Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

လုပ်ဖော်ကိုင်ဖက်များသို့

ေ႐ႊဂ်ဴးMay 20, 20131min62515

လုပ်ဖော်ကိုင်ဖက်ဆိုတဲ့ထဲမှာ အထက်လူကြီး၊ ကိုယ်နဲ့ တန်းတူ၊ ကိုယ့်လက်အောက်ကသူတွေ အားလုံးကို ဆိုလိုပါတယ်။ နည်းနည်းလေးများ ကိုယ်ချင်းစာတရားလေးများ ထားစေချင်ပါသည်။ လုက်သက်တစ်လျှောက်တစ်ခါမှ မမှားခဲ့ဖူးသော သူတစ်ယောက်က မထင်မှတ်တဲ့ တာဝန်မဲ့တဲ့ စကားတစ်ခွန်းကြောင့်/အခြေအနေတစ်ခုကြောင့်/ မှားသွားခဲ့တယ်ဆိုရင် အဲ့ဒါကို ဘာလို့ အမှန်တိုင်းမမြင်ပေးချင်ကြတာပါလဲ။ အထက်လူကြီးတစ်ယောက်အနေနဲ့ရော ကိုယ့်လက်အောက်က သူကို အများကြီးမျှော်လင့်ထားသည်ဖြစ်ပေသော်ငြား ကိုယ်ကိုယ်တိုင်လည်း လုပ်သက်နုစဉ်ကအခါက မှားခဲ့ဖူးသော အမှားများ၊ အမှားဖြစ်သွားတဲ့အချိန် ခံစားနေရတဲ့ စိတ်ခံစားချက်… ဒါတွေကို ဘာလို့များ ပြန်စဉ်းစားပြီး ကိုယ်ချင်းမစာနိုင်ကြတာပါလဲ။ အထက်လူကြီးက အလုပ်ရှင်သူဌေးဆိုရင် မပြောလိုပါဘူး… သူဌေးဆိုတာက အတ္တကြီးကြစမြဲပါ… နည်းတာနဲ့ များတာပဲ ကွာပါတယ်… အဲ့လိုမျိုး အမှားလုပ်လိုက်မိတဲ့ လုပ်ဖော်ကိုင်ဖက်တစ်ယောက်ကို  ဘာကြောင့်များ ရှေ့ဆက်ပြီး ယုံကြည်မပေးတော့တာလဲ… အမှားတစ်ခါလုပ်လိုက်တာနဲ့ နောက်လည်း တလွဲတွေပဲ ဖြစ်ဦးမယ်လို့ ယူဆထားလို့လား…

အလုပ်လုပ်တယ်ဆိုတဲ့ နေရာမှာ အကြီးကလည်း အငယ်ကိုယုံ အငယ်ကလည်း အကြီးကို ယုံကြည်မှူ အပြန်အလှန်ရှိမှ လုပ်ရတဲ့အလုပ်လည် အဆင်ပြေတာပါ… သင်းခွဲထားသလို ဖယ်ကျဉ်ထားသလိုမျိုး အလုပ်ထဲမှာ ထားတာက ဘယ်လိုမျိုးဖြစ်စေချင်တာပါလဲ… အမှားတစ်ခုလုပ်လိုက်မိလို့ စိတ်ဓာတ်အကျကြီးကျနေတဲ့သူတစ်ယောက်ကို အဲ့လိုမျိုးထားတာက ဘယ်လိုရည်ရွယ်ချက်တွေပါနဲ့လဲ…

ပြီးတော့ကာ… ကိုယ့်လက်အောက်က သူကရော အကြီးဖြစ်သူက မမှားသင့်တဲ့အမှားကို လုပ်လိုက်မိတာနဲ့ ဒီလူကြီး သုံးစားလို့ မရပါဘူးလို့ ထင်နေပါသလား…. အသက်ကြီးတယ် လုပ်သက်ပိုများတယ်ဆိုတာ အလကားကြီးတာ အလကားများတာ မဟုတ်ပါဘူး… အငယ်တွေ မကြုံသေးတာ မတွေ့သေးတာကိုတွေ့ပြီး ကြုံပြီးတဲ့ သဘောဆောင်ပါတယ်… အဲ့တော့ အမှားလုပ်ထားတဲ့အကြီးက ပြောတဲ့အခါ အဲ့ဒီအကြီးထက်က အကြီး အကြီးတွေ ပြောသလိုမျိုး ဘာလို့ မခံယူနိုင်/မခံယူချင်ရတာပါလဲ… အဲ့ဒီ့အကြီးထက်က အကြီးတွေကရော အမှားတစ်ခါမလုပ်ခဲ့ဖူးဘူးလို့များ ခံယူထားလို့ပါလား

ကိုယ်တိုင်ကပဲ မကောင်းမြင်တာ များနေလို့လား…. ဒါမှမဟုတ်….

 

ရွာနဲ့ အဆက်အသွယ်ပြတ်နေတာကြာပါပြီ… တော်တော်ကြာကြာပျောက်ပြီးမှ ပြန်ရေးဖြစ်တဲ့ စာလေးပါ

အားပေးကြပါဦးလို့

ဂျူဂျူး

 

 

15 comments

  • မွေ့ကေသာ

    May 20, 2013 at 9:51 am

    လူဘဝတွင် လူတိုင်းလူတိုင်းသည် မုဆိုးတစ်လှည့် သားကောင်တစ်လှည့် ဖြစ်စတမ်း… ကိုယ်မုဆိုးဖြစ်တဲ့အချိန်မှာ… ယုန်လည်း မရှောင် ငှက်လည်းမရှောင်… မီးပေါက်သေနတ်နဲ့ပစ်မယ်ဆိုရင်တော့…
    ကိုယ်သားကောင်ဖြစ်တဲ့အလှည့်မှာတော့… သက်သာလိမ့်မယ်လို့ ဘယ်တော့မှ မအောင့်မေ့လေနဲ့…

  • ဦးကြောင်ကြီး

    May 20, 2013 at 9:53 am

    ဂျူဂျူး
    မူတူး
    အူမြူး
    ပူစူး
    လူဗူး
    သူရူး
    တူထူး
    ဆူဘူး..

  • TNA

    May 20, 2013 at 10:54 am

    ဆိုလိုရင်းတော့ သိပ်မရှင်းလှပေမဲ့ ကိုယ်ပိုင်ခံစားချက်ကလေးလို့ထင်ပါတယ်။ လုပ်ငန်းခွင်တခုမှာ အတိုက် အခိုက်ဆိုတာရှိမြဲမို့ ကိုယ့်အမှားကိုစောင့်နေတဲ့သူ နဲနဲမှားတာနဲ့များများခြေထိုးမဲ့သူ ကိုယ့်နေရာဝင်ယူဖို့ အခွင့်အရေးချောင်းနေတဲ့သူ ကိုယ်ဝင်ယူလို့မရတဲ့နေရာပေမဲ့ ကိုယ့်နေရာလေးမြဲဖို့ ချောက်တွန်းဖို့ အကွက် ချောင်းနေသူတွေ အများကြီးမို့ မှားတာကို ရမယ်ရှာတာလဲဖြစ်နိုင်ပါတယ်လေ။

  • မွေ့ကေသာ

    May 20, 2013 at 11:01 am

    @ အန်တီTNA
    ကွန်မန့်အတွက်ကျေးဇူးတင်ပါတယ်…
    ကိုယ်ကိုယ်တိုင်လည်း အဖြေရှာလို့ မရတော့ ရေးတဲ့စာကလည်း ဆိုလိုရင်းကို သိပ်မရှင်းဘူး ဖြစ်သွားပါတယ်…. ခုတလော အလုပ်ထဲမှာ တော်တော်စိတ်ကျဉ်းကျပ်နေလို့
    ဒီစာလေး ရေးဖြစ်သွားတာပါ

  • မောင် ပေ

    May 20, 2013 at 7:14 pm

    ဂျူဂျူး လေး ကို ကိုပေ့ စကတ်ထရီ ခန် ့ချင်မိတယ်ကွယ်
    ဂျူဂျူးလေး အမြဲတမ်းပျော်ရွှင်စေရမယ့် လုပ်ဖော်ကိုင်ဖက် ဖြစ်စေရမယ် လို ့

    • မွေ့ကေသာ

      May 21, 2013 at 3:45 pm

      @မောင်ပေ
      ကွန်မန့်အတွက်ကျေးဇူးတင်ပါတယ် ကပေရေ..
      မတွေ့တာကြာလို့ ဟောဒီ ဂျူဂျူးကိုု မေ့သွားပြီထင်နေတာ…

  • Traditional Medicine

    May 20, 2013 at 7:19 pm

    ဂျုးရေ ..မောင်ပေ..ဆိုတဲ့..လူက စကတ်ထရီ..ခန့်မယ်ဆိုပဲ..ခုအလုပ်မှာပဲကြိုးစားရင်ဆိုင်နော်..နို့မို့ဆိုရင်
    ဂျုးဘဝ..ကတော့မလွယ်ဘူး..fighting! Life is not a Poem.

    • မွေ့ကေသာ

      May 21, 2013 at 3:53 pm

      @Traditional Medicine
      ကွန်မန့်အတွက် ကျေးဇူးတင်ပါတယ်ခင်ဗျာ
      အရှုံးမပေးဘဲ ဆက်လက်ကြိုးစားနေပါတယ်…

  • padonmar

    May 21, 2013 at 4:25 am

    အရေးကြီးဆုံးက ကိုယ့်ရဲ့စိတ်ကို ပြုပြင်ဖို့ပါပဲ။
    ငါအမှားလေးသေးသေးလေးလုပ်မိတာကို အပေါ်တွေ အောက်တွေက ဝိုင်း အပြစ်မြင်နေကြတယ်လို့ မမြင်ပဲ
    ငါ အမှားလုပ်မိတယ်၊ဒီအမှားမျိုးနောင် ထပ်မဖြစ်အောင် ငါကြိုးစားမယ်။
    ငါ့အထက်ကလူ ငါ့ထက်ကြီးသူက ငါ့ကို လမ်းညွှန်ဆုံးမပေးနေတာ၊
    ငါ့အောက်ကလူ ငါ့ထက်ငယ်သူက ငါ့အပေါ် ဘယ်နေရာမှာ ကောင်းထားဖူးတာ …
    စသည်ဖြင့် ကောင်းကွက်လေးတွေ ပြန်စဉ်းစားကြည့်ပါ။
    မျက်မှန်စိမ်းတပ်ရင် လောကကြီးက စိမ်းနေပါမယ်။
    မျက်မှန်နီတပ်ရင် လောကကြီးက နီနေပါမယ်။
    ကိုယ့်ဖက်က မဟုတ်ပဲ သူများနေရာက ပြန်ကြည့်ပြီး တွေးကြည့်ပါ။
    အဆင်ပြေသွားပါလိမ့်မယ်။

    • မွေ့ကေသာ

      May 21, 2013 at 3:58 pm

      @အန်တီpadonmar
      ဟုတ်ကဲ့ သမီးလည်း အတတ်နိုင်ဆုံး ပြုပြင်ပါတယ်..
      ခုကိစ္စက အထက်လူကြီးက လမ်းညွှန်ဆုံးမတဲ့အဆင့်မဟုတ်တော့ဘဲ ပညာပြပြီး စိတ်ပျက်အလုပ်ထွက်သွားအောင် လုပ်တဲ့အဆင့် ရောက်နေတာမို့လို့ ဒီလိုမျိုး စာသားတွေထွက်လာရတာပါ…
      အတတ်နိုင်ဆုံး လောကကြီး ဘာကာလာမှ မပါတဲ့ မျက်လုံးနဲ့ပဲ ကြည့်ဖို့ ကြိုးစားနေပါတယ်

  • Mobile13

    May 21, 2013 at 10:05 am

    ကိုယ်ခြင်းစာတရားပါပဲ။
    ဟုက်မဟုက်တော့မသေချာ ကြားဖူးတာလေးပြောရင်…
    ဗိုလ်အောင်ဆန်း ရဲ့စစ်သားတစ်ယောက်က ”ငါတို့ ဗမာပြည် မိဘတိုင်းကရယ် ဗိုလ်အောင်ဆန်းလို လူဆိုးလေးတွေမွေးရမယ်” ဆိုပီး သီချင်းကို ဖျက်ဆိုသတဲ့ သူဆိုနေတဲ့ အချိန်မှာ ဗိုလ်ချုပ်က အနားမှာရောက်နေတာကို သူကမသိဘူးပေါ့။ ပြီးမှ ဗိုလ်ချုပ်ကို မြင်သွားပြီး လန့်သွားတယ်ပေါ့။ အဲ့ဒီအခါမှာ ဗိုလ်ချုပ်က ”ရပါတယ် တစ်ခါတစ်ရံ ဒါမျိုးတွေက ဖြစ်တတ်ပါတယ်” ဟုဆိုကာ စစ်သားလေးကို ခွင့်လွှတ်လေသတဲ့။
    အောက်လက်ငယ်သားရဲ့အမှားပင်မက စော်ကားတဲ့ စကားကိုပင် ခွင်လွှတ်ပေးနိုင်သူ။
    အဲ့ဒါကြောင့် မြင့်မြတ်တဲ့ ခေါင်းဆောင်ဟုခေါ်လေသည်။
    ထိုသို့မဟုက် ဆန်ကျင်ဖက်ဖြစ်သော အကြီးအကဲများကို ဘယ်လိုခေါ်ရမလဲဆိုတော့ ယုက်ညံ့တဲ့ခေါင်းဆောင် သဘေားထားသေးသိမ်သည့် စကောလောက်မှစောက်မနက် သူများဟု မှတ်ယူထိုက်ပေသည်….,

  • မွေ့ကေသာ

    May 21, 2013 at 4:03 pm

    @Mobile13
    ကွန်မန့်တဲ့အတွက် ကျေးဇူးတင်ပါတယ်…
    ဒီကွန်မန့်ကို တစ်ယောက်ယောက် ဖတ်ပြီး သဘောပေါက် နားလည်နိုင်ပါစေလို့
    ဆုတောင်းပါတယ်

  • အရီးခင်လတ်

    May 21, 2013 at 4:28 pm

    လူကြီး က လူကြီးလို မနေတတ်ရင် လူငယ်က သာ ခွင့်လွှတ်ပြီး အလိုက်အထိုက်ပေါင်း နေလိုက်တာက အလုပ်ထဲ မှာ ပိုပြီး အဆင်ပြေနိုင်မယ် ထင်ပါတယ် ကေသာ ရေ။
    တစ်ခြားစစ်ကူ ရှာတာထက် ပိုပြီး အောင်မြင်နိုင်ပါမယ်။
    အပေါ်က အစ်မဒုံ ပြောသလိုပေါ့။
    ဒါထက်
    အဲ့ လူကြီး ကိုလဲ ဂဇက်ရွာထဲ ဝင်လာခိုင်းကြည့်ပါလား။ 😆

  • မွေ့ကေသာ

    May 21, 2013 at 4:38 pm

    @အရီးခင်လတ်
    ဟုတ်ပါတယ် အရီးရေ… ခု ကေသာလည်း ခွင့်လွှတ်သည်းခံပြီး နေခဲ့ နေမြဲ နေဆဲပါ…
    ပြောမယ့်သာ ပြောတာ အရီး အဲ့လူကြီးက ဂဇက်ကိုတော့ သည်းကြီးမည်းကြီးဖတ်တဲ့သူဗျ…
    အဲ့ဒါကြောင့်လည်း သူဖတ်မိပါစေဆိုပြီး တင်လိုက်တာ ဒီပို့စ်ကို

    • အရီးခင်လတ်

      May 21, 2013 at 5:32 pm

      ဟား ဟား ဟား 😆
      ရွာထဲက Generation X လူကြီးတွေ တန်းစီ ဟေ့။
      လက်ဖြန့်။ စုံး ရှာမယ်။
      :harr:

Leave a Reply