Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

သင်သိလား.. ?

zaylayJuly 27, 20101min2261

*သင်သိလား?*
(1) ကျွန်တော်တို့ အားလုံး နှာချေ တဲ့အခါမှာ မျက်လုံးဖွင့်ပြီး ဘယ်လိုမှ
ချေလို့မရပါဘူးခင်ဗျာ

(2) လင်းပိုင်တွေဟာ အိပ်တဲ့အခါမှာ မျက်လုံးတစ်ဖက်ဖွင့်ပြီး အိပ်ကျပါတယ်

(3) နှစ်စဉ်တိုင်း နှစ်စဉ်တိုင်းမှာ မြွေကိုက်ခံရလို့ သေဆုံးတဲ့ လူအရေအတွက်ထက်
ပျားတုပ်ခံရလို့ သေဆုံးတဲ့ လူအရေအတွက်က ပိုများပါတယ်

(4) ညာသန်လူူတွေဟာ ဘယ်သန်လူတွေထက် ပျမ်းမျှအားဖြင့် ကိုးနှစ်
ပိုအသက်ရှည်ကြပါတယ်

(5) ကျွန်တော်တို့အားလုံး *Queen Elizabeth I *ကို မသိရင်တောင် ကြားဖူးကြမှာပါ
ဘုရင်မကြီးဟာ
လိုအပ်သည် ဖြစ်စေ မလိုအပ်သည်ဖြစ်စေ သုံးလမှာ တစ်ကြိမ်သာ ရေချိုးပါတယ်တယ်။

(6) နာဇီခေါင်းဆောင်ဟစ်တလာဟာ သက်သတ်လွတ်စားသူဖြစ်ပြီး သူ့မှာ Testis (ဝှေးစေ့)
တစ်လုံးသာ ရှိပါတယ်

(7) ပိုလာ ဝက်ဝံတွေဟာ ပင်ဂွင်းငှက် 86 ကောင်ကို တစ်ထိုင်တည်း စားနိုင်ပါတယ်

(8) ဂေါက်သီးတစ်လုံးရဲ့ မျက်နှာပြင်ပေါ်မှာ အစက်အပြောက်( အချိုင့်)ပေါင်း
336 ရှိပါတယ်

(9) သင် နှာချေတဲ့အခါမှာ ပါးစပ်နှင့်နှာခေါင်းအား ပိတ်ဆို့မှု မဖြစ်စေရန်
ဂရုစိုက်ပါ
အဘယ်ကြောင့်ဆိုသော် သင့်မျက်လုံးများ ကွဲထွက်သွားနိုင်သောကြောင့်ဖြစ်သည်

(10) ပိုးဟပ်တစ်ကောင်အား ခေါင်းဖြတ်လိုက်မည်ဆိုပါက ဆယ့်ငါးရက်တိုင် ဆက်လက်
အသက်ရှင်နေနိုင်ပါသည်၊၊ ထိုသို့သေဆုံးသွားခြင်းမှာလည်း ဆယ့်ငါးရက်တိုင်
အစာမစားရသောကြောင့်သာဖြစ်ပါသည်

(11) ကမာ္ဘပေါ်မှာရှိတဲ့ လူတွေအားလုံး ဘေးချင်းယှဉ်ပြီးတန်းစီလိုက်ရင် ကမာ္ဘကို
အပတ် 60
ပတ်မိ မှာဖြစ်ပါတယ်

(12) လူ့ခန္ဓာကိုယ်မှာ အသန်မာဆုံးသော ကြွက်သားကတော့ လျှာ ဖြစ်ပါတယ်

(13) ရေဘဝဲ တွေမှာ နှလုံးသား သုံးခု ပါရှိပါတယ်

(14) နေ ကနေ ကမာ္ဘကို အလင်းတန်းကျရောက်ရန်အချိန် 8 မိနစ် လိုအပ်ပါတယ်
အဲဒါဟာ ဘာကိုဆိုလိုသလဲဆိုတော့ သင်ဟာ နေဝင်သွားတာကိုမြင်လိုက်ရတဲ့
ဲ့ အချိန်မှာလွန်ခဲ့တဲ့ 8 မိနစ်ကတည်းက နေဝင်ပြီးသွားပါပြီ

(15) လူတွေစားသုံးနေကြတဲ့ အစားအစာတွေထဲမှာ တစ်ခုထဲသောမပုပ်မသိုးနိုင်တဲ့
အစားအစာ
ကတော့ ပျားရည်ဖြစ်ပါတယ်၊၊

——————————
(16) အင်္ဂလိပ်စကားလုံးတွေထဲမှာ သရ(vowels)မပါဘဲ အရှည်ဆုံးသော စကားလုံးမှာ
twyndylly ngs ဖြစ်ပြီး အမွှာစုံတွဲများ လို့အဓိပွါယ်ရပါတယ်

(17) ဝက်တွေဟာ သူတို့ရဲ့ ရုပ်ပိုင်းဆိုင်ရာဖွဲ့စည်းတည်ဆောက်ပုံအရ ကောင်းကင်ကို
မော့ကြည့်ဖို့ မဖြစ်နိုင်ပါဘူး၊၊

(18) မေလ မှာမွေးတဲ့ကလေးတွေဟာ အခြားလမှာမွေးတဲ့ ကလေးတွေထက် ပျမ်းမျှအားဖြင့်
200 grams ပိုလေးပါတယ်

(19) အက်စ်ကီးမိုး လူမျိုးတွေမှာ ဆီးနှင်း(snow)လို့အဓိပွါယ်ရတဲ့
စကားလုံးပေါင်း တစ်ရာကျော်
ရှိပြီး (hello)ဟလို ဟူသောနှုတ်ခွန်းဆက်စကားလုံး မရှိပေ၊၊

(20) ကမာ္ဘပေါ်တွင်ရှိသောလူဦးရေကို အယောက်တစ်ရာထိ အချိုးကျစွာ
ချုံ့လိုက်မည်ဆိုပါက
အာရှတိုက်မှ 57 ယောက်၊ ဥရောပတိုက်မှ 21 ယောက်၊ အမေရိကတိုက်မှ 14 ယောက် နှင့်
အာဖရိကတိုက်မှ 8 ယောက် စီရှိမှာဖြစ်ပါတယ်၊၊ထိုအထဲမှ တစ်ယောက်တည်းကသာလျှင်
ကွန်ပြူတာတစ်စုံကိုပိုင်ဆိုင်မှာဖြစ်ပါတယ်၊၊

(21) ကျွန်တော်တို့ရဲ့ မျက်လုံးအရွယ်အစားဟာ မွေးသည်မှ သေသည်ထိ တရွယ်တည်း
ဖြစ်ပြီး ၊ နှာခေါင်းနှင့် နားရွက်မှာမူ ကြီးထွားမှုနုန်း
ရပ်တန့်သွားခြင်းမရှိပေ
[ဒီကိစ္စကိုတော့ Bioဆရာမတစ်ယောက်ကို မေးမြန်းဖူးပါတယ်.. ဆရာမကတော့
မပာုတ်ဘူးလို ့ငြင်းဆိုပါတယ်..]

(22) အကယ်၍သင်သည် မိုးကြိုးပစ်ခံရပါက အပူချိန် 28000 ဒီဂရီ စင်တီဂရိတ်
ဖြင့်လောင်ကျွမ်း
ခံရမည်ဖြစ်ပြီး ထိုအပူချိန်မှာ နေမျက်နှာပြင်ထက်ပိုမိုသော အပူချိန်ဖြစ်သည်

(23) ကမာ္ဘပေါ်ရှိ ငှက်များအားလုံးထဲမှ အပြာရောင်ကို မြင်နိုင်သောတစ်ခုတည်းသော
ငှက်မှာ
ဇီးကွက်ဖြစ်သည်

(24) ပုံမှန်အားဖြင့် တနေ့တာအတောအတွင်း အမျိုးသားများသည် စကားလုံး 2000 ကျော်
ပြောပြီးချိန်တွင် အမျိုးသမီးများမှာ စကားလုံးပေါင်း 7000
ကျော်ပြောပြီးဖြစ်ပေသည်၊၊
(ဪ… မိန်းမ မိန်းမ )

(25) ပျားကောင်များသည် ပျားရည် တစ်ပေါင် ရရှိရန် ပန်းပွင့်ပေါင်း 2000 ကျော်
ဖြတ်သန်း
နားရောက်ရပြီး ခရီးမိုင်ပေါင်း 55000 ကျော် ပျံသန်းရပေသည်၊၊

(26) ခုန်ပေါက်ခြင်း(jumping) မပြုလုပ်နိုင်တဲ့ တစ်ခုတည်းသော
နို့တိုက်သတ္တဝါကတော့
ဆင်ဖြစ်ပါတယ်

(27) ဂေါက်ရိုက်ကစားခြင်းကို လွန်ခဲ့သောနှစ်ပေါင်းများစွာက စကော့တလန်ပြည်မှ
စတင်
တီထွင်ခဲ့တယ်လို့ဆိုပါတယ်၊၊သူတို့ဟာ အဲ့ဒီ ကစားနည်းကို ” Gentlemen Only
Ladies Forbidden ” လို့ သတ်မှတ်ထားရာကနေ အင်္ဂလိပ်တွေက GOLF ဆိုပြီး စတင်
ကစားကြတာ ဖြစ်ပါတယ်၊၊

(28) ခြဘုရင်မတစ်ကောင်ဟာ နှစ်ပေါင်း ငါးဆယ်တိုင်အသက်ရှင်နေနိုင်ပြီး နေ့စဉ်
ခြကောင်ရေ
သုံးသောင်းထိ မွေးဖွားပေးနိုင်ပါတယ်၊၊

(29) သင်နှင့်အတူ မွေးနေ့တစ်နေ့တည်း ကျရောက်နေသူပေါင်းမှာ 10,000,000 (ဆယ်သန်း)
ဖြစ်ပါတယ်

(30) ပိုးဟပ်များ လုံးဝမစားသော တစ်ခုတည်းသောအစားအစာမှာ သခွားသီး ဖြစ်ပါတယ်

(31) သမ္ဓတကြီးလင်ကွန်းဟာ အထက်လွှတ်တော်အမတ် အဖြစ်1846 ခုနှစ်မှာရွေးချယ်ခြင်း
ခံရပါတယ်၊၊
သမ္ဓတကနေဒီကတော့ အထက်လွှတ်တော်အမတ် အဖြစ် 1946 ခုနှစ်မှာရွေးချယ်ခံ
ရပါတယ်၊၊

(32) သမ္ဓတကြီးလင်ကွန်းဟာ 1860 ခုနှစ်မှာသမ္ဓတအဖြစ်ရွေးချယ်ခံရပြီး
သမ္ဓတကနေဒီကတော့1960 ခုနှစ်မှာ သမ္ဓတဖြစ်လာခဲ့ပြန်ပါတယ်၊၊

(33) သမ္ဓတကြီးလင်ကွန်းရဲ့ အတွင်းရေးမှူးနာမည်ဟာ ကနေဒီ ဖြစ်ပြီး
သမ္ဓတကနေဒီရဲ့ အတွင်းရေးမှူးနာမည်ဟာလည်း လင်ကွန်းဖြစ်နေပြန်ပါတယ်

(34) သူတို့နှစ်ဦးစလုံးသမ္ဓတအဖြစ်အိမ်ဖြူတော်ကို ပြောင်းရွှေ့အပြီးမှာတော့
ရင်သွေးတစ်ဦးစီ ဆုံးပါးသွားခဲ့ရပြန်ပါတယ်
သမ္ဓတနှစ်ဦးစလုံးဟာ သောကြာနေ့မှာ လုပ်ကြံခံရပြီး ၊ နှစ်ဦးစလုံး ဦးခေါင်းကိုပဲ
ကျည်ဆန်ထိမှန် သေဆုံးခဲ့ရပါတယ်၊၊

(35) သမ္ဓတနှစ်ဦးစလုံးဟာ တောင်ပိုင်းသားတွေဖြစ်တဲ့ ဂျွန်ဆင်ကြောင့်ပဲ
အောင်မြင်ခဲ့ရပြီး
တောင်ပိုင်းသားတွေကပဲ ပစ်ခတ်လုပ်ကြံခြင်းကိုခံခဲ့ရပါတယ်
သမ္ဓတကြီးလင်ကွန်းကို နိုင်ငံရေးလောကမှာအောင်မြင်စေခဲ့တဲ့ အန်ဒရုုးဂျွန်ဆင်ဟာ
1808 ခုနှစ်မှာ မွေးဖွားခဲ့သူဖြစ်ပြီး သမ္ဓတကနေဒီကို အောင်မြင်စေခဲ့တဲ့
လန်ဒန်ဂျွန်ဆင်
ကတော့1908 ခုနှစ်မှာ မွေးဖွားသူဖြစ်ပါတယ်၊၊

Posted by nattharlay at 7:52
AM 0
comments

Believe it or not
1 သမ္မတ ကြီးလင်ကွန်းကို လုပ်ကြံခဲ့တဲ့ သူကတော့ ဂျွန်ဝိုက်စ်ဘုသ်ဖြစ်ပြီး
သူဟာ 1839 ခုနှစ်မှာ မွေးဖွားသူဖြစ်ပါတယ်၊၊ သမ္မတ
ကနေဒီကိုလုပ်ကြံခဲ့သူ
ဟာဗေး အော့ဝေါ့ဒ် မှာ 1939 ခုနှစ် မှာမွေးဖွားသူဖြစ်ပါတယ်၊၊

2 သမ္မတကြီးလင်ကွန်းဟာ (Ford) ဖို့သ် အမျိုးသားပြဇာတ်ရုံမှာ
လုပ်ကြံခြင်းခံခဲ့ရပြီး
သမ္မတ ကနေဒီကတော့ (Ford) ဖို့သ်ဆိုသူထုတ်လုပ်ခဲ့တဲ့ ကားထဲမှာလုပ်ကြံခံခဲ့ရတာ
ဖြစ်ပါတယ်။ အဲဒီ့ကားနာမည်ကလဲ လင်ကွန်းလို့ ခေါ်ပါတယ်

3 သမ္မတလင်ကွန်းကို လုပ်ကြံခဲ့သူ Booth ဟာ ပြဇာတ်ရုံမှ ထွက်ပြေးလွတ်မြောက်
သွားခဲ့ပြီးကုန်တိုက်တစ်ခုထဲကနေ ဖမ်းဆီးမိခဲ့ပါတယ်၊၊
သမ္မတ ကနေဒီကိုလုပ်ကြံသူ Oswald ကတော့ ကုန်တိုက်တစ်ခုကနေ ထွက်ပြေးသွားခဲ့ပြီး
ပြဇာတ်ရုံထဲကနေ ပြန်လည်ဖမ်းမိခဲ့ပြန်ပါတယ်၊၊

4 သမ္မတလင်ကွန်းဟာ လုပ်ကြံခြင်းမခံရမီ တစ်ပတ်အလိုမှာ Maryland ပြည်နယ်
(Monroe) မွန်ရိုးရပ်ကွက်မှာရှိနေခဲ့ပါတယ်၊၊
သမ္မတ ကနေဒီကတော့ လုပ်ကြံမခံရမီ တစ်ပတ်အလုိုမှာ ကမ္ဘောကျော်မင်းသမီး
Marilyn Monroe မာရီလင်မွန်ရိုးနဲ့အတူရှိနေခဲ့ပြန်ပါတယ်၊၊

5 သမ္မတနှစ်ယောက်ကို လုပ်ကြံခဲ့တဲ့ Booth နဲ့ Oswald တို့ဟာ သူတို့ကို
တရားရုံးမှ ပြစ်ဒဏ်
မချမှတ်ရသေးခင်မှာပဲ လုပ်ကြံသတ်ဖြတ်ခြင်းခံခဲ့ရပြန်ပါတယ်၊၊

6 ပျမ်းမျှအားဖြင့် လေးနှစ်အရွယ် ကလေးတစ်ယောက်ဟာ တနေ့ကို မေးခွန်းပေါင်း 437
ခုထိ
မေးမြန်းနိုင်ပါတယ်၊၊

7 နောက်ပြန်လှည့်ကြည့်စရာမလိုဘဲ နောက်ကိုပြန်မြင်နိုင်တဲ့ သတ္တဝါနှစ်မျိုးကတော့
ယုန် နဲ့
ကြက်တူရွေး တို့ပဲ ဖြစ်ပါတယ်၊

8 ကမ္ဘာကျော်ရုပ်ရှင်မင်းသမီး မာရီလင်မွန်ရိုးရဲ့ ခြေထောက်နှစ်ချောင်းမှာ
ခြေချောင်း ခြောက်
ချောင်းစီ ရှိပါတယ်၊၊

9 ကျွန်တော်တို့ နေထိုင်နေတဲ့ ကမ္ဘာကြီးရဲ့ အလေးချိန်ဟာ 5,940 billion billion
metric tons[SIZE=-1] ဖြစ်ပါတယ်ခင်ဗျာ

10 သင့်ရဲ့ သက်တမ်းတစ်လျှောက်လုံးမှာ သင်ဟာ အစားအသောက်အလေးချိန်ပေါင်း
60,000 pounds စားသောက်နိုင်ပါတယ်၊၊အဲ့ဒီ အလေးချိန်ဟာ ဆင်ခြောက်ကောင်ရဲ့
အလေးချိန်နဲ့လည်းညီမျှပါတယ်

11 လင်းနို့တွေဟာ ဂူထဲကထွက်တိုင်း ဘယ်ဘက်ကိုပဲ ကွေ့သွားတက်ပါတယ်၊၊

12 အမျိုးသားတွေရဲ့ ရှပ်အကျႋတွေမှာ ကြယ်သီးက ညာဘက်မှာ ရှိပြီး
အမျိုးသမီးဝတ်ရှပ်အကျႋ
တွေမှာတော့ ကြယ်သီးက ဘယ်ဘက်မှာ ရှိပါတယ်

13 တိုင်တန်းနစ်သဘောင်္တည်ဆောက်ရာတွင် 7 million dollars ကုန်ကြခဲ့ပြီး
တိုင်တန်းနစ်ရုပ်ရှင် ရိုက်ကူးမှုအတွက်မှာမှု 200 million dollars
သုံးစွဲခဲ့ရပါတယ်

14 နေ့စဉ်တိုင်းနေ့စဉ်တိုင်းတွင် ကလေးငယ်ပေါင်း 400,000 မွေးဖွားနေပြီး
လူဦးရေပေါင်း
140,000 ခန့်သေဆုံးနေလျှက်ရှိကာ စုံတွဲ သန်းပေါင်း 200 ကတော့ making
love
လုပ်ကြပါတယ်တဲ့ခင်ဗျာ

15 ကမ္ဘာ့လူဦးရေ တစ်ဝက်ကျော် သည် တယ်လီဖုန်းခေါ်ဆိုခြင်း သို့မဟုတ်
လက်ခံပြောဆိုဖူးခြင်း
မရှိပေ၊၊

One comment

  • wunnakoko

    July 27, 2010 at 3:51 am

    ကျွန်တော်မသိပါဘူးခင်ဗျား။:) ရှာရှာဖွေဖွေ စုဆောင်းပေးလို့ကျေးဇူးတင်ပါတယ်။

Leave a Reply