Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

အိပ်မက်မင်းသမီး

မျက်လုံးကိုမှိတ် အိပ်စက်လေတိုင်း

မစေခိုင်းပဲဝင်လာ ကြင်နာမျက်ဝန်း

ရွှန်းလဲ့လဲ့အပြုံး တစ်လောကလုံးတိတ်ဆိတ်

လက်ချင်းချိတ်လိုက်တဲ့အခါ

ငါ့ခမျာ အသက်ရှုရပ်မတတ်

တလှပ်လှပ်ရင်မော အဘယ်သို့သောတန်ခိုး

ဒီ ငမျိုးကိုပြုစား သူ့အပါးကငါမခွာနိူင်

သဒ္ဓါတွေကပြိုယိုင်လဲ ပိုနိူင်ပဲရယ်လို့ထင်ချင်ထင်

ဒီရင်ခွင်မှာ သူဘုရင်မ ကိုယ်ထင်ပြခဲ့ပြီပဲ

ဒါပေမယ့်လည်း သွားနေဆဲအချိန်တွေက

တိမ်တွေကြားက လကိုဆွဲယူ

အရုဏ်သူကနီးကပ်လာ

ကြီးမြတ်စွာသော မင်းသမီး

ဇွတ်အတင်းကြီးနှုတ်ဆက်သွား

နောက်ညများမှ ပြန်လာမတဲ့

ရှည်လှတဲ့ နေ့တာကြားမှာ

ငါ ဘာမှလည်းမလုပ်ချင်

မြင်နေတာက မင်းမျက်နှာ

ကြာလှတဲ့ နာရီတွေထဲ

ညရောက်ဖို့ပဲငါမျှော်နေ

မင်းသမီးရေ

မြန်မြန်အိပ်မက် မက်ပါစေ ၊

 

10

13 comments

  • ဦးကြောင်ကြီး

    May 21, 2013 at 10:15 am

    မျက်လုံးမှိတ်၍
    သူမအိပ်စဉ်
    ခြေသံလုံလုံ
    နှင်းမှုန်မှုန်ကြား
    ကျွန်ုပ်စောင်မ
    ကြည့်ရှုခဲ့သည်..
    ဂလုမြည်ဟန်
    နှာသံတဝက်
    ငါမာန်တက်တော့
    ဟေးလားမောင်တို့ဝါး
    ဆိုတဲ့…
    ရွာထိပ်က
    ဗျောသံနဲ့အတူ
    ကြောင်ကြီးခမျာ
    ဗလောင်ဆူပွက်
    စိတ်စေရာဟပ်ရင်း
    လူပျိုဘဝ
    ပျက်ခဲ့ရတယ်
    မက်ခဲ့မိတဲ့
    အိုဗယ့်အိမ်မက်…။

    • Myo Thant

      May 21, 2013 at 10:21 am

      ကိုကိုကြောင်ရဲ့ ဘဝက ရင်နာစရာပါလား

  • အိပ်မပျော်သူအတွက် ညတာဟာ ရှည်လှသည် … တဲ့ ….။
    အခု ဒီထဲကအတိုင်းဆိုရင်
    ခင်ဗျားအတွက် ညတာဟာ တိုတွန်းနေမယ် ထင်ပါဒယ် …။
    တကယ်လို့များ ရှည်ချင်သပဆိုရင် ((ည)) ကျုပ်ကို ပြောပါ …
    ကျုပ်မှာ ((ည)) ရှည်တဲ့ဆေး ရှိတယ် ….။ :mrgreen:
    အားပေးသွားပါတယ်ဗျာ ….။

    • Myo Thant

      May 21, 2013 at 12:16 pm

      နွေညတွေဆိုတော့ ညတာတိုသပေါ့ကွယ်
      ဆောင်းညရောက်လာရင်ဖြင့် . . . . .

  • မောင် ပေ

    May 21, 2013 at 1:59 pm

    အိပ်မက်မင်းသမီးကို အခုသိသွားပြီ
    အိပ်မက်နတ်သမီး ကတော့ နားထောင်ခဲ့ဖူးတဲ့ သီချင်းကောင်းတစ်ပုဒ်ပဲဗျ
    ကိုအောင် ရေး/ဆို ထားတယ် ထင်တာပဲ ။ မှားရင် ဆောရီးပါ

  • KZ

    May 21, 2013 at 2:34 pm

    မိုက်တယ်ကွာ။
    ကမျိုးသန့် ရဲ့ အိပ်မက် မင်းသမီးလေးက။

    အနော်လည်း မင်းသမီးပဲလေ။
    အိပ်မက်မင်းသမီးတော့ ဟုတ်ဝူး။

    အအိပ်မက် မင်းသမီး။ ခွိခွိခွိ
    :mrgreen:

  • Phoe Thitsar

    May 21, 2013 at 5:07 pm

    အိမ်မက်သာ တကယ်ဖြစ်လိုက်ရင် ဦးမျိုးကြီး ဘာတွေလုပ်မလဲ…..
    ဟိဟိ…… ကြောက်စရာကြီး…….

  • Kaung Kin Pyar

    May 22, 2013 at 9:50 am

    အူးမျိုး မြန်မြန်မှ မရှင်းရင် တွေးချင်တာတွေ လျှောက်တွေးကုန်ကြတော့မယ်….။ မြန်မြန်ရှင်းပါဗျို့…..။ အိပ်မက်မင်းသမီးက ဘူဒုန်း…။ ချိတ်ဝင်ဇားတယ်…။ အဲ့သဟာပါ ရှင်းပါ…။

    • Myo Thant

      May 22, 2013 at 11:19 am

      အိပ်မက်မင်းသမီး ဆိုမှတော့ အိပ်မက်ထဲမှာသာ တွေ့နိူင်သူပေါ့ကွယ် ၊

  • သူကလေး

    May 22, 2013 at 12:18 pm

    မနက်ဖြန်ဆိုတာ
    လှတပတ အိပ်မက်လေးတစ်ခုဖြစ်ခဲ့မယ်ဆိုရင်
    ကျွန်မ ညတိုင်း နှစ်နှစ်ခြိုက်ခြိုက်အိပ်စက်မိအုံးမှာပါ

    (သူကလေး – နေသာသောနေ့တစ်နေ့ဖြစ်လိုက်ချင်သည်မှ) အဟီး 😀

    • Myo Thant

      May 22, 2013 at 1:49 pm

      အိပ်မရတဲ့ ညပေါင်းတွေရယ်

      နှစ် လ ရက်တို့ ရှည်ကြာညောင်းပြီကွယ်

      အကောင်းဆုံးက ဂစ်တာတီးနေမယ် ၊

  • alinsett

    September 13, 2013 at 5:41 pm

    ကဗျာ တွေ ပြန်ဖတ်ရင်း
    ကဗျာလေး ပြန် ဖတ်မိတော့
    ဒီည အိပ် မက်ချင်သွားတယ်

    🙂

  • sorrow weaver

    September 13, 2013 at 5:57 pm

    မိုက်သဗျို့ …အိပ်မက်နတ်သမီး ..အို…အို..အိပ်မက်နတ်သမီး .. 🙂

Leave a Reply