ။
ကမ်းစပ်မှာတော့ တဲလေးတွေက ဟိုတစ်လုံးဒီတစ်လုံး။
ကမ်းစပ်မှာတော့ ခရီးသွားမယ့် သူတွေရော ပို့ဆောင်ပေးမယ်လှေတွေ မော်တော်တွေ သင်္ဘောတွေနဲ့
ပြည့်ကျပ်ညပ်။
နွေဦးပေါက်ဆိုတော့ဧရာကလဲ ရေနည်းနေပါပြီ။
နေကလဲမနက်ခင်းတောင်ပူစပြု။
အောက်ကသဲပြင်ကလဲပူ။
သောင်ပြင်မှတဲထိုးနေကြတဲ့မိသားစုလေးတွေမှာလဲအပူတွေစု။
ခရီးသွားကြမဲ့လူတွေရဲ့ရင်ထဲမှာလဲအပူတွေစု။
ကုန်ထမ်းနေကြတဲ့သူ သဲကျုံးတဲ့သူ ခေါင်းရွက်ဈေးသည်လေးတွေရဲ့ရင်ထဲမှာလဲ အပူတွေစု။
ဒါပေမယ့် အဲဒီနားက တဲစုလေးမှာနေကြတဲ့ကလေးတွေကတော့ နေပူပူမှာ
အပူမရှိသလိုပျော်ပါး။
သူတို့လေးတွေမြင်တော့ ကျနော့်စိတ်တွေလဲပေါ့ပါးသွားသလိုလို။
ကဲ သူတို့နဲ့ရောပြီးအပျော်တွေခံစားလိုက်ကြရအောင်ပါ.
ကိုပေါက်လမ်းသလားနေသည်
8-3-2013
19 comments
Myo Thant
March 19, 2013 at 9:35 am
နံပါတ် ၈ နဲ့ ၉ ကိုကြိုက်တယ် ၊ မြစ်ပြင်ကျယ်ကြီး မြင်ရလို့ ၊
တွေးလည်းတွေးတတ် ရိုက်လည်းရိုက်တတ်ပါပေ့ဗျာ ၊
ကိုပေါက်(မန္တလေး)
March 19, 2013 at 2:06 pm
မြစ်ပြင်ညနေခင်းလေးလဲ တင်ပေးပါမယ်ဗျာ
Ma Ei
March 19, 2013 at 12:36 pm
နေပူပူမှာ သဲပူပူထဲလူး ရေဆင်းကူးကြတာ
ဖျားနာ ကုန်ကြမှဖြင့် တွေးမိပေမယ့်…
ကျင့်သားရနေကြတဲ့ ကလေးတွေမို့
ကျန်းမာလို့ ပျော်ရွှင်နေကြပုံပဲနော်…
ကိုပေါက်(မန္တလေး)
March 19, 2013 at 2:08 pm
မအိရေ ဒီကလေးတွေဆို ဒီလိုလျောက်ဆော့နေကြတာ အမြဲလိုလို
ဘာမှ မဖြစ်။
ကျနော်တို့ငယ်ငယ် သရက်ပင်က သရက်သီးခဲနဲ့ထုချ။
ဒီအတိုင်းစားခဲ့ကြတာ ဘာမှမဖြစ်ဘူး။
တစ်ခါတစ်ရံမှာ သဘာဝကို ဒီအတိုင်းရင်ဆိုင်တာ ခံနိုင်ရည်ပိုရှိသလားလို့တွေးမိတယ်။
Tin Tin
March 19, 2013 at 2:17 pm
ကိုပေါက်ရေ ကလေးတွေ အပူအပင်ကင်းကင်းနဲ့ ပျော်ပျော်ရွှင်ရွှင် ဆော့နေတာမြင်ရတော့ ရင်ထဲတောင် အပျော်ကူးပြီး ပြုံးမိသွားပါတယ်..
ကိုပေါက်(မန္တလေး)
March 19, 2013 at 2:46 pm
ကျနော်လဲအစက မြစ်ပြင်မြင်ကွင်းတွေရိုက်ဘို့ဆင်းသွားတာ။
ကလေးတွေဆော့တာမြင်တော့ အဲဒါဘဲရိုက်ပြန်ခဲ့တာ။
ကြည်နူးစရာကောင်း၏။
MaMa
March 19, 2013 at 5:28 pm
ငယ်ငယ်က မြစ်ဆိပ်မှာ ဆော့ကြ ကစားကြ
မောရင် ရေထဲဆင်း ရေချိုးကြတာတွေကို သွားအမှတ်ရမိတယ်။ :hee:
ကိုပေါက်(မန္တလေး)
March 19, 2013 at 9:36 pm
ငယ်ငယ်က မြစ်နားချောင်းနားနေသူမပြောနဲ့ ငယ်ငယ် က တောင်မြို့မှာနေတုံးက
မြစ်ရေကြီးချိန်ဆိုရင် ခြံအနောက်ဖက်က မြစ်ကျိုးအင်းထဲရေဆင်းဆော့ရတာ သတိရမိတယ်
မမရေ
မောင် ပေ
March 19, 2013 at 7:36 pm
နေပူရင် မြစ်ဆိပ်ပြေးမယ်
စကီတွေလာရင် ပြေးကြည့်မယ်
နေပူခံအောင် မြစ်ရေစိမ်ကြမယ်
ဟီဟိ
ကိုပေါက်(မန္တလေး)
March 19, 2013 at 9:40 pm
နေပူ ရေစိမ်
စကီပူရင်
တိန် တိန် တိန်
အတွေးလေး
March 19, 2013 at 9:59 pm
ကျတော်လည်း မြစ်ပြင်ကျယ်ကြီးကို သဘောကျတယ် ။ဒီလိုစိတ်ကူးမျိုး ပေါ်လာပြီး ပြန်ဝေမျှတဲ့အတွက်ကျေးဇူးပါ ကျတော်လည်းနံပါတ် 8 နဲ့ 9ကိုသဘောကျတယ်ဗျာ။
ကိုပေါက်(မန္တလေး)
March 19, 2013 at 10:31 pm
ကျေးကျေးပါဗျာ။
ကျနော်က လက်ဆော့သူသက်သက်ပါ။
ကျနော်မှာ ဓါတ်ပုံနဲ့ပါတ်သက်တဲ့ သီအိုရီလဲ မသင်ဘူး ပါဘူး။
ကိုင်တဲ့ကင်မရာကလဲ အိမ်သုံးပေါက်စနလေးပါ။
လှနေတဲ့နေရာနဲ့ကျနော်ရောက်တာ ကြုံသွားလို့ကြည့်ကောင်းတာပါဗျာ။
padonmar
March 19, 2013 at 10:18 pm
ငယ်ငယ်က ကလေးတို့ဘဝမှာ
ပျော်ပါးဖို့ရာ လွယ်ပါတယ်။
ကိုယ်ရတာနဲ့ ..တင်းတိမ်ရောင့်ရဲ။…………..
အပူပင်ကင်းတဲ့ ကလေးလေးဘဝကို
တစ်ခါပြန်ပြီး ရောက်ချင်သေးတယ်။
အပြစ်မသိသေးတဲ့ ကလေးလေးဘဝကို
တစ်ခါထပ်ပြီးရောက်ချင်သေးတယ်။
ကိုပေါက်(မန္တလေး)
March 19, 2013 at 10:29 pm
ဒီနေ့သူငယ်ချင်းအိမ်ရောက်တော့ သူသား သုံးတန်းကျောင်းသားလေး လွယ်အိတ်နဲ့ထွက်လာတာမြင်လို့
ကျောင်းပိတ်တယ်မလားလို့ မေးမိတာ လေးတန်းအတွက် ကျုရှင်တက်မလို့တဲ့။
ကျနော်တို့ငယ်ငယ်က နွေရာသီကျောင်းပိတ် ဘုတ်ပိတ် ဆော့ရုံဘဲ။
တော်ပြိ ကလေးဘဝတော့မရောက်ချင်တော့ဘူး။
တော်ပြီ စာမကျက်ချင်တော့ဘူး မမာရေ.
kyeemite
March 20, 2013 at 9:02 am
ကျနော် ရွှေကြက်ယက်ဘုရားနားက သောင်စပ်ရောက်တော့လည်း
ဒီမြင်ကွင်းမျိုးလေးတွေတွေ့ခဲ့ရတယ်ဗျ… ကိုပေါက်လိုပဲ လက်ဆော့ခဲ့သေးတယ်..
အဲဒီကပြန်အလှည့် မြန်မာဘူဖေးဆိုင်မှာစားကြတာပေါ့(အရေးထဲ ဆိုင်မှားခဲ့သေးတယ်..) :hee:
ကိုပေါက်(မန္တလေး)
March 20, 2013 at 1:24 pm
လမ်းတွေမှား ဆိုင်တွေမှားတော့
ဖေကြီးက ဟာသဘဲလို့ ဂျုနီယာကြီးမိုက်က မပြောဘူးလားဗျို့
မဟာရာဇာ အံစာတုံး
March 20, 2013 at 10:40 am
အားကျလိုက်တာဗျာ …
တကယ်ပါ ..
ဖစ်နိုင်ရင် သူတို့လေးတွေနဲ့ ..
အဲ့ဒီ သောင်ပြင်မှာ စိန်ပြေးလိုက်တမ်း ကစားလိုက်ချင်ရဲ့ …
သဲတွေ ပေလာပြီဆို ရေထဲကို ဝုန်းခနဲ့ ဒိုင်ဗင် ပစ်ထိုးဆင်းလိုက် …
ဘယ်လောက် ပျော်စရာ ကောင်းလိမ့်လေမလဲ …..
ကိုပေါက်(မန္တလေး)
March 20, 2013 at 1:34 pm
အခုလဲ လာကစားလို့ရပါသေးတယ် အချိန်မနှောင်းသေးပါဘူးအေ့။
Mလုလင်
March 21, 2013 at 9:51 pm
ပုံတွေကြည့်ရင်း …….. စိတ်ထဲ . . လွတ်လပ် သွားတယ်။ လာကြည့်ရတာ တန်တယ်။