နီးလာပြန်တဲ့ ၆ ၊ ရ ၊ ၈
ဪ ဒီနေ့ မေ ၂ရ ဆိုတော့ လကုန်တော့မယ်ပေါ့ ၊
ဇွန်လ ၁ ရက်နေ့ဆိုရင် သားသားရဲ့ မွေးနေ့ ပြန်ရောက်ပြီပဲ ၊ ဘာများ ပူဆာဦးမလဲမသိ ၊
၃ ရက်နေ့ကတော့ သား ကျောင်းပြန်တက်ရမယ့်နေ့ပဲ ၊
အိုင်စီအီးစီက ကျောင်းလခများ တိုးဦးမှာလား ၊ မတိုးပါစေနဲ့ မိုးနတ်မင်းရယ် ၊
မွေးနေ့လက်ဆောင် ၊ ပြီးရင် ကျောင်းလခ ကျောင်းကားခ ကျောင်းသုံးစာအုပ် ဗလာစာအုပ် ကျောပိုးအိတ် ယူနီဖေါင်း အမယ်လေးလေး မနည်းပါလားနော် ၊
မိုးရာသီဆိုတော့ ထီးတို့ မိုးကာတို့က ပါလာဦးမှာ ၊
အဲဒီ ဇွန်လပြီး ဇူလိုင် ရ ရက်က သမီးငယ် မွေးနေ့ ၊ မုန့်ဘိုး ဘယ်လောက်တောင် တောင်းဦးမယ် မသိ ၊
အဲ ဩဂုတ်လမှာတော့ ၁၁ ရက်နေ့က သမီးကြီးမွေးနေ့ ၊ ၁၅ ရက်နေ့က ကျနော့် အမေမွေးနေ့ ၊ တန်းစီနေတာပါပဲလား ၊
လခများကလည်း ဒေါ်လာဈေးလို တက်ရိပ်က မပြ ၊
အင်းးး တော်သေးတာပေါ့လေ ၊ ကိုယ့်ဟာနဲ့ကိုယ် အပိုကုန်စရာ သိပ်မရှိလို့ ၊
တစ်လနေလို့ အကျင်္ီတစ်ထည် ပုဆိုးတစ်ထည်တောင် မဝယ်ဖြစ်ပါဘူး ၊
ရုံးမှာက ယူနီဖေါင်းနဲ့ပဲမို့ ကိုယ့်ဟာကိုယ် ဝယ်ဝတ်တာက ခပ်ရှားရှား ၊
တခြားတစ်ပါးကို ပရဲဆင့် ဝယ်ပေးရတာမျိုးကလည်း ကံဆိုးစွာနဲ့ပဲ မရှိခဲ့ ( အတော်မျက်စိမွဲတဲ့ မြားနတ်မောင်ပဲကွာ ) ၊
ဘာပဲဖြစ်ဖြစ်လေ အဲဒီလို မိသားစုလေးနဲ့ နေခွင့်ရနေတာကိုကပဲ မင်္ဂလာတစ်ပါးပေါ့ ၊
ရုံးက ဝန်ထမ်းတွေ ၊ သူငယ်ချင်း အပေါင်းအသင်းတွေအပြင် အခုဆို ဂဇက်က ဆွေမျိုးတွေပါတိုးလာလို့ ဘဝဟာ ကျေနပ်စရာပါဗျာ ၊
9 comments
TNA
May 27, 2013 at 12:07 pm
ဦးမျိုးသန့်တို့ကုန်စရာလေးတွေရွတ်ပြတွားဒယ်။ သများရဲ့ ကုန်စရာကြီးတွေနားထောင်အုံးမလား။ ငိုတွားရအုံးမယ်။ အထုပဲအပြင်ကပြန်လာပြီး ကုန်ပြီးသော ကုန်ခဲ့သော ကုန်လတံသော ကုန်ရန်ရှိသော မန်းနီးလေးတွေ အတွက်ရင်မောနေရကြောင်းပါ။
Myo Thant
May 27, 2013 at 12:23 pm
မွေးမိတာကိုး နော့ ၊
အံစာတို့လို ဂေါ်မစွံဖြစ်ခဲ့ရင်လည်း တစ်မျိုးပေါ့ ၊
ဟီး ဟီး စတာနော် ကိုအံစာ 😛
kyeemite
May 27, 2013 at 1:23 pm
မိဘတွေရင်ပူရပါသောကာလပေါ့ဗျာ…
ကျောင်းနေအရွယ်ကလေးများအားလုံး
ကျောင်းနေနိုင်ကြပါစေ….
အရီးခင်လတ်
May 27, 2013 at 4:22 pm
ဒီလို သူတို့ ကို ဂရုစိုက်တဲ့ ချစ်တဲ့ အဖေ ရဲ့ မေတ္တာ စေတနာ က သူတို့ အတွက် အကောင်းဆုံးမွေးနေ့ လက်ဆောင် ဖြစ်နေပြီးသားပါဘဲ ကိုမျိုး ရေ။
ဝယ်ပေးတဲ့ ရုပ်ဝတ္တုက ဘယ်မှီပါ့မလဲ။
သုရှင်
May 27, 2013 at 4:37 pm
ဝတ္တရားပေါ့ဗျာ။
လူတစ်ယောက်ဖြစ်လာရင် မိခင်ကလည်းမိခင်။ ဖခင်ကလည်း ဖခင် ကိုယ့်ဝတ္တရားကို ကိုယ်ကျေရမှာပေါ့။
မောင် ပေ
May 28, 2013 at 7:48 pm
နီးလာပြန်
ဘီးဖာရန်
ထီးခွါလန်
ကြီးဏှာကန်
အီးပါနံ
ဦးကြောင်ကြီး
May 29, 2013 at 8:50 am
သာမီးလေးတို ဘာလိုဂျင်လည်း ဦးကြောင်ကိုပေါဇမ်း.. တားတားကတော့ ခလေးပဲကွာ သွား..ရေခဲချောင်း ဝယ်ချေ.. ရော့အင့်.. တရာ…။ ဖေဂျီးမျိုးကို ဖောရှောတပုလင်းနဲ့ သာမီးတို့ မွေးနေ့မှာ နတ်ပြည်ပို့ထားမယ်.. လူဆိုတာ အသက်ကြီးရင် ဇယားရှုပ်သကွဲ့.. :kwi:
Myo Thant
May 29, 2013 at 9:06 am
အမြည်းမပါလို့ကတော့ ကြောင်ကင်နဲ့ တွယ်ပစ်မှာ
kyaw hteik
May 30, 2013 at 2:08 am
ကလေးတွေက အမေနဲ့တူကြတယ်ထင်တယ်။
အချောအလှလေးတွေမို့ပါ။အဖွားနဲလဲ ဆင်မယ်ထင်ပာတယ်။
အဖေနဲ့ကတော့ စိတ်ကောင်းရှိပုံတူမယ်နော်။