ဘုံဆိုင်အတွင်းမှ မှတ်သားဖွယ်ရာ
တစ်ခုသော လမ်းဘေးဘုံဆိုင်တစ်ခုတွင် တစ်စုသော ယောက်ျားလူငယ်တို့သည်
မိန်းမများ၏အကြောင်းကို တစ်ယောက်တစ်ပေါက်ဆူညံစွာဖြင့် ပြောဆိုနေကြလေကုန်၏
( အထူးသဖြင့် မိန်းမများကို ပမာမခန့်မလေးမစားပြောဆိုနေကြခြင်းဖြစ်ရလေတော့၏ )
ထိုအခိုက် ၎င်းတို့၏ဘေးနားရှိ ခပ်တောင့်တောင့်ခပ်ဖြောင့်ဖြောင့် ပုဂ္ဂိုလ်ကြီးတစ်ယောက်သည်
သူ၏ သောက်စားခြင်းကျသင့်ငွေကို ရှင်းလင်းပြီးလျှင် ထိုလူငယ်တို့၏ ခုံဘေးသို့ အပရို့( ချ် ) ချဉ်းကပ်ပြီးရပ်နေလိုက်လေသည်တွင်
လူငယ်တို့သည် ပြောဆိုခြင်းအမှု့တို့ရပ်သွားကြကာ ထိုပုဂ္ဂိုလ်ကြီးအားဝိုင်း၍ကြည့်နေကြလေကုန်၏
ထိုအခိုက်တွင်းဝယ် ဆိုင်အတွင်း၌လည်း အခိုက်တန့် တိတ်ဆိတ်သွားရလေတော့သည်
တိတ်ဆိတ်သည့်အခိုက်တန့်လေးတွင်ပင် ထို ခပ်ဖြောင့်ဖြောင့်ခပ်တောင့်တောင့် ပုဂ္ဂိုလ်ကြီးသည်
တစ်စုံတစ်ခုကို ပြောဆိုလိုက်လေပြီးပါလျှင် ဆိုင်ကိုကျောခိုင်း၍ တစ်ရွေ့ရွေ့ထွက်ခွါသွားလေသောအခါ
လူငယ်တစ်သိုက်တို့သည် အတွေးကိုယ်စီဖြင့်ကျန်ရစ်ခဲ့ကြကုန်လေးသတည်း။
ထိုပုဂ္ဂိုလ်ကြီးပြောသွားသောစကား၏မူရင်းကို လုံးဝပြင်ဆင်ခြင်းမပြုဘဲဖေါ်ပြလိုက်ရပါတော့သည်။
မိန်းမဆိုတာ ဆားလောက်လည်းမငံသလို ငပိလောက်လည်းမနံပါဘူးကွာ
( စကားချပ် ) အထက်ပါအကြောင်းအရာကိုပြောဆိုသွားသူမှာ www.myanmargazette.net ၏ နာမည်ကြီး ဆာယေးစယာ အကျော်အမော်
မိုကယ်ဂျော်နီအောင်ပု ပင်ဖြစ်လေ၏ ဆိုသည်ကို စာဖတ်သူများသိရှိကြလေကုန်မည် မဟုတ်ပါလော။
18 comments
ဦးကြောင်ကြီး
May 21, 2013 at 9:39 am
ဖားပြုတ်ဂျော်နီအောင်ပုဆိုတဲ့သူဟာ ငါးခြောက်ထက် အသား မမာသလို ပုဇွန်ခြောက်လောက်လဲ အသုံး မခံပါဘူးကွာ… :kwi:
Kaung Kin Pyar
May 21, 2013 at 9:43 am
ခပ်တောင့်တောင့် ခပ်ဖြောင့်ဖြောင့် ပုဂ္ဂိုလ်ကြီးဆိုလို့ ဘူများမှတ်တယ်….။ လက်စသတ်တော့ …… သူဖြစ်နေတာကိုးးးးးး
ရာမည
May 21, 2013 at 9:58 am
ဪ
ဒီလူကြီး မိန်းမအကြောင်းသိသွားပြီကိုး
ဆက်လုပ် ဆက်လုပ်
ငရုပ်သီးလေးဘာလေးလိုလျှင်လည်းအကြောင်းကြားလိုက်ပါဦး
TNA
May 21, 2013 at 11:29 am
အော်ပိုစ့်ထဲမှာမှာမှ စိတကူးယဉ်လို့ရသမို့ စိတ်ကြိုက်သာယဉ်ပါလေ့ ဘွပုရေ။ နေတိုးလို့ပြောလဲ ယုံပေးပါမယ်။ ရန်အောင်လို့ပြောလဲ ယုံပေးပါမယ်။ ကျော်သူလို့ပြောလဲ ယုံပေးပါမယ်။ငွိငွိငွိ။
မဟာရာဇာ အံစာတုံး
May 21, 2013 at 11:30 am
ယဆာအောင်ပု က ခပ်တောင့်တောင့် ခပ်ဖြောင့်ဖြောင့် ဆိုဒေါ့ဂါ
အသုဘ အလောင်းတွေလို ဆန့်ဆန့်ဂျီးနဲ့များ ခပ်ဆင်ဆင် တူနေလေမလားလို့
မှန်းပြီး တွေးကျိလိုက်ဘာဒယ် …
((မှန်၊ မမှန်မှာ ယဆာအောင်ပု ၏ ဆုံးဖြတ်ချက်သာ ဖြစ်ပါအိ))
ဒါ့ထက် .. ယဆာအောင်ပု ပျောသွားတဲ့ စကားကို သိပ်မရှင်းလင်းဘူး ….
မိန်းမတွေကို သိပ် မငံ၊ သိပ် မနံ ဒဲ့ အမျိုးလို့ ဆိုလိုဒါလား … ((ရွာထဲဂ ကျုပ်လူဒွေ မပါ))
ဒါမှ မဟုတ် ဟင်းနဲ့ ရောပြီး ချက်စားရဒဲ့ဟာလို့ ဆိုလိုဒါလား ….
ကျုပ်က ဆားလည်း စားဖူးဘာဒယ်၊ ငပိလည်း စားဖူးဘာဒယ် …
ဒါပေသိ … ယဆာအောင်ပု ပြောဒဲ့ဟာဒေါ့ မစားဖူးတဲ့ အတွက်
မငံဘူး၊ မနံဘူး ဆိုဒါဂို အတီ မပြုနိုင်ဘာဂျောင်း ….
ဒီအတွက် ရှင်းလင်းစေလိုဘာအိ ….
kyeemite
May 21, 2013 at 11:31 am
http://www.myanmargazette.net ၏ နာမည်ကြီး ဆာယေးစယာ အကျော်အမော်
မိုက်ကယ်ဂျော်နီအောင်ပုသည်ကား မိန်မများအား လျှာနှင့်ယက်ဖူးခြင်း(ငံသည်ကိုသိ၍)၊ နှာခေါင်းဖြင့်
နမ်းဖူးခြင်းတို့မှာ(နံသည်ကိုသိ၍)…သေခြာသွားတော့သည်တမုံ့..
:kwi:
မောင် ပေ
May 21, 2013 at 1:47 pm
အဟဲ
အစမှာ နဲနဲ ညှီသလိုလို ရှိပေမယ့်
ကြာရင် ကောင်းပြီးရင်း ကောင်းသွားတာကလား
ရွှေတိုက်စိုး
May 21, 2013 at 1:57 pm
မိန်းမဆိုတာ ဆားလောက်လည်းမငံသလို ငပိလောက်လည်းမနံပါဘူးကွာ
ဆိုတော့ မွှေးဟောင်ဟောင်လေးပေါ့နော်…………..အာဟိ…… :kwi:
အရီးခင်လတ်
May 21, 2013 at 2:30 pm
ဆိုတော့ ….
ငံပြာရည် လို့ ညွန်းသပေါ့လေ။ 👿
တောက်စ် (မူ – ဂဂ)
Mon Kit
May 21, 2013 at 4:03 pm
ဘုံဆိုင်အတွင်းမှ မှတ်သားဖွယ်ရာက တော်တော်မှတ်သားလောက်တာဘဲ….
:harr:
ကြောင်ဝတုတ်
May 21, 2013 at 4:27 pm
အမ်း….
ရေတော့ချိုးလာရှာတယ်… ဒါပေမယ့် ၂နာရီလောက်တော့ရှိပုံပဲ…
အမ်း….
(၂)နာရီလောက်ရှိပေမယ့် ပိုးဇိုးပက်စက် မဖြစ်သေးဘူးဆိုတော့… အဲယားကွန်းခန်းထဲမှာနေပုံပဲ…
အမ်း…
အဲယားကွန်းခန်းထဲမှာနေတဲ့ အပျိုကြီးတွေဘာလုပ်နေလဲ… ကိုယ့်ဟာကိုယ် လျှက်ကြည့် နမ်းကြည့်နေလား…
:harr:
ခင်မင်လျက်-
ဖက်ဖက်ကက်
ရဲစည်(ခ)စောဖွပြေး
May 21, 2013 at 4:41 pm
အံ့ဩောဖွယ် အတိပင် ဖြစ်တော့မူသည် တဂါး 。。。 🙂
သူပြောမှာ သေချာသိအောင် xxxကြည့်အုံးမှ 。。。 ကိန် ကိန်
awra-cho
May 23, 2013 at 11:04 am
ကြောင်ဝ တုတ်ကြီးက အတွေ့အကြုံများ ပုံပဲ။ ဒါနဲ့ ငပိက ဖုတ်စားမှ ကောင်းတာဗျ
e tone
May 23, 2013 at 4:00 pm
အောင်မလေး … ဒါမျိုးဆို .. ကိုယ်တိုင် စားသုံးဖူးသူတွေ .. အတိုင် ဖောက်ကို ညီနေကြဒါဗြဲ….. :eee:
Mr. MarGa
May 23, 2013 at 8:24 pm
နတ်ပြည်က နတ်သမီးလေးတွေကတော့ အဲလိုဟုတ်ဖူးဗျ
:kwi:
naywoon ni
May 24, 2013 at 11:26 am
အော်…….. ကိုအောင်ဘုတို့များ မှားလောက်သားလောက် ပြောတတ်ပါပေရဲ့ ….. ဟင်း…….ဟင်း ညှင်း ညှင်း ငပိထက်နံပြီး ဆားထက်ငံတာ သူမတွေ့ ဖူးသေးလို့နေမှာ :kwi: :eee: :harr:
မောင် ပေ
May 24, 2013 at 1:58 pm
ဒါ တွေ တော မှာ သွား ပြော
ဟီ ဟိ
cobra
May 24, 2013 at 3:32 pm
အဲ့ဒါဘာကိုဆိုလိုတာလဲ ကျွန်တော်တကယ်မသိလို့မေးတာပါ။
သူများတွေလည်းပြောကြတယ် ဆားလောက်လည်းမငံဘူး
ငပိလောက်လည်းမနံဘူးဆိုတာ
ကျွန်တော်မသိလို့ ရွာထဲကလူကြီးများရှင်းပြပါဦး လို့တောင်းဆိုပါတယ်။