ရန်ကုန် မှသည် . . . . . ရန်ကုန် ဆီသို့
ဧပြီ ၁၁ ရက်ညမှာ ဇာတိပြန်ခရီး စခဲ့ပါတယ် ၊
ဂျေဂျေ ည ၉ း ၃ဝ ကားနဲ့ပါ ၊ မန္တလေး ဘူတာကြီးရှေ့ကို ၁၂ ရက်နေ့
မနက် ၆ နာရီကျော်ကျော်မှာ ရောက်ပါတယ် ၊ အဲဒီကနေ သီရိမန္တလာကားကွင်းကိုဆက်သွားပြီး
ကြိုမှာထားတဲ့ ရွှေကူလက်မှတ်ဖြတ် ၊ ကိုပေါက် ဆီကိုဖုန်းဆက်ပြီး အဲဒီအပေါ်ထပ် တည်းခိုခန်းမှာ နားပါတယ် ၊
တကယ်တမ်း ကိုပေါက်လာတော့ တိုက်တိုက်ဆိုင်ဆိုင် ဖုန်းတွေက ဆက်မရ ၊ နောက်ဆုံး အကြောင်းအမျိုးမျိုးနဲ့ လွဲသွားခဲ့ပါတယ် ၊
ညနေ ၃ နာရီမှာ ရွှေကူကား စထွက်ပြီး ၁၃ ရက်မနက် ၄ နာရီမှာ ရွှေကူရောက်ပါတယ် ၊
မတွေ့ရတာ ကြာလှတဲ့ ညီအကိုမောင်နှမတွေနဲ့ ပျော်ခဲ့ရတာ အမှတ်တရပါ ၊
၁၈ ရက်နေ့ ညနေ ၂ း ၃ဝ မှာ မန္တလေးကို ပြန်ဆင်းခဲ့ပြီး ၁၉ ရက် မနက်၆ နာရီမှာ ရောက်ပါတယ် ၊
အမေ နဲ့ သား ( ကောင်းကောင်း ) တို့က ရန်ကုန်ကနေ ရထားနဲ့ရောက်လာပါတယ် ၊
၂ဝ ရက်နေ့မှာ ၇၈ လမ်း မူလ ဆီးဘန်းနီတိုက်ဝင်း အင်းတော်ကြီး ဟိုပင်ကျောင်းတိုက်မှာ ရဟန်းဝတ်ပါတယ် ၊
တောင်သမန် ၊ ပြင်ဦးလွင် ( ၂ ခေါက် ) ရောက်ဖြစ်ပြီး ၂၃ ရက်နေ့ လူဝတ်လဲ အဲဒီည ၉နာရီ ရွှေမန္တလာကားနဲ့ ရန်ကုန်ပြန်ခဲ့ပါတယ် ၊
ကျွဲဆည်ကန်မှာ သေသေချာချာ လာတွေ့ပေးတဲ့ ကိုပေါက်ရေ ကျေးဂျူးကဘာဆိုင်းယော နော့ ။
ပုံ ၂ မန္တလေး – ရွှေကူ
ပုံ ၃ ရွှေကူ – မန္တလေး
ပုံ ၄ သားလေး သန့်ကောင်းစံ
ပုံ ၅ မန္တလေး – ရန်ကုန်
11 comments
ဗုံ ဗုံ
April 26, 2013 at 3:35 pm
အီး….. ကောင်းကောင်းနဲ့ မတွေ့လိုက်ရဘူး.. :byae: ယောက်ခမဂျီး က ပြောတော့ 25 ရက်နေ့ထိ နေမှာပြောပြီးတော့ ကတိမတည်ဘူး ကောင်းကောင်းကို ရန်ကုန်လာတွေ့မယ် ဒါဗြဲ…
Myo Thant
April 26, 2013 at 3:42 pm
သူကဖြင့် မင်းကွန်းရောက်နေပြီးတော့
ကိုပေါက်လောက်ကို အားမကိုးရပဲနဲ့များ
🙁
သူကဖြင့် မင်းကွန်းရောက်နေပြီးတော့
ကိုပေါက်လောက်ကို အားမကိုးရပဲနဲ့များ
ဗုံ ဗုံ
April 26, 2013 at 4:08 pm
ဟယ်တော် ယောက်ဂမဂျီးကတော့ ကိုယ့်ချွေးမလေး တရားဘာဝနာ အားထုတ်နေတာကို အားမပေးဘဲနဲ့ ဒီလိုမှန်းသိ ကောင်းကောင်းနဲ့ တူအောင် သီလရှင်ဝတ်ပါတယ် ..
ဒါနဲ့ ရွှေကူမှာ မတော်လိုက်ရတဲ့ ယောက်ခမ နဲ့ရော တွေ့ခဲ့ဖူးလားး :kwi:
Myo Thant
April 26, 2013 at 4:14 pm
တွေ့ပါဘူးဗျာ
သင်္ကြန်ဆိုင်ကယ်မင်းသားတွေများလွန်း ဆူညံပွက်လွန်းလို့
နေ့တိုင်း တစ်နေကုန် ဧရာဝတီကမ်းပါးမှာပဲ အလွမ်းမင်းသားလုပ်ခဲ့ပါရဲ့
ခင်ခ
April 26, 2013 at 3:47 pm
ကိုမျိုးသန့်က မန်း ဘက်ကိုခြေဦးလှည့်ကာ ရောက်တဲ့အချိန် ကျွန်တော်ကလည်း မွေးရပ်မြေ ရန်ကုန်မှာမို့ လွဲခဲ့ရတယ်ဗျာ။ ဒါပေသိ ၂၃ ရက်နေ့ညကားနဲ့မှ မန်း ကပြန်တာ မသိလိုက်ဘူး၊ ကျွန်တော် ၂၂ မှာ မန်းရောက်နေပြီဗျ။ နောက်များပေါ့ဗျာ။
Myo Thant
April 26, 2013 at 4:01 pm
ကိုခရေ
ရန်ကုန်လူ က မန်းရောက်
မန်းလူက ရန်ကုန်ရောက်နဲ့ လွဲပေမယ့်
မကြာခင် တွေ့ကြမှာပါလေ
kyeemite
April 27, 2013 at 9:01 am
ရန်ကုန်လူ က မန်းရောက်
မန်းလူက ရန်ကုန်ရောက်နဲ့ ..ဒါကြောင့် ကမာ္ဘကြီးစောင်းမသွားတာပေါ့..
kai
April 26, 2013 at 4:21 pm
ရန်ကုန်မန္တလေး.. မြေကြောတွေရှုံ ့ပြီး.. တော်တော်နီးလာတဲ့သဘောရှိတယ်..
ဟိုကလူဒီသွား.. ဒီကလူဟိုသွားနဲ့..
ကျုပ်လည်း.. နောက်လ ဆန်ဖရန်တက်မဟေ့..
ဦးဦးမျိုးသန့်လို.. ဘတ်စ်ကားကြီးနဲ့..။ :kwi:
မဟာရာဇာ အံစာတုံး
April 26, 2013 at 8:07 pm
ဟိုက်စ် !!!
ကိုရင်လေးဂ ဂစ်ဒါဂျီး တီးလို့ဟ ..
ကောင်းကောင်းလေးကတော့ နောက် ထွက်ပေါ်လာမယ့်
ဂီတ မျိုးဆက်သစ် ထင်ဘာ့ဗျား …
Crystalline
April 26, 2013 at 8:32 pm
ကားစပယ်ယာမလေးကတော့ အရင်က အနံ ့ပြင်းပြင်း စပယ်ယာဘဲနာတွေနဲ ့များကွာပါ့…
Mr. MarGa
April 26, 2013 at 8:36 pm
ဪ………………
ကိုရင်မျိုးသန့်ရေ
ရန်ကုန်ကနေ တကူးတက သွားခဲ့တဲ့ ခရီးပါလား
နောက်တစ်ခေါက်တော့ တွေ့ကြမယ် ထင်ပါ့ဗျာ