ဓာတုလက်နက်များကို ထောက်လှမ်းရှာဖွေပေးမည့် လေထီးဆင်းကိရိယာ ဘူးငယ်လေးများ
ECBC ( Edgewood Chemical Biological Center) ၏စစ်ဘက်သုတေသီများသည် ဓာတု လက်နက်ဆိုင်ရာစစ်ပွဲအတွင်း အမေရိကန် စစ်သည်များအား အကူအညီပေးနိုင်မည့် နည်းပညာသစ်တစ်ရပ်အား စမ်းသပ်ဆောင်ရွက်လျက်ရှိပါသည်။ ဆိုဒါသံဗူးတစ်ဘူး အရွယ်အစားခန့်ရှိသည့် အဆိုပါနည်းပညာထည့်သွင်း ထားသော ဘူးငယ်လေးသည် အန္တရယ်ရှိသည့် ဓာတုပစ္စည်းများအား အနံ့ခံနိုင်မည်ဖြစ်ကာ ဖြစ်ပေါ်လာနိုင်သော ဘေးအန္တရာယ်နှင့်ပက်သက်သည့် သတင်းအချက်လက်များအား အမေရိကန်စစ်သည်များထံသို့ ဖြန့်ဝေပေးပို့ သွားမည်ဖြစ်သည်။ ယခုနည်းပညာဖြင့် ပြုလုပ်ထားသောဘူးမှာ ဆီးရီးယားနိုင်ငံ၌ အထူးအသုံးဝင်မည် ဖြစ်ပါသည်။ အိမ်ဖြူတော်မှ ယနေ့ထုတ်ဝေခဲ့သည့် စာတစ်စောင်တွင် ဆီးရီးယား စစ်ဘက်အနေဖြင့် ဓာတုလက်နက်များအား ဆီးရီးယားနိုင်ငံအတွင်း ပမာဏအနည်းငယ်မျစီ အသုံးပြုလျက်ရှိကြောင်းနှင့် အထူးသဖြင့် Sarin ကဲ့သို့သော ဓာတုလက်နက်မျိုးဖြစ်ကြောင်း ယုံကြည်လောက်ဖွယ်ရာ အကြောင်းအချက်များ ကို သေသေချာချာရရှိထား ကြောင်း ဖော်ပြခဲ့သည်။
အနံ့အသက်နှင့် အရောင်အဆင်းကင်းမဲ့သည့် ဓာတုလက်နက်များသည် မြန်ဆန်စွာ အကျိုးသက်ရောက်မှုရှိပြီး ကိုယ်လက်အင်္ဂါများ မလှုပ်ရှားနိုင်ခြင်း၊သို့မဟုတ် သေဆုံးခြင်းသို့ အမြန်ဆုံး ရောက်ရှိစေသည်။ သုတေသနပြုလုပ်ဆဲအဆင့်သာရှိသေးသည့် ECBC ၏ နည်းပညာအသစ်အနေဖြင့် အမေရိကန်စစ်သည်များအား ထိုကဲ့သို့သော အန္တရာယ်ရှိသည့် အခြေအနေမျိုးမှ ရှောင်ရှားနိုင်ရန်အတွက် အကူအညီပေးစွမ်းနိုင်အောင် ဒီဇိုင်းရေးဆွဲထားသည်။ ဘူး၏ပတ်လည်တွင် ဓာတုလက်နက်များ၏ဒဏ်မှ ကာကွယ်နိုင်စေရန် တည်ဆောက်ထားသည့် အာရုံခံကိရိယာများ တပ်ဆင်ထားသော အဆိုပါဘူးငယ်များအား လေယာဉ်တစ်စင်းမှ လေထီးဖြင့်ချပေးနိုင်မည်ဖြစ်ကာ ¤င်းတို့စုစောင်းရရှိသည့် ဓာတုဗေဒဆိုင်ရာ မည့်သည့် သတင်းအချက်လက်မျိုးကိုမဆို ဂြိုဟ်တုမှတစ်ဆင့် ထပ်ဆင့်ဖြန့်ဝေပေးမည်ဖြစ်သည်။ ဘူးငယ်များ၏ တုန်ခါမှုကိုတိုင်းတာသည့် အာရုံခံကိရိယာများပါရှိမည်ဖြစ်ပြီး လေကြောင်းမှကြဲချလာမည့် ဓာတုလက်နက် များဖြစ်သည့် ှSarin,Mustart Gas,Lewisite,Cyanogen Chloride အပါအဝင် အခြားသော ဓာတုလက်နက်များကိုလည်း ကာကွယ်နိုင်သည့် စွမ်းရည်ရှိပေလိမ့်မည်။ ထို့အပြင်ယင်း၏ တည်နေရာကို စစ်သည်များ သိရှိနိုင်စေရန်အတွက် GPS Antenna တစ်ခုလည်းပါရှိပေမည်။ ကနဦးထုပ်လုုပ်သော မူလပုံစံရင်း အဆိုပါဘူးငယ်များ၌ လတ်တလော ၆နာရီသက်တမ်းသာခံသော်လည်း နောက်ပိုင်းတွင် ရက်အနည်းငယ်ကြာ သည်အထိ သက်တမ်းတိုးမြှင့်လာနိုင်ဖွယ်ရာရှိသည့် ဘက်ထရီများလည်း ပါဝင်ကြသည်။
ယင်းဓာတုလက်နက် အာရုံခံဘူးငယ်များ၏ အမည်အား GS NRT-BDA (Global Strike Near Real-Time Battle Data Assessment) ဟုတရားဝင်ပေးထားကာ စစ်မြေပြင်တစ်ခုရှိမမြင်နိုင်သော ခြိမ်းခြောက်မှု ပုံရိပ်လွှာများအား တစ်မုဟုတ်ချင်း ကျယ်ပြန့်စွာပေးပို့ဖြန့်ဝေပေးနိုင်မည့် ထိုကိရိယာလေး၏ လုပ်ဆောင်ချက် ပန်းတိုင်ကို ရည်ñွှန်းလိုဟန်ရှိပေသည်။ ဓာတုခြိမ်းခြောက်မှုများသည် အများအားဖြင့် ဝေးကွာသောနယ်ပယ် ဒေသများအထိ ရောက်ရှိစေကာ ရန်သူ၊မိမိမခွဲခြားဘဲ ပြင်းထန်ဆိုးရွားစွာ သက်ရောက်စေပါသည်။ ဓာတုတိုက်ခိုက်မှုတစ်ရပ်အားကာကွယ်ရခြင်းမှာ မမြင်နိုင်သည့် ရန်သူအားဖော်ထုတ်ရသကဲ့သို့ရှိပေသည်။ ထို့ကြောင့် ရှေ့ပြေးစစ်သည်များအား ထိုနယ်မြေသည် လုံခြုံမှုရှိမရှိကို သတင်းအချက်အလက်များ ပေးပို့ရာ၌လျင်မြန်မှုသည် အဓိကအရေးပါခြင်းဖြစ်သည်။ အကယ်၍ စစ်သည်များ၏ရှေ့ပေ ၅၀ဝ အကွာအဝေးသို့ရောက်ရှိလာသော ဓာတုတိုက်ခိုက်မှုတစ်ရပ်အား ကာကွယ်နိုင်ရန် အတွက်ဆိုပါက စစ်သည်များအနေဖြင့် အကာအကွယ်ကိရိယာ များဝတ်ဆင်နိုင်ဖို့ရန် လုံလောက်သော အချိန်လည်းပေးရပေလိမ့်မည်။ မည်သို့ပင်ဖြစ်စေကာမှု ယခုကဲ့သို့အံ့ဩဖွယ်ရာ ထုတ်လုပ်နိုင်ခဲ့သည့် လက်တစ်ဆုပ်စာ ပစ္စည်းငယ်လေးသည် ဓာတုလက်နက်များနှင့် အံ့တုဖက်ပြိုင်ကာ လက်တွေ့စစ်မြေပြင်၌ သွားလာလှုပ်ရှားနေရသော မိမိစစ်သည်များအတွက် အကာအကွယ်ပေးနိုင်သော အဖိုးမဖြတ်နိုင်သည့် ပစ္စည်းပင် ဖြစ်ပေတော့သည်။
Source:www.popsci.com/technology
3 comments
မောင် ပေ
May 6, 2013 at 12:32 pm
သိပ်ကောင်းတဲ့ တီထွင်မှုပဲဗျို ့
အနာဂတ် မှာ ဓါတုလက်နက် သုံးမှာ ဘယ်ခွေးတွေလဲ ဆိုတာ တစ်ကမ်ဘာလုံးကလဲ သိနေပြီနော
အခုကို ဆီးရီးယား က သုံးနေပြီ ။
ဟိုနေ ့က အစ္စရေး က ဗုံးကြဲ သေးတယ် ဆိုပဲ
အပြတ် ဗျင်းပစ်ရမှာ
kai
May 6, 2013 at 2:55 pm
ကုလသမဂ္ဂသဘောတူစာချုုပ်အရ… ဓါတုလက်နက်ကိုသုံးခဲ့ရင်..သုံးသူ.. စစ်ရာဇဝတ်ကောင်ဖြစ်တာပါ..
ဆိုတော့..
ဒီလိုကာကွယ်ထောက်လှမ်းနို်င်တဲ့ပစ္စည်းထွင်တာ.. အံ့စရာ..
ဖိုးထောင်
May 6, 2013 at 5:02 pm
ကောင်းလိုက်တာဗျာ ကျနော်တို့တစ်တွေလဲ အဲဒီလိုတွေတီထွင်နိုင်ရင်ကောင်းမှာပဲ