၄ လရှည်ကြာ ရွာထဲမှာ
ဪ ဒီနေ့ မေလ ၂၂ ရက်နေ့ဆိုတော့ ရွာထဲရောက်တာ ၄ လကြာခဲ့ပြီပဲ ၊
ဒီဂဇက်က စာတွေ ၊ ဓါတ်ပုံတွေကို ဖတ်ခဲ့ မြင်ခဲ့တာ ၂၀၁၂ ကတည်းကပါ ၊
အထူးသဖြင့် ကိုပေါက် ၊ M လုလင်၊ ဆရာအုပ် တို့ရဲ့ပုံတွေကိုသဘောကျခဲ့ပါတယ်၊
ငါလည်း စိတ်ကူးပေါက်တာလေးတွေ ရင်ထဲရှိတာလေးတွေ ဝင်ရေးလို့ ရတာပဲဆိုပြီး
ရွာသားဘဝခံယူမိတာ ၂၀၁၃ ဇန်နဝါရီ ၂၂ ရက်နေ့ပါ ၊
၄ လ တဲ့ ၊
ဒါပေမယ့် စိတ်ထဲမှာ ၄ ဘဝ ကြာပြီလို့ ထင်ရလောက်အောင်ပါပဲ ၊
ရွာသူ ရွာသားတွေနဲ့ ပြောဆိုဆက်ဆံရတာတွေဟာ သိပ်ကို ရင်းနှီး နွေးထွေးလွန်းလို့ပါ ၊
ဒီရွာထဲမှာ လူချင်း စတွေ့ဖူးတာ ကိုပေါက်ပါ ၊ ရန်ကုန်ပြန်ခါနီး ကျွဲဆည်ကန်ကားဂိတ်ကို
မအားလှတဲ့ကြားက မရောက်ရောက်အောင်လာတွေ့ခဲ့ပါတယ် ၊ ကျေးဇူးပါ ကိုပေါက်ရေ ၊
ဒုတိယမြောက် လူချင်းတွေ့ဖို့ အကြောင်းဖန်လာတာက ကိုကြီးမိုက်နဲ့ပါ ၊
အဲဒီမှာ ကိုရင်ရှုံး ( အခုတော့ မိန်းမရသွားလို့ ကိုရင်နိူင် ဖြစ်ပြီထင်ပါ့ ) ၊ ကိုဘလက်ချော ၊ ကိုကမ်းဝေး တို့နဲ့ ဆုံခဲ့ကြပါတယ် ၊
နောက် ပြည်သူ့ရင်ပြင်မှာ ဒါဇင်ပလက်စ်ပွဲလုပ်မယ်ဆိုတော့ သားကိုခေါ်ပြီး သွားခဲ့ပါတယ် ၊
ကိုအမတ်မင်းတို့ မရောက်သေးခင် ဆိုင်တစ်ခုမှာ ထိုင်နေတုန်း ဖုန်း ဝင်လာပြီး ဟဲလို ကိုမျိုးသန့်လား ၊ ကျနော် ကိုပီချိုကြီးပါ ၊ ဘယ်နားမှာလဲဗျ တဲ့ ၊
ဒီ အကျယ်ကြီးထဲမှာ မမြင်ဘူးသေးတဲ့ လူ ၂ ယောက်ဟာ ဖုန်း အခါခါသုံးကြရပါတယ် ၊
သူက ဘာဝတ်ထားတယ် ကိုယ်ကတော့ ဘုန်းကြီးလူထွက်မို့ ကတုံးဗျို့ အဲသလိုနဲ့ ခန့်ချောကြီး ကိုပီချို နဲ့ ဆုံခဲ့ရပါတယ် ၊
သူက အချိန်သိပ်မရသူမို့ ခဏနေပြီး ပြန်သွားပါတယ် ၊ အဲဒီနောက်မှာမှ ကိုအမတ်တို့ အဖွဲ့နဲ့ တွေ့ဖြစ်ခဲ့တာပါ ၊
အဲ နောက်တစ်ခါ ကိုထွန်းဝင်းလတ်ရဲ့ အလှုခံ ဖလားကြီး ကိစ္စပေါ်လာတော့ ကိုအမတ် ၊ မရွှေအိတို့နဲ့ ထပ်ဆုံဖို့ ဖြစ်ပြန်ရော ၊
အဲဒီနေ့မှာ ကျနော့်ဆီ လာဖြစ် မလာဖြစ် ဖုန်းနဲ့ လှမ်းမေးသူက ကောင်းကင်ပြာပါ ၊ ကျနော်က နောက်ကျနေလို့ သူနဲ့တော့ မတွေ့ဖြစ်ခဲ့ပါဘူး ၊
ဂဇက်မှာ ဖေ့စ်ဘုတ်မှာ သိပ်ကို ရင်းနှီးနေပြီ ဖြစ်ပေမယ့် အပြင်မှာ မဆုံဘူးသေးသူတွေကိုလည်း တွေ့ချင်လှပါတယ် ၊
ကျနော့်ကို သူသိနေပေမယ့် သူ့ကိုကျနော် မသိရသေးတဲ့ ဟို အံစာတုံး ကိုလည်း တွေ့ချင်လှပါရဲ့ ၊
တွေ့လို့ကတော့ ၆ မျက်နှာကနေ ၈ မျက်နှာဖြစ်အောင် လုပ်ပစ်ဦးမယ်ဗျာ ၊
27 comments
ရာမည
May 22, 2013 at 11:11 am
ကိုမျိုးသန် ့နဲ့ ကျွန်တော်နဲ့က တစ်ရပ်ကွက်တည်းနေကြတာဖြစ်ပေမယ့်
ဆုံမိပြီ လွဲ ဖြစ်နေတာ
Myo Thant
May 22, 2013 at 11:23 am
အဲ သေစမ်း
ဂလိုတွေလည်း ရှိသပေါ့လေ
စုံထောက်ဇာတ်လမ်းလို လျို့ဝှက်သည်းဖိုတော့ မလုပ်နဲ့ဗျာ ၊ 🙂
ko pauk mandalay
May 22, 2013 at 12:30 pm
ပြောပြီးသားနော်
လှည်းတန်းမှာလုပ်ချင်ရင်လုပ်ပြီးရင်
ဘိုမျိုးရေ ဆိုပြီးဖုန်းဆက်လိုက်မယ် သိလား
Myo Thant
May 22, 2013 at 12:40 pm
ယုံကြည်လိုက်ပါ ကိုပေါက်ရာ
လှည်းတန်းဆိုတာ ကျနော့်အပိုင်ပါ ၊
kyeemite
May 22, 2013 at 2:53 pm
လေးဘဝကြာသလို ပါပဲ တဲ့ လားးးးဗျာ
ဒီရွာထဲမှာလေးလသာရှိသေးပေမဲ့ လူသိအများဆုံးဖြစ်နေပါပြီ..
နောက်ထူးခြားတာက…ရွာသားဘဝခံယူမိတာ ၂၀၁၃ ဇန်နဝါရီ ၂၂ ရက်နေ့မှ…
၂၀၁၃ ဖေဖေါ်ဝါရီမှာ မန်းဂဇက်ချစ်သူများ စာပေဆု အရွေးခံရတယ်…ကိုင်း…
ဒါကြောင့် တလောက ရွာသား ခရီးသည်ကြီးရေးသလို..
“မျက်နှာကြီးရာ ဟင်းဖတ်ပါ အသစ်အဟောင်းပြဿနာ” ထဲကအတိုင်းမဟုတ်ပါဘူး
ဆိုတာပေါ်လွင်လာတယ်ဗျ… ကာယကံရှင်ရဲ့ကြိုးစားအားထုတ်မှုကအခရာပါ..နော :528:
kyeemite
May 22, 2013 at 3:00 pm
လေးဘဝကြာသလို ပါပဲ တဲ့ လားးးးဗျာ
ဒီရွာထဲမှာလေးလသာရှိသေးပေမဲ့ လူသိအများဆုံးဖြစ်နေပါပြီ..
နောက်ထူးခြားတာက…ရွာသားဘဝခံယူမိတာ ၂၀၁၃ ဇန်နဝါရီ ၂၂ ရက်နေ့မှ…
၂၀၁၃ ဖေဖေါ်ဝါရီမှာ မန်းဂဇက်ချစ်သူများ စာပေဆု အရွေးခံရတယ်…ကိုင်း…
ဒါကြောင့် တလောက ရွာသား ခရီးသည်ကြီးရေးသလို..
“မျက်နှာကြီးရာ ဟင်းဖတ်ပါ အသစ်အဟောင်းပြဿနာ” ထဲကအတိုင်းမဟုတ်ပါဘူး
ဆိုတာပေါ်လွင်လာတယ်ဗျ… ကာယကံရှင်ရဲ့ကြိုးစားအားထုတ်မှုကအခရာပါ..နော
TNA
May 24, 2013 at 11:50 am
အော်အဲလို တရပ်ကွက်ထည်းသားတွေကိုး။ ဒါဆို သများနဲ့လဲ ရပ်ဆွေရပ်မျိုးပေါ့။ လှည်းတန်းထိပ်ထွက်ပြီးဆိုင်းဘုတ်ထောင်ရအောင်။ ( မန်းဂေဇက်ဆိုင်းဘုတ်ပြောဒါဘာ။ )
အလင်း ဆက်
May 22, 2013 at 11:21 am
လေးလ
လေးဘဝကြာသလို ပါပဲ တဲ့ လားးးးဗျာ
ကောင်းလိုက်တဲ့ စကားလေးးး
weiwei
May 22, 2013 at 12:13 pm
ကျွန်မအိမ်နဲ့လဲ သိပ်မဝေးဘူး .. ရပ်ကွက်တောင် တူနေမလားမသိဘူး ..
Myo Thant
May 22, 2013 at 12:45 pm
ကမာရွတ် ၈ ရပ်ကွက် ပြည်ရိပ်မွန်အိမ်ရာ
မေတ္တာဦး ဆေးခန်း ဒိုင်းမွန်းကွန်ဒိုတို့နားမှာပါ ၊
အိမ်ကိုလာလည်နိူင်ပါတယ်
ဦးကြောင်တို့ အံစာတို့လို ရွာ့လူဆိုးတွေက လွဲရင်ပေါ့ ။ 🙂
weiwei
May 22, 2013 at 12:51 pm
ကျွန်မက (၄) ရပ်ကွက်ဆိုတော့ ရပ်ကွက် ၃ ခု တောင် ခြားတာပဲ .. 🙂
Myo Thant
May 22, 2013 at 12:57 pm
ရထားလမ်း နဲ့ ဆင်မလိုက်သင်္ဘောကျင်းကြားပေါ့ ၊
ဝေးပါဘူးဗျာ
လာချင်ရင် အနီးလေး တဲ့ ၊ 🙂
ခင် ခ
May 22, 2013 at 1:19 pm
ကိုမျိုူသန့်တို့နားက ပြည်လမ်းမက ဘုရားကိုတော့ ရန်ကုန်ရောက်ရင် ဝင်ဖူးဖြစ်တယ်။
အရင် ရန်ကုန် ပြည်ရိပ်မွန်မှာ နေခဲ့သေးတော့ တစ်ခါတလေ အဲဒီ ဘုရားလေးဘေး ကနေ ဖြတ်ပြန်ရတာလေ။
Myo Thant
May 22, 2013 at 1:32 pm
အဲဒါ ဒိုင်းမွန်းကွန်ဒိုဘေးပေါ့ ၊
ဒါဆို ကိုခ က ဘယ်တိုက်ကပါလိမ့် ၊
တိုက် ၁ မှသည် တိုက် ၉
မောင် ပေ
May 22, 2013 at 12:14 pm
၄လကြာ
ဈေးအဝမှာ
ကလေးထလာ
ပြေးကြတစ်ခါ
မေးညပုဝါ
Mလုလင်
May 22, 2013 at 12:56 pm
ကျွန်တော့ ဓာတ်ပုံ တွေ ကြိုက်တယ် ဆိုလို့ ကျေးဇူး အထူးပါ . . ကိုမျိုးသန့် ရေ . .။ အရင် က တော့ ရွာပွဲ တွေ ဆို များသောအားဖြင့် ကျုပ် ပါနေတတ်ပါတယ်။ ဒီနှစ်ထဲတော့ ကျုပ်လဲ . . နွားတစ်ထောင် မွေးထားမိလို့ တော်တော် အလုပ် ရှုပ်နေလို့ပါ။ (သမီး တစ်ကောင် နွားတစ်ထောင်) :harr:
ရွာထဲမှာ က ဓာတ်ပုံ နဲ့ ပတ်သက် ပြီး အစဉ်အလာ ကောင်းတွေ ရှိခဲ့ပါတယ်။ ပြပွဲ ၂ ခါ လုပ်ဖြစ်ခဲ့တယ်။ ဓာတ်ပုံ နဲ့ ပတ်သက် ပြီး ပညာဝေမျှ ဆောင်းပါး တွေ လဲ ရေးခဲ့ကြတာတွေ ရှိပါတယ်။ ကျုပ်ကတော့ သာမာန် ခလုတ် နှိပ်တတ်ရုံ ပါဗျ . . သတိတရ ထည့်ရေးတဲ့အတွက် ကျေးဇူး အထူးပါဗျာ . .။
Myo Thant
May 22, 2013 at 1:06 pm
ကို Mလုလင်က နွား တစ်ထောင်ဆိုတော့
ကျနော်က နွား နှစ်ထောင် မျောက် တစ်ကောင်နဲ့ပေါ့ဗျာ ၊
သားက အရမ်းဆော့လို့ပါ ၊
ဓါတ်ပုံကတော့ ကျနော်တို့က ဖုန်းကင်မရာလေးနဲ့ လက်ဆော့ရုံလောက်ပါ ၊
ဆရာတို့လို အနူပညာပါတဲ့ပုံမျိုး မရိုက်တတ်ပါဘူးဗျာ ၊
kyeemite
May 22, 2013 at 2:44 pm
လေးဘဝကြာသလို ပါပဲ တဲ့ လားးးးဗျာ
ဒီရွာထဲမှာလေးလသာရှိသေးပေမဲ့ လူသိအများဆုံးဖြစ်နေပါပြီ..
နောက်ထူးခြားတာက…ရွာသားဘဝခံယူမိတာ ၂၀၁၃ ဇန်နဝါရီ ၂၂ ရက်နေ့မှ…
၂၀၁၃ ဖေဖေါ်ဝါရီမှာ မန်းဂဇက်ချစ်သူများ စာပေဆု အရွေးခံရတယ်…ကိုင်း…
ဒါကြောင့် တလောက ရွာသား ခရီးသယ်ကြီးရေးသလို..
“မျက်နှာကြီးရာ ဟင်းဖတ်ပါ အသစ်အဟောင်းပြဿနာ” ထဲကအတိုင်းမဟုတ်ပါဘူး
ဆိုတာပေါ်လွင်လာတယ်ဗျ… ကာယကံရှင်ရဲ့ကြိုးစားအားထုတ်မှုကအခရာပါ..နော :528:
kyeemite
May 22, 2013 at 2:45 pm
လေးဘဝကြာသလို ပါပဲ တဲ့ လားးးးဗျာ
ဒီရွာထဲမှာလေးလသာရှိသေးပေမဲ့ လူသိအများဆုံးဖြစ်နေပါပြီ..
နောက်ထူးခြားတာက…ရွာသားဘဝခံယူမိတာ ၂၀၁၃ ဇန်နဝါရီ ၂၂ ရက်နေ့မှ…
၂၀၁၃ ဖေဖေါ်ဝါရီမှာ မန်းဂဇက်ချစ်သူများ စာပေဆု အရွေးခံရတယ်…ကိုင်း…
ဒါကြောင့် တလောက ရွာသား ခရီးသည်ကြီးရေးသလို..
“မျက်နှာကြီးရာ ဟင်းဖတ်ပါ အသစ်အဟောင်းပြဿနာ” ထဲကအတိုင်းမဟုတ်ပါဘူး
ဆိုတာပေါ်လွင်လာတယ်ဗျ… ကာယကံရှင်ရဲ့ကြိုးစားအားထုတ်မှုကအခရာပါ..နော :528:
kyeemite
May 22, 2013 at 3:06 pm
ဒုက္ခပဲဗျ…ကျုပ်တော့ရူးတော့မယ် :byae:
ကွန်မင့်ပေးလိုက်…အဲရာတက်လာလိုက်
နောက်ပြန်သွားလိုက်..ကွန်မန့်ပြန်ရေးလိုက်..တင်လိုက်..ဝတ်ပရက်စ်အဲရာတက်လာလိုက်..
၃ လေးခါလုပ်ပြီးပေါ်လာတော့ ကွန်မန့်တွေအများကြီးဖြစ်နေရော..ဆောရီးပါဗျို့…
အရီးခင်လတ်
May 22, 2013 at 3:12 pm
မူးရင် မမန့် နဲ့၊ မန့် ရင် မမူးနဲ့။ 😆
kyeemite
May 22, 2013 at 4:15 pm
ကိုခင်လတ်ကြီး..
လူဂျီးဂို နောက်ဆရာလားဗျ…
ရုံးမှာမူးနေရင် အလုပ်ပြုတ်သွားမှာပေါ့… 😉
Myo Thant
May 22, 2013 at 3:14 pm
မသိပါဘူး ကိုမိုက်ရယ်
ဟိုနေရာ တက်လိုက်
ဒီနေရာ တက်လိုက်နဲ့မို့ ဒို့ ကိုမိုက် မိုးအေးအေးနဲ့ ကောင်းနေပြီမှတ်တာ
ဟဲ ဟဲ စတာနော် ကိုမိုက် 🙂
မင်းမင်း
May 22, 2013 at 4:37 pm
ဒီထဲကလေးလနဲ့
အပြင်က လေးဆယ်နဲ့
ညီမျှပါတယ်ဗျားးးးးးး
Mr. MarGa
May 22, 2013 at 6:37 pm
လေးလ
လေးဘဝ အတွင်းမှာ
တင်တာက ခြောက်ဆယ့်တစ်ပုဒ်
မန့်ချက်က သုံးရာကျော်
ဒီ သိကြား
ရောက်တာ နှစ်နှစ်ပျော့ပျော့
ရေးတာက သုံးဆယ့်ကိုး
မန့်ချက်က ထောင့်ရှစ်ရာ
အင်း……….
အတော် ကွာသဗျ နော်
Ko chogyi
May 22, 2013 at 8:16 pm
လူ့ပြည်တစ်သက်
နတ်ပြည်တစ်ခဏတဲ့
ကိုမျိုးသန့်ပြောသလိုဆို
ကျွန်တော်တို့ အကုန်လုံး
အောက်ကိုရောက်တော့မှာပဲ မလုပ်ပါနဲ့ဗျ။
မဟာရာဇာ အံစာတုံး
May 24, 2013 at 6:30 pm
တိန် . တိန် ….
နာ့ ဂို ဒီလူဂျီး ဖဲ့ထားဒါ ခုမှ တွေ့ဒယ် ..
တောက် …
နေမကန်းလို့ ရွာမလည်နိုင်ဒဲ့ ရက်ပိုင်းမှာ တင်ထားဒါဂိုး …
ဒီလူဂျီးဒေါ့လား တွေ့မယ် …
တွေ့မှ နောက်ကနေ ဆော်ပလိုက်အုံးမယ် ….