Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

မော်ဒယ်လ် တဲ့လားကွယ်

လူဖြစ်ခဲ့တာ

၁၈ နှစ် ကြာပြီးတဲ့နောက်

တောက်ပပ မျက်ဝန်းတစ်စုံနဲ့အတူ

လူကြီးလေးဖြစ်လာပေမယ့်

အဖေ့ရဲ့ အမြင်မှာ

သမီးဟာ ကလေးသာသာပေါ့ ၊

မလျှော့တမ်းကြိုးစားတဲ့ သမီး

၁ဝ တန်း အောင်ပြီးချိန်မှာ

သမီး ဘာလုပ်မလဲဆိုတော့ မော်ဒယ်လ်ပေါ့တဲ့ ၊

သမီးရေ

အဲသလိုလောကတွေမှာ

အချောအလှတွေခမျာ

မောဟ ဒေါသ ပြောမရ

သောကတွေ အများသားမို့

လက်လျှော့လို့ အနောက်ကိုခွာ

ကိုယ်မကျွမ်းရာလမ်း

သမီး စမ်းမလျှောက်နဲ့

လမ်းပျောက်တဲ့ဘဝ

အကျိုးမလှနိူင်တာမို့

လမ်းကြောင်းပြောင်းစို့ သမီးရေ ။

 

11

24 comments

  • Ko chogyi

    May 17, 2013 at 10:32 am

    မော်ဒယ်ချောချောလေးရဲ့အဖေလား
    အင်း…………..ရွာထဲမှာတော့
    ကြောင်စုန်းတွေရှိတယ်နော်

    • Myo Thant

      May 18, 2013 at 9:00 am

      ရွာထဲက ကြောင်တွေလောက်ကတော့ သနားတယ် ၊

      ကြောင်စုန်းဖြစ်ဖြစ် ကြောင်ကြီးဖြစ်ဖြစ် အေး ဆေး 🙂

  • မောင် ပေ

    May 17, 2013 at 10:39 am

    မော်ဒယ်
    ခေါ်ကွယ်
    ဂေါ်မယ်
    ပျော်တယ်
    ဒေါ်ဆယ်
    ကြော်ဝယ်
    တော်ဖယ်

  • ခင် ခ

    May 17, 2013 at 11:38 am

    မော်ဒန်လေးများ လှသွေးကြွယ်လို့
    မြင်ရသူမှာ စိတ်ချမ်းသာတဲ့
    အိမ်ကသူမှာ ရင်မစွာနဲ့
    သူကတော့ ပြုံးကာရွှင်ကာ နေပြပါရဲ့။

  • အော်အဖေတစ်ယောက်အနေနဲ. စိုးရိမ်သင့်တာပဲလေ….
    ဒီအရွယ်နဲ.ဒီခေတ်မှာ လမ်းကြောင်းပျောက် ရည်မှန်းချက်ပျောက်နေတဲ့ လူငယ်လေးတွေနဲ.စာရင်တော့ ရည်ရွယ်ချက်ရှိတာတော့ကောင်းပါတယ်…
    လုပ်သင့်လုပ်ထိုက်တာကို ကိုယ့်စဉ်းစားဆုံးဖြတ်နိုင်စွမ်းနဲ. ဆင်ခြင် ပြီး ရည်ရွယ်ချက်ပန်းတိုင်ကို ရောက်အောင်ပဲ… အဖေက လမ်းပြပေးရတော့မှာပေါ့……

  • TNA

    May 17, 2013 at 2:54 pm

    ရွာ့ကာလသားများ မျက်နှာချိုသွေးနေဒေါ့မှာမြင်ယောင်ပါအိ။ ဒီလိုအဖေကိုပိုင်ဆိုင်ခွင့်ရတဲ့သမီးကိုလဲ ဂုဏ်ယူသလို ဒီလိုသမီးကို ပိုင်ဆိုင်ထားတဲ့အဖေကိုလဲ ဂုဏ်ပြုပါတယ်။

  • သူကလေး

    May 17, 2013 at 4:57 pm

    အာ့လေးက အူးမျိုးသန့်သမီးလေးလား
    မီးတောင် ဖွဘုတ်မှာတွေ့လို့ like ပေးလိုက်သေးဒယ် ငှဲငှဲ
    ယောကျာ်းလေးမဖြစ်ရတာ နာသကွာ ….
    သမီးအတွက်စိတ်ပူပေးတဲ့ အူးမျိုးသန့်ရဲ့အေးမြတဲ့ချစ်ခြင်းကို နားလည်းပါတယ်လေ
    သူကလေးအဖေလည်း သူကလေးကိုအရမ်းချစ်တာ

  • ရွှေ ကြည်

    May 17, 2013 at 5:57 pm

    ကိုမျိုးသန့်ရေ စိုးရိမ်သင့်ပါတယ် ရွှေကြည်ကတော့သဘောမကျဘူးရယ်
    ဒီလောက ကရှုပ်ထွေးတယ် ကိုယ့်ကိုယ်ကိုထိန်းနိုင်တယ်ဆိုဦးတော့ ရွှေကြည်တော့မကြိုက်ဘူးရယ် ဒါပေမယ့်လည်း ပြောမရရင်တော့ နောက်ကနေသာ စိတ်ချရတဲ့တယောက်သာကပ်ပြီးလိုက်ပေတော့ဗျို့ 😆
    ငယ်ရွယ်တဲ့ကလေးတွေ ဒီလိုပေါ်ပြူလာဖြစ်တာကိုအားကျကြတာများနေတယ် 🙄
    အောင်မြင်မှုဆိုတာ ဒီနယ်ပယ်မှာမှမဟုတ်ဘူး နယ်ပယ်စုံမှာရနိုင်တယ်ဆိုတာ သိဖို့လိုနေပြီထင်တယ်
    တွေးကြည့်ရုံပါ ဝါသနာဆိုတော့လည်းးးးးးးး

    • Myo Thant

      May 18, 2013 at 9:08 am

      သမီးက နားလည်ပါတယ် ၊

      သူက အလတ်ပီပီ အဖွား နဲ့ အဖေက အကြီး နဲ့ အငယ်ကို ပိုချစ်တယ်လို့ ငယ်ငယ်ထဲက ထင်ခဲ့သူမို့

      ဆုံးမတဲ့ နေရာမှာ ပိုပြီးသတိထားရပါတယ်ဗျာ ၊

  • အရှင် သခင် ဆရာ ကိုယ်တော် mobile

    May 18, 2013 at 12:21 am

    ဦးမျိုးသန့်ရေ……
    ဂုဏ်ယူစရာ ကောင်းသလို ရတက်မအေး စရာလည်းဖြစ်နေတဲ့
    အနေအထားလေးတွေကို ဦးမျိုးသန့်အစား ဝင်ပြီးစဉ်းစားမိပါတယ်။
    ဒါနဲ့စကားမစပ်
    ဦးမျိုးသန့် ရဲ့လိပ်စာလေး ပြောပါလားဗျ………….
    :harr:

    • Myo Thant

      May 18, 2013 at 9:03 am

      လိပ်စာ က
      ကန်ဇွန်းရွက် နဲ့ ပေါက်ပေါက်ဆုပ်လို့ ပြောကြတာပဲဗျ ၊ 🙂

  • ဘွင်းဘွင်း ပြောရရင်
    ကျုပ်ဂဒေါ့ အိုက်လိုဟာဒွေ ကျိုက်ဝူးးး
    ညက်စိ အာသာပြေဘဲ ငမ်းမိဒါ .. :mrgreen:

    သမီးဂလေးရေ …
    ဘိုးဘိုးမျိုး ပေါဒလိုဘာဗျဲ ..
    ဘဘအံ ဂလည်း ပေါလိုက်ဘာဒယ် ..
    လမ်းဂျောင်းပြောင်းစို့ သမီးဂလေးရယ် …
    ပြောင်းစရာ မချိ ဘဘအံ ဆီဒါ လာဂဲ့ … :mrgreen:

  • Foreign Resident

    May 18, 2013 at 9:52 am

    အခု လက်ရှိ အချိန် အထိကတော့ ၊ မေါ်ဒယ် အလုပ်ဟာ ၊
    ၁ ။ စားဝတ်နေရေး ကို အာမခံချက်ပေးနိုင်တဲ့ profession တစ်ခု မဟုတ်သေးပါဘူး ။
    ၂ ။ မေါ်ဒယ် ဖြစ် နာမည်ကြီးလာရင် သူဋ္ဌေး ကို ရှာယူနိုင်တဲ့ မက်လုုံးတော့ ရှိပါတယ် ။

    • Myo Thant

      May 18, 2013 at 10:04 am

      ၁ = မှန်ပါ့ဗျား ၊ အဲဒီလမ်းပေါ်မှာ အလဲလဲအကွဲကွဲတွေက ၉ဝ % မကပါဘူး ၊

      ဒါကြောင့် သမီးကို ဗီတိုအာဏာသုံးပြီး လမ်းကြောင်းပြောင်းပေးရတာပါ ၊

  • ဘဲရှုပ်

    May 18, 2013 at 9:56 am

    ဖွဇက် အဲလေ ဂဇက်ကို မလည်ဖြစ်တာ ကြာခဲ့ပါပြီ
    အပြာရောင် ပေးတဲ့သူတွေလဲ ရှိနေဆဲ
    မွေးရာပါ အကျင့်နဲ့တူမယ် ထင်တယ်

    • Myo Thant

      May 18, 2013 at 4:50 pm

      ရန်သူတစ်ပါးတိုးလာပြန်ပြီ

      အံစာတုံးနဲ့သာ စီးချင်းထိုးတော့ကွာ 🙂

  • Phoe Thitsar

    May 18, 2013 at 5:47 pm

    ဦးဦးမျိုး စိတ်ကူးမလွဲနဲ့ …..
    လမ်းကြောင်းပြောင်းစရာရှိ မြန်မြန်ပြောင်းလိုက်ပါ
    မဟာစင်တောင် လမ်းကြောင်းပြောင်းသွားလို့ ကျွန်တော်တို့ ဘယ်လောက်သက်သာလည်း
    လမ်းကြောင်းမပြောင်းရင်တော့ ဘယ်လိုပဲဖြစ်ဖြစ် အဖျားတော့ခတ်ခံရမှာပဲ ဦးမျိုးရေ..
    မိချောင်းမင်း ရေကင်းပြတယ်လို့တော့ မမှတ်ပါနဲ့…..
    သားသားတို့လို လူမျိုးတွေနဲ့ တွေ့မှာဆိုးလို့ ……

    ကိုယ့်ကိုယ်ကိုယ်ဖော် လူသူတော်….. ဟာဟ

  • Mr. MarGa

    May 18, 2013 at 8:01 pm

    မော်ဒယ်
    စာလုံးလေးက နှစ်လုံးတည်း
    လောက ကတော့ ရှုပ်လွန်းတယ်
    ဒီလောကထဲ ဝင်မိရင်တော့
    လမ်းလွဲနိုင်တာတွေ အများကြီး
    အဲဒါတွေကို ရှောင်ရှားနိုင်တဲ့သူဆိုတာ လက်ချိုးရေလို့ရတယ်
    ဒါကြောင့်
    မြန်မြန်သာ ပြောင်းပါကွယ်

  • Mလုလင်

    May 18, 2013 at 11:58 pm

    နဲနဲ ပြောကြည့်မယ်ဗျာ . . ပိုစ့်ပိုင်ရှင်က . . ရင်ဖွင့်ချင်တဲ့သဘောနဲ့တူရဲ့ . . ကြည့်ရတာ . . ဦး Myo Thant လဲ သမီးငယ် အတွက် ရတက် မအေးပဲ . . လမ်းကြောင်းပြောင်းပစ်လိုက်ဖို့ . . . စိတ်ကူးထားပြီးသား နေမှာပါ . .။ သမီးအလတ် ဆိုတော့ . .နဲနဲ ပြောရခက်ပါတယ် . . ဆယ်ကျော်သက် အရွယ် . . ကျွန်တော် တို့တွေ ဆယ်ကျော်သက် အရွယ် ရဲ့ စိတ်ခံစားမှုကို နဲနဲ ထည့်စဉ်းစားသင့်တယ် ထင်တယ်ဗျ ..။ အဲ့ဒီ့ အရွယ်က အဖွဲ့တစ်ခုခုထဲမှာ အကောင်ဖြစ်ချင်စိတ်၊ ကိုယ့်ကို လူများများ က သိနေစေချင်စိတ် အဲ့လို စိတ်တွေ ငယ်ထိပ် တက်ကပ် တဲ့အရွယ် တဲ့ဗျ . . ဆိုတော့ . . ဗျာ . . ဒီကနေ စ နောက်ဘဝ တစ်လျှောက်လုံးမှာ . . ကျရှုံး မှုတွေနဲ့ ရင်ဆိုင် ရတဲ့အခါ . . ဖေဖေ က သမီးဖြစ်ချင်တာကို ပေး မလုပ်လို့ ဆိုပြီး အပြောမခံ ရပဲ . . ဖေဖေ ကြောင့် . . သမီး မော်ဒယ် မလုပ် မိတာ ကံ အရမ်းကောင်းတယ် . . ဖေဖေ ရေ .. . ဆိုတဲ့ ပီဟဝါဆာ ချစ်ဖွယ် သောစကား ကိုသာ ကြားနိုင်ပါစေ လို့ . . . အလေးအနက် ဆုတောင်း ပေးပါတယ် ဗျ . ။

    • မောင် ပေ

      May 19, 2013 at 1:01 pm

      အေးဗျာ
      ဒီတစ်ခါ ရန်ကုန်ရောက်ရင်ဖြင့်
      ဦးဦးအန်ကယ်မျိုးသန် ့ တို ့ဆီ ၊ လက်ဆောင်ပဏ္ဍာများနဲ ့ ဂါဝရပြု သွားရမယ်ဗျို ့
      ဟီ ဟိ

  • TheWinner Getprize

    May 19, 2013 at 11:45 am

    ငယ်ငယ်က secretary သင်တန်းတွေတက်ပြီး secretary ဖြစ်ချင်ခဲ့တဲ့ ကျွန်မကို အဖေက အသည်းအသန် တားခဲ့တာကို ပြန်သတိရမိပါတယ်။
    မော်ဒယ်ဆိုတော့ ပိုပူမိမှာပေါ့။
    ကျွန်မလည်း အဖေ့ကြောင့်ရွေးချယ်မှု မှန်ကန်ခဲ့ပါတယ်။ ဦးမျိုးသန့်သမီးလေးလည်း အဖေဖြစ်စေချင်တာကို နားလည်လာဖို့ မျှော်လင်မိပါတယ်ရှင်။

  • အလင်း ဆက်

    May 19, 2013 at 10:17 pm

    ဖတ်သွားတယ်ပဲ.ပြောတတ်တယ် ။
    ခံစားသွားပါတယ်.လို ့ ထပ်ပြောတတ်တယ် ။
    ဒါပါပဲ

Leave a Reply