Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ဘလက်ချော ဗားရှင်း ဓါတ်ပုံများ…။

black chawMay 3, 20134min107052

ဓါတ်ပုံမတင်တာတောင် အတော်ကြာပြီ…။
အခု ပြန်တင်ဦးမလို့…။
၂၀၁၃ ခုနှစ်အတွင်း ခရီးအတော် ထွက်ဖြစ်တယ်…။
ရောက်လေရာမှာလည်း ထုံးစံအတိုင်း ကင်မရာတစ်လုံးနဲ့ လက်ဆော့မိတယ်…။
ရောက်ရာပေါက်ရာဒေသအစုံက ကောင်းနိုးရာရာ ပုံလေးတွေ စုပြီး တင်လိုက်တယ်…။
အမှတ်တရပေါ့…။

ဧရာကမ်းက လွမ်းပုံပြင် (ပြည်တစ်ဖက်ကမ်း ရွှေဘုံသာ မုနိ ဘုရားဘက်က သောင်ပြင်)
ဧရာကမ်းက လွမ်းပုံပြင် (ပြည်တစ်ဖက်ကမ်း ရွှေဘုံသာ မုနိ ဘုရားဘက်က သောင်ပြင်)
အဖျောက်မြို့ ဧရာကမ်းက အလွမ်းလှေ
အဖျောက်မြို့ ဧရာကမ်းက အလွမ်းလှေ
ပြည်ရွှေဆံတော် အနီးက ဘုရားကြီး...။
ပြည်ရွှေဆံတော် အနီးက ဘုရားကြီး…။
ရွှေတောင်မြို့က ရွှေမျက်မှန် ဘုရား...။
ရွှေတောင်မြို့က ရွှေမျက်မှန် ဘုရား…။
ပြည်ရွှေဆံတော်...။
ပြည်ရွှေဆံတော်…။
ပြည်ရွှေဆံတော် ၂...။
ပြည်ရွှေဆံတော် ၂…။
နေပြည်တော် က ရွှေတိဂုံ ပုံတူ စေတီတော်...။
နေပြည်တော် က ရွှေတိဂုံ ပုံတူ စေတီတော်…။
မအူပင် မြို့က ရွှေဘုန်းမြင့် စေတီ...။
မအူပင် မြို့က ရွှေဘုန်းမြင့် စေတီ…။
ချောင်းသာကမ်းခြေ ...။
ချောင်းသာကမ်းခြေ …။
ပုဂံ...ဗူးဘုရားက တိုးရစ်(စ်) စုံတွဲ...။
ပုဂံ…ဗူးဘုရားက တိုးရစ်(စ်) စုံတွဲ…။
တွံတေးအလှူတုန်းက ကင်မရာ ချောင်းတဲ့ ရွာသားတစ်ဦး...။
တွံတေးအလှူတုန်းက ကင်မရာ ချောင်းတဲ့ ရွာသားတစ်ဦး…။
နေပြည်တော် အမြန်လမ်း၊  ဆွာချောင်းတံတားအောက်ဘက်...။
နေပြည်တော် အမြန်လမ်း၊ ဆွာချောင်းတံတားအောက်ဘက်…။
ပုဂံရောက်တိုင်း ဒီဘုရားကို ရောက်အောင်သွားတယ်...။ သွားတိုင်းလည်း ပုချ်ကိုသတိရကြောင်း မဒမ်ဘလက်က အမြဲပြောတယ်...။
ပုဂံရောက်တိုင်း ဒီဘုရားကို ရောက်အောင်သွားတယ်…။
သွားတိုင်းလည်း ပုချ်ကိုသတိရကြောင်း မဒမ်ဘလက်က အမြဲပြောတယ်…။
ပုသိမ်မြို့က ရွှေမုဌော စေတီတော်...။
ပုသိမ်မြို့က ရွှေမုဌော စေတီတော်…။
လှပသစ်လွင်နေတဲ့ စက်မှုတက္ကသိုလ်ရဲ့ ဩဘာလမ်း...။
လှပသစ်လွင်နေတဲ့ စက်မှုတက္ကသိုလ်ရဲ့ ဩဘာလမ်း…။
ရန်ကုန်မြို့ရဲ့ ပါရာဒိုင်း အသစ် လှည်းတန်း တံတား...။
ရန်ကုန်မြို့ရဲ့ ပါရာဒိုင်း အသစ် လှည်းတန်း တံတား…။
မေ့နေကြမှာစိုးလို့ (ယနေ့ ဂျဒ်ဆင်)
မေ့နေကြမှာစိုးလို့ (ယနေ့ ဂျဒ်ဆင်)

52 comments

  • blackchaw

    May 3, 2013 at 5:00 pm

    ဒီပို့စ်လေးကို ပုဂ္ဂိုလ် တချို့အတွက် ရည်ရွယ်ခွင့်ပြုပါခင်ဗျာ…။
    ၁။ ကိုသစ်မင်း၊
    ၂။ ကိုစိန်သော့၊
    ၃။ ကိုဖက်တီး၊
    ၄။ စိန်ဗိုက်ဗိုက်၊
    ၅။ နီဂိမိ၊
    ၆။ ကိုဘုန်းကျော်၊

    ၇။ ဆရာမကြီး တီတီနု
    ၈။ မမှီ၊
    ၉။ မပုချ်၊
    ၁၀။ အစ်မအေးကေကေ၊

    (အထက်ပါ ပုဂ္ဂိုလ်တွေကို ကျွန်တော် တစ်ခါတစ်လေ လွမ်းဆွတ်တမ်းတမိတယ်ဆိုတာ
    ဒီပို့စ်လေးထဲက လူသိရှင်ကြား ပြောပါတယ်)

    တို့အပြင်…။
    ကျွန်တော် သင်္ဃန်းဝတ်နေချိန်
    ကြည်ညိုစရာ တစ်ကွက်မှ မရှိသော ဦးဇင်း ဘလက်ချော ကို
    ကန်တော့ခဲ့ကြတဲ့
    ညီငယ် ဂီဂီ၊ ရွှေအိ၊ မwow တို့ကိုလည်း ရည်ရွယ်ပါတယ်…။

    အားလုံးပျော်ရွှင်ချမ်းမြေ့ကြပါစေဗျာ…။
    ချစ်ခင်လေးစားတဲ့…
    ဘလက်ချော….။

    • kai

      May 4, 2013 at 12:39 am

      လွမ်းလို့ကျန်ရစ်ခဲ့ကြတာကို အားမနာသူတွေစာရင်းပေါ့..
      မန်းဂဇက်ရွာကဖြင့်.. လွမ်းလို့.. :528:

      • blackchaw

        May 4, 2013 at 11:49 am

        @ kai ;
        မမေ့တတ်သူသာ ရင်နာရစမြဲပါ သူကြီးရေ…။
        မေ့နိုင်သူတွေ မေ့ကြပေမယ့်…
        မမေ့တတ်သူတွေ လွမ်းကြရတာ…
        ထုံးစံပါပဲဗျာ…။
        ဓါတ်ပုံလေးတွေကိုရော နည်းနည်းပါးပါး ဝေဖန်ပေးပါဦးဗျာ…။

        • kai

          May 4, 2013 at 5:22 pm

          ဓါတ်ပုံတွေဝေဖန်ရရင်တော့ဗျာ…
          အနုပညာဓါတ်ခံရှိမှန်းအရမ်းသိသာတယ်..

          အလိုအလျှောက်ကို.. အနုပညာပါနေတာပဲလို့…
          လောလောဆယ်တော့.. ရွှေအိုရောင်တဲကုပ်ကလေးထဲ.. တရေးတမောအပိချင်စိတ်ပေါက်နေကြောင်း.. :harr:

    • TTNU

      May 4, 2013 at 9:01 pm

      ကိုချောရေ…
      မရောက်တာကြာပြီမို့ လမ်းတောင်ပျောက်နေတယ်ကွယ်။ စမ်းတဝါးဝါးနဲ့ နာရီဝက်လောက်နေမှ
      ဒီနေရာကို ရောက်လာခဲ့တယ်။ တကယ်တော့ ကိုခိုင်ပြောသလို “လွမ်းလို့ကျန်ရစ်ခဲ့ကြတာကို အားမနာသူတွေစာရင်းပေါ့..” ဆိုသလို အားမနာတတ်လို့ မဟုတ်ပါဘူးလေ။
      (ငါ့ လို ဘွားအိုကြီးကိုဖြင့် မလွမ်းလောက်ဘူးလို့ ထင်လို့ အသာလေး ခရီးဝေး ထွက်သွားခဲ့တာပါ)။
      ပြီးတော့ ပြီးတော့…တရားစခန်းကတစ်မျိုး၊ ဆွေတွေမျိုးတွေ စုဝေးသဘင်ကတစ်သွယ်၊
      ကျန်းမာရေးလေးကလည်း စိမ်းတစ်ခါနီတစ်လှည့်၊ ချမ်းမြေ့ရိပ်ငြိမ် Page မှာလည်း သင်္ခန်းစာ
      လေးတွေရေး…. etc,etc… Colourful Excuses တွေများလွန်းနေတာ မို့ နားလည်ပေးပါ။

      FB ဘက်ကိုရောက်လာတတ်တဲ့ မနောတို့၊ အံစာတို့၊ မာဃတို့၊ တစ်ချို့ တစ်ချို့တွေနဲ့တော့
      ရံဖန် ရံခါ ဆုံမိတတ်ကြပါတယ်။

      အခုလို လွမ်းလွမ်းဆွတ်ဆွတ်ရေးလိုက်တော့ မျက်ရည်တောင်လည်မိပါတယ်။ ကိုခိုင်က မန်းဂဇက်ရွာကဖြင့်.. လွမ်းလို့ ဆိုပြန်တော့ … ထားခဲ့မိတာတောင် အားနာနေမိပြန်ပါတယ်။

      မေတ္တာဖြင့်
      TTNU.

      • blackchaw

        May 5, 2013 at 4:49 pm

        @ TTNU ;
        တီချယ်ကြီး ဝင်ပေးသွားတဲ့ ကွန်းမန့်လေးတစ်ခုကြောင့်…
        ဒီပို့စ်က ပြည့်စုံသွားပါပြီ ခင်ဗျာ…။
        များပြားတဲ့ ကိစ္စတွေနဲ့ မအားလပ်ကြသူတွေကို ကိုယ်ချင်းစာမိပါတယ်…။
        တကယ်လို့များ
        အချိန်အနည်းငယ်လောက်ရခဲ့ရင်ဖြင့်
        မန်းဂဇက် ဘက်ကို ခဏတဖြုတ်ပဲဖြစ်ဖြစ်
        လှည့်ခဲ့ပါဦးလို့…
        ချစ်ခင်လေးစားတဲ့ စိတ်ရင်းဖြင့်…
        ဘလက်ချော…။

      • kai

        May 6, 2013 at 2:39 pm

        တီချယ်ပေးထားတဲ့..( ဂေဇက်အစား)ဂဇက်အမည်ကို.. တရားဝင်သုံးနေပါကြောင်းလည်း.. အသိပေးပါရစေနော..
        အချိန်ရရင်.. အင်္ဂလိပ်စာသင်ပါဦးလို့.. :harr:

        • blackchaw

          May 6, 2013 at 2:50 pm

          @ TTNU ;
          ကဲ တီချယ်ကြီးရေ…
          သူကြီးက အင်္ဂလိပ်စာတဲ့…
          အချိန်ရရင် သင်တန်းပြန်ဖွင့်ပါဦးခင်ဗျာ…။
          :mrgreen:

    • Wow

      May 7, 2013 at 3:23 pm

      ဘုန်းကြီးကြောင်းလမ်းညွှန်တာလွဲလို့ ဦးဇင်းကို အပြစ်တင်၊ လှူဖွယ်ပစ္စည်းမကပ်ဘဲနဲ့ ဦးဇင်းစွန့်တဲ့ အအေးဘူးသောက်ပြီးပြန်လာတဲ့ တကာမကို သတိတရပြောပေးတဲ့ အူးဘလက်ကို… ဟီး.. အားလဲနာ ခင်လဲခင်ပါတယ် :mrgreen: :mrgreen:
      အူးဇင်းလူထွက်ရဲ့ ဒါ့ပုံရိုက်ချက်များကတော့ လွမ်းလောက်ပါဒယ်လို့…

      • black chaw

        May 17, 2013 at 10:08 am

        @ Wow ;
        ကွန်းမန့်လေး ဝင်ချီးမြှင့်ပေးသွားတာ ကျေးဇူးပါ Wow ရေ…။
        အအေးဗူးကတော့ သိမ်ထဲက ရေခဲသေတ္တာထဲတွေ့တာနဲ့ စွန့်လိုက်တာဗျ…။
        ဘယ်ကိုယ်တော်ရဲ့ အအေးဗူးတွေလည်းတော့ သိဘူး…။
        :mrgreen:

  • Myo Thant

    May 3, 2013 at 5:00 pm

    အားပေးသွားကြောင်းပါ ကိုဘလက်ရေ

    အဆိုတင်မက အရိုက်လည်း တော်တယ်နော် 🙂

    • blackchaw

      May 4, 2013 at 11:50 am

      @ Myo Thant ;
      အားပေးသွားတာကျေးဇူးပါ ကိုမျိုးသန့်ရေ…။

  • မကြည်ပြာ

    May 3, 2013 at 5:28 pm

    ဦးဇင်းဘလက်ရဲ့ ဒါ့ပုံသတင်းကလဲ အတော်စုံပါတယ် ဖျား။
    ချောင်းသာမှာလဲ တော်တော်ပျော်ခဲ့မယ်မှတ်တယ်။
    ကြည်ညိုတာကတော့ ဦးဇင်းဖြစ်မှ မှုတ်ပါဘူး။
    ပို့စ်အရလဲ ကြည်ညိုပါတယ်။
    ၂မျိုးပေါင်းပြီး ကန်တော့တယ်လို့မှတ်ပါ ဖျား :mrgreen:

    • blackchaw

      May 4, 2013 at 11:52 am

      @ မကြည်ပြာ ;
      ဘုန်းကြီးပါစေ အသက်ရှည်စေ
      အားလုံးစိတ်လည်း ကျန်းမာစေ
      လင်ကောင်းသားကောင်းလည်း ရပါစေ…။
      :mrgreen:

  • ကိုရင်စည်သူ

    May 3, 2013 at 5:40 pm

    ကိုဘလက်ရဲ့ ဓါတ်ပုံ ရိုက်ချက် အယူအဆတွေ
    လုံးဝ တိုးတက်ပြီး ကောင်းလာတယ်.. ခံစားရတယ်ဗျာ..။
    ရဟန်းစည်းတုန်းက တရားထူးများရခဲ့ရင်လည်း
    ကိုရင်တို့ မလိမ်မိုးမလိမ်မာတွေ ပြန်လာရင် ဆုံးမပေးပါဦးနော်.. 🙂
    ပျော်ရွှင် ကြည်နူးနိုင်ပါစေ.. ခင်မင်လျက်… မောင်စီ..

    • blackchaw

      May 4, 2013 at 11:54 am

      @ ကိုရင်စည်သူ ;
      မြှောက်ပေးသွားတယ်လို့ ခံစားရပါတယ် မောင်ရင်စည်သူရေ…။
      ပါရမီ နည်းသေးလေတော့ တရားထူး မရခဲ့သေးပါဘူးကွယ်…။
      :mrgreen:

  • ဥလေးဂျီးး
    ကျုပ်ဂဒေါ့ ဟိုးထိပ်ဆုံက ပုံဂို အကျိုက်ဆုံးဘဲဂျ …
    အိုက်ပုံ ကျိရဒါ …
    ဘိုဖစ်မှန်းကို မသိဘူး .. ဖီးလ်ဒေါ့ ဖီးလ်ဘဲ …
    စကားမစပ် …
    ဟိုရွာဒါး ဆိုဒါ အာဂလူဒါးဂျီးလားဟင်င် .. 🙄 :mrgreen:

    • blackchaw

      May 4, 2013 at 11:55 am

      @ မဟာရာဇာ အံစာတုံး ;
      အကြိုက်ချင်းလာတူနေပြန်ပါပြီ…။
      ကြိုက်လို့ကို အပေါ်ဆုံးတင်ထားတာဗျ…။
      ဟုတ်ပါ့ဗျာ…။
      အာဂ ပါပဲ…။
      အဲဒီပုံလေးလည်း ကြိုက်တယ်ဗျ…။
      :mrgreen:

  • kyeemite

    May 4, 2013 at 8:53 am

    အော်..ရဲဘော်ဘလက်…ရဲဘော်ဘလက်
    အကြံကုန်တော့ ဂဠုန်ဆားချက်သပေါ့လေ…ဟေ ဟေ့ :mrgreen:
    ဘာပဲပြောပြောပါ…ခင်ဗျား ရေးပြတဲ့ ရွာသူား ဟောင်းကြီးတွေကို အားလုံးသတိရနေကြပါတယ်
    ပြန်လာမလားရယ်လို့လည်း မျှော်လည်းနေကြတယ်ပေါ့… 🙄
    ရွာထဲမလဲ ခုတလော ခြောက်ကပ်ကပ် ဖြစ်နေတုံး ဝင်အားဖြည့်ပေးလို့ သင့်ခရုပါဗျာ..
    ဓါပုံနဲ့ပါတ်သက်လို့ကတော့ ကျန်တဲ့လူနဲ့တော့မသိဘူး..
    ကျုပ်ထက်တော့သာတာသေချာပါဂျောင်းးး :hee:
    ပုဂံရောက်တိုင်း ဒီဘုရားကို ရောက်အောင်သွားတယ်..ဆိုတဲ့ပုံထဲက
    နှစ်ယောက်မှာ တစ်ယောက်က မဒမ်ဘလက် မှတ်တယ်…ဟုတ် :528:
    လှပသစ်လွင်နေတဲ့ စက်မှုတက္ကသိုလ်ရဲ့ ဩဘာလမ်းကရော…ဘယ်တုံးကသွားရိုက်လိုက်ပါလိမ့်..
    ကျေးဇူးတင်ပါ၏။
    နောက်တစ်ခုကတော့ ..ပို့စ်တစ်ပုဒ်တင်ပီးရင်
    ကျီးထိုးထိုး..ခွေးစားစား ပစ်မထားပါနဲ့ဗျ…
    ပြန်ဝင်ပြီးကွန်မန့်လေးတွေလည်းပေးပါအုံး….
    “မအားဘူး” ဆိုတဲ့ ရိုးနေတဲ့စကားတော့လာမပြောနဲ့….ဒါဗျဲ :kwi:

    • blackchaw

      May 4, 2013 at 12:19 pm

      @ kyeemite ;
      ကွန်းမန့် ဝင်ရေးပေးသွားတာ ကျေးဇူးပါခင်ဗျာ…။
      :mrgreen:

  • နေပြည်တော် အမြန်လမ်း၊ ဆွာချောင်းတံတားအောက်ဘက်…။
    ကျနော်ကတော့ ဒီပုံလေးကိုကြိုက်တယ်

    • blackchaw

      May 4, 2013 at 12:22 pm

      @ ကိုပေါက် ;
      အဲဒီပုံလေး ရိုက်ထားတာ ၃ လ လောက်ရှိပြီ ကိုပေါက်ရေ…။
      ပြီးခဲ့တဲ့ တစ်ပတ်လောက်က ကျွန်တော်ရောက်သွားတော့
      ရေတစ်စက်မှ မရှိတော့ဘူးဗျ…။
      အားပေးသွားတာ ကျေးဇူးပါ ကိုပေါက်ရေ…။
      :mrgreen:

  • surmi

    May 4, 2013 at 10:17 am

    ကွန်နက်ရှင်ကြောင့်လား
    ဆာဗာကြောင့်လားမသိ
    နစ်ခါဝင်ကြည့်တာ ဘာမှ မမြင်ရဘူး
    နောက်တစ်ခါထပ်လာပါဦးမယ်ဗျို ့

    • blackchaw

      May 4, 2013 at 12:24 pm

      @ surmi ;
      ဝင်တဲ့ အခါ ကြုံပါ ဝန်ကြီးပဒေသရာဇာရေ…။
      အဲ..အဲ..ကိုဆာမိရေ…။
      ဘယ်လိုပဲဖြစ်ဖြစ် ကွန်းမန့်လေး ဝင်ရေးပေးသွားတာနဲ့တင်
      ကျေးဇူးအထူးပါဗျာ…။
      :mrgreen:

  • etone

    May 4, 2013 at 11:45 am

    ဦးဘလက်ရေ .. မင်ဂါဘာချင့် ..
    သင်္ကြန်မတိုင်ခင်တရက် .. ဘုန်းကြီးဝတ်နေတာ မသိပဲ .. မက်စိပို့မိတယ်ထင်တယ်… အိုက်ဒါလေးလည်း … အားနာနာနဲ့ ဆောရီးပြောပါရစေ … :mrgreen:
    ဒါ့ပုံတွေ ကျိဘီး .. တခါမှ မရောက်ဘူးတဲ့ ပြည်ဘုရားတွေလည်းဖူးရတယ် …
    လှေဆိပ်ကိုလည်း အပေါ်စီးကနေ ကြည့်ခွင့်ရခဲ့တယ် .. ကားရှုပ်တဲ့ လှည်းတန်းတံတားကြီးကိုလည်းမြင်ခွင့်ရခဲ့တယ် … ။

    • blackchaw

      May 4, 2013 at 12:25 pm

      @ etone ;
      မက်စိ ပို့ချိန်တုန်းက ဘုန်းကြီး မဝတ်ရသေးဘူးဗျ…။
      ကျွန်တော်လည်း ပြန်ပို့လိုက်သေးတယ်…ရမရတော့မသိ…။
      မြင်ရခဲတဲ့ etone ရဲ့ ကွန်းမန့်လေးအတွက် ကျေးဇူးအထူးပါဗျာ…။
      :mrgreen:

  • ခင်ခ

    May 4, 2013 at 12:01 pm

    ဂျဒ်ဆင်သာ စကားပြောတတ်ခဲ့ရင် သူလေပြောပြလိမ့်မယ်…….. ဆိုသလို
    ဓာတ်ပုံတွေ ခံစားကြည့်ရင်း နောက်ဆုံးပုံ ဂျဒ်ဆင်တွေ့တော့ လွမ်းမိပါ့ရဲ့ အမိတက္ကသိုလ်ရယ်။
    တက္ကသိုလ် နေဝင်မှာကို စိုးတယ်….ကွယ်။

    • blackchaw

      May 4, 2013 at 12:27 pm

      @ ခင်ခ ;
      ရန်ကုန်တက္ကသိုလ်နဲ့ ပတ်သက်တဲ့ ဖီလင်လေးတစ်ခု ပေးလိုက်နိုင်လို့
      ကျေနပ်ပါတယ်ကိုခင်ခရေ…။
      ကွန်းမန့်လေးအတွက်ကျေးဇူးပါ ဗျာ…။
      :mrgreen:

  • koyinmaung

    May 4, 2013 at 12:11 pm

    ကိုဘလက်ချောရေ…
    အရမ်းကောင်းတဲ့ဓါတ်ပုံတွေ..
    အားပေးကြည့်ရုံတင်မက
    ကူးယူသွားပါတယ်ဗျာ…..

    • blackchaw

      May 4, 2013 at 12:29 pm

      @ koyinmaung ;
      မမြင်ရတာ အတော်တောင်ကြာပြီနော် ကိုရင်မောင်ရေ…။
      နေကောင်းပါရဲ့လား ခင်ဗျာ…။
      ကွန်းမန့်လေး ဝင်ချီးမြှင့်ပေးသွားတာအတွက်လည်း ကျေးဇူးပါဗျာ…။
      :mrgreen:

  • MaMa

    May 4, 2013 at 3:16 pm

    ဒီဗားရှင်း မိုက်တယ်။
    ရုပ်ရှင်မင်းသား အဆိုတော် စာရေးဆရာဆိုပြီး နာမည်ကြီးခဲ့တဲ့ စွယ်စုံရ အနုပညာရှင် ဝင်းဥိးကို သနားတယ်လို့….
    တို့ရွာသားကြီးက ဓာတ်ပုံတင်ပြီး ပြောလိုက်ပြီ :harr:

    • blackchaw

      May 5, 2013 at 5:07 pm

      @ MaMa ;
      အသာလုပ်ပါ…။
      ပျောက်နေတဲ့ မမရဲ့ ကွန်းမန့်လေးအတွက် ကျေးဇူးအထူးပါဗျာ…။
      :mrgreen:

  • မယ်ဘုတ်

    May 4, 2013 at 3:48 pm

    အပေါ်ဆုံးကဓါတ်ပုံလေးကိုအရမ်းကြိုက်တယ် ..
    ပန်းချီ ကားလေးလိုပဲ ..
    ကြိုက်နှစ်သက်သောပုံများအားကူးယူခွင့်ပြုပါရှင့် .. :hee:

    • blackchaw

      May 5, 2013 at 5:03 pm

      @ မယ်ဘုတ် ;
      ကြိုက်တဲ့ ပုံ ကို ကူးပါ နှမတော် မယ်ဘုတ်ရေ…။
      ပန်းချီကားလေးလို ဆိုတဲ့ မှတ်ချက်အတွက်လည်း ကျေးဇူးပါဗျ…။
      :mrgreen:

  • ရဲစည်

    May 4, 2013 at 5:57 pm

    ဆြာက ဆြာဘဲမို့ ဆြာသာ ဆြာပါ ဆြာ …. အဲမှားလို့ ကိုယ်တော် ….။
    :harr:
    ပုံတွေ နည်းနည်းတော့ ကြီးတော့ ကွန်နက်ရှင် မကောင်းရင် မမြင်ရဘူးဗျို့ …. ။
    ဝေဖန်စရာရယ်လို့ ထွေထွေထူးထူး မရှိပေမဲ့ ဓာတ်ပုံလေး တပုံတော့ စိတ်တိုင်းမကျဘူးရယ် …။
    အတိတ်သမို်င်းရယ်က
    တဆိတ်မနိူင်းချင်လို့
    စိတ်တိုင်းရယ်မကျ
    အွန်း …. ပြောတော့ပါဘူး သူ့ဟာသူရှိနေတာကို ဆက်မကွန့်ရဲတာ … ငရဲကြီးမှာကြောက်လို့ …
    အိုဘယ့် မျက်မှန်နဲ့ မြတ်စွာဘုရားရှင် ကိုယ်တော်မြတ် … အော် လူတွေ လူတွေ
    :kwi:

    • blackchaw

      May 5, 2013 at 5:01 pm

      @ ရဲစည် ;
      ဓါတ်ပုံမတင်တာ အတော်ကြာသွားပြီမို့
      ပုံအကြီးအသေး ကွန်ထရိုး ဘယ်လိုမှမပေးတတ်ဘူး ဖြစ်သွားပါတယ်…။
      မျက်မှန်နဲ့ မြတ်စွာဘုရားဆိုတာ ရွှေမျက်မှန်ဘုရားကို ပြောတာမှတ်ပါတယ်…။
      သူ့ရာဇဝင်နဲ့ သူတော့ ရှိပြီးသားဗျ…။
      ဆြာစာရင်းတော့ မဝင်သေးဘူးထင်ပါတယ်…။
      ဝင်လည်းမဝင်ပါရစေနဲ့ ကိုယ်တော်ရဲစည်ရယ်…။
      :mrgreen:

  • ရွှေ ကြည်

    May 4, 2013 at 9:43 pm

    လေးဘလက်ရေ ပြည်ရွှေဆံတော်စေတီအနီးကဘုရားကြီးက ဆယ်ထပ်ကြီးဘုရားရုပ်ပွားတော်ကြီးပါ။
    အဲဒိပုံလေးအရမ်းကြိုက်မိပါတယ် ပြည်ကိုလည်းလွမ်းသွားတယ်ဗျာ
    အပေါ်ဆုံးပုံလေးက ရွှေကြည်တို့အဖို့ အဆန်းတကြယ်မဟုတ်တော့တဲ့မြင်ကွင်းဆိုပေမယ့် အခုလိုဆိုတော့ တော်တော်လေးတောင်လှနေသလိုပဲ..။

    • blackchaw

      May 5, 2013 at 4:57 pm

      @ ရွှေကြည် ;
      ဘုရားကြီးနာမည် မေ့နေတာ ရွှေကြည်ရေ…။
      ပြောပြပေးတာ ကျေးဇူးပါဗျာ…။
      ရွှေကြည်က ပြည်သူ ထင်တယ်…။
      လွမ်းသွားတယ်ဆိုလို့လေ…။
      ကွန်းမန့်လေးအတွက်ကျေးဇူးပါဗျာ…။

  • အလင်းဆက်

    May 5, 2013 at 10:16 am

    လေးလေး ဘလက်
    အနုပညာ မြောက်တဲ့ မြင် ကွင်းလေးတွေ ပါလား
    ရောက် ဖူးတဲ့နေရာ တွေ ကို လွမ်းသွား ပြီး
    မ ရောက် ဖူးတဲ့ နေရာ တွေကိုတော့
    အခုပဲ ထ သွား လိုက်ချင် တယ်
    ဂယ်

    • blackchaw

      May 5, 2013 at 4:54 pm

      @ အလင်းဆက် ;
      ကွန်းမန့်လေးအတွက် ကျေးဇူးပါ အလင်းဆက်ရေ…။
      ညီလေး ပြည်ဘက်ရောက်တုန်းက ဓါတ်ပုံတွေတင်ခဲ့ဘူးသေးတာလည်း
      မှတ်မိနေပါသေးတယ်ဗျာ…။

  • Foreign Resident

    May 5, 2013 at 1:48 pm

    သေချာတာကတော့ ၊ 2012 နှစ်စပိုင်းမှာ ၊
    ချောင်းသာကမ်းခြေ ဓါတ်ပုံထဲက ၊
    ဘုရား အောက်ခံ ကျောက်တုံးကြီးကို ၊
    ရွှေဆေး မသုတ်ရသေးဘူး ။

    ဘုရား အောက်ခံ ကျောက်တုံးကြီးကို ရွှေဆေး သုတ်လိုက်မှ ၊
    ပိုပြီး သပ္ပါယ် လာတယ်လိုု့ မထင်မိဘူး ။
    ကမ်းခြေကြီး ကမ်းခြေနှင့် မတူတော့ပဲ ၊
    ပြူးပြူး ပြဲပြဲ ဖြစ်သွားတယ်လို့ ၊
    ခံစားရတယ် ။

    • blackchaw

      May 5, 2013 at 4:52 pm

      @ Foreign Resident ;
      ဘုရားအောက်ခံကျောက်တုံးကြီးရဲ့ အရောင်ကို ကျွန်တော် သတိမပြုမိဘူးဗျ…။
      ဒီပုံကတော့ ၁၉-၄-၂၀၁၃ နေ့က ရိုက်ခဲ့တဲ့ ပုံပါ…။
      ကွန်းမန့်လေး ဝင်ချီးမြှင့်ပေးသွားတာ ကျေးဇူးပါ ကိုဖေါရေ…။

  • ဟာဦးဘလက်ရာ ဘုန်းကြီးဝတ်တာမသိလို. လာမကန်.တော့လိုက်ရဘူး… နာသဗျာ…
    ကျွန်တော်ဆီမှာ ဦးဘလက်လက်ရာ ဓာတ်ပုံတွေ အများကြီးရှိသေးတယ်…. ဟဲဟဲဟဲ..
    တစ်ယောက်ချင်းစီ ကော့မန် Reply လုပ်ထားတော့ ဦးဘလက်ကြီး အေးဆေးဖြစ်နေတယ်ဆိုတဲ့ သဘောလားဗျ….

    • blackchaw

      May 6, 2013 at 2:44 pm

      @ ရွှေတိုက်စိုး ;
      ကွန်းမန့်လေးအတွက် ကျေးဇူးပါ ရွှေတိုက်ရေ…။
      သိတ်အထူးအဆန်းကြီးမဟုတ်ပါဘူးဗျာ…။
      ကိုယ့်ပို့စ် အကုန်လုံးနီးပါးမှာ တစ်ယောက်ချင်းစီ ကွန်းမန့် ပြန်နေကြပါ…။
      (ကိုသစ်မင်း ဆီက အတုခိုးထားတာ ဝန်ခံပါတယ်)
      တချို့သော ပို့စ် တွေမှာတော့ အားလုံးကို စုပြီး ကျေးဇူးတင်ကြောင်း
      ကွန်းမန့်ရေးတတ်ပါတယ်…။
      ညီလေး အတွက် အထူးအဆန်းဖြစ်နေတာတော့ နည်းနည်း ထူးဆန်းနေပါတယ်ဗျာ…။
      :mrgreen:

      • ဟာဒီလူကြီး နားလည်မှုလွဲပြန်ပြီ ရွာထဲမှာ အေးအေးဆေးဆေး ရှိနေတာကိုပြောဒါ..
        တစ်ယောက်ချင်းစီ Reply ပြန်တာတော့ သိဒါပေါ့လို…
        အဲဒီကိစ္စရှင်းရအောင် ညနေ Prome မှာ တွေ.မယ်…. အဲအဲ စိတ်မကောင်းပါဘူး Prome က ပြင်နေဒါဒဲ့…..အဟီးးးးးးးးးးးး

        • Myo Thant

          May 6, 2013 at 4:15 pm

          ပြင်ပြီးလို့ ရောက်ပြီးကြောင်းပါဗျာ 🙂

  • Novy

    May 6, 2013 at 2:13 pm

    ဧရာကမ်းက အလွမ်းတဲလေးမှာ ညဘက်ကြယ်တွေကိုကြည့်
    မနက်ကျတော့ အလွမ်းလှေကလေးလှော်
    ဘုရားစုံဘူး
    ချောင်းသာမှာအပန်းဖြေ
    ဆွာချောင်းတံတားအောက်ဘက်လဲရောက်အောင်သွား
    သစ်လွင်နေတဲ့ စက်မှုတက္ကသိုလ်ရဲ့ ဩဘာလမ်းမှာ လမ်းလေလျှောက်
    လှည်တန်းကုန်ကျော်တံတားပေါ်ကားဖြတ်မောင်း
    ပြီးရင်တော့ ဘွဲ့နှင်းသဘင်မှာ ဆုံကျမယ်နော်

    • blackchaw

      May 6, 2013 at 2:46 pm

      @ Novy ;
      ကဗျာဆန်ဆန် ရေးပေးသွားတဲ့ ကွန်းမန့်လေးအတွက် ကျေးဇူးပါ
      မနိုဗီရေ…။
      :mrgreen:

  • တောတွင်းပျော်

    May 8, 2013 at 12:25 am

    ဦးဘလက်
    ၃ပုံမြောက်က မနက်ပိုင်းရိုက်တာလား…
    အလင်းအမှောင်တွေကြောင် ့ကြည် ့မဝဘူးဖြစ်တယ်။

    • black chaw

      May 17, 2013 at 10:11 am

      @ တောတွင်းပျော် ;
      ၃ ပုံ မြောက်က ပြီးခဲ့တဲ့ ဇန္နဝါရီလ ၄ ရက်နေ့ ညနေ နေဝင်ခါနီး ရိုက်ထားတာပါ
      တောတွင်းပျော်ရေ…။
      ကွန်းမန့်လေး ချီးမြှင့်ပေးတာ ကျေးဇူးပါဗျာ….။

  • N@ng Ghi Ghi Joe Z

    May 17, 2013 at 10:40 am

    ဒါ့ပုံတွေ နှစ်သက်ပါတယ်ဗျို့ …
    အဲ့သည်ထက်..
    ပျောက်ခက်သားကောင်းနေတဲ့ တီချယ်ကြီး ဝင်မန့်တာ တွေ့ပြီး ဝမ်းသာသွားတယ်ဗျို့
    မကြာမကြာလည် းဝင်လာဦးမယ် မျှော်မိကြောင်းပါ..
    ရေးမယ် ရေးမယ်နဲ့ကော်မန့်မရေးဖြစ်ခဲ့တာပါ လူပျံတော် ဘဘ-ဘလက်ရေ ..
    :harr:

    ခင်တဲ့

  • black chaw

    May 17, 2013 at 10:47 am

    @ နန့် ဂီဂီ ဂျိုးဇက် ;
    နောက်ကျနေပေမယ့်
    နင့် ကွန်းမန့်လေးကို
    ဝမ်းမလီး ဝဲလကမ်း ပါ နန့်ဂီဂီဂျိုးဇက် ရေ…။
    :mrgreen:
    လေးစားခင်မင်တဲ့
    ဘဘ ဘလက်

Leave a Reply