Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ငပလီဘူးသီး-၂

ဂျိတ်တော (ငပလီကမ်းခြေရဲ့ တောင်ဘက်စွန်း) မှာ မနက်ဖက် သွားရိုက်ထားတာပါ.. အဲဒီရွာတွေမှာ ညနေ ၄ နာရီ ၅ နာရီ လောက်ဆို ပင်လယ်ထဲ ငါးဖမ်း ထွက်ကြပါတယ်.. နောက်တစ်နေ့ မနက် ၅ နာရီ လောက်ကစပြီး အလျှိုလျို ပြန်ရောက်ကြပါတယ်.. ဖမ်းမိလာတဲ့ ငါးတွေကို နေမလှမ်းခင် ရောင်းလို့ရတဲ့ ငါးတွေ အရင် ရွေးကြပြီး ဈေးမှာ ရောင်းကြပါတယ်.. အဓိကရတာက ငနီတူ နဲ့ ဆာဒင်း ငါးတွေ ဖြစ်ပါတယ်.. ငါးအကြီးတွေကျတော့ စက်လှေ အကြီးစားတွေက ဖမ်းကြပါတယ်. ညဖက်ဆိုရင် ကမ်းခြေက ကြည့်ရင် ပင်လယ်ထဲမှာ မီးထွန်းပြီး ငါးဖမ်းနေတဲ့ လှေကလေးတွေကို တစ်စီတစ်တန်းကြီး တွေ့ရပါတယ်.. စရောက်တုံးက ဘာမီးတန်း ကြီးလဲမေးတာကို တစ်ယောက်က ဘင်္ဂလားနဲ့ ဖောက်ထားတဲ့ တံတားက မီးထွန်းထားတာ ဆိုလို့ တော်တော် စဉ်းစားလိုက်ရပါသေးတယ်.

 

20130419_Ngapali_dsc_0953
၁။ မှိုရတဲ့မျက်နှာ
20130419_Ngapali_dsc_0928
၂။ သန်သလားမမေးနဲ့
20130419_Ngapali_dsc_0921
၃။ ဖေဖေကိုမျှော်နေတဲ့ သမီးလေး
20130419_Ngapali_dsc_0864
၄။ ကြက်စာ အတွက် ငါးခေါင်း
20130419_Ngapali_dsc_0856
၅။ အိမ်ပြန်ချိန်မနက်ခင်း
20130419_Ngapali_dsc_0817
၆။ အငြိမ်းစား
20130419_Ngapali_dsc_0811
၇။ accessories
20130418_Ngapalidsc_0506
၈။ ပင်လယ်ပြာနဲ့ အိုတံငါ
20130418_Ngapalidsc_0264
၉။ ဘွားပြုံး
20130418_Ngapalidsc_0237 copy
၁၀။ နေအထွက်
20130418_Ngapalidsc_0220
၁၁။ စောစောထ
20130418_Ngapalidsc_0200
၁၂။ ဘယ်ကောင်ကြီးလဲ
20130418_Ngapalidsc_0147
၁၃။ ထမ်းမယ် ပိုးမယ်

 ဂျိတ်တော  မြောက်ဘက်ကမ်း နဲ့ တောင်ဘက်ကမ်းမှာ နှစ်ရက်သွားရိုက်ထားတာပါ. တစ်နေ့နေ့ ပင်လယ်ထဲ ဆင်းပြီး အသက်နဲ့ရင်း ရှာနေရတဲ့ ရေလုပ်သားတွေရဲ့ဘဝ ကို သနားမိပါတယ်.. ရောင်းတဲ့ အခါကျတော့ ဈေးက မဖြစ်စလောက်နဲ့ ကြမ်းတမ်းလှတဲ့ သူတို့ဘဝတွေကို စာနာမိရင်းနဲ့ပဲ.. မနက် ၁ဝ နာရီခွဲ လေယဉ်နဲ့ ပြန်လာခဲ့ပါတယ်..

လမ်းခရီးမသင့်တာရယ် စရိတ်စက ကြီးတာရယ်ကြောင့် ဘယ်တော့များမှ ထပ်ရောက်ဦးမလဲ မသိပေမယ့် လေဒီအုပ်ကတော့ သူမလိုက်ရလို့ မကျေမနပ်နဲ့ နောက်တစ်ခေါက်ပို့ပေးဖို့  ဖုံးနဲ့ ကြိုတင် ဘိုကင်လုပ်ထားတာကို ကတိပေးရင်း အဲကေဘီဇက် နဲ့ ရန်ကုန်ကို ပြန်လာခဲ့ပါတော့တယ်..

17 comments

  • lady mobile

    April 29, 2013 at 10:40 am

    သူတ်ို့ဘဝတွေရဲ့ပုံတွေကိုပီပြင်အောင်ရိုက်တတ်တယ်နော်
    ချီးကျုးပါတယ် ကိုစာဥ…….

  • weiwei

    April 29, 2013 at 11:53 am

    ပုံတွေက အသက်ဝင်လိုက်တာ ..
    အဲဒီလို ရိုက်တတ်ချင်တယ် ..

  • Ma Ei

    April 29, 2013 at 12:03 pm

    ဂျိတ်တောရောက်တော့ သဲပြင်ထဲပစ်လှမ်းထားတဲ့
    ငါးခြောက်တွေကို ဘာတွေလဲမေးမိတော့ ရခိုင်သံနဲ့
    ကရက်စာ ဆိုလို့ ဘာသာပြန်ခိုင်းမှ ကြက်စာပါတဲ့…

  • kai

    April 29, 2013 at 3:43 pm

    ငါးခြောက်လှမ်းနေတာတွေကြည့်ပြီးတွေးနေမိတယ်..
    လတ်လတ်ဆတ်ဆတ်မဟုတ်တောင်… ရေခဲရိုက်စားလို့ရတဲ့.. နိုင်ငံကြီးတွေမှာ.. ငါး.. ပုဇွန်..စတဲ့ရေသတ္တဝါတွေကိုအခြောက်ခံပြီးမှ.. မစားတတ်ကြဘူး..
    မေးဖူးသလောက်.. အစိမ်းကနေနူးနူးညံ့ညံ့ကလေးတွေစားလို့ရနေတာ.. အခြောက်ခံ..အသားမာသွားမှ.. ဘာလို့စားမလည်း.. ဝါးမလည်းတဲ့လေ..
    ဂျပန်ဆိုရင်လည်း.. (သူတို့လူမျိုးကိုက) သွားတွေမကောင်းကြတာမို့.. အခြောက်အခြမ်းမစားတတ်ကြပါဘူး..

    ပုံလေးကြည့်ရင်း..တွေးမိတာပါ..။
    ငါးခြောက်နဲ့.. ဆင်းရဲခြင်းများ.. ဆက်စပ်နေသလားရယ်.. လို့..။ :buu:

    • weiwei

      April 29, 2013 at 3:56 pm

      ငါးခြောက်နဲ့ ဆင်းရဲတာ ဘာမှ မဆက်စပ်ပါဘူး ..
      ပင်လယ်ငါးလေးတွေက ပင်လယ်ကမ်းစပ်နားမှာ ပေါတယ် … အလကားနီးပါးကိုပေါတာ … ပေါလွန်းလို့ ပင်လယ်ထဲတောင် ပြန်ပစ်ချရပါတယ်တဲ့ .. အဲဒါကြောင့် အခြောက်ခံကြတယ် … ငါးပိ ငါးခြောက်ဖြစ်တော့မှ ပြည်မထဲကို ပို့တယ် … ဗမာတွေက ကြိုက်တယ် … ဝယ်စားကြတယ် … အာဟာရလဲဖြစ်ပါတယ် …
      ငါးခြောက်မှုန့်ကို နိုင်ငံခြားအထိတောင် တင်ပို့ရောင်းချနေကြပါတယ် …
      ပင်လယ်ကမ်းစပ်မြို့တွေမှာ ငါးခြောက်ကို များများလုပ်နိုင်လေလေ ဆင်းရဲမှုကနေ များများလွတ်နိုင်လေလေပါပဲ ….

      • နေဝန်းနီ

        April 29, 2013 at 9:17 pm

        မင်းတုန်းမင်းနဲ့ငါးခြောက်ပြား
        ပင်လယ်သားနဲ့ငါးခြောက်များ
        ဆင်းရဲမှုနဲ့ 56 များ
        မဆက်စပ်တာက ကမ်းစပ်များ
        လှိုင်းလေထဲမှာ တို့ကစား
        ဟားဟား ဟားဟား ဟား ………။

        ခရက်ဒစ်တူ= မောင်သာနိုး

      • kai

        April 29, 2013 at 11:09 pm

        တွေးကြည့်တာပါဝေမမရယ်..။
        ဖတ်သူတွေ.. ဗဟုသုတရတာပေါ့..။ ( ဆြာအုပ်ပို့စ်ထဲ.. မဆိုင်တာတွေမို့.. ဆောရီး)

        အောက်က.. ကမ္ဘာ့မြေပုံကြည့်ပါ..။ ချမ်းသာဆင်းရဲနို်င်ငံတွေ တွေးကြည့်ပါ..။

        • Wow

          April 30, 2013 at 12:13 pm

          ဒီအထည်ကြီးပျက် ဒဂျီးနဲ့တော့ ခက်နေဘီ.. :mrgreen:
          တောင်ကိုရီးယားသားတွေလဲ ၅၆ကို တယုတယစားတာပါရှင်…
          အရင်ရုံးက စောက်ကိုရီးယားဆို ငါးနီတူခြောက်ကို ကိုရီးယားကမှာစားတာ… ငါးဆိုရင်လဲ အဲ့လိုပဲ…
          ဘာငါးလဲတော့မသိဘူး.. ဟိုကနေ ရေခဲရိုက်ပီးပို့လိုက်တာ.. ငါးမျက်ဆံနီ(ငါးကြင်းလုံး)လို ငါးတွေ… ဒါပေမဲ့ အရိုးမများပဲတော်တော်အရသာရှိတယ်…

        • kai

          April 30, 2013 at 2:23 pm

          ရာသီဥတု..အပူချိန်နဲ့.. ဆင်းရဲချမ်းသာ ဆက်စပ်နေတယ်ဆိုတာတော့ သေချာတယ်..
          အပေါ်ကမြေပုံကြည့်ပါ..။ ပျမ်းမျှပြောရရင်..
          အအေးပိုင်းဖြစ်တဲ့.. Tempered zone ထဲကနိုင်ငံတွေ(အများအားဖြင့်) ချမ်းသာကြတယ်..
          အနီရောင်.. Subtropic ထဲကနိုင်ငံတွေလည်း..(အများအားဖြင့်) ချမ်းသာကြတယ်..
          အစိမ်းရောင် Tropical zone ထဲကနို်င်ငံတွေတော်တော်များများဆင်းရဲကြတယ်..
          အဲဒီထဲကနို်င်ငံတွေတော်တော်များများ.. Tempered zone ထဲကနို်င်ငံတွေရဲ့.. ကိုလိုနီလည်းအပြုခံဖူးကြရတယ်..

          ဘာဖြစ်လို့လည်းစဉ်းစားမိတာပါ..
          အပူပိုင်းဆိုတော့.. ပျင်းပျင်းနဲ့.. အကျီ င်္.. အဝတ်ကောင်းကောင်းမရှိလည်း.. ယက်တောင်လေးခပ်ပြီး.. အပင်အောက်.. ထိုင်နေလို့ရတယ်..
          သစ်ရိပ်မှာ.. နေ့ခင်းတရေးအိပ်နေလို့ရတယ်..။
          မိုးကောင်းတော့.. စားသောက်စရာကလည်း.. ဖားငါးရိုက်..ဟင်းရွက်ခူးစားလို့ရတယ်..
          ငါးလည်း.. ဖမ်းမိရင်.. (နေသာတာမို့)အခြောက်လှမ်းထားပြီး.. နောက်မှ စားလို့ရတယ်..
          ရာသီဥတုကောင်းတော့.. လူကပျင်းတာပေါ့..
          ပျင်းတော့.. အလုပ်မလုပ်ချင်ကြတော့ဖူးပေါ့..
          အလုပ်မလုပ်တော့.. ဆင်းရဲတာပေါ့…

          အအေးပိုင်းတိုင်းပြည်မှာ..အေးတယ်ဆိုပြီး.. သစ်ပင်အောက်ထိုင်နေရင်.. ဆန့်သွားမှာပေါ့..
          အဝတ်ထူထူမရှိရင်.. ခဲသွားမှာပေါ့..
          မီးရှို့အပူထွက်စရာကို.. ရှာကြရတာပေါ့…။
          ငါးခြောက်စားတာနဲ့အတင်းဆက်စပ်ပြတာပါ..။
          ခြုံပြောတာ..။ အသေးစိတ်တော့ မဟုတ်ပါဘူး..
          စကားအတင်းစပ်ရရင်. ဂျပန်တွေလည်း..ငါးလေးတွေအခြောက်ခံပြီး.. ဟင်းချိုထဲပြုတ်သောက်သလို.. ဆွီဒင်လိုနိုင်ငံမှာလည်း.. သူတို့နည်းဟန်နဲ့လုပ်တဲ့.. ငါးခြောက်..ငါးပိစားကြပါတယ်လို့.. :kwi:

        • Wow

          April 30, 2013 at 3:21 pm

          ဒဂျီးပေါသလိုဆို မြန်မာက သမပိုင်းဇုံထဲရောက်နေလို့မချမ်းသာတော့ဘူးပေါ့… :buu:

        • kai

          April 30, 2013 at 3:26 pm

          “မြင်နိုင်ပါတယ်ဗျာ.. ယက်တောင်လေးခပ်လို့.. ”

          ရာသီဥတုကောင်းတော့.. ပျင်းကုန်ကြသပေါ့ဗျာ..
          ရာသီဥတုကကိုယ့်ဖက်မှာဆိုတော့.. စိတ်ဓါတ်တွေတော်တော်ပြင်မှ.. ရမယ်..
          စင်္ကာပူလို.. တိုးတက်ချင်ရင်ပေါ့…။

      • MaMa

        April 30, 2013 at 2:48 pm

        ငါးစိမ်းမြင် ငါးကင်ပစ် ဆိုတဲ့ စကားပုံ ရှိပေမယ့် …..
        ငါးစိမ်းမြင် ငါးခြောက်ပစ် ဆိုတာတော့ မရှိဘူးလေ။ :harr:
        တချို့ ငါးတွေက ငါးစိမ်းမှာ အရသာမရှိပဲ ငါးခြောက်လုပ်တော့မှ အနံ့အရသာပြောင်းလဲ ကောင်းမွန်သွားတာတွေ ရှိတယ်။
        နောက်ပြီး တရုတ်နဲ့ ကိုရီးယားတွေဆိုရင် ဟင်းသီးဟင်းရွက်ကိုတောင် တာရှည်ခံအောင်လုပ်ပြီး တစ်ကမာ္ဘလုံးပို့ပြီး ရောင်းစားနေသေးတာပဲ။
        ဒီမှာတောင် ကိုရီးယားကင်ချီ ဝယ်စားနေကြရသေးတာပဲ။
        ငါးခြောက်နဲ့ ဆင်းရဲခြင်းနဲ့ ဘာမှမဆိုင်ပါဘူး။ :buu:

        • kai

          April 30, 2013 at 3:09 pm

          ဟီး..
          အမတော်မမကိုမေ့သွားတယ်..
          ဆိုတော့…
          သူများပို့စ်ထဲ ထပ်ရှုပ်လိုက်ဦးမယ်.. (ဆောရီးဆြာအုပ်)
          ပြီးခဲ့တဲ့.. တပါတ်က..ငါးရံခြောက်၂ထုတ်ရတယ်..
          ထိုင်စားတာ.. တထိုင်ထဲတထုတ်ကုန်ရော..။ သွားကနာ.. ကြိုက်ကကြိုက်.. အတင်းစားထည့်လိုက်တာ.. နောက်နေ့.. တော်တော်ဒုက္ခရောက်သွားတယ်..
          အဲဒါစားရင်း.. ဂျပန်မှာတုံးက.. ဂျပန်မိတ်ဆွေမေးပြောဖူးတာပြန်သတိရလို့..
          အဲဒီတုံးကတော့.. နင်တို့တွေ.. ငါးခြောက်အရသာအကြောင်း.. မသိနို်င်ပါဘူးပဲပြောခဲ့တာ..
          အခုလည်း.. ဒီအတိုင်းပါပဲ..
          ဆိုတော့… ကြုံရင်..
          ငါးခြောက်မပေးပဲ..မကြွေးပဲတော့ မနေနဲ့နော..
          ဆင်းရဲချမ်းသာ.. ဘေးချိပ်စားမည်ဖြစ်ကြောင်း… :kwi:

          စကားအတင်းစပ်ပြောရရင်.. လူစီယားနားမှာ.. အေရှန်းတွေအတွက်.. အမေရိကန်တွေရဲ့ပုဇွန်စက်ရုံက..ပုဇွန်ခြောက်လုပ်ရောင်းနေပြီတဲ့..
          တပေါင် ၁၂ဒေါ်လာဆိုလားပဲ..။ :kwi:

    • TNA

      April 29, 2013 at 10:29 pm

      သဂျီးဒို့ကတော့ မြင်လိုက်ရင်များဖြင့် အနောက်ဖက်သံထွက်နေတာပဲနော်။

  • Mr. MarGa

    April 29, 2013 at 8:16 pm

    သဘာဝနဲ့ လူသားရဲ့ အရိုင်းအလှဟာ
    သေသေသပ်သပ် ဖမ်းယူတတ်တဲ့ ဓါတ်ပုံဆရာနဲ့ အတွေ့
    ဒိလိုဒီလိုတွေ ထွက်လာသပေါ့ :hee:

  • TNA

    April 29, 2013 at 10:23 pm

    မြင်လဲမြင်တတ်ပါပေတယ်။ တကယ့်ကို ပရော်ဖယ်ရှင်နယ်ပါပဲ။ လှတယ်ပုံလေးတွေအားလုံး။

  • ဆူး

    April 30, 2013 at 1:09 pm

    အဖွားအို ပြုံးနေတာကြည့်ပြီး လိုက်တောင် ပြုံးမိတယ်။ အဲ့ဒီ ပုံ ကို သဘောအကျဆုံးပဲ

Leave a Reply