သန့်ချင်ယောင်ဆောင်ထားတဲ ့ မြို့ကြီးတစ်မြို ့အကြောင်း
မြို့အမည်ကတော့ လှပါရဲ့ ။
မြို့ထဲတစ်ပတ်လောက် လှည့်ကြည့်လိုက်တော့မှ မလှတဲ့အရာတွေတစ်ပုံကြီးတွေ ့လိုက်ရတယ်။
မြို့ ကို အရောက် ကားပေါ်ကအဆင်းမှာ ကျွန်တော်သွားချင်တဲ့ နေရာကို သွားဖို ့စုံစမ်းရပါတယ်။
တိရစ္ဆာန် ဥယာဉ်ကို သွားချင်တာ ဘယ်လိုသွားရမလဲ ဆိုတော သေသေချာချာ လမ်းညွှန်ပေးတဲ့သူ မရှိပါလားး။
အဲဒါ ထူးဆန်းတယ်။
ကားတွေလာရင် ကားသမားကို မေးးးတဲ့ ။
နောက်တစ်ဦး ကလည်းးး မသိဘူးးတဲ့ ။ မသိတာတော့ ထားပါတော့။
နောက်တစ်ယောက်ကတော့ ဆိုင်ကယ်တွေကို လက်ညိုှး ထိူးးပြတယ်။
အဲဒါနဲ့ပဲ ဆိုင်ကယ်ငှားပြီးသွားဖို ့ဈေးမေးကြည့်တော့ နေပြည်တော်ကားဝင်းကနေ တိရစ္ဆာန်ရုံကို တစ်သောင်းးးတောင်းတော့ လန့်သွားတာပေါ့။
ဝေးလို ့လားးးး ဆိုတော့
အဝေးကြီးးး လို့ဆိုင်ကယ်သမားတွေက ပြောကြတယ် ။
တစ်သောင်းဆိုတာတော့များတယ်လို ့တွှေးမိလို ့ လိုင်းကားတွေများးအဆင်ပြေမလားးဆိုပြီး စုံစမ်းရပြန်ပါတယ်။
တော်သေးတယ်။ လိုင်းကားတွေရှိတယ်။
မြို ့ရဲ ့ကားဝင်းကနေ သိုက်ချောင်းဘက် သွားတဲ ့တော်ဝင် ယာဉ်လိုင်းးးတိရိစ္ဆာန်ရုံကို ၅၀ဝ ပဲပေးရပါတယ်။
ငါးရာ ။
၁၅ မိနစ်လောက်ပဲ လိုင်းကားကမောင်းလိုက်ရတဲ့ခရီးလေးကို တစ်သောင်းကျပ် တောင်းရက်တဲ့
နေပြည်တော်သားး ဆိုင်ကယ်သမားတွေရဲ့စိတ်ဓါတ် ။
မသန့်ပြန့် လိုက်တာ နော်။
===============
တိရစ္ဆာန်ရုံက အပြန်မှာ ကားဝင်း ကို ပြန်စီးပြီးး
ကားဝင်းကမှ ရွှေညောင်ပင်ဆိုတဲ့ကားဂိတ်ကို သာရောက်တဲ့ တော်ဝင်ယာဉ်လိုင်းး ကိုပြန်စီးး။
အဲဒီ ရွှေညောင်ပင်ဂိတ်က နေမှ ဘုရား ကို ပြေးဆွဲပေးနေတဲ့ကားအသေး လေးတွေ စီးရပါတယ်။
နေပြည်တော် အဝေးပြေးကားဝင်းကနေ ဘုရားကို တိုက်ရိုက် သွားလို ့ရဖို ့ လိုင်းကား လိုပါတယ်။
ရွှေညောင်ပင်ဂိတ်ကနေ ဘုရားသွားဖို ့ကားလေးပေါ်မှာ ထိုင်နေတာ အတော်ကြာတဲ့အထိ မထွက်ပဲ လူစောင့်ခေါ်နေတာ ။
ဘေးကနေ နောက်ကားတစ်စီးးက ဘုရား ကို သွားမှာ. ..လိုု ့အော်နေလို ့
အဲဒိ နောက်ကားနှဲ့ ပဲ လိုက်တော့မယ်ဆိူပြီးး ဆင်းဖို ့ပြင်တော့မှ…….
ကားကဝူးးခနဲ မောင်းပါတော့တယ်။
အော် ကားတော့ထွက်ပြီ ဆိုတော့ ကားခ ပိုက်ဆံ ၅၀ဝ ကျပ် ထုတ်ပေးပြီးး လမ်းဘေး ပတ်ဝန်းကျင်ကို ကြည့်ငေးးလိုက်လာတာပါ ။
ဒါပေမယ့် ထူးခြားတာက
သုံးမိနစ်လောက်မြို့ ပတ် လမ်းလေးတွေကနေ ကွေ့ ့ပတ်မောင်း လာတဲ့ ကားက ရွှေညောင်ပင်ဂိတ်ကိုပဲ ပြန်ရောက်လာပါပကောလားး။
:buu: :buu:
ှကျွန်တော်လည်း အသာစောင့်ကြည့်လို့မှ မထူးခြားပဲ အသွားအလာကျဲလှတဲ့နေရာမှာ
တစ်ပတ်လည် ကျောက်ချနေတဲ ့ကားသမားတွေကို တော်တော် စိတ်တိုသွားတယ်။
ခင်ဗျားတို့ကားက ဘယ်တော့ ဘုရားကို ရောက်မှာတုန်းးဗျ လို ့မေးတော့လည်းး မကြားချင်ယောင်ဆောင်နေတယ်။
ကားပေါ်မှာ ကျွန်တော့်လိုပဲ ဘုရားဘက်သွားမယ့်အဲဒီ ရပ်ကွက်သား ထင်ရတဲ့ နှစ်ယောက်ကတော့ ဘာမှ မထူးဆန်းသလိုပဲ ။
ကားသမားတွေ လုပ်နေပုံ ကို အေးဆေးပဲ ခွင့်လွှတ်နားလည်ပေးထားပုံ။
ကျွန်တော်က သာ စိတ်တွေတိုလာတာ။
အင်းးတကယ်လို ့ကျွန်တော် ကားသမားတွေ ကလီကမာ လုပ်နေတာကို မခံမရပ်နိုင်နဲ ့ထ ကလော်တုတ်နေရင်တောင်
အဲဒီ ကားသမားတွေက ဖြုံမယ့်ပုံမပေါက် ။
ပေကပ်ကပ် အူတူတူ အမူအရာတွေ နဲ့ ပိုက်ဆံများများ ရရေး ပဲ သရဲစီးသလို ဖြစ်နေတာပါ။
ကျွန်တော်က စိတ်မရှည်တော့လို ့ဆက်ဆက်ခါလာတော့မှ
အချိန်လည်း.အတော်ကြီးကို ကြာသွားတော့မှ….
ထွက်တယ်။
တကယ်တမ်းးမောင်းတော့ ၃ မိနစ်လောက်ပဲ မောင်း ရတယ်။ ရောက်ရော ။
==================================
သုံးမိနစ်လောက် သာ မောင်းရတဲ့အကွာအဝေးလေးအတွက် ပေးလိုက်ရတဲ့အချိန်က နာရီဝက် မကဘူးး။
စိတ်ညစ်သွားရတာလည်းး တော်တော်ဆိုးတယ်။
ဘုရား ပေါ်တက်တော့ လည်းး အဆင် မပြေတဲ့ ဆက်ဆံရေး အချိုးအကွေ ့တွေ ကြုံရတယ်။
အသေးစိတ်တော့ပြန် မခံစား တော့ပါဘူး။
ဘုရားပေါ်က အပြန် ရန်ကုန်ပြန်ဖို ့ ကားဝင်းကြီးကို ဘုရားကနေ တိုက်ရိုက်လိုင်းကား မရှိ။
ရွှေညောင်ပင် ဂိတ်ကနေ တော်ဝင် ယာဉ်လို င်း ပြန် စီးရမယ်။
ဘုရားရှေ ့လာရပ်တဲ့ အမှတ် (၄) ကားလေးး ကို ရွှေညောင်ပင် ရောက်လားးလို ့မေးတော့ စပယ်ယာက ခေါင်းညိတ်ပြတယ်။
ကားပေါ်တက်ခါနီးမှာ သေချာအောင် ရွှေညောင်ပင်ရောက်ပါတယ်နော် လို ့ထပ်မေးတော့လည်းးရောက်တယ်တဲ့ ။
ကောင်းပြီ ပေါ့။
ဒါပေမယ့် ဘုရားရှေ့ကနေ ဘယ်လောက်မှ မမောင်းရသေးတဲ့ လမ်းဆုံ တစ်ခုမှာ ကားက ကျောက်ချ ပါတော့တယ် ။
အကြာကြီးပါပဲ ။ ကားကို ရပ်ထားးတာ။
ဘယ်… လူ အဆင်း အတက်မှလည်းး မရှိတဲ့နေရာမှာ ဘာလို ့များး ရပ်နေပါလိမ့်။
နောက်မိနစ်ပိုင်း အတွင်းမှာ ကား ဘာလို ့ ရပ်ထားသလဲဆိုတဲ့အဖြေက ထွက်လာပါပြီ ။
လက်စသတ်တော့ ကျွန်တော့်ကို ရွှေညောင်ပင်ဂိတ် ကို မရောက်ပဲနဲ ့ ရောက်တယ် လို ့ပြောပြီး တင်လာတာကိုးး။
အခု လမ်းဆုံမှာမှ ရွှေညောင်ပင်တကယ်ရောက်တဲ့ ကားဆီ ချိန်းပေးမလို့လေ။
ကျွန်တော် ထောင်းခနဲ ဒေါသ ထွက်သွားတာပေါ့ ။
မင်းတို့ ကားက ရွှေညောင်ပင်လည်း မရောက်ပဲ ဘာလို ့ငါ့ ညာခေါ်လာသလဲ လို ့မေးမိတယ် ။
အံ့ဩစရာပဲ ။ ဘာမှ ပြန်မပြောဘူး ။
စပယ်ယာနဲ့ driver က သူတို့ကို ဆဲဆိုသွား လည်း ဂရုမစိုက်တဲ့ပုံဗျ။
ထုံပေပေ မျက်နှာပေးတွေနဲ ့လေ ။
လူတွေရဲ ့ဆဲဆိုရန်တွေ့ ့ခြင်းဟာ သူတို ့အတွက် ရိုးးအီ နေတဲ့ ပုံပဲ။
မင်းတို့ ကားတွေစီးရတာ မင်းတို ့ကလိမ်ကကျစ်ကျနေတာနဲပဲ အချိန်ကုန်နေတယ် လို ့ကျွန်နော်ပြောတော့လည်း မကြားသလိုပဲ ။
သူတို ့ကို ပြောတာ မ ဟုတ်သလိုပဲ။
အဲ ကားပေါ်မှာ ထိုင် လိုက်လာတဲ့ခရီးသည် တွေကလည်းး ဒါမျ်ိုးး ကြုံရတာ ရိုးးနေပြီ ဆိုတဲ့အထာနဲ ့အေးးဆေးးပဲ ။
ကျွန်တော် စိတ်တော်တော်ပျက်သွားတယ်။
သူတို ့က ကျွန်တော့်ကို 500 နဲ့ တင်ခေါ်လာတယ် ။ ဒီလမ်းဆုံကနေ လာတဲ့ကားက သူတို ့နဲ ့ တစ်ဖွဲ ထဲ..က လူတွေဆိုတော့..
အရူးကွက်နင်းပြီး.ပိုက်ဆံ ပေးစရာမလိုပဲ..ဒီတစ်ယောက်ခေါ်သွားပေးစမ်းပါ…လုပ်တာပေါ့ ။
အချိုးတွေကိုက… ။
သူတို ့ချိန်းတင်ပေးလိုက်တဲ့ ကားကလည်း လူမရှိတဲ့မှတ်တိုင် အကြော်ဆိုင်လေးမှာ စက်ကို သတ်ပြီးး ရပ်ထားတာ အကြာကြီး မှ တကယ့်အကြာင်္ကြီးး။
ကားပေါ်မှာလည်းး ကျွန်တော်ရယ် အဒေါ်ကြီးတစ်ယောက်ရယ်ပဲ ရှိတယ်။
အပြန်မှာလည်း ၃ မိနစ်လောက်ပဲ မောင်းရတဲ့ ခရီးလေးကို နာရီဝက်လောက် ကြာအောင် စိတ်တိုရ တယ်။
အချိန်ကုန် လူပင်ပန်းရတယ် ။
=======================================
လမ်းတွေကတော့လှပါတယ်။
ပန်းပင်တွေမြက်ခင်းစိမ်းတွေ စိုစိုပြေပြေနဲ ့။
လှပခန့်ညား တဲ ့အဆောက်အဦ တွေကလည်းးး ငေးနေရတဲ့အထိ။
လူသူကြဲပါးပြီး လှပသာယာလွန်းတဲ့ ဒီမြို့မှာ မလှပတဲ့ အရာတွေလည်းး ထုနဲ့ထည်နဲ့ ရှိနေသေးပါလားးး။
တကယ်တော့ လယ်ကွင်းပြင်ကြီးးးတောကြိုအုံကြားကြီးကို လှပခမ်းနားတဲ့ မြို့ပြကြီးတစ်ခု ဖြစ်အောင် ပြုပြင်ပြောင်းလဲရာမှာ
စနစ်တကျ ထောင့်စေ့အောင် ပြောင်းလဲဖို ့လိုပါတယ်။
မလိုအပ်တဲ့နေရာတွေမှာ ငွေအား လူစွမ်းအားတွေ စိုက်ထည့်ထားပြီး တကယ်လိုအပ်နေတဲ့နေရာတွေကိုတော့ပြီးစလွယ် ထားတာတော့ မကောင်းပါဘူးး။
စနစ်ကျတဲ့ပြုပြင်ပြောင်းလဲမှုကို မှန်မှန်ကန်ကန် လုပ်လိုက်နိုင်ရမယ် ။
ပြီးရင်တော့ ……………………………
စနစ်ရဲ့ ပြောင်းလဲတိုးတက်မှူနောက်ကို
လူတွေ ရဲ့ စိတ်ပိုင်းဆိုင်ရာ အတွေးအမြင်တွေ က လည်းး လိုက်ပါပြောင်းလဲပေးရမယ်။
(အဲ..အဲ….စနစ်ကို မှန်မှန်ကန်ကန်ပြောင်းလဲ ပစ်နိုင်ဖို ့…. စိတ်ဓါတ်ကိုလည်း.အရင် ပြောာင်းသင့်ပြောင်းရမယ် ။ )
=====================================
ကျွန်တော့် သဘောပြောရရင်တော့…..
လှပခန့်ထည်နေအောင်..ဘယ်လောက်လုပ်ထားထား..
အဲဒီမြို့မှာ.. စည်းစနစ်မကျတဲ ့…ဘက်မမျှမှုတွေနဲ ့..
ဖြစ်ချင်တိုင်းဖြစ်နေတဲ ့.. လူ ့အဖွဲ ့အစည်းတွေ.. ရှိနေရင်……. မချစ်ဘူ း။
အဲဒီလို..
လှပမှု တစ်ဝက်. …
အတွင်းသားလှိုက်စားခြင်းတစ်ဝက်နဲ ့..သန် ့ချင်ယောင်ဆောင်ထားတဲ ့မြို ့ထက်စာရင်…
ဘာမဟုတ်တဲ ့..တောကြိုအုံကြား..ရွာကလေးတစ်ရွာဆီက….
ရိုးသားမှု နဲ့တည်ဆောက်ထားတဲ ့… အငွေ့အသက်ကိုသာ…ပိုချစ်တယ် ။
==========================================
ဟိုနေ ့က သွားမိတဲ ့ ခရီးစဉ်မှာ..ကြုံလာတာလေးကို..မနေနိုင်လို ့ချရေးမိပါတယ် ။
ကျွန်တော် ကြုံတာကိုရေးပါတယ် ။
တခြားသူတွေ ကြုံချင်မှလည်း..ကြုံမယ် ။
ကျွန်တော်ကတော့…
မကောင်းတဲ့ အချက်ကို ဆွဲထုတ်ပြီး..ကောင်းစေချင်တဲ့ စိတ်နဲ ့..တွေး.ထားတာလေး.ကို
ရေးမိခြင်း..သက်သက်ပါ ။
====================
လေးစားစွာဖြင့်…
အလက်ဆင်းးးး
အဲ..အလင်းဆက်
25 comments
Silver Twig
May 22, 2013 at 11:10 pm
deserted town
Ma Ma
May 23, 2013 at 7:50 am
အဲဒါကြောင့် သဂျီးက စနစ်ကြောင့် မဟုတ်ဘူးလို့ အကြိမ်ကြိမ်အော်နေတာပေ့ါ။ :harr:
ဒါပေမယ့် အရင်းအမြစ်လက်သည်တရားခံကို ရှာလိုက်ရင်တော့ စနစ်ကြောင့် လို့ပဲ ပြောချင်တယ်။
လူတွေရဲ့ စိတ်ဓာတ်တွေ အခြေခံကစပြီး ပျက်စီးနေတာ၊ ဘယ်သူသေသေ ငတေမာရင်ပြီးရောဆိုတဲ့
တစ်ဘို့တည်းရှိတဲ့ စိတ်ဓာတ်တွေနဲ့ လုပ်ကို်င်နေကြတာတွေဟာ
တန်းစီတိုးစားရတဲ့ ခေတ်စနစ်၊ ပိုင်ရင်ပိုင်သလို ဂွင်ရိုက်နိုင်တဲ့ ခေတ်စနစ်တွေက သင်ကြားပေလိုက်လို့ လူတွေရဲ့ စိတ်ထဲမှာ မဖျက်နိုင်အောင် သန္ဓေတည်ခဲ့/နေကြပြီ။
လူတစ်ယောက်ချင်းစီရဲ့ တာဝန်သိမှု၊ တာဝန်ယူတတ်မှု စိတ်ဓာတ်တွေကို ဘယ်လိုနည်းနဲ့ ပြန်ထည့်ပေးနိုင်မလဲ။ ပေးရမလဲ။
စနစ်တကျ လေ့ကျင့်ပျိုးထောင်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် လုပ်ရမယ် ထင်ပါတယ်။
အကောင်းဆုံးနည်းတစ်နည်း ကြားဖူးတာတော့…….
ကောင်းတဲ့စနစ်တစ်ခုကို အစကနေထူထောင်နိုင်အောင်
၅နှစ်အထက်တွေ အကုန်သတ်ပစ်ဆိုပဲ။ :byae:
ကဲ- နိဂုံးချုပ်လိုက်တော့……….
အလင်းဆက်ရဲ့ သန့်ပြန့်တဲ့မြို့ဖြစ်ဖို့ ကိုယ်တိုင်လည်း သေသင့်တဲ့အထဲပါတယ်။ :buu:
Munetez
May 23, 2013 at 8:07 am
ဩ .. ကိုဒညင်းဝက်တယောက် ရွှေတိဂုံဘုရားအတုကြီး သွားဖူးလာသပေါ့..။
:hee:
:kwi:
ခက်စ်တယ် ဗျ … အဘ-တို့က တချို့ လုပ်ငန်းဆောင်တာတွေကို
အနှီမြို့ ကို သွားပြီး တခုတ်တရ လုပ်ရမှ ကို ပြီးမြောက်အောင် ဆောင်ရွက်ထားလေတော့
မဖြစ်လို့ သွားရ မဖြစ်မနေသွားရ မသွားချင်ဘဲ သွားရ ကြတဲ့ ကေ့စ်တွေကပေါလေတော့
အင်းးး..
(စိတ်ဓါတ်အခြေခံ မကောင်းတာလည်း အများကြီးပါပါတယ်)
စနစ်ကြောင့်ဟေ့ ..စနစ်ကြောင့်ဟ…
လူကြောင့်ဟေ့ .. လူကြောင့်ဟ…
:harr:
မင်းမင်း
May 23, 2013 at 10:02 am
ဟိတ်ရပ်!
ဒီလမ်းကိုမဝင်ရဘူးဆိုတာမသိဘူးလားး???
အဲလိုအပြောခံရပြီး ညမအိပ်ရတာကံကောင်းးဟီးးးးး
ဦးဦးပါလေရာ
May 23, 2013 at 10:13 am
တကယ်က အစကတည်းကမှားတာ.။..
အဲဒီမြို့ကြီး တည်တာကိုက မှားတာ…
မြို့ကြီးကို အဲသလောက်ကြီးအောင်တည်တော့
စီမံခန့်ခွဲလို့လဲ မနိုင်နင်း
ပြုပြင်ထိမ်းသိမ်းစားရိတ်ကလဲ တိုင်းပြည်အတွက် ဝန်ထုပ်ဝန်ပိုးကြီးဖြစ်စေတယ်
အဲဒီမြို့ကြီးက ပလက်ဖေါင်းတွေနှစ်စဉ်သုတ်တဲ့ သုတ်ဆေးဖိုးကို ပညာရေးမှာသုံးရရင် ဘယ်လောက်ကောင်းမလဲ
အဲဒီမြို့ကြီးအတွက်သုံးရတဲ့ လောင်စာဆီဖိုးတွေကို ကျန်းမာရေးမှာသုံးရရင် ဘယ်လောက်ကောင်းမလဲ
အဲဒီမြို့ကြီးမှာ ထွန်းထားတဲ့လမ်းမီးတွေကိုမှိတ်လိုက်ရင် အခုစက်မှု့ဇုံတွေကို မီးဖြတ်ထားတာ ပြန်ပေးလို့ရပြီ…။
ပြောရရင် ဘယ်ကုန်မလဲဗျာ…..
awra-cho
May 23, 2013 at 10:27 am
သူငယ်ချင်း ဆိုင်ကယ်ငှား၊ ဆီ နှစ်ပုလင်းထည့် သွားပါလေ့၊ အဲလိုမှ မလုပ်ရင် အဲပြသ၁နာ တွေ မဆုံးနိုင်ဘူး၊ မန်းလေးတောင် လာနေမကျ ရင် ဆိုင်ကယ်မစီးတတ်ရင် အဲလို ဖြစ်တာပဲလေ၊ ထရန်စပို့ မကောင်းလို့ ၊စီမံတာ မကောင်းလိုု့၊ သောက်ဂရုကို မစိုက်လို့ ပါဗျို့။ သာမန်လူတန်းစား အတွက် ဘယ်တုန်းကမှ ထည့်မတွက်တာ အကျင့်ကို မရှိတာ ၊ ပြောရင် ဆုံးမှာကို မဟုတ်ပါဘူးဗျာ၊
အလင်း ဆက်
May 23, 2013 at 11:50 am
ကျွန်တော့် ခံစားချက်ကလေးကို…
ဝေမျှ ခံစာေးပးသွားကြသော…
ချစ်သော…
Silver Twig
အန်တီ Ma Ma
Munetez
ကို မင်းမင်း
ဦးဦးပါလေရာ
awra-cho
နှင့်.. အခြား စာချစ်သူများ.အားလုံးကို ကျေးဇူးတင်ပါ၏
====================
အချိန် လုနေရသောကြောင့်.. အားလုံးကို စုစည်းပြီးကျေးဇူးတင်လိုက်ရတာကို..
ခွင့်လွှတ်ပါခီည ။
🙂
ကြည်ဆောင်း
May 23, 2013 at 12:10 pm
တာဝန်ရှိသူတွေ ဖတ်မိကြစေသတည်း xxxxxxxxxxxxxx
pazflor
May 23, 2013 at 1:59 pm
စနစ်ကောင်းတစ်ခုတော့လိုမယ်ထင်တယ်ဗျ။ ဥပမာ ဒီလိုင်းကားတွေကို ကြီးကြပ်ကွပ်ကဲမဲ့ စနစ်တစ်ခုပေါ့။ နာရီဝက်တစ်စီးထွက်ဆိုထွက်ရမယ်ပေါ့ဗျာ။
စနစ်ကောင်းတစ်ခုကို တည်ထောင်ဖို့ဆိုတာလည်း အဆိုးတွေကို ပြင်ချင်တဲ့စိတ်ရှိမဲ့ လူကောင်းတွေလိုပြန်ရော။ လူကောင်းတွေက စပြီး စနစ်ကောင်းတစ်ခုထောင် လူဆိုးတွေကို စနစ်နဲ့ ထိန်း။
စနစ်နဲ့လူ၊လူနဲ့စနစ်….ရှူပ်ကုန်ပြီဗျို့…..:kwi:
Ma Ei
May 23, 2013 at 3:10 pm
နေပြည်တော် အခေါက်ခေါက်ရောက်
ကားညစီး မနက်ဟိုရောက် တည်းတဲ့နေရာဝင်
တက်စီနေ့တစ်ဝက်ငှား ဟိုရုံး၊ဒီရုံးတွေ သွား
အလုပ် မပြီးသေးရင် တစ်ရက်ထပ်နေ ညနေပြန် ဘယ်မှမရောက်…
ခုတစ်ခေါက်လဲ ဖလိုက်နဲ့မနက်သွား လေဆိပ်ရုံးမှာပဲ အလုပ်လုပ်
နေ့လည်ဘက် ရုံးကငွေထုတ်သွားမယ့် ကားနဲနန်းစိန်ကိတ် လိုက်ဝယ်
ညနေ ဖလိုက်နဲ့ ပြန်လာခဲ့ရတော့ ဘယ်မှလဲမရောက်…
ဆိုတော့ ရောက်ပေမယ့် မသိခဲ့တဲ့
သန့်ချင်ယောင်ဆောင်ထားတဲ့ မြို့ကြီးတစ်မြို့ပါလား…
ခင် ခ
May 23, 2013 at 4:16 pm
နေပြည်တော်ကို အလုပ်ကိစ္စနဲ့ ပထမဆုံးရောက်ဖြစ်တာ အဲဒီတုန်းက မန်း နဲ့ နေပြည်တော် အမြန်လမ်းမပေါ် သေးတော့ မန်းက ညနေ ၅ နာရီကားနဲ့လိုက်လာတာ နေပြည်တော်ကို ည ၁၁ နာရီ လောက်ရောက်တယ်၊ ဆောင်းတွင်းကာလပေါ့။ ဒါနဲ့ဘဲ ကိုယ်တည်းမဲ့နေရာကို အဆင်သင့် တွေ့တဲ့ ဆိုင်ကယ် တက်စီကိုပြောပြီး ဈေးမေးတော့ ၄၀၀ဝ တဲ့။ ကိုယ်လဲမရောက်ဖူးဘူး ညမှောင်ရီဆိုတော့ ဌားလိုက်ပြီးစီးသွားတာပေါ့။ သူလိုက်ပို့တာ ၁ဝ မိနစ်လောက်တော့ ကြာတယ်ထင်တာဘဲ။ မနက်မိုးလင်း အသိမိတ်ဆွေနဲ့ မနက်ပိုင်းလမ်းလျှောက်လာတော့ မနေ့ညက ကားဆိုက်တဲ့နေရာကို ခဏဘဲ လမ်းလျောက်ပြီး ကုန်းလေးဆင်းကွေ့လိုက်တာနဲ့ ရောက်လာလို့ အံတွေဩခဲ့ရပါကောဗျာ။
အဲဒီလို မသိရင် မသိသလို ခံရတာပါဘဲလေ။
Ei Kyipyar
May 23, 2013 at 4:34 pm
နာလဲ နေပူတော် တရိတ်ဆန် ရုံကို လိုင်းကားနဲ့သွားတာဗြဲ
တဆင့်ကို ၂၀ဝ နဲ့ ၂ဆင့် စီးရတယ်။
မြို့ထဲပတ်တာတော့ ဆိုင်ကယ် တနေကုန်ငှားစီးမှ ငါးထောင်ဘဲ။ ဆီထည့်ပေးပီးသား။
ကြိုက်သလောက် ပတ်လို့ရတယ်။ မောင်းပို့မဲ့လူရှိရင်ပေါ့လေ
အလင်း ဆက်
May 23, 2013 at 4:39 pm
pazflor
Ma Ei
လေးလေး ခင် ခ
….
ကွန်မန့်လေးများ.ချီးင်္မြင့်ပြီး..ဆွေးနွေ း စကားကိုယ်စီပြောသွားပါသဖြင့်..ကျေးဇူးပါ..ခည ။
အလင်း ဆက်
May 23, 2013 at 4:44 pm
အိပြာပြာ…
တစ်ဆင့် နှစ်ရာနဲ ့ ကတော်ဝင်ယာဉ်လိုင်းပဲလား .ဟ ။
ကျွန်တော်တော ့.. အသွားကို ကားအသေးလေး တစ်ဆင့် ..စီးပြီး . ကားဝင်းကြီးကိုသွားရတယ် ။
နေပြည်တော်အရောက်မှာ..
စည်ပင်ဧည့်ရိပ်သာမှာ..ဆင်းနေခဲ့တာကိူးး။
ကားဝင်းကနေ… တော်ဝင်စီးတာ .. သိုက်ချောင်းကားမဟုတ်လို ့…တဲ ့လေ ။
တော်ဝင် ပါပဲ ။ အဲဒါ..ငါးရာတောင်းလို ့ ပေးရတာပဲ ။
=========
တလိတ်ဆန်ရုံကအပြန်မှာ.တော်ဝင် အနီ..ဆိုလား ..အဲဒါ စီးပြီးးး.
ကားဝင်းကို ပြန်တာ .. 300 ပေးရတယ် ။
——————
ကားဝင်းကနေမှ… ဘုရားကိုသွားဖို ့..ရွေညောင်ပင်ဂိတ်ဆိုတာကို ထပ်စီးးးပြီးမှ…
ဘုရားကိုသွားတဲ ့ လိုက်ထရပ်လို ့ခေါ်မယ့်ကားလေးတွေ ထပ်စီးးး
ဟူးးးး ပြန်မတွေးချင်တော့ဘူး..ဟာ ။
မောဒယ် ။
:kwi:
:kwi:
TNA
May 23, 2013 at 6:27 pm
အစကတဲက မှားထားတော့ နောင်လဲမှားနေအုံးမှာပါပဲ။ နောက်ရန်ကုန်ကို တဖြည်းဖြည်းပြန်ရွှေ့လာရင် ဒုံရင်းဒုံရင်းပဲကျန်တော့မှာ။ တိုင်းပြည်ပိုက်ဆံတွေ ရေထဲမျှောလိုက်သလိုပဲခံစားရတယ်။ နှမျောတာ။
အလင်း ဆက်
May 23, 2013 at 9:06 pm
အန်တီ သဲနုအေးရေ.. ။
အဲဒီလို ကြိုတွေးကြည့်လိုက်တော့လည်း..ရင်နာစရာကြီးနော် ။
naywoon ni
May 24, 2013 at 10:49 am
နေပြည်တော်ကိုလာရင် နေပြည်တော်မှာ ဒါမှမဟုတ် အနီးအနားမှာရှိတဲ့သူကိုပြောပြီးမှလာ သူ့ကိုလိုက်ပို့ခိုင်း အဲဒါဆိုရင် သွားရေးလာရေး အဆင်ပြေလိမ့်မယ် နို့မို့ဆိုလို့ကတော့ အမဲသားဖြစ်သွားမယ် ….။ နောက်လာရင် ကိုယ့်ကို ကြိုပြောထားလေ……… ။ ကိုယ်က အားနေတဲ့သူဆိုတော့ ဟိုနားဒီနား လိုက်ပို့လို့ရပါတယ်….။ အတုတွေဆီကိုလာတာကိုး မောင်ရင်က ….။
အလင်း ဆက်
May 25, 2013 at 7:49 am
ဟုတ်ကဲ ့ အဘနီ ရေ
နောက်လ ထဲမှာ နေပြည်တော်ကို လာရဖို ့ရှိပါသေးတယ်
ဒီတစ်ခါ ကတော့ အလုပ်ကိစ္စတွေနဲ့ လာရမှာ
ဟိုဟို ဒီဒီ သွားဖြစ် ရင်တော့ သံချောင်းးး ခေါက်လိုက်ပါရစေ
မောင် ပေ
May 25, 2013 at 12:38 pm
သန် ့ချင်ယောင်ဆောင်
ပန် ့ဂွင်ဗြောင်ထောင်
နန် ့တင်ဖောင်ကြောင်
လန် ့နင်မှောင်ကောင်
အတွေးလေး
May 25, 2013 at 12:54 pm
ကိုအလင်း ပြောတာမှန်တယ် အပြည့် အဝထောက်ခံ၏။
အလင်း ဆက်
May 25, 2013 at 5:43 pm
ဖတ် ရှု ခံစားပေး သွားသော
လေးလေး ပေ နှင့်
ညီငယ် အ တွေး လေး တို့အားး
ကျေးဇူးတင် ပါ၏
Mလုလင်
May 25, 2013 at 10:53 pm
အော . . . . ကျုပ်ကို အော်တာ . . . ဒင်း ကိုး :angry:
ဒီမှာ မိပြီ . . . . . ကျုပ်မိန်းမ က မှာ လိုက်သဗျ . . . . နေ့တွက် မစီ ရင် အိမ်မပြန်လာနဲ့ တဲ့ . . . အဲ့ဒါ . . ကျုပ်အိမ်ပေါ်က ဆင်းလာရရင် . . . . . ကိုရင့် အိမ် လိုက်နေရမလား . . ပြော . .. :harr:
အလင်း ဆက်
May 26, 2013 at 7:37 am
တိန်န်န်
:buu:
kyeemite
May 30, 2013 at 3:36 pm
သန့်ချင်ယောင်ဆောင်ထားတဲ ့ မြို့ကြီးတစ်မြို ့အကြောင်း
နောက်ကျမှဖတ်ဖြစ်တာခွေးလွှတ်ပါအလက်ဆင်းရေ….
ကျုပ်လည်းအလုပ်ကိစ္စနဲ့သာ နှစ်ခါလောက်သွားဖူးပြီး
စက်ရုံကကားနဲ့ဆိုတော့ မနက်သွား၊ အလုပ်အပြေးအလွှားလုပ်၊
ညနေပြန်ခဲ့ရတော့ ဘယ်မှလျှောက်မလည်ခဲ့ရပါဘူး…
အလက်ဆင်းပြောတဲ့ လိုင်းကားဒုက္ခ လဲမသိခဲ့ဘူးပေါ့…
ခံစားခဲ့ရပုံလေးတင်ပြထားတာ ကောင်းပါလေ့ကွာ..
အင်း…ပြင်စရာတွေ….အင်း…ပြင်စရာတွေ :buu: :eee:
အလင်း ဆက်
May 30, 2013 at 5:20 pm
ဟုတ်ပါ့ အူးကြီး မိုက် ရယ်
ပြင် စရာ တွေ
များ လှ ပေါ့
🙂